【 ပညာရှင်များ၏အမြင် 】 “ကိုယ်သာဆို စီးပွားရေး၊ ကျန်းမာရေးကို အရေးပေါ်ကြေညာလိုက်မယ်”

【 ပညာရှင်များ၏အမြင် 】 “ကိုယ်သာဆို စီးပွားရေး၊ ကျန်းမာရေးကို အရေးပေါ်ကြေညာလိုက်မယ်”

မြန်မာနိုင်ငံသို့ မကြာခင်က တရုတ်သမ္မတ လာရောက်ခဲ့ကာ စီးပွားရေးဆိုင်ရာ ဘီလျံနှင့်ချီသည့် လုပ်ငန်းများကို လက်မှတ်ရေးထိုးခဲ့ပါတယ်။အရပ်သားအစိုးရ အာဏာရသည့်နှစ်မှာပင်ဖြစ်ခဲ့သည့် ရခိုင်မြောက်ပိုင်း ဘင်္ဂါလီအရေးကြောင့်  ရပ်တန့်လုနီးပါးဖြစ်ခဲ့ရသည့် မြန်မာ့စီးပွားရေးအခြေအနေမှာ တရုတ်သမ္မတ၏ ခရီးစဉ်ကြောင့် ပြန်လည်လွန့်လူးလာမည့် အရိပ်ယောင်များ မြင်တွေ့လာခဲ့ရပါတယ်။ထိုအခြေအနေတွင် တရုတ်နိုင်ငံအတွင်း စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် တရုတ်စီးပွားရေးထိခိုက်ကာ တစ်ကမ္ဘာလုံး စီးပွားရေးအခြေအနေမှာလည်း ဆင့်ကဲထိခိုက်လာနိုင်သည့် အခြေအနေဖြစ်လာခဲ့သည့်အတွက် နိုင်ငံတကာမှ အထူးပြင်ဆင်မှုတွေ ပြုလုပ်နေကြတာကို တွေ့ရပါတယ်။ထိုအခြေအနေအပေါ် တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးအရ အလေးထားနေရသည့် မြန်မာစီးပွားရေးနှင့် ပတ်သက်၍ မည်မျှထိခိုက်လာနိုင်ချေရှိသည်အပေါ် ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဆရာ ဒေါက်တာအောင်ထွန်းသက်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက်၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။ မကြာသေးခင်က ဝူဟန်ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကုန်သွယ်ရေးတွေ ထိုးရပ်တာတွေရှိတယ်၊ ပင်လယ်ဘက်အပိုင်းမှာလည်း ထိုးရပ်တာတွေရှိတယ်၊ ဗိုင်းရပ်စ်ပေါ် မူတည်ပြီးတော့ ပြန်တက်လာနိုင်ချေရှိတဲ့ မြန်မာကုန်သွယ်ရေး အခြေအနေတွေက ဘယ်လောက်အထိဆိုးရွားလာနိုင်သလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။  တကယ်တမ်းကျတော့ ဒါမျိုးကို စီမံဘဏ္ဍာတို့၊ ဗဟိုဘဏ်တို့က တွက်ချက်ရမှာ၊ အခု အင်ဒိုနီးရှားမှာလည်း သူတို့ဒီလိုတွက်ကြတယ်၊ ဒါ ဒီလိုဖြစ်ရင် ဘယ်လောက်အထိ အမေရိကမှာလည်းတွက်တယ်၊ နေရာတိုင်းမှာတွက်တယ်ဆိုတော့ ကိုယ့်အနေနဲ့ ကိန်းဂဏန်းတွေ စုစည်းပြီးတော့ နယ်စပ်ကုန်သွယ်ရေးနဲ့စတဲ့ ထိခိုက်မှုတွေ ဘယ်လောက်ရှိလဲဆိုတာ စဉ်းစားဖို့တော့ကောင်းတာပေါ့။ဆရာတို့ မလွဲမသွေဖြစ်တာက ပမာဏထက်ကို ထိခိုက်မှာတော့ သေချာတယ်၊ အခုလတ်တလောမှာလည်း နယ်စပ်ကုန်သွယ်ရေးမှာ တော်တော်ကြီးကိုရပ်သွားပြီလေ။

အခု တခြားနိုင်ငံတွေမှာလည်း တရုတ်ပြည်နဲ့ အများကြီးဝေးတဲ့ နိုင်ငံတွေမှာတောင် ဒါတွေတွက်တယ်၊ တရုတ်ပြည်ရဲ့ အိမ်နီးနားချင်းနိုင်ငံအနေနဲ့ ဒါတွေက ပိုပြီးတော့အရေးပါတယ်လေနော်၊ တွက်ချက်ဖို့လိုတယ်၊ စဉ်းစားဖို့လိုတယ်လေနော်၊ အဲ့ဒီတော့ ကိန်းဂဏန်းအနေနဲ့ ရေရှည်၊ ဆရာထင်တာတော့ ကာလတိုထိခိုက်တာရယ် ကာလလတ်ရယ်၊ ကာလရှည်ရယ် ပို့ကုန်အတွက်ကို ဘယ်လောက်ထိခိုက်လာသလဲဆိုတာ တွက်ဖို့လိုတယ်၊ အဲ့ဒီတော့ ကုန်သည်ကြီးများအသင်း အဖွဲ့ချုပ်ကလည်း တာဝန်ယူဖို့လိုသလို ဥပမာ - စီးပွား/ကူးသန်း ဝန်ကြီးဌာနတို့၊ စီမံ/ဘဏ္ဍာ ဝန်ကြီးဌာနတို့ ဗဟိုဘဏ်တို့ ဒါတွေအားလုံးက ဝိုင်းပြီးတော့နော် ဘယ်လောက်ထိခိုက်တယ်။

အခုက ကျန်းမာရေးကိစ္စပဲပြောနေတာ၊ အရေးကြီးတာက ရေရှည်မှာ စီးပွားရေးကထိမှာလေ၊ နဂိုကတည်းကမှ ဆရာတို့က တရုတ်ကိုအားကိုးနေရတဲ့ စီးပွားရေးအခြေခံတစ်ခုမှာ တရုတ်ပြည်ရဲ့အနေအထားက ဒီလိုရှိတော့ တခြားနိုင်ငံတွေအားလုံး မထင်မှတ်တဲ့နေရာကို ဒီနေ့မနက်တောင် သတင်းတွေထဲမှာ တောက်လျှောက်ကြည့်ရင်တောင် သိသာတယ်။တရုတ်ပြည်မှာရှိတဲ့ စက်ရုံအလုပ်ရုံတွေကနေရတဲ့ အစိတ်အပိုင်း spare parts တွေဟာ ဥပမာ - ဂျပန်ကားကုမ္ပဏီတွေ၊ ကိုရီးယားကားကုမ္ပဏီတွေ ထိခိုက်တယ်ဆိုတော့ ဒါတွေက အမျိုးမျိုးထိခိုက်မှာပေါ့။ဟုတ်တယ်နော်၊ ကိုယ့်နိုင်ငံမှာ အဆိုးဆုံးက Inbound တွေပေါ့၊ Tourism ကမ္ဘာလှည့်ခရီးသည်တွေ မလာသ‌လောက်ရှားသွားပြီ။ဆရာတို့ အခု Arrival လည်း ပိတ်ထားတော့ သူတို့လာဖို့အခြေအနေ သိပ်မရှိဘူး။ဆရာတို့ Translation Fee တွေ လုပ်ရမှာက တော်တော်ကြီးကိုလုပ်ရမှာလေ။ဟိုတလောက ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နဲ့တွေ့တော့ သူတို့မှာလည်း တော်တော်ကြီးကို ပင်ပန်းနေတာပေါ့နော်၊ အမှန်တော့ ကဏ္ဍအသီးသီးမှာ ထိခိုက်တာတွေအကုန်လုံးကို စုစည်းလိုက်ရင် ဘယ်လောက်ထိခိုက်သလဲဆိုတာ ပြောနိုင်တာပေါ့။

Opinion Leaders ။     ။ နှစ်ဦးပိုင်းတုန်းက တရုတ်ဘက်က ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးဝင်ရောက်မယ်လို့ မျှော်မှန်းထားသလို တရုတ်သမ္မတကြီးက လာတဲ့ခရီးစဉ်အတွင်း စီးပွားရေးစင်္ကြန်တွေရယ်၊ တခြား ရန်ကုန်စီးတီးပရောဂျက်တွေ အဲ့ဒါတွေကို သဘောတူညီမှုလုပ်ထားခဲ့တာတွေရှိတယ်။အခုလက်ရှိမှာ တရုတ်နိုင်ငံ အခြေအနေက ဒီလိုဖြစ်နေတော့ မြန်မာနိုင်ငံအနေနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမှာ မျှော်မှန်းထားတဲ့ပမာဏကို ဘယ်လောက်ထိ သွားထိခိုက်လာနိုင်သလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဲ့ဒါပေါ့။သူလာတဲ့အချိန်မှာ မျှော်လင့်ချက်တကြီးနဲ့ အားလုံးကစဉ်းစားတာကလည်း ဆရာတို့နိုင်ငံရဲ့ စီးပွားရေးကို တကယ့်ကိုအကျိုးရှိစေမယ့်ခရီးလို့ ဆရာတို့လက်ခံခဲ့တယ်။နားလည်ခဲ့တယ်။ဒါပေမဲ့ တကယ်တမ်းကျတော့ သိပ်မကြာဘူး။ဒါဖြစ်လာတယ်၊ ဆရာတို့မှာ တကယ့်ကို မျှော်လင့်ချက်တွေဆုံးရှုံးသွားတဲ့ အနေအထားရှိတာကို။ဘယ်လောက်ထိခိုက်နိုင်သလဲ ကိန်းဂဏန်းက ကိုယ့်လက်ထဲမရှိတော့ အတိအကျမပြောနိုင်ပေမယ့် သေချာပေါက်တော့ ထိခိုက်တာပေါ့။အဲ့ဒါတော့ စဉ်းစားဖို့လိုလိမ့်မယ်။

Opinion Leaders ။     ။ လက်ရှိမှာ ဆန်စပါးအသင်းက တရုတ်နဲ့ ကုန်သွယ်ရေးထိခိုက်နိုင်ခြေအတွက် တော်တော်လေးကို ပြင်ဆင်လုပ်နေတာကို တွေ့ရတယ်။နောက်တစ်ချက်က ဒီရက်ပိုင်း ကျွန်တော်တို့မေးမြန်းတဲ့အခါကျတော့ သူတို့က တရုတ်အပြင် တခြားသောဝယ်လက်တွေကို ရှာနေကြတယ်။အာဖရိက၊ တောင်အမေရိကတို့ ဘာတို့က ဝယ်လက်တွေကိုပေါ့။

ဒေါက်တာအောင်ထွန်းသက် ။     ။ စျေးကွက်အသစ်တွေကို အမြန်ဆုံးရှာဖို့လိုတယ်လေ။စျေးကွက်သစ်ရှာတဲ့အခါမှာလည်း ရှာတဲ့စျေးကွက်တွေဟာ အနောက်နိုင်ငံဖြစ်တဲ့ အင်္ဂလန်တို့ ဘာတို့မှာတောင် အရေးပေါ်ကြေညာတယ်လေ။ဟုတ်တယ်မဟုတ်လား။ဒီအာဖရိကမှာက အသံမထွက်သေးတာ၊ အရှေ့မှာလည်းရှိတယ်။စင်ကာပူမှာလည်းရှိတော့ စျေးကွက်သစ်တွေ ဆရာတို့ဖန်တီးတဲ့အခါမှာ လွယ်လွယ်ကူကူအမြန်ဆုံးရဖို့။စျေးကွက်အသစ်ဆိုတဲ့ဟာက ချက်ချင်းလက်ငင်း နေ့ချင်းညချင်းရတဲ့ကိစ္စ မဟုတ်ဘူးလေ။တစ်ခုနဲ့တစ်ခု နားလည်မှု ယုံကြည်မှု တည်ဆောက်ရတဲ့အခါကျတော့ တော်တော်လေးကို စဉ်းစားရမယ်လို့ အောက်မေ့တာပဲ။ဒါပေမဲ့ လုပ်ရမှာပဲလေ။

အဲ့ဒီတော့ အခုကတော့ ခုနပထမမေးတဲ့ မေးခွန်းထဲကပေါ့၊ ကိုယ့်နိုင်ငံမှာ စီးပွားရေးထိခိုက်မှု ဘယ်လောက်ရှိနိုင်မလဲဆိုတာကို ဘယ်သူမှ ဂဃနဏမပြောနိုင်ဘူး၊ တခြားနိုင်ငံတွေမှာတော့ ချက်ချင်းလက်ငင်း ကိန်းဂဏန်းတွေ တွက်ကုန်ပြီ။ကမ္ဘာလှည့်ခရီးသည် အရေအတွက်ဘယ်လောက်လျော့သွားမယ်၊ နယ်စပ်ကုန်သွယ်ရေး ဘယ်လောက်လျော့သွားမယ်။ဆန်စပါး၊ သစ်သီး၀လံ၊ ဖရဲသီး ဒါတွေအားလုံးကို တွက်ထားတာ။ဆရာတို့ဆီမှာ ဘာမှမတွက်ထားတော့ အတိအကျပြောရရင် တော်တော်ခက်တယ်လေ။ရာခိုင်နှုန်းအနေနဲ့ ပြောလို့မရဘူး၊ သေချာတာတော့ တခြားနိုင်ငံရဲ့ ကိန်းဂဏန်းတွေကို ထောက်ရှုလိုက်ရင်တော့ မလွဲမသွေထိခိုက်တာပဲ။ Impact က နည်းတယ်များတယ်ဆိုတာက ကိုယ့်ရဲ့ကုန်သွယ်မှုပမာဏမှာ မူတည်တယ်။ပိုဆိုးတာက ဆရာတို့က စီမံချက်တွေအများကြီးရနိုင်မယ် မျှော်လင့်ချက်နဲ့ တွက်ခဲ့တာလေ။

အခု တရုတ်သမ္မတ ပြန်သွားတဲ့အချိန်မှာ ပြောင်းလဲချက်အကြီးကြီးရှိတာကနေ ချက်ချင်းလက်ငင်း ဒုက္ခတွေရောက်တာလေ၊ ကုန်သွယ်မှုတွေအားလုံးဖြစ်တော့ ခုနစီမံချက်တွေအားလုံး သူတို့ဘက်ကလည်း အရင်လို ရဲရဲဝံ့ဝံ့မလုပ်တော့ဘူး။ပိုဆိုးတာက သွားရေးလာရေးခက်တာ။သွားရေးလာရေးခက်တော့ သူတို့ဆီက ခရီးသည်ကမရှိ ကိုယ့်ဆီက မသွားနိုင်ဆိုတဲ့အခါကျတော့ ဒါတွေအားလုံးဟာ အတားအဆီးတွေပဲလေ။စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူမပေးတဲ့ အတားအဆီးတွေဖြစ်တာပေါ့။

Opinion Leaders ။     ။ ဒီဗိုင်းရပ်စ်ဖြစ်တာ ကြာလာတော့ ကမ္ဘာတစ်ဝန်းမှာ တရုတ်နဲ့ပတ်သက်ရင် အမြင်တွေပြောင်းကုန်တယ်။တရုတ်ကလာတဲ့ ခရီးသည်တွေကို ခွဲခြားဆက်ဆံမှုတွေရှိနေတယ်။
တရုတ်နိုင်ငံထဲမှာလည်း ဗိုင်းရပ်စ်ကြောင့် လုပ်ငန်းတွေပိတ်တာ၊ ရပ်ဆိုင်းတာ၊ စက်ရုံအရွှေ့အပြောင်းတွေ ရှိတဲ့အတွက် ကမ္ဘာ့ရေနံဝယ်လိုအားမှာ ထိခိုက်မှုရှိတယ်လို့ ပြောတယ်။
ဒီလထဲမှာ ရေနံစျေးက ၁၃ လအတွင်း အနည်ဆုံးစျေးအထိ ၂၅ ရာခိုင်နှုန်းလောက် ကျသွားပြီး ရေနံတစ်စည်ကို ဒေါ်လာ ၅၀ အောက် ဖြစ်ခဲ့တဲ့အတွက် ရေရှည်မှာ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံအပေါ်မှာ မှီခိုထားတဲ့ မြန်မာကုန်သွယ်ရေးနဲ့ စီးပွားရေးကို ဘယ်လောက်အထိပြင်ဆင်ထားသင့်သလဲ၊ နောက်တစ်ခုက တရုတ်ခရီးသွားတွေနဲ့ ပတ်သက်ပြီး မြင်တဲ့အမြင်က လုံးလုံးပြောင်းသွားတဲ့ ထိခိုက်လာနိုင်တဲ့ Tourism ကို ဘယ်လိုဖြေရှင်းသင့်သလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခု အဲ့ဒါပြောနေတာ၊ အရင်တုန်းက ဆားစ်ဖြစ်တုန်းက ရောဂါဖြစ်ပေမယ့် တရုတ်နိုင်ငံရဲ့ စီးပွားရေးက တခြားနိုင်ငံတွေနဲ့ သိပ်ပြီးတော့ချိတ်ဆက်မှု မရှိသေးဘူး။ဒီ ၁၀ နှစ်ကာလမှာ ချိတ်ဆက်မှုတွေ တိုးလာတဲ့အခါကျတော့ အခုက Globalization ပြဿနာ။စီးပွားရေးထိခိုက်မှု ရှိ/မရှိဆိုတာ တရုတ်က နိုင်ငံအသီးသီးနဲ့ ချိတ်ဆက်မှုများလေလေ၊ တရုတ်လို အင်ဂျင်စီးပွားရေး မောင်းနှင်မှုများတဲ့ အားများတဲ့နိုင်ငံဖြစ်လို့ ကျန်တဲ့သူတွေ ထိမှာလေ။အဲ့ဒီတော့ သူတို့မျှော်လင့်ထားတာ ၂၀၃၀ မှာ တရုတ်က နံပါတ် ၁ ဖြစ်မယ်လို့ မျှော်လင့်ထားတာ။ပြန်ပြီးတော့ကြည့်ရတော့မယ်။ကြည့်ရတော့မယ့် အနေအထားရှိတယ်။ဘယ်လောက်အထိ ထိခိုက်နိုင်မလဲ။

ရှီကျင့်ဖိန်ကိုယ်တိုင် ဆေးရုံတွေသွား၊ သူကိုယ်တိုင်အားပေးနေတာလေ၊ လူတွေကို ယုံကြည်မှုတည်ဆောက်နေတာ။အဲ့ဒီလိုလုပ်တော့ ဆရာတို့ ကိုယ့်နိုင်ငံက အဖျားမခတ်ဖို့လိုတာပေါ့။ကိုယ့်နိုင်ငံသား အားလုံးက အနောက်နိုင်ငံတွေနဲ့ ရခိုင်အရေးအခင်းတွေကြောင့် အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုရဖို့ အင်မတန်ခဲယဉ်းတဲ့အချိန်မှာ တရုတ်နိုင်ငံကလည်း ဒီလိုလာဖြစ်တယ်။တရုတ်နိုင်ငံတစ်ခုတည်းမဟုတ်ဘူး၊ တရုတ်နဲ့ဆက်နေတဲ့ ဂျပန်တို့ ကိုရီးယားတို့ကလည်း ထိခိုက်တာလေ။ဂျပန်ဆိုရင် တိုကျိုမှာ တော်တော်ဒုက္ခရောက်နေပြီ၊ ဂျပန်ကုမ္ပဏီတွေ၊ ကိုရီးယားကုမ္ပဏီတွေ ဒုက္ခရောက်တော့ သူတို့က ကိုယ့်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ဆိုတဲ့ အင်အားကလည်း နည်းလာတာပေါ့။အားလုံးကတကယ်တမ်းတော့ ဆရာတို့ အခုအချိန်မှာ ဝိုင်းစဉ်းစားဖို့ကောင်းတာက ဒီဗိုင်းရပ်စ်ကြောင့် ကျန်းမာရေးကိစ္စကတစ်ပိုင်း၊ စီးပွားရေးကိစ္စက အခြေခံဖြစ်တယ်လို့ ဆရာတို့ထင်တယ်။

ဘာလို့လဲဆိုတော့ ကိုယ့်စီမံချက်တွေအားလုံးဟာ တရုတ်ကိုအခြေခံပြီးတော့ လုပ်ထားတဲ့ စီမံချက်တွေ။အဲ့ဒီတော့ အဲ့ဒီစီမံချက်တွေအားလုံးဟာ အခုအတိုင်းက ရပ်ရမယ့်ပုံစံ ရှေ့ဆက်လို့မရတဲ့ပုံစံဖြစ်ရင် ဘယ်လိုလုပ်ကြမလဲ။နောက်တစ်ခါက သွားရေးလာရေးက ကမ္ဘာလှည့်ခရီးသည်လို့ပြောရင် ကမ္ဘာလှည့်ခရီးသည်တွေက အခုအချိန်မှာ အနောက်နိုင်ငံကသိပ်ရှားတာ။တရုတ်ပဲရှိတာ။အရင်တုန်းက Zero ဘတ်ဂျက်လို့ ပြောမနေနဲ့ တရုတ်နဲ့ပဲလုပ်နေတာ။အဲ့ဒီတော့ သူတို့ကိုယ်တိုင် မလာဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ။

အခုဆိုရင် နှစ်သစ်ကူးပြီးတဲ့ကာလမှာ အရင်တုန်းက ကိုယ့်ဒေသကိုပြန်ပြီး အိမ်ကိုပြန်ပြီး ပြန်လာတဲ့သူတွေက စဉ်းစားနေတော့တာ။အဲ့ဒီတော့ Economic Slowdown က သေချာတယ်။ Economic Slowdown ဆိုတော့ မြန်မာပြည်လို တရုတ်နဲ့ စီးပွားရေးချိတ်ဆက်မှုများတဲ့ နိုင်ငံမှာ ပိုပြီးအန္တရာယ်ရှိတာ။အဲ့ဒီတော့ အဲ့ဒါကို ဆရာတို့က နိုးနိုးကြားကြားရှိဖို့လိုတယ်။ခုနပြောသလို စျေးကွက်အသစ်ရှာဖို့ဆိုတာကလည်း ချက်ချင်းလက်ငင်း အခုရှာလို့လည်း ရတာမဟုတ်ဘူး။ဒီကနေ တရုတ်ကိုပို့မယ့်ပစ္စည်းတွေ အခုကဆိုပါတော့ တရုတ်ခရီးသည်တွေမလာဘူး၊ အိန္ဒိယခရီးသည်တွေ လာသလားဆိုတော့လည်း ချက်ချင်းလက်ငင်း အိန္ဒိယခရီးသည်တွေ လာဖို့ဆိုတာကလည်း လွယ်တာမဟုတ်ဘူးလေ၊ အခုသူတို့ Booking လုပ်ထားတာကို ဆရာတို့မေးကြည့်တော့ ခရီးသွားလုပ်ငန်းရှင်တွေ ဟိုတယ် Booking တို့ Air Line Booking တို့ Air Line တွေက ရပ်သွားမလိုဖြစ်တာ၊ လေယာဉ်ပျံတွေအားလုံးကို အန္တရာယ်ရှိတယ်။လေယာဉ်ပျံစီးရင် ပိုပြီးတော့အန္တရာယ်ရှိတယ်ဆိုတော့ မစီးကြတော့ပြန်ဘူး၊ မစီးကြတော့ ဘယ်လိုလုပ်ကြမလဲ။

အဲ့ဒီတော့ ဒါတွေအားလုံးကတော့ စီးပွားရေးရဲ့အရေးပါမှု စီးပွားရေးပေါ်မှာ ထိခိုက်တယ်ဆိုတာတော့ မြေကြီးလက်ခတ်မလွဲပါဘူး။အဲ့ဒီတော့ အဲ့ဒါကိုဘယ်လိုလုပ်ကြမလဲ။ရောဂါကြီးကိုကာကွယ်ဖို့ စီမံချက်တွေ လုပ်နေတာပေါ့၊ ကော်မတီတွေဘာတွေ ဖွဲ့တာတွေလည်းရှိတယ်၊ ဒါလည်းတစ်ဖက်ကလုပ်ရမှာလေ၊ တစ်ဖက်ကလည်း နိုးနိုးကြားကြား၊ အခု ကုန်သွယ်ရေး စီးပွား/ကူးသန်း ဝန်ကြီးဌာနက လုံး၀မလှုပ်တာ၊ ဘာမှကိုမပြောတာ၊ ဟုတ်တယ်မဟုတ်လား၊ ဟိုတယ်နဲ့ ခရီးသွား ဝန်ကြီးဌာနကရော ဘာမှကိုမပြောဘူး၊ အဲ့ဒီတော့ မသိသလိုလို နေနေတာ။ကိုယ့်လူတွေ၊ ကိုယ့်ဟိုတယ်ကလူတွေ၊ Tour ကုမ္ပဏီတွေ ဒုက္ခရောက်နေတာကို ပြောရမှာပဲမဟုတ်ဘူးလား၊ အဲ့ဒီတော့ နယ်စပ်နဲ့ပတ်သက်လို့ ဖြစ်တာလည်း ပြောရမှာပဲ။အဲ့ဒီအပေါ်မှာမှ ကုန်စည်စီးဆင်းမှု လူတွေမလာနိုင်တဲ့အတွက်ကြောင့် GDP အပေါ်မှာ ဘယ်လောက်ထိခိုက်နိုင်သလဲဆိုတာ ဗဟိုဘဏ်တို့ စီမံ/ဘဏ္ဍာတို့က ပြောရမှာပဲ။

ဒါပေမဲ့ အဲ့ဒီလူတွေက ဘာမှမပြောဘဲ ဒီလိုပဲရေငုံနေတော့ ဖြစ်တာက အဲ့လိုမပြောတော့ စမ်းတဝါးဝါး စဉ်းစားနေရတာ။စမ်းတဝါးဝါး စဉ်းစားနေကြတော့ ဟိုကွက်၊ ဒီကွက်။လုပ်ငန်းရှင်တွေက ဟိုကထပြော၊ ဒီကထပြော ဆိုတာမျိုးထက်ကို တစ်ရက်ကို အစည်းအဝေးခေါ်ပြီးတော့ ဘာလုပ်ကြမလဲ ဒို့ဟိုတယ်/ခရီးသွား ဝန်ကြီးဌာနကလည်း တာဝန်ယူပြီးတော့လုပ်ဖို့။အဲ့ဒီလိုပြောပြန်ရင်လည်း ကိုယ့်လူတွေက အဲဒီလိုတာဝန်ယူမပြီးတော့ မထွက်တော့ဘူး။အမိန့်မပေးမချင်း ဘာမှလုပ်မှာမဟုတ်ဘူး။

အမိန့်ပေးလို့ရအောင် အခုပြောနေတာကလည်း မျက်နှာဖုံးစွပ်ဖို့ပဲပြောနေတာကိုး၊ ဟုတ်တယ်မဟုတ်လား၊ လက်ဆေးဖို့ပဲ ပြောနေတာကိုး။ဒါတွေကတော့ အရေးကြီးတယ်၊ ဒါပေမဲ့လည်း ဒါတွေနဲ့မပြီးဘူးလေ။လက်ဆေးတာတို့ မျက်နှာဖုံးစွပ်တာတို့ကတစ်ပိုင်း၊ စီးပွားရေးကို ပြန်ပြီးအခြကျလာအောင် ဘယ်လိုလုပ်မလဲပေါ့နော်။နဂိုကတည်းကမှ စီးပွားရေးက ခပ်ယဲ့ယဲ့ပဲကျန်တာကိုး။ခိုင်တာမှမဟုတ်တာ။ခိုင်တဲ့စီးပွားရေးဆိုရင် ထိုင်းတို့ ဘာတို့လိုဆို မပြောဘူး။ဒါပေမဲ့ စင်ကာပူတောင် ပြောနေပြီ၊ ဟုတ်တယ်မဟုတ်လား၊ သူတို့ဆီမှာလည်း တရုတ်ခရီးသည်တွေလာနေတာ ဆရာတို့ထက်တောင်မှ ပိုပြီးတော့လာသေးတယ်။

သူတို့ဆီမှာလာတဲ့ တရုတ်ခရီးသည်တွေကို သူတို့ဘယ်လိုလုပ်မလဲ ဘယ်လိုကိုင်တွယ်မလဲဆိုတာကို အမှန်တော့ မဟာဗျူဟာကြီးရှိဖို့ ကောင်းတယ်ထင်တယ်။ဆရာ ထင်တာတော့လေ၊ တစ်နေရာရာကပေါ့လေ၊ ဘယ်သူတာဝန်ယူမလဲမသိဘူး။ဒါကြီးကို လေးလေးစားစားလုပ်သင့်တယ်၊ အခုကတော့ ဆရာတို့ ဂျာနယ်တို့ မီဒီယာတို့က ပြောလို့ပြောနေတာ၊ ဟုတ်တယ်မဟုတ်လား။အစိုးရဘက်က ဘာမှပြောတာမဟုတ်ဘူး၊ အဓိကပြောနေတာ ကြေညာချက်တွေလုပ်နေတယ်၊ လက်ဆေးဖို့ပြောနေတယ်။ဒါကတော့ အသိပညာပေးလုပ်တာ တစ်ပိုင်းပေါ့၊ တကယ်တမ်းကျတော့ အရေးပေါ်ခေါ်ပြီးတော့  ဥပမာဆိုရင် ဟိုတယ်/ခရီးသွား ဝန်ကြီးဌာနက ဟိုတယ်သမားတွေအားလုံး ခရီးသွားလုပ်ငန်းရှင်တွေအားလုံး ဖိတ်ခေါ်ပြီးတော့ အဲ့ဒီပမာဏ ဘယ်လောက်ရှိသလဲ။ခရီးသည်တွေ ဘယ်လောက်မလာဘူးလဲ။မလာတဲ့အတွက် ဟိုတယ်တွေမှာ ဘာလို့လဲဆိုတော့ အဲ့ဒါတွေက အလုပ်အကိုင် အခွင့်အရေးနဲ့ သက်ဆိုင်တာပေါ့။ဟိုတယ်တွေမှာ လူနည်းမယ်၊ နောက်တစ်ခုက အဆိုးဆုံးက Seasonal ပေါ့။

ဘာလို့လဲဆိုတော့ ဆရာတို့အနေနဲ့ ဒီပြဿနာက ဇွန်တို့၊ ဇူလိုင်တို့မှာဖြစ်ရင် ပြဿနာမဟုတ်ဘူး၊ အဲ့ဒီကာလက မြန်မာပြည်ကို ခရီးသွားလာတာနည်းတယ်လေ။အခုဖြစ်သွားတာက အခုအချိန်မှာဖြစ်သွားတာ။တကယ့်ကို Peace Seasonal ပေါ့၊ မြန်မာနိုင်ငံရဲ့ Tourism က ဒီဇင်ဘာ၊ နိုဝင်ဘာပေါ့။မိုးပြီးတဲ့အချိန်မှာ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ လေးလလောက်ရတာ။လေးလလောက်ရတဲ့အချိန်မှာ အခုအလယ်တည့်တည့်မှာ သွားလာနေတော့ ဒီကာလကလည်း အရေးကြီးတယ်။ရာသီနဲ့ပတ်သက်တာကိုး၊ ဟိုဘက်အပိုင်းရောက်လာရင်တော့ နွေရောက်လာရင်တော့ ဗိုင်းရပ်စ်က လျော့သွားမယ်။သို့သော်လည်း သူလျော့သွားတဲ့အချိန်မှာ ဟိုဘက်က မိုးလာပြီလေ။ဆရာထင်တာတော့ အရေးပေါ် ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းနဲ့ ပတ်သက်လို့ အရေးပေါ်ဖြစ်နေပြီ၊ ဒါလည်းစဉ်းစားဖို့လိုတယ်၊ နောက်တစ်ခါ နယ်စပ်ကုန်သွယ်ရေးကိစ္စ စဉ်းစားဖို့လိုတယ်၊ ပြီးတော့မှ နောက်တစ်ခါ ရှီကျင့်ဖိန် လာပြီးတဲ့အခါမှာ လက်မှတ်ထိုးသွားတဲ့ စီမံချက်တွေ။အဲ့ဒီစီမံချက်တွေကို ဘယ်လိုလုပ်ကြမလဲဆိုတာကိုလည်း စဉ်းစားဖို့လိုတယ်လေ။ဆရာတော့ အဲ့ဒီလိုအောက်မေ့တာပဲ။

Opinion Leaders ။     ။ အခုတခြားနိုင်ငံတွေမှာ ဒီလိုမျိုးအခြေအနေမှာ ပြည်တွင်းစီးပွားရေးကို ရည်ရွယ်ပြီး အခွန်အခတို့ အတိုးနှုန်းတို့ လျှော့ချမယ့် အစီအစဉ်တွေဆွဲနေတာတွေရှိတယ်။ဒီမှာကမရှိဘူး။အခုလတ်တလောမှာ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်ရင် လိမ်သွားတာ အရမ်းများတဲ့အတွက် ထိနေတယ်။မနေ့ကဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ လာရှင်းသွားတာရှိတယ်။အတိုးနှုန်းလျှော့ချဖို့ ဆိုတဲ့ဟာလည်းရှိတယ်။ရှိတဲ့အခါကျတော့ အခုလက်ရှိ စီးပွားရေးအခြေအနေအရ ပြည်တွင်းစီးပွားရေး အားကောင်းဖို့ အတိုးနှုန်းလျှော့ချဖို့ဆိုတာကို မဖြစ်မနေလုပ်သင့်တယ်လို့ ထင်ပါလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာ အဲ့ဒါပြောတာ။ကိုယ်က အတိုးနှုန်းကို စဉ်းစားတဲ့ပုံစံက အတွက်တွေက လွဲတာကိုး။သူတို့က အတိုးနှုန်းမြှင့်ဖို့ပဲစဉ်းစားတာ။အတိုးနှုန်းကိုမြှင့်ဖို့ အာရုံပြုတဲ့သူတွေဖြစ်တာမို့ အတိုးနှုန်းလျှော့မယ်ပြောရင် ဒါဆိုရင် ဝင်ငွေနည်းမယ်လို့ထင်တယ်။အခုအချိန်မှာ အတိုးနှုန်းက မက်လုံးဖြစ်တယ်ဆိုတာ သူတို့နားကိုမလည်တာ။လုပ်ငန်းရှင်တွေအနေနဲ့ ဒါကို ထဲထဲဝင်ဝင် သူတို့လုပ်ချင်ကိုင်ချင်စိတ်ရှိအောင် အခုလိုအကြပ်အတည်းဖြစ်နေချိန်မှာ ပိုလိုတာပေါ့။

ကမ္ဘာလှည့်ခရီးသည် လုပ်ငန်းရှင်တွေနော်။ခရီးသွားလုပ်ငန်းရှင်တွေ အားလုံးကို အတိုးမဲ့တွေလုပ်ပေးမယ်။ဗဟိုဘဏ်အတိုးတွေ လျှော့ပေးမယ်ဆိုရင် မက်လုံးတွေဖြစ်လာရင် လူတွေက နည်းနည်းလေး လန်းလန်းဆန်းဆန်းဖြစ်လာရော။နည်းလမ်းတွေမှာ ဖော်မြူလာတွေ မရှိတာမှမဟုတ်တာ၊ ဖော်မြူလာတွေကရှိနေတာပဲ ငါ့လူတွေကလေ ဖော်မြူလာတွေရှိနေပေမယ့် သူတို့ဖော်မြူလာကတစ်မျိုးလေ၊ သူတို့နားလည်တဲ့ပုံစံက စီမံကိန်း စီးပွားရေးစနစ်က ထွက်လာတဲ့သူတွေ၊ သူတို့ကအားနေရင် အုပ်ချုပ်ရေးယန္တရားအားကိုးတဲ့ စီးပွားရေးစနစ်ကို ဟုတ်တယ်မဟုတ်လား၊ စျေးကွက်ကိုယုံကြည်မှုအားနည်းတယ်၊ လုပ်ရကိုင်ရတာ တော်တော်လေးခက်တာကိုး။

Opinion Leaders ။     ။ ဒီဟာဆိုလို့ရှိရင် အားလုံးခြုံငုံသုံးသပ်မယ်ဆိုရင် ကျွန်တော်တို့အားလုံး မလွဲမသွေပြင်ဆင်ထားရမယ့် အနေအထားမျိုး ဖြစ်နေတာပေါ့နော် ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာသာဆိုရင်တော့ အရေးပေါ်ကြေညာလိုက်မယ်လေ။ကျန်းမာရေးတင်မကဘူး၊ စီးပွားရေးနဲ့ပတ်သက်လို့ ဘာတွေလုပ်မယ်။လတ်တလော ခုနပြောသလို ကာလတိုဘာလုပ်မယ်၊ ရောဂါတွေ ဒီလိုအပြတ်မှာ ဘာလုပ်ကြမလဲ၊ ချက်ချင်းပြီးသွားတာနဲ့ နေ့ချင်းပျောက်သွားတာမဟုတ်ဘူးလေ။ဒါတွေအားလုံးက ကွင်းဆက်တွေရှိတယ်။အဲ့ဒီတော့ ကာလလတ်လည်း စဉ်းစားဖို့လိုတယ်။ပိုဆိုးတာက ကာလရှည်၊ ကာလရှည်မှာ တရုတ်ရဲ့စီးပွားရေး ပြန်ထောင်လာအောင် ဘာလုပ်မယ် ဘယ်လောက်ကြာမယ်၊ အဲ့ဒီအပေါ်မှာ ကိုယ့်အနေနဲ့ ဘယ်လောက်အချိန်ယူရမယ်ဆိုတာ ချိန်ရမှာလေ၊ အဲ့ဒါဆိုရင်တော့ ရလိမ့်မယ်လို့ အောက်မေ့တာပဲ။

Opinion Leaders ။     ။ ကျေးဇူးတင်ပါတယ် ဆရာ။

‌ဒေါက်တာအောင်ထွန်းသက်
ဖေဖော်ဝါရီ - ၁၃

( Zawgyi )

ျမန္မာႏိုင္ငံသို႔ မၾကာခင္က တ႐ုတ္သမၼတ လာေရာက္ခဲ့ကာ စီးပြားေရးဆိုင္ရာ ဘီလ်ံႏွင့္ခ်ီသည့္ လုပ္ငန္းမ်ားကို လက္မွတ္ေရးထိုးခဲ့ပါတယ္။အရပ္သားအစိုးရ အာဏာရသည့္ႏွစ္မွာပင္ျဖစ္ခဲ့သည့္ ရခိုင္ေျမာက္ပိုင္း ဘဂၤါလီအေရးေၾကာင့္  ရပ္တန႔္လုနီးပါးျဖစ္ခဲ့ရသည့္ ျမန္မာ့စီးပြားေရးအေျခအေနမွာ တ႐ုတ္သမၼတ၏ ခရီးစဥ္ေၾကာင့္ ျပန္လည္လြန႔္လူးလာမည့္ အရိပ္ေယာင္မ်ား ျမင္ေတြ႕လာခဲ့ရပါတယ္။ထိုအေျခအေနတြင္ တ႐ုတ္ႏိုင္ငံအတြင္း စတင္ျဖစ္ပြားခဲ့သည့္ ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ပြားမႈေၾကာင့္ တ႐ုတ္စီးပြားေရးထိခိုက္ကာ တစ္ကမာၻလုံး စီးပြားေရးအေျခအေနမွာလည္း ဆင့္ကဲထိခိုက္လာႏိုင္သည့္ အေျခအေနျဖစ္လာခဲ့သည့္အတြက္ ႏိုင္ငံတကာမွ အထူးျပင္ဆင္မႈေတြ ျပဳလုပ္ေနၾကတာကို ေတြ႕ရပါတယ္။ထိုအေျခအေနအေပၚ တ႐ုတ္ႏိုင္ငံအေပၚ ကုန္သြယ္ေရးအရ အေလးထားေနရသည့္ ျမန္မာစီးပြားေရးႏွင့္ ပတ္သက္၍ မည္မွ်ထိခိုက္လာႏိုင္ေခ်ရွိသည္အေပၚ ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပးပုဂၢိဳလ္ ဆရာ ေဒါက္တာေအာင္ထြန္းသက္အား အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။ မၾကာေသးခင္က ဝူဟန္ဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ကုန္သြယ္ေရးေတြ ထိုးရပ္တာေတြရွိတယ္၊ ပင္လယ္ဘက္အပိုင္းမွာလည္း ထိုးရပ္တာေတြရွိတယ္၊ ဗိုင္းရပ္စ္ေပၚ မူတည္ၿပီးေတာ့ ျပန္တက္လာႏိုင္ေခ်ရွိတဲ့ ျမန္မာကုန္သြယ္ေရး အေျခအေနေတြက ဘယ္ေလာက္အထိဆိုး႐ြားလာႏိုင္သလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။  တကယ္တမ္းက်ေတာ့ ဒါမ်ိဳးကို စီမံဘ႑ာတို႔၊ ဗဟိုဘဏ္တို႔က တြက္ခ်က္ရမွာ၊ အခု အင္ဒိုနီးရွားမွာလည္း သူတို႔ဒီလိုတြက္ၾကတယ္၊ ဒါ ဒီလိုျဖစ္ရင္ ဘယ္ေလာက္အထိ အေမရိကမွာလည္းတြက္တယ္၊ ေနရာတိုင္းမွာတြက္တယ္ဆိုေတာ့ ကိုယ့္အေနနဲ႔ ကိန္းဂဏန္းေတြ စုစည္းၿပီးေတာ့ နယ္စပ္ကုန္သြယ္ေရးနဲ႔စတဲ့ ထိခိုက္မႈေတြ ဘယ္ေလာက္ရွိလဲဆိုတာ စဥ္းစားဖို႔ေတာ့ေကာင္းတာေပါ့။ဆရာတို႔ မလြဲမေသြျဖစ္တာက ပမာဏထက္ကို ထိခိုက္မွာေတာ့ ေသခ်ာတယ္၊ အခုလတ္တေလာမွာလည္း နယ္စပ္ကုန္သြယ္ေရးမွာ ေတာ္ေတာ္ႀကီးကိုရပ္သြားၿပီေလ။

အခု တျခားႏိုင္ငံေတြမွာလည္း တ႐ုတ္ျပည္နဲ႔ အမ်ားႀကီးေဝးတဲ့ ႏိုင္ငံေတြမွာေတာင္ ဒါေတြတြက္တယ္၊ တ႐ုတ္ျပည္ရဲ႕ အိမ္နီးနားခ်င္းႏိုင္ငံအေနနဲ႔ ဒါေတြက ပိုၿပီးေတာ့အေရးပါတယ္ေလေနာ္၊ တြက္ခ်က္ဖို႔လိုတယ္၊ စဥ္းစားဖို႔လိုတယ္ေလေနာ္၊ အဲ့ဒီေတာ့ ကိန္းဂဏန္းအေနနဲ႔ ေရရွည္၊ ဆရာထင္တာေတာ့ ကာလတိုထိခိုက္တာရယ္ ကာလလတ္ရယ္၊ ကာလရွည္ရယ္ ပို႔ကုန္အတြက္ကို ဘယ္ေလာက္ထိခိုက္လာသလဲဆိုတာ တြက္ဖို႔လိုတယ္၊ အဲ့ဒီေတာ့ ကုန္သည္ႀကီးမ်ားအသင္း အဖြဲ႕ခ်ဳပ္ကလည္း တာဝန္ယူဖို႔လိုသလို ဥပမာ - စီးပြား/ကူးသန္း ဝန္ႀကီးဌာနတို႔၊ စီမံ/ဘ႑ာ ဝန္ႀကီးဌာနတို႔ ဗဟိုဘဏ္တို႔ ဒါေတြအားလုံးက ဝိုင္းၿပီးေတာ့ေနာ္ ဘယ္ေလာက္ထိခိုက္တယ္။

အခုက က်န္းမာေရးကိစၥပဲေျပာေနတာ၊ အေရးႀကီးတာက ေရရွည္မွာ စီးပြားေရးကထိမွာေလ၊ နဂိုကတည္းကမွ ဆရာတို႔က တ႐ုတ္ကိုအားကိုးေနရတဲ့ စီးပြားေရးအေျခခံတစ္ခုမွာ တ႐ုတ္ျပည္ရဲ႕အေနအထားက ဒီလိုရွိေတာ့ တျခားႏိုင္ငံေတြအားလုံး မထင္မွတ္တဲ့ေနရာကို ဒီေန႔မနက္ေတာင္ သတင္းေတြထဲမွာ ေတာက္ေလွ်ာက္ၾကည့္ရင္ေတာင္ သိသာတယ္။တ႐ုတ္ျပည္မွာရွိတဲ့ စက္႐ုံအလုပ္႐ုံေတြကေနရတဲ့ အစိတ္အပိုင္း spare parts ေတြဟာ ဥပမာ - ဂ်ပန္ကားကုမၸဏီေတြ၊ ကိုရီးယားကားကုမၸဏီေတြ ထိခိုက္တယ္ဆိုေတာ့ ဒါေတြက အမ်ိဳးမ်ိဳးထိခိုက္မွာေပါ့။ဟုတ္တယ္ေနာ္၊ ကိုယ့္ႏိုင္ငံမွာ အဆိုးဆုံးက Inbound ေတြေပါ့၊ Tourism ကမာၻလွည့္ခရီးသည္ေတြ မလာသ‌ေလာက္ရွားသြားၿပီ။ဆရာတို႔ အခု Arrival လည္း ပိတ္ထားေတာ့ သူတို႔လာဖို႔အေျခအေန သိပ္မရွိဘူး။ဆရာတို႔ Translation Fee ေတြ လုပ္ရမွာက ေတာ္ေတာ္ႀကီးကိုလုပ္ရမွာေလ။ဟိုတေလာက ခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္နဲ႔ေတြ႕ေတာ့ သူတို႔မွာလည္း ေတာ္ေတာ္ႀကီးကို ပင္ပန္းေနတာေပါ့ေနာ္၊ အမွန္ေတာ့ က႑အသီးသီးမွာ ထိခိုက္တာေတြအကုန္လုံးကို စုစည္းလိုက္ရင္ ဘယ္ေလာက္ထိခိုက္သလဲဆိုတာ ေျပာႏိုင္တာေပါ့။

Opinion Leaders ။     ။ ႏွစ္ဦးပိုင္းတုန္းက တ႐ုတ္ဘက္က ရင္းႏွီးျမႇဳပ္ႏွံမႈေတြ အမ်ားႀကီးဝင္ေရာက္မယ္လို႔ ေမွ်ာ္မွန္းထားသလို တ႐ုတ္သမၼတႀကီးက လာတဲ့ခရီးစဥ္အတြင္း စီးပြားေရးစၾကၤန္ေတြရယ္၊ တျခား ရန္ကုန္စီးတီးပေရာဂ်က္ေတြ အဲ့ဒါေတြကို သေဘာတူညီမႈလုပ္ထားခဲ့တာေတြရွိတယ္။အခုလက္ရွိမွာ တ႐ုတ္ႏိုင္ငံ အေျခအေနက ဒီလိုျဖစ္ေနေတာ့ ျမန္မာႏိုင္ငံအေနနဲ႔ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈဝင္ေရာက္မႈမွာ ေမွ်ာ္မွန္းထားတဲ့ပမာဏကို ဘယ္ေလာက္ထိ သြားထိခိုက္လာႏိုင္သလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲ့ဒါေပါ့။သူလာတဲ့အခ်ိန္မွာ ေမွ်ာ္လင့္ခ်က္တႀကီးနဲ႔ အားလုံးကစဥ္းစားတာကလည္း ဆရာတို႔ႏိုင္ငံရဲ႕ စီးပြားေရးကို တကယ့္ကိုအက်ိဳးရွိေစမယ့္ခရီးလို႔ ဆရာတို႔လက္ခံခဲ့တယ္။နားလည္ခဲ့တယ္။ဒါေပမဲ့ တကယ္တမ္းက်ေတာ့ သိပ္မၾကာဘူး။ဒါျဖစ္လာတယ္၊ ဆရာတို႔မွာ တကယ့္ကို ေမွ်ာ္လင့္ခ်က္ေတြဆုံးရႈံးသြားတဲ့ အေနအထားရွိတာကို။ဘယ္ေလာက္ထိခိုက္ႏိုင္သလဲ ကိန္းဂဏန္းက ကိုယ့္လက္ထဲမရွိေတာ့ အတိအက်မေျပာႏိုင္ေပမယ့္ ေသခ်ာေပါက္ေတာ့ ထိခိုက္တာေပါ့။အဲ့ဒါေတာ့ စဥ္းစားဖို႔လိုလိမ့္မယ္။

Opinion Leaders ။     ။ လက္ရွိမွာ ဆန္စပါးအသင္းက တ႐ုတ္နဲ႔ ကုန္သြယ္ေရးထိခိုက္ႏိုင္ေျခအတြက္ ေတာ္ေတာ္ေလးကို ျပင္ဆင္လုပ္ေနတာကို ေတြ႕ရတယ္။ေနာက္တစ္ခ်က္က ဒီရက္ပိုင္း ကြၽန္ေတာ္တို႔ေမးျမန္းတဲ့အခါက်ေတာ့ သူတို႔က တ႐ုတ္အျပင္ တျခားေသာဝယ္လက္ေတြကို ရွာေနၾကတယ္။အာဖရိက၊ ေတာင္အေမရိကတို႔ ဘာတို႔က ဝယ္လက္ေတြကိုေပါ့။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ေစ်းကြက္အသစ္ေတြကို အျမန္ဆုံးရွာဖို႔လိုတယ္ေလ။ေစ်းကြက္သစ္ရွာတဲ့အခါမွာလည္း ရွာတဲ့ေစ်းကြက္ေတြဟာ အေနာက္ႏိုင္ငံျဖစ္တဲ့ အဂၤလန္တို႔ ဘာတို႔မွာေတာင္ အေရးေပၚေၾကညာတယ္ေလ။ဟုတ္တယ္မဟုတ္လား။ဒီအာဖရိကမွာက အသံမထြက္ေသးတာ၊ အေရွ႕မွာလည္းရွိတယ္။စင္ကာပူမွာလည္းရွိေတာ့ ေစ်းကြက္သစ္ေတြ ဆရာတို႔ဖန္တီးတဲ့အခါမွာ လြယ္လြယ္ကူကူအျမန္ဆုံးရဖို႔။ေစ်းကြက္အသစ္ဆိုတဲ့ဟာက ခ်က္ခ်င္းလက္ငင္း ေန႔ခ်င္းညခ်င္းရတဲ့ကိစၥ မဟုတ္ဘူးေလ။တစ္ခုနဲ႔တစ္ခု နားလည္မႈ ယုံၾကည္မႈ တည္ေဆာက္ရတဲ့အခါက်ေတာ့ ေတာ္ေတာ္ေလးကို စဥ္းစားရမယ္လို႔ ေအာက္ေမ့တာပဲ။ဒါေပမဲ့ လုပ္ရမွာပဲေလ။

အဲ့ဒီေတာ့ အခုကေတာ့ ခုနပထမေမးတဲ့ ေမးခြန္းထဲကေပါ့၊ ကိုယ့္ႏိုင္ငံမွာ စီးပြားေရးထိခိုက္မႈ ဘယ္ေလာက္ရွိႏိုင္မလဲဆိုတာကို ဘယ္သူမွ ဂဃနဏမေျပာႏိုင္ဘူး၊ တျခားႏိုင္ငံေတြမွာေတာ့ ခ်က္ခ်င္းလက္ငင္း ကိန္းဂဏန္းေတြ တြက္ကုန္ၿပီ။ကမာၻလွည့္ခရီးသည္ အေရအတြက္ဘယ္ေလာက္ေလ်ာ့သြားမယ္၊ နယ္စပ္ကုန္သြယ္ေရး ဘယ္ေလာက္ေလ်ာ့သြားမယ္။ဆန္စပါး၊ သစ္သီး၀လံ၊ ဖရဲသီး ဒါေတြအားလုံးကို တြက္ထားတာ။ဆရာတို႔ဆီမွာ ဘာမွမတြက္ထားေတာ့ အတိအက်ေျပာရရင္ ေတာ္ေတာ္ခက္တယ္ေလ။ရာခိုင္ႏႈန္းအေနနဲ႔ ေျပာလို႔မရဘူး၊ ေသခ်ာတာေတာ့ တျခားႏိုင္ငံရဲ႕ ကိန္းဂဏန္းေတြကို ေထာက္ရႈလိုက္ရင္ေတာ့ မလြဲမေသြထိခိုက္တာပဲ။ Impact က နည္းတယ္မ်ားတယ္ဆိုတာက ကိုယ့္ရဲ႕ကုန္သြယ္မႈပမာဏမွာ မူတည္တယ္။ပိုဆိုးတာက ဆရာတို႔က စီမံခ်က္ေတြအမ်ားႀကီးရႏိုင္မယ္ ေမွ်ာ္လင့္ခ်က္နဲ႔ တြက္ခဲ့တာေလ။

အခု တ႐ုတ္သမၼတ ျပန္သြားတဲ့အခ်ိန္မွာ ေျပာင္းလဲခ်က္အႀကီးႀကီးရွိတာကေန ခ်က္ခ်င္းလက္ငင္း ဒုကၡေတြေရာက္တာေလ၊ ကုန္သြယ္မႈေတြအားလုံးျဖစ္ေတာ့ ခုနစီမံခ်က္ေတြအားလုံး သူတို႔ဘက္ကလည္း အရင္လို ရဲရဲဝံ့ဝံ့မလုပ္ေတာ့ဘူး။ပိုဆိုးတာက သြားေရးလာေရးခက္တာ။သြားေရးလာေရးခက္ေတာ့ သူတို႔ဆီက ခရီးသည္ကမရွိ ကိုယ့္ဆီက မသြားႏိုင္ဆိုတဲ့အခါက်ေတာ့ ဒါေတြအားလုံးဟာ အတားအဆီးေတြပဲေလ။စီးပြားေရးဖြံ႕ၿဖိဳးမႈကို အေထာက္အကူမေပးတဲ့ အတားအဆီးေတြျဖစ္တာေပါ့။

Opinion Leaders ။     ။ ဒီဗိုင္းရပ္စ္ျဖစ္တာ ၾကာလာေတာ့ ကမာၻတစ္ဝန္းမွာ တ႐ုတ္နဲ႔ပတ္သက္ရင္ အျမင္ေတြေျပာင္းကုန္တယ္။တ႐ုတ္ကလာတဲ့ ခရီးသည္ေတြကို ခြဲျခားဆက္ဆံမႈေတြရွိေနတယ္။
တ႐ုတ္ႏိုင္ငံထဲမွာလည္း ဗိုင္းရပ္စ္ေၾကာင့္ လုပ္ငန္းေတြပိတ္တာ၊ ရပ္ဆိုင္းတာ၊ စက္႐ုံအေ႐ႊ႕အေျပာင္းေတြ ရွိတဲ့အတြက္ ကမာၻ႔ေရနံဝယ္လိုအားမွာ ထိခိုက္မႈရွိတယ္လို႔ ေျပာတယ္။
ဒီလထဲမွာ ေရနံေစ်းက ၁၃ လအတြင္း အနည္ဆုံးေစ်းအထိ ၂၅ ရာခိုင္ႏႈန္းေလာက္ က်သြားၿပီး ေရနံတစ္စည္ကို ေဒၚလာ ၅၀ ေအာက္ ျဖစ္ခဲ့တဲ့အတြက္ ေရရွည္မွာ ျမန္မာႏိုင္ငံအေနနဲ႔ တ႐ုတ္ႏိုင္ငံအေပၚမွာ မွီခိုထားတဲ့ ျမန္မာကုန္သြယ္ေရးနဲ႔ စီးပြားေရးကို ဘယ္ေလာက္အထိျပင္ဆင္ထားသင့္သလဲ၊ ေနာက္တစ္ခုက တ႐ုတ္ခရီးသြားေတြနဲ႔ ပတ္သက္ၿပီး ျမင္တဲ့အျမင္က လုံးလုံးေျပာင္းသြားတဲ့ ထိခိုက္လာႏိုင္တဲ့ Tourism ကို ဘယ္လိုေျဖရွင္းသင့္သလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခု အဲ့ဒါေျပာေနတာ၊ အရင္တုန္းက ဆားစ္ျဖစ္တုန္းက ေရာဂါျဖစ္ေပမယ့္ တ႐ုတ္ႏိုင္ငံရဲ႕ စီးပြားေရးက တျခားႏိုင္ငံေတြနဲ႔ သိပ္ၿပီးေတာ့ခ်ိတ္ဆက္မႈ မရွိေသးဘူး။ဒီ ၁၀ ႏွစ္ကာလမွာ ခ်ိတ္ဆက္မႈေတြ တိုးလာတဲ့အခါက်ေတာ့ အခုက Globalization ျပႆနာ။စီးပြားေရးထိခိုက္မႈ ရွိ/မရွိဆိုတာ တ႐ုတ္က ႏိုင္ငံအသီးသီးနဲ႔ ခ်ိတ္ဆက္မႈမ်ားေလေလ၊ တ႐ုတ္လို အင္ဂ်င္စီးပြားေရး ေမာင္းႏွင္မႈမ်ားတဲ့ အားမ်ားတဲ့ႏိုင္ငံျဖစ္လို႔ က်န္တဲ့သူေတြ ထိမွာေလ။အဲ့ဒီေတာ့ သူတို႔ေမွ်ာ္လင့္ထားတာ ၂၀၃၀ မွာ တ႐ုတ္က နံပါတ္ ၁ ျဖစ္မယ္လို႔ ေမွ်ာ္လင့္ထားတာ။ျပန္ၿပီးေတာ့ၾကည့္ရေတာ့မယ္။ၾကည့္ရေတာ့မယ့္ အေနအထားရွိတယ္။ဘယ္ေလာက္အထိ ထိခိုက္ႏိုင္မလဲ။

ရွီက်င့္ဖိန္ကိုယ္တိုင္ ေဆး႐ုံေတြသြား၊ သူကိုယ္တိုင္အားေပးေနတာေလ၊ လူေတြကို ယုံၾကည္မႈတည္ေဆာက္ေနတာ။အဲ့ဒီလိုလုပ္ေတာ့ ဆရာတို႔ ကိုယ့္ႏိုင္ငံက အဖ်ားမခတ္ဖို႔လိုတာေပါ့။ကိုယ့္ႏိုင္ငံသား အားလုံးက အေနာက္ႏိုင္ငံေတြနဲ႔ ရခိုင္အေရးအခင္းေတြေၾကာင့္ အေနာက္ႏိုင္ငံက ရင္းႏွီးျမႇဳပ္ႏွံမႈရဖို႔ အင္မတန္ခဲယဥ္းတဲ့အခ်ိန္မွာ တ႐ုတ္ႏိုင္ငံကလည္း ဒီလိုလာျဖစ္တယ္။တ႐ုတ္ႏိုင္ငံတစ္ခုတည္းမဟုတ္ဘူး၊ တ႐ုတ္နဲ႔ဆက္ေနတဲ့ ဂ်ပန္တို႔ ကိုရီးယားတို႔ကလည္း ထိခိုက္တာေလ။ဂ်ပန္ဆိုရင္ တိုက်ိဳမွာ ေတာ္ေတာ္ဒုကၡေရာက္ေနၿပီ၊ ဂ်ပန္ကုမၸဏီေတြ၊ ကိုရီးယားကုမၸဏီေတြ ဒုကၡေရာက္ေတာ့ သူတို႔က ကိုယ့္ႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ဆိုတဲ့ အင္အားကလည္း နည္းလာတာေပါ့။အားလုံးကတကယ္တမ္းေတာ့ ဆရာတို႔ အခုအခ်ိန္မွာ ဝိုင္းစဥ္းစားဖို႔ေကာင္းတာက ဒီဗိုင္းရပ္စ္ေၾကာင့္ က်န္းမာေရးကိစၥကတစ္ပိုင္း၊ စီးပြားေရးကိစၥက အေျခခံျဖစ္တယ္လို႔ ဆရာတို႔ထင္တယ္။

ဘာလို႔လဲဆိုေတာ့ ကိုယ့္စီမံခ်က္ေတြအားလုံးဟာ တ႐ုတ္ကိုအေျခခံၿပီးေတာ့ လုပ္ထားတဲ့ စီမံခ်က္ေတြ။အဲ့ဒီေတာ့ အဲ့ဒီစီမံခ်က္ေတြအားလုံးဟာ အခုအတိုင္းက ရပ္ရမယ့္ပုံစံ ေရွ႕ဆက္လို႔မရတဲ့ပုံစံျဖစ္ရင္ ဘယ္လိုလုပ္ၾကမလဲ။ေနာက္တစ္ခါက သြားေရးလာေရးက ကမာၻလွည့္ခရီးသည္လို႔ေျပာရင္ ကမာၻလွည့္ခရီးသည္ေတြက အခုအခ်ိန္မွာ အေနာက္ႏိုင္ငံကသိပ္ရွားတာ။တ႐ုတ္ပဲရွိတာ။အရင္တုန္းက Zero ဘတ္ဂ်က္လို႔ ေျပာမေနနဲ႔ တ႐ုတ္နဲ႔ပဲလုပ္ေနတာ။အဲ့ဒီေတာ့ သူတို႔ကိုယ္တိုင္ မလာဘူးဆိုရင္ ဘယ္လိုလုပ္ၾကမလဲ။

အခုဆိုရင္ ႏွစ္သစ္ကူးၿပီးတဲ့ကာလမွာ အရင္တုန္းက ကိုယ့္ေဒသကိုျပန္ၿပီး အိမ္ကိုျပန္ၿပီး ျပန္လာတဲ့သူေတြက စဥ္းစားေနေတာ့တာ။အဲ့ဒီေတာ့ Economic Slowdown က ေသခ်ာတယ္။ Economic Slowdown ဆိုေတာ့ ျမန္မာျပည္လို တ႐ုတ္နဲ႔ စီးပြားေရးခ်ိတ္ဆက္မႈမ်ားတဲ့ ႏိုင္ငံမွာ ပိုၿပီးအႏၲရာယ္ရွိတာ။အဲ့ဒီေတာ့ အဲ့ဒါကို ဆရာတို႔က ႏိုးႏိုးၾကားၾကားရွိဖို႔လိုတယ္။ခုနေျပာသလို ေစ်းကြက္အသစ္ရွာဖို႔ဆိုတာကလည္း ခ်က္ခ်င္းလက္ငင္း အခုရွာလို႔လည္း ရတာမဟုတ္ဘူး။ဒီကေန တ႐ုတ္ကိုပို႔မယ့္ပစၥည္းေတြ အခုကဆိုပါေတာ့ တ႐ုတ္ခရီးသည္ေတြမလာဘူး၊ အိႏၵိယခရီးသည္ေတြ လာသလားဆိုေတာ့လည္း ခ်က္ခ်င္းလက္ငင္း အိႏၵိယခရီးသည္ေတြ လာဖို႔ဆိုတာကလည္း လြယ္တာမဟုတ္ဘူးေလ၊ အခုသူတို႔ Booking လုပ္ထားတာကို ဆရာတို႔ေမးၾကည့္ေတာ့ ခရီးသြားလုပ္ငန္းရွင္ေတြ ဟိုတယ္ Booking တို႔ Air Line Booking တို႔ Air Line ေတြက ရပ္သြားမလိုျဖစ္တာ၊ ေလယာဥ္ပ်ံေတြအားလုံးကို အႏၲရာယ္ရွိတယ္။ေလယာဥ္ပ်ံစီးရင္ ပိုၿပီးေတာ့အႏၲရာယ္ရွိတယ္ဆိုေတာ့ မစီးၾကေတာ့ျပန္ဘူး၊ မစီးၾကေတာ့ ဘယ္လိုလုပ္ၾကမလဲ။

အဲ့ဒီေတာ့ ဒါေတြအားလုံးကေတာ့ စီးပြားေရးရဲ႕အေရးပါမႈ စီးပြားေရးေပၚမွာ ထိခိုက္တယ္ဆိုတာေတာ့ ေျမႀကီးလက္ခတ္မလြဲပါဘူး။အဲ့ဒီေတာ့ အဲ့ဒါကိုဘယ္လိုလုပ္ၾကမလဲ။ေရာဂါႀကီးကိုကာကြယ္ဖို႔ စီမံခ်က္ေတြ လုပ္ေနတာေပါ့၊ ေကာ္မတီေတြဘာေတြ ဖြဲ႕တာေတြလည္းရွိတယ္၊ ဒါလည္းတစ္ဖက္ကလုပ္ရမွာေလ၊ တစ္ဖက္ကလည္း ႏိုးႏိုးၾကားၾကား၊ အခု ကုန္သြယ္ေရး စီးပြား/ကူးသန္း ဝန္ႀကီးဌာနက လုံး၀မလႈပ္တာ၊ ဘာမွကိုမေျပာတာ၊ ဟုတ္တယ္မဟုတ္လား၊ ဟိုတယ္နဲ႔ ခရီးသြား ဝန္ႀကီးဌာနကေရာ ဘာမွကိုမေျပာဘူး၊ အဲ့ဒီေတာ့ မသိသလိုလို ေနေနတာ။ကိုယ့္လူေတြ၊ ကိုယ့္ဟိုတယ္ကလူေတြ၊ Tour ကုမၸဏီေတြ ဒုကၡေရာက္ေနတာကို ေျပာရမွာပဲမဟုတ္ဘူးလား၊ အဲ့ဒီေတာ့ နယ္စပ္နဲ႔ပတ္သက္လို႔ ျဖစ္တာလည္း ေျပာရမွာပဲ။အဲ့ဒီအေပၚမွာမွ ကုန္စည္စီးဆင္းမႈ လူေတြမလာႏိုင္တဲ့အတြက္ေၾကာင့္ GDP အေပၚမွာ ဘယ္ေလာက္ထိခိုက္ႏိုင္သလဲဆိုတာ ဗဟိုဘဏ္တို႔ စီမံ/ဘ႑ာတို႔က ေျပာရမွာပဲ။

ဒါေပမဲ့ အဲ့ဒီလူေတြက ဘာမွမေျပာဘဲ ဒီလိုပဲေရငုံေနေတာ့ ျဖစ္တာက အဲ့လိုမေျပာေတာ့ စမ္းတဝါးဝါး စဥ္းစားေနရတာ။စမ္းတဝါးဝါး စဥ္းစားေနၾကေတာ့ ဟိုကြက္၊ ဒီကြက္။လုပ္ငန္းရွင္ေတြက ဟိုကထေျပာ၊ ဒီကထေျပာ ဆိုတာမ်ိဳးထက္ကို တစ္ရက္ကို အစည္းအေဝးေခၚၿပီးေတာ့ ဘာလုပ္ၾကမလဲ ဒို႔ဟိုတယ္/ခရီးသြား ဝန္ႀကီးဌာနကလည္း တာဝန္ယူၿပီးေတာ့လုပ္ဖို႔။အဲ့ဒီလိုေျပာျပန္ရင္လည္း ကိုယ့္လူေတြက အဲဒီလိုတာဝန္ယူမၿပီးေတာ့ မထြက္ေတာ့ဘူး။အမိန႔္မေပးမခ်င္း ဘာမွလုပ္မွာမဟုတ္ဘူး။

အမိန႔္ေပးလို႔ရေအာင္ အခုေျပာေနတာကလည္း မ်က္ႏွာဖုံးစြပ္ဖို႔ပဲေျပာေနတာကိုး၊ ဟုတ္တယ္မဟုတ္လား၊ လက္ေဆးဖို႔ပဲ ေျပာေနတာကိုး။ဒါေတြကေတာ့ အေရးႀကီးတယ္၊ ဒါေပမဲ့လည္း ဒါေတြနဲ႔မၿပီးဘူးေလ။လက္ေဆးတာတို႔ မ်က္ႏွာဖုံးစြပ္တာတို႔ကတစ္ပိုင္း၊ စီးပြားေရးကို ျပန္ၿပီးအျခက်လာေအာင္ ဘယ္လိုလုပ္မလဲေပါ့ေနာ္။နဂိုကတည္းကမွ စီးပြားေရးက ခပ္ယဲ့ယဲ့ပဲက်န္တာကိုး။ခိုင္တာမွမဟုတ္တာ။ခိုင္တဲ့စီးပြားေရးဆိုရင္ ထိုင္းတို႔ ဘာတို႔လိုဆို မေျပာဘူး။ဒါေပမဲ့ စင္ကာပူေတာင္ ေျပာေနၿပီ၊ ဟုတ္တယ္မဟုတ္လား၊ သူတို႔ဆီမွာလည္း တ႐ုတ္ခရီးသည္ေတြလာေနတာ ဆရာတို႔ထက္ေတာင္မွ ပိုၿပီးေတာ့လာေသးတယ္။

သူတို႔ဆီမွာလာတဲ့ တ႐ုတ္ခရီးသည္ေတြကို သူတို႔ဘယ္လိုလုပ္မလဲ ဘယ္လိုကိုင္တြယ္မလဲဆိုတာကို အမွန္ေတာ့ မဟာဗ်ဴဟာႀကီးရွိဖို႔ ေကာင္းတယ္ထင္တယ္။ဆရာ ထင္တာေတာ့ေလ၊ တစ္ေနရာရာကေပါ့ေလ၊ ဘယ္သူတာဝန္ယူမလဲမသိဘူး။ဒါႀကီးကို ေလးေလးစားစားလုပ္သင့္တယ္၊ အခုကေတာ့ ဆရာတို႔ ဂ်ာနယ္တို႔ မီဒီယာတို႔က ေျပာလို႔ေျပာေနတာ၊ ဟုတ္တယ္မဟုတ္လား။အစိုးရဘက္က ဘာမွေျပာတာမဟုတ္ဘူး၊ အဓိကေျပာေနတာ ေၾကညာခ်က္ေတြလုပ္ေနတယ္၊ လက္ေဆးဖို႔ေျပာေနတယ္။ဒါကေတာ့ အသိပညာေပးလုပ္တာ တစ္ပိုင္းေပါ့၊ တကယ္တမ္းက်ေတာ့ အေရးေပၚေခၚၿပီးေတာ့  ဥပမာဆိုရင္ ဟိုတယ္/ခရီးသြား ဝန္ႀကီးဌာနက ဟိုတယ္သမားေတြအားလုံး ခရီးသြားလုပ္ငန္းရွင္ေတြအားလုံး ဖိတ္ေခၚၿပီးေတာ့ အဲ့ဒီပမာဏ ဘယ္ေလာက္ရွိသလဲ။ခရီးသည္ေတြ ဘယ္ေလာက္မလာဘူးလဲ။မလာတဲ့အတြက္ ဟိုတယ္ေတြမွာ ဘာလို႔လဲဆိုေတာ့ အဲ့ဒါေတြက အလုပ္အကိုင္ အခြင့္အေရးနဲ႔ သက္ဆိုင္တာေပါ့။ဟိုတယ္ေတြမွာ လူနည္းမယ္၊ ေနာက္တစ္ခုက အဆိုးဆုံးက Seasonal ေပါ့။

ဘာလို႔လဲဆိုေတာ့ ဆရာတို႔အေနနဲ႔ ဒီျပႆနာက ဇြန္တို႔၊ ဇူလိုင္တို႔မွာျဖစ္ရင္ ျပႆနာမဟုတ္ဘူး၊ အဲ့ဒီကာလက ျမန္မာျပည္ကို ခရီးသြားလာတာနည္းတယ္ေလ။အခုျဖစ္သြားတာက အခုအခ်ိန္မွာျဖစ္သြားတာ။တကယ့္ကို Peace Seasonal ေပါ့၊ ျမန္မာႏိုင္ငံရဲ႕ Tourism က ဒီဇင္ဘာ၊ ႏိုဝင္ဘာေပါ့။မိုးၿပီးတဲ့အခ်ိန္မွာ ႏိုဝင္ဘာ၊ ဒီဇင္ဘာ၊ ဇန္နဝါရီ၊ ေဖေဖာ္ဝါရီ ေလးလေလာက္ရတာ။ေလးလေလာက္ရတဲ့အခ်ိန္မွာ အခုအလယ္တည့္တည့္မွာ သြားလာေနေတာ့ ဒီကာလကလည္း အေရးႀကီးတယ္။ရာသီနဲ႔ပတ္သက္တာကိုး၊ ဟိုဘက္အပိုင္းေရာက္လာရင္ေတာ့ ေႏြေရာက္လာရင္ေတာ့ ဗိုင္းရပ္စ္က ေလ်ာ့သြားမယ္။သို႔ေသာ္လည္း သူေလ်ာ့သြားတဲ့အခ်ိန္မွာ ဟိုဘက္က မိုးလာၿပီေလ။ဆရာထင္တာေတာ့ အေရးေပၚ ကမာၻလွည့္ခရီးသည္လုပ္ငန္းနဲ႔ ပတ္သက္လို႔ အေရးေပၚျဖစ္ေနၿပီ၊ ဒါလည္းစဥ္းစားဖို႔လိုတယ္၊ ေနာက္တစ္ခါ နယ္စပ္ကုန္သြယ္ေရးကိစၥ စဥ္းစားဖို႔လိုတယ္၊ ၿပီးေတာ့မွ ေနာက္တစ္ခါ ရွီက်င့္ဖိန္ လာၿပီးတဲ့အခါမွာ လက္မွတ္ထိုးသြားတဲ့ စီမံခ်က္ေတြ။အဲ့ဒီစီမံခ်က္ေတြကို ဘယ္လိုလုပ္ၾကမလဲဆိုတာကိုလည္း စဥ္းစားဖို႔လိုတယ္ေလ။ဆရာေတာ့ အဲ့ဒီလိုေအာက္ေမ့တာပဲ။

Opinion Leaders ။     ။ အခုတျခားႏိုင္ငံေတြမွာ ဒီလိုမ်ိဳးအေျခအေနမွာ ျပည္တြင္းစီးပြားေရးကို ရည္႐ြယ္ၿပီး အခြန္အခတို႔ အတိုးႏႈန္းတို႔ ေလွ်ာ့ခ်မယ့္ အစီအစဥ္ေတြဆြဲေနတာေတြရွိတယ္။ဒီမွာကမရွိဘူး။အခုလတ္တေလာမွာ ျမန္မာႏိုင္ငံမွာဆိုလို႔ရွိရင္ ေဆာက္လုပ္ေရးလုပ္ငန္းနဲ႔ ပတ္သက္ရင္ လိမ္သြားတာ အရမ္းမ်ားတဲ့အတြက္ ထိေနတယ္။မေန႔ကဆိုရင္ ျပည္ေထာင္စုလႊတ္ေတာ္မွာ ဗဟိုဘဏ္ ဒု-ဥကၠ႒ လာရွင္းသြားတာရွိတယ္။အတိုးႏႈန္းေလွ်ာ့ခ်ဖို႔ ဆိုတဲ့ဟာလည္းရွိတယ္။ရွိတဲ့အခါက်ေတာ့ အခုလက္ရွိ စီးပြားေရးအေျခအေနအရ ျပည္တြင္းစီးပြားေရး အားေကာင္းဖို႔ အတိုးႏႈန္းေလွ်ာ့ခ်ဖို႔ဆိုတာကို မျဖစ္မေနလုပ္သင့္တယ္လို႔ ထင္ပါလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာ အဲ့ဒါေျပာတာ။ကိုယ္က အတိုးႏႈန္းကို စဥ္းစားတဲ့ပုံစံက အတြက္ေတြက လြဲတာကိုး။သူတို႔က အတိုးႏႈန္းျမႇင့္ဖို႔ပဲစဥ္းစားတာ။အတိုးႏႈန္းကိုျမႇင့္ဖို႔ အာ႐ုံျပဳတဲ့သူေတြျဖစ္တာမို႔ အတိုးႏႈန္းေလွ်ာ့မယ္ေျပာရင္ ဒါဆိုရင္ ဝင္ေငြနည္းမယ္လို႔ထင္တယ္။အခုအခ်ိန္မွာ အတိုးႏႈန္းက မက္လုံးျဖစ္တယ္ဆိုတာ သူတို႔နားကိုမလည္တာ။လုပ္ငန္းရွင္ေတြအေနနဲ႔ ဒါကို ထဲထဲဝင္ဝင္ သူတို႔လုပ္ခ်င္ကိုင္ခ်င္စိတ္ရွိေအာင္ အခုလိုအၾကပ္အတည္းျဖစ္ေနခ်ိန္မွာ ပိုလိုတာေပါ့။

ကမာၻလွည့္ခရီးသည္ လုပ္ငန္းရွင္ေတြေနာ္။ခရီးသြားလုပ္ငန္းရွင္ေတြ အားလုံးကို အတိုးမဲ့ေတြလုပ္ေပးမယ္။ဗဟိုဘဏ္အတိုးေတြ ေလွ်ာ့ေပးမယ္ဆိုရင္ မက္လုံးေတြျဖစ္လာရင္ လူေတြက နည္းနည္းေလး လန္းလန္းဆန္းဆန္းျဖစ္လာေရာ။နည္းလမ္းေတြမွာ ေဖာ္ျမဴလာေတြ မရွိတာမွမဟုတ္တာ၊ ေဖာ္ျမဴလာေတြကရွိေနတာပဲ ငါ့လူေတြကေလ ေဖာ္ျမဴလာေတြရွိေနေပမယ့္ သူတို႔ေဖာ္ျမဴလာကတစ္မ်ိဳးေလ၊ သူတို႔နားလည္တဲ့ပုံစံက စီမံကိန္း စီးပြားေရးစနစ္က ထြက္လာတဲ့သူေတြ၊ သူတို႔ကအားေနရင္ အုပ္ခ်ဳပ္ေရးယႏၲရားအားကိုးတဲ့ စီးပြားေရးစနစ္ကို ဟုတ္တယ္မဟုတ္လား၊ ေစ်းကြက္ကိုယုံၾကည္မႈအားနည္းတယ္၊ လုပ္ရကိုင္ရတာ ေတာ္ေတာ္ေလးခက္တာကိုး။

Opinion Leaders ။     ။ ဒီဟာဆိုလို႔ရွိရင္ အားလုံးၿခဳံငုံသုံးသပ္မယ္ဆိုရင္ ကြၽန္ေတာ္တို႔အားလုံး မလြဲမေသြျပင္ဆင္ထားရမယ့္ အေနအထားမ်ိဳး ျဖစ္ေနတာေပါ့ေနာ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာသာဆိုရင္ေတာ့ အေရးေပၚေၾကညာလိုက္မယ္ေလ။က်န္းမာေရးတင္မကဘူး၊ စီးပြားေရးနဲ႔ပတ္သက္လို႔ ဘာေတြလုပ္မယ္။လတ္တေလာ ခုနေျပာသလို ကာလတိုဘာလုပ္မယ္၊ ေရာဂါေတြ ဒီလိုအျပတ္မွာ ဘာလုပ္ၾကမလဲ၊ ခ်က္ခ်င္းၿပီးသြားတာနဲ႔ ေန႔ခ်င္းေပ်ာက္သြားတာမဟုတ္ဘူးေလ။ဒါေတြအားလုံးက ကြင္းဆက္ေတြရွိတယ္။အဲ့ဒီေတာ့ ကာလလတ္လည္း စဥ္းစားဖို႔လိုတယ္။ပိုဆိုးတာက ကာလရွည္၊ ကာလရွည္မွာ တ႐ုတ္ရဲ႕စီးပြားေရး ျပန္ေထာင္လာေအာင္ ဘာလုပ္မယ္ ဘယ္ေလာက္ၾကာမယ္၊ အဲ့ဒီအေပၚမွာ ကိုယ့္အေနနဲ႔ ဘယ္ေလာက္အခ်ိန္ယူရမယ္ဆိုတာ ခ်ိန္ရမွာေလ၊ အဲ့ဒါဆိုရင္ေတာ့ ရလိမ့္မယ္လို႔ ေအာက္ေမ့တာပဲ။

Opinion Leaders ။     ။ ေက်းဇူးတင္ပါတယ္ ဆရာ။

‌ေဒါက္တာေအာင္ထြန္းသက္
ေဖေဖာ္ဝါရီ - ၁၃