【 ပညာရှင်များ၏အမြင် 】 “ပုဂ္ဂလိက ကဏ္ဍကို အခုထက် ပိုရှင်သန်လှုပ်ရှားနိုင်အောင် အားပေးမှရမယ် ထင်တယ်”

【 ပညာရှင်များ၏အမြင် 】  “ပုဂ္ဂလိက ကဏ္ဍကို အခုထက် ပိုရှင်သန်လှုပ်ရှားနိုင်အောင် အားပေးမှရမယ် ထင်တယ်”

နိုင်ငံခြားငွေကြေး လဲလှယ်ရာတွင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုက ရပ်တန့်၍ မရသေးသလို ရွှေဈေးကလည်း တရိပ်ရိပ်တက်လာနေသည်။အခြေခံကုန်ဈေးနှုန်း တက်မှုကလည်း အကျမရှိသဖြင့် အလုပ်လက်မဲ့နှုန်း တရိပ်ရိပ်မြင့်တက်လာသည့် အခြေအနေတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် ဂယ်ပေါက်ဖြစ်လာနိုင်သည့် ရန်ကုန်မြို့သစ်စီမံကိန်းလို စီမံကိန်းတွေ အသံပြန်ထွက်လာတဲ့အတွက် ဆောက်လုပ်ရေးလောကအတွက် မျှော်လင့်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။အခြေခံ infrastructure များ ပြန်စမည့် အခြေအနေများအပေါ် သမ္မတ၏ စီးပွားရေးအကြံပေးနှင့် စီးပွားရေးပညာရှင်လည်းဖြစ်သူ ဆရာ ဒေါက်တာအောင်ထွန်းသက် ကို Opinion Leaders Media မှ မေးမြန်းခဲ့သည်။ဆရာ ဒေါက်တာအောင်ထွန်းသက် ၏ ရှုမြင်သုံးသပ်သည့် ရှုမြင်ချက်အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါသည်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders Media ။     ။ ဝေဖန်မှုတွေ ရှိနေတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင်  လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့စီးပွားရေး အကျပ်အတည်းမှာ အဓိကထိနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအတွက် အသက်ရှုပေါက် ဖြစ်လာနိုင်လား၊ ဒါမှမဟုတ် ထင်ထားသလို မဟုတ်ဘဲ အိမ်ခြံမြေဈေးကွက်ထဲမှာ ဒီမြို့သစ်က အိမ်ခြံမြေအဆောက်အဦးတွေက အဝယ်မလိုက်ရင် အစိုးရအတွက် ထပ်ပြီး ဝန်ပိုပိလာနိုင်သလား ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ ဒီလိုလေ။အခြေခံအနေနဲ့ကတော့ ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးကို တိုးချဲ့ဖို့ကတော့ အခြေခံတစ်ခုဖြစ်တယ်။အခြေခံတစ်ခုဖြစ်တော့ ဦးသိန်းစိန် လက်ထက်တုန်းကလည်း စခဲ့တယ်။စခဲ့တာကို ဒီဘက်မှာလည်း ဆက်ပြီးလုပ်မယ်လို့ ပြောတယ် အစီအစဉ်တွေလည်းရှိတယ်။အဓိက က ပြဿနာက ဘာလဲဆိုတော့ ဒီဆောက်လုပ်ရေးကဏ္ဍပေါ့လေ။ဆောက်လုပ်ရေးကဏ္ဍသည် ဆောက်လုပ်ရေးထက်ကို အဓိက က (infrastructure) နော်။အခြေခံအဆောက်အအုံတွေပေါ့နော်။အခြေခံအဆောက်အအုံလို့ ပြောရင် ဆောက်လုပ်ရေးလို့ပြောရင် လူတွေစိတ်ထဲမှာ အဆောက်အဦး ဆောက်သလောက်ဘဲ ကွန်ဒိုလောက်ပဲ မြင်မှာစိုးလို့။

တကယ်တမ်းတော့ (Construction & infrastructure) က ဆောက်လုပ်ရေးနဲ့ အခြေခံအဆောက်အအုံတွေဆိုတော့ လမ်းတံတား၊ လျှပ်စစ် ဘာညာအားလုံးပေါ့။အဲဒီတော့ နေရာတိုင်းမှာ နိုင်ငံတိုင်းမှာ လက်ခံထားတာက (infrastructure) တိုးတက်အောင်၊ အခြေခံအဆောက်အအုံတွေ တိုးတက်အောင် လုပ်ရင် စီးပွားရေးတက်တယ်လို့ နားလည်ရတယ်။အဲဒီတော့ အခြေခံအားဖြင့်ကြည့်ရင်၊ ထရမ့် တက်လာတော့ ချက်ချင်းဘာပြောသလဲဆိုရင် (infrastructure) ကို လမ်းတွေဖောက်မယ်၊ တံတားတွေထိုးမယ် ဘာညာဆိုပြီးလုပ်တော့ အခု ဒီအစီအစဉ်ကနေ ဆရာတို့ အခုတက်လာတဲ့ အစိုးရသစ်လက်ထက်မှာ စီးပွားရေးတက်အောင်လုပ်ဖို့ အကြောင်းအချက်တစ်ခုတော့ ရှိတယ်။

ဒါပေမယ့် သိတဲ့အတိုင်းဘဲ တက်တက်ခြင်း ပြဿနာရှိတာက ရန်ကုန်တိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်အောင်လုပ်လိုက်တဲ့ ကိစ္စက တော်တော်လေးကို ဒုက္ခရောက်သွားတယ်။ဟုတ်တယ်နော်။တကယ် ပြဿနာစတာက အဲဒီကနေစတယ်လို့ ပြောလို့ရနိုင်တယ်။အရင်တုန်းက ပုံစံအမျိုးမျိုးနဲ့ ဆောက်လုပ်ရေးတွေ ကွန်ဒိုတွေ၊ အိမ်တွေ ဘာတွေ တိုးတက်နေတဲ့အချိန်မှာ ဒါကိုသွားပြီး အထပ်မြင့်တွေ မဆောက်ရဘူး။ဆောက်ရမယ်ဆိုတဲ့ စီမံချက်တွေကို သွားပြီးလုပ်လိုက်တော့ နေရင်းထိုင်ရင်း ရပ်သွားရော။အဲဒီတော့ ဆရာတို့က စီးပွားရေးမှာ (Over heating) ပေါ့။စီးပွားရေးက သိပ်ပြီးပူလာလို့ရှိရင် ဘရိတ်အုပ်ရတဲ့ အစီအစဉ်ရှိတယ်လေ။အခုကတော့ ဘရိတ်က တအားအုပ်လိုက်တော့ အားလုံးကထိုင်သွားတာ။ထိုင်သွားတော့ ဆောက်လုပ်ရေးလို (infrastructure) အခြေခံအဆောက်အအုံတွေမှာ လူတွေမြင်တာ သူဌေးတွေကိုမြင်တာ။တကယ်တမ်းတော့ အဲ့ဒီဆောက်လုပ်ရေးလုပ်တဲ့ ပန်းရံတို့၊ လက်သမားတို့၊ အုတ်သယ်တဲ့လူတွေက အရေးကြီးတာလေ။ဆရာတို့ နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကိုကြည့်ရင် အခြေခံလူတန်းစားတွေ အလုပ်မြန်မြန်ရအောင် လုပ်ဖို့လိုတာ။ဆရာတို့ ကြိုဆိုတာက ပထမအချက်အနေနဲ့ ဒါကိုပြန်လုပ်ဖို့ လိုလိမ့်မယ်။ဆောက်လုပ်ရေးနဲ့ အခြေခံအဆောက်အအုံတွေကို ပြန်ပြီးနလန်ထအောင် လုပ်ဖို့လိုတယ်။အကြီးအကျယ် လုပ်ဖို့လိုတယ်လို့ ဆရာက တိုက်တွန်းချင်တယ်။ဒါပေမယ့် အဲ့အပေါ်မှာမူတည်ပြီး စောနကမေးတဲ့ မေးခွန်းရဲ့ ဒုတိယပိုင်းပေါ့လေ။

အဲဒီလိုလုပ်တဲ့အခါမှာ တိုင်းရင်းသားလုပ်ငန်းရှင်တွေ အကျိုးရှိမှရမယ်။မဟုတ်ဘဲနဲ့ ဒီလုပ်လိုက်တဲ့ဟာတွေက စင်ကာပူတို့၊ ဂျပန်တို့၊ ကိုးရီးယားတို့လို စီမံချက်ကြီးတွေ သွားလုပ်လိုက်ရင်လည်း ကိုယ့်လူတွေ လက်ချည်းသက်သက် ဖြစ်အုံးမှာ။ဆရာ အမြဲတမ်းစိတ်ပူတာက ကိုယ့်လူတွေက မြက်ပေါက်တယ်၊ မြေကြီးပေါက်တယ်၊ မြက်ရိတ်တဲ့ အလုပ်ကိုဘဲ လုပ်ရရင် အဆင်မပြေဘူး။ကိုယ့်လူတွေမှာလည်း တေ်ာရုံတန်ရုံ နည်းပညာတွေက ရှိနေတာဘဲ။ကိုယ်တွေမှာလည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ကုမ္ပဏီတွေ အကြီးကြီးတွေ ရှိနေတာပါဘဲ။ဆရာထင်တာကတော့ နည်းပညာပိုင်းမှာ အားနည်းလို့ (သို့တည်းမဟုတ်) ငွေရေးကြေးရေးအပိုင်းမှာ ရင်းနှီးမြှပ်နှံမှု မတတ်နိုင်လို့ဆိုရင် တစ်မျိုး။ကျန်တာကတော့ ကိုယ့်ဆီက လူတွေနဲ့တွဲရမယ်။

အဲဒီလိုတွဲရတဲ့အခါမှာလည်း ဥပမာ - PPT သဘောမျိုး ပြောတာပါ။PPT လို့ပြောရင် ပုဂ္ဂလိကလုပ်ငန်းရှင်တွေပြောရင် တိုင်းရင်းသားလုပ်ငန်းရှင်တွေကို ဦးစားပေးဖို့ လိုလိမ့်မယ်လို့ ဆရာတို့ အောက်မေ့ပါတယ်။အခု ဒီနေရာမှာလည်း ပြောင်းလဲသွားတာက သြဂုတ်လ (၁) ရက်နေ့မှာ ဆရာတို့က ကုမ္ပဏီဥပဒေအသစ် ထွက်လာတာပေါ့။အဲဒီ ကုမ္ပဏီသစ်ဥပဒေ ထွက်လာတော့ ကုမ္ပဏီဥပဒေအသစ်အရဆိုရင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု (၃၅) ရာခိုင်နှုန်းကို လက်ခံနိုင်တဲ့ အနေအထားရှိပါတယ်။အဲဒါ့ကိုလုပ်လိုက်ရင် ဖြစ်တယ်လို့ ဆရာက ထင်တာပါဘဲ။
 

Opinion Leaders Media ။     ။  အစိုးရအနေနဲ့ ဒီဘက် ၂၀၂၀ ဝန်းကျင်ဘက်မှာ စီမံကိန်းကြီးအတော်များများကို တည်ထားတာ တွေ့ရပါတယ်။ရန်ကုန်ဘူတာကြီးစီမံကိန်း၊ ရန်ကုန်မိုးပျံလမ်း၊ ရန်ကုန်မြို့သစ်စီမံကိန်း၊ ရန်ကုန်မြို့ပတ်ရထားလမ်း၊ ဟံသာဝတီလေဆိပ် စတဲ့ သိသလောက် စီမံကိန်းကြီး လေး/ငါး ခုလောက် ရှိမယ်ထင်ပါတယ်။အဲ့ဒီထဲမှာ ဂျပန် JICA ကနေ လုပ်ပေးနေတဲ့ ရန်ကုန်မြို့ပတ်မီးရထားလမ်း အဆင့်မြှင့်တင်တဲ့ စီမံကိန်းတစ်ခုကိုသာ စလုပ်နေတာတွေ့ရပြီး ကျန်တာတွေက အခုဘဲ လုပ်တော့မလို နောင်ဘဲလုပ်တော့မလိုနဲ့ ကြာနေပါပြီ။ဒီလိုဖြစ်နေတာက လုပ်ငန်းအတွက် ငွေစိုက်ထုတ်မယ့် လုပ်ငန်းရှင်တွေက စိတ်ဝင်စားမှု မရှိလို့လား/မူဝါဒအပြောင်းအလဲကို စောင့်ကြည့်တာလား၊ ၂၀၂၀ ရွေးကောက်ပွဲမှာ အစိုးရအပြောင်းအလဲ ဖြစ်လာရင် စီမံကိန်းကို ထိခိုက်နိုင်လို့ စောင့်နေကြတာလား။ဒါမှမဟုတ် စီမံကိန်းက ငွေပြန်မရနိုင်လို့ စိတ်မဝင်စားကြတာလား။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။   ဆရာထင်တာကတော့ စီမံကိန်းလို့ ပြောရင်ပေါ့လေ။
ဒီစီမံကိန်းကို တည်ဆောက်တဲ့ စီမံကိန်းကို ဖော်ထုတ်တဲ့ တာဝန်ရှိတဲ့ အထူးသဖြင့် ရန်ကုန်တိုင်းအစိုးရဆိုလည်း ရန်ကုန်တိုင်းအစိုးရပေါ့လေ။ပြည်ထောင်စုအစိုးရဆိုလည်း ပြည်ထောင်စုအစိုးရပေါ့လေ။စီမံကိန်းလုပ်ဖို့ ဆွဲပြီးတာနဲ့ စီမံကိန်းရဲ့ နောက်ကွယ်မှာ အကောင်အထည်ဖော်ဖို့ ပါရတယ်လေ။စီမံကိန်းဆွဲနေလို့ မဖြစ်ဘူး။အခု ဆရာတို့နိုင်ငံမှာ ဆရာ ခဏခဏပြောတယ်။တို့နိုင်ငံလောက် စီမံကိန်းဆွဲနေတဲ့ နိုင်ငံဟာ တို့နိုင်ငံဘဲရှိတယ်။
ပြည်တော်သာစီမံကိန်း ဆွဲလိုက်တာဟာ လူတစ်ယောက်ကို တိုက်တစ်လုံး၊ လခ ရှစ်ရာ၊ ကားတစ်စီးနဲ့ဆိုတေ့ာ ဖဆပလအစိုးရသာ ပြုတ်သွားတာ ကားတစ်စီးလည်းမရ။ တိုက်တစ်လုံးလည်းမရနဲ့။ငွေရှစ်ရာလည်းမရဘဲ ဒုက္ခရောက်ကုန်တာ။

ဒီစီမံကိန်း ရေးဆွဲတဲ့ဟာကြီးကို (၅) နှစ် စီမံကိန်းတွေ ဆွဲတယ်။အဓိက က စီမံကိန်းမဆွဲရဘူး မဟုတ်ဘူး။အဓိက က စီမံကိန်းဆွဲပြီးရင် (Execution) ပေါေ့နာ် အဲ့ဒါကို (Planning And Execution) အကောင်အထည်ဖော်တာတွေ အရေးကြီးတာပေါ့။ ဒီစီမံကိန်းဆွဲရုံနဲ့ အားမရဘဲ မကျေနပ်ဘဲနဲ့ အကောင်အထည်ဖော်ဖို့ လိုလိမ့်မယ်လို့ အောက်မေ့တယ်။အကောင်အထည်ဖော်တာ အားနည်းတယ်။အကောင်အထည်ဖော်တာ ဘာကြောင့်အားနည်းလဲဆိုရင် စီမံကိန်းဆွဲပြီးပြီ။
 

နောက်တစ်ခါ ဘာပြဿနာဖြစ်လဲဆိုရင် အခုက ဆရာတို့နိုင်ငံမှာ ဒုက္ခရောက်နေတာက အကောင်အထည်ဖော်မယ်လည်း ဆိုပြန်ရော မြေကြီးပိုင်ဆိုင်မှုက ဒုက္ခရောက်ပြန်ရော။
အခုစီမံချက်တွေ အားလုံးမှာ မြေကြီးက ဒုက္ခရောက်နေတယ်။ဟုတ်တယ်မလား။ ဘယ်သူပိုင်လဲ ဘယ်သူတွေပါလဲဆိုတော့ ကျုးကျော်တွေပါလား။တပ်မြေတွေပါလား။အရင်တုန်းကဟာတွေပါလား။
အဲဒီလိုအခါကျတော့ ဒီစီမံကိန်းချည်းက ကောင်းအောင် ဆွဲပေမယ့် အကောင်အထည်ဖော်တဲ့ အခါမှာကျတော့ အခက်အခဲတွေ အများကြီး။နောက်တစ်ခါ အခုနကပြောသလို လက်ရှိမှာ မြေကြီးပြဿနာ။မြေယာပြဿနာသည် ကိုယ့်နိုင်ငံမှာ အကြီးဆုံးပြဿနာ ဖြစ်တယ်။နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကို အခုလိုစီမံချက်တွေ အားလုံးကို အကောင်အထည်ဖော်မယ် ဆိုလို့ရှိရင် မြေယာပြဿနာကို တော်တော်ဖြေရှင်းမှ ရမယ်ထင်တယ်။မြေယာပြဿနာကလည်း နိုင်ငံရေးပြဿနာပါဘဲ။ဟုတ်တယ်မလား။

အခုတကယ့်ကို စီးပွားရေးနဲ့ နိုင်ငံရေး သွားချိတ်တဲ့ဟာကြီးက နေရာတိုင်းမှာ လာဆုံနေတာ။အခု ဟနွိုင်းမှာ (world economic forum) မှာ ဗီယက်နမ်ရဲ့ အတွေ့အကြုံကို သွားကြည့်လိုက်တဲ့အခါမှာ ဘာတွေ့လိုက်လဲဆိုရင် အဲဒီ ဗီယက်နမ်အစိုးရက မြေကြီးဆိုရင် အလကားတောင်ပေးတာ။အဲဒီတော့ သူတို့ဆီမှာရင်းနှီးဖို့က အမှန်ကတော့ မြေကြီးဆိုတာ အလကားပေးလို့ရတဲ့ဟာတွေပါ။အခုဖြစ်နေတာက မြေကြီးကို မြေမဲ့ပုံစံမျိုး။ဒါနိုင်ငံခြားသားတွေ မြေကြီးကို ပိုင်ဆိုင်လို့ရှိရင် အဲဒီမြေကြီးကို သယ်သွားလို့မှမရတာ။ဆရာ ခဏခဏပြောတယ်။အတွေးက အဲဒီလိုဖြစ်နေတာ ဟုတ်တယ်မလား။အတွေးအခေါ်တွေ မပြောင်းတာက ပြဿနာဖြစ်နေတယ်။

အမှန်က မြေကြီးက ပေးလိုက်ဘာဖြစ်လဲ။အလုပ် လုပ်ဖို့ အရေးကြီးတယ်။စက်ရုံထောင်ဖို့ အရေးကြီးတယ်။အခုတော့ မြေကြီးကိုချစ်လွန်းလို့ ဒါတို့မြေဆိုပြီး ဖြစ်နေတာကိုး။အဲဒီလို မြေကြီးကိုချစ်တဲ့ ပြဿနာက အတော်ကြီးတာ။ဆရာတို့မှာ အဲဒီပြဿနာကြီးကို ဖြေရှင်းနိုင်ဖို့က စီးပွားရေးဆန်ဆန် လုပ်ဖို့လိုတယ်။ဆရာ စိတ်ပူတာက စီမံကိန်းဆိုတာ စီးပွားရေးမဟုတ်ဘူးနော်။စီးပွားရေးလုပ်ငန်းရှင်တွေ စီမံကိန်းဆွဲတယ်ဆိုတာက သူက အကောင်အထည်ဖော်ဖို့ ဆွဲတာ။အစိုးရက စီမံကိန်းဆွဲတာက သူက စီမံကိန်းဆွဲကိုဆွဲတာ။အကောင်အထည်ဖော်ဖို့ မဟုတ်ဘူး။သူက စီမံကိန်းဘဲ ဆွဲကိုဆွဲနေမှာ။အကောင်အထည်ဖော်တာက သူများလုပ်လိမ့်မယ် ထင်တာကိုး။အဲဒါကို (Planning And Execution) ပေါေ့နာ်။ စီမံကိန်းဆွဲတာနဲ့ အကောင်အထည်ဖော်တာနဲ့ကို ချိတ်နိုင်ဖို့ လိုတယ်လို့ တိုက်တွန်းချင်တာပါဘဲ။

Opinion Leaders Media ။     ။ အစိုးရအနေနဲ့ လက်ရှိမှာ အကျပ်အတည်းပေါင်းစုံ ရင်ဆိုင်နေရတာကို တွေ့ရပါတယ်။အထူးသဖြင့် ရခိုင်ပြဿနာရယ်၊အ ခုနောက်ပိုင်း စီးပွားရေးပြဿနာရယ်ပါ။ပြည်တွင်းအခြေအနေ တည်ငြိမ်ဖို့ဆိုရင် စီးပွားရေးကို အဓိကဦးစားပေး ကိုင်တွယ်သင့်တယ်လို့ ထောက်ပြမှုတွေ ရှိနေကြပါတယ်။စစ်အစိုးရလက်ထက်တုန်းက အလုပ်လက်မဲ့ ပြဿနာကို ယာယီဖြေရှင်းဖို့ လမ်းဖောက်တာတွေ၊ အိမ်ယာဆောက်တာတွေနဲ့ အခြားအခြေခံအဆောက်အဦးတွေ တည်ဆောက်တာတွေလုပ်ပြီး ဖြေရှင်းခဲ့တာကို တွေ့ရပါတယ်။
အခုလည်း ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်တာကနေ လျှံကျလာတဲ့ အလုပ်လက်မဲ့ဦးရေက ပိုပြီး တစ်ရက်ထက် တစ်ရက် များလာပါတယ်။အစိုးရအနေနဲ့  ဒီလိုနည်းဟောင်းကိုသုံးပြီး ပြန်တည်ငြိမ်အောင် လုပ်သင့်သလား ဆရာ။ဘယ်လိုများ ဆောင်ရွက်ရင် အချိန်တိုအတွင်း အလုပ်လက်မဲ့ ပြဿနာနဲ့ စီးပွားရေးထိုင်းမှိုင်းမှုကို ဖြေရှင်းနိုင်မလဲ ဆရာ။
 

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာထင်တယ်၊ အဲ့ဒီဟာက အခြေခံတစ်ခုပေါ့။အခြေခံတစ်ခုဟာ အစိုးရရဲ့ ဦးစားပေးမှုဟာ မှန်ကန်တယ်လို့ ယူဆပါတယ်။မှန်ကန်တယ်ဆိုတာ နိုင်ငံရေးဦးစားပေးမှု။အထူးသဖြင့် ငြိမ်းချမ်းရေးပေါ့ ငြိမ်းချမ်းရေးဟာ အခြေခံကျတယ်။ငြိမ်းချမ်းရေးကို ညှိနှိုင်းမရလို့ တိုင်းပြည်ဟာ တောက်လျှောက်အဆင်မပြေခဲ့ဘူး။ဆိုတော့ စစ်အစိုးရ တက်တုန်းက သူတို့အနေနဲ့ စီးပွားရေးတက်အောင် လုပ်တယ်ဆိုပေမယ့် ဒါဟာ ရေရှည်ခံတဲ့ စီးပွားရေးမဟုတ်ဘူး။
ဟိုခဏဘဲခံတဲ့ နောက်ဆုံး ခရိုနီစီးပွားရေးစနစ်ကို မွေးထုတ်တဲ့ပုံစံ ဖြစ်သွားတယ်။အဲဒီတော့ အခုချိန်မှာတေ့ာ တစ်နည်းအားဖြင့်ပြောရင် ငြိမ်းချမ်းရေးရော၊ နိုင်ငံရေးရော၊ စီးပွားရေးရော တစ်ပြိုင်တည်းတက်အောင် လုပ်ရမှာပါ။စီးပွားရေးကို အရင်ဦးစားပေးမယ်၊ နိုင်ငံရေးကို နောက်ထားမယ်ဆိုတာလည်း မရဘူး။နိုင်ငံရေးကို ဦးစားပေးမယ် စီးပွားရေးကို နောက်ထားမယ်ဆိုတာလည်း မရဘူး။တစ်ပြိုင်တည်းတွန်းမှ ရမယ်ထင်တယ်။နိုင်ငံရေးရော၊ စီးပွားရေးရော တွန်းမှရမယ် တွန်းတာမှန်တယ်။ဆရာတို့ ဒါကိုလက်ခံတယ်။ကိုယ်က စီးပွားရေးပညာရှင်ဆိုပေမယ့် ဒုတိယ၊ ပထမ တို့လို မပြောတော့ဘဲနဲ့ ပြိုင်တူတွန်းမှရမယ်။

စီးပွားရေးတက်မှ နိုင်ငံရေးအခြေအနေကောင်းမယ် နိုင်ငံရေးအခြေအနေကောင်းမှ စီးပွားရေးတက်မယ် ဆိုတာပေါ့လေ။အခုက ဆရာထင်တယ်။နှစ်နှစ်ကာလ ပြီးသွားတဲ့အချိန်မှာ ပထမသက်တမ်း တစ်ဝက်လောက်မှာ နိုင်ငံရေး၊ ငြိမ်းချမ်းရေးကို ဦးစားပေးတဲ့ အခြေအနေကနေ စီးပွားရေးဘက်ကို လှည့်လာတာပေါ့။ဒီလိုလှည့်လာပြီးတော့ ကာလတိုမှာတေ့ာ ဆရာထင်တယ် အဓိက ကတော့ ပြည်တွင်းလုပ်ငန်းရှင်တွေကို လုပ်ခွင့်ပေးဖို့ လိုလိမ့်မယ်လို့ ထင်တယ်။

ပြည်တွင်းလုပ်ငန်းရှင်တွေကို ယုံယုံကြည်ကြည်နဲ့ပေါ့ အခုနကလို မလိုအပ်တဲ့ အတားအဆီး၊ မလိုအပ်တဲ့ အဟန့်အတားတွေ မလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖြေလျှော့ဖို့ လိုမယ်လို့ ထင်ပါတယ်။အဲဒီကမှ လုပ်ချင်တဲ့သူတွေကို လုပ်ချင်တဲ့စိတ်ရှိအောင် လုပ်ဖို့လိုပါမယ်။မြန်မြန်ဆန်ဆန် အလုပ်တွေပြီးအောင် လုပ်ဖို့လိုလိမ့်မယ်။တစ်ဖက်ကလည်း (FDI) ကိစ္စပေါ့၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ကိုယ့်နိုင်ငံကို ဝင်လာဖို့လိုတယ်။ ဒီနေရာမှာလည်း ဆရာထင်တယ် သူတို့က ဒီမိုကရေစီအစိုးရ ဖြစ်တဲ့အတွက် အနောက်နိုင်ငံကိုမျှော်ခဲ့တဲ့ အခြေအနေက လတ်တလောမှာတော့ ရဖို့နည်းနည်းလေးခဲယဉ်းလာပြီ။ခဲယဉ်းလာတော့ အထူးသဖြင့် အိမ်နီးနားချင်းနိုင်ငံတွေ တရုတ်ပေါ့။တရုတ်ကိုဘဲ အားကိုးရမယ်ထင်တယ်။ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေပေါ့ အခုဆိုလည်း ပိုးလမ်းကြီး ဖြစ်နေပြီဘဲ။ဒါပေမယ့် ပိုးလမ်းကြီးဖြစ်တဲ့ အခါမှာလည်း ကိုယ့်နိုင်ငံရဲ့ အနေအထားကို မပျက်အောင်လို့ ထိန်းဖို့လိုမယ်ထင်တယ်။

ဒီအတိုင်းကြီး မျက်စိမှိတ်ပြီးတော့ ချေးသမျှ လုပ်ပါဆိုတော့လည်း မဖြစ်ပြန်ဘူး။အဲဒီတော့ ဆရာထင်တယ် မဟာဗျုဟာ သူတို့ပြောင်းပြီးတော့။ဆရာအောက်မေ့တာက မြန်မာပြည်မှာရှိတဲ့ဲ ပုဂ္ဂလိက ကဏ္ဍကို အခုထက် ရှင်သန်အောင် အခုထက် လုပ်နိုင်အောင်၊ လှုပ်ရှားနိုင်အောင် အားပေးမှ ရမယ်ထင်တယ်။ကာလတိုမှာလည်း Tax အခွန်ကိစ္စကို နည်းနည်းပြန်ပြီး စဉ်းစားဖို့လိုလိမ့်မယ် ထင်ပါတယ်။အခွန်တွေက သိပ်များတော့ လူတွေက လုပ်ချင်စိတ် အားနည်းတာပေါ့လေ။ကာလတိုမှာ အခု ထရမ့် လုပ်တာ ကြည့်ပါလား။သူတက်လာပြီးတာနဲ့ (Tax) ကို တစ်ခါတည်း လုံးဝဖျက်ပစ်လိုက်တော့ အလုပ်ရှင်တွေ တစ်ခါတည်းစိတ်ပါပြီး လုပ်ကြတော့ စီးပွားတက်လာတယ်။ဒါပေမယ့် အဲဒီမှာတစ်ခုရှိတာပေါ့။ရေရှည်မှာကျတော့ လိုငွေပြမယ်လို့ပြောတယ်။ရေရှည်က နောက်မှကြည့်ရှင်း အခုကာလမှာ စီးပွားရေးတက်ဖို့လိုတယ်။ဆရာထင်တယ်။ဆရာတို့ဆီမှာလည်း အဲဒီလိုလုပ်ရင် မဖြစ်နိုင်ဘူးလားဆိုတာကို စဉ်းစားဖို့လိုလိမ့်မယ်လို့ အောက်မေ့တယ်။

လုပ်ငန်းရှင်တွေကို (tax free) (tax holiday) ပေးလိုက်ရင် ဥပမာဆိုပါတော့ ၇ နှစ် tax မကောက်တော့ဘူး (၁၀) နှစ် tax မကောက်တော့ဘူး လုပ်ကြည့်ဦး။အဲဒီမှာ (tax) ကောက်မှ အစိုးရအတွက် ဝင်ငွေရတာမဟုတ်ပါဘူး။အလုပ် လုပ်တဲ့သူတွေ များလာရင် အလုပ် လုပ်တဲ့သူတွေ လက်ထဲမှာ ဝင်တွေရှိလာရင် စားသုံးတာတွေဖြစ်လာရင် ဒါတွေအားလုံးဟာ စီးပွားရေးလည်သွားလိမ့်မယ်။စီးပွားရေးမလည်တာကို လည်အောင်လုပ်ဖို့လိုမယ်။လိုတာလည်း ရင်းနှီးမြှပ်နှံချင်တဲ့သူတွေ ရင်းနှီးမြှပ်နှံနိုင်အောင် အလုပ် လုပ်ချင်တဲ့သူတွေ အလုပ် လုပ်ချင်အောင် လုပ်ဖို့လိုတယ်။သူသူ ငါငါကွယ်။တစ်ရာရလို့ သုံးဆယ်ပေးနေရရင် ဘယ်သူမှ မလုပ်ချင်တော့ဘူး။
ဟုတ်တယ်မလား။

ဆွီဒင်က (၆၀) တောင် ကောက်တော့ အလုပ် လုပ်မယ့်သူတောင် မရှိတော့ဘူး။တစ်ရာရပြီး (၆၀) ကောက်တော့ အစိုးရကိုပေးနေရရင် ဘယ်လိုမှ သူ့အတွက်မကျန်တော့ဘူးလေ။ဆရာထင်တာကတော့ လုံးဝကို မကောက်တော့ရင်လည်း ဘာဖြစ်လဲခဏပေါ့။
အမြဲတမ်းတော့မဟုတ်ဘူး ကာလတိုပေါ့။

နောက်တစ်ခု ဦးစားပေးတဲ့ စီးပွားရေးကဏ္ဍတွေမှာ ဒီကဏ္ဍတွေကိုတော့ မကောက်တော့ဘူး။ဟိုကဏ္ဍတော့ကောက်မယ်။နောက်တစ်ခုက အခုချိန်မှာ အရေးကြီးဆုံးက ဆရာထင်တာလေ တစ်နေ့ကတောင် ဟောပြောပွဲ လုပ်သေးတယ်။ ဒီကမ္ဘာလှည့်ခရီးသည်တွေ မြန်မာပြည်ကိုလာအောင် ဘယ်လိုလုပ်မလဲ။ဒါတွေက လတ်တလောအဖြေ။စက်ရုံဆောက်ရတာ ကြာတယ်လေ။အခုကရှိပြီးသားဘဲ ရွှေတိဂုံလည်းရှိတယ်၊ မဟာမြတ်မုနိလည်းရှိတယ်၊ ပုဂံလည်းရှိတယ်၊ မြောက်ဦးလည်းရှိတယ်။ပင်လယ်တွေရှိနေတာကြီး ဟုတ်တယ်မလား။အဲ့ဘက်ကိုလှည့်လိုက်ရင် ဒါလည်းတစ်မျိုးပေါ့။

နောက်တစ်ခုက ဆရာထင်တယ် တကယ်လည်း စဉ်းစားဖို့ကောင်းတာက ကျောက်မြတ်ရတနာ ကိစ္စပေါ့လေ။အခု ပြဿနာတွေ အများကြီးရှိနေပေမယ့် ဒီကျောက်စိမ်းအလုံးတို့ ဘာတို့ပေါ့ ဒါတွေကို ဒီထက်ပိုပြီး လွတ်လွတ်လပ်လပ် လုပ်လိုက်ရင် ဘာဖြစ်နိုင်မလဲ ဒါတွေကို အခွင့်အလမ်းပေးရမှာ ဒီနေရာက ဘာနဲ့သွားဆိုင်လဲဆိုတော့ တရားဥပဒေစိုးမိုးရေးနဲ့ ဆိုင်ပြန်ရော အခွင့်အလမ်းပေးရမှာ အခုသိတဲ့အတိုင်း ဒီလိုလုပ်ပြန်လို့ စဉ်းစားပြန်ရင်လည်း အစိုးရအနေနဲ့ ငြိမ်းချမ်းရေးရအောင် လုပ်ရတာ တော်တော်များများ ထွက်တဲ့နေရာတွေ အားလုံးကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ နေရာတွေ ဖြစ်နေတယ်။အဲ့ဒီနေရာတွေရှိနေတယ် အဲ့ဒေသတွေတိုးတက်ဖို့ ဆိုတာက သူတို့နဲ့ ငြိမ်းချမ်းရေးမရရင်လည်း ပဋိပက္ခတွေက ရှိနေအုံးမှာပါလေ အဲဒီတော့ တစ်ဖက်က စီးပွားရေးဘဲလုပ်ပါ နိုင်ငံရေးကို ခဏဖယ်ထားလို့ ပြောလို့မရသလို နိုင်ငံရေးဘဲလုပ်ပါ စီးပွားရေးကို လှည့်မကြည့်နဲ့ဆိုရင်လည်း မဖြစ်နိုင်ပါဘူး။အဲဒီလိုဘဲ စဉ်းစားစေချင်ပါတယ်။

အဓိက က တိုင်းပြည်တိုးတက်ဖို့အတွက် ဘယ်လိုလုပ်သင့်တယ်ဆိုတာကို ခေါင်းချင်းဆိုင်ပြီး တိုင်တိုင်ပင်ပင် လုပ်လို့ရတယ် ထင်ပါတယ်။ဆရာ့မှာ အတွေးတစ်ခုရှိသလို ကျန်တဲ့သူတွေလည်း ဆရာ့နီးပါး အတွေးရှိတဲ့သူတွေလည်း အများကြီးပါ။ကျန်တဲ့သူတွေခေါ်မေး လုပ်ငန်းရှင်တွေလည်း ခေါ်မေးလိုက်ပြီးတော့ စီမံကိန်းခဏထား။လက်တွေ့ဘာလုပ်ကြမလဲစဉ်းစား။အခုက စီမံကိန်းစီးပွားရေးစနစ်ကြီးလို ဖြစ်နေတယ်။စီမံကိန်းဆွဲတာနဲ့ အချိန်ကုန်သွားတာ၊ စီးပွားရေးက မလုပ်ဖြစ်ဘူး။အဲဒီတော့ ဒါကိုမြန်မြန်အကောင်အထည်ဖော်ပါလို့ဘဲ တိုက်တွန်းချင်ပါတယ်။     

Opinion Leaders Media ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးပါဘဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက်
စက်တင်ဘာ - ၂၀

Photo Credit : Global New Light Of Myanmar

( Zawgyi )

ႏိုင္ငံျခားေငြေၾကး လဲလွယ္ရာတြင္ ျမန္မာက်ပ္ေငြတန္ဖိုး က်ဆင္းမႈက ရပ္တန႔္၍ မရေသးသလို ေ႐ႊေဈးကလည္း တရိပ္ရိပ္တက္လာေနသည္။အေျခခံကုန္ေဈးႏႈန္း တက္မႈကလည္း အက်မရွိသျဖင့္ အလုပ္လက္မဲ့ႏႈန္း တရိပ္ရိပ္ျမင့္တက္လာသည့္ အေျခအေနတြင္ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအတြက္ ဂယ္ေပါက္ျဖစ္လာႏိုင္သည့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းလို စီမံကိန္းေတြ အသံျပန္ထြက္လာတဲ့အတြက္ ေဆာက္လုပ္ေရးေလာကအတြက္ ေမွ်ာ္လင့္ခ်က္ေတြ ထြက္ေပၚလာခဲ့ပါတယ္။အေျခခံ infrastructure မ်ား ျပန္စမည့္ အေျခအေနမ်ားအေပၚ သမၼတ၏ စီးပြားေရးအႀကံေပးႏွင့္ စီးပြားေရးပညာရွင္လည္းျဖစ္သူ ဆရာ ေဒါက္တာေအာင္ထြန္းသက္ ကို Opinion Leaders Media မွ ေမးျမန္းခဲ့သည္။ဆရာ ေဒါက္တာေအာင္ထြန္းသက္ ၏ ရႈျမင္သုံးသပ္သည့္ ရႈျမင္ခ်က္အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါသည္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders Media ။     ။ ေဝဖန္မႈေတြ ရွိေနတဲ့ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို ဆက္လက္လုပ္ေဆာင္မယ္ဆိုရင္  လက္ရွိျဖစ္ေပၚေနတဲ့ ျမန္မာ့စီးပြားေရး အက်ပ္အတည္းမွာ အဓိကထိေနတဲ့ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ေတြအတြက္ အသက္ရႈေပါက္ ျဖစ္လာႏိုင္လား၊ ဒါမွမဟုတ္ ထင္ထားသလို မဟုတ္ဘဲ အိမ္ၿခံေျမေဈးကြက္ထဲမွာ ဒီၿမိဳ႕သစ္က အိမ္ၿခံေျမအေဆာက္အဦးေတြက အဝယ္မလိုက္ရင္ အစိုးရအတြက္ ထပ္ၿပီး ဝန္ပိုပိလာႏိုင္သလား ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဒီလိုေလ။အေျခခံအေနနဲ႔ကေတာ့ ရန္ကုန္ၿမိဳ႕၊ ရန္ကုန္တိုင္းေဒသႀကီးကို တိုးခ်ဲ႕ဖို႔ကေတာ့ အေျခခံတစ္ခုျဖစ္တယ္။အေျခခံတစ္ခုျဖစ္ေတာ့ ဦးသိန္းစိန္ လက္ထက္တုန္းကလည္း စခဲ့တယ္။စခဲ့တာကို ဒီဘက္မွာလည္း ဆက္ၿပီးလုပ္မယ္လို႔ ေျပာတယ္ အစီအစဥ္ေတြလည္းရွိတယ္။အဓိက က ျပႆနာက ဘာလဲဆိုေတာ့ ဒီေဆာက္လုပ္ေရးက႑ေပါ့ေလ။ေဆာက္လုပ္ေရးက႑သည္ ေဆာက္လုပ္ေရးထက္ကို အဓိက က (infrastructure) ေနာ္။အေျခခံအေဆာက္အအုံေတြေပါ့ေနာ္။အေျခခံအေဆာက္အအုံလို႔ ေျပာရင္ ေဆာက္လုပ္ေရးလို႔ေျပာရင္ လူေတြစိတ္ထဲမွာ အေဆာက္အဦး ေဆာက္သေလာက္ဘဲ ကြန္ဒိုေလာက္ပဲ ျမင္မွာစိုးလို႔။

တကယ္တမ္းေတာ့ (Construction & infrastructure) က ေဆာက္လုပ္ေရးနဲ႔ အေျခခံအေဆာက္အအုံေတြဆိုေတာ့ လမ္းတံတား၊ လွ်ပ္စစ္ ဘာညာအားလုံးေပါ့။အဲဒီေတာ့ ေနရာတိုင္းမွာ ႏိုင္ငံတိုင္းမွာ လက္ခံထားတာက (infrastructure) တိုးတက္ေအာင္၊ အေျခခံအေဆာက္အအုံေတြ တိုးတက္ေအာင္ လုပ္ရင္ စီးပြားေရးတက္တယ္လို႔ နားလည္ရတယ္။အဲဒီေတာ့ အေျခခံအားျဖင့္ၾကည့္ရင္၊ ထရမ့္ တက္လာေတာ့ ခ်က္ခ်င္းဘာေျပာသလဲဆိုရင္ (infrastructure) ကို လမ္းေတြေဖာက္မယ္၊ တံတားေတြထိုးမယ္ ဘာညာဆိုၿပီးလုပ္ေတာ့ အခု ဒီအစီအစဥ္ကေန ဆရာတို႔ အခုတက္လာတဲ့ အစိုးရသစ္လက္ထက္မွာ စီးပြားေရးတက္ေအာင္လုပ္ဖို႔ အေၾကာင္းအခ်က္တစ္ခုေတာ့ ရွိတယ္။

ဒါေပမယ့္ သိတဲ့အတိုင္းဘဲ တက္တက္ျခင္း ျပႆနာရွိတာက ရန္ကုန္တိုင္းမွာ ေဆာက္လုပ္ေရးလုပ္ငန္းေတြ ရပ္ေအာင္လုပ္လိုက္တဲ့ ကိစၥက ေတာ္ေတာ္ေလးကို ဒုကၡေရာက္သြားတယ္။ဟုတ္တယ္ေနာ္။တကယ္ ျပႆနာစတာက အဲဒီကေနစတယ္လို႔ ေျပာလို႔ရႏိုင္တယ္။အရင္တုန္းက ပုံစံအမ်ိဳးမ်ိဳးနဲ႔ ေဆာက္လုပ္ေရးေတြ ကြန္ဒိုေတြ၊ အိမ္ေတြ ဘာေတြ တိုးတက္ေနတဲ့အခ်ိန္မွာ ဒါကိုသြားၿပီး အထပ္ျမင့္ေတြ မေဆာက္ရဘူး။ေဆာက္ရမယ္ဆိုတဲ့ စီမံခ်က္ေတြကို သြားၿပီးလုပ္လိုက္ေတာ့ ေနရင္းထိုင္ရင္း ရပ္သြားေရာ။အဲဒီေတာ့ ဆရာတို႔က စီးပြားေရးမွာ (Over heating) ေပါ့။စီးပြားေရးက သိပ္ၿပီးပူလာလို႔ရွိရင္ ဘရိတ္အုပ္ရတဲ့ အစီအစဥ္ရွိတယ္ေလ။အခုကေတာ့ ဘရိတ္က တအားအုပ္လိုက္ေတာ့ အားလုံးကထိုင္သြားတာ။ထိုင္သြားေတာ့ ေဆာက္လုပ္ေရးလို (infrastructure) အေျခခံအေဆာက္အအုံေတြမွာ လူေတြျမင္တာ သူေဌးေတြကိုျမင္တာ။တကယ္တမ္းေတာ့ အဲ့ဒီေဆာက္လုပ္ေရးလုပ္တဲ့ ပန္းရံတို႔၊ လက္သမားတို႔၊ အုတ္သယ္တဲ့လူေတြက အေရးႀကီးတာေလ။ဆရာတို႔ ႏိုင္ငံရဲ႕ စီးပြားေရးတိုးတက္မႈကိုၾကည့္ရင္ အေျခခံလူတန္းစားေတြ အလုပ္ျမန္ျမန္ရေအာင္ လုပ္ဖို႔လိုတာ။ဆရာတို႔ ႀကိဳဆိုတာက ပထမအခ်က္အေနနဲ႔ ဒါကိုျပန္လုပ္ဖို႔ လိုလိမ့္မယ္။ေဆာက္လုပ္ေရးနဲ႔ အေျခခံအေဆာက္အအုံေတြကို ျပန္ၿပီးနလန္ထေအာင္ လုပ္ဖို႔လိုတယ္။အႀကီးအက်ယ္ လုပ္ဖို႔လိုတယ္လို႔ ဆရာက တိုက္တြန္းခ်င္တယ္။ဒါေပမယ့္ အဲ့အေပၚမွာမူတည္ၿပီး ေစာနကေမးတဲ့ ေမးခြန္းရဲ႕ ဒုတိယပိုင္းေပါ့ေလ။

အဲဒီလိုလုပ္တဲ့အခါမွာ တိုင္းရင္းသားလုပ္ငန္းရွင္ေတြ အက်ိဳးရွိမွရမယ္။မဟုတ္ဘဲနဲ႔ ဒီလုပ္လိုက္တဲ့ဟာေတြက စင္ကာပူတို႔၊ ဂ်ပန္တို႔၊ ကိုးရီးယားတို႔လို စီမံခ်က္ႀကီးေတြ သြားလုပ္လိုက္ရင္လည္း ကိုယ့္လူေတြ လက္ခ်ည္းသက္သက္ ျဖစ္အုံးမွာ။ဆရာ အၿမဲတမ္းစိတ္ပူတာက ကိုယ့္လူေတြက ျမက္ေပါက္တယ္၊ ေျမႀကီးေပါက္တယ္၊ ျမက္ရိတ္တဲ့ အလုပ္ကိုဘဲ လုပ္ရရင္ အဆင္မေျပဘူး။ကိုယ့္လူေတြမွာလည္း ေတ္ာ႐ုံတန္႐ုံ နည္းပညာေတြက ရွိေနတာဘဲ။ကိုယ္ေတြမွာလည္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္ေတြ ကုမၸဏီေတြ အႀကီးႀကီးေတြ ရွိေနတာပါဘဲ။ဆရာထင္တာကေတာ့ နည္းပညာပိုင္းမွာ အားနည္းလို႔ (သို႔တည္းမဟုတ္) ေငြေရးေၾကးေရးအပိုင္းမွာ ရင္းႏွီးျမႇပ္ႏွံမႈ မတတ္ႏိုင္လို႔ဆိုရင္ တစ္မ်ိဳး။က်န္တာကေတာ့ ကိုယ့္ဆီက လူေတြနဲ႔တြဲရမယ္။

အဲဒီလိုတြဲရတဲ့အခါမွာလည္း ဥပမာ - PPT သေဘာမ်ိဳး ေျပာတာပါ။PPT လို႔ေျပာရင္ ပုဂၢလိကလုပ္ငန္းရွင္ေတြေျပာရင္ တိုင္းရင္းသားလုပ္ငန္းရွင္ေတြကို ဦးစားေပးဖို႔ လိုလိမ့္မယ္လို႔ ဆရာတို႔ ေအာက္ေမ့ပါတယ္။အခု ဒီေနရာမွာလည္း ေျပာင္းလဲသြားတာက ၾသဂုတ္လ (၁) ရက္ေန႔မွာ ဆရာတို႔က ကုမၸဏီဥပေဒအသစ္ ထြက္လာတာေပါ့။အဲဒီ ကုမၸဏီသစ္ဥပေဒ ထြက္လာေတာ့ ကုမၸဏီဥပေဒအသစ္အရဆိုရင္ ႏိုင္ငံျခားရင္းႏွီးျမႇပ္ႏွံမႈ (၃၅) ရာခိုင္ႏႈန္းကို လက္ခံႏိုင္တဲ့ အေနအထားရွိပါတယ္။အဲဒါ့ကိုလုပ္လိုက္ရင္ ျဖစ္တယ္လို႔ ဆရာက ထင္တာပါဘဲ။
 

Opinion Leaders Media ။     ။  အစိုးရအေနနဲ႔ ဒီဘက္ ၂၀၂၀ ဝန္းက်င္ဘက္မွာ စီမံကိန္းႀကီးအေတာ္မ်ားမ်ားကို တည္ထားတာ ေတြ႕ရပါတယ္။ရန္ကုန္ဘူတာႀကီးစီမံကိန္း၊ ရန္ကုန္မိုးပ်ံလမ္း၊ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း၊ ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း၊ ဟံသာဝတီေလဆိပ္ စတဲ့ သိသေလာက္ စီမံကိန္းႀကီး ေလး/ငါး ခုေလာက္ ရွိမယ္ထင္ပါတယ္။အဲ့ဒီထဲမွာ ဂ်ပန္ JICA ကေန လုပ္ေပးေနတဲ့ ရန္ကုန္ၿမိဳ႕ပတ္မီးရထားလမ္း အဆင့္ျမႇင့္တင္တဲ့ စီမံကိန္းတစ္ခုကိုသာ စလုပ္ေနတာေတြ႕ရၿပီး က်န္တာေတြက အခုဘဲ လုပ္ေတာ့မလို ေနာင္ဘဲလုပ္ေတာ့မလိုနဲ႔ ၾကာေနပါၿပီ။ဒီလိုျဖစ္ေနတာက လုပ္ငန္းအတြက္ ေငြစိုက္ထုတ္မယ့္ လုပ္ငန္းရွင္ေတြက စိတ္ဝင္စားမႈ မရွိလို႔လား/မူဝါဒအေျပာင္းအလဲကို ေစာင့္ၾကည့္တာလား၊ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အစိုးရအေျပာင္းအလဲ ျဖစ္လာရင္ စီမံကိန္းကို ထိခိုက္ႏိုင္လို႔ ေစာင့္ေနၾကတာလား။ဒါမွမဟုတ္ စီမံကိန္းက ေငြျပန္မရႏိုင္လို႔ စိတ္မဝင္စားၾကတာလား။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။   ဆရာထင္တာကေတာ့ စီမံကိန္းလို႔ ေျပာရင္ေပါ့ေလ။
ဒီစီမံကိန္းကို တည္ေဆာက္တဲ့ စီမံကိန္းကို ေဖာ္ထုတ္တဲ့ တာဝန္ရွိတဲ့ အထူးသျဖင့္ ရန္ကုန္တိုင္းအစိုးရဆိုလည္း ရန္ကုန္တိုင္းအစိုးရေပါ့ေလ။ျပည္ေထာင္စုအစိုးရဆိုလည္း ျပည္ေထာင္စုအစိုးရေပါ့ေလ။စီမံကိန္းလုပ္ဖို႔ ဆြဲၿပီးတာနဲ႔ စီမံကိန္းရဲ႕ ေနာက္ကြယ္မွာ အေကာင္အထည္ေဖာ္ဖို႔ ပါရတယ္ေလ။စီမံကိန္းဆြဲေနလို႔ မျဖစ္ဘူး။အခု ဆရာတို႔ႏိုင္ငံမွာ ဆရာ ခဏခဏေျပာတယ္။တို႔ႏိုင္ငံေလာက္ စီမံကိန္းဆြဲေနတဲ့ ႏိုင္ငံဟာ တို႔ႏိုင္ငံဘဲရွိတယ္။
ျပည္ေတာ္သာစီမံကိန္း ဆြဲလိုက္တာဟာ လူတစ္ေယာက္ကို တိုက္တစ္လုံး၊ လခ ရွစ္ရာ၊ ကားတစ္စီးနဲ႔ဆိုေတ့ာ ဖဆပလအစိုးရသာ ျပဳတ္သြားတာ ကားတစ္စီးလည္းမရ။ တိုက္တစ္လုံးလည္းမရနဲ႔။ေငြရွစ္ရာလည္းမရဘဲ ဒုကၡေရာက္ကုန္တာ။

ဒီစီမံကိန္း ေရးဆြဲတဲ့ဟာႀကီးကို (၅) ႏွစ္ စီမံကိန္းေတြ ဆြဲတယ္။အဓိက က စီမံကိန္းမဆြဲရဘူး မဟုတ္ဘူး။အဓိက က စီမံကိန္းဆြဲၿပီးရင္ (Execution) ေပါေ့နာ္ အဲ့ဒါကို (Planning And Execution) အေကာင္အထည္ေဖာ္တာေတြ အေရးႀကီးတာေပါ့။ ဒီစီမံကိန္းဆြဲ႐ုံနဲ႔ အားမရဘဲ မေက်နပ္ဘဲနဲ႔ အေကာင္အထည္ေဖာ္ဖို႔ လိုလိမ့္မယ္လို႔ ေအာက္ေမ့တယ္။အေကာင္အထည္ေဖာ္တာ အားနည္းတယ္။အေကာင္အထည္ေဖာ္တာ ဘာေၾကာင့္အားနည္းလဲဆိုရင္ စီမံကိန္းဆြဲၿပီးၿပီ။
 

ေနာက္တစ္ခါ ဘာျပႆနာျဖစ္လဲဆိုရင္ အခုက ဆရာတို႔ႏိုင္ငံမွာ ဒုကၡေရာက္ေနတာက အေကာင္အထည္ေဖာ္မယ္လည္း ဆိုျပန္ေရာ ေျမႀကီးပိုင္ဆိုင္မႈက ဒုကၡေရာက္ျပန္ေရာ။
အခုစီမံခ်က္ေတြ အားလုံးမွာ ေျမႀကီးက ဒုကၡေရာက္ေနတယ္။ဟုတ္တယ္မလား။ ဘယ္သူပိုင္လဲ ဘယ္သူေတြပါလဲဆိုေတာ့ က်ဳးေက်ာ္ေတြပါလား။တပ္ေျမေတြပါလား။အရင္တုန္းကဟာေတြပါလား။
အဲဒီလိုအခါက်ေတာ့ ဒီစီမံကိန္းခ်ည္းက ေကာင္းေအာင္ ဆြဲေပမယ့္ အေကာင္အထည္ေဖာ္တဲ့ အခါမွာက်ေတာ့ အခက္အခဲေတြ အမ်ားႀကီး။ေနာက္တစ္ခါ အခုနကေျပာသလို လက္ရွိမွာ ေျမႀကီးျပႆနာ။ေျမယာျပႆနာသည္ ကိုယ့္ႏိုင္ငံမွာ အႀကီးဆုံးျပႆနာ ျဖစ္တယ္။ႏိုင္ငံျခားရင္းႏွီးျမႇပ္ႏွံမႈေတြကို အခုလိုစီမံခ်က္ေတြ အားလုံးကို အေကာင္အထည္ေဖာ္မယ္ ဆိုလို႔ရွိရင္ ေျမယာျပႆနာကို ေတာ္ေတာ္ေျဖရွင္းမွ ရမယ္ထင္တယ္။ေျမယာျပႆနာကလည္း ႏိုင္ငံေရးျပႆနာပါဘဲ။ဟုတ္တယ္မလား။

အခုတကယ့္ကို စီးပြားေရးနဲ႔ ႏိုင္ငံေရး သြားခ်ိတ္တဲ့ဟာႀကီးက ေနရာတိုင္းမွာ လာဆုံေနတာ။အခု ဟႏြိဳင္းမွာ (world economic forum) မွာ ဗီယက္နမ္ရဲ႕ အေတြ႕အႀကဳံကို သြားၾကည့္လိုက္တဲ့အခါမွာ ဘာေတြ႕လိုက္လဲဆိုရင္ အဲဒီ ဗီယက္နမ္အစိုးရက ေျမႀကီးဆိုရင္ အလကားေတာင္ေပးတာ။အဲဒီေတာ့ သူတို႔ဆီမွာရင္းႏွီးဖို႔က အမွန္ကေတာ့ ေျမႀကီးဆိုတာ အလကားေပးလို႔ရတဲ့ဟာေတြပါ။အခုျဖစ္ေနတာက ေျမႀကီးကို ေျမမဲ့ပုံစံမ်ိဳး။ဒါႏိုင္ငံျခားသားေတြ ေျမႀကီးကို ပိုင္ဆိုင္လို႔ရွိရင္ အဲဒီေျမႀကီးကို သယ္သြားလို႔မွမရတာ။ဆရာ ခဏခဏေျပာတယ္။အေတြးက အဲဒီလိုျဖစ္ေနတာ ဟုတ္တယ္မလား။အေတြးအေခၚေတြ မေျပာင္းတာက ျပႆနာျဖစ္ေနတယ္။

အမွန္က ေျမႀကီးက ေပးလိုက္ဘာျဖစ္လဲ။အလုပ္ လုပ္ဖို႔ အေရးႀကီးတယ္။စက္႐ုံေထာင္ဖို႔ အေရးႀကီးတယ္။အခုေတာ့ ေျမႀကီးကိုခ်စ္လြန္းလို႔ ဒါတို႔ေျမဆိုၿပီး ျဖစ္ေနတာကိုး။အဲဒီလို ေျမႀကီးကိုခ်စ္တဲ့ ျပႆနာက အေတာ္ႀကီးတာ။ဆရာတို႔မွာ အဲဒီျပႆနာႀကီးကို ေျဖရွင္းႏိုင္ဖို႔က စီးပြားေရးဆန္ဆန္ လုပ္ဖို႔လိုတယ္။ဆရာ စိတ္ပူတာက စီမံကိန္းဆိုတာ စီးပြားေရးမဟုတ္ဘူးေနာ္။စီးပြားေရးလုပ္ငန္းရွင္ေတြ စီမံကိန္းဆြဲတယ္ဆိုတာက သူက အေကာင္အထည္ေဖာ္ဖို႔ ဆြဲတာ။အစိုးရက စီမံကိန္းဆြဲတာက သူက စီမံကိန္းဆြဲကိုဆြဲတာ။အေကာင္အထည္ေဖာ္ဖို႔ မဟုတ္ဘူး။သူက စီမံကိန္းဘဲ ဆြဲကိုဆြဲေနမွာ။အေကာင္အထည္ေဖာ္တာက သူမ်ားလုပ္လိမ့္မယ္ ထင္တာကိုး။အဲဒါကို (Planning And Execution) ေပါေ့နာ္။ စီမံကိန္းဆြဲတာနဲ႔ အေကာင္အထည္ေဖာ္တာနဲ႔ကို ခ်ိတ္ႏိုင္ဖို႔ လိုတယ္လို႔ တိုက္တြန္းခ်င္တာပါဘဲ။

Opinion Leaders Media ။     ။ အစိုးရအေနနဲ႔ လက္ရွိမွာ အက်ပ္အတည္းေပါင္းစုံ ရင္ဆိုင္ေနရတာကို ေတြ႕ရပါတယ္။အထူးသျဖင့္ ရခိုင္ျပႆနာရယ္၊အ ခုေနာက္ပိုင္း စီးပြားေရးျပႆနာရယ္ပါ။ျပည္တြင္းအေျခအေန တည္ၿငိမ္ဖို႔ဆိုရင္ စီးပြားေရးကို အဓိကဦးစားေပး ကိုင္တြယ္သင့္တယ္လို႔ ေထာက္ျပမႈေတြ ရွိေနၾကပါတယ္။စစ္အစိုးရလက္ထက္တုန္းက အလုပ္လက္မဲ့ ျပႆနာကို ယာယီေျဖရွင္းဖို႔ လမ္းေဖာက္တာေတြ၊ အိမ္ယာေဆာက္တာေတြနဲ႔ အျခားအေျခခံအေဆာက္အဦးေတြ တည္ေဆာက္တာေတြလုပ္ၿပီး ေျဖရွင္းခဲ့တာကို ေတြ႕ရပါတယ္။
အခုလည္း ေဆာက္လုပ္ေရးလုပ္ငန္းေတြ ရပ္တာကေန လွ်ံက်လာတဲ့ အလုပ္လက္မဲ့ဦးေရက ပိုၿပီး တစ္ရက္ထက္ တစ္ရက္ မ်ားလာပါတယ္။အစိုးရအေနနဲ႔  ဒီလိုနည္းေဟာင္းကိုသုံးၿပီး ျပန္တည္ၿငိမ္ေအာင္ လုပ္သင့္သလား ဆရာ။ဘယ္လိုမ်ား ေဆာင္႐ြက္ရင္ အခ်ိန္တိုအတြင္း အလုပ္လက္မဲ့ ျပႆနာနဲ႔ စီးပြားေရးထိုင္းမႈိင္းမႈကို ေျဖရွင္းႏိုင္မလဲ ဆရာ။
 

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာထင္တယ္၊ အဲ့ဒီဟာက အေျခခံတစ္ခုေပါ့။အေျခခံတစ္ခုဟာ အစိုးရရဲ႕ ဦးစားေပးမႈဟာ မွန္ကန္တယ္လို႔ ယူဆပါတယ္။မွန္ကန္တယ္ဆိုတာ ႏိုင္ငံေရးဦးစားေပးမႈ။အထူးသျဖင့္ ၿငိမ္းခ်မ္းေရးေပါ့ ၿငိမ္းခ်မ္းေရးဟာ အေျခခံက်တယ္။ၿငိမ္းခ်မ္းေရးကို ညႇိႏႈိင္းမရလို႔ တိုင္းျပည္ဟာ ေတာက္ေလွ်ာက္အဆင္မေျပခဲ့ဘူး။ဆိုေတာ့ စစ္အစိုးရ တက္တုန္းက သူတို႔အေနနဲ႔ စီးပြားေရးတက္ေအာင္ လုပ္တယ္ဆိုေပမယ့္ ဒါဟာ ေရရွည္ခံတဲ့ စီးပြားေရးမဟုတ္ဘူး။
ဟိုခဏဘဲခံတဲ့ ေနာက္ဆုံး ခ႐ိုနီစီးပြားေရးစနစ္ကို ေမြးထုတ္တဲ့ပုံစံ ျဖစ္သြားတယ္။အဲဒီေတာ့ အခုခ်ိန္မွာေတ့ာ တစ္နည္းအားျဖင့္ေျပာရင္ ၿငိမ္းခ်မ္းေရးေရာ၊ ႏိုင္ငံေရးေရာ၊ စီးပြားေရးေရာ တစ္ၿပိဳင္တည္းတက္ေအာင္ လုပ္ရမွာပါ။စီးပြားေရးကို အရင္ဦးစားေပးမယ္၊ ႏိုင္ငံေရးကို ေနာက္ထားမယ္ဆိုတာလည္း မရဘူး။ႏိုင္ငံေရးကို ဦးစားေပးမယ္ စီးပြားေရးကို ေနာက္ထားမယ္ဆိုတာလည္း မရဘူး။တစ္ၿပိဳင္တည္းတြန္းမွ ရမယ္ထင္တယ္။ႏိုင္ငံေရးေရာ၊ စီးပြားေရးေရာ တြန္းမွရမယ္ တြန္းတာမွန္တယ္။ဆရာတို႔ ဒါကိုလက္ခံတယ္။ကိုယ္က စီးပြားေရးပညာရွင္ဆိုေပမယ့္ ဒုတိယ၊ ပထမ တို႔လို မေျပာေတာ့ဘဲနဲ႔ ၿပိဳင္တူတြန္းမွရမယ္။

စီးပြားေရးတက္မွ ႏိုင္ငံေရးအေျခအေနေကာင္းမယ္ ႏိုင္ငံေရးအေျခအေနေကာင္းမွ စီးပြားေရးတက္မယ္ ဆိုတာေပါ့ေလ။အခုက ဆရာထင္တယ္။ႏွစ္ႏွစ္ကာလ ၿပီးသြားတဲ့အခ်ိန္မွာ ပထမသက္တမ္း တစ္ဝက္ေလာက္မွာ ႏိုင္ငံေရး၊ ၿငိမ္းခ်မ္းေရးကို ဦးစားေပးတဲ့ အေျခအေနကေန စီးပြားေရးဘက္ကို လွည့္လာတာေပါ့။ဒီလိုလွည့္လာၿပီးေတာ့ ကာလတိုမွာေတ့ာ ဆရာထင္တယ္ အဓိက ကေတာ့ ျပည္တြင္းလုပ္ငန္းရွင္ေတြကို လုပ္ခြင့္ေပးဖို႔ လိုလိမ့္မယ္လို႔ ထင္တယ္။

ျပည္တြင္းလုပ္ငန္းရွင္ေတြကို ယုံယုံၾကည္ၾကည္နဲ႔ေပါ့ အခုနကလို မလိုအပ္တဲ့ အတားအဆီး၊ မလိုအပ္တဲ့ အဟန႔္အတားေတြ မလိုအပ္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို ေျဖေလွ်ာ့ဖို႔ လိုမယ္လို႔ ထင္ပါတယ္။အဲဒီကမွ လုပ္ခ်င္တဲ့သူေတြကို လုပ္ခ်င္တဲ့စိတ္ရွိေအာင္ လုပ္ဖို႔လိုပါမယ္။ျမန္ျမန္ဆန္ဆန္ အလုပ္ေတြၿပီးေအာင္ လုပ္ဖို႔လိုလိမ့္မယ္။တစ္ဖက္ကလည္း (FDI) ကိစၥေပါ့၊ ႏိုင္ငံျခားရင္းႏွီးျမႇပ္ႏွံမႈေတြ ကိုယ့္ႏိုင္ငံကို ဝင္လာဖို႔လိုတယ္။ ဒီေနရာမွာလည္း ဆရာထင္တယ္ သူတို႔က ဒီမိုကေရစီအစိုးရ ျဖစ္တဲ့အတြက္ အေနာက္ႏိုင္ငံကိုေမွ်ာ္ခဲ့တဲ့ အေျခအေနက လတ္တေလာမွာေတာ့ ရဖို႔နည္းနည္းေလးခဲယဥ္းလာၿပီ။ခဲယဥ္းလာေတာ့ အထူးသျဖင့္ အိမ္နီးနားခ်င္းႏိုင္ငံေတြ တ႐ုတ္ေပါ့။တ႐ုတ္ကိုဘဲ အားကိုးရမယ္ထင္တယ္။ တ႐ုတ္၊ အိႏၵိယနဲ႔ အာဆီယံႏိုင္ငံေတြေပါ့ အခုဆိုလည္း ပိုးလမ္းႀကီး ျဖစ္ေနၿပီဘဲ။ဒါေပမယ့္ ပိုးလမ္းႀကီးျဖစ္တဲ့ အခါမွာလည္း ကိုယ့္ႏိုင္ငံရဲ႕ အေနအထားကို မပ်က္ေအာင္လို႔ ထိန္းဖို႔လိုမယ္ထင္တယ္။

ဒီအတိုင္းႀကီး မ်က္စိမွိတ္ၿပီးေတာ့ ေခ်းသမွ် လုပ္ပါဆိုေတာ့လည္း မျဖစ္ျပန္ဘူး။အဲဒီေတာ့ ဆရာထင္တယ္ မဟာဗ်ဳဟာ သူတို႔ေျပာင္းၿပီးေတာ့။ဆရာေအာက္ေမ့တာက ျမန္မာျပည္မွာရွိတဲ့ဲ ပုဂၢလိက က႑ကို အခုထက္ ရွင္သန္ေအာင္ အခုထက္ လုပ္ႏိုင္ေအာင္၊ လႈပ္ရွားႏိုင္ေအာင္ အားေပးမွ ရမယ္ထင္တယ္။ကာလတိုမွာလည္း Tax အခြန္ကိစၥကို နည္းနည္းျပန္ၿပီး စဥ္းစားဖို႔လိုလိမ့္မယ္ ထင္ပါတယ္။အခြန္ေတြက သိပ္မ်ားေတာ့ လူေတြက လုပ္ခ်င္စိတ္ အားနည္းတာေပါ့ေလ။ကာလတိုမွာ အခု ထရမ့္ လုပ္တာ ၾကည့္ပါလား။သူတက္လာၿပီးတာနဲ႔ (Tax) ကို တစ္ခါတည္း လုံးဝဖ်က္ပစ္လိုက္ေတာ့ အလုပ္ရွင္ေတြ တစ္ခါတည္းစိတ္ပါၿပီး လုပ္ၾကေတာ့ စီးပြားတက္လာတယ္။ဒါေပမယ့္ အဲဒီမွာတစ္ခုရွိတာေပါ့။ေရရွည္မွာက်ေတာ့ လိုေငြျပမယ္လို႔ေျပာတယ္။ေရရွည္က ေနာက္မွၾကည့္ရွင္း အခုကာလမွာ စီးပြားေရးတက္ဖို႔လိုတယ္။ဆရာထင္တယ္။ဆရာတို႔ဆီမွာလည္း အဲဒီလိုလုပ္ရင္ မျဖစ္ႏိုင္ဘူးလားဆိုတာကို စဥ္းစားဖို႔လိုလိမ့္မယ္လို႔ ေအာက္ေမ့တယ္။

လုပ္ငန္းရွင္ေတြကို (tax free) (tax holiday) ေပးလိုက္ရင္ ဥပမာဆိုပါေတာ့ ၇ ႏွစ္ tax မေကာက္ေတာ့ဘူး (၁၀) ႏွစ္ tax မေကာက္ေတာ့ဘူး လုပ္ၾကည့္ဦး။အဲဒီမွာ (tax) ေကာက္မွ အစိုးရအတြက္ ဝင္ေငြရတာမဟုတ္ပါဘူး။အလုပ္ လုပ္တဲ့သူေတြ မ်ားလာရင္ အလုပ္ လုပ္တဲ့သူေတြ လက္ထဲမွာ ဝင္ေတြရွိလာရင္ စားသုံးတာေတြျဖစ္လာရင္ ဒါေတြအားလုံးဟာ စီးပြားေရးလည္သြားလိမ့္မယ္။စီးပြားေရးမလည္တာကို လည္ေအာင္လုပ္ဖို႔လိုမယ္။လိုတာလည္း ရင္းႏွီးျမႇပ္ႏွံခ်င္တဲ့သူေတြ ရင္းႏွီးျမႇပ္ႏွံႏိုင္ေအာင္ အလုပ္ လုပ္ခ်င္တဲ့သူေတြ အလုပ္ လုပ္ခ်င္ေအာင္ လုပ္ဖို႔လိုတယ္။သူသူ ငါငါကြယ္။တစ္ရာရလို႔ သုံးဆယ္ေပးေနရရင္ ဘယ္သူမွ မလုပ္ခ်င္ေတာ့ဘူး။
ဟုတ္တယ္မလား။

ဆြီဒင္က (၆၀) ေတာင္ ေကာက္ေတာ့ အလုပ္ လုပ္မယ့္သူေတာင္ မရွိေတာ့ဘူး။တစ္ရာရၿပီး (၆၀) ေကာက္ေတာ့ အစိုးရကိုေပးေနရရင္ ဘယ္လိုမွ သူ႔အတြက္မက်န္ေတာ့ဘူးေလ။ဆရာထင္တာကေတာ့ လုံးဝကို မေကာက္ေတာ့ရင္လည္း ဘာျဖစ္လဲခဏေပါ့။
အၿမဲတမ္းေတာ့မဟုတ္ဘူး ကာလတိုေပါ့။

ေနာက္တစ္ခု ဦးစားေပးတဲ့ စီးပြားေရးက႑ေတြမွာ ဒီက႑ေတြကိုေတာ့ မေကာက္ေတာ့ဘူး။ဟိုက႑ေတာ့ေကာက္မယ္။ေနာက္တစ္ခုက အခုခ်ိန္မွာ အေရးႀကီးဆုံးက ဆရာထင္တာေလ တစ္ေန႔ကေတာင္ ေဟာေျပာပြဲ လုပ္ေသးတယ္။ ဒီကမာၻလွည့္ခရီးသည္ေတြ ျမန္မာျပည္ကိုလာေအာင္ ဘယ္လိုလုပ္မလဲ။ဒါေတြက လတ္တေလာအေျဖ။စက္႐ုံေဆာက္ရတာ ၾကာတယ္ေလ။အခုကရွိၿပီးသားဘဲ ေ႐ႊတိဂုံလည္းရွိတယ္၊ မဟာျမတ္မုနိလည္းရွိတယ္၊ ပုဂံလည္းရွိတယ္၊ ေျမာက္ဦးလည္းရွိတယ္။ပင္လယ္ေတြရွိေနတာႀကီး ဟုတ္တယ္မလား။အဲ့ဘက္ကိုလွည့္လိုက္ရင္ ဒါလည္းတစ္မ်ိဳးေပါ့။

ေနာက္တစ္ခုက ဆရာထင္တယ္ တကယ္လည္း စဥ္းစားဖို႔ေကာင္းတာက ေက်ာက္ျမတ္ရတနာ ကိစၥေပါ့ေလ။အခု ျပႆနာေတြ အမ်ားႀကီးရွိေနေပမယ့္ ဒီေက်ာက္စိမ္းအလုံးတို႔ ဘာတို႔ေပါ့ ဒါေတြကို ဒီထက္ပိုၿပီး လြတ္လြတ္လပ္လပ္ လုပ္လိုက္ရင္ ဘာျဖစ္ႏိုင္မလဲ ဒါေတြကို အခြင့္အလမ္းေပးရမွာ ဒီေနရာက ဘာနဲ႔သြားဆိုင္လဲဆိုေတာ့ တရားဥပေဒစိုးမိုးေရးနဲ႔ ဆိုင္ျပန္ေရာ အခြင့္အလမ္းေပးရမွာ အခုသိတဲ့အတိုင္း ဒီလိုလုပ္ျပန္လို႔ စဥ္းစားျပန္ရင္လည္း အစိုးရအေနနဲ႔ ၿငိမ္းခ်မ္းေရးရေအာင္ လုပ္ရတာ ေတာ္ေတာ္မ်ားမ်ား ထြက္တဲ့ေနရာေတြ အားလုံးကလည္း တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းေတြ ေနရာေတြ ျဖစ္ေနတယ္။အဲ့ဒီေနရာေတြရွိေနတယ္ အဲ့ေဒသေတြတိုးတက္ဖို႔ ဆိုတာက သူတို႔နဲ႔ ၿငိမ္းခ်မ္းေရးမရရင္လည္း ပဋိပကၡေတြက ရွိေနအုံးမွာပါေလ အဲဒီေတာ့ တစ္ဖက္က စီးပြားေရးဘဲလုပ္ပါ ႏိုင္ငံေရးကို ခဏဖယ္ထားလို႔ ေျပာလို႔မရသလို ႏိုင္ငံေရးဘဲလုပ္ပါ စီးပြားေရးကို လွည့္မၾကည့္နဲ႔ဆိုရင္လည္း မျဖစ္ႏိုင္ပါဘူး။အဲဒီလိုဘဲ စဥ္းစားေစခ်င္ပါတယ္။

အဓိက က တိုင္းျပည္တိုးတက္ဖို႔အတြက္ ဘယ္လိုလုပ္သင့္တယ္ဆိုတာကို ေခါင္းခ်င္းဆိုင္ၿပီး တိုင္တိုင္ပင္ပင္ လုပ္လို႔ရတယ္ ထင္ပါတယ္။ဆရာ့မွာ အေတြးတစ္ခုရွိသလို က်န္တဲ့သူေတြလည္း ဆရာ့နီးပါး အေတြးရွိတဲ့သူေတြလည္း အမ်ားႀကီးပါ။က်န္တဲ့သူေတြေခၚေမး လုပ္ငန္းရွင္ေတြလည္း ေခၚေမးလိုက္ၿပီးေတာ့ စီမံကိန္းခဏထား။လက္ေတြ႕ဘာလုပ္ၾကမလဲစဥ္းစား။အခုက စီမံကိန္းစီးပြားေရးစနစ္ႀကီးလို ျဖစ္ေနတယ္။စီမံကိန္းဆြဲတာနဲ႔ အခ်ိန္ကုန္သြားတာ၊ စီးပြားေရးက မလုပ္ျဖစ္ဘူး။အဲဒီေတာ့ ဒါကိုျမန္ျမန္အေကာင္အထည္ေဖာ္ပါလို႔ဘဲ တိုက္တြန္းခ်င္ပါတယ္။     

Opinion Leaders Media ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးပါဘဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
စက္တင္ဘာ - ၂၀

Photo Credit : Global New Light Of Myanmar