【 ပညာရှင်များ၏အမြင် 】 “မြေဇာပင်မဖြစ်ဖို့လိုတယ်..ကိုယ်မပါဖို့လိုတယ်”

【 ပညာရှင်များ၏အမြင် 】 “မြေဇာပင်မဖြစ်ဖို့လိုတယ်..ကိုယ်မပါဖို့လိုတယ်”

မကြာမီက မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးမှ သံရုံးယာယီတာဝန်ခံက မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံသည့် စီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် တိုင်းရင်းသားလက်နက်ကိုင်များအရေးနှင့် ပတ်သက်ကာ တရုတ်နိုင်ငံကိုဝေဖန်တိုက်ခိုက်သည့် ဆောင်းပါးတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။တရုတ်နိုင်ငံသံရုံးကလည်း နောက်တစ်ရက်တွင် အဆိုပါဝေဖန်တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်ကာ အမေရိကန်၏ ဒေသတွင်းပြုမူပုံကို စောကြောဝေဖန်ခဲ့သဖြင့် လတ်တလော ကမ္ဘာအရေးတွင် ထိပ်တိုက်တွေ့နေသည့် နိုင်ငံကြီးနှစ်နိုင်ငံတို့က မြန်မာနိုင်ငံအတွင်း အပြန်အလှန်ဝေဖန်မှုက ကမ္ဘာတွင်သတိထားစရာဖြစ်လာခဲ့သလို မြန်မာနိုင်ငံမှာ နိုင်ငံကြီးနှစ်နိုင်ငံ၏ နိုင်ငံရေးစစ်တလင်းဖြစ်လာမလားဆိုသည့် စိုးရိမ်မှုများ ပြည်တွင်းမှာထွက်လာခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အရေးနှင့် ကျန်းမာရေးကပ်ဘေးကြောင့် မလူးသာမလွန့်သာ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေသည့် အခြေအနေတွင် ယခုကဲ့သို့ ကမ္ဘာ့နိုင်ငံကြီးနှစ်နိုင်ငံ၏ နိုင်ငံရေးကစားမှုသာ မြန်မာနိုင်ငံတွင်ဖြစ်လာခဲ့ပါက နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် ငြိမ်းချမ်းရေးတို့တွင် သက်ရောက်လာနိုင်သည့် ဆိုးကျိုး၊ ကောင်းကျိုး၊ ဖြစ်လာနိုင်သည့် ဆင့်ကဲသက်ရောက်မှုနှင့် မည်သို့လုပ်ဆောင်သင့်သည် စသည့် ခန့်မှန်းတွက်ချက်မှုများကို လက်ရှိဖြစ်နေသည့် နိုင်ငံရေးအခြေအနေ၊ စီးပွားရေးအခြေအနေများနှင့်ချိန်ထိုးကာ နိုင်ငံတော်သမ္မတ၏ ငြိမ်းချမ်းရေးနှင့် စီးပွားရေးအကြံပေးအဖွဲ့ဝင်ဖြစ်သူ ဝါရင့်စီးပွားရေးပညာရှင် ပါမောက္ခ ဆရာ ဒေါက်တာအောင်ထွန်းသက်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက်၏ လတ်တလော မြန်မာစီးပွားရေးဆိုင်ရာ အကြောင်းကိစ္စများအပေါ် ရှုမြင်သုံးသပ်ချက်အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders Media ။     ။ မကြာခင်က အမေရိကန်နဲ့ တရုတ်နိုင်ငံသံရုံးတွေ အပြန်အလှန်စာထုတ်ပြီး မြန်မာနိုင်ငံအတွင်းဆောင်ရွက်နေတဲ့ တရုတ်နဲ့ အမေရိကန်တို့ရဲ့ လုပ်ဆောင်မှုတွေအပေါ် ဝေဖန်ခဲ့ကြတာကိုတွေ့ရပါတယ်။ဒီလိုကမ္ဘာ့နိုင်ငံကြီးတွေ မြန်မာနိုင်ငံမှာ အပြန်အလှန်နိုင်ငံရေးအရတိုက်ခိုက်တာ မြန်မာနိုင်ငံမှာ ဖြစ်တောင့်ဖြစ်ခဲ့ဖြစ်သလို မြန်မာနိုင်ငံအနေနဲ့  ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံတွေရဲ့ နိုင်ငံရေးကစားကွက်ထဲရောက်သွားတဲ့အတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖြစ်ထွန်းမှုမှာ ပြည်တည်ဆောက်ကာစ စီးပွားရေး၊ တိုင်းရင်းသားအရေးမှာ ဘယ်လိုတွေသက်ရောက်လာနိုင်ပါသလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဒီလိုလေ တစ်ခုကတော့ ဆရာတို့ ပထဝီနိုင်ငံရေးပေါ့နော် (Geopolitics) ပေါ့၊ ဆရာတို့ ကိုယ့်နိုင်ငံက တရုတ်နဲ့နီးစပ်နေတယ်၊ နီးစပ်တယ်ဆိုတာက အိမ်နီးနားချင်းနိုင်ငံဖြစ်နေတယ်။ဆရာတို့ သမိုင်းကိုပြန်ကြည့်ရင် တချိန်တုန်းကတော့ ဦးနုတို့လက်ထက်တုန်းက ပေါက်ဖော်တို့နဲ့က တော်တော်လေးအဆင်ပြေတယ်။သူတို့တုန်းက ထူးခြားတာက အစိုးရချင်း အစိုးရချင်း အဆင်ပြေသလို ပါတီချင်း ပါတီချင်း အဆင်ပြေနေတော့ တရုတ်ကွန်မြူနစ်ပါတီက မြန်မာကွန်မြူနစ်ပါတီကို အားပေး၊ အားမြှောက်ပြုတဲ့ အခြေအနေရှိပါတယ်။အဲ့ဒါကလည်း ဦးနေဝင်း တက်တဲ့ခေတ်မှာလည်း အဲ့ပုံစံပဲ၊ နိုင်ငံတော်အစိုးရအချင်းချင်းကလည်း အဆင်ပြေတယ်။ပါတီချင်းကလည်း အဆင်ပြေတယ်။နှစ်နိုင်ငံ ကွန်မြူနစ်ပါတီအချင်းချင်းကြားမှာ အဆက်အသွယ်ကမပြတ်ရှိခဲ့တာကိုး။ဒါက ဆရာတို့ အဲ့တော့ န၀တ တက်လာတဲ့အချိန်မှာကျတော့ လူ့အခွင့်အရေးချိုးဖောက်မှု ဘာညာဆိုတဲ့ စွပ်စွဲချက်တွေကြောင့် တဖြေးဖြေး တဖြေးဖြေး အနောက်နိုင်ငံရဲ့ ဖိအားပေးမှုပေါ့၊ အထူးသဖြင့် လူ့အခွင့်အရေးကိုအခြေခံပြီး ပြောတဲ့အခါကျတော့ ဗီတိုအာဏာကလည်း ဆရာတို့မှာ အခက်အခဲတွေရှိလာတဲ့အခါကျတော့ တရုတ်နဲ့ ရုရှားအကူအညီနဲ့ပဲ ရှိလာတာပေါ့။ဒီကိစ္စတွေအားလုံးက အတိတ်သမိုင်းကို သုံးသပ်ဖို့လိုလိမ့်မယ်။

အဲ့ဒီအခါကျတော့ ဒီလိုအခြေအနေရှိရာကနေ ဦးသန်းရွှေ ပြီးသွားလို့ ဦးသိန်းစိန်လက်ထက် အခု NLD လက်ထက်မှာ ဒီမိုကရေစီလှုပ်ရှားမှုကိုအားပေးခဲ့တာ အနောက်နိုင်ငံတွေက NLD တက်လာတာကို အားရတယ်။သူတို့အနေနဲ့ ဖြေလျှော့မှုတွေအများကြီးပေးခဲ့တယ်။အရင်တုန်းက သတ်မှတ်ထားတဲ့ (sanction) တွေ ဘာညာအားလုံးကို တော်တော်လေး လျှော့လျှော့ပေါ့ပေါ့လုပ်ခဲ့တယ်။ဒါပေမဲ့ ဒီဘက်အပိုင်းမှာကျတော့လည်း တရုတ်ရဲ့ OBOR ကလည်း ကိုယ့်နိုင်ငံအတွက် တော်တော်အရေးကြီးတယ်။တရုတ်အတွက်လည်း အရေးကြီးတယ်။အဲ့အခါကျတော့ အမေရိကန်နိုင်ငံကလည်း စိတ်ပူတာဖြစ်မှာပါ။သူတို့အနေနဲ့  တရုတ်နဲ့ တရုတ်ဘက်ကိုပါသွားသလား။အဲ့တော့ ဆရာတို့တစ်ချိန်လုံးပြောနေတာ မြန်မာနိုင်ငံသည် ဘက်မလိုက်ပေါ့ အရင်တုန်းကပြောခဲ့တဲ့ စကားလုံးရှိတယ်လေ၊ ဘက်မလိုက်ပဲနေတယ်။

အုပ်စုတိုက်ပွဲတွေမှာပေါ့ ကိုယ်ကမကင်းနိုင်ပေမဲ့ ဒီထဲမပါဖို့လိုတယ်လေ၊ ကိုယ့်မှာလည်း စီးပွားရေး၊ နိုင်ငံရေးတင်မက ကိုယ့်မှာလုံခြုံရေးပြဿနာကလည်းရှိနေတာကိုး။တိုင်းရင်းသားလှုပ်ရှားမှုတွေ ပုန်ကန်မှုတွေအားလုံးကလည်း အထူးသဖြင့် နယ်စပ်တွေမှာ ဒါတွေနဲ့ပတ်သက်နေတာကိုး။
အခုလို သူတို့သံတမန်ရေးရာ နှစ်နိုင်ငံအချင်းချင်းပြဿနာထဲမှာ ကိုယ်ကကြားထဲကမပါဖို့ အရေးကြီးပါတယ်။အဲ့တော့ ကိုယ့်ဘက်က တပ်မတော်ရဲ့သဘောထားလည်း ရှိနေတာကိုး။တပ်မတော်သဘောထားလည်းရှိတယ်။နိုင်ငံတော်အစိုးရရဲ့ သဘောထားလည်းရှိတော့ အမှန်ကတော့ တစ်ချိန်လုံးကျင့်သုံးခဲ့တဲ့ ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒတွေကိုကျင့်သုံးတာ တစ်ဖက်ကရှိနေဖို့ တစ်ဖက်ကလည်း တရုတ်နဲ့က စီးပွားရေးအရ ပိုပြီးတော့နီးစပ်တယ်၊ ပတ်သက်မှုရှိတယ်။အဲ့တော့ အရေးကြီးတာက ကိုယ်ကသိမ်သိမ်မွေ့မွေ့နဲ့ လှုပ်ရှားနိုင်ဖို့ပဲလိုတာပေါ့။ဘာလို့လဲဆိုတော့ ဒီနှစ်ခုလုံးက ကင်းလို့မရဘူး။အဲ့တော့ တစ်ဖက်ကို တစ်ဖက် ဘက်လိုက်လို့ကလည်းမဖြစ် တရုတ်ဘက်လိုက်ရင် ပြဿနာရှိသလို အမေရိကန်ဘက်ကိုလိုက်ရင်လည်း ပြဿနာကရှိနိုင်တယ်။

အဲဒီတော့ ကိုယ့်မှာက အားလုံးဘက်စုံထောင့်စုံကနေ အဆင်ပြေအောင်နေရမှာပါပဲ။အဲ့တော့ ဆရာထင်တာကတော့ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာပေါ့လေ။ဒီအခြေအနေဟာ ဘက်လိုက်လို့မရတဲ့အခြေအနေ နောက်တစ်ခုက ဆရာတို့မှာလည်း ရွေးကောက်ပွဲကနီးနေပြီ၊ အဲ့တော့ ရွေးကောက်ပွဲနီးစပ်မှုကလည်း သူတို့အခု ဒီလိုလှုပ်ရှားမှုကလည်း အဲ့ဒါနဲ့လည်းပတ်သက်တယ်ထင်တယ်။ဟုတ်တယ်မလား။ရွေးကောက်ပွဲနီးစပ်လာတော့ သူတို့က သူတို့ဘာပဲဖြစ်ဖြစ် နိုင်ငံတိုင်းက ကိုယ့်အရေးကိုယ်ကြည့်တာပဲလေ။အခြားနိုင်ငံကို စေတနာရှိတယ် ဘာညာဆိုပေမဲ့ တရုတ်လည်း အရေးရယ်အကြောင်းရယ်ဖြစ်လာပြီဆိုရင် သူ့နိုင်ငံကိုကြည့်တာပဲလေ။အမေရိကန်နိုင်ငံလည်း ဒီအတိုင်းပဲ။ဆရာတို့အနေနဲ့လည်း ကိုယ့်နိုင်ငံအရေးကို ကိုယ်ကြည့်ရမှာပါပဲ။အဲ့လိုတိုင်းပြည်တာဝန်ယူနေတဲ့သူတွေကတော့ အဲ့ဒီဟာကိုချင့်ချိန်ပြီးတော့ ဆရာတို့လှုပ်ရှားနိုင်ဖို့ပဲ မျှော်လင့်ရတာပါပဲ။အခုလည်းလှုပ်ရှားနိုင်တာပါပဲ။

အခုကတော့နော် သူတို့ရေးရာတွေပြောနေတာ မှတ်ချက်တွေက သူတို့အချင်းချင်း အပြန်အလှန်ဖြစ်နေတာကိုး။ကိုယ့်အနေနဲ့က မြေဇာပင်မဖြစ်ဖို့လိုတယ်။ကိုယ်က ဒီအထဲမှမပါဖို့လိုတယ်။ကိုယ့်ဘာသာကိုယ် ရပ်တည်ဖို့လိုတယ်၊ ကိုယ့်ရဲ့အချုပ်အခြာအာဏာရယ် ကိုယ်ရဲ့စီးပွားရေးအရဆိုရင်တော့ အမေရိကန် အနောက်နိုင်ငံတွေနဲ့ အာဆီယံ၊ တရုတ်နဲ့ ဂျပန်၊ ကိုရီးယားဆိုရင် အာဆီယံ+၃ ဆိုရင် ဆရာတို့အတွက် ပိုပြီးတော့အရေးကြီးတာက အာဆီယံ+၃ က ပိုပြီးတော့အရေးကြီးတယ်လေ၊ အဲ့လိုချိန်လိုက်ရင်ပေါ့လေ၊ အနောက်နိုင်ငံတွေအနေနဲ့ကတော့ နိုင်ငံရေးဖိအားပေးမှု အားပေးမှုတွေရှိခဲ့တယ်၊ ဒီမိုကရေစီအရရော အနောက်နိုင်ငံက လူ့အခွင့်အရေးတွေကိုအခြေခံပြီး လုပ်ခဲ့တာတွေကိုတော့ ဒါကတော့အသိအမှတ်ပြုရမှာပေါ့။

Opinion Leaders Media ။     ။ နောက်တစ်ခုက ဒီဟာဆက်စပ်ပြီးတော့ ဒီလိုမျိုးနိုင်ငံရေးတွေက စိတ်ဝင်စားလာတဲ့အတွက် လက်ရှိမှာဆိုရင် တရုတ်နိုင်ငံမှာရှိတဲ့ လုပ်ငန်းတွေတော်တော်များများ ဂျပန်ဆိုရင် တော်တော် များများကို စထုတ်စပြုနေတာတွေ့ရတယ်။အမေရိကန်လည်း စထုတ်လာတော့ အခုလိုမျိုးဖြစ်လာတဲ့အတွက် မြန်မာနိုင်ငံမှာ အနောက်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုက ပိုအားကောင်းလာနိုင်လား၊ နောက်တစ်ချက်က မြန်မာနိုင်ငံအတွက် နိုင်ငံတကာမှာ အနောက်အုပ်စုရဲ့အလေးပေးမှုကို ပြန်ရလာနိုင်မလား၊ ဘာအခွင့်အရေးတွေရှိလာနိုင်မလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခု အဲ့ဒါပေါ့ ရဖို့ပဲလိုတာလေ၊ ကိုယ့်နိုင်ငံအတွက် ကိုယ့်ကတော့ ကိုယ့်နိုင်ငံသား ကိုယ့်နိုင်ငံအတွက် အကျိုးရှိဖို့ပဲစဉ်းစားရမယ်၊ ကိုယ့်နိုင်ငံအတွက် အကျိုးရှိလား၊ မရှိဘူးလား ဒါပဲ။သူတို့ တစ်ယောက်နဲ့တစ်ယောက် အချင်းဖြစ်နေတာ အငြင်းပွားနေတာကတစ်ပိုင်း။သူတို့က ကိုယ့်ဆီကို တကယ်ပဲရင်းနှီးမြှုပ်နှံမလား။သူတို့မှာလည်း ကိုဗစ်ကိစ္စဖြစ်နေတော့ သူတို့စီးပွားရေးကလည်း ကောင်းတာမဟုတ်ဘူး။အဲ့တော့ စီးပွားရေးမကောင်းတဲ့ ကမ္ဘာကကပ်ဆိုက်နေတဲ့အချိန်မှာ ကိုယ်က ကိုယ့်အတွက်အဖြေတစ်ခုရအောင်တော့ ကြိုးစားရမှာပါပဲ။မကြိုးစားလို့မှမရတာ အဲ့တော့ ကိုယ့်အတွက် အနောက်ကလာ၏၊ မလာ၏ဆိုတာက တစ်ပိုင်းလေ။

ကိုယ့်အတွက်လိုတာကတော့ ရင်းနှီးမြှုပ်နှံမှုက အနောက်နိုင်ငံပဲဖြစ်ဖြစ် အရှေ့နိုင်ငံပဲဖြစ်ဖြစ် လိုတာပါပဲ။ဆရာတို့မှာ ရင်းနှီးမြှုပ်နှံမှု အလုပ်လက်မဲ့ပြဿနာက အတော်ကြီးကြီးနေတဲ့အခါကျတော့ စီးပွားရေးနာလန်ထဖို့ကတော့ အဓိကဖြစ်နေတယ်။အရေးကြီးနေတာပါပဲ။

Opinion Leaders Media ။     ။ နောက်တစ်ခုက ဒီလိုမျိုးထုတ်ပြန်ချက်တွေရှိတယ်၊ လတ်တလောမှာ “၀” ဘက်က အွန်လိုင်းမှာတက်လာတယ်၊ သူ့နိုင်ငံမှာ အခြေခံဥပဒေရေးဆွဲတာတို့။လတ်တလောမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမေရိကန်-တရုတ် အပြန်အလှန်ထုတ်ပြန်ချက်တွေ အခုလိုမျိုးထုတ်ပြန်ခဲ့တဲ့အတွက် တိုင်းရင်းသားအရေးကိစ္စတွေမှာ ဘယ်လောက်အထိ ထိန်းထိန်းသိမ်းသိမ်းလုပ်လာနိုင်လဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ “၀” တို့ ကိုးကန့်တို့ဆိုရင် တိုင်းရင်းသားဆိုပေမဲ့ သူတို့နဲ့ပိုပြီးနီးစပ်တယ်လေ၊ မိုင်းလားတို့ ဘာတို့ဆိုရင် တကယ်တမ်းတော့ သူတို့ဒေသတွေမှာ တရုတ်ငွေသုံးနေတာ တရုတ်နဲ့ပိုပြီးနီးစပ်တဲ့ အနေအထားရှိတာကိုး။ဆရာတို့အနေနဲ့ အဲ့လိုနီးစပ်တဲ့အနေအထားရှိတာကို ဒီဟာကို ကိုယ့်မှာလည်းခက်တာက ကိုယ့်ရဲ့ငြိမ်းချမ်းရေး ပြည်တွင်းငြိမ်းချမ်းရေး အခုဆိုရင် ပင်လုံ၊ ဒုတိယပင်လုံ ဆွေးနွေးမှုတွေက အရေးကြီးလာတယ်။အရှိန်တွေတက်လာတဲ့အခါကျတော့ အခု မကြာခင်ကျင်းပတော့မယ့် ညီလာခံမှာလည်း အားလုံးပါဝင်ဖို့လိုတယ်လေ။ NCA ထိုးထားတဲ့သူတွေရော မထိုးထားတဲ့သူတွေရော ပါဝင်ဖို့လိုတယ်လေ၊ အဲ့လိုပါဝင်ဖို့ သူတို့အနေနဲ့လုပ်ပေးနိုင်မလားပေါ့လေ၊ တရုတ်က ဒါကိုဘယ်လောက်အကူအညီပေးနိုင်မလဲ၊ အမြန်အကူအညီပေးနိုင်လေ ကောင်းလေပေါ့လေ၊ အရေးကြီးတာကတော့ ဒီကြားထဲမှာ ကိုယ်ကအမြတ်ရဖို့ပဲလိုတယ်။ကိုယ့်အတွက် ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကို ကိုယ်ကစဉ်းစားဖို့လိုပါတယ်။

Opinion Leaders Media ။     ။ နောက်တစ်ခုက စီးပွားရေးပါ ဆရာ။နိုင်ငံတော်အတိုင်ပင်ခံကလည်း ပြီးခဲ့တဲ့ဗီဒီယိုကွန်ဖရင့်တွေမှာ စီးပွားရေးနဲ့ပြောတာရှိပါတယ်။မြန်မာနိုင်ငံကို ကိုဗစ်ကာလအလွန်မှာ နယူးဇီလန်လို စိုက်ပျိုးရေးတင်ပို့တဲ့နိုင်ငံအဖြစ် ရည်ရွယ်ထားတယ်လို့ ပြောထားတယ်။လက်ရှိမှာ တရုတ်နိုင်ငံကို အဓိကဦးတည်ပြီးပို့နေတဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေကို အခြားနိုင်ငံတွေကို စျေးကွက်ပြောင်းလဲဖို့ အစိုးရဘက်ကကြိုးစားနေတာ တွေ့ရပါတယ်။ဒါပေမဲ့ အခုလောလောဆယ် ဒီ (Sector) တွေဘက် အာရုံထားတာ သိပ်မတွေ့ရဘဲ ရွေးကောက်ပွဲဘက်ကို အကုန်လုံးဦးတည်နေတာကို တွေ့ရပါတယ်။မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲကို လူတိုင်း၊ လူတိုင်းက ဦးတည်ထားပြီး တခြားစီးပွားရေးနဲ့ ဥပဒေစိုးမိုးရေးကို အာရုံမစိုက်ခဲ့ရင် လက်ရှိစီးပွားရေးအခြေအနေတွေ၊ တရားဥပဒေစိုးမိုးရေး အခြေအနေတွေက  ဘယ်လောက်အထိ ဆိုးဆိုးရွားရွားဖြစ်လာနိုင်မလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ သူတို့က အဲ့ဒီပြဿနာပေါ့။ဆရာတို့ပြောတဲ့ နိုင်ငံရေးပြက္ခဒိန်ခေါ်တာပေါ့၊ နိုင်ငံရေးပြက္ခဒိန်က အားလုံးက အဲ့လိုပဲ အမေရိကန်နိုင်ငံလည်း ဒီအတိုင်းပဲ အမေရိကန်နိုင်ငံမှာလည်း ဒီလောက်အကြီးအကျယ်ဖြစ်နေတဲ့ ကိုဗစ် ၁၉ ကို ထရမ့် က အာရုံမရှိဘူး။
သူ့အာရုံက ရွေးကောက်ပွဲနိုင်ဖို့ပဲ၊ ဆရာတို့ကြောက်စရာကြီး တစ်နေ့ကိုသောင်းနဲ့ချီဖြစ်နေတာကို ခေါင်းထဲသိပ်မရှိဘူး။ကိုယ့်ဆီမှာလည်း တဖြေးဖြေး တဖြေးဖြေး ရွေးကောက်ပွဲနီးစပ်လာတာနဲ့အမျှ နိုင်ငံရေးအာရုံတွေကပိုများလာတယ်လေ။နိုင်ငံရေးအာရုံတွေပိုများလာတော့ နိုင်ငံရေးဇာတ်ခုံမှာပါတဲ့ လှုပ်ရှားလာတဲ့သူတွေအားလုံးက ဒီဘက်ကိုပဲအာရုံရှိတာ အဲ့လိုအာရုံရှိတော့ ကိုယ့်ရဲ့ရေရှည်အတွက် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အားလုံးက နည်းနည်းလေးအာရုံလျော့လာတာပေါ့။အဲ့လို အာရုံလျော့လာတာသည် ရေရှည်မထိခိုက်ဖို့လိုပါတယ်။
ဆရာ့စိတ်ထဲတော့ ရွေးကောက်ပွဲကာလမတိုင်ခင်ကတော့ လူတွေအားလုံးရဲ့အာရုံက အဲ့ဘက်ပဲရောက်နေမှာလေ၊ ဒါကလည်း သဘာ၀ကျတယ်လေ။ကိုယ်ကနိုင်ချင်တာကို ပုံစံအမျိုးမျိုးနဲ့မဲဆွယ်ကြမယ်၊ ပုံစံအမျိုးမျိုးနဲ့ စဉ်းစားကြတဲ့အခါကျတော့ ဒီအခြေခံကျတဲ့ စီးပွားရေးကို အာရုံမရှိတော့ ဆက်ပြီးလုပ်ရမှာက ပုဂ္ဂလိကပဲ ပုဂ္ဂလိကကလည်း ဒီထဲမပါပဲ ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်ဖို့လိုပါတယ်။ပုဂ္ဂလိကအခန်းကဏ္ဍကတော့ ပိုပြီးအရေးပါလာမယ်လို့ အောက်မေ့ပါတယ်။

Opinion Leaders Media ။     ။ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာလည်း ဒီလိုမျိုး ကိုဗစ်အလွန်ကာလအတွက်ကို ဘဏ္ဍာပေါ့နော် စုဆောင်းထားတဲ့ဘဏ္ဍာတွေကို စိုက်ထုတ်ပြီး ထည့်သုံးနေကြတယ်၊ အရပ်ဘက်မှာလည်း ကိုယ့်မှာစုဆောင်းထားတဲ့ပိုက်ဆံကို စီးပွားရေးပြန်နိုးထဖို့လုပ်နေကြတယ်။ဒါပေမဲ့ နိုင်ငံတကာမှာလည်း ဒီမေးခွန်းကတော်တော်များများထွက်နေတာ အဲ့လိုဘတ်ဂျက်တွေဝင်သုံးပြီးတော့ တကယ်လို့  စီးပွားရေးပြန်မတက်လာရင် ပြိုလဲသွားရင် ဘယ်လိုလုပ်မလဲ၊ ဘယ်လိုပြင်ဆင်ထားလဲဆိုတာကို အဖြေမရှိဘူးဖြစ်နေတယ်။မြန်မာနိုင်ငံမှာရော ဒီလိုမျိုးဖြစ်လာခဲ့ရင် ဘယ်လောက်အထိဖြစ်လာနိုင်မလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဒီလို အဲ့ကိစ္စက ဆရာထင်တယ်၊ အရေးကြီးတယ်၊ ဘာလို့အရေးကြီးလဲဆိုတာက NLD အစိုးရတက်လာထဲက ဘတ်ဂျက် (deficit) ကို သိပ်ကြောက်တယ်၊ လိုငွေပြ အစိုးရရဲ့ဘတ်ဂျက်ကို အသုံးစရိတ်နဲ့ ဝင်ငွေနဲ့ အသုံးစရိတ်နော်။ဝင်ငွေ၊ ထွက်ငွေကို သူကတော်တော်ထိန်းတာကိုး။တောက်လျှောက်က သူတို့ထိန်းထားတာက သူတို့သည် မလိုပဲနဲ့မသုံးဘူး။တတ်နိုင်သမျှ စရိတ်ကိုလျှော့မယ်၊ လျှော့တဲ့အခါကျ သူတို့ကလည်း ကိုဗစ်မတိုင်ခင်အထိကတော့ အောင်မြင်တယ်၊ နိုင်ငံတော်အစိုးရရဲ့ ဘတ်ဂျက်က (deficit) မရှိဘူး။
လိုငွေပြတာမရှိဘူး၊ အဲ့တော့ ချေးပြီးသုံးတဲ့ဟာမဟုတ်ဘူး၊ ရှိတာလေးနဲ့ခြိုးခြံပြီးတော့ ကျစ်ကျစ်လစ်လစ်လေးလုပ်တယ်။အဲ့တော့ အခုအချိန်မှာ အချို့နိုင်ငံတွေကတော့ ကိုဗစ်ပြန်လည်နာလန်ထူရေးအတွက်ကို (deficit) ကို ခေါင်းထဲမထည့်တော့ဘူး။
အကြွေးတင်ခံပြီးတော့ ချေးတယ်ဆိုပြီး အကြီးအကျယ်လုပ်နေကြတယ်။အဲ့တော့ ကိုယ့်နိုင်ငံမှာတော့ အဲ့ဟာက လွန်ဆွဲနေရတာလေ၊

အစိုးရတက်လာတည်းက အရင်အစိုးရတွေလုပ်ခဲ့တဲ့ လိုငွေပြဘတ်ဂျက်ကို သူတို့ကလက်မခံချင်ဘူး။သူတို့လက်ထက်မှာတော့ ဒီလိုငွေပြတာကို မလိုချင်တဲ့အတွက် မချေးဘူးဆိုတဲ့ အနေအထားရှိခဲ့တာကိုး။ရှိခဲ့တော့ ဥပမာ - ဆရာတို့ အခုထိသုံးနေတဲ့ ကိုဗစ်အတွက် သုံးတဲ့ငွေပမာဏကိုကြည့်လိုက်ရင် GDP ရဲ့ ဘာမှမရှိဘူး၊ အချိုးအနေနဲ့ ဒါဘာကြောင့်လဲဆိုတော့ လိုငွေပြမှာကြောက်လို့ တစ်ချို့နိုင်ငံတွေကတော့ လိုငွေပြတာကို ခေါင်းထဲမရှိဘူး။နာလန်ထဖို့အရေးကြီးတယ်ဆိုပြီး တအားအော်တယ်လေ။စင်ကာပူတို့ ဂျပန်တို့ ကျန်တဲ့ကုမ္ပဏီတွေ တော်တော်အော်ရတယ်။ဆရာတို့မှာတော့ အခုနထဲက သူတို့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေတာပေါ့၊ ဒါပေမဲ့ အခုက AGB က ချေးမယ်လို့ ကမ္ဘာ့ဘဏ်ကချေးမယ်လို့ ပြောနေကြတာလေ၊ အဲ့တော့ဘာပဲဖြစ်ဖြစ် အခုနကကပြောသလို ဒီဟာကတော့လိုတယ်လေ။ပြန်နလန်ထဖို့ဆိုရင် ဒီထက်မကတော့သုံးရတော့မယ်၊ အခုချေးတဲ့ ၁၀၀ ဘီလျံတို့ ၂၀၀ ဘီလျံတို့ ၅၀၀ ဘီလျံတို့ထက်ကို  ထရီလျံနဲ့ချီသုံးရတော့မှာ အဲ့တော့ သုံးနိုင်မယ်၊ မသုံးနိုင်ဘူး။သုံးမယ်၊ မသုံးဘူးဆိုတာကလည်း အဲ့တော့ အခုနကလိုပြဿနာက နိုင်ငံရေးပြဿနာဖြစ်လာတာပေါ့။

ရွေးကောက်ပွဲလည်းနီးတော့ ဒီထဲအာရုံဘယ်လောက်ရှိနိုင်လဲ။အားလုံးက အဲ့ဒီအာရုံနှစ်ခုပဲ၊ စီးပွားရေးအာရုံနဲ့ နိုင်ငံရေးအာရုံပေါ့လေ။အာရုံနှစ်ခုက တစ်ခုနဲ့တစ်ခုက ဝိရောဓိဖြစ်နေတာကိုး။နိုင်ငံရေးအာရုံ စိုက်ရင် စီးပွားရေးအာရုံလျော့သွားရော၊ စီးပွားရေးအာရုံစိုက်ရင် နိုင်ငံရေးမှာလျော့တယ်။အဲ့နှစ်ခုလုံး တစ်ပြိုင်နက်ဆိုတာက ဆရာတို့အတော်လေးကိုခဲယဉ်းတယ်။ဒါကြောင့်မို့ နိုင်ငံတော်အစိုးရက တော်တော်လေးကို သူ့ခမျာလည်း အာရုံကတော့ ဆရာထင်ပါတယ်၊ နိုင်ငံရေးပါတီတွေအားလုံး ဒီအတိုင်းပဲပေါ့၊ ရွေးကောက်ပွဲအနိုင်ရရေးကို ဦးတည်တော့မှာပဲလေ၊ ပြီးတော့မှ နောက်ကိစ္စကိုရှင်းမယ်ထင်တယ်။

Opinion Leaders Media ။     ။ အကုန်ခြုံကြည့်မယ်ဆိုရင် စီးပွားရေးနဲ့ နိုင်ငံရေးကို မျှတအောင်လုပ်မှရမယ်ဆိုတဲ့ သဘောပေါ့နော် ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာတို့အမြဲတမ်းပြောနေတဲ့ (political economy) နိုင်ငံရေးဘောဂဗေဒ အခုကတော့ တကယ့်ကို (tex book) ပေါ့နော်၊ ဒီကျောင်းသုံးကျမ်းတွေမှာပါတဲ့အတိုင်း ဖြစ်နေတာပေါ့။နိုင်ငံရေးနဲ့ဘောဂဗေဒ နိုင်ငံရေးဝေါဟာရဖြစ်ပြီးတော့ နိုင်ငံရေးဆိုတာသပ်သပ်မရှိဘူး၊ စီးပွားရေးဆိုတာသပ်သပ်မရှိဘဲ နှစ်ခုလုံးရောနေတာ အခုလိုပြန်လည်နာလန်ထူဖို့ စဉ်းစားတဲ့အခါမှာပိုပြီး စီးပွားရေးချည်းဘဲ အာရုံမစိုက်ပဲနဲ့ နိုင်ငံရေးဘက်ကိုပဲ အာရုံထားတဲ့အနေအထားရှိလာတာပေါ့နော်။

Opinion Leaders Media ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
ဇူလိုင် -၂၃

( Zawgyi )

မၾကာမီက ျမန္မာႏိုင္ငံရွိ အေမရိကန္သံ႐ုံးမွ သံ႐ုံးယာယီတာဝန္ခံက ျမန္မာႏိုင္ငံအတြင္း တ႐ုတ္ႏိုင္ငံမွ လာေရာက္ရင္းႏွီးျမဳပ္ႏွံသည့္ စီးပြားေရးလုပ္ငန္းမ်ား၊ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားႏွင့္ တိုင္းရင္းသားလက္နက္ကိုင္မ်ားအေရးႏွင့္ ပတ္သက္ကာ တ႐ုတ္ႏိုင္ငံကိုေဝဖန္တိုက္ခိုက္သည့္ ေဆာင္းပါးတစ္ေစာင္ကို ထုတ္ျပန္ခဲ့ပါတယ္။တ႐ုတ္ႏိုင္ငံသံ႐ုံးကလည္း ေနာက္တစ္ရက္တြင္ အဆိုပါေဝဖန္တိုက္ခိုက္မႈကို ျပန္လည္တုံ႔ျပန္ကာ အေမရိကန္၏ ေဒသတြင္းျပဳမူပုံကို ေစာေၾကာေဝဖန္ခဲ့သျဖင့္ လတ္တေလာ ကမာၻအေရးတြင္ ထိပ္တိုက္ေတြ႕ေနသည့္ ႏိုင္ငံႀကီးႏွစ္ႏိုင္ငံတို႔က ျမန္မာႏိုင္ငံအတြင္း အျပန္အလွန္ေဝဖန္မႈက ကမာၻတြင္သတိထားစရာျဖစ္လာခဲ့သလို ျမန္မာႏိုင္ငံမွာ ႏိုင္ငံႀကီးႏွစ္ႏိုင္ငံ၏ ႏိုင္ငံေရးစစ္တလင္းျဖစ္လာမလားဆိုသည့္ စိုးရိမ္မႈမ်ား ျပည္တြင္းမွာထြက္လာခဲ့ပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္အေရးႏွင့္ က်န္းမာေရးကပ္ေဘးေၾကာင့္ မလူးသာမလြန႔္သာ ႏိုင္ငံေရးမတည္မၿငိမ္ျဖစ္ေနသည့္ အေျခအေနတြင္ ယခုကဲ့သို႔ ကမာၻ႔ႏိုင္ငံႀကီးႏွစ္ႏိုင္ငံ၏ ႏိုင္ငံေရးကစားမႈသာ ျမန္မာႏိုင္ငံတြင္ျဖစ္လာခဲ့ပါက ႏိုင္ငံ၏ စီးပြားေရး၊ လူမႈေရးႏွင့္ ၿငိမ္းခ်မ္းေရးတို႔တြင္ သက္ေရာက္လာႏိုင္သည့္ ဆိုးက်ိဳး၊ ေကာင္းက်ိဳး၊ ျဖစ္လာႏိုင္သည့္ ဆင့္ကဲသက္ေရာက္မႈႏွင့္ မည္သို႔လုပ္ေဆာင္သင့္သည္ စသည့္ ခန႔္မွန္းတြက္ခ်က္မႈမ်ားကို လက္ရွိျဖစ္ေနသည့္ ႏိုင္ငံေရးအေျခအေန၊ စီးပြားေရးအေျခအေနမ်ားႏွင့္ခ်ိန္ထိုးကာ ႏိုင္ငံေတာ္သမၼတ၏ ၿငိမ္းခ်မ္းေရးႏွင့္ စီးပြားေရးအႀကံေပးအဖြဲ႕ဝင္ျဖစ္သူ ဝါရင့္စီးပြားေရးပညာရွင္ ပါေမာကၡ ဆရာ ေဒါက္တာေအာင္ထြန္းသက္အား အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ လတ္တေလာ ျမန္မာစီးပြားေရးဆိုင္ရာ အေၾကာင္းကိစၥမ်ားအေပၚ ရႈျမင္သုံးသပ္ခ်က္အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders Media ။     ။ မၾကာခင္က အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံသံ႐ုံးေတြ အျပန္အလွန္စာထုတ္ၿပီး ျမန္မာႏိုင္ငံအတြင္းေဆာင္႐ြက္ေနတဲ့ တ႐ုတ္နဲ႔ အေမရိကန္တို႔ရဲ႕ လုပ္ေဆာင္မႈေတြအေပၚ ေဝဖန္ခဲ့ၾကတာကိုေတြ႕ရပါတယ္။ဒီလိုကမာၻ႔ႏိုင္ငံႀကီးေတြ ျမန္မာႏိုင္ငံမွာ အျပန္အလွန္ႏိုင္ငံေရးအရတိုက္ခိုက္တာ ျမန္မာႏိုင္ငံမွာ ျဖစ္ေတာင့္ျဖစ္ခဲ့ျဖစ္သလို ျမန္မာႏိုင္ငံအေနနဲ႔  ပထဝီႏိုင္ငံေရးအရ အင္အားႀကီးႏိုင္ငံေတြရဲ႕ ႏိုင္ငံေရးကစားကြက္ထဲေရာက္သြားတဲ့အတြက္ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးနဲ႔ ဒီမိုကေရစီျဖစ္ထြန္းမႈမွာ ျပည္တည္ေဆာက္ကာစ စီးပြားေရး၊ တိုင္းရင္းသားအေရးမွာ ဘယ္လိုေတြသက္ေရာက္လာႏိုင္ပါသလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဒီလိုေလ တစ္ခုကေတာ့ ဆရာတို႔ ပထဝီႏိုင္ငံေရးေပါ့ေနာ္ (Geopolitics) ေပါ့၊ ဆရာတို႔ ကိုယ့္ႏိုင္ငံက တ႐ုတ္နဲ႔နီးစပ္ေနတယ္၊ နီးစပ္တယ္ဆိုတာက အိမ္နီးနားခ်င္းႏိုင္ငံျဖစ္ေနတယ္။ဆရာတို႔ သမိုင္းကိုျပန္ၾကည့္ရင္ တခ်ိန္တုန္းကေတာ့ ဦးႏုတို႔လက္ထက္တုန္းက ေပါက္ေဖာ္တို႔နဲ႔က ေတာ္ေတာ္ေလးအဆင္ေျပတယ္။သူတို႔တုန္းက ထူးျခားတာက အစိုးရခ်င္း အစိုးရခ်င္း အဆင္ေျပသလို ပါတီခ်င္း ပါတီခ်င္း အဆင္ေျပေနေတာ့ တ႐ုတ္ကြန္ျမဴနစ္ပါတီက ျမန္မာကြန္ျမဴနစ္ပါတီကို အားေပး၊ အားေျမႇာက္ျပဳတဲ့ အေျခအေနရွိပါတယ္။အဲ့ဒါကလည္း ဦးေနဝင္း တက္တဲ့ေခတ္မွာလည္း အဲ့ပုံစံပဲ၊ ႏိုင္ငံေတာ္အစိုးရအခ်င္းခ်င္းကလည္း အဆင္ေျပတယ္။ပါတီခ်င္းကလည္း အဆင္ေျပတယ္။ႏွစ္ႏိုင္ငံ ကြန္ျမဴနစ္ပါတီအခ်င္းခ်င္းၾကားမွာ အဆက္အသြယ္ကမျပတ္ရွိခဲ့တာကိုး။ဒါက ဆရာတို႔ အဲ့ေတာ့ န၀တ တက္လာတဲ့အခ်ိန္မွာက်ေတာ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ဘာညာဆိုတဲ့ စြပ္စြဲခ်က္ေတြေၾကာင့္ တေျဖးေျဖး တေျဖးေျဖး အေနာက္ႏိုင္ငံရဲ႕ ဖိအားေပးမႈေပါ့၊ အထူးသျဖင့္ လူ႔အခြင့္အေရးကိုအေျခခံၿပီး ေျပာတဲ့အခါက်ေတာ့ ဗီတိုအာဏာကလည္း ဆရာတို႔မွာ အခက္အခဲေတြရွိလာတဲ့အခါက်ေတာ့ တ႐ုတ္နဲ႔ ႐ုရွားအကူအညီနဲ႔ပဲ ရွိလာတာေပါ့။ဒီကိစၥေတြအားလုံးက အတိတ္သမိုင္းကို သုံးသပ္ဖို႔လိုလိမ့္မယ္။

အဲ့ဒီအခါက်ေတာ့ ဒီလိုအေျခအေနရွိရာကေန ဦးသန္းေ႐ႊ ၿပီးသြားလို႔ ဦးသိန္းစိန္လက္ထက္ အခု NLD လက္ထက္မွာ ဒီမိုကေရစီလႈပ္ရွားမႈကိုအားေပးခဲ့တာ အေနာက္ႏိုင္ငံေတြက NLD တက္လာတာကို အားရတယ္။သူတို႔အေနနဲ႔ ေျဖေလွ်ာ့မႈေတြအမ်ားႀကီးေပးခဲ့တယ္။အရင္တုန္းက သတ္မွတ္ထားတဲ့ (sanction) ေတြ ဘာညာအားလုံးကို ေတာ္ေတာ္ေလး ေလွ်ာ့ေလွ်ာ့ေပါ့ေပါ့လုပ္ခဲ့တယ္။ဒါေပမဲ့ ဒီဘက္အပိုင္းမွာက်ေတာ့လည္း တ႐ုတ္ရဲ႕ OBOR ကလည္း ကိုယ့္ႏိုင္ငံအတြက္ ေတာ္ေတာ္အေရးႀကီးတယ္။တ႐ုတ္အတြက္လည္း အေရးႀကီးတယ္။အဲ့အခါက်ေတာ့ အေမရိကန္ႏိုင္ငံကလည္း စိတ္ပူတာျဖစ္မွာပါ။သူတို႔အေနနဲ႔  တ႐ုတ္နဲ႔ တ႐ုတ္ဘက္ကိုပါသြားသလား။အဲ့ေတာ့ ဆရာတို႔တစ္ခ်ိန္လုံးေျပာေနတာ ျမန္မာႏိုင္ငံသည္ ဘက္မလိုက္ေပါ့ အရင္တုန္းကေျပာခဲ့တဲ့ စကားလုံးရွိတယ္ေလ၊ ဘက္မလိုက္ပဲေနတယ္။

အုပ္စုတိုက္ပြဲေတြမွာေပါ့ ကိုယ္ကမကင္းႏိုင္ေပမဲ့ ဒီထဲမပါဖို႔လိုတယ္ေလ၊ ကိုယ့္မွာလည္း စီးပြားေရး၊ ႏိုင္ငံေရးတင္မက ကိုယ့္မွာလုံၿခဳံေရးျပႆနာကလည္းရွိေနတာကိုး။တိုင္းရင္းသားလႈပ္ရွားမႈေတြ ပုန္ကန္မႈေတြအားလုံးကလည္း အထူးသျဖင့္ နယ္စပ္ေတြမွာ ဒါေတြနဲ႔ပတ္သက္ေနတာကိုး။
အခုလို သူတို႔သံတမန္ေရးရာ ႏွစ္ႏိုင္ငံအခ်င္းခ်င္းျပႆနာထဲမွာ ကိုယ္ကၾကားထဲကမပါဖို႔ အေရးႀကီးပါတယ္။အဲ့ေတာ့ ကိုယ့္ဘက္က တပ္မေတာ္ရဲ႕သေဘာထားလည္း ရွိေနတာကိုး။တပ္မေတာ္သေဘာထားလည္းရွိတယ္။ႏိုင္ငံေတာ္အစိုးရရဲ႕ သေဘာထားလည္းရွိေတာ့ အမွန္ကေတာ့ တစ္ခ်ိန္လုံးက်င့္သုံးခဲ့တဲ့ ဘက္မလိုက္ႏိုင္ငံျခားေရးမူဝါဒေတြကိုက်င့္သုံးတာ တစ္ဖက္ကရွိေနဖို႔ တစ္ဖက္ကလည္း တ႐ုတ္နဲ႔က စီးပြားေရးအရ ပိုၿပီးေတာ့နီးစပ္တယ္၊ ပတ္သက္မႈရွိတယ္။အဲ့ေတာ့ အေရးႀကီးတာက ကိုယ္ကသိမ္သိမ္ေမြ႕ေမြ႕နဲ႔ လႈပ္ရွားႏိုင္ဖို႔ပဲလိုတာေပါ့။ဘာလို႔လဲဆိုေတာ့ ဒီႏွစ္ခုလုံးက ကင္းလို႔မရဘူး။အဲ့ေတာ့ တစ္ဖက္ကို တစ္ဖက္ ဘက္လိုက္လို႔ကလည္းမျဖစ္ တ႐ုတ္ဘက္လိုက္ရင္ ျပႆနာရွိသလို အေမရိကန္ဘက္ကိုလိုက္ရင္လည္း ျပႆနာကရွိႏိုင္တယ္။

အဲဒီေတာ့ ကိုယ့္မွာက အားလုံးဘက္စုံေထာင့္စုံကေန အဆင္ေျပေအာင္ေနရမွာပါပဲ။အဲ့ေတာ့ ဆရာထင္တာကေတာ့ ရွဥ့္လည္းေလွ်ာက္သာ ပ်ားလည္းစြဲသာေပါ့ေလ။ဒီအေျခအေနဟာ ဘက္လိုက္လို႔မရတဲ့အေျခအေန ေနာက္တစ္ခုက ဆရာတို႔မွာလည္း ေ႐ြးေကာက္ပြဲကနီးေနၿပီ၊ အဲ့ေတာ့ ေ႐ြးေကာက္ပြဲနီးစပ္မႈကလည္း သူတို႔အခု ဒီလိုလႈပ္ရွားမႈကလည္း အဲ့ဒါနဲ႔လည္းပတ္သက္တယ္ထင္တယ္။ဟုတ္တယ္မလား။ေ႐ြးေကာက္ပြဲနီးစပ္လာေတာ့ သူတို႔က သူတို႔ဘာပဲျဖစ္ျဖစ္ ႏိုင္ငံတိုင္းက ကိုယ့္အေရးကိုယ္ၾကည့္တာပဲေလ။အျခားႏိုင္ငံကို ေစတနာရွိတယ္ ဘာညာဆိုေပမဲ့ တ႐ုတ္လည္း အေရးရယ္အေၾကာင္းရယ္ျဖစ္လာၿပီဆိုရင္ သူ႔ႏိုင္ငံကိုၾကည့္တာပဲေလ။အေမရိကန္ႏိုင္ငံလည္း ဒီအတိုင္းပဲ။ဆရာတို႔အေနနဲ႔လည္း ကိုယ့္ႏိုင္ငံအေရးကို ကိုယ္ၾကည့္ရမွာပါပဲ။အဲ့လိုတိုင္းျပည္တာဝန္ယူေနတဲ့သူေတြကေတာ့ အဲ့ဒီဟာကိုခ်င့္ခ်ိန္ၿပီးေတာ့ ဆရာတို႔လႈပ္ရွားႏိုင္ဖို႔ပဲ ေမွ်ာ္လင့္ရတာပါပဲ။အခုလည္းလႈပ္ရွားႏိုင္တာပါပဲ။

အခုကေတာ့ေနာ္ သူတို႔ေရးရာေတြေျပာေနတာ မွတ္ခ်က္ေတြက သူတို႔အခ်င္းခ်င္း အျပန္အလွန္ျဖစ္ေနတာကိုး။ကိုယ့္အေနနဲ႔က ေျမဇာပင္မျဖစ္ဖို႔လိုတယ္။ကိုယ္က ဒီအထဲမွမပါဖို႔လိုတယ္။ကိုယ့္ဘာသာကိုယ္ ရပ္တည္ဖို႔လိုတယ္၊ ကိုယ့္ရဲ႕အခ်ဳပ္အျခာအာဏာရယ္ ကိုယ္ရဲ႕စီးပြားေရးအရဆိုရင္ေတာ့ အေမရိကန္ အေနာက္ႏိုင္ငံေတြနဲ႔ အာဆီယံ၊ တ႐ုတ္နဲ႔ ဂ်ပန္၊ ကိုရီးယားဆိုရင္ အာဆီယံ+၃ ဆိုရင္ ဆရာတို႔အတြက္ ပိုၿပီးေတာ့အေရးႀကီးတာက အာဆီယံ+၃ က ပိုၿပီးေတာ့အေရးႀကီးတယ္ေလ၊ အဲ့လိုခ်ိန္လိုက္ရင္ေပါ့ေလ၊ အေနာက္ႏိုင္ငံေတြအေနနဲ႔ကေတာ့ ႏိုင္ငံေရးဖိအားေပးမႈ အားေပးမႈေတြရွိခဲ့တယ္၊ ဒီမိုကေရစီအရေရာ အေနာက္ႏိုင္ငံက လူ႔အခြင့္အေရးေတြကိုအေျခခံၿပီး လုပ္ခဲ့တာေတြကိုေတာ့ ဒါကေတာ့အသိအမွတ္ျပဳရမွာေပါ့။

Opinion Leaders Media ။     ။ ေနာက္တစ္ခုက ဒီဟာဆက္စပ္ၿပီးေတာ့ ဒီလိုမ်ိဳးႏိုင္ငံေရးေတြက စိတ္ဝင္စားလာတဲ့အတြက္ လက္ရွိမွာဆိုရင္ တ႐ုတ္ႏိုင္ငံမွာရွိတဲ့ လုပ္ငန္းေတြေတာ္ေတာ္မ်ားမ်ား ဂ်ပန္ဆိုရင္ ေတာ္ေတာ္ မ်ားမ်ားကို စထုတ္စျပဳေနတာေတြ႕ရတယ္။အေမရိကန္လည္း စထုတ္လာေတာ့ အခုလိုမ်ိဳးျဖစ္လာတဲ့အတြက္ ျမန္မာႏိုင္ငံမွာ အေနာက္ႏိုင္ငံရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈက ပိုအားေကာင္းလာႏိုင္လား၊ ေနာက္တစ္ခ်က္က ျမန္မာႏိုင္ငံအတြက္ ႏိုင္ငံတကာမွာ အေနာက္အုပ္စုရဲ႕အေလးေပးမႈကို ျပန္ရလာႏိုင္မလား၊ ဘာအခြင့္အေရးေတြရွိလာႏိုင္မလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခု အဲ့ဒါေပါ့ ရဖို႔ပဲလိုတာေလ၊ ကိုယ့္ႏိုင္ငံအတြက္ ကိုယ့္ကေတာ့ ကိုယ့္ႏိုင္ငံသား ကိုယ့္ႏိုင္ငံအတြက္ အက်ိဳးရွိဖို႔ပဲစဥ္းစားရမယ္၊ ကိုယ့္ႏိုင္ငံအတြက္ အက်ိဳးရွိလား၊ မရွိဘူးလား ဒါပဲ။သူတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ အခ်င္းျဖစ္ေနတာ အျငင္းပြားေနတာကတစ္ပိုင္း။သူတို႔က ကိုယ့္ဆီကို တကယ္ပဲရင္းႏွီးျမႇဳပ္ႏွံမလား။သူတို႔မွာလည္း ကိုဗစ္ကိစၥျဖစ္ေနေတာ့ သူတို႔စီးပြားေရးကလည္း ေကာင္းတာမဟုတ္ဘူး။အဲ့ေတာ့ စီးပြားေရးမေကာင္းတဲ့ ကမာၻကကပ္ဆိုက္ေနတဲ့အခ်ိန္မွာ ကိုယ္က ကိုယ့္အတြက္အေျဖတစ္ခုရေအာင္ေတာ့ ႀကိဳးစားရမွာပါပဲ။မႀကိဳးစားလို႔မွမရတာ အဲ့ေတာ့ ကိုယ့္အတြက္ အေနာက္ကလာ၏၊ မလာ၏ဆိုတာက တစ္ပိုင္းေလ။

ကိုယ့္အတြက္လိုတာကေတာ့ ရင္းႏွီးျမႇဳပ္ႏွံမႈက အေနာက္ႏိုင္ငံပဲျဖစ္ျဖစ္ အေရွ႕ႏိုင္ငံပဲျဖစ္ျဖစ္ လိုတာပါပဲ။ဆရာတို႔မွာ ရင္းႏွီးျမႇဳပ္ႏွံမႈ အလုပ္လက္မဲ့ျပႆနာက အေတာ္ႀကီးႀကီးေနတဲ့အခါက်ေတာ့ စီးပြားေရးနာလန္ထဖို႔ကေတာ့ အဓိကျဖစ္ေနတယ္။အေရးႀကီးေနတာပါပဲ။

Opinion Leaders Media ။     ။ ေနာက္တစ္ခုက ဒီလိုမ်ိဳးထုတ္ျပန္ခ်က္ေတြရွိတယ္၊ လတ္တေလာမွာ “၀” ဘက္က အြန္လိုင္းမွာတက္လာတယ္၊ သူ႔ႏိုင္ငံမွာ အေျခခံဥပေဒေရးဆြဲတာတို႔။လတ္တေလာမွာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး အေမရိကန္-တ႐ုတ္ အျပန္အလွန္ထုတ္ျပန္ခ်က္ေတြ အခုလိုမ်ိဳးထုတ္ျပန္ခဲ့တဲ့အတြက္ တိုင္းရင္းသားအေရးကိစၥေတြမွာ ဘယ္ေလာက္အထိ ထိန္းထိန္းသိမ္းသိမ္းလုပ္လာႏိုင္လဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ “၀” တို႔ ကိုးကန႔္တို႔ဆိုရင္ တိုင္းရင္းသားဆိုေပမဲ့ သူတို႔နဲ႔ပိုၿပီးနီးစပ္တယ္ေလ၊ မိုင္းလားတို႔ ဘာတို႔ဆိုရင္ တကယ္တမ္းေတာ့ သူတို႔ေဒသေတြမွာ တ႐ုတ္ေငြသုံးေနတာ တ႐ုတ္နဲ႔ပိုၿပီးနီးစပ္တဲ့ အေနအထားရွိတာကိုး။ဆရာတို႔အေနနဲ႔ အဲ့လိုနီးစပ္တဲ့အေနအထားရွိတာကို ဒီဟာကို ကိုယ့္မွာလည္းခက္တာက ကိုယ့္ရဲ႕ၿငိမ္းခ်မ္းေရး ျပည္တြင္းၿငိမ္းခ်မ္းေရး အခုဆိုရင္ ပင္လုံ၊ ဒုတိယပင္လုံ ေဆြးေႏြးမႈေတြက အေရးႀကီးလာတယ္။အရွိန္ေတြတက္လာတဲ့အခါက်ေတာ့ အခု မၾကာခင္က်င္းပေတာ့မယ့္ ညီလာခံမွာလည္း အားလုံးပါဝင္ဖို႔လိုတယ္ေလ။ NCA ထိုးထားတဲ့သူေတြေရာ မထိုးထားတဲ့သူေတြေရာ ပါဝင္ဖို႔လိုတယ္ေလ၊ အဲ့လိုပါဝင္ဖို႔ သူတို႔အေနနဲ႔လုပ္ေပးႏိုင္မလားေပါ့ေလ၊ တ႐ုတ္က ဒါကိုဘယ္ေလာက္အကူအညီေပးႏိုင္မလဲ၊ အျမန္အကူအညီေပးႏိုင္ေလ ေကာင္းေလေပါ့ေလ၊ အေရးႀကီးတာကေတာ့ ဒီၾကားထဲမွာ ကိုယ္ကအျမတ္ရဖို႔ပဲလိုတယ္။ကိုယ့္အတြက္ ဘယ္လိုလုပ္ေပးႏိုင္မလဲဆိုတာကို ကိုယ္ကစဥ္းစားဖို႔လိုပါတယ္။

Opinion Leaders Media ။     ။ ေနာက္တစ္ခုက စီးပြားေရးပါ ဆရာ။ႏိုင္ငံေတာ္အတိုင္ပင္ခံကလည္း ၿပီးခဲ့တဲ့ဗီဒီယိုကြန္ဖရင့္ေတြမွာ စီးပြားေရးနဲ႔ေျပာတာရွိပါတယ္။ျမန္မာႏိုင္ငံကို ကိုဗစ္ကာလအလြန္မွာ နယူးဇီလန္လို စိုက္ပ်ိဳးေရးတင္ပို႔တဲ့ႏိုင္ငံအျဖစ္ ရည္႐ြယ္ထားတယ္လို႔ ေျပာထားတယ္။လက္ရွိမွာ တ႐ုတ္ႏိုင္ငံကို အဓိကဦးတည္ၿပီးပို႔ေနတဲ့ စိုက္ပ်ိဳးေရးထုတ္ကုန္ေတြကို အျခားႏိုင္ငံေတြကို ေစ်းကြက္ေျပာင္းလဲဖို႔ အစိုးရဘက္ကႀကိဳးစားေနတာ ေတြ႕ရပါတယ္။ဒါေပမဲ့ အခုေလာေလာဆယ္ ဒီ (Sector) ေတြဘက္ အာ႐ုံထားတာ သိပ္မေတြ႕ရဘဲ ေ႐ြးေကာက္ပြဲဘက္ကို အကုန္လုံးဦးတည္ေနတာကို ေတြ႕ရပါတယ္။မၾကာခင္က်င္းပမယ့္ ေ႐ြးေကာက္ပြဲကို လူတိုင္း၊ လူတိုင္းက ဦးတည္ထားၿပီး တျခားစီးပြားေရးနဲ႔ ဥပေဒစိုးမိုးေရးကို အာ႐ုံမစိုက္ခဲ့ရင္ လက္ရွိစီးပြားေရးအေျခအေနေတြ၊ တရားဥပေဒစိုးမိုးေရး အေျခအေနေတြက  ဘယ္ေလာက္အထိ ဆိုးဆိုး႐ြား႐ြားျဖစ္လာႏိုင္မလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ သူတို႔က အဲ့ဒီျပႆနာေပါ့။ဆရာတို႔ေျပာတဲ့ ႏိုင္ငံေရးျပကၡဒိန္ေခၚတာေပါ့၊ ႏိုင္ငံေရးျပကၡဒိန္က အားလုံးက အဲ့လိုပဲ အေမရိကန္ႏိုင္ငံလည္း ဒီအတိုင္းပဲ အေမရိကန္ႏိုင္ငံမွာလည္း ဒီေလာက္အႀကီးအက်ယ္ျဖစ္ေနတဲ့ ကိုဗစ္ ၁၉ ကို ထရမ့္ က အာ႐ုံမရွိဘူး။
သူ႔အာ႐ုံက ေ႐ြးေကာက္ပြဲႏိုင္ဖို႔ပဲ၊ ဆရာတို႔ေၾကာက္စရာႀကီး တစ္ေန႔ကိုေသာင္းနဲ႔ခ်ီျဖစ္ေနတာကို ေခါင္းထဲသိပ္မရွိဘူး။ကိုယ့္ဆီမွာလည္း တေျဖးေျဖး တေျဖးေျဖး ေ႐ြးေကာက္ပြဲနီးစပ္လာတာနဲ႔အမွ် ႏိုင္ငံေရးအာ႐ုံေတြကပိုမ်ားလာတယ္ေလ။ႏိုင္ငံေရးအာ႐ုံေတြပိုမ်ားလာေတာ့ ႏိုင္ငံေရးဇာတ္ခုံမွာပါတဲ့ လႈပ္ရွားလာတဲ့သူေတြအားလုံးက ဒီဘက္ကိုပဲအာ႐ုံရွိတာ အဲ့လိုအာ႐ုံရွိေတာ့ ကိုယ့္ရဲ႕ေရရွည္အတြက္ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရး၊ ပညာေရး အားလုံးက နည္းနည္းေလးအာ႐ုံေလ်ာ့လာတာေပါ့။အဲ့လို အာ႐ုံေလ်ာ့လာတာသည္ ေရရွည္မထိခိုက္ဖို႔လိုပါတယ္။
ဆရာ့စိတ္ထဲေတာ့ ေ႐ြးေကာက္ပြဲကာလမတိုင္ခင္ကေတာ့ လူေတြအားလုံးရဲ႕အာ႐ုံက အဲ့ဘက္ပဲေရာက္ေနမွာေလ၊ ဒါကလည္း သဘာ၀က်တယ္ေလ။ကိုယ္ကႏိုင္ခ်င္တာကို ပုံစံအမ်ိဳးမ်ိဳးနဲ႔မဲဆြယ္ၾကမယ္၊ ပုံစံအမ်ိဳးမ်ိဳးနဲ႔ စဥ္းစားၾကတဲ့အခါက်ေတာ့ ဒီအေျခခံက်တဲ့ စီးပြားေရးကို အာ႐ုံမရွိေတာ့ ဆက္ၿပီးလုပ္ရမွာက ပုဂၢလိကပဲ ပုဂၢလိကကလည္း ဒီထဲမပါပဲ ကိုယ္လုပ္စရာရွိတာကို ဆက္လုပ္ဖို႔လိုပါတယ္။ပုဂၢလိကအခန္းက႑ကေတာ့ ပိုၿပီးအေရးပါလာမယ္လို႔ ေအာက္ေမ့ပါတယ္။

Opinion Leaders Media ။     ။ ႏိုင္ငံတိုင္းႏိုင္ငံတိုင္းမွာလည္း ဒီလိုမ်ိဳး ကိုဗစ္အလြန္ကာလအတြက္ကို ဘ႑ာေပါ့ေနာ္ စုေဆာင္းထားတဲ့ဘ႑ာေတြကို စိုက္ထုတ္ၿပီး ထည့္သုံးေနၾကတယ္၊ အရပ္ဘက္မွာလည္း ကိုယ့္မွာစုေဆာင္းထားတဲ့ပိုက္ဆံကို စီးပြားေရးျပန္ႏိုးထဖို႔လုပ္ေနၾကတယ္။ဒါေပမဲ့ ႏိုင္ငံတကာမွာလည္း ဒီေမးခြန္းကေတာ္ေတာ္မ်ားမ်ားထြက္ေနတာ အဲ့လိုဘတ္ဂ်က္ေတြဝင္သုံးၿပီးေတာ့ တကယ္လို႔  စီးပြားေရးျပန္မတက္လာရင္ ၿပိဳလဲသြားရင္ ဘယ္လိုလုပ္မလဲ၊ ဘယ္လိုျပင္ဆင္ထားလဲဆိုတာကို အေျဖမရွိဘူးျဖစ္ေနတယ္။ျမန္မာႏိုင္ငံမွာေရာ ဒီလိုမ်ိဳးျဖစ္လာခဲ့ရင္ ဘယ္ေလာက္အထိျဖစ္လာႏိုင္မလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဒီလို အဲ့ကိစၥက ဆရာထင္တယ္၊ အေရးႀကီးတယ္၊ ဘာလို႔အေရးႀကီးလဲဆိုတာက NLD အစိုးရတက္လာထဲက ဘတ္ဂ်က္ (deficit) ကို သိပ္ေၾကာက္တယ္၊ လိုေငြျပ အစိုးရရဲ႕ဘတ္ဂ်က္ကို အသုံးစရိတ္နဲ႔ ဝင္ေငြနဲ႔ အသုံးစရိတ္ေနာ္။ဝင္ေငြ၊ ထြက္ေငြကို သူကေတာ္ေတာ္ထိန္းတာကိုး။ေတာက္ေလွ်ာက္က သူတို႔ထိန္းထားတာက သူတို႔သည္ မလိုပဲနဲ႔မသုံးဘူး။တတ္ႏိုင္သမွ် စရိတ္ကိုေလွ်ာ့မယ္၊ ေလွ်ာ့တဲ့အခါက် သူတို႔ကလည္း ကိုဗစ္မတိုင္ခင္အထိကေတာ့ ေအာင္ျမင္တယ္၊ ႏိုင္ငံေတာ္အစိုးရရဲ႕ ဘတ္ဂ်က္က (deficit) မရွိဘူး။
လိုေငြျပတာမရွိဘူး၊ အဲ့ေတာ့ ေခ်းၿပီးသုံးတဲ့ဟာမဟုတ္ဘူး၊ ရွိတာေလးနဲ႔ၿခိဳးၿခံၿပီးေတာ့ က်စ္က်စ္လစ္လစ္ေလးလုပ္တယ္။အဲ့ေတာ့ အခုအခ်ိန္မွာ အခ်ိဳ႕ႏိုင္ငံေတြကေတာ့ ကိုဗစ္ျပန္လည္နာလန္ထူေရးအတြက္ကို (deficit) ကို ေခါင္းထဲမထည့္ေတာ့ဘူး။
အေႂကြးတင္ခံၿပီးေတာ့ ေခ်းတယ္ဆိုၿပီး အႀကီးအက်ယ္လုပ္ေနၾကတယ္။အဲ့ေတာ့ ကိုယ့္ႏိုင္ငံမွာေတာ့ အဲ့ဟာက လြန္ဆြဲေနရတာေလ၊

အစိုးရတက္လာတည္းက အရင္အစိုးရေတြလုပ္ခဲ့တဲ့ လိုေငြျပဘတ္ဂ်က္ကို သူတို႔ကလက္မခံခ်င္ဘူး။သူတို႔လက္ထက္မွာေတာ့ ဒီလိုေငြျပတာကို မလိုခ်င္တဲ့အတြက္ မေခ်းဘူးဆိုတဲ့ အေနအထားရွိခဲ့တာကိုး။ရွိခဲ့ေတာ့ ဥပမာ - ဆရာတို႔ အခုထိသုံးေနတဲ့ ကိုဗစ္အတြက္ သုံးတဲ့ေငြပမာဏကိုၾကည့္လိုက္ရင္ GDP ရဲ႕ ဘာမွမရွိဘူး၊ အခ်ိဳးအေနနဲ႔ ဒါဘာေၾကာင့္လဲဆိုေတာ့ လိုေငြျပမွာေၾကာက္လို႔ တစ္ခ်ိဳ႕ႏိုင္ငံေတြကေတာ့ လိုေငြျပတာကို ေခါင္းထဲမရွိဘူး။နာလန္ထဖို႔အေရးႀကီးတယ္ဆိုၿပီး တအားေအာ္တယ္ေလ။စင္ကာပူတို႔ ဂ်ပန္တို႔ က်န္တဲ့ကုမၸဏီေတြ ေတာ္ေတာ္ေအာ္ရတယ္။ဆရာတို႔မွာေတာ့ အခုနထဲက သူတို႔အေနနဲ႔ ထိန္းထိန္းသိမ္းသိမ္းေဆာင္႐ြက္ေနတာေပါ့၊ ဒါေပမဲ့ အခုက AGB က ေခ်းမယ္လို႔ ကမာၻ႔ဘဏ္ကေခ်းမယ္လို႔ ေျပာေနၾကတာေလ၊ အဲ့ေတာ့ဘာပဲျဖစ္ျဖစ္ အခုနကကေျပာသလို ဒီဟာကေတာ့လိုတယ္ေလ။ျပန္နလန္ထဖို႔ဆိုရင္ ဒီထက္မကေတာ့သုံးရေတာ့မယ္၊ အခုေခ်းတဲ့ ၁၀၀ ဘီလ်ံတို႔ ၂၀၀ ဘီလ်ံတို႔ ၅၀၀ ဘီလ်ံတို႔ထက္ကို  ထရီလ်ံနဲ႔ခ်ီသုံးရေတာ့မွာ အဲ့ေတာ့ သုံးႏိုင္မယ္၊ မသုံးႏိုင္ဘူး။သုံးမယ္၊ မသုံးဘူးဆိုတာကလည္း အဲ့ေတာ့ အခုနကလိုျပႆနာက ႏိုင္ငံေရးျပႆနာျဖစ္လာတာေပါ့။

ေ႐ြးေကာက္ပြဲလည္းနီးေတာ့ ဒီထဲအာ႐ုံဘယ္ေလာက္ရွိႏိုင္လဲ။အားလုံးက အဲ့ဒီအာ႐ုံႏွစ္ခုပဲ၊ စီးပြားေရးအာ႐ုံနဲ႔ ႏိုင္ငံေရးအာ႐ုံေပါ့ေလ။အာ႐ုံႏွစ္ခုက တစ္ခုနဲ႔တစ္ခုက ဝိေရာဓိျဖစ္ေနတာကိုး။ႏိုင္ငံေရးအာ႐ုံ စိုက္ရင္ စီးပြားေရးအာ႐ုံေလ်ာ့သြားေရာ၊ စီးပြားေရးအာ႐ုံစိုက္ရင္ ႏိုင္ငံေရးမွာေလ်ာ့တယ္။အဲ့ႏွစ္ခုလုံး တစ္ၿပိဳင္နက္ဆိုတာက ဆရာတို႔အေတာ္ေလးကိုခဲယဥ္းတယ္။ဒါေၾကာင့္မို႔ ႏိုင္ငံေတာ္အစိုးရက ေတာ္ေတာ္ေလးကို သူ႔ခမ်ာလည္း အာ႐ုံကေတာ့ ဆရာထင္ပါတယ္၊ ႏိုင္ငံေရးပါတီေတြအားလုံး ဒီအတိုင္းပဲေပါ့၊ ေ႐ြးေကာက္ပြဲအႏိုင္ရေရးကို ဦးတည္ေတာ့မွာပဲေလ၊ ၿပီးေတာ့မွ ေနာက္ကိစၥကိုရွင္းမယ္ထင္တယ္။

Opinion Leaders Media ။     ။ အကုန္ၿခဳံၾကည့္မယ္ဆိုရင္ စီးပြားေရးနဲ႔ ႏိုင္ငံေရးကို မွ်တေအာင္လုပ္မွရမယ္ဆိုတဲ့ သေဘာေပါ့ေနာ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာတို႔အၿမဲတမ္းေျပာေနတဲ့ (political economy) ႏိုင္ငံေရးေဘာဂေဗဒ အခုကေတာ့ တကယ့္ကို (tex book) ေပါ့ေနာ္၊ ဒီေက်ာင္းသုံးက်မ္းေတြမွာပါတဲ့အတိုင္း ျဖစ္ေနတာေပါ့။ႏိုင္ငံေရးနဲ႔ေဘာဂေဗဒ ႏိုင္ငံေရးေဝါဟာရျဖစ္ၿပီးေတာ့ ႏိုင္ငံေရးဆိုတာသပ္သပ္မရွိဘူး၊ စီးပြားေရးဆိုတာသပ္သပ္မရွိဘဲ ႏွစ္ခုလုံးေရာေနတာ အခုလိုျပန္လည္နာလန္ထူဖို႔ စဥ္းစားတဲ့အခါမွာပိုၿပီး စီးပြားေရးခ်ည္းဘဲ အာ႐ုံမစိုက္ပဲနဲ႔ ႏိုင္ငံေရးဘက္ကိုပဲ အာ႐ုံထားတဲ့အေနအထားရွိလာတာေပါ့ေနာ္။

Opinion Leaders Media ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ဇူလိုင္ -၂၃