【 နိုင်ငံတကာစီးပွားရေးဆောင်းပါး】 “မလေးရှားစီးပွားရေးကို တွန်းအားသစ်ပေးခဲ့တဲ့ တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေး”

【 နိုင်ငံတကာစီးပွားရေးဆောင်းပါး】 “မလေးရှားစီးပွားရေးကို တွန်းအားသစ်ပေးခဲ့တဲ့ တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေး”

မလေးရှားနိုင်ငံဟာ အာဆီနိုင်ငံများအတွင်း တရုတ်နိုင်ငံကို ပို့ကုန်တင်ပို့မှု ဒုတိယအများဆုံးနိုင်ငံဖြစ်ကာ မလေးရှားနိုင်ငံ၏ ဂျီဒီပီ ၆၀ ရာခိုင်နှုန်းကျော်ကလည်း ပို့ကုန်လုပ်ငန်းများကနေ ရရှိတာဖြစ်ပါတယ်။ 
 
၂၀၂၀ တွင် တရုတ်နိုင်ငံဟာ မလေးရှားပို့ကုန်များ အဓိကလက်ခံရရှိထားသော နိုင်ငံဖြစ်ပြီး ပို့ကုန်စုစုပေါင်း၏ ၁၆.၂ ရာခိုင်နှုန်းခန့်ဟာ တရုတ်နိုင်ငံကို တင်ပို့နေတာဖြစ်ပြီး ကန်ဒေါ်လာ ၃၇.၇ ဘီလီယံ တန်ဖိုးရှိပါတယ်။ထိုနှစ်အတွင်းမှာပဲ တရုတ်နိုင်ငံဟာ မလေးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်မှုအကြီးဆုံးပြုလုပ်နိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီ ကန်ဒေါ်လာ ၄.၃ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ပါတယ်။
 
ကိုဗစ်-၁၉ တိုက်ဖျက်ရာမှာလည်း မလေးရှားအတွက် တရုတ်ဟာ ကျေးဇူးတင်ရမယ့် နိုင်ငံတစ် နိုင်ငံဖြစ်ကာ ကိုဗစ်-၁၉ အလွန် စီးပွားရေးပြန်လည်ထူထောင်ရာတွင်လည်း တရုတ်နှင့် အာဆီယံအကြား ဆက်ဆံရေးတိုးတက်လာတာကိုပဲ မလေးရှားနိုင်ငံက မြင်ချင်နေပါတယ်။
 
ပြည်သူ့ကျန်းမာရေးနှင့် ဆေးဝါး၊ အရေးပေါ်အခြေ အနေများအတွက် ပိုမိုကောင်းမွန်သော ပြင်ဆင်မှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း ပိုမိုကျယ်ပြန့်လာသော ဒီဂျစ်တယ်စီးပွားရေး အစရှိသည့် ကဏ္ဍတွင်လည်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်စေချင်ပါတယ်။
 
ထို့ကြောင့် တရုတ်နိုင်ငံဘက်ကလည်း ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်ခဲ့ကာ ပူးပေါင်းဆောင်ရွက်မှုတွင် အပြုသဘောဆောင်သောလက္ခဏာ ပြခဲ့ပါတယ်။
 
ဘေကျင်းဘက်ကလည်း ဖွံ့ဖြိုးတိုးတက်မှုတွင် သူတို့၏ အတွေ့အကြုံကောင်းများကို ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းသော နိုင်ငံများကို မျှဝေရန် ဆန္ဒရှိနေပြီး၊ ဒီဂျစ်တယ်စီးပွားရေး၊ စက်မှုလုပ်ငန်းများ၊ အခြေခံအဆောက်အဦးများ၊ ကုန်ထုတ်လုပ်မှုများ၊ သတင်းအချက်အလက်များ၊ ဆက်သွယ်ရေးကွန်ရက်များနှင့် ဆိုင်ဘာလုံခြုံရေး တို့မှာ မျှဝေချင်နေပါတယ်။
 
ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဟာ မလေးရှားနိုင်ငံ၏ ဒေသဖွံ့ဖြိုးရေးတွင် ဦးစားပေးအရာများဖြစ်ပါတယ်။ဒါဟာ တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးက မလေးရှား သမ္မတ အီစမဲလ်းဆာဗရီယာကုပ်၏ မိန့်ခွန်းတွင် တွေ့ရှိနိုင်ပြီး၊ ထိုမိန့်ခွန်းထဲတွင် အမေရိကန်နိုင်ငံ၏ ဒေသအတွင်းဝင်ရောက်လာမှုကို သတိပေးပြောကြားခဲ့ပါတယ်။
 
မလေးရှား သမ္မတ၏ ပြောကြားချက်အရ တရုတ်နှင့် မလေးရှားနိုင်ငံဟာ စီးပွားရေးတိုးတက်မှုအတွက် ငြိမ်းချမ်းရေးက အလွန်အရေးပါတာကို နားလည်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
 
မလေးရှား သမ္မတ၏ မိန့်ခွန်းတွင် ၃၀ ကြိမ်မြောက် တရုတ်-အာဆီယံ ဆွေးနွေးဆက်ဆံရေးကို ဂုဏ်ပြုရင်း အာဆီယံနှင့် တရုတ်အနေနဲ့ ငြိမ်းချမ်းစွာ ရေရှည် အတူတကွပူးပေါင်းနေထိုင်ရေးကို ဦးစားပေးရန်လည်း တိုက်တွန်းထားပါတယ်။
 
တရုတ်နိုင်ငံ၏ အဆိုပြုချက်များဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်နိုင်ရန် တိုးတက်သော နိုင်ငံ များအနေနဲ့ သူတို့၏ ကတိများအတိုင်း တိုးတက်ဆဲနိုင်ငံများကို ငွေကြေး၊ နည်းပညာနှင့် အချင်းအချင်းတိုးတက်ရေးတို့တွင် ကူညီရန်လည်း ပြောကြားခဲ့ပါတယ်။
 
မလေးရှား သမ္မတကတော့ ဂလက်စကိုက COP26 တရုတ်နိုင်ငံက ကတိပေးခဲ့သော ရာသီဥတုပြောင်း လဲမှုဆိုင်ရာ ရပ်တည်ချက်များကို ချီုးကျူးခဲ့ပြီး လာမယ့် ၂၀၅၀ တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုမရှိစေရန် ကြိုးစားသွားမည်ဟုလည်း ပြောကြားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ရာသီဥတုပြောင်းလဲမှုနှင့် လူမှုစီးပွားတိုးတက်ရေး မျှတအောင်လည်း ဆောင်ရွက်ရမည်ဟု ပြောပါတယ်။
 
ရာသီဥတုပြောင်းလဲမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း လုပ်ဆောင်နိုင်ခဲ့သော တိုးတက်မှုများ၊ ကျန်းမာရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့ကို ခြိမ်းခြောက်နေပြီး ထိုထဲတွင် ဖွံ့ဖြိုးဆဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုအားနည်းသော နိုင်ငံများ အဓိရင်ဆိုင်နေရကြောင်း ပြောပါတယ်။ 
 
ထို့ကြောင့် ဘုံစိန်ခေါ်မှုအတွက် စုပေါင်းတုံ့ပြန်ရန်လိုပြီး ခက်ခက်ခဲခဲတည်ဆောင်ထားသော အရာများကို ကာကွယ်ရန်လိုကြောင်းလည်း ပြောပါတယ်။
 
တရုတ်နိုင်ငံဟာ ရာစုနှစ်များစွာ ရည်မှန်းထားသော အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး နယ်ပယ် တိုင်းမှာ ကြွယ်ဝသော လူမှုအသိုင်းအဝိုင်းကို တည်ဆောက်နိုင်ကြောင်း၊ ကမ္ဘာ့ဆင်းရဲမှုလျှော့ချရေးတွင် တရုတ်နိုင်ငံအနေနဲ့ ၇၀ ရာခိုင်နှုန်း ပါဝင်လျှော့ချနိုင်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ သိပါတယ်။
 
တရုတ်နိုင်ငံဟာ ကမ္ဘာ့လူဦးရေအထူထပ်ဆုံး နိုင်ငံဖြစ်သော်လည်း ကမ္ဘာ့ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းခန့်ကိုယ်စားပြုနေတာကြောင့် နိုင်ငံတကာ၏ ငြိမ်းချမ်းရေးနှင့် တိုးတက်ရေးတို့တွင် များစွာကူညီကြောင်း ပြောပါတယ်။
 
ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးအဆက်များကို နိုင်ငံတာကာ၏ ရာသီဥတုဆိုင်ရာတုံ့ပြန်မှု မစခင်ကပင် တရုတ်နိုင်ငံအနေနဲ့ နားလည်ထားပြီးဖြစ်ပါတယ်။လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း အသစ်စိုက်ပျိုးထားသော သစ်ပင်စုစုပေါင်း၏ ၄ ပုံ ၁ ပုံ ဟာ တရုတ်နိုင်ငံ၏ ဆောင်ရွက်ချက်ဖြစ်ပါတယ်။ထို့အပြင် ၂၀၁၅ ကနေ ၂၀၂၀ အတွင်း တရုတ်နိုင်ငံ၏ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကလည်း ၁၈.၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။
 
ဖွံ့ဖြိုးတိုးတက်မှုမှာ တရုတ်နှင့် မလေးရှားနိုင်ငံဟာ အထူးကောင်းမွန်သော မိတ်ဖက်များဖြစ်ကြပြီး မလေးရှားနိုင်ငံကတော့ ပြည့်စုံသော ဒေသစီးပွားရေးမိတ်ဖက်မှုတွင်ပါဝင်ကာ အကျိုးအမြတ်ရရှိအောင် ရည်ရွယ်ထားပါတယ်။တိုးတက်မှုတွင် ကွာဟမှုမရှိစေရန် နှစ်နိုင်ငံလုံးတွင် အခွင့်အလမ်းရှိနေပြီး စီးပွားရေးများကို ပေါင်းစည်းကာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို လာမယ့်နှစ်များအတွင်းတိုးမြှင့်ရန် အခွင့်အလမ်းရရှိလာတာဖြစ်ပါတယ်။
 
တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျိန် မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံအနေနဲ့ ကန်ဒေါ်လာ ၁.၅ ဘီလီယံ ထောက်ပံ့မှုများပေးရန်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် ကန်ဒေါ်လာ သန်း ၁၅၀ ကိုလည်း ထပ်မံထောက်ပံ့ပေးမည်ဟု ပြောကြားခဲ့ပါတယ်။
 
ထို့အပြင် နည်းပညာအဆင့်မြှင့်တင်နိုင်ရေးနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကို တိုးမြှင့်နိုင်ရန်နှင့် စီးပွားရေးပြန်လည်ထူထောင်နိုင်ရေးတို့လည်း ပါဝင်မှာဖြစ်ပါတယ်။စီးပွားရေးနှင့် ကျန်းမာရေး ထောက်ပံ့မှုများကြောင့် အာဆီယံနိုင်ငံများဟာ ရောဂါထိန်းချုပ်ရေးနှင့် စီးပွားရေးမြှင့်တင်နိုင်မှာဖြစ်ပါတယ်။
 
ထို့အပြင် မလေးရှား သမ္မတ၏ မိန့်ခွန်းအပြီး တရုတ်နည်းပညာကုပ္ပဏီကြီးဖြစ်တဲ့ Huawei ဟာ မလေးရှားမှာ စားသုံးသူများကို ဝန်ဆောင်မှုပေးမည့် ဆန်းသစ်တီထွင်စင်တာကို ပြုပြင်ကာ စတင်ဖွင့်လှစ်လိုက်ပြီး မလေးရှားနိုင်ငံအနေနဲ့ ဒေသအတွင်း နည်းပညာဆိုင်ရာ အချက်အချာဖြစ်လာဖို့ ကူညီပေးနေပါတယ်။
 
ဒေသအတွင်း အငြင်းပွားမှုများဆုံးနေရာ ဖြစ်လာမည်ဟု ပြေဆိုနေကြသော တောင်တရုတ်ပင်လယ် ကိစ္စမှာ မလေးရှား သမ္မတအနေနဲ့ တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ထောက်ခံပြောဆိုခဲ့ပြီး စစ်မှန်သော နိုင်ငံစုံပါဝင်သော စည်းလုံးမှုကို ငြိမ်းချမ်းစွာထိန်းသိမ်းစောင့်ရှောက်ရန် ပြောကြားခဲ့ပြီး ဤကဲ့သို့သော အငြင်းပွားမှုများတွင် ကိုယ့်ကိုယ်ကိုထိန်းထိန်းသိမ်းသိမ်းနေထိုင်မှုလိုကြောင်း ပြောပါတယ်။
 
အမေရိကန်နိုင်ငံ၏ ဒေသအတွင်း တည်ငြိမ်မှုကိုနှောင့်ယှက်ရန် ပြုနေမှုများအကြား ဒေသအတွင်းက အငြင်းပွားမှုများအတွက် တွေ့ဆုံဆွေးနွေးကာ ဗျူဟာမြောက်ရေကြောင်းအတွက် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိနိုင်ရန် ကျင့်ဝတ်ဆိုင်ရာ သဘောတူညီမှုများရရှိရန် လိုပါတယ်။
 
Naing
Ref : CMG : ASEAN summit injects new impetus into Malaysia's economic, strategic ambitions