【 ပညာရှင်များ၏အမြင် 】 “ပြည်သူက ကိုယ့်ဘက်ကိုလုံးဝပါနေပြီ၊ ဒါအားကြီးတစ်ခုပဲ”

【 ပညာရှင်များ၏အမြင် 】 “ပြည်သူက ကိုယ့်ဘက်ကိုလုံးဝပါနေပြီ၊ ဒါအားကြီးတစ်ခုပဲ”

လာမည့် ၅ နှစ်သက်တမ်းအတွက် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် လက်ရှိအာဏာရပါတီမှ အစိုးရသစ်ဖွဲ့ရန် ရွေးချယ်မှုများပြုလုပ်နေလျှက်ရှိရာ လက်ရှိနိုင်ငံရေးအခင်းအကျင်း၊ ကမ္ဘာ့နိုင်ငံရေးနှင့် ပြည်တွင်းစီးပွားရေး၊ လက်နက်ကိုင်အရေးနှင့် တခြားသောပြဿနာများကြောင့် အားကောင်းသွက်လက်သော အစိုးရအဖွဲ့ရရှိရန် ပြည်သူများမျှော်လင့်နေသည့်အပေါ် ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး၊ ပါမောက္ခ ဆရာ ဒေါက်တာအောင်ထွန်းသက်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက်၏ လတ်တလော မြန်မာ့စီးပွားရေးဆိုင်ရာ အကြောင်းကိစ္စများအပေါ် ရှုမြင်သုံးသပ်ချက်အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။ ရွေးကောက်ပွဲပြီးနောက် အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းဖို့ ပြင်ဆင်နေတဲ့သတင်းတွေ ကြားနေရပါတယ်။အစိုးရအဖွဲ့မှာ လူဟောင်းတွေရော လူသစ်တွေရော ပါဝင်လာဖို့ ချိန်ဆမယ်ဆိုတာလည်း ကြားရတယ် ဆရာ။စီးပွားရေးနဲ့ပတ်သက်ရင် ပြီးခဲ့တဲ့နှစ်မှာ ဗဟိုဘဏ်ကနေ ဘဏ်တိုးနူန်းတွေ ထူးထူးခြားခြား လျှော့ချခဲ့တာကို တွေ့ရပါတယ်။ဒါပေမယ့် ဒေသတွင်းနိုင်ငံတွေနဲ့ နိူင်းယှဉ်မယ်ဆိုရင် မြင့်မားနေသေးတာ တွေ့ ရပါသေးတယ်။လာမယ့်သက်တမ်းမှာ ပြည်ထောင်စုဗဟိုဘဏ်အပါအဝင် အစိုးရနဲ့သီးခြားရှိတဲ့ အဖွဲ့အစည်းတွေရဲ့ အကြီးအကဲသက်တမ်းတွေကုန်ပြီဖြစ်လို့ ပြန်လည်ရွေးကောက်ရမှာကို တွေ့ရတယ် ဆရာ။ဒီလိုအခြေအနေနဲ့ အပြောင်းအလဲတွေရှိလာနိုင်တဲ့အတွက် နောင်လာမယ့် ၅ နှစ်သက်တမ်းမှာ ဘဏ်တိုးနူန်းတွေက ထပ်လျော့ကျလာနိုင်သလား၊ ဘာတွေအကောင်းဘက်ဖြစ်ဖို့ လုပ်ဆောင်သင့်ပါသလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဒီ (economic team) ပေါ့။စီးပွားရေးကိုတာဝန်ယူမယ့်သူ နိုင်ငံတော်အစိုးရဘက်ကဆိုရင် ဗဟိုဘဏ်ရှိတယ်။စီးပွားကူးသန်းရှိတယ်။စီမံ/စီးပွား ရှိတယ်။လယ်ယာစိုက်ပျိုးရေးရှိတယ်။နောက်တစ်ခါ သယံဇာတထုတ်တဲ့ သတ္တုဘာညာရှိတယ်။အဲ့ဒီ Team တစ်ခုလုံးကတော့ ရဲတဲ့သူတွေ လိုမယ်ထင်တယ်။ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်ရဲတဲ့လူတွေ လိုလိမ့်မယ်။မဟုတ်ရင်တော့ ဒီတိုင်း ဟိုကြည့်ဒီကြည့်နဲ့ သိပ်စဉ်းစားနေတဲ့သူတွေများရင် အခု ကိုဗစ်ကာလမှာ အဲ့လိုအခွင့်အရေးမရှိဘူး။စဉ်းစားဖို့ အခွင့်အရေးမရှိဘူး။မြန်မြန်ဆန်ဆန် အခွင့်အရေးပေါ်ရင် ပေါ်သလောက် တန်းလုပ်ရမှာမျိုးဖြစ်တော့ ရဲရဲဝံ့ဝံ့လုပ်မယ့်သူတွေ လိုလိမ့်မယ်တယ်။အဖွဲ့ပေါ့နော်။

ဘယ်သူ့ရွေးရွေးပေါ့။အဲ့တော့ အရွေးခံတဲ့သူက ကိုယ့်အထင်က အဖြုတ်ခံဖို့ အဆင်သင့်ဖြစ်တဲ့သူ များများလိုတယ်။ကိုယ်လုပ်တာမှားရင် ထွက်မယ်ဆိုတဲ့သူ များများလိုတယ်။အဲ့လိုလူတွေပဲလိုတာ။ထွက်နိုင်တဲ့သူကိုဘဲလိုတာ။ပြောရရင်တော့ လူမိုက်တွေလိုတယ်လို့ပြောရရင် မကောင်းဘူး။ရဲရဲဝံ့ဝံ့နဲ့ လုပ်ရဲတယ်။မှားရင်ထွက်မယ်ဆိုတဲ့ လူမျိုးပေါ့။
အခုကတော့ကြည့်ရတာ အဲ့ဒီလိုအနေအထားထက်ကို အားလုံးစိုးရိမ်တယ်၊ စိတ်ပူတယ်၊ သတိထားတယ်၊ ဆင်ခြင်တယ်ဆိုတာဖြစ်တော့ အားလုံးက ပညာရှိတွေဖြစ်ကုန်တာကိုး။ပညာရှိတော့ အားလုံးက ဘာမှမလုပ်တော့ဘူး။လုပ်ရင်မှားမယ်ဆိုတာ သိတော့။အဲ့တော့ အမှားကိုလုပ်ရဲတဲ့သူ များများလိုလိမ့်မယ်ထင်တယ်။ရွေးပါလိမ့်မယ် ထင်တယ်။ပြောရဲဆိုရဲရှိတဲ့သူတွေ အထက်လူကြီးဆီကို ပကတိအခြေအနေမှန်တဲ့ အနေအထားကို တင်ပြနိုင်တဲ့ တင်ပြရဲတဲ့သူတွေ လိုတယ်။အမှန်က အဲ့ဒါပါပဲ။

လူကြီးတွေဆုံးဖြတ်တဲ့အခါမှာ အောက်ကတင်တဲ့ပုံစံ ဝန်ကြီးအဆင့်က မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့တင်ပြနိုင်တဲ့ သတ္တိလိုမယ်။ပြောရဲဆိုရဲရှိတဲ့သူလိုမယ်။မဟုတ်ရင်တော့ ဒီလိုပဲဖြစ်နေမှာပဲ။သူတို့လဲ ရွေးစရာအများကြီးထင်ပါတယ်။အရေးကြီးတာက ဘောလုံးအသင်းလိုပေါ့ ပထမပိုင်းကပြီးသွားပြီလေ။ပထမ ၄၅ မိနစ်မှာ ခြေပေါ်တဲ့သူရှိတယ်၊ ခြေမပေါ်တဲ့သူရှိတယ် မြင်နေတာပဲ။ပြောစရာမှမလိုတာ။အဲ့ဒီဟာကို လူလဲမလဲဆိုတာ မန်နေဂျာအပေါ်မှာပဲ မူတည်တယ်။မန်နေဂျာက ဘယ်လိုစဉ်းစားသလဲဆိုတာပေါ်ဘဲ မူတည်တာ။အားလုံးကတော့ သိမြင်ပြီးသားပဲ ဘယ်သူဟာ ဘယ်လောက်ထိစွမ်းဆောင်နိုင်တယ်ဆိုတာ သိလာပြီ။

တစ်ခုရှိတာက စွမ်းဆောင်ရည်ကိုတိုင်းတဲ့အခါ ဘာနဲ့တိုင်းမလဲဆိုတာ ပြဿနာ။ရလဒ်နဲ့တိုင်းတာလား။သူတို့ပေတံတွေက အမျိုးမျိုးရှိတယ်လေ။လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကို ပြောသမျှကိုနာခံတာနဲ့တိုင်းရင် ပေတံကတစ်မျိုးပေ့ါ။အလုပ်များနေတာနဲ့တိုင်းရင်တော့ အားလုံးက အောင်မှတ်တွေရလိမ့်မယ်။အလုပ်တော့များနေကြတာပဲ။
ဒါပေမယ့် အလုပ်ဖြစ်သလားလို့မေးရင်တော့ အဲ့ဒါအဖြေကတစ်မျိုးဖြစ်တယ်လေ။အလုပ်များတာနဲ့ အလုပ်ဖြစ်တာနဲ့ကို ပေတံတွေရွေးချယ်ဖို့လိုလိမ့်မယ့်။အကောင်းဆုံးဖြစ်မယ်လို့တော့ မျှော်လင့်ရတာပဲ။

နောက်တစ်ခုက ကိုယ့်နိုင်ငံမှာ အမြဲတမ်းပြောနေတဲ့ လူတော်လူကောင်းကိစ္စ။ဒါတွေလည်းမပြောပါနဲ့တော့။ကောင်းလည်းကောင်းရမယ်၊ တော်လည်းတော်ရမယ် နှစ်ခုစလုံးရအောင်ရှာပဲ။ကိုယ့်နိုင်ငံက အဲ့လောက်မညံ့ပါဘူး။တော်လည်းတော် ကောင်းလည်းကောင်းတဲ့သူရှိမှာပါ။အခုကတော့ တော်တဲ့သူ ကောင်းတဲ့သူရွေးရင်းနဲ့ နောက်ဆုံးဘာကျန်လဲဆိုတော့ မတော်လည်းမတော် မကောင်းလည်းမကောင်းတာ လက်ကျန်တွေဖြစ်နေတော့ ဒုက္ခရောက်တာပေါ့။ရဲရဲဝံ့ဝံ့လုပ်တဲ့သူတွေ သတ္တိရှိရှိလုပ်တဲ့သူတွေ ဒီဟာသည်ခဏလုပ်ရတာ။ခဏအတွင်းမှာ ငါအကောင်းဆုံးလုပ်မယ်ဆိုပြီး မာန်နဲ့လာတဲ့သူတွေ လိုမယ်ထင်တယ်။

Opinion Leaders ။     ။ ဒီအစိုးရရဲ့ ပထမသက်တမ်းမှာ အစိုးရအဆက်ဆက်မရှိခဲ့ဘူးတဲ့ စနစ်မှန်တဲ့ စီးပွားရေးအခြေခံကို စပျိုးလာခဲ့တာကို တွေ့ရတယ် ဆရာ။နောက်လာမယ့် ၅ နှစ်သက်တမ်းအတွင်းမှာဆိုရင် တရုတ်ရဲ့ BR ထဲက ရခိုင်ကျောက်ဖြူနဲ့ မူဆယ်ရထားလမ်းတွေ၊ ရန်ကုန်မြို့သစ်စီမံကိန်းလို ကြီးမားတဲ့ အခြေခံအဆောက်အအုံ ပရောဂျက်တွေကလည်း စလုပ်ဖို့ရှိတယ်။ဒီပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ သိသာတာကတော့ ဆရာတို့ထောက်ပြနေတဲ့ လျှပ်စစ်ကိစ္စမှာလည်း အတော်လေးအဆင်ပြေလာတာကို တွေ့ရတယ် ဆရာ။ဒီလာမယ့် ၅ နှစ်မှာ တရုတ်နဲ့ မြန်မာရဲ့ ဆက်ဆံရေး၊ မြန်မာနဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေး၊ မြန်မာနဲ့ ဂျပန်ရဲ့ ဆက်ဆံရေးတွေမှာ မြန်မာနိုင်ငံအတွက် ဘယ်လောက်ထိမျှော်လင့်ထားလို့ရနိုင်သလဲ။ဒီအခြေအနေကိုမှီပြီး နိုင်ငံအတွက် ဘယ်လိုအတိုးအဆုတ်တွေ ကစားနိုင်မလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ကျွန်တော်ကတော့ ပုံအမျိုးမျိုးနဲ့ဖြေကြည့်မယ်။ကျောင်းသားတစ်ယောက် စာမေးပွဲဖြေခဲ့တဲ့ပုံစံပေါ့။စာမေးပွဲဖြေတဲ့ပုံစံအပေါ်မှာ မူတည်ပြီးတော့ အောင်တယ်၊ ကျတယ်ဆိုတာ သူသိလာပြီ။သိလာပြီဆိုရင် သူ့ကိုဘာလုပ်လို့ရမလဲ သုံးသပ်လို့ရပြီ။ငါဘာကြောင့်အမှတ်နည်းလဲ၊ ဘာလို့အမှတ်များလဲ။
ဘယ်နေရာမှာအမှတ်များလဲ၊ ဘယ်နေရာမှာအမှတ်နည်းလဲ။အဲ့လိုသုံးသပ်ပြီးတော့ ဒီထက်ကောင်းအောင် ဘယ်လိုလုပ်လို့ရမလဲ သုံးသပ်ဖို့လိုလိမ့်မယ်။ငါးနှစ်ဆိုတဲ့ အတွေ့အကြုံက နည်းတာမှမဟုတ်တာ။သက်တမ်းတစ်ခုလုပ်ရတယ်ဆိုတာ နည်းတဲ့အခွင့်အရေးမဟုတ်ဘူး။ဒီအခွင့်အရေးရခဲ့တာကို ကိုယ့်အနေနဲ့ ဆင်ခြင်ပြီးတော့ နောက်သက်တမ်းမှာ ဒီထက်ကောင်းအောင် ဘာလုပ်မလဲဆိုတဲ့ စဉ်းစားချက်တွေကရှိနိုင်ပါတယ်။ဆရာတို့ကိုယ်တိုင် Lesson တွေ သင်ခန်းစာတွေ အများကြီးရှိနိုင်တာပဲ။ဘယ်နေရာမှာမှားခဲ့တယ်။ဘယ်နေရာမှာ စီမံချက်ကြီးတွေရှိတယ်။အခု ထားဝယ်စီမံချက်ကြီးရှိတယ်။နောက် ကျောက်ဖြူ ပုံစံအမျိုးမျိုးနဲ့ နောက် OBOR ဒါတွေအားလုံးကို စီမံချက်တွေ အားလုံးရဲ့အတွေ့အကြုံတွေကို ပြန်သုံးသပ်ဖို့လိုလိမ့်မယ်။နည်းတဲ့အတွေ့အကြုံမှမဟုတ်တာ။ကောင်းတာတွေရှိခဲ့တယ်။
မှားတာတွေရှိခဲ့တယ်။

လျှပ်စစ်နဲ့ပတ်သက်လို့ ဒီအတိုင်းပဲ ကောင်းတာတွေရှိတယ်။အဆင်မပြေတာတွေရှိတယ်။ဒါတွေအားလုံးကို အစကနေ ပြန်စစရာမလိုဘူးလေ။ကိုယ့်မှာအတွေ့အကြုံရှိတာပဲ။အရင်တုန်းကလို ဦးသိန်းစိန်ဆိုရင် ငါးနှစ်နဲ့ပြီးသွားပြီ။အခုက သူတို့မှာက ငါးနှစ်မဟုတ်ဘူး အခုဒုတိယ Second Chance။အရင်ဘောလုံးပွဲကတော့ ၄၅ မိနစ်နဲ့ ပြီးသွားတယ်။အခုကတော့ သူတို့က ဒုတိယအကြိမ်ကန်ခွင့်ရတာပေါ့။ပထမ ၄၅ မိနစ်တုန်းက ကန်ခဲ့တဲ့ခြေတွေကို ပြန်သုံးသပ်လို့ရတယ်။အဲ့ဒီအပေါ်မှာမူတည်ပြီး အကောင်းဆုံး ကျန်တဲ့ ၄၅ မိနစ်မှာ ကိုယ့်အနေနဲ့ ဂိုးတွေအများကြီးသွင်းဖို့ပဲလိုတယ်။အဲ့လိုပဲအားပေးချင်တယ်။ဂိုးများများသွင်းနိုင်တဲ့သူတွေ၊ သွက်တဲ့လူတွေ၊ မြန်တဲ့လူတွေ၊ ရဲတဲ့လူတွေ စုပြီးတော့လွှတ်ပေးလိုက်ရင် ရမယ်ထင်တယ်။

ပြည်သူက သူတို့ကို ယုံယုံကြည်ကြည်နဲ့ အပ်ထားတာလေ။အဲ့ဒီအားကလည်း လိုမယ်ထင်တယ်။ကမ်းပြိုတာတောင်မဟုတ်ဘူး ပြည်သူက တကယ့်ကို ရာနှုန်းတစ်ရာတောင်မကဘူး လက်ခံခဲ့တာ။အဲ့ဒီအပေါ်မှာအခြေခံပြီး သူတို့ကရပ်ပြီးတော့ လုပ်စရာရှိတာကို ဘာမှညှာစရာမလိုတော့ဘူး။စဉ်းစားစရာမလိုဘူး။
ကိုယ်လုပ်ရင်လုပ်သလောက်ဖြစ်တယ်။ပြည်သူက ကိုယ့်ဘက်ကိုလုံးဝပါနေပြီ။ဒါအားကြီးတစ်ခုပဲ။နည်းတဲ့အားမှမဟုတ်တာ။တော်ရုံ နိုင်ငံတကာမှာ ဒီလိုအခွင့်ရေးရတဲ့အစိုးရတွေ တော်တော်ရှားတယ်။ကိုယ်ရထားတဲ့အခွင့်အရေးကို အပြည့်အစုံယူဖို့။ယူလည်းယူလိမ့်မယ်ထင်ပါတယ်။ကြည့်ရတာပေါ့။အခုဆိုရင် လူရွေးတာနဲ့ပတ်သက်လို့ တော်တော်အရှိန်ရနေပြီထင်တယ်။သူတို့အနေနဲ့ စဉ်းစားတဲ့လူတွေလည်းရှိမှာပါ။အများကြီးပါ။အရွေးမှန်ဖို့ပဲလိုတာပါ။

Opinion  Leaders ။     ။ ရွေးကောက်ပွဲအပြီးမှာ NLD ဘက်က ထုတ်ပြန်တာတစ်ခုရှိတယ် ဆရာ။ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအတွက်ဆိုပြီး တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးမယ်ဆိုပြီးတော့။ပြီးခဲ့တဲ့ ၅ နှစ်မှာဆိုရင် တိုင်းရင်းသားပါတီတွေနဲ့ တော်တော်အစေးမကပ်တာကို တွေ့ရတယ်။နောက်ပြီး မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးမှာ နယ်စပ်ကုန်သွယ်ရေးက အတော်လေးကို အရေးပါနေတာကို တွေ့ရတယ်။ထိုင်းတို့ တရုတ်တို့ဆိုတာကလည်း တိုင်းရင်းသားဒေသတွေမှာချည်းဘဲ။ဒီလိုမျိုး ပြန်လည်စည်းလုံးညီညွတ်မယ်ဆိုရင် မကြာခင်က ရခိုင်နဲ့ပတ်သက်ပြီး  တပ်ဘက်နဲ့ အေအေတို့ ဆွေးနွေးတာတွေရှိတော့ ဒီလိုတိုင်းရင်းသားဆွေးနွေးမှုတွေက ဖြစ်မြောက်လာခဲ့မယ်ဆိုရင် လာမယ့် ၅ နှစ်ရဲ့ ကုန်သွယ်ရေးမှာ နယ်စပ်ကုန်သွယ်ရေးက ဘယ်လောက်ထိအရေးပါမလဲ ဘယ်လောက်ထိ မြန်မာ့စီးပွားရေးကို တွန်းအားဖြစ်စေမလဲ။ဒါမှမဟုတ် ညှိလို့မရဘူးဆိုရင် အခုလိုဘဲ ကုန်သွယ်ရေးကဖြစ်နေဦးမှာလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ကိုယ့်ရဲ့ နိုင်ငံရဲ့အနေအထားကို ကြည့်လိုက်လို့ရှိရင် နယ်စပ်ကုန်သွယ်မှုက အဓိကဖြစ်နေတာ။အဓိကဖြစ်နေတဲ့အပြင် ပိုပြီးဆိုးတာက နယ်စပ်ကုန်သွယ်မှုတွေအားလုံးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခဖြစ်တဲ့နေရာတွေပဲဖြစ်နေတယ်။ဆရာတို့မှာကွက်တိဖြစ်နေတယ်။
နိုင်ငံရေးနဲ့ စီးပွားရေး ရောယှက်နေတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရတယ်။အဲ့တော့ စီးပွားရေးတစ်ခုတည်းလဲ ကိုင်လို့မရဘူး။နိုင်ငံရေးတစ်ခုတည်းပဲ ကိုင်လို့လည်းမရဘူး။နှစ်ခုလုံးကိုကိုင်ရမှာ။အခု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း သိပ်လည်တာပေါ့။ဘာတွေလာလဲဆိုရင် အန်င်အယ်ဒီ အခုလို အကြီးအကျယ်နိုင်တာလဲတွေ့ရော သူတို့လေသံတွေပြောင်းလာပြီလေ။

အရင်တုန်းက ဟိုလိုလို ဒီလိုလို ပေါင်းချင်သလိုလို မပေါင်းချင်သလို၊ လုပ်ချင်သလိုလို မလုပ်ချင်သလို သူတို့ကလည်း တစ်ဖက်က တပ်မတော်ကိုလည်း အားကိုးနေတာ။အဲ့ဒါလည်းရှိနေတော့ သူတို့က ဒါကိုကစားခဲ့တာပဲ။ပထမငါးနှစ်မှာ သူတို့က ဒါကိုကစားခဲ့တယ်။အခုအချိန်မှာ ပြည်သူတွေက အန်င်အယ်ဒီကို လုံးဝ ‘ဝ’ ကွပ်အပ်တဲ့အခြေအနေရှိတော့ ဒီအဖြေရရခြင်းပဲ သူတို့တွေလေသံတွေပြောင်းလာတာပေါ့။အဲ့လိုလေသံတွေပြောင်းလာတာကို အခွင့်ရေးယူရမှာပေါ့။ငါတို့ကို ပြည်သူက ယုံကြည်မှုအပြည့်ရှိတယ် အဲ့တော့ ငါတို့နဲ့ မင်းတို့ ဘယ်နေရာမှာပေါင်းလို့ရမလဲဆိုပြီးတော့ Common Interest ပေါ့။ကျွန်တော်ထင်တယ် လူတွေအားလုံးရဲ့ အကျိုးရှိတဲ့နေရာကိုရှာနိုင်ရင် အဖြေက လွယ်လွယ်လေးထွက်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် ပဋိပက္ခဖြစ်နေတဲ့ဟာတွေပဲ သွားစဉ်းစားနေရင်တော့ ဒီပြဿနာကဖြစ်မယ်။အဲ့တော့ ရှမ်းတစ်ကျပ်၊ ဗမာတစ်ကျပ်တွေ သွားပြောနေလို့ကတော့ ပြီးမှာမဟုတ်ဘူး။လွတ်လပ်ရေးရတဲ့အချိန်ကစပြီး ဒီပြဿနာကရှိတာကိုး။အဲ့တော့ ချက်ချင်းလက်ငင်းဖြေနိုင်မယ့် အဖြေမျိုးတွေကို ဖော်ထုတ်ပြီးတော့ လုပ်မယ်ဆိုရင်တော့ အခုအချိန်က အခွင့်အကောင်းဆုံးပဲ။တပ်မတော်ကိုယ်တိုင်လဲ အေအေနဲ့စကားပြောတယ် ဘာညာဖြစ်လာတယ်လေ။ဒါတွေအားလုံး နိုင်ငံရေးအရ တိုးတက်လာတာကို စီးပွားရေးအရ အခွင့်ရေးရအောင် ဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်ရမှာပဲ။ရအောင်လည်း လုပ်ဖို့လိုတယ်လို့တော့ ထင်တယ်။

Opinion Leaders ။     ။ ဒါတွေအကုန်လုံးကို ခြုံကြည့်လိုက်ရင် နောင်လာမယ့် ၅ နှစ်သက်တမ်းမှာ တိုင်းပြည်အတွက် စီးပွားရေး၊ နိုင်ငံရေးနဲ့ ပြည်တွင်းညီညွတ်ရေးတွေမှာ အလားအလာကောင်းတွေရှိနေတဲ့သဘောလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ရှိတယ်။နောက်တစ်ခုက ၅ နှစ်အတွင်းမှာ အတိုင်ပင်ခံကျန်းမာနေလို့ တော်သေးတာ။အားကိုးစရာက သူဘဲရှိတာ။အဲ့ဒါလည်းမေ့လို့မရဘူး။တခြားနိုင်ငံနဲ့မတူဘူး။ဆရာတို့မှာ ဒီတစ်ယောက်ဘဲရှိတာ။သူကလွဲရင် ကျန်တဲ့သူတွေအားလုံးက ဘာမှမဟုတ်ဘူး။ဒီတော့ အတိုင်ပင်ခံလုပ်မှရမှာ။သူကျန်းမာရင် နောက်ထပ် ၁၀ နှစ်၊ ၁၅ နှစ်ပေါ့။သူတစ်ကယ်လုပ်နိုင်တဲ့ ဟောဒီ ၅ နှစ်မှာတော့ အားလုံး၀ိုင်းပြီး အင်တိုက်အားတိုက်လုပ်ရင်တော့ တိုင်းပြည်အတွက် အဖြေရလိမ့်မယ်လို့ အောက်မေ့တယ်။မဟုတ်ရင် သူမရှိရင်ပြဿနာ။ဒါကိုတော့ စဉ်းစားဖို့လိုမယ်။အတိုင်ပင်ခံရှိရင် ဘာဖြစ်ဖြစ်လုပ်လို့ရတယ်။သူတစ်ခွန်းနဲ့တင် တိုင်းပြည်တစ်ခုလုံးဖြစ်တယ်။သူမရှိရင်တော့မဖြစ်ဘူး။သူ့နေရာ ဘယ်သူရှိမလဲ ဘယ်သူမှမရှိဘူး။အားလုံး သူနဲ့ ဘယ်သူမှမယှဉ်နိုင်တဲ့သူဖြစ်နေတာ ဒီလောက်အခွင့်အရေးကြီးကို ဒီ ၅ နှစ်ဟာ ဆရာတို့နိုင်ငံအတွက် အခွင့်အရေးအကြီးဆုံး ၅ နှစ်ဘဲ။ကျန်တဲ့ ၅ နှစ်က ဘယ်သူကြောင့် ပုဂ္ဂိုလ်ရေးကြောင့် ဖြစ်နေတာလေ။အတိုင်ပင်ခံဘဲ အားကိုးရမှာ။ဒါကိုလည်း အားလုံးကလက်ခံရမှာ။သူရှိမှ သူ့နောက်အားလုံးပါမယ့်သူတွေ။မဟုတ်ရင် ဘယ်သူမှဗိုလ်မထားတဲ့သူတွေနဲ့။သူရှိတုန်း အားလုံး၀ိုင်းပြီးလုပ်ကြဖို့ လိုလိမ့်မယ်။

Opinion Leaders ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
ဒီဇင်ဘာ - ၃၀

( Zawgyi )

လာမည့္ ၅ ႏွစ္သက္တမ္းအတြက္ ၿပီးခဲ့သည့္ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရခဲ့သည့္ လက္ရွိအာဏာရပါတီမွ အစိုးရသစ္ဖြဲ႕ရန္ ေ႐ြးခ်ယ္မႈမ်ားျပဳလုပ္ေနလွ်က္ရွိရာ လက္ရွိႏိုင္ငံေရးအခင္းအက်င္း၊ ကမာၻ႔ႏိုင္ငံေရးႏွင့္ ျပည္တြင္းစီးပြားေရး၊ လက္နက္ကိုင္အေရးႏွင့္ တျခားေသာျပႆနာမ်ားေၾကာင့္ အားေကာင္းသြက္လက္ေသာ အစိုးရအဖြဲ႕ရရွိရန္ ျပည္သူမ်ားေမွ်ာ္လင့္ေနသည့္အေပၚ ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပး၊ ပါေမာကၡ ဆရာ ေဒါက္တာေအာင္ထြန္းသက္အား အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ လတ္တေလာ ျမန္မာ့စီးပြားေရးဆိုင္ရာ အေၾကာင္းကိစၥမ်ားအေပၚ ရႈျမင္သုံးသပ္ခ်က္အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။ ေ႐ြးေကာက္ပြဲၿပီးေနာက္ အစိုးရအဖြဲ႕ကို ျပန္လည္ဖြဲ႕စည္းဖို႔ ျပင္ဆင္ေနတဲ့သတင္းေတြ ၾကားေနရပါတယ္။အစိုးရအဖြဲ႕မွာ လူေဟာင္းေတြေရာ လူသစ္ေတြေရာ ပါဝင္လာဖို႔ ခ်ိန္ဆမယ္ဆိုတာလည္း ၾကားရတယ္ ဆရာ။စီးပြားေရးနဲ႔ပတ္သက္ရင္ ၿပီးခဲ့တဲ့ႏွစ္မွာ ဗဟိုဘဏ္ကေန ဘဏ္တိုးႏူန္းေတြ ထူးထူးျခားျခား ေလွ်ာ့ခ်ခဲ့တာကို ေတြ႕ရပါတယ္။ဒါေပမယ့္ ေဒသတြင္းႏိုင္ငံေတြနဲ႔ ႏိူင္းယွဥ္မယ္ဆိုရင္ ျမင့္မားေနေသးတာ ေတြ႕ ရပါေသးတယ္။လာမယ့္သက္တမ္းမွာ ျပည္ေထာင္စုဗဟိုဘဏ္အပါအဝင္ အစိုးရနဲ႔သီးျခားရွိတဲ့ အဖြဲ႕အစည္းေတြရဲ႕ အႀကီးအကဲသက္တမ္းေတြကုန္ၿပီျဖစ္လို႔ ျပန္လည္ေ႐ြးေကာက္ရမွာကို ေတြ႕ရတယ္ ဆရာ။ဒီလိုအေျခအေနနဲ႔ အေျပာင္းအလဲေတြရွိလာႏိုင္တဲ့အတြက္ ေနာင္လာမယ့္ ၅ ႏွစ္သက္တမ္းမွာ ဘဏ္တိုးႏူန္းေတြက ထပ္ေလ်ာ့က်လာႏိုင္သလား၊ ဘာေတြအေကာင္းဘက္ျဖစ္ဖို႔ လုပ္ေဆာင္သင့္ပါသလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဒီ (economic team) ေပါ့။စီးပြားေရးကိုတာဝန္ယူမယ့္သူ ႏိုင္ငံေတာ္အစိုးရဘက္ကဆိုရင္ ဗဟိုဘဏ္ရွိတယ္။စီးပြားကူးသန္းရွိတယ္။စီမံ/စီးပြား ရွိတယ္။လယ္ယာစိုက္ပ်ိဳးေရးရွိတယ္။ေနာက္တစ္ခါ သယံဇာတထုတ္တဲ့ သတၱဳဘာညာရွိတယ္။အဲ့ဒီ Team တစ္ခုလုံးကေတာ့ ရဲတဲ့သူေတြ လိုမယ္ထင္တယ္။ရဲရဲဝံ့ဝံ့ သတၱိရွိရွိ လုပ္ရဲတဲ့လူေတြ လိုလိမ့္မယ္။မဟုတ္ရင္ေတာ့ ဒီတိုင္း ဟိုၾကည့္ဒီၾကည့္နဲ႔ သိပ္စဥ္းစားေနတဲ့သူေတြမ်ားရင္ အခု ကိုဗစ္ကာလမွာ အဲ့လိုအခြင့္အေရးမရွိဘူး။စဥ္းစားဖို႔ အခြင့္အေရးမရွိဘူး။ျမန္ျမန္ဆန္ဆန္ အခြင့္အေရးေပၚရင္ ေပၚသေလာက္ တန္းလုပ္ရမွာမ်ိဳးျဖစ္ေတာ့ ရဲရဲဝံ့ဝံ့လုပ္မယ့္သူေတြ လိုလိမ့္မယ္တယ္။အဖြဲ႕ေပါ့ေနာ္။

ဘယ္သူ႔ေ႐ြးေ႐ြးေပါ့။အဲ့ေတာ့ အေ႐ြးခံတဲ့သူက ကိုယ့္အထင္က အျဖဳတ္ခံဖို႔ အဆင္သင့္ျဖစ္တဲ့သူ မ်ားမ်ားလိုတယ္။ကိုယ္လုပ္တာမွားရင္ ထြက္မယ္ဆိုတဲ့သူ မ်ားမ်ားလိုတယ္။အဲ့လိုလူေတြပဲလိုတာ။ထြက္ႏိုင္တဲ့သူကိုဘဲလိုတာ။ေျပာရရင္ေတာ့ လူမိုက္ေတြလိုတယ္လို႔ေျပာရရင္ မေကာင္းဘူး။ရဲရဲဝံ့ဝံ့နဲ႔ လုပ္ရဲတယ္။မွားရင္ထြက္မယ္ဆိုတဲ့ လူမ်ိဳးေပါ့။
အခုကေတာ့ၾကည့္ရတာ အဲ့ဒီလိုအေနအထားထက္ကို အားလုံးစိုးရိမ္တယ္၊ စိတ္ပူတယ္၊ သတိထားတယ္၊ ဆင္ျခင္တယ္ဆိုတာျဖစ္ေတာ့ အားလုံးက ပညာရွိေတြျဖစ္ကုန္တာကိုး။ပညာရွိေတာ့ အားလုံးက ဘာမွမလုပ္ေတာ့ဘူး။လုပ္ရင္မွားမယ္ဆိုတာ သိေတာ့။အဲ့ေတာ့ အမွားကိုလုပ္ရဲတဲ့သူ မ်ားမ်ားလိုလိမ့္မယ္ထင္တယ္။ေ႐ြးပါလိမ့္မယ္ ထင္တယ္။ေျပာရဲဆိုရဲရွိတဲ့သူေတြ အထက္လူႀကီးဆီကို ပကတိအေျခအေနမွန္တဲ့ အေနအထားကို တင္ျပႏိုင္တဲ့ တင္ျပရဲတဲ့သူေတြ လိုတယ္။အမွန္က အဲ့ဒါပါပဲ။

လူႀကီးေတြဆုံးျဖတ္တဲ့အခါမွာ ေအာက္ကတင္တဲ့ပုံစံ ဝန္ႀကီးအဆင့္က မွန္မွန္ကန္ကန္ ရဲရဲဝံ့ဝံ့တင္ျပႏိုင္တဲ့ သတၱိလိုမယ္။ေျပာရဲဆိုရဲရွိတဲ့သူလိုမယ္။မဟုတ္ရင္ေတာ့ ဒီလိုပဲျဖစ္ေနမွာပဲ။သူတို႔လဲ ေ႐ြးစရာအမ်ားႀကီးထင္ပါတယ္။အေရးႀကီးတာက ေဘာလုံးအသင္းလိုေပါ့ ပထမပိုင္းကၿပီးသြားၿပီေလ။ပထမ ၄၅ မိနစ္မွာ ေျခေပၚတဲ့သူရွိတယ္၊ ေျခမေပၚတဲ့သူရွိတယ္ ျမင္ေနတာပဲ။ေျပာစရာမွမလိုတာ။အဲ့ဒီဟာကို လူလဲမလဲဆိုတာ မန္ေနဂ်ာအေပၚမွာပဲ မူတည္တယ္။မန္ေနဂ်ာက ဘယ္လိုစဥ္းစားသလဲဆိုတာေပၚဘဲ မူတည္တာ။အားလုံးကေတာ့ သိျမင္ၿပီးသားပဲ ဘယ္သူဟာ ဘယ္ေလာက္ထိစြမ္းေဆာင္ႏိုင္တယ္ဆိုတာ သိလာၿပီ။

တစ္ခုရွိတာက စြမ္းေဆာင္ရည္ကိုတိုင္းတဲ့အခါ ဘာနဲ႔တိုင္းမလဲဆိုတာ ျပႆနာ။ရလဒ္နဲ႔တိုင္းတာလား။သူတို႔ေပတံေတြက အမ်ိဳးမ်ိဳးရွိတယ္ေလ။လူတစ္ေယာက္ရဲ႕ စြမ္းေဆာင္ရည္ကို ေျပာသမွ်ကိုနာခံတာနဲ႔တိုင္းရင္ ေပတံကတစ္မ်ိဳးေပ့ါ။အလုပ္မ်ားေနတာနဲ႔တိုင္းရင္ေတာ့ အားလုံးက ေအာင္မွတ္ေတြရလိမ့္မယ္။အလုပ္ေတာ့မ်ားေနၾကတာပဲ။
ဒါေပမယ့္ အလုပ္ျဖစ္သလားလို႔ေမးရင္ေတာ့ အဲ့ဒါအေျဖကတစ္မ်ိဳးျဖစ္တယ္ေလ။အလုပ္မ်ားတာနဲ႔ အလုပ္ျဖစ္တာနဲ႔ကို ေပတံေတြေ႐ြးခ်ယ္ဖို႔လိုလိမ့္မယ့္။အေကာင္းဆုံးျဖစ္မယ္လို႔ေတာ့ ေမွ်ာ္လင့္ရတာပဲ။

ေနာက္တစ္ခုက ကိုယ့္ႏိုင္ငံမွာ အၿမဲတမ္းေျပာေနတဲ့ လူေတာ္လူေကာင္းကိစၥ။ဒါေတြလည္းမေျပာပါနဲ႔ေတာ့။ေကာင္းလည္းေကာင္းရမယ္၊ ေတာ္လည္းေတာ္ရမယ္ ႏွစ္ခုစလုံးရေအာင္ရွာပဲ။ကိုယ့္ႏိုင္ငံက အဲ့ေလာက္မညံ့ပါဘူး။ေတာ္လည္းေတာ္ ေကာင္းလည္းေကာင္းတဲ့သူရွိမွာပါ။အခုကေတာ့ ေတာ္တဲ့သူ ေကာင္းတဲ့သူေ႐ြးရင္းနဲ႔ ေနာက္ဆုံးဘာက်န္လဲဆိုေတာ့ မေတာ္လည္းမေတာ္ မေကာင္းလည္းမေကာင္းတာ လက္က်န္ေတြျဖစ္ေနေတာ့ ဒုကၡေရာက္တာေပါ့။ရဲရဲဝံ့ဝံ့လုပ္တဲ့သူေတြ သတၱိရွိရွိလုပ္တဲ့သူေတြ ဒီဟာသည္ခဏလုပ္ရတာ။ခဏအတြင္းမွာ ငါအေကာင္းဆုံးလုပ္မယ္ဆိုၿပီး မာန္နဲ႔လာတဲ့သူေတြ လိုမယ္ထင္တယ္။

Opinion Leaders ။     ။ ဒီအစိုးရရဲ႕ ပထမသက္တမ္းမွာ အစိုးရအဆက္ဆက္မရွိခဲ့ဘူးတဲ့ စနစ္မွန္တဲ့ စီးပြားေရးအေျခခံကို စပ်ိဳးလာခဲ့တာကို ေတြ႕ရတယ္ ဆရာ။ေနာက္လာမယ့္ ၅ ႏွစ္သက္တမ္းအတြင္းမွာဆိုရင္ တ႐ုတ္ရဲ႕ BR ထဲက ရခိုင္ေက်ာက္ျဖဴနဲ႔ မူဆယ္ရထားလမ္းေတြ၊ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းလို ႀကီးမားတဲ့ အေျခခံအေဆာက္အအုံ ပေရာဂ်က္ေတြကလည္း စလုပ္ဖို႔ရွိတယ္။ဒီၿပီးခဲ့တဲ့ ၅ ႏွစ္အတြင္းမွာ သိသာတာကေတာ့ ဆရာတို႔ေထာက္ျပေနတဲ့ လွ်ပ္စစ္ကိစၥမွာလည္း အေတာ္ေလးအဆင္ေျပလာတာကို ေတြ႕ရတယ္ ဆရာ။ဒီလာမယ့္ ၅ ႏွစ္မွာ တ႐ုတ္နဲ႔ ျမန္မာရဲ႕ ဆက္ဆံေရး၊ ျမန္မာနဲ႔ အေနာက္ႏိုင္ငံေတြရဲ႕ ဆက္ဆံေရး၊ ျမန္မာနဲ႔ ဂ်ပန္ရဲ႕ ဆက္ဆံေရးေတြမွာ ျမန္မာႏိုင္ငံအတြက္ ဘယ္ေလာက္ထိေမွ်ာ္လင့္ထားလို႔ရႏိုင္သလဲ။ဒီအေျခအေနကိုမွီၿပီး ႏိုင္ငံအတြက္ ဘယ္လိုအတိုးအဆုတ္ေတြ ကစားႏိုင္မလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ကြၽန္ေတာ္ကေတာ့ ပုံအမ်ိဳးမ်ိဳးနဲ႔ေျဖၾကည့္မယ္။ေက်ာင္းသားတစ္ေယာက္ စာေမးပြဲေျဖခဲ့တဲ့ပုံစံေပါ့။စာေမးပြဲေျဖတဲ့ပုံစံအေပၚမွာ မူတည္ၿပီးေတာ့ ေအာင္တယ္၊ က်တယ္ဆိုတာ သူသိလာၿပီ။သိလာၿပီဆိုရင္ သူ႔ကိုဘာလုပ္လို႔ရမလဲ သုံးသပ္လို႔ရၿပီ။ငါဘာေၾကာင့္အမွတ္နည္းလဲ၊ ဘာလို႔အမွတ္မ်ားလဲ။
ဘယ္ေနရာမွာအမွတ္မ်ားလဲ၊ ဘယ္ေနရာမွာအမွတ္နည္းလဲ။အဲ့လိုသုံးသပ္ၿပီးေတာ့ ဒီထက္ေကာင္းေအာင္ ဘယ္လိုလုပ္လို႔ရမလဲ သုံးသပ္ဖို႔လိုလိမ့္မယ္။ငါးႏွစ္ဆိုတဲ့ အေတြ႕အႀကဳံက နည္းတာမွမဟုတ္တာ။သက္တမ္းတစ္ခုလုပ္ရတယ္ဆိုတာ နည္းတဲ့အခြင့္အေရးမဟုတ္ဘူး။ဒီအခြင့္အေရးရခဲ့တာကို ကိုယ့္အေနနဲ႔ ဆင္ျခင္ၿပီးေတာ့ ေနာက္သက္တမ္းမွာ ဒီထက္ေကာင္းေအာင္ ဘာလုပ္မလဲဆိုတဲ့ စဥ္းစားခ်က္ေတြကရွိႏိုင္ပါတယ္။ဆရာတို႔ကိုယ္တိုင္ Lesson ေတြ သင္ခန္းစာေတြ အမ်ားႀကီးရွိႏိုင္တာပဲ။ဘယ္ေနရာမွာမွားခဲ့တယ္။ဘယ္ေနရာမွာ စီမံခ်က္ႀကီးေတြရွိတယ္။အခု ထားဝယ္စီမံခ်က္ႀကီးရွိတယ္။ေနာက္ ေက်ာက္ျဖဴ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ေနာက္ OBOR ဒါေတြအားလုံးကို စီမံခ်က္ေတြ အားလုံးရဲ႕အေတြ႕အႀကဳံေတြကို ျပန္သုံးသပ္ဖို႔လိုလိမ့္မယ္။နည္းတဲ့အေတြ႕အႀကဳံမွမဟုတ္တာ။ေကာင္းတာေတြရွိခဲ့တယ္။
မွားတာေတြရွိခဲ့တယ္။

လွ်ပ္စစ္နဲ႔ပတ္သက္လို႔ ဒီအတိုင္းပဲ ေကာင္းတာေတြရွိတယ္။အဆင္မေျပတာေတြရွိတယ္။ဒါေတြအားလုံးကို အစကေန ျပန္စစရာမလိုဘူးေလ။ကိုယ့္မွာအေတြ႕အႀကဳံရွိတာပဲ။အရင္တုန္းကလို ဦးသိန္းစိန္ဆိုရင္ ငါးႏွစ္နဲ႔ၿပီးသြားၿပီ။အခုက သူတို႔မွာက ငါးႏွစ္မဟုတ္ဘူး အခုဒုတိယ Second Chance။အရင္ေဘာလုံးပြဲကေတာ့ ၄၅ မိနစ္နဲ႔ ၿပီးသြားတယ္။အခုကေတာ့ သူတို႔က ဒုတိယအႀကိမ္ကန္ခြင့္ရတာေပါ့။ပထမ ၄၅ မိနစ္တုန္းက ကန္ခဲ့တဲ့ေျခေတြကို ျပန္သုံးသပ္လို႔ရတယ္။အဲ့ဒီအေပၚမွာမူတည္ၿပီး အေကာင္းဆုံး က်န္တဲ့ ၄၅ မိနစ္မွာ ကိုယ့္အေနနဲ႔ ဂိုးေတြအမ်ားႀကီးသြင္းဖို႔ပဲလိုတယ္။အဲ့လိုပဲအားေပးခ်င္တယ္။ဂိုးမ်ားမ်ားသြင္းႏိုင္တဲ့သူေတြ၊ သြက္တဲ့လူေတြ၊ ျမန္တဲ့လူေတြ၊ ရဲတဲ့လူေတြ စုၿပီးေတာ့လႊတ္ေပးလိုက္ရင္ ရမယ္ထင္တယ္။

ျပည္သူက သူတို႔ကို ယုံယုံၾကည္ၾကည္နဲ႔ အပ္ထားတာေလ။အဲ့ဒီအားကလည္း လိုမယ္ထင္တယ္။ကမ္းၿပိဳတာေတာင္မဟုတ္ဘူး ျပည္သူက တကယ့္ကို ရာႏႈန္းတစ္ရာေတာင္မကဘူး လက္ခံခဲ့တာ။အဲ့ဒီအေပၚမွာအေျခခံၿပီး သူတို႔ကရပ္ၿပီးေတာ့ လုပ္စရာရွိတာကို ဘာမွညႇာစရာမလိုေတာ့ဘူး။စဥ္းစားစရာမလိုဘူး။
ကိုယ္လုပ္ရင္လုပ္သေလာက္ျဖစ္တယ္။ျပည္သူက ကိုယ့္ဘက္ကိုလုံးဝပါေနၿပီ။ဒါအားႀကီးတစ္ခုပဲ။နည္းတဲ့အားမွမဟုတ္တာ။ေတာ္႐ုံ ႏိုင္ငံတကာမွာ ဒီလိုအခြင့္ေရးရတဲ့အစိုးရေတြ ေတာ္ေတာ္ရွားတယ္။ကိုယ္ရထားတဲ့အခြင့္အေရးကို အျပည့္အစုံယူဖို႔။ယူလည္းယူလိမ့္မယ္ထင္ပါတယ္။ၾကည့္ရတာေပါ့။အခုဆိုရင္ လူေ႐ြးတာနဲ႔ပတ္သက္လို႔ ေတာ္ေတာ္အရွိန္ရေနၿပီထင္တယ္။သူတို႔အေနနဲ႔ စဥ္းစားတဲ့လူေတြလည္းရွိမွာပါ။အမ်ားႀကီးပါ။အေ႐ြးမွန္ဖို႔ပဲလိုတာပါ။

Opinion  Leaders ။     ။ ေ႐ြးေကာက္ပြဲအၿပီးမွာ NLD ဘက္က ထုတ္ျပန္တာတစ္ခုရွိတယ္ ဆရာ။ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စုအတြက္ဆိုၿပီး တိုင္းရင္းသားပါတီေတြနဲ႔ ေဆြးေႏြးမယ္ဆိုၿပီးေတာ့။ၿပီးခဲ့တဲ့ ၅ ႏွစ္မွာဆိုရင္ တိုင္းရင္းသားပါတီေတြနဲ႔ ေတာ္ေတာ္အေစးမကပ္တာကို ေတြ႕ရတယ္။ေနာက္ၿပီး ျမန္မာႏိုင္ငံရဲ႕ ကုန္သြယ္ေရးမွာ နယ္စပ္ကုန္သြယ္ေရးက အေတာ္ေလးကို အေရးပါေနတာကို ေတြ႕ရတယ္။ထိုင္းတို႔ တ႐ုတ္တို႔ဆိုတာကလည္း တိုင္းရင္းသားေဒသေတြမွာခ်ည္းဘဲ။ဒီလိုမ်ိဳး ျပန္လည္စည္းလုံးညီၫြတ္မယ္ဆိုရင္ မၾကာခင္က ရခိုင္နဲ႔ပတ္သက္ၿပီး  တပ္ဘက္နဲ႔ ေအေအတို႔ ေဆြးေႏြးတာေတြရွိေတာ့ ဒီလိုတိုင္းရင္းသားေဆြးေႏြးမႈေတြက ျဖစ္ေျမာက္လာခဲ့မယ္ဆိုရင္ လာမယ့္ ၅ ႏွစ္ရဲ႕ ကုန္သြယ္ေရးမွာ နယ္စပ္ကုန္သြယ္ေရးက ဘယ္ေလာက္ထိအေရးပါမလဲ ဘယ္ေလာက္ထိ ျမန္မာ့စီးပြားေရးကို တြန္းအားျဖစ္ေစမလဲ။ဒါမွမဟုတ္ ညႇိလို႔မရဘူးဆိုရင္ အခုလိုဘဲ ကုန္သြယ္ေရးကျဖစ္ေနဦးမွာလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ကိုယ့္ရဲ႕ ႏိုင္ငံရဲ႕အေနအထားကို ၾကည့္လိုက္လို႔ရွိရင္ နယ္စပ္ကုန္သြယ္မႈက အဓိကျဖစ္ေနတာ။အဓိကျဖစ္ေနတဲ့အျပင္ ပိုၿပီးဆိုးတာက နယ္စပ္ကုန္သြယ္မႈေတြအားလုံးမွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ ပဋိပကၡျဖစ္တဲ့ေနရာေတြပဲျဖစ္ေနတယ္။ဆရာတို႔မွာကြက္တိျဖစ္ေနတယ္။
ႏိုင္ငံေရးနဲ႔ စီးပြားေရး ေရာယွက္ေနတဲ့ အေျခအေနတစ္ခုကို ရင္ဆိုင္ေနရတယ္။အဲ့ေတာ့ စီးပြားေရးတစ္ခုတည္းလဲ ကိုင္လို႔မရဘူး။ႏိုင္ငံေရးတစ္ခုတည္းပဲ ကိုင္လို႔လည္းမရဘူး။ႏွစ္ခုလုံးကိုကိုင္ရမွာ။အခု တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြကလည္း သိပ္လည္တာေပါ့။ဘာေတြလာလဲဆိုရင္ အန္င္အယ္ဒီ အခုလို အႀကီးအက်ယ္ႏိုင္တာလဲေတြ႕ေရာ သူတို႔ေလသံေတြေျပာင္းလာၿပီေလ။

အရင္တုန္းက ဟိုလိုလို ဒီလိုလို ေပါင္းခ်င္သလိုလို မေပါင္းခ်င္သလို၊ လုပ္ခ်င္သလိုလို မလုပ္ခ်င္သလို သူတို႔ကလည္း တစ္ဖက္က တပ္မေတာ္ကိုလည္း အားကိုးေနတာ။အဲ့ဒါလည္းရွိေနေတာ့ သူတို႔က ဒါကိုကစားခဲ့တာပဲ။ပထမငါးႏွစ္မွာ သူတို႔က ဒါကိုကစားခဲ့တယ္။အခုအခ်ိန္မွာ ျပည္သူေတြက အန္င္အယ္ဒီကို လုံးဝ ‘ဝ’ ကြပ္အပ္တဲ့အေျခအေနရွိေတာ့ ဒီအေျဖရရျခင္းပဲ သူတို႔ေတြေလသံေတြေျပာင္းလာတာေပါ့။အဲ့လိုေလသံေတြေျပာင္းလာတာကို အခြင့္ေရးယူရမွာေပါ့။ငါတို႔ကို ျပည္သူက ယုံၾကည္မႈအျပည့္ရွိတယ္ အဲ့ေတာ့ ငါတို႔နဲ႔ မင္းတို႔ ဘယ္ေနရာမွာေပါင္းလို႔ရမလဲဆိုၿပီးေတာ့ Common Interest ေပါ့။ကြၽန္ေတာ္ထင္တယ္ လူေတြအားလုံးရဲ႕ အက်ိဳးရွိတဲ့ေနရာကိုရွာႏိုင္ရင္ အေျဖက လြယ္လြယ္ေလးထြက္ပါတယ္။

တစ္ေယာက္နဲ႔ တစ္ေယာက္ ပဋိပကၡျဖစ္ေနတဲ့ဟာေတြပဲ သြားစဥ္းစားေနရင္ေတာ့ ဒီျပႆနာကျဖစ္မယ္။အဲ့ေတာ့ ရွမ္းတစ္က်ပ္၊ ဗမာတစ္က်ပ္ေတြ သြားေျပာေနလို႔ကေတာ့ ၿပီးမွာမဟုတ္ဘူး။လြတ္လပ္ေရးရတဲ့အခ်ိန္ကစၿပီး ဒီျပႆနာကရွိတာကိုး။အဲ့ေတာ့ ခ်က္ခ်င္းလက္ငင္းေျဖႏိုင္မယ့္ အေျဖမ်ိဳးေတြကို ေဖာ္ထုတ္ၿပီးေတာ့ လုပ္မယ္ဆိုရင္ေတာ့ အခုအခ်ိန္က အခြင့္အေကာင္းဆုံးပဲ။တပ္မေတာ္ကိုယ္တိုင္လဲ ေအေအနဲ႔စကားေျပာတယ္ ဘာညာျဖစ္လာတယ္ေလ။ဒါေတြအားလုံး ႏိုင္ငံေရးအရ တိုးတက္လာတာကို စီးပြားေရးအရ အခြင့္ေရးရေအာင္ ဘယ္လိုလုပ္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပဲ။ရေအာင္လည္း လုပ္ဖို႔လိုတယ္လို႔ေတာ့ ထင္တယ္။

Opinion Leaders ။     ။ ဒါေတြအကုန္လုံးကို ၿခဳံၾကည့္လိုက္ရင္ ေနာင္လာမယ့္ ၅ ႏွစ္သက္တမ္းမွာ တိုင္းျပည္အတြက္ စီးပြားေရး၊ ႏိုင္ငံေရးနဲ႔ ျပည္တြင္းညီၫြတ္ေရးေတြမွာ အလားအလာေကာင္းေတြရွိေနတဲ့သေဘာလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ရွိတယ္။ေနာက္တစ္ခုက ၅ ႏွစ္အတြင္းမွာ အတိုင္ပင္ခံက်န္းမာေနလို႔ ေတာ္ေသးတာ။အားကိုးစရာက သူဘဲရွိတာ။အဲ့ဒါလည္းေမ့လို႔မရဘူး။တျခားႏိုင္ငံနဲ႔မတူဘူး။ဆရာတို႔မွာ ဒီတစ္ေယာက္ဘဲရွိတာ။သူကလြဲရင္ က်န္တဲ့သူေတြအားလုံးက ဘာမွမဟုတ္ဘူး။ဒီေတာ့ အတိုင္ပင္ခံလုပ္မွရမွာ။သူက်န္းမာရင္ ေနာက္ထပ္ ၁၀ ႏွစ္၊ ၁၅ ႏွစ္ေပါ့။သူတစ္ကယ္လုပ္ႏိုင္တဲ့ ေဟာဒီ ၅ ႏွစ္မွာေတာ့ အားလုံး၀ိုင္းၿပီး အင္တိုက္အားတိုက္လုပ္ရင္ေတာ့ တိုင္းျပည္အတြက္ အေျဖရလိမ့္မယ္လို႔ ေအာက္ေမ့တယ္။မဟုတ္ရင္ သူမရွိရင္ျပႆနာ။ဒါကိုေတာ့ စဥ္းစားဖို႔လိုမယ္။အတိုင္ပင္ခံရွိရင္ ဘာျဖစ္ျဖစ္လုပ္လို႔ရတယ္။သူတစ္ခြန္းနဲ႔တင္ တိုင္းျပည္တစ္ခုလုံးျဖစ္တယ္။သူမရွိရင္ေတာ့မျဖစ္ဘူး။သူ႔ေနရာ ဘယ္သူရွိမလဲ ဘယ္သူမွမရွိဘူး။အားလုံး သူနဲ႔ ဘယ္သူမွမယွဥ္ႏိုင္တဲ့သူျဖစ္ေနတာ ဒီေလာက္အခြင့္အေရးႀကီးကို ဒီ ၅ ႏွစ္ဟာ ဆရာတို႔ႏိုင္ငံအတြက္ အခြင့္အေရးအႀကီးဆုံး ၅ ႏွစ္ဘဲ။က်န္တဲ့ ၅ ႏွစ္က ဘယ္သူေၾကာင့္ ပုဂၢိဳလ္ေရးေၾကာင့္ ျဖစ္ေနတာေလ။အတိုင္ပင္ခံဘဲ အားကိုးရမွာ။ဒါကိုလည္း အားလုံးကလက္ခံရမွာ။သူရွိမွ သူ႔ေနာက္အားလုံးပါမယ့္သူေတြ။မဟုတ္ရင္ ဘယ္သူမွဗိုလ္မထားတဲ့သူေတြနဲ႔။သူရွိတုန္း အားလုံး၀ိုင္းၿပီးလုပ္ၾကဖို႔ လိုလိမ့္မယ္။

Opinion Leaders ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ဒီဇင္ဘာ - ၃၀