【 နိုင်ငံတကာစီးပွားရေးသတင်းဆောင်းပါး 】တရုတ်နိုင်ငံအတွင်းက အိမ်ခြံမြေ ဂယက်များ

【 နိုင်ငံတကာစီးပွားရေးသတင်းဆောင်းပါး 】တရုတ်နိုင်ငံအတွင်းက အိမ်ခြံမြေ ဂယက်များ 

Hu Haoqi ဟာ သူအပြင် သူငယ်ချင်းနှစ်ယောက်စုပေါင်းနေပြီး အိပ်ခန်းနှစ်ခန်းဖြင့် ဖွဲ့စည်းထားတဲ့ တိုက်ကနေ သူပိုင်တဲ့ တိုက်ခန်းမှာတစ်နေ့နေနိုင်ရမယ်လို့ အိပ်မက်မက်ခဲ့ဖူးသူပါ။ သူကတော့ အိမ်အတွင်းပိုင်း ဒီဇိုင်နာ တစ်ဦးအဖြစ် အလုပ်လုပ်သူပါ၊ သူ့အခန်းကဘယ်လိုပုံစံရှိပြီး၊ အိမ်မှာ အလှထားမယ့် ပန်းပင်တွေအတွက်နေရာ၊ အိမ်မွေး တိရစ္ဆာန်ကို ဘယ်မှာ ထားရမယ် အခန်းပုံစံရေးဆွဲခဲ့ပါသေးတယ်။ခုတော့ သူဒါတွေကို မလိုချင်တော့ပါဘူး။

 

 

 

ပြီးခဲ့တဲ့လ အိမ်ခြေမြေလုပ်ငန်းဖြစ်တဲ့ Evergrande ရဲ့ ကြွေးမြီသတင်းကိုကြားပြီးနောက်ပိုင်း ကွန်ဇူးမှာ အလုပ်လုပ်ကာ အသက် ၃၂ ရှိပြီဖြစ်တဲ့ Hu Haoqi ဟာ Weibo မှာ တတ်လာတဲ့ အိမ်ယာသတင်း အကြောင်းကို သာ အလုပ်အားတဲ့အချိန်တိုင်း ဝင်ကြည့်ဖြစ်ပါတယ်။ငါ့လိုအရွယ်တူ လူတော်တော်များများဟာ တိုက်ခန်းရဖို့ Evergrande ကို ငွေဘယ်လောက်သွင်းသလဲဆိုတာ ဖတ်ကြည့်လိုက်ရင် ကြောက်စရာတောင်ကောင်းတယ်။ သူတို့ မျှော်လင့်ထားတာတော့ လာမယ့် ၅ နှစ် ၆ နှစ် အတွင်း သူတို့ပိုင်တဲ့တိုက်ခန်းမှာ နေလို့ရတော့မယ်လို့ ယုံကြည်ခဲ့ကြသူတွေပါ။

 

 

 

Hu Haoqi ကို ကြောက်စိတ်ဝင်စေတဲ့ အရာကတော့ စွန့်ပစ်ခြင်းခံလိုက်ရပြီး သရဲမြို့လို့ တင်စားကြတဲ့ မပြီးသေးသော အဆောက်အဦးများအကြောင်း ဗီဒီယိုတင်လေ့ရှိတဲ့ Douyin ဆော့ဝဲလ်ပေါ်က ဗီဒီယိုတွေပါ။ တချို့တွေက ဆယ်စုနှစ်ကြာကြာ စုဆောင်းခဲ့ကြတဲ့ ငွေကို သူတို့ပေးရမယ့် တိုက်ခန်းဖိုးတစ်ဝက်အဖြစ် သွင်းလိုက်ကြတယ်၊ ဒါပေမယ့် ခုတော့ သူတို့လိုချင်တဲ့ အိမ်က ပြီးမြောက်နိုင်မလားဆိုတာကို သူတို့မသိကြတော့ပါဘူး။ အဲ့လိုအဖြစ်မျိုးတော့ သူအဖြစ်မခံနိုင်ပါဘူး။ ခုတော့ အခန်းငှားရင်းနဲ့ပဲ ငွေဆက်စုရတော့မှာပေါ့ လို့ Hu Haoqi က ဆက်ပြောပါတယ်။ ဒါပေမယ့် သူတစ်ယောက်တည်းမဟုတ်ပါဘူး။

 

 

 

လူဦးရေ သန်း ၁၃၀၀ ကျော်ရှိတဲ့ တရုတ်နိုင်ငံမှာ Hu Haoqi လို လူလတ်ပိုင်း millennials (၁၉၈၁ ကနေ ၁၉၉၆ ကြားဖွား) များ သန်း ၄၀၀ ကျော်ရှိပါတယ်။ အများစုက အိမ်ယာပိုင်ဆိုင်ဖို့ကို ငွေချေးပြီး ဝယ်ကြပါတယ်။ အခြေခံတိုက်ခန်းတစ်ခန်းအတွက် အဆင့်မြင့်တန်းစားမြို့ ဘေဂျင်းမြို့လိုမျိူးမှာဆိုရင် ကန် ဒေါ်လာ ၁ သန်း လောက်ပေးရပါတယ်။ ထိုပမာဏက ငယ်ရွယ်သေးတဲ့ လူလတ်ပိုင်းတွေ ချေးငွေမယူပဲ လက်လှမ်းမမှီနိုင်တဲ့ ငွေ ပမာဏပဲဖြစ်ပါတယ်။ အများစုကတော့ သူတို့မိဘဆီကပဲဖြစ်ဖြစ် ဘဏ်ကနေဖြစ်ဖြစ်ချေးယူကြတာပါ။ ခုတော့ တဖြည်းဖြည်းကြီးမားလာတဲ့ Evergrande ၏ ဂယက်ကြောင့် အများစုဟာ သူတို့၏ အိမ်ခြံမြေနဲ့ပတ်သက်ပြီး ရည်ရွယ်ချက်ကို သေချာ စိစစ်လာကြပါတယ်။

 

 

 

 

Hu Haoqi ဟာ Insider (သတင်းဆောင်းပါပိုင်ရှင်) စကားပြောခဲ့တဲ့ လူလတ်ပိုင်း ၅ ယောက်ထဲက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ Evergrande အကျပ်အတည်းကြောင့် သူတို့ဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ပဲဖြစ်ဖြစ်၊ အိမ်ခြံမြေဝယ်ဖို့ပဲဖြစ်ဖြစ် ကြီးမားတဲ့ ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် အချိန်ယူစဥ်းစားစေတယ်လို့ ဆိုပါတယ်။

 

 

 

အိမ်ဝယ်ဖို့ဆိုရင် ကြောက်တတ်လာတဲ့ တရုတ်နိုင်ငံ၏ လူလတ်ပိုင်းများ

 

 

 

တရုတ်အိမ်ခြံမြေကုမ္မဏီ Evergrande ဟာ ကြွေးမြီပေါင်း ကန်ဒေါ်လာ ဘီလျံ ၃၀၀ ကျော်တင်ပြီး ကမ္ဘာ ပေါ်တွင် ကြွေးမြီအများဆုံး ကုမ္ပဏီဖြစ်ပါတယ်။ တရုတ်နိုင်ငံတဝှမ်း ဤကုမ္ပဏီ၏ ဖွင့်ဖြိုးမှုစီမံကိန်း ၈၀၀ ကျော် ရှိပါတယ်။ ထိုစီမံကိန်းအများစုဟာ လောလောဆယ်တော့ ရပ်ထားပါတယ်၊ Evergrande ၏ ပြိုလဲဆဲဆဲ သတင်း က တရုတ်နိုင်ငံ၏ အခြားအိမ်ခြံမြေလုပ်ငန်းတွေကိုလည်း ထိခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။ ထိုထဲမှာ Fantasia ကဲ့သို့သော ဒီတစ်ပတ်အတွင်းပေးချေရမယ့် ကန်ဒေါ်လာ သန်း ၂၀၆ ချေးငွေမဆပ်နိုင်ခဲ့တဲ့ ကုမ္ပဏီလည်း ပါဝင်ပါတယ်။ 

 

 

 

 

အများစုကြုံရတဲ့ အဖြစ်မျိူး ကြုံနေရမှာစိုးလို့ အသက် ၃၀ နားကပ်နေပြီဖြစ်တဲ့ ဘဏ်ဝန်ထမ်းတစ်ဦး လည်းဖြစ်တဲ့ Taniia Dai နှင့် IT ဝန်ထမ်းတစ်ဦးဖြစ်တဲ့ သူ့မိန်းမတို့ဟာ အိမ်ဝယ်ဖို့ စီစဉ်ခဲ့ကြပေမယ့် အလောတကြီးမဝယ်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက လက်ထပ်ခဲ့တဲ့ Dais ဟာ လောလောဆယ်မှာတော့ ဇီကျန်းတောင်ပိုင်းမှာ အိမ်ငှားနေကြတာပါ။ အစတုန်းကတော့ အိမ်ခြံမြေလုပ်ငန်းတစ်ခုဖြစ်တဲ့ Country Garden မှာ အိမ်ဝယ်ဖို့ ငွေပေးချေ ရန်လုပ်စီစဥ်ခဲ့ပါသေးတယ်၊ ဒါပေမယ့် နှစ်ခါစဉ်းစားဖို့လိုတယ်လို့ ပြောပြီး ငွေပေးချေမှုကို ရပ်ထားရပါတယ်။

 

 

 

 

စိုးရိမ်စိတ်နဲ့ Weibo ကို အမြဲကြည့်ပြီး ကိုယ်အခန်းဝယ်လိုက်တဲ့ နေရာမှာ ဆောက်လုပ်ရေးလုပ်ငန်း အလုပ်ပြန်စပြီလားလို့ ကြည့်ကြည့်နေကြတဲ့ သူတွေထဲမှာ မပါချင်ဘူးလို့ Dai Yeng က Insider ကိုပြောပါတယ်။တိုက်ခန်းဝယ်ဖို့ နောက်တစ်နည်းရှိတာကတော့ အဟောင်းပြန်လည် ရောင်းဝယ်ရေးစျေးကွက်မှာပဲ ဝယ်ရတော့မှာပါ ဒါမှမဟုတ် အသစ်ပြန်ဆောက်ဖို့ပဲရှိတော့တယ်။ ဒါပေမယ့် ငွေတော့ပိုကုန်မှာပေါ့။ သေချာတွက်ချက် ရတော့မယ်၊ လောလောဆယ်တော့ အိမ်ပိုင်ဖို့ဆိုတဲ့ အစီအစဥ်ကို ဘေးဖယ်ထားရတယ် လို့ Daniia Dai ကပြော ပါတယ်။

 

 

 

၂၀၁၇ KPGM ၏ စစ်တမ်းအရ တရုတ်နိုင်ငံမှာ လူလတ်ပိုင်း တစ်ယောက်၏ အခြေခံ လစာဟာ ကန်ဒေါ် လာ ၁၈၁၇ ရှိပြီး၊ တစ်နှစ်ကို ၂၁၈၀၄ ဒေါ်လာခန့်ရှိပါတယ်။ တရုတ်နိုင်ငံ၏ သာမန် လူလတ်ပိုင်း တော်တော် များများဟာ အိမ်ပိုင်နိုင်ရန် အကြွေးတင်နေကြပြီး၊ ဒါကြောင့် သူတို့အနေနဲ့ ဘဝကိုပြောင်းလဲစေမယ့် စာချုပ်ပေါ် မှာ လက်မှတ်ထိုးကြပါတယ်။ ဒါကြောင့် အသက် ၂၆ ရှိပြီဖြစ်တဲ့ ဘေကျင်းက Yang Kei ကတော့ ကြွေးမြီထူပြီး နောက်ဆုံးအိမ်မပိုင်ရတဲ့ ဘဝမျိူးကို သူစိတ်မဝင်စားပါဘူး။ကောလိပ်ကျောင်းတုန်းက ချစ်သူကို နှစ်ကုန်ရင် လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ Yang ကတော့ Evergrande ဂယက်ကြောင့် မတည်ငြိမ်မှုတွေဖြစ်ပေါ်ပြီးနောက်ပိုင်း အိမ်ဝယ်ဖို့ ပြန်စဥ်းစားရမှာဖြစ်ပြီး၊ ကလေး ယူဖို့လည်း မနည်းစဥ်းစားရမယ်လို့ ဆိုပါတယ်။ ငါတို့လက်ထပ်ပြီးနောက် ငါ့မိသားစုရှိတဲ့ ဘေကျင်းမှာ နေမှာပါ။ အခန်းကသေးတယ်၊ အဲ့ကြောင့် ကလေးအတွက် နေရာရှိမှာမဟုတ်ဘူး လို့ Yang ကဆက်ပြောပါတယ်။ 

 

 

 

 

Yang ရဲ့ပြောဆိုချက်ဟာ တရုတ်အစိုးရအတွက်တော့ သဘာဝမကျပါဘူး။ ဘာလို့လဲဆိုတော့ ကလေး မွေးဖွားနူန်းကျဆင်းလာတဲ့ တရုတ်ပြည်မှာ ကလေးတစ်ယောက်ပဲယူရမယ်ဆိုတဲ့ အရင်က ပေါ်လစီကိုဖျက်ပြီး ကလေးများများယူဖို့ မိဘများကို ဆော်သြထားတာပါ။ 

ငါတို့ သဘောတူထားတာတစ်ခုကတော့ ခုချိန်မှာ အပိုင်ရဖို့ မသေချာတဲ့ အိမ်အတွက် ငါတို့စုထားတဲ့ ငွေကိုမသုံးဖို့ ဆုံးဖြတ်ထားပါတယ်။ ဘာလို့လဲဆိုတော့ အကြွေးထပ်တင်နိုင်ချေရှိတယ်လေ လို့ Yang က ပြော ပါတယ်။

 

 

ဆောက်လက်စ အဆောက်အဦများဟာ ဝယ်သူများကို စိုးရိမ်မှုပေးမယ်လို့ ကျွမ်းကျင်သူများပြော

 

 

 

Chinese University of Hong Kong မှာ အိမ်ခြံမြေ နှင့် ဘဏ္ဍာရေးဆိုင်ရာ လက်ထောက် ပါမောက္ခဖြစ် တဲ့ Maggie Hu ကတော့ တစ်ဝက်တပျက်ပြီးတဲ့ ဆောက်အဦတွေက ရင်းနှီးမြှုပ်နှံသူများနှင့် ဝယ်ယူသူများကို စိုးရိမ်စိတ်ဖြစ်ပေါ်စေနိုင်တယ်လို့ ပြောပါတယ်။ ပြီးတော့ Evergrande အပေါ်မှာသာမက အခြားသော အိမ်ခြံမြေ လုပ်ငန်းတွေအပေါ်လည်း ယုံကြည်စိတ်ချမှု လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ အိမ်ခြံမြေအတွက် ငွေပေးချေမှုက ဆက်လက်ကျဆင်းဖို့ရှိတယ်၊ ဘာလို့လဲဆိုတော့ အများစုက ဝယ်ယူမှုကို ရပ်တန့်ထားမှာဖြစ်လို့ပါ။ ချေးငွေယူမှုနဲ့ ကြွေးမြီးပြဿနာက တရုတ်နိုင်ငံ၏ အိမ်ခြံမြေစျေးကွက် အေးစေလိမ့်မယ် လို့ Maggie Hu က ပြောပါတယ်။Harvard University မှာ စီးပွားရေးနှင့် ပြည်သူ့ပေါ်လစီဌာန ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ Kenneth Rogoff ကတော့ တရုတ်အစိုးရ၏ ကြွေးမြီပြဿနာဖြေရှင်းမှုက အိမ်ခြံမြေစျေးနှုန်းကို ကျစေနိုင်တယ်၊ အထူးသဖြင့် ဆောက်လက်စ အဆောက်အအုံတွေပေါ့ လို့ပြောပါတယ်။ 

 

 

 

 

တရုတ်မှာ အနောက်နိုင်ငံ၏ တရားရေးနှင့် နိုင်ငံရေးစနစ်ကို ရယူပြီး နှစ်ပေါင်းကြာနိုင်တဲ့ ကြွေးမြီပြဿနာကို ဖြတ်လမ်းနည်းကနေ အဖြေရှာရာ အထောက်အကူပြုစေတယ် လို့ပြောပါတယ်။ဥပမာအရပြောရရင် ၂၀၁၄ တုန်းက အိမ်ခြံမြေဂယက်ကို ဖြေရှင်းဖို့ တရုတ်အစိုးရအနေနဲ့ လုပ်ငန်းရှင်တွေကို သွယ်ဝိုက်နည်းနဲ့ ကယ်တင်ခဲ့ပါတယ်။ တစ်နည်းကတော့ အစိုးရပိုင်ဘဏ်တွေက အိမ်ရှင်တွေကို ငွေပေးပြီး သူတို့၏ အိမ်ကို အဆင့်မြှင့်ခိုင်းပါတယ်၊ အဲတာက စျေးနှုန်းကို တိုးစေပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်အစိုးရ ဟာ လုပ်ငန်းရှင်တွေရဲ့ ကြွေးမြီကို သူတို့ယူလိုက်ပါတယ်။  ဒေသန္တရအစိုးရပေးရမယ့် အကြွေးအတွက် ငွေကြေးထောက်ပံ့ပေးပြီး အစိုးရအားပေးတဲ့ ငွေတိုက်စာချုပ် စျေးကွက်ကို ဖန်းတီးလိုက်ပါတယ်။ဒါပေမယ့် တရုတ်အစိုးရအနေနဲ့ ပြိုလဲလုဆဲဆဲလုပ်ငန်းကို ရင်းနှီးမြှုပ်နှံမှု ပြန်ရအောင်လုပ်ဖို့ဆိုတာ ရေရှည် စိန်ခေါ်မှုတွေ သက်ရောက်နိုင်တယ်လို့လည်း Kenneth Rogoff က ပြောပါတယ်။

 

 

 

 

လက်ရှိရှိနေပြီသား အိမ်ခြံမြေစျေးဟာ တစ်ဦးခြင်း၏ စတုရန်းမီတာနဲ့ တွက်လိုက်ရင် ချမ်းသာတဲ့နိုင်ငံတွေ ဖြစ်တဲ့ ယူကေ၊ ဂျာမနီ နှင့် ပြသစ်တို့လို နိုင်ငံရှိစျေးနှုန်းနဲ့ ယှဥ်လို့ရတယ်။ အဆောက်အအုံ၏ အရည်အသွေးက နည်းကောင်းနည်းနိုင်ပေမယ့်၊ အိမ်ခြံမြေအပေါ် ရင်းနှီးမြှုပ်နှံလွန်းအားကြီးတာက ရေရှည်ထိန်းသိမ်းလို့မရဘူး လို့ပြောပါတယ်။

 

 

 

ငွေတိုက်စာချုပ်နှင့် အခြားငွေကြေးတွေပေါ် ရင်းနှီးမြုပ်နှံမှူရပ်ထားတဲ့ လူလတ်ပိုင်းများ

 

 

 

တရုတ်နိုင်ငံရဲ့ လူလတ်ပိုင်းတွေဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး စိတ်သောကနဲ့ပါ။တရုတ်နိုင်ငံ၏ စျေးကွက်အပေါ် အရှုံးကိန်းပြသနေတာကြောင့် သူ၏ ငွေကြေးဆိုင်ရာ စာရွတ်စာတမ်းများကို ပြန်လည်ဆန်းစစ်နေရတယ်လို့ အသက် ၂၈ အရွယ် Mu Yi Qian ကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်း South China Morning Post ၏ သတင်းအရ နှစ်ဆန်းပိုင်းအတွင်း တရုတ်နိုင်ငံ၏ စတော့ခ်စျေးကွက်ဟာ သာမန်ထက် ကျဆင်းနေတယ် လို့ပြောပါတယ်။Evergrande ၏ ဂယက်ကို ဥပမာပေးကာ ငွေကြေးနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ အန္တရယ်ရှိသလဲဆို တာကို Mu Yi Qian က ထောက်ပြပါသေးတယ်။

 

 

 

 

ငွေကြေးစည်းစိမ်စီမံမှုထုတ်ကုန်တွေက တော်တော်ကို အန္တရာယ်များပါတယ်၊ အတိုးများစွာကမ်းလှမ်းထားတဲ့ နိုင်ငံပိုင်ဘဏ်နှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေရောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုထုတ်ကုန်တွေပါ ပါတယ်။ ဒါပေမယ့်လည်း ရင်းနှီးမြှုပ်နှံမှုတွေက ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဝေဖန်ကြပါတယ်။ တကယ်တော့ ရင်းနှီးမြှုပ်နှံလိုက်တဲ့ ငွေဟာ ဘယ်ပရောဂျက်ထဲရောက်နေတာလဲ၊ ပြည်လည်ခံစားခွင့်ကော ဘယ်လောက်ထိရရှိနိုင်မလဲ နှင့် ရင်းနှီးမြှုပ်နှံလိုက်တဲ့ ငွေဟာ အလုပ်ဖြစ်ရဲ့လား ဆိုတာတွေကို ရင်းနှီးမြှုပ်နှံသူတွေ သေချာမသိရပါဘူး။

ခုတော့ Evergrande ဟာ သူတို့ဆီ ရင်းနှီးမြှုပ်နှံသူတွေ၏ အကြွေးကို စျေးနှုန်းလျှော့ထားတဲ့ အိမ်ခြံမြေနဲ့ ပြန်ဆပ်ဖို့ ကြိုးစားနေပါတယ်။ ခန့်မှန်းခြေအရ Evergrande ၏ ဝန်ထမ်းများ၊ သူငယ်ချင်း မိသာစုဝင်များ၏ စုစုပေါင်း လူပေါင်း ၈၀၀၀၀ ကျော်ရဲ့ ကန် ဒေါ်လာ ၆ ဘီလျံ ခန့်တန်ဖိုးရှိတဲ့ ကုမ္ပဏီ၏ ငွေကြေးစည်းစိမ်စီမံမှုထုတ်ကုန်များ ဝယ်ယူထားကြတယ်လို့ ခန့်မှန်းရပါတယ်။ 

 

 

 

Evergrande အနေနဲ့ သူတို့၏ရှယ်ယာတွေကို ကုန်သွယ်မှုရပ်တန့်လိုက်တာ ကျွန်တော်ကတော့ မအံ့သြခဲ့ပါဘူး။ဘာလို့လဲဆိုတော့ ခုချိန်က ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ အန္တရာယ်များတဲ့ အချိန်လေ လို့ ရှန်တုံမှာ နေထိုင်တဲ့ ဗိသုကာပညာရှင် Mu Yi Qian ကပြောပါတယ်။ 

 

 

 

သူ့အနေနဲ့ မိတ်ဆွေသူငယ်ချင်းများ၏ Evergrande ရဲ့ ပြိုင်ဘက်အိမ်ခြံမြေလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံလိုက်ရင် ကံကောင်းနိုင်တယ်လို့ အကြံပေးပေမယ့်လည်း မလုပ်ခဲ့ဘူးလို့လည်းပြောပါတယ်။ 

 

 

 

တချို့တွေက ဒီလို ခက်ခဲတဲ့အချိန်မှာ အခွင့်အရေးတွေ အများကြီးမြင်တတ်ကြတယ်၊ ဒါပေမယ့် အဲ့ထဲမှာ ကျွန်တော်မပါဘူး လို့ဆိုပါတယ်။ 

 

 

အသက် ၃၃ နှစ်ရွယ်ရှိပြီး ဘေကျင်းက ဖက်ရှင်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ Zhuang Jingrui ကတော့ သူဟာ သူ့သူငယ်ချင်းဆီကနေ အရင်းအနှီးကောင်းပြီး အတိုးနှုန်းလည်းများတဲ့ ထုတ်ကုန်တစ်ခုကိုဝယ်ယူရန် စီစဥ်ခဲ့ပါသေးတယ်၊ ဒါပေမယ့် Evergrande သတင်းကိုကြားပြီးနောက် ထိုအစီအစဥ်ကို နောက်ဆုတ်လိုက်ရ ကြောင်းပြောပါတယ်။

 

 

 

ပြီးခဲ့တဲ့နှစ်ကစပြီး ကျွန်မစုလိုက်တဲ့ပိုက်ဆံတွေကို ရင်းနှီးမြှုပ်နှံလိုက်ရင် ၂ နှစ်အတွင်း ကားဝယ်လို့ရမယ်လို့ ကျွန်မရဲ့ ကောလိပ်ကျောင်း သူငယ်ချင်းတစ်ယောက် ပြောခဲ့သေးတယ်၊ ခုကျတော့ အဲဒါက လိမ်လည်မှုတစ်ခုပဲလို့ ကျွန်မစဥ်းစားလာတယ် လို့ ပြောပါတယ်။

 

 

 

Evergrande ဂယက်ကြောင့် ရင်းနှီးမြှုပ်နှံမှု စျေးကွက်အေးလာပေမယ့် မကြာတော့ပါဘူးဟု ကျွမ်းကျင်သူများဆို

 

 

 

တရုတ်အစိုးရအနေနဲ့ Evergrande ၏ ကြွေးမြီပြဿနာကို ဘယ်လိုကိုင်တွယ်သလဲဆိုတဲ့ အပေါ်မှာမူတည်ပြီး ကျဆင်းလာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လောက်ကြာကြာ ရိုက်ခတ်လာမလဲဆိုတာ ကိုင်တွယ်ဖြေရှင်းမှု ပုံစံပေါ်မှာ မူတည်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ 

 

 

 

ရင်းနှီးမြှုပ်နှံဖို့ ဆိုင်းတွနေတာက ယခုအခြေအနေကို ဘယ်လိုကိုင်တွယ်သလဲပေါ်မှာမူတည်တယ်၊ ပြီးတော့ ရင်းနှီးမြှုပ်နှံသူတွေကို ဘယ်လေက်ထိ အစိုးရအနေနဲ့ကာကွယ်မှုပေးနိုင်မလဲအပေါ်မှာ မူတည်တယ်လို့ စင်ကာပူမှာရှိတဲ့ ING Bank သုတေသန နှင့် စီးပွားရေးပညာရှင် Robert Carnell က ပြောပါတယ်။

 

 

 

အစိုးရအနေနဲ့ ဤရင်းနှီးမြှုပ်နှံမှုတွေက အန္တရာယ်ကင်းကြောင်း ပြသဖို့ ဆံပင်ညှပ်စရာရှိတာတွေကို ညှပ် ဖို့မျှော်လင့်ထားတယ်။ ဆုံးရှုံးမှုတော့ ရှိမှာပဲ၊ အကောင်းဆုံးတုံ့ပြန်မှုကတော့ ရှယ်ယာပိုင်ရှင်တွေဟာ ခုတော့ သေချာရွေးချယ်လာတယ်၊ ရင်းနှီးမြှုပ်နှံမှုမလုပ်ခင် ဆိုင်းတွနေကြတယ် လို့ Robert Carnell က ဆက်ပြောပါတယ်။

 

 

 

Asia Global Institute ၏ ညွှန့်ကြားရေးမှူးဖြစ်တဲ့ Chen Zhiwu ကတော့ Evergrande ဟာ ရင်းနှီးမြှုပ်နှံသူများနဲ့ ပတ်သက်ပြီး ရေရှည်ထိခိုက်စေမှာမဟုတ်ဘဲ သူတို့၏ ကော်ပိုရိတ်ငွေတိုက်စာချုပ်ပေါ်မှာလည်း တိုက်ရိုက်ထိခိုက်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

Evergrande ၏ သူတို့လိုအခြားကုမွဏီတွေလုပ်တဲ့ ငွေတိုက်စာချူပ်နှင့် ထုတ်ကုန်သာ ထိခိုက်တာဖြစ်ပြီး၊ လက်ရှိကြားနေရတဲ့ အကြောင်းအရာကို ရင်းနှီးမြှုပ်နှံသူတွေက ငါတို့ထင်တာထက် လျင်မြန်စွာ မေ့သွားလိမ့်မယ် လို့ Chen Zhiwu ကပြောပါတယ်။

 

 

 

ဒါပေမယ့် အဲ့ဒါက ကောင်းတဲ့အရာတော့ မဟုတ်လောက်ဘူး။

 

 

 

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ စည်းမျဥ်းစည်းကမ်းချမှတ်သူတွေကို အမြဲသတိပေးတာ၊ အမြဲတမ်း ဝင်ရောက်စွက်ဖက်လို့ရှိရင် အဲ့ဒါတွေကြောင့် ဆိုးကျိုးတွေလည်းသက်ရောက်တယ်။ လိုအပ်တာထက်ပိုပြီး စွက်ဖက် နေရင် ဘယ်ရင်းနှီးမြှုပ်နှံမှုကမှ အန္တရာယ်ကိုကာကွယ်စီမံရေးနဲ့ပတ်သက်ပြီး သူတို့ သင်ခန်းစာရမှာမဟုတ်ဘူးလို့ Chen Zhiwu ကပြောပါတယ်။

 

 

 

ခုတော့ Hu Haoqi လို လူလတ်ပိုင်းတွေက သူတို့၏ ပိုက်ဆံအိတ်ကို မြဲနေအောင်သာကိုင်ထားပြီး မုန်တိုင်းအပြီးကို မျှော်နေကြပါတယ်။ 

 

 

 

“ ရင်းနှီးမြှုပ်နှံမှုအဆင်မပြေရင် အားလုံးကိုထိခိုက်တာပဲ၊ အိမ်ခြံမြေစျေးကွက်က အန္တရာယ်တော်တော် ကြီးနေတယ်။ တစ်နေ့ ကိုယ်ပိုင်အိမ်ဝယ်နိုင်ပြီး၊ ဝမ်းသာစွာ စတော့နှင့် ရှယ်ယာတွေမှာ ရင်းနှီးမြှုပ်နှံဖို့ မျှော်လင့်နေပါတယ်။ ခုတော့ စောင့်ကြည့်ပြီး ဘာဆက်ဖြစ်မလဲပဲ ကြည့်ရတော့မယ် လို့ ပြောပါတယ်။

 

 

 

 

Naing

 

 

Ref: Insider: The Evergrande crisis has some Chinese millennials 'doom-scrolling' about financial collapse and questioning whether they'll ever be able to buy their own homes