【 ပညာရှင်များ၏အမြင် 】 “လူတွေလက်ထဲမှာ ပိုက်ဆံရှိဖို့လိုတယ်”

【 ပညာရှင်များ၏အမြင် 】 “လူတွေလက်ထဲမှာ ပိုက်ဆံရှိဖို့လိုတယ်”

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတိုင်းက တုံ့ပြန်ရန်အတွက် ကြိုးစားနေသလို နောက်ဆက်တွဲဖြစ်လာမည့် စီးပွားရေးဆိုင်ရာ ဆိုးဆိုးဝါးဝါးထိခိုက်လာနိုင်သည့်  အကျိုးဆက်ကိုလည်း တုံ့ပြန်ဖြေရှင်းနိုင်ရန် ကြိုးစားလျှက်ရှိပါတယ်။လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း သေဆုံးသူ ၃ ဦးနှင့် စောင့်ကြည့်လူနာ၊ သံသယလူနာများရှိနေပြီး  ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်တားဆီးရန် ဧပြီ ၁၀ ရက်မှ စပြီး ဆယ်ရက်တာအတွင်း မြန်မာနိုင်ငံတစ်ဝန်း Home stay နေထိုင်ကြရန် ဆော်ဩထားပြီး အခြေခံပြည်သူများကို အခြေခံစားသောက်ကုန်များ ဖြန့်ဖြူးပေးရန် စီစဉ်နေသည်ကိုလည်း တွေ့ရပါတယ်။လက်ရှိတွင် ကမ္ဘာတစ်ဝန်း ကိုဗက် ၁၉ ကြောင့် စီးပွားရေးထိခိုက်မှု ဆိုးဆိုးဝါးဝါးဖြစ်လာနိုင်ခြေရှိနေသဖြင့် ပြင်ဆင်နေကြလျှက်ရှိရာ ကိုဗက် ၁၉ ဟုခေါ်သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုပြင်းထန်ချိန်တွင် ဖြစ်လာနိုင်သည့် ပြဿနာများနှင့် ကာလကြာရှည်လာပါက ကြုံလာနိုင်သည့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ပြဿနာများအပေါ် မည်သို့တုံ့ပြန်ဆောင်ရွက်သင့်သည့် ပြင်ဆင်ထားသင့်သည်ကို ဝါရင့်စီးပွားရေးပညာရှင်ဖြစ်သူ နိုင်ငံတော်သမ္မတ၏ ငြိမ်းချမ်းရေးနှင့် စီးပွားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်အား Opinion Leaders Media မှ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media သတင်းအဖွဲ့)

Opinion Leaders Media ။     ။ မြန်မာနိုင်ငံမှာ ကိုဗက် ၁၉ ကြောင့် ထိခိုက်လာနိုင်တာတွေက ကျန်းမာရေးတင်မကပါဘူး။အထူးသဖြင့် စီးပွားရေးမှာ ဆိုးဆိုးရွားရွားဖြစ်လာနိုင်စရာတွေ ရှိနေပါတယ်။အစိုးရက SME လုပ်ငန်းတွေကို ကျားကန်ပေးဖို့ အစီအစဉ်ဆွဲထားပေမယ့် လုပ်သားအများစုကို ထိန်းထားတဲ့ တစ်ပိုင်တစ်နိုင်စားသောက်ဆိုင်တွေ ပြိုလဲမှုတွေဖြစ်လာနိုင်တဲ့အတွက် ယခုအချိန်မှာ ဘာတွေကြိုတင်လုပ်ဆောင်ထားသင့်ပါလဲ ဆရာ။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ။     ။ အခု ကိုဗက် ၁၉ ပြဿနာတို့ ကျန်းမာရေးပြဿနာတို့ အရင်တုန်းကထင်ကြတယ်။တစ်ကယ်တမ်းတော့ ကျန်းမာရေးပြဿနာမဟုတ်တော့ဘူး။စီးပွားရေးပြဿနာဖြစ်လာတယ်။စီးပွားရေးပြဿနာတင်မဟုတ်ဘူး။လူမှုရေးပြဿနာဖြစ်လာတယ်။
လူမှုရေးပြဿနာတင်မဟုတ်ဘူး။နောက်ဆုံး နိုင်ငံရေးပြဿနာတောင်ဖြစ်လာတယ်။အမေရိကန်နိုင်ငံကိုကြည့်ရင် ထရမ့် က နိုင်ငံရေးပြဿနာလို့ စဉ်းစားနေတာ။သူ့အနေနဲ့ ရင်ဆိုင်နေရတဲ့ ကိုဗက် ၁၉ ပြဿနာကို နိုဝင်ဘာမှာကျင်းပမယ့် သူ့ရဲ့ရွေးကောက်ပွဲ အနိုင်ရဖို့ ပုံစံအမျိုးမျိုးနဲ့စဉ်းစားနေတယ်။

ဒီရောဂါရဲ့ ထူးခြားချက်က ကျန်းမာရေးပြဿနာ၊ စီးပွားရေးပြဿနာ၊ လူမှုရေးပြဿနာ၊ နိုင်ငံရေးပြဿနာ ဖြစ်နေတယ်။ကိုယ့်နိုင်ငံမှာ နိုင်ငံတော်အစိုးရအနေနဲ့ ၁၀၀ မီလျံ သုံးမယ်လို့ ပြောတဲ့အခါကျတော့ ပမာဏသုံးမယ်ပြောတဲ့အခါကျတော့ ကျေနပ်တာပေါ့လေ။တစ်ကယ်လိုအပ်ချက်နဲ့ ယှဉ်လိုက်ရင်တော့ ပမာဏက နည်းနည်းလေးဘဲရှိတာ။အခု အမေရိကန်နိုင်ငံမှာ ထရမ့်အနေနဲ့လုပ်တာ ၂ ထရီလျံ။၂ ထရီလျံနော်။ဘီလျံတောင်မဟုတ်ဘူး။ထရီလျံတောင်သုံးတာ။ထရီလျံတောင် သုံးတဲ့အခါကျတော့ သူ့အနေနဲ့ SME တင်မကဘူး။သူ့အနေနဲ့ စီးပွားရေးကိုနလံထအောင် ဘာလုပ်မလဲ။အဲ့ဒါကို သူတို့က stimulate ပေါ့။ဒါကိုနိုးအောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားတာပေါ့။အဲလိုစဉ်းစားတဲ့အခါကျတော့ အခုနကမေးတဲ့ သူတို့မှာ SME လို့ မခေါ်ဘူး။ SBA လို့ ခေါ် တဲ့ small business administration တဲ့။မြန်မာပြည်မှာရှိတဲ့ အသေးစား အလတ်စား စီးပွားရေးကုမ္ပဏီအားလုံးကို အုပ်ချူပ်တဲ့ ဆရာတို့က SMEs လို့ ခေါ်တဲ့ သူတို့က SBA လို့ ခေါ်တာပေါ့။သူတို့အတွက်ကို ဆရာတို့က မီလျံရာကျော် စဉ်းစားပေးထားတယ်။သူတို့သုံးဖို့။

ပြဿနာရှိတာက ဘာလဲဆိုတော့ သူတို့မှာ အခက်အခဲရှိတာ အဲဒီလူတွေလက်ထဲ ဘယ်လိုရောက်အောင်ပေးမလဲဆိုတဲ့ ပြဿနာ။ဆရာတို့ဆီမှာ ခင်ဗျားတို့ ခဏခဏပြောတဲ့ ဆရာတို့ စီးပွားရေးအဆောက်အအုံမှာ informally များတာကို။တရားဝင်ဖွဲ့စည်းထားတာမဟုတ်ဘူး။ဥပမာ - လဘက်ရည်ဆိုင်ရောက်တဲ့အထိ အထောက်အပံ့ကို ဘယ်လိုရောက်အောင်ပေးမလဲဆိုတဲ့ ပြဿနာက ဆရာတို့အတွက် အကြီးကျယ်ဆုံးပြဿနာပေါ့။အဲဒီကိစ္စကို ရင်ဆိုင်နိုင်ဖို့လိုတယ်။ကိုင်တွယ်နိုင်ဖို့လိုတယ်။

နောက် အခု အခြေခံလူတန်းစားတွေအတွက် အခြေခံစားသောက်ကုန်တွေ ပေးမယ်ဝေမယ် ပြောတယ်။ပုံစံအမျိုးမျိုးနဲ့တော့ လုပ်ရမှာဘဲ။ဆရာထင်တာတော့ စီးပွားရေးလက်နက်တွေ  ပုံစံအမျိုးမျိုးသုံးရမှာဘဲ။အထူးသဖြင့် အခွန်လျှော့ဖို့ လိုမယ်ထင်တယ်။ SMEs တွေကို ထောက်ပံ့တာတွေ လျှော့ပေါ့တာတွေ အခွန်မကောက်တော့ဘူးဆိုတာတွေ ဘယ်လိုလုပ်ကြမလဲ။နောက်တစ်ခါ ဘဏ်တွေနဲ့တိုင်ပင်ပြီး အတိုးနှုန်းတွေလျှော့ချဖို့ လိုလိမ့်မယ် အောက်မေ့တယ်။နိုင်ငံတော်အစိုးရ တတ်နိုင်တဲ့ အခွန်လျှော့တာတို့ အတိုးနှုန်းလျှော့တာတို့ လုပ်ရင်တော့ လုပ်ငန်းရှင်တွေ နည်းနည်းလေးခံသာမှာဖြစ်တယ်။သို့သော်လည်း တစ်ကယ်လက်တွေ့မှာတော့ လုပ်ငန်းရှင်တွေအတော်များများ ပြိုလဲမယ့်အနေအထားထိ ရှိနေတာပေါ့။

ဒါတော့ အတော်စိတ်ပူပန်စရာကောင်းတဲ့ ကျန်းမာရေးပြဿနာတင်မကတော့ဘူး။စီးပွားရေးပြဿနာကြီးပေါ့။

Opinion Leaders Media ။     ။ နိုင်ငံတကာမှာ ကိုဗက် ၁၉ ကြောင့် ထိခိုက်နိုင်မှုတွေကို ပြင်ဆင်နေတာ တွေ့ရပါတယ်။အထူးသဖြင့် ဒီကူးစက်ရောဂါပြီးဆုံးတာနဲ့ စီးပွားရေးကို ပြန်လည်နိုးထဖို့အတွက် ပြည်တွင်းဝယ်လိုအား ပြန်တက်လာဖို့ အစိုးရက ထည့်ဝင်မှုတွေလုပ်ဖို့ရှိတယ်လို့ သိရပါတယ်။လက်ရှိမှာ အစိုးရက သင်္ကြန်ကာလအတွင်း အခြေခံလူတန်းစားတွေအတွက် စားသောက်မှုအစီအစဉ် လုပ်ပေးခဲ့တဲ့အတွက် ပြည်တွင်းစားသောက်ကုန်အခြေအနေက တည်ငြိမ်ခဲ့တာကို တွေ့ရပါတယ်။ဒီကာလအပြီးမှာ ဖြစ်လာနိုင်တဲ့ စီးပွားရေးပြိုလဲမှုမဖြစ်အောင် အစိုးရအနေနဲ့  ပြည်တွင်းဝယ်လိုအား ပြန်တက်လာအောင်လုပ်ဖို့ အစီအစဉ်များ ရှိနိုင်သလား ဆရာ။ဘာများလုပ်ဖို့လိုပါသလဲ ဆရာ။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ။     ။ အထူးသဖြင့် လူတွေလက်ထဲမှာ ပိုက်ဆံရှိဖို့လိုတယ်။လူတွေလက်ထဲမှာ ငွေတွေရှိအောင် ပိုက်ဆံတွေရှိအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ စီးပွားရေးပြဿနာကို ခက်ခက်ခဲခဲမစဉ်းစားဘဲ လွယ်လွယ်စဉ်းစားရင် လူတစ်ယောက်က ဝယ်နိုင်တဲ့အင်အား purchasing power တိုးတက်အောင် သူ့လက်ထဲပိုက်ဆံထည့်ဖို့ လိုတာပေါ့။အခုအလုပ်လက်မဲ့တွေဖြစ်နေပြီ။အလုပ်ရအောင် ဘယ်လိုလုပ်မလဲ။ဒီလို အလုပ်ပြန်ပြီးမဖန်တီးနိုင်တဲ့ အခြေအနေမှာ တခြားနိုင်ငံတွေမှာတော့ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့ လက်ရှိ စင်ကာပူမှာလုပ်နေကြပြီ။
ဝန်ထမ်းတွေကို လုပ်ခလစာတွေ အထောက်အပံ့တွေပေးနေတယ်။

ပုံစံတွေအမျိုးမျိုး၊ နည်းလမ်းတွေအမျိုးမျိုးတော့ရှိပါတယ်။ရှိတဲ့နည်းလမ်းတွေကို ကိုယ်ဆောင်ရွက်နိုင်တယ်၊ မဆောင်ရွက်နိုင်တယ်ဆိုတဲ့ အင်အားဘဲ။ဘဏ္ဍာရေးအင်အားဘဲ။ကိုယ်သာဆိုရင်တော့ တအားလုပ်လိုက်တော့မယ်။တစ်ကယ်ကို stimulate ပေါ့။ ကြေညာပြီးတော့ ကိုဗက် ၁၉ ကျော်လွှားနိုင်အောင် ဘယ်လောက်သုံးမလဲ။ကုဋေနဲ့ချီပြီးပေါ့ စဉ်းစားလိုက်မယ်ဆိုရင်တော့ အဖြေရလိမ့်မယ်ထင်တယ်။

Opinion Leaders Media ။     ။ လက်ရှိမှာ နယ်စပ်ကုန်သွယ်ရေးမှာအရေးပါတဲ့ မူဆယ်က ထုတ်ပြန်ချက်တွေအရ ဖေဖေါ်ဝါရီ ၂၂ ရက်ကနေ မတ် ၂၀ အထိ အရောင်းအဝယ်က အတော်လေးကိုနည်းတာ တွေ့ရပါတယ်။သန်း ၃၀၀ လောက်ဘဲ တွေ့ရတယ် ဆရာ။အခုလက်ရှိအနေအထားအရ ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေရော၊ ကမ္ဘာတစ်ဝန်းမှာပါ ကိုဗက်ကြောင့် ထိခိုက်နေတယ်။ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုမှာ အခြေခံကျတဲ့ SME တွေလည်း ပြန်စလုပ်ဖို့ မလွယ်တော့တဲ့အတွက် ကမ္ဘာတစ်ဝန်း ၁၉၃၀ ခုနှစ်ကဖြစ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးပျက်ကပ်လိုဖြစ်လာဖို့ နီးတဲ့အတွက် မြန်မာနိုင်ငံမှာ ဒါကိုဖြတ်နိုင်ဖို့ ဘဏ္ဍာရေး၊ အခွန်အခ၊ ဥပဒေစည်းမျည်းစည်းကမ်းတွေ ဘယ်လိုကြိုတင်ပြင်ဆင်ထားသင့်သလဲ ဆရာ၊  ဘာတွေပြင်ဆင်သင့်သလဲ ဆရာ။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ။     ။ တစ်ခုချင်း တစ်ခုချင်း စဉ်းစားရင်တော့ အမျိုးမျိုးပေါ့ကွယ်။အခုနပြောသလို Recession ပေါ့။စီးပွားရေးကပ်ဆိုက်တာ သေချာသွားပြီ။ဒါက လူတိုင်းပြောနေတာ။အတိုင်းအတာ ဘယ်လောက်ထိရှိမလဲ။စဉ်းစားကြည့်တာ ၁၉၃၀ တုန်းကဖြစ်တာ အဲဒါပြန်သုံးသပ်လိုက်လို့ရှိရင် စပါးစျေးတွေ တစ်ခါတည်းတန်းပြီးထိုးကျသွားတဲ့အတွက် ဆရာစံ တော်လှန်ရေး တန်းဖြစ်လာတာ။တခြားနိုင်ငံမှာ ပြောနေတဲ့ wall street မှာ၊ နယူးယောက်ခ့်မှာ ၁၉၃၀ မှာ Recession ဖြစ်တာကိုး။ဒီဘက်ပိုင်းမှာကျတော့ ဆရာတို့လည်း ထိခိုက်တာပေါ့။
အခုအနေနဲ့ Recession ဖြစ်မယ်ဆိုတာ သေချာရင် ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်မယ်ဆိုတာသေချာရင် ဒါတွေကို ဘယ်လိုခံနိုင်ရည်ရှိအောင် ဘယ်လိုလုပ်မလဲ။ဆရာထင်ပါတယ်။တာဝန်ရှိတဲ့သူကတော့ စဉ်းစားနေပြီလို့။စဉ်းစားဖို့လည်း လိုမယ်အောက်မေ့ပါတယ်။ဒါက မစဉ်းစားလို့မရတဲ့ကိစ္စကို။

ဒါက ဖြစ်မယ့်ကိစ္စကြီးကို။လက်ရှိအခြေအနေကိုကြည့်တာမဟုတ်ဘဲ တစ်ကယ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲဆိုတာ အဆင်သင့်ဖြစ်ဖို့ လိုလိမ့်မယ်လို့ ယူဆတယ်။

Opinion Leaders Media ။     ။ လက်ရှိမှာလုပ်နေတဲ့ ဆင်းရဲနွမ်းပါးတဲ့ အခြေခံလူတန်းစားတွေကို ထောက်ပံ့မယ့်အစီအစဉ်မှာ အဂတိလိုက်စားနိုင်တယ်ဆိုတဲ့ ထောက်ပြချက်တွေ ထွက်လာတာရှိလာပါတယ်။ဒီလိုအစိုးရက သင်္ကြန် ၁၀ ရက်တာ ကာလမှာ ထောက်ပံ့တဲ့အစီအစဉ်ကြောင့် လတ်တလောမှာ ကုန်စျေးနှုန်းတွေ ခန့်မှန်းထားတာလောက် တက်မလာတာကို တွေ့ရတယ် ဆရာ။ဒီလိုကူးစက်ကာလက တရုတ်နိုင်ငံမှာ ၇၈ ရက်လောက် ကြာသွားတယ်လို့ သိရတယ် ဆရာ။လက်ရှိ အီတလီ၊ စပိန်နဲ့ အမေရိကန်မှာလည်း ရက်ကအတော်ကြာနေပြီ။ဒီလိုကာလက ထပ်တိုးလာရင် အစိုးရအနေနဲ့ အခြေခံပြည်သူတွေကို ထောက်ပံ့တာ ဆက်တိုးချဲ့ခဲ့ရင် အစိုးရအတွက် နိုင်ငံ့စီးပွားရေးမှာ ထိခိုက်နိုင်သလား၊ ဒါမှမဟုတ် အများပြည်သူ နေထိုင်စားသောက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးမှာ ပိုပြီးအားကောင်းလာနိုင်လား ဆရာ။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ။     ။ အခုကခက်တာပေါ့။ကျန်းမာရေးကစတဲ့ပြဿနာ စီးပွားရေး၊ စီးပွားရေးကစတဲ့ပြဿနာ နိုင်ငံရေးနော်။၂၀၂၀ မှာလည်း ရွေးကောက်ပွဲရှိနေတယ်။ဒါတွေကလည်း ကွင်းဆက်တွေဘဲ။ကွင်းဆက်တွေအားလုံးကို ဆရာတို့ ညီညီညွတ်ညွတ်နဲ့ ဖြေရှင်းနိုင်မလား၊ တစ်နိုင်ငံလုံး အားလုံးနားလည်မှုရှိရှိနဲ့ ဖြေရှင်းနိုင်မလားဆိုတာကို မေးခွန်းထုတ်ရမှာဘဲ။ဒီပြဿနာက လက်ရှိအစိုးရနဲ့သာ ဆိုင်နေတာမဟုတ်ဘူး။တပ်မတော်နဲ့လည်း ပတ်သက်နေတာ။အတိုက်အခံတွေနဲ့လည်း ပတ်သက်နေတာ။အားလုံးဝိုင်းတွန်းရမယ့် အခြေအနေရှိတဲ့အတွက် ဒါကိုတော့ လုပ်စေချင်တဲ့အနေအထားပါ။လုပ်တဲ့အခါမှာ ဖြစ်နေတဲ့ပြဿနာတစ်ခုတည်း ကြည့်တာမဟုတ်ဘဲနဲ့ ဒါပြီးသွားရင် ဘယ်လိုလုပ်မလဲ။စီးပွားရေးပုံစံကို။ဆရာ့အနေနဲ့ ကိုယ်ပိုင်ကိုယ်ရေးကိုယ်တာအနေနဲ့ စဉ်းစားမယ်ဆိုရင် အရင်တုန်းက စာသင်တဲ့အခါ လူတွေအားလုံး ကျောင်းသားတွေအားလုံး စာသင်ခန်းထဲခေါ်ပြီး စာသင်နိုင်တဲ့အနေအထားရှိတယ်။ကိုဗက် ၁၉ ပြီးသွားရင် အဲဒီလိုစုဝေးထိုင်ပြီး သင်တန်းပေးဖို့ အခြေအနေကမရှိတော့ဘူး။

အဲဒီအခါကျရင် Remote ကိုတက်ရတော့မယ်။ Video နဲ့ လုပ်ရတော့မယ်။အဲဒါကို အခုကတည်းက ပြင်ဖို့လိုတာပေါ့။ပြင်ဆင်ထားဖို့လိုတယ်။ကိုယ့်ကိုယ်ကိုလဲ Revent ပေါ့ ပြန်ပြီးလုပ်ဖို့လိုမယ်။အရင်ပုံစံနဲ့ အရင်ပုံစံအတိုင်း ပြန်လုပ်မယ်တော့မဟုတ်ဘူး။အရင်ပုံစံဆိုတာ မရှိတော့ဘူး။ပုံစံအသစ်ကို ရင်ဆိုင်ရမယ့်အခြေအနေရှိတာကိုတော့ အားလုံးသဘောပေါက်ဖို့တော့ လိုလိမ့်မယ်။

Opinion Leaders Media ။     ။ အကုန်လုံးပြန်ခြုံကြည့်မယ်ဆိုရင် ဖြစ်လာနိုင်တာတွေကို ပြန်ဆင်ထားရမယ်။ပြည်တွင်းထုတ်လုပ်မှုတွေ အားပေးပြီး အထူးသဖြင့် အလုပ်များများပေးနိုင်မယ့် အလုပ်တွေကို  ဇောင်းပေးလုပ်နိုင်ဖို့ ပြန်ပြင်ဆင်ထားရမယ်ဆိုတဲ့ သဘောပေါ့နော် ဆရာ။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ။     ။ အထူးသဖြင့် စီးပွားရေးသမားတွေ အားလုံးကတော့ Remote တက်မှ ရတော့မယ်။ Digital တက်မှ ရတော့မယ်။ Physical မရတော့ဘူး။ဒီပုံစံနဲ့ အရင်အတိုင်း ပစ္စည်းတွေထုတ်ရောင်းတာ မဟုတ်တော့ဘူး။အခုဆိုရင်  ဒီအခွင့်အရေးပေါ်လာပြီလေ။ online shoping တွေ ပေါ်လာပြီ။ဘဏ်တွေလည်း အွန်လိုင်းဖြစ်လာပြီ။ဘဏ်ခွဲတွေ မလိုတော့ဘူး။ဒါအခွင့်အရေးတွေဘဲ။ဒါကို အခက်အခဲတွေလို့မတွေးဘဲ အခွင့်အရေးလို့တွေးရင် အဆင်ပြေလိမ်မယ်လို့ အောက်မေ့ပါတယ်။  

Opinion Leaders Media ။     ။ ဟုတ်ကဲ့ဆရာ။အထူးကျေးဇူးတင်ပါတယ်။

ဒေါက်တာအောင်ထွန်းသက်
ဧပြီ - ၉

( Zawgyi )

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါကို ျမန္မာႏိုင္ငံအပါအဝင္ ကမာၻ႔ႏိုင္ငံတိုင္းက တုံ႔ျပန္ရန္အတြက္ ႀကိဳးစားေနသလို ေနာက္ဆက္တြဲျဖစ္လာမည့္ စီးပြားေရးဆိုင္ရာ ဆိုးဆိုးဝါးဝါးထိခိုက္လာႏိုင္သည့္  အက်ိဳးဆက္ကိုလည္း တုံ႔ျပန္ေျဖရွင္းႏိုင္ရန္ ႀကိဳးစားလွ်က္ရွိပါတယ္။လက္ရွိတြင္ ျမန္မာႏိုင္ငံတစ္ဝန္း ေသဆုံးသူ ၃ ဦးႏွင့္ ေစာင့္ၾကည့္လူနာ၊ သံသယလူနာမ်ားရွိေနၿပီး  ဗိုင္းရပ္စ္ကူးစက္မႈကို ကာကြယ္တားဆီးရန္ ဧၿပီ ၁၀ ရက္မွ စၿပီး ဆယ္ရက္တာအတြင္း ျမန္မာႏိုင္ငံတစ္ဝန္း Home stay ေနထိုင္ၾကရန္ ေဆာ္ဩထားၿပီး အေျခခံျပည္သူမ်ားကို အေျခခံစားေသာက္ကုန္မ်ား ျဖန႔္ျဖဴးေပးရန္ စီစဥ္ေနသည္ကိုလည္း ေတြ႕ရပါတယ္။လက္ရွိတြင္ ကမာၻတစ္ဝန္း ကိုဗက္ ၁၉ ေၾကာင့္ စီးပြားေရးထိခိုက္မႈ ဆိုးဆိုးဝါးဝါးျဖစ္လာႏိုင္ေျခရွိေနသျဖင့္ ျပင္ဆင္ေနၾကလွ်က္ရွိရာ ကိုဗက္ ၁၉ ဟုေခၚသည့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈျပင္းထန္ခ်ိန္တြင္ ျဖစ္လာႏိုင္သည့္ ျပႆနာမ်ားႏွင့္ ကာလၾကာရွည္လာပါက ႀကဳံလာႏိုင္သည့္ လူမႈေရး၊ စီးပြားေရး၊ ႏိုင္ငံေရး ျပႆနာမ်ားအေပၚ မည္သို႔တုံ႔ျပန္ေဆာင္႐ြက္သင့္သည့္ ျပင္ဆင္ထားသင့္သည္ကို ဝါရင့္စီးပြားေရးပညာရွင္ျဖစ္သူ ႏိုင္ငံေတာ္သမၼတ၏ ၿငိမ္းခ်မ္းေရးႏွင့္ စီးပြားေရးဆိုင္ရာ အႀကံေပးပုဂၢိဳလ္ ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္အား Opinion Leaders Media မွ အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္၏ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media သတင္းအဖြဲ႕)

Opinion Leaders Media ။     ။ ျမန္မာႏိုင္ငံမွာ ကိုဗက္ ၁၉ ေၾကာင့္ ထိခိုက္လာႏိုင္တာေတြက က်န္းမာေရးတင္မကပါဘူး။အထူးသျဖင့္ စီးပြားေရးမွာ ဆိုးဆိုး႐ြား႐ြားျဖစ္လာႏိုင္စရာေတြ ရွိေနပါတယ္။အစိုးရက SME လုပ္ငန္းေတြကို က်ားကန္ေပးဖို႔ အစီအစဥ္ဆြဲထားေပမယ့္ လုပ္သားအမ်ားစုကို ထိန္းထားတဲ့ တစ္ပိုင္တစ္ႏိုင္စားေသာက္ဆိုင္ေတြ ၿပိဳလဲမႈေတြျဖစ္လာႏိုင္တဲ့အတြက္ ယခုအခ်ိန္မွာ ဘာေတြႀကိဳတင္လုပ္ေဆာင္ထားသင့္ပါလဲ ဆရာ။

ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခု ကိုဗက္ ၁၉ ျပႆနာတို႔ က်န္းမာေရးျပႆနာတို႔ အရင္တုန္းကထင္ၾကတယ္။တစ္ကယ္တမ္းေတာ့ က်န္းမာေရးျပႆနာမဟုတ္ေတာ့ဘူး။စီးပြားေရးျပႆနာျဖစ္လာတယ္။စီးပြားေရးျပႆနာတင္မဟုတ္ဘူး။လူမႈေရးျပႆနာျဖစ္လာတယ္။
လူမႈေရးျပႆနာတင္မဟုတ္ဘူး။ေနာက္ဆုံး ႏိုင္ငံေရးျပႆနာေတာင္ျဖစ္လာတယ္။အေမရိကန္ႏိုင္ငံကိုၾကည့္ရင္ ထရမ့္ က ႏိုင္ငံေရးျပႆနာလို႔ စဥ္းစားေနတာ။သူ႔အေနနဲ႔ ရင္ဆိုင္ေနရတဲ့ ကိုဗက္ ၁၉ ျပႆနာကို ႏိုဝင္ဘာမွာက်င္းပမယ့္ သူ႔ရဲ႕ေ႐ြးေကာက္ပြဲ အႏိုင္ရဖို႔ ပုံစံအမ်ိဳးမ်ိဳးနဲ႔စဥ္းစားေနတယ္။

ဒီေရာဂါရဲ႕ ထူးျခားခ်က္က က်န္းမာေရးျပႆနာ၊ စီးပြားေရးျပႆနာ၊ လူမႈေရးျပႆနာ၊ ႏိုင္ငံေရးျပႆနာ ျဖစ္ေနတယ္။ကိုယ့္ႏိုင္ငံမွာ ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ၁၀၀ မီလ်ံ သုံးမယ္လို႔ ေျပာတဲ့အခါက်ေတာ့ ပမာဏသုံးမယ္ေျပာတဲ့အခါက်ေတာ့ ေက်နပ္တာေပါ့ေလ။တစ္ကယ္လိုအပ္ခ်က္နဲ႔ ယွဥ္လိုက္ရင္ေတာ့ ပမာဏက နည္းနည္းေလးဘဲရွိတာ။အခု အေမရိကန္ႏိုင္ငံမွာ ထရမ့္အေနနဲ႔လုပ္တာ ၂ ထရီလ်ံ။၂ ထရီလ်ံေနာ္။ဘီလ်ံေတာင္မဟုတ္ဘူး။ထရီလ်ံေတာင္သုံးတာ။ထရီလ်ံေတာင္ သုံးတဲ့အခါက်ေတာ့ သူ႔အေနနဲ႔ SME တင္မကဘူး။သူ႔အေနနဲ႔ စီးပြားေရးကိုနလံထေအာင္ ဘာလုပ္မလဲ။အဲ့ဒါကို သူတို႔က stimulate ေပါ့။ဒါကိုႏိုးေအာင္ ဘယ္လိုလုပ္မလဲဆိုတာကို စဥ္းစားတာေပါ့။အဲလိုစဥ္းစားတဲ့အခါက်ေတာ့ အခုနကေမးတဲ့ သူတို႔မွာ SME လို႔ မေခၚဘူး။ SBA လို႔ ေခၚ တဲ့ small business administration တဲ့။ျမန္မာျပည္မွာရွိတဲ့ အေသးစား အလတ္စား စီးပြားေရးကုမၸဏီအားလုံးကို အုပ္ခ်ဴပ္တဲ့ ဆရာတို႔က SMEs လို႔ ေခၚတဲ့ သူတို႔က SBA လို႔ ေခၚတာေပါ့။သူတို႔အတြက္ကို ဆရာတို႔က မီလ်ံရာေက်ာ္ စဥ္းစားေပးထားတယ္။သူတို႔သုံးဖို႔။

ျပႆနာရွိတာက ဘာလဲဆိုေတာ့ သူတို႔မွာ အခက္အခဲရွိတာ အဲဒီလူေတြလက္ထဲ ဘယ္လိုေရာက္ေအာင္ေပးမလဲဆိုတဲ့ ျပႆနာ။ဆရာတို႔ဆီမွာ ခင္ဗ်ားတို႔ ခဏခဏေျပာတဲ့ ဆရာတို႔ စီးပြားေရးအေဆာက္အအုံမွာ informally မ်ားတာကို။တရားဝင္ဖြဲ႕စည္းထားတာမဟုတ္ဘူး။ဥပမာ - လဘက္ရည္ဆိုင္ေရာက္တဲ့အထိ အေထာက္အပံ့ကို ဘယ္လိုေရာက္ေအာင္ေပးမလဲဆိုတဲ့ ျပႆနာက ဆရာတို႔အတြက္ အႀကီးက်ယ္ဆုံးျပႆနာေပါ့။အဲဒီကိစၥကို ရင္ဆိုင္ႏိုင္ဖို႔လိုတယ္။ကိုင္တြယ္ႏိုင္ဖို႔လိုတယ္။

ေနာက္ အခု အေျခခံလူတန္းစားေတြအတြက္ အေျခခံစားေသာက္ကုန္ေတြ ေပးမယ္ေဝမယ္ ေျပာတယ္။ပုံစံအမ်ိဳးမ်ိဳးနဲ႔ေတာ့ လုပ္ရမွာဘဲ။ဆရာထင္တာေတာ့ စီးပြားေရးလက္နက္ေတြ  ပုံစံအမ်ိဳးမ်ိဳးသုံးရမွာဘဲ။အထူးသျဖင့္ အခြန္ေလွ်ာ့ဖို႔ လိုမယ္ထင္တယ္။ SMEs ေတြကို ေထာက္ပံ့တာေတြ ေလွ်ာ့ေပါ့တာေတြ အခြန္မေကာက္ေတာ့ဘူးဆိုတာေတြ ဘယ္လိုလုပ္ၾကမလဲ။ေနာက္တစ္ခါ ဘဏ္ေတြနဲ႔တိုင္ပင္ၿပီး အတိုးႏႈန္းေတြေလွ်ာ့ခ်ဖို႔ လိုလိမ့္မယ္ ေအာက္ေမ့တယ္။ႏိုင္ငံေတာ္အစိုးရ တတ္ႏိုင္တဲ့ အခြန္ေလွ်ာ့တာတို႔ အတိုးႏႈန္းေလွ်ာ့တာတို႔ လုပ္ရင္ေတာ့ လုပ္ငန္းရွင္ေတြ နည္းနည္းေလးခံသာမွာျဖစ္တယ္။သို႔ေသာ္လည္း တစ္ကယ္လက္ေတြ႕မွာေတာ့ လုပ္ငန္းရွင္ေတြအေတာ္မ်ားမ်ား ၿပိဳလဲမယ့္အေနအထားထိ ရွိေနတာေပါ့။

ဒါေတာ့ အေတာ္စိတ္ပူပန္စရာေကာင္းတဲ့ က်န္းမာေရးျပႆနာတင္မကေတာ့ဘူး။စီးပြားေရးျပႆနာႀကီးေပါ့။

Opinion Leaders Media ။     ။ ႏိုင္ငံတကာမွာ ကိုဗက္ ၁၉ ေၾကာင့္ ထိခိုက္ႏိုင္မႈေတြကို ျပင္ဆင္ေနတာ ေတြ႕ရပါတယ္။အထူးသျဖင့္ ဒီကူးစက္ေရာဂါၿပီးဆုံးတာနဲ႔ စီးပြားေရးကို ျပန္လည္ႏိုးထဖို႔အတြက္ ျပည္တြင္းဝယ္လိုအား ျပန္တက္လာဖို႔ အစိုးရက ထည့္ဝင္မႈေတြလုပ္ဖို႔ရွိတယ္လို႔ သိရပါတယ္။လက္ရွိမွာ အစိုးရက သၾကၤန္ကာလအတြင္း အေျခခံလူတန္းစားေတြအတြက္ စားေသာက္မႈအစီအစဥ္ လုပ္ေပးခဲ့တဲ့အတြက္ ျပည္တြင္းစားေသာက္ကုန္အေျခအေနက တည္ၿငိမ္ခဲ့တာကို ေတြ႕ရပါတယ္။ဒီကာလအၿပီးမွာ ျဖစ္လာႏိုင္တဲ့ စီးပြားေရးၿပိဳလဲမႈမျဖစ္ေအာင္ အစိုးရအေနနဲ႔  ျပည္တြင္းဝယ္လိုအား ျပန္တက္လာေအာင္လုပ္ဖို႔ အစီအစဥ္မ်ား ရွိႏိုင္သလား ဆရာ။ဘာမ်ားလုပ္ဖို႔လိုပါသလဲ ဆရာ။

ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္ ။     ။ အထူးသျဖင့္ လူေတြလက္ထဲမွာ ပိုက္ဆံရွိဖို႔လိုတယ္။လူေတြလက္ထဲမွာ ေငြေတြရွိေအာင္ ပိုက္ဆံေတြရွိေအာင္ ဘယ္လိုလုပ္မလဲဆိုတဲ့ စီးပြားေရးျပႆနာကို ခက္ခက္ခဲခဲမစဥ္းစားဘဲ လြယ္လြယ္စဥ္းစားရင္ လူတစ္ေယာက္က ဝယ္ႏိုင္တဲ့အင္အား purchasing power တိုးတက္ေအာင္ သူ႔လက္ထဲပိုက္ဆံထည့္ဖို႔ လိုတာေပါ့။အခုအလုပ္လက္မဲ့ေတြျဖစ္ေနၿပီ။အလုပ္ရေအာင္ ဘယ္လိုလုပ္မလဲ။ဒီလို အလုပ္ျပန္ၿပီးမဖန္တီးႏိုင္တဲ့ အေျခအေနမွာ တျခားႏိုင္ငံေတြမွာေတာ့ ဝန္ထမ္းေတြနဲ႔ ပတ္သက္ၿပီးေတာ့ လက္ရွိ စင္ကာပူမွာလုပ္ေနၾကၿပီ။
ဝန္ထမ္းေတြကို လုပ္ခလစာေတြ အေထာက္အပံ့ေတြေပးေနတယ္။

ပုံစံေတြအမ်ိဳးမ်ိဳး၊ နည္းလမ္းေတြအမ်ိဳးမ်ိဳးေတာ့ရွိပါတယ္။ရွိတဲ့နည္းလမ္းေတြကို ကိုယ္ေဆာင္႐ြက္ႏိုင္တယ္၊ မေဆာင္႐ြက္ႏိုင္တယ္ဆိုတဲ့ အင္အားဘဲ။ဘ႑ာေရးအင္အားဘဲ။ကိုယ္သာဆိုရင္ေတာ့ တအားလုပ္လိုက္ေတာ့မယ္။တစ္ကယ္ကို stimulate ေပါ့။ ေၾကညာၿပီးေတာ့ ကိုဗက္ ၁၉ ေက်ာ္လႊားႏိုင္ေအာင္ ဘယ္ေလာက္သုံးမလဲ။ကုေဋနဲ႔ခ်ီၿပီးေပါ့ စဥ္းစားလိုက္မယ္ဆိုရင္ေတာ့ အေျဖရလိမ့္မယ္ထင္တယ္။

Opinion Leaders Media ။     ။ လက္ရွိမွာ နယ္စပ္ကုန္သြယ္ေရးမွာအေရးပါတဲ့ မူဆယ္က ထုတ္ျပန္ခ်က္ေတြအရ ေဖေဖၚဝါရီ ၂၂ ရက္ကေန မတ္ ၂၀ အထိ အေရာင္းအဝယ္က အေတာ္ေလးကိုနည္းတာ ေတြ႕ရပါတယ္။သန္း ၃၀၀ ေလာက္ဘဲ ေတြ႕ရတယ္ ဆရာ။အခုလက္ရွိအေနအထားအရ ထိစပ္ေနတဲ့ အိမ္နီးခ်င္းႏိုင္ငံေတြေရာ၊ ကမာၻတစ္ဝန္းမွာပါ ကိုဗက္ေၾကာင့္ ထိခိုက္ေနတယ္။ထုတ္လုပ္မႈနဲ႔ ဝန္ေဆာင္မႈမွာ အေျခခံက်တဲ့ SME ေတြလည္း ျပန္စလုပ္ဖို႔ မလြယ္ေတာ့တဲ့အတြက္ ကမာၻတစ္ဝန္း ၁၉၃၀ ခုႏွစ္ကျဖစ္ခဲ့တဲ့ ကမာၻ႔စီးပြားေရးပ်က္ကပ္လိုျဖစ္လာဖို႔ နီးတဲ့အတြက္ ျမန္မာႏိုင္ငံမွာ ဒါကိုျဖတ္ႏိုင္ဖို႔ ဘ႑ာေရး၊ အခြန္အခ၊ ဥပေဒစည္းမ်ည္းစည္းကမ္းေတြ ဘယ္လိုႀကိဳတင္ျပင္ဆင္ထားသင့္သလဲ ဆရာ၊  ဘာေတြျပင္ဆင္သင့္သလဲ ဆရာ။

ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္ ။     ။ တစ္ခုခ်င္း တစ္ခုခ်င္း စဥ္းစားရင္ေတာ့ အမ်ိဳးမ်ိဳးေပါ့ကြယ္။အခုနေျပာသလို Recession ေပါ့။စီးပြားေရးကပ္ဆိုက္တာ ေသခ်ာသြားၿပီ။ဒါက လူတိုင္းေျပာေနတာ။အတိုင္းအတာ ဘယ္ေလာက္ထိရွိမလဲ။စဥ္းစားၾကည့္တာ ၁၉၃၀ တုန္းကျဖစ္တာ အဲဒါျပန္သုံးသပ္လိုက္လို႔ရွိရင္ စပါးေစ်းေတြ တစ္ခါတည္းတန္းၿပီးထိုးက်သြားတဲ့အတြက္ ဆရာစံ ေတာ္လွန္ေရး တန္းျဖစ္လာတာ။တျခားႏိုင္ငံမွာ ေျပာေနတဲ့ wall street မွာ၊ နယူးေယာက္ခ့္မွာ ၁၉၃၀ မွာ Recession ျဖစ္တာကိုး။ဒီဘက္ပိုင္းမွာက်ေတာ့ ဆရာတို႔လည္း ထိခိုက္တာေပါ့။
အခုအေနနဲ႔ Recession ျဖစ္မယ္ဆိုတာ ေသခ်ာရင္ ကမာၻ႔စီးပြားေရး ကပ္ဆိုက္မယ္ဆိုတာေသခ်ာရင္ ဒါေတြကို ဘယ္လိုခံႏိုင္ရည္ရွိေအာင္ ဘယ္လိုလုပ္မလဲ။ဆရာထင္ပါတယ္။တာဝန္ရွိတဲ့သူကေတာ့ စဥ္းစားေနၿပီလို႔။စဥ္းစားဖို႔လည္း လိုမယ္ေအာက္ေမ့ပါတယ္။ဒါက မစဥ္းစားလို႔မရတဲ့ကိစၥကို။

ဒါက ျဖစ္မယ့္ကိစၥႀကီးကို။လက္ရွိအေျခအေနကိုၾကည့္တာမဟုတ္ဘဲ တစ္ကယ္ျဖစ္လာရင္ ဘယ္လိုလုပ္မလဲဆိုတာ အဆင္သင့္ျဖစ္ဖို႔ လိုလိမ့္မယ္လို႔ ယူဆတယ္။

Opinion Leaders Media ။     ။ လက္ရွိမွာလုပ္ေနတဲ့ ဆင္းရဲႏြမ္းပါးတဲ့ အေျခခံလူတန္းစားေတြကို ေထာက္ပံ့မယ့္အစီအစဥ္မွာ အဂတိလိုက္စားႏိုင္တယ္ဆိုတဲ့ ေထာက္ျပခ်က္ေတြ ထြက္လာတာရွိလာပါတယ္။ဒီလိုအစိုးရက သၾကၤန္ ၁၀ ရက္တာ ကာလမွာ ေထာက္ပံ့တဲ့အစီအစဥ္ေၾကာင့္ လတ္တေလာမွာ ကုန္ေစ်းႏႈန္းေတြ ခန႔္မွန္းထားတာေလာက္ တက္မလာတာကို ေတြ႕ရတယ္ ဆရာ။ဒီလိုကူးစက္ကာလက တ႐ုတ္ႏိုင္ငံမွာ ၇၈ ရက္ေလာက္ ၾကာသြားတယ္လို႔ သိရတယ္ ဆရာ။လက္ရွိ အီတလီ၊ စပိန္နဲ႔ အေမရိကန္မွာလည္း ရက္ကအေတာ္ၾကာေနၿပီ။ဒီလိုကာလက ထပ္တိုးလာရင္ အစိုးရအေနနဲ႔ အေျခခံျပည္သူေတြကို ေထာက္ပံ့တာ ဆက္တိုးခ်ဲ႕ခဲ့ရင္ အစိုးရအတြက္ ႏိုင္ငံ့စီးပြားေရးမွာ ထိခိုက္ႏိုင္သလား၊ ဒါမွမဟုတ္ အမ်ားျပည္သူ ေနထိုင္စားေသာက္ေရးနဲ႔ တရားဥပေဒစိုးမိုးေရးမွာ ပိုၿပီးအားေကာင္းလာႏိုင္လား ဆရာ။

ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခုကခက္တာေပါ့။က်န္းမာေရးကစတဲ့ျပႆနာ စီးပြားေရး၊ စီးပြားေရးကစတဲ့ျပႆနာ ႏိုင္ငံေရးေနာ္။၂၀၂၀ မွာလည္း ေ႐ြးေကာက္ပြဲရွိေနတယ္။ဒါေတြကလည္း ကြင္းဆက္ေတြဘဲ။ကြင္းဆက္ေတြအားလုံးကို ဆရာတို႔ ညီညီၫြတ္ၫြတ္နဲ႔ ေျဖရွင္းႏိုင္မလား၊ တစ္ႏိုင္ငံလုံး အားလုံးနားလည္မႈရွိရွိနဲ႔ ေျဖရွင္းႏိုင္မလားဆိုတာကို ေမးခြန္းထုတ္ရမွာဘဲ။ဒီျပႆနာက လက္ရွိအစိုးရနဲ႔သာ ဆိုင္ေနတာမဟုတ္ဘူး။တပ္မေတာ္နဲ႔လည္း ပတ္သက္ေနတာ။အတိုက္အခံေတြနဲ႔လည္း ပတ္သက္ေနတာ။အားလုံးဝိုင္းတြန္းရမယ့္ အေျခအေနရွိတဲ့အတြက္ ဒါကိုေတာ့ လုပ္ေစခ်င္တဲ့အေနအထားပါ။လုပ္တဲ့အခါမွာ ျဖစ္ေနတဲ့ျပႆနာတစ္ခုတည္း ၾကည့္တာမဟုတ္ဘဲနဲ႔ ဒါၿပီးသြားရင္ ဘယ္လိုလုပ္မလဲ။စီးပြားေရးပုံစံကို။ဆရာ့အေနနဲ႔ ကိုယ္ပိုင္ကိုယ္ေရးကိုယ္တာအေနနဲ႔ စဥ္းစားမယ္ဆိုရင္ အရင္တုန္းက စာသင္တဲ့အခါ လူေတြအားလုံး ေက်ာင္းသားေတြအားလုံး စာသင္ခန္းထဲေခၚၿပီး စာသင္ႏိုင္တဲ့အေနအထားရွိတယ္။ကိုဗက္ ၁၉ ၿပီးသြားရင္ အဲဒီလိုစုေဝးထိုင္ၿပီး သင္တန္းေပးဖို႔ အေျခအေနကမရွိေတာ့ဘူး။

အဲဒီအခါက်ရင္ Remote ကိုတက္ရေတာ့မယ္။ Video နဲ႔ လုပ္ရေတာ့မယ္။အဲဒါကို အခုကတည္းက ျပင္ဖို႔လိုတာေပါ့။ျပင္ဆင္ထားဖို႔လိုတယ္။ကိုယ့္ကိုယ္ကိုလဲ Revent ေပါ့ ျပန္ၿပီးလုပ္ဖို႔လိုမယ္။အရင္ပုံစံနဲ႔ အရင္ပုံစံအတိုင္း ျပန္လုပ္မယ္ေတာ့မဟုတ္ဘူး။အရင္ပုံစံဆိုတာ မရွိေတာ့ဘူး။ပုံစံအသစ္ကို ရင္ဆိုင္ရမယ့္အေျခအေနရွိတာကိုေတာ့ အားလုံးသေဘာေပါက္ဖို႔ေတာ့ လိုလိမ့္မယ္။

Opinion Leaders Media ။     ။ အကုန္လုံးျပန္ၿခဳံၾကည့္မယ္ဆိုရင္ ျဖစ္လာႏိုင္တာေတြကို ျပန္ဆင္ထားရမယ္။ျပည္တြင္းထုတ္လုပ္မႈေတြ အားေပးၿပီး အထူးသျဖင့္ အလုပ္မ်ားမ်ားေပးႏိုင္မယ့္ အလုပ္ေတြကို  ေဇာင္းေပးလုပ္ႏိုင္ဖို႔ ျပန္ျပင္ဆင္ထားရမယ္ဆိုတဲ့ သေဘာေပါ့ေနာ္ ဆရာ။

ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္ ။     ။ အထူးသျဖင့္ စီးပြားေရးသမားေတြ အားလုံးကေတာ့ Remote တက္မွ ရေတာ့မယ္။ Digital တက္မွ ရေတာ့မယ္။ Physical မရေတာ့ဘူး။ဒီပုံစံနဲ႔ အရင္အတိုင္း ပစၥည္းေတြထုတ္ေရာင္းတာ မဟုတ္ေတာ့ဘူး။အခုဆိုရင္  ဒီအခြင့္အေရးေပၚလာၿပီေလ။ online shoping ေတြ ေပၚလာၿပီ။ဘဏ္ေတြလည္း အြန္လိုင္းျဖစ္လာၿပီ။ဘဏ္ခြဲေတြ မလိုေတာ့ဘူး။ဒါအခြင့္အေရးေတြဘဲ။ဒါကို အခက္အခဲေတြလို႔မေတြးဘဲ အခြင့္အေရးလို႔ေတြးရင္ အဆင္ေျပလိမ္မယ္လို႔ ေအာက္ေမ့ပါတယ္။  

Opinion Leaders Media ။     ။ ဟုတ္ကဲ့ဆရာ။အထူးေက်းဇူးတင္ပါတယ္။

ေဒါက္တာေအာင္ထြန္းသက္
ဧၿပီ - ၉