【 ပညာရှင်များ၏အမြင် 】 “လူတွေအားလုံးက ထီးဖြူဆောင်းတဲ့ဘဝကို ပြန်ပြီးမျှော်နေတာ”

【 ပညာရှင်များ၏အမြင် 】 “လူတွေအားလုံးက ထီးဖြူဆောင်းတဲ့ဘဝကို ပြန်ပြီးမျှော်နေတာ”

ကိုဗစ် ၁၉ ဒုတိယလှိုင်းမှာ ပထမလှိုင်းထက် ပိုပြင်းထန်သဖြင့် အသေအပျောက်များကာ ကူးစက်မှုများပြားလာသဖြင့် ယခုကာလအတွင်း စီးပွားရေးလုပ်ငန်းအတော်များများကို ရပ်တန့်ခဲ့ရသလို ကုန်စည်ကူးသန်းမှုများကိုပါ ရပ်ဆိုင်းလုမတတ်ဖြစ်ခဲ့ရပါတယ်။အထူးသဖြင့် ယိုင်နဲ့နဲ့ မြန်မာ့စီးပွားရေးအခြေအနေမှာ ယခုအခြေအနေကြောင့် အတော်လေးထိခိုက်ခဲ့သဖြင့် အစိုးရက ကာလတိုအစီအမံဖြင့် လူမှုရေးအထောက်အပံ့၊ လုပ်ငန်းငယ်များကို သက်သာသည့် ကိုဗစ်အထူးချေးငွေများကို ထောက်ပံ့ပေးနေသော်လည်း ရေရှည်တွင် ယခုလိုဆက်လက်ဖြစ်နေမည့် အလားအလာကို မြင်တွေ့ရသဖြင့် မြန်မာ့စီးပွားရေး၊ အိမ်နီးချင်း အဓိကကုန်သွယ်ဘက် တရုတ်နှင့်ကုန်သွယ်ရေးတွင် မည်သို့ပြင်ဆင်သင့်သည်၊ ကိုဗစ်အလွန်ကာလ စီးပွားရေးနှိုးဆွမှုအတွက် ဘယ်ကဏ္ဍကိုစတင်သင့်သည်ဆိုသည့် အချက်များကို နိုင်ငံတော်သမ္မတ၏ ငြိမ်းချမ်းရေးနှင့် စီးပွားရေးအကြံပေးအဖွဲ့ဝင်ဖြစ်သူ ဝါရင့်စီးပွားရေးပညာရှင် ပါမောက္ခ ဆရာ ဒေါက်တာအောင်ထွန်းသက်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။ ဆရာ ဒေါက်တာအောင်ထွန်းသက်၏ ကိုဗစ်အလွန် မြန်မာ့စီးပွားရေးနိုးထမှုအတွက် လုပ်သင့်လုပ်ထိုက်သည့် ဆောင်ရွက်မှုများအတွက် ရှုမြင်သုံးသပ်ချက်အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။ မြန်မာနဲ့ တရုတ် ကုန်သွယ်မှုက မြန်မာနိုင်ငံရဲ့ ကိုဗစ်အလွန်ကာလမှာ ကုန်သွယ်ရေးအရ တရုတ်အပေါ် အတိုင်းအတာတစ်ခုထိ မှီခိုနေရဦးမှာဖြစ်တဲ့အတွက် မြန်မာတွေဘက်ကနေ ဘယ်လိုတွေပြင်ဆင်ထားသင့်သလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ကိုဗစ် ဖြစ်၏ မဖြစ်၏ထက်ကို နိုင်ငံတကာကုန်သွယ်မှုနဲ့ပတ်သက်လာရင် အိမ်နီးနားချင်းလည်းဖြစ်တယ်၊ အင်အားကြီးတဲ့ တရုတ်နိုင်ငံရဲ့ သူတို့ရဲ့ပိုးလမ်းနဲ့ ချိတ်ဆက်နေတာကိုး။အဲဒါ့ကိုအခွင့်အရေးယူဖို့ဘဲ ဆရာတို့ရှိပါတယ်။ဒါကို ဟိုတွေးဒီတွေးတွေနဲ့ အနှောင့်အယှက်ဖြစ်ခဲ့တာလေ။
ကိုယ့်မှာလည်း ပြဿနာက စီးပွားရေးတစ်ခုတည်းမဟုတ်ဘူး။တွေးတာက ဆရာတို့မှာ ပြည်တွင်းပဋိပက္ခမရှိဘူးဆိုရင် စဉ်းစားစရာမလိုဘူးလေ။အခုနှိုင်းယှဉ်ကြည့်ရင် ဗီယက်နမ်တို့ ကမ္ဘောဒီးယားတို့ အာဆီယံနိုင်ငံတွေ။သူတို့မှာ ပြည်တွင်းမှာ ပြဿနာမရှိတဲ့အတွက် တရုတ်နဲ့ဆက်ဆံတဲ့အခါမှာ သူတို့မှာ စဉ်းစားစရာကတစ်ခုဘဲ။ကိုယ့်အတွက် စီးပွားရေးအကျိုးရှိမလား။ဒီအတွက်ဘဲ သူနဲ့ကိုယ်နဲ့ကြားမှာ စီးပွားရေးအကျိုး ရှိ၊ မရှိဟာ ဆက်ဆံမှုဟာ အဲဒီအပေါ်မှာ အခြေခံပြီးလုပ်တာ။ဆရာတို့ကျတော့ အဲ့ဒီလိုမဟုတ်ဘူး။ဆရာတို့မှာက တရုတ်နဲ့ပတ်သက်လာရင် နိုင်ငံရေးကပါလာတယ်။တရုတ်နဲ့ပတ်သက်လာရင် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းတွေလည်း ပါလာတယ်။

အဲဒါဖြစ်တဲ့အခါကျတော့ အခုနလို တော်တော်ကြီးကို သတိထားရတယ်။တခြားနိုင်ငံတွေမှာတော့ ဒီက်ိစ္စ ခေါင်းထဲကို သူတို့စဉ်းစားစရာမလိုဘူးလေ။ဒါကို သူတို့က လွတ်လွတ်ကျွတ်ကျွတ် စီးပွားရေးကိစ္စတစ်ခုဘဲကြည့်ရတာ။ဆရာတို့မှာကျတော့ စီးပွားရေးကော နိုင်ငံရေးကော နောက်တစ်ခါ တိုင်းရင်းသားရေးရာကော အခုငြိမ်းချမ်းရေးရော အားလုံးတစ်ပြိုင်နက်တည်းကြည့်နေရတာ။သိပ်ပင်ပန်းတာပေါ့။အဲဒီတော့ တရုတ်ကိုစဉ်းစားတဲ့အခါမှာ သိပ်ပြီး တစ်ဘက်စောင်းနင်းဖြစ်ဖို့ကလည်း မဖြစ်ပြန်၊ နောက်တစ်ခုကလည်း ကိုယ့်မှာလည်း တခြားဖိအားတွေ၊ လုံခြုံရေးကောင်စီတွေ ဖိအားတွေရှိတော့ တရုတ်ကိုပစ်ပယ်လို့မရဘူး။နိုင်ငံရေးအရ။

အခု ဒီမှာလည်း စီးပွားရေးအရရှိပြန်တော့ အခု တရုတ်ကတောင် ကိုယ့်ကိုပိတ်တာ။ကိုယ်ကတောင် မပိတ်ရသေးဘူး။သူတို့ကအရင်ပိတ်တာ။ဘာကြောင့်လည်းဆို ကိုယ့်မှာရောဂါပြန့်ပွားမှု အခြေခံကိုကြည့်ပြီးတော့ သူတို့က ဂိတ်တွေ ဘာတွေ ပိတ်တာရှိတယ်။အဲဒိီတော့ သူတို့ပြန်ဖွင့်တာကို ကိုယ်ကအခွင့်ကောင်းယူရမှာပေါ့။
အဲဒီတော့ ကံကောင်းသေးတာကတော့ အခုဖြစ်နေတဲ့ second wave က ဗဟိုပြုနေတာ ရန်ကုန်ကို ဗဟိုပြုနေတာ။ဆိုတော့ နယ်စပ်။မူဆယ်အဖွဲ့တွေနဲ့တွေ့တော့ သူတို့လည်း သာမန်လှုပ်ရှားနေတာပေါ့။မသိသာလှဘူး။ရှမ်းပြည်နယ်လည်း ဒီအတိုင်းဘဲ။အဲဒီဟာလေးကို အခွင့်ကောင်းယူပြီးတော့ လုပ်စရာရှိတာ ဆက်လုပ်ရမှာပေါ့။
ဒါကို ကိုယ့်အတွက် အကျိုးရှိရှိအသုံးချဖို့လိုတယ် ထင်တာပဲ။

Opinion Leaders ။     ။  တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ ပြီးခဲ့တဲ့နှစ်မှာဖြစ်ပေါ်ခဲ့တဲ့ အခြေအနေအရဆိုရင် မြန်မာဘက်က လယ်ယာထွက်ကုန်တွေ အတော်လေးအထိနာခဲ့တာကို တွေ့ရပါတယ်။ဆန်လို ကုန်ခြောက်တွေမှာ သိပ်ပြီးအထိနာတာကိုမတွေ့ရဘူး။ဒီတော့ ရှေ့လျှောက် တရုတ်နဲ့ကုန်သွယ်မှုမှာ မြန်မာဘက်က ဆုံးရှုံးမှုနည်းအောင် ဘယ်လိုကုန်စည်တွေကို တိုးပြီးတင်ပို့ဖို့ ကြိုးစားသင့်သလဲ၊ နောက်တစ်ခုက ဒီလိုအထိနာခဲ့တဲ့ ကုန်စည်မျိုးတွေကိုလည်း မြန်မာဘက်က ဘယ်လိုပြင်ဆင်ပြီး တင်ပို့သင့်ပါသလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ကုန်သွယ်ရေးအခြေခံကတော့ ဝယ်လိုအားနဲ့ ရောင်းလိုအားပဲ။ကိုယ်ရောင်းနိုင်တဲ့ ထုတ်နိုင်တဲ့ပစ္စည်းရှိတယ်။သူတို့ဝယ်ချင်တဲ့ လိုအပ်ချက်ပေါ့။သူတို့လိုအပ်ချက်ကို ကိုယ်က နောက်ကလိုက်ရမယ်။ပြဿနာရှိတာက ကိုယ်က စျေးကွက်ကို ကိုယ်မပိုင်တော့ ဥပမာ - မတ်ပဲစျေးကွက် ဆိုပါတော့။အိန္ဒိယဘက်က မဝယ်တော့ဘူးလည်းပြောလိုက်ရော တောင်သူတွေ ဒုက္ခရောက်ကော။နောက်တစ်ခါ အိန္ဒိယကဝယ်မယ်ပြောရင် သွားစိုက်ပြန်ကော စိုက်ပြီးတော့မဝယ်ဘူးဆိုတော့ စိုက်ထားတဲ့ဟာတွေ အလကား အလဟဿဖြစ်တယ်။စိုက်ပျိုးရေးကဏ္ဍမှာ လူတွေရဲ့လိုအပ်ချက် Demand သိပ်ပြီးသိမ်မွေ့တယ်။သူတို့အနေနဲ့ တခါတလေ ကိုယ့်ကိုဖိအားပေးချင်တဲ့သူနဲ့ Demand ကို လျှော့လိုက်တယ်။ Demand မပေးနိုင်ဘူးတွေ ဘာတွေဖြစ်တယ်။အရေးကြီးဆုံးက food security။စားနပ်ရိက္ခာလုံခြုံမှုက အဓိကပဲလေ။

တရုတ်ပြည်တို့ အိန္ဒိယပြည်တို့ဟာ စားနပ်ရိက္ခာဖူလုံပေမယ့် သူတို့မှာ အမြဲတမ်း Import လုပ်နေရတာ။ကိုယ့်အနေနဲ့ သူတို့ဆီသွားပြီးတော့ ထုတ်လုပ်တဲ့ပစ္စည်းတွေ သူ့ဆီကုန်ချောတွေသွားရောင်းလို့မဖြစ်ဘူးလေ။မြန်မာထုတ်ကားကို သွားရောင်းလို့မရဘူး။တရုတ်ပြည်ကို မြန်မာထုတ်ရေခဲသေတ္တာသွား ရောင်းလို့မရဘူး။အဲ့တော့ ကိုယ့်အနေနဲ့ စီးပွားရေးအခြေခံ ကုန်သွယ်မှုအခြေခံက တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ဆက်ဆံတဲ့အခါမှာ ကိုယ့်ရဲ့အားသာချက်နဲ့ သူ့ရဲ့အားသာချက်၊ ကိုယ့်ရဲ့အားနည်းချက်နဲ့ သူ့ရဲ့အားနည်းချက်ကို ကြည့်ရမှာ။သူတို့ကလိုနေတာ စားဝတ်နေရေးလိုနေတယ်။ဆန်တွေလိုတယ်။ကုန်ခြောက်တွေပေါ့။ပြီးတော့ ကုန်စိုလည်းလိုတာပဲ။သီးနှံတွေပေါ့။အဲဒီတော့ ကိုယ့်အနေနဲ့ တောင်သူတွေအတွက်ကို အဆင်ပြေအောင် သူတို့ရဲ့ဝယ်လိုအားကို တည်ငြိမ်တဲ့ဝယ်လိုအားဖြစ်အောင် ညှိမှရမယ်။

နောက်တစ်ခုက ကိုယ့်ရဲ့ပေါ်လစီကိုလည်း ပြန်ကြည့်မှရမယ်။ကိုယ့်ရဲ့ပေါ်လစီက တခါတလေ ပိတ်လိုက်ဖွင့်လိုက် လုပ်တာကိုး။အဲ့အခါကျတော့ ၁၀၅ မိုင်တို့မှာ အဆင်ပြေတဲ့အချိန်မှာ နောက်တစ်ခါ မပြေတော့ပြန်ဘူး။အဲဒီအခါ ဖရဲသီးတွေ အထိနာတာတို့ ဘာတို့ပေါ။တောင်သူတွေ စိုက်ပြီးပျိုးပြီးကာမှ ပစ္စည်းပို့တဲ့အခါ မဝယ်တော့ဘူးဆိုတော့ ဒုက္ခရောက် ဒါတွေကလည်း တာရှည်ခံတဲ့ပစ္စည်းတွေမဟုတ်တဲ့အတွက် ပုပ်သိုးတာတို့ သိပ်နစ်နာတာပဲ။နောက်ဆုံး ကိုယ့်လူတွေ ဆင်းရဲတဲ့သူတွေပဲ ဒုက္ခရောက်တာ။အရေးကြီးတာက သူတို့လိုချင်တဲ့ Demand ကို ကိုယ်ကကြိုတင်ပြီးတော့ သူတို့နဲ့ချုပ်ထားဖို့လိုလိမ့်မယ်။အဲ့ဒီတော့ သူတို့လိုချင်တဲ့ Demand က အထူးသဖြင့် တရုတ်ပြည်၊ တရုတ်ပြည် ပြောနေလို့မဖြစ်ဘူး။တကယ်တမ်းတော့ ယူနန်ပြည်နယ်ကို ပြောရမှာ။

တခါတလေတော့ ကိုယ်က တရုတ်ပြည်ကို ထဲထဲဝင်ဝင်ဖြစ်တော့ ပြည်မကြီး ဘေကျင်းက ဆုံးဖြတ်တာ တစ်မျိုးလေ။ယူနန်-ကူမင်းက ဆုံးဖြတ်တာတစ်မျိုး။ကိုယ့်အနေနဲ့ G to G။အစိုးရအချင်းချင်းကတော့ နေပြည်တော်နဲ့ ဘေကျင်းနဲ့ ထိတွေ့ဆက်ဆံနေချင်တယ်။အရေးကြီးတာက ကိုယ်က တကယ်ထိတွေ့ရမှာက ယူနန်ပြည်နယ်အစိုးရနဲ့ပေါ့။
ယူနန်ပြည်နယ်အစိုးရဲ့ လိုအပ်ချက်တွေ။ဆရာလည်း ကူမင်းရောက်တဲ့အခါ သူတို့နဲ့တွေ့တယ်။သူတို့ကရှင်းတယ်။သူတို့အနေနဲ့ကတော့ မြန်မာပြည်နဲ့ သူတို့နဲ့က စီးပွားရေး ဒီထက်ပိုပြီးအဆင်ပြေစေချင်တဲ့ဆန္ဒ သူတို့မှာရှိတယ်။အဲ့တော့ စီးပွားရေးတစ်ခုပဲ ကြည့်ဖို့လိုတယ်။

ကိုယ့်လူတွေက တခါတလေကျရင် စီးပွားရေးပြောရင်းပြောရင်း နိုင်ငံရေးပါသွားကော။အဲ့အခါကျတော့ စဉ်းစားချက်တွေက တခါတလေလွဲသွားတာပေါ့။တခါတလေ မဆိုင်မဆီတာတွေ လာပြီးထည့်တွက်လာလို့ရှိရင် အဲ့တော့ အောက်မေ့တာတော့ ဟိုဘက်ကစီးပွားရေးသမားနဲ့ ဒီဘက်ကစီးပွားရေးသမား။ဟိုဘက်က စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဒီဘက်က စီးပွားရေးလုပ်ငန်းရှင်တွေ သူတို့အဆင်ပြေအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ။အဲ့ဒါလေးတော့ အရင်တုန်းကမျှော်လင့်တာ စိတ်ကူးက အဲဒီလိုများလုပ်ဖြစ်မလားပေါ့။ပိုးလမ်းနဲ့ပတ်သက်ပြီး ယူနန်ပြည်နယ်အစိုးရ၊ ရှမ်းပြည်နယ်အစိုးရ၊ ကချင်ပြည်နယ်အစိုးရ။သူတို့နဲ့ကပ်နေတဲ့ဒေသတွေ တာဝန်ခံတွေနဲ့ တိုင်ပင်ပြီးတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့။အရေးကြီးတာ နိုင်ငံရေးပြဿနာ၊ စီးပွားရေး‌ပြဿနာ မဟုတ်ဘူး။နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်မှရမယ်။အဲ့တော့ ကိုယ့်အနေနဲ့ ပြည်နယ်အဆင့်မှာပဲ ဖြေရှင်းမလား။နေပြည်တော်အဆင့်မှပဲဖြေရှင်းမလား ဒါတော့ဆုံးဖြတ်ရမှာပဲ။

Opinion Leaders ။     ။ ကိုဗစ်ဒုတိယလှိုင်းမစခင်မှာ တရုတ်သံအမတ်က Belt & Road ကို ပြန်လုပ်လာတာတွေ့ရတယ်။နောက်တစ်ခုက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်မှာ တရုတ်ပြည်မကြီးဘက်က ဂျပန်လုပ်ငန်းတွေကိုလာလုပ်ဖို့ အိန္ဒိယကနေဆော်ဩတယ်။ဆွေးနွေးတယ်ဆိုတာတွေ ရှိတဲ့အခါကျတော့ မကြာခင်မှာ Belt & Road အရ မူဆယ်ကနေ မန္တလေးထိ ရထားလမ်းတို့၊ ရန်ကုန်မြို့သစ်စီမံကိန်းလိုဟာမျိုးတွေ လုပ်လာခဲ့လို့ရှိရင် တရုတ်ဘက်က လုပ်ငန်းတွေ‌ကြောင့် မြန်မာပြည်က စီးပွားရေးက တိုးတက်လာနိုင်ခြေရှိလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဲ့ဒါတွေပဲ အားကိုးရမှာလေ။ကိုယ့်အားမှမရှိတာ။ကိုယ့်ဆီမှာအခြေအနေက သိပ်မကောင်းတဲ့အချိန်မှာ One Belt One Road။၀ူဟမ်က ပြန်ထောင်သွားပြီ။သူတို့ကလည်း ချက်ချင်းပြန်ထောင်နိုင်အောင်လုပ်တယ်လေ ပုံစံအမျိုးမျိုးနဲ့။အဲ့အခါကျတော့ သူတို့ရဲ့ One Belt One Road ကိစ္စကိုပဲ ဆရာတို့က ဦးစားပေးရမှာ။ရထားလမ်းဖောက်ပေးမယ်။လားရှိုး-မန္တလေး-နေပြည်တော်-ရန်ကုန်၊ မြန်မြန်ဖောက်ပေါ့။မဟုတ်ဘူးလား။နောက်တစ်ခါ ကျောက်ဖြူကိစ္စ မြန်မြန်လုပ်ပေးပေါ့။ဒါပေမယ့် အဲ့ဒါကျတော့ တို့ဆီကလူတွေ တခါတလေကျတော့ စဉ်းစားချက်ကတစ်မျိုးလေ။အဲ့လိုတွေဖြစ်လာတော့ ခုချိန်မှာတော့ စီးပွားရေးအခြေအနေ သိပ်ဆိုးနေတယ် ကျပ်တည်းနေတယ် ထွက်ပေါက်က ဒါပဲပေါ့။ infra ပဲပေါ့။

အခြေခံလမ်းတွေဖောက်မယ် ကိုယ်ကအလုပ်အကိုင်အခွင့်အလမ်းတွေ။အလုပ်ကိုင်အခွင့်အရေး မြန်မြန်ရတဲ့ဟာ။သူက မြန်မြန်ရဖို့လိုတာ။မြန်မြန်ရယ်၊ များများရယ်၊ မှန်တာခဏထားလိုက်တော့။ဆရာ အမြဲတမ်းပြောနေတာ “မ” သုံးလုံး ။မှန်တယ် မမှန်တယ် ခဏထားဦး။ကာလတိုမှာ မှန်တယ်/မမှန်တယ် ဟိုကြည့်ဒီကြည့် ကြည့်နေလို့မရဘူး။ခုချိန်မှာ များများလာဖို့လိုတယ်၊ မြန်မြန်လာဖို့လိုတယ်။မြန်မြန်လာ များများလာမှ စီးပွားရေးပြန်ပြီးအခြေအနေကောင်းလာမှာ။ကိုယ့်ပြည်တွင်းအင်အား ဘယ်လောက်ရှိတယ်ဆိုတာ သူတို့ရဲ့ Reserve ပေါ့။သူတို့မှာ အရန်အင်အားဘယ်လောက်ရှိလည်း ကိုယ်တို့မှာမသိဘူးလေ။ဗဟိုဘဏ်က ဘယ်လောက်ထိ သူတို့သုံးနိုင်မလဲ။ဘဏ္ဍာငွေ ဘတ်ဂျက်ကို ဘယ်လောက်ထိ သူတို့လျာထားနိုင်လည်းဆိုတာလည်း ရှိသေးတာကိုး။ကိုယ့်ဆီကအင်အားကို ပြန်စုစည်းမှရမယ်ထင်တယ်။ခုချိန်မှာတော့။

Opinion Leaders ။     ။ အခု လက်ရှိအချိန်မှာဆိုရင် အစိုးရအနေနဲ့ ကိုဗစ်ကိုလည်း နိုင်အောင်ထိန်းနေ၊ တစ်ဘက်မှာလည်း စီးပွားရေးကို ဆုံးရှုံးမှုနည်းအောင် လုပ်နေတဲ့အနေအထားကို မြင်ရတယ်။ဒါပေမယ့် ကိုဗစ်ကာလကျော်လို့ရှိရင် လုပ်ငန်းတွေကို ပြန်လည်ထူထောင်ဖို့ plan မှာကျတော့ သိပ်ထည့်ဆွဲထားတာ မတွေ့ရဘူး ဆရာ။တစ်ကယ့် တစ်ကယ်ဆိုရင် အစိုးရအနေနဲ့ ဘယ် sector ကနေ စပြီး ဆွဲတင်မယ်၊ ယိုးဒယားဆိုလို့ရှိရင် ခရီးသွားလုပ်ငန်းကနေ စဆွဲတင်ဖို့လုပ်တယ်။တခြားနိုင်ငံတွေလည်း ဒီလိုပုံစံဆွဲတင်တာရှိတော့ မြန်မာနိုင်ငံဆိုရင် အဲဒီလိုအစီအစဉ်တွေ ကြေညာတာလည်း မတွေ့မိတဲ့အတွက် ဘယ်လိုမျိုးကနေစသင့်ပါလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ သူတို့ကတော့ CERP ပေါ့လေ။ CERP က ပထမ wave နဲ့ ပတ်သက်တာပေါ့။ CERP က Release လောက်ပဲ ရှိတာလေ။အရေးပေါ် တကယ်တမ်းတော့ ပြန်ထောင်ဖို့လိုတယ်လေ။သူတို့မှာရှိတဲ့ MSDP 2030 ကိစ္စကလည်း ကိုဗစ်ကို မပါတဲ့ဟာကျတော့ ကိုဗစ်အလွန်မှာ ဘာလုပ်မလဲဆိုတာ ထဲထဲဝင်ဝင်လုပ်မှရတော့မယ်ထင်တယ်။စင်္ကာပူလည်း လုပ်နေတယ်။ကျန်တဲ့နိုင်ငံတွေ လည်း အသီးသီးပေါ့။ထိုင်းဆိုလည်း အကြီးအကျယ်ပြန်လုပ်တယ်လေ။ကိုယ့်အနေနဲ့လည်း အစတည်းက Primary Sector ကိုယ်တို့အနေနဲ့လည်း အမြဲတမ်းပြောတယ်။လယ်ယာစိုက်ပျိုးရေး၊ သားငါးမွေးမြူရေး အဲ့ဒီကဏ္ဍတွေရှိတယ်။အဓိက ကတော့ အလုပ်အကိုင်အခွင့်အရေး အများဆုံးရှိတဲ့ sector တွေပဲ ဦးစားပေးသင့်တယ်ထင်တယ်။

ခုချိန်မှာ သွားပြီးတော့ Hightech အဆင့်မြင့်တဲ့ဟာတွေ သွားလုပ်လို့ကတော့ လူကြားကောင်းတာပဲရှိတယ်။လူတွေအတွက်ကို ထမင်းမကျွေးနိုင်ဘူး။အရေးကြီးဆုံးက အလုပ်ကိုင်အခွင့်အရေး အမြန်ဆုံးရအောင် ဘယ်လိုတွေလုပ်ကြမလဲ။လယ်ယာကဏ္ဍ၊ ခုဆိုရင်လည်း မသေချာတာက မိုးတွင်းက စိုက်ပျိုးရေးရာသီလေ၊ စိုက်ပျိုးရေးရာသီမှာ ဘယ်လောက်ထိလဲ မပြောတတ်ဘူး။ခုက ရန်ကုန်တစ်ခုပဲပြောနေတာကိုး။နယ်တွေမှာ စိုက်ပျိုးရေးက သိပ်ပြီးမသိသာသေးဘူး။မွေးမြူရေးမှာ သိပ်မသိသာသေးဘူး။သား၊ ငါးကဏ္ဍမှာ သိပ်မသိသာသေးဘူး။အဲ့ဒါတွေကို ဆက်ပြီးထိန်းထားဖို့ လိုလိမ့်မယ်ထင်တယ်။ရန်ကုန်မှာတော့ ကုန်သွယ်မှုကတော့ စီးပွားရေးအားလုံးရပ်ကုန်တယ်။
ရန်ကုန်က အခြေခံဖြစ်တယ်။အခြေခံဖြစ်တော့ နယ်တွေမှာရှိတဲ့ သားငါးကဏ္ဍတို့ စိုက်ပျိုးရေးကဏ္ဍတို့ မွေးမြူရေးကဏ္ဍတို့ ပုံမှန်ထက်ကိုပိုပြီး အရှိန်အဟုန်မြင့်မြင့်နဲ့ကို ပိုပြီးလုပ်ဖို့လိမ့်မယ်လို့ ထင်မိတာ။

Opinion Leaders ။     ။ အကုန်လုံးခြုံကြည့်မယ်ဆိုရင် ကိုဗစ်အတွက် တစ်ခုတည်းမစဉ်းစားဘဲနဲ့ ကိုဗစ်အလွန် စီးပွားရေး၊ ကျန်းမာရေး၊ အကုန်ခြုံပြီးစဉ်းစားမှ အဆင်ပြေမယ်ဆိုတဲ့ အနေအထားလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာအမြဲတမ်းပြောတယ် လွှမ်းခြုံကြည့်မှရမယ်။ကွက်ကြည့်လို့မရဘူး။နိုင်ငံမှာဖြစ်နေတဲ့ တောက်လျှောက်ပြဿနာက ကွက်ကြည့်တာလေ။အရေးပေါ်ဖြစ်ရင် ငါးပွက်ရာ ငါးစားချသွားလုပ်တာလေ။လုပ်တဲ့အခါကျတော့‌ ရေရှည်အတွက်ကို မစဉ်းစားဖြစ်ဘူး။ပေါ်လာတဲ့အခြေအနေတစ်ခုကို ကိုင်တွယ်လိုက်တယ်။နောက်တစ်ခါ နောက်တစ်ခုပေါ်လာတဲ့အခါကျရင် နောက်တစ်ခါသွားကိုင်လိုက်တယ်။အမှန်ကတော့ ဒီမှာ နှစ် ၃၀၊ ၄၀ စီမံကိန်းတွေ ချထားဖို့လိုတယ်။အဲ့လိုမှ ကိုယ့်အတွက်က ၂၀၃၀ မှာ ဘာဖြစ်မလဲ။ ၂၀၅၀ ဘာဖြစ်မလဲဆိုတာ စဉ်းစားဖို့လိုတယ်။ဒါပေမယ့် ခုချိန်မှာ အားလုံးက equation က ကိုဗစ်ကြောင့်။အားလုံးက ပြန်ပြီးစဉ်းစားဖို့လိုလာပြီ။ခုက ပြန်ပြီးစဉ်းစားဖို့လိုတာထက်ကို အခုက အရေးပေါ်ဖြစ်နေတော့ အသက်ရှင်ဖို့ပဲ ဦးစားပေးရမယ်။ဒီအချိန်မှာ စဉ်းစားမှရမယ်။

ဆရာ့သဘောကတော့ နောက်ကျလို့မရဘူး။အခက်အခဲတွေအများကြီးကြားထဲမှာ ဆရာ လုပ်ငန်းရှင်တွေကို အမြဲတမ်းပြောတယ်။အခက်အခဲတွေ ငါ့လာမပြောနဲ့ သိတယ်။အခက်အခဲရှိတယ်။ဒါပေမယ့် အခက်အခဲကြားထဲမှာ ဒီထက်ကောင်းတဲ့အခြေအနေတစ်ခု အနာဂတ်တစ်ခု ဖန်တီးမှရမယ်။မဟုတ်ပဲနဲ့ အခက်အခဲတွေကိုပဲ ကိုင်တွယ်နေလို့ ဒီအခက်အခဲတွေကို ကိုဗစ်ကလည်း ပြီးသွားမှာမဟုတ်ဘူး။ပြဿနာတစ်ခုက ဒီကိုဗစ်ပြီးမယ်ပြီးမယ်ပြောနေတာ။အဲဒါ အသည်းယားစရာကြီး။ကိုဗစ်ကမပြီးဘူး။ကိုဗစ်က ကိုယ်နဲ့အတူတူ ရှင်သန်ရမယ်။မင်္ဂလာဆောင်လို့ မရတော့ဘူး.. သေချာသွားပြီ။ အခမ်းအနားတွေမရှိတော့ဘူး။ဟောပြောပွဲလုပ်လို့မရဘူး။
စာသင်တာလည်း zoom နဲ့ပဲ သင်ရတော့မှာ။ဒါတွေကို ခုကတည်းက သတ္တိရှိရှိလက်ခံမှရမယ်။မဟုတ်ပဲနဲ့ အရင်တိုင်းပဲပြန်လုပ်တော့မယ် ကျောင်းတွေပြန်ဖွင့်တော့မယ် တက္ကသိုလ်တွေပြန်ဖွင့်တော့မယ်ဆိုတာ မဖြစ်နိုင်ဘူး။မလုပ်နိုင်ဘူး။ရုံးတွေပြန်မဖွင့်နိုင်ဘူး ဒီပုံစံနဲ့။ရောဂါတွေ ဒီလောက်ပြန့်နေတဲ့အချိန်မှာ ရုံးတွေဖွင့်ဖို့က မဖြစ်နိုင်တော့ဘူး။အားလုံးက မဖြစ်နိုင်ပေမယ့် ရုံးတွေပိတ်ထားတာမဟုတ်ဘူး။ပိတ်ထားလို့ရတယ်လေ။

ဒီမှာက တော်သေးတာ အင်တာနက်လေးရှိနေလို့။ကောင်းတာ မကောင်းတာက တစ်ပိုင်း။ဟိုတစ်ချိန်တုန်းက ဦးသိန်းစိန်လက်ထက်က ဒါတွေအားလုံး Telenor တို့ Ooredoo တို့ ဝင်လာပေးလို့။အဲ့ဒါများသာ လက်မခံခဲ့ရင် ဘယ်လိုလုပ်ကြမလဲ။ခုဒီရှိတာလေးကို ဒီထက်ပိုပြီး တရုတ်နဲ့ချိတ်ပြီး သူတို့မှာရှိတာလေးနဲ့ ဘယ်လိုလုပ်မလဲ။
သူတို့သုံးနေတဲ့ဟာကို ဘယ်လိုသုံးနိုင်မလဲ။သူတို့မှာ wechat သုံးနေတယ်။သူတို့က တစ်ကမ္ဘာလုံး Tik tok တွေ ဘာတွေ သုံးနေတာ။ဒါတွေကို ကိုယ့်ရဲ့အိမ်နီးနားချင်းနိုင်ငံမှာရှိတဲ့ အင်အားစုတွေကို ကိုယ့်အနေနဲ့ လက်လှမ်းမီတာတွေကို အသုံးချဖို့လိုလိမ့်မယ်လို့ အောက်မေ့တယ်။ဘာဖြစ်လို့လည်းဆိုတော့
အရင်ပုံစံနဲ့မရဘူးဆိုတာတော့ သေချာတယ်လေ။ခုထိ လူတွေအားလုံးက ထီးဖြူဆောင်းတဲ့ဘဝကို ပြန်ပြီးမျှော်နေတာ။မဖြစ်နိုင်တာကိုး။အဲ့တာလေးတော့ သတိထားပေါ့။

Opinion Leaders ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
အောက်တိုဘာ - ၁၅

( Zawgyi )

ကိုဗစ္ ၁၉ ဒုတိယလႈိင္းမွာ ပထမလႈိင္းထက္ ပိုျပင္းထန္သျဖင့္ အေသအေပ်ာက္မ်ားကာ ကူးစက္မႈမ်ားျပားလာသျဖင့္ ယခုကာလအတြင္း စီးပြားေရးလုပ္ငန္းအေတာ္မ်ားမ်ားကို ရပ္တန႔္ခဲ့ရသလို ကုန္စည္ကူးသန္းမႈမ်ားကိုပါ ရပ္ဆိုင္းလုမတတ္ျဖစ္ခဲ့ရပါတယ္။အထူးသျဖင့္ ယိုင္နဲ႔နဲ႔ ျမန္မာ့စီးပြားေရးအေျခအေနမွာ ယခုအေျခအေနေၾကာင့္ အေတာ္ေလးထိခိုက္ခဲ့သျဖင့္ အစိုးရက ကာလတိုအစီအမံျဖင့္ လူမႈေရးအေထာက္အပံ့၊ လုပ္ငန္းငယ္မ်ားကို သက္သာသည့္ ကိုဗစ္အထူးေခ်းေငြမ်ားကို ေထာက္ပံ့ေပးေနေသာ္လည္း ေရရွည္တြင္ ယခုလိုဆက္လက္ျဖစ္ေနမည့္ အလားအလာကို ျမင္ေတြ႕ရသျဖင့္ ျမန္မာ့စီးပြားေရး၊ အိမ္နီးခ်င္း အဓိကကုန္သြယ္ဘက္ တ႐ုတ္ႏွင့္ကုန္သြယ္ေရးတြင္ မည္သို႔ျပင္ဆင္သင့္သည္၊ ကိုဗစ္အလြန္ကာလ စီးပြားေရးႏႈိးဆြမႈအတြက္ ဘယ္က႑ကိုစတင္သင့္သည္ဆိုသည့္ အခ်က္မ်ားကို ႏိုင္ငံေတာ္သမၼတ၏ ၿငိမ္းခ်မ္းေရးႏွင့္ စီးပြားေရးအႀကံေပးအဖြဲ႕ဝင္ျဖစ္သူ ဝါရင့္စီးပြားေရးပညာရွင္ ပါေမာကၡ ဆရာ ေဒါက္တာေအာင္ထြန္းသက္အား အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။ ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ ကိုဗစ္အလြန္ ျမန္မာ့စီးပြားေရးႏိုးထမႈအတြက္ လုပ္သင့္လုပ္ထိုက္သည့္ ေဆာင္႐ြက္မႈမ်ားအတြက္ ရႈျမင္သုံးသပ္ခ်က္အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။ ျမန္မာနဲ႔ တ႐ုတ္ ကုန္သြယ္မႈက ျမန္မာႏိုင္ငံရဲ႕ ကိုဗစ္အလြန္ကာလမွာ ကုန္သြယ္ေရးအရ တ႐ုတ္အေပၚ အတိုင္းအတာတစ္ခုထိ မွီခိုေနရဦးမွာျဖစ္တဲ့အတြက္ ျမန္မာေတြဘက္ကေန ဘယ္လိုေတြျပင္ဆင္ထားသင့္သလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ကိုဗစ္ ျဖစ္၏ မျဖစ္၏ထက္ကို ႏိုင္ငံတကာကုန္သြယ္မႈနဲ႔ပတ္သက္လာရင္ အိမ္နီးနားခ်င္းလည္းျဖစ္တယ္၊ အင္အားႀကီးတဲ့ တ႐ုတ္ႏိုင္ငံရဲ႕ သူတို႔ရဲ႕ပိုးလမ္းနဲ႔ ခ်ိတ္ဆက္ေနတာကိုး။အဲဒါ့ကိုအခြင့္အေရးယူဖို႔ဘဲ ဆရာတို႔ရွိပါတယ္။ဒါကို ဟိုေတြးဒီေတြးေတြနဲ႔ အေႏွာင့္အယွက္ျဖစ္ခဲ့တာေလ။
ကိုယ့္မွာလည္း ျပႆနာက စီးပြားေရးတစ္ခုတည္းမဟုတ္ဘူး။ေတြးတာက ဆရာတို႔မွာ ျပည္တြင္းပဋိပကၡမရွိဘူးဆိုရင္ စဥ္းစားစရာမလိုဘူးေလ။အခုႏႈိင္းယွဥ္ၾကည့္ရင္ ဗီယက္နမ္တို႔ ကေမာၻဒီးယားတို႔ အာဆီယံႏိုင္ငံေတြ။သူတို႔မွာ ျပည္တြင္းမွာ ျပႆနာမရွိတဲ့အတြက္ တ႐ုတ္နဲ႔ဆက္ဆံတဲ့အခါမွာ သူတို႔မွာ စဥ္းစားစရာကတစ္ခုဘဲ။ကိုယ့္အတြက္ စီးပြားေရးအက်ိဳးရွိမလား။ဒီအတြက္ဘဲ သူနဲ႔ကိုယ္နဲ႔ၾကားမွာ စီးပြားေရးအက်ိဳး ရွိ၊ မရွိဟာ ဆက္ဆံမႈဟာ အဲဒီအေပၚမွာ အေျခခံၿပီးလုပ္တာ။ဆရာတို႔က်ေတာ့ အဲ့ဒီလိုမဟုတ္ဘူး။ဆရာတို႔မွာက တ႐ုတ္နဲ႔ပတ္သက္လာရင္ ႏိုင္ငံေရးကပါလာတယ္။တ႐ုတ္နဲ႔ပတ္သက္လာရင္ ျပည္တြင္းတိုင္းရင္းသားလုပ္ငန္းေတြလည္း ပါလာတယ္။

အဲဒါျဖစ္တဲ့အခါက်ေတာ့ အခုနလို ေတာ္ေတာ္ႀကီးကို သတိထားရတယ္။တျခားႏိုင္ငံေတြမွာေတာ့ ဒီက္ိစၥ ေခါင္းထဲကို သူတို႔စဥ္းစားစရာမလိုဘူးေလ။ဒါကို သူတို႔က လြတ္လြတ္ကြၽတ္ကြၽတ္ စီးပြားေရးကိစၥတစ္ခုဘဲၾကည့္ရတာ။ဆရာတို႔မွာက်ေတာ့ စီးပြားေရးေကာ ႏိုင္ငံေရးေကာ ေနာက္တစ္ခါ တိုင္းရင္းသားေရးရာေကာ အခုၿငိမ္းခ်မ္းေရးေရာ အားလုံးတစ္ၿပိဳင္နက္တည္းၾကည့္ေနရတာ။သိပ္ပင္ပန္းတာေပါ့။အဲဒီေတာ့ တ႐ုတ္ကိုစဥ္းစားတဲ့အခါမွာ သိပ္ၿပီး တစ္ဘက္ေစာင္းနင္းျဖစ္ဖို႔ကလည္း မျဖစ္ျပန္၊ ေနာက္တစ္ခုကလည္း ကိုယ့္မွာလည္း တျခားဖိအားေတြ၊ လုံၿခဳံေရးေကာင္စီေတြ ဖိအားေတြရွိေတာ့ တ႐ုတ္ကိုပစ္ပယ္လို႔မရဘူး။ႏိုင္ငံေရးအရ။

အခု ဒီမွာလည္း စီးပြားေရးအရရွိျပန္ေတာ့ အခု တ႐ုတ္ကေတာင္ ကိုယ့္ကိုပိတ္တာ။ကိုယ္ကေတာင္ မပိတ္ရေသးဘူး။သူတို႔ကအရင္ပိတ္တာ။ဘာေၾကာင့္လည္းဆို ကိုယ့္မွာေရာဂါျပန႔္ပြားမႈ အေျခခံကိုၾကည့္ၿပီးေတာ့ သူတို႔က ဂိတ္ေတြ ဘာေတြ ပိတ္တာရွိတယ္။အဲဒိီေတာ့ သူတို႔ျပန္ဖြင့္တာကို ကိုယ္ကအခြင့္ေကာင္းယူရမွာေပါ့။
အဲဒီေတာ့ ကံေကာင္းေသးတာကေတာ့ အခုျဖစ္ေနတဲ့ second wave က ဗဟိုျပဳေနတာ ရန္ကုန္ကို ဗဟိုျပဳေနတာ။ဆိုေတာ့ နယ္စပ္။မူဆယ္အဖြဲ႕ေတြနဲ႔ေတြ႕ေတာ့ သူတို႔လည္း သာမန္လႈပ္ရွားေနတာေပါ့။မသိသာလွဘူး။ရွမ္းျပည္နယ္လည္း ဒီအတိုင္းဘဲ။အဲဒီဟာေလးကို အခြင့္ေကာင္းယူၿပီးေတာ့ လုပ္စရာရွိတာ ဆက္လုပ္ရမွာေပါ့။
ဒါကို ကိုယ့္အတြက္ အက်ိဳးရွိရွိအသုံးခ်ဖို႔လိုတယ္ ထင္တာပဲ။

Opinion Leaders ။     ။  တ႐ုတ္-ျမန္မာ ကုန္သြယ္ေရးမွာ ၿပီးခဲ့တဲ့ႏွစ္မွာျဖစ္ေပၚခဲ့တဲ့ အေျခအေနအရဆိုရင္ ျမန္မာဘက္က လယ္ယာထြက္ကုန္ေတြ အေတာ္ေလးအထိနာခဲ့တာကို ေတြ႕ရပါတယ္။ဆန္လို ကုန္ေျခာက္ေတြမွာ သိပ္ၿပီးအထိနာတာကိုမေတြ႕ရဘူး။ဒီေတာ့ ေရွ႕ေလွ်ာက္ တ႐ုတ္နဲ႔ကုန္သြယ္မႈမွာ ျမန္မာဘက္က ဆုံးရႈံးမႈနည္းေအာင္ ဘယ္လိုကုန္စည္ေတြကို တိုးၿပီးတင္ပို႔ဖို႔ ႀကိဳးစားသင့္သလဲ၊ ေနာက္တစ္ခုက ဒီလိုအထိနာခဲ့တဲ့ ကုန္စည္မ်ိဳးေတြကိုလည္း ျမန္မာဘက္က ဘယ္လိုျပင္ဆင္ၿပီး တင္ပို႔သင့္ပါသလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ကုန္သြယ္ေရးအေျခခံကေတာ့ ဝယ္လိုအားနဲ႔ ေရာင္းလိုအားပဲ။ကိုယ္ေရာင္းႏိုင္တဲ့ ထုတ္ႏိုင္တဲ့ပစၥည္းရွိတယ္။သူတို႔ဝယ္ခ်င္တဲ့ လိုအပ္ခ်က္ေပါ့။သူတို႔လိုအပ္ခ်က္ကို ကိုယ္က ေနာက္ကလိုက္ရမယ္။ျပႆနာရွိတာက ကိုယ္က ေစ်းကြက္ကို ကိုယ္မပိုင္ေတာ့ ဥပမာ - မတ္ပဲေစ်းကြက္ ဆိုပါေတာ့။အိႏၵိယဘက္က မဝယ္ေတာ့ဘူးလည္းေျပာလိုက္ေရာ ေတာင္သူေတြ ဒုကၡေရာက္ေကာ။ေနာက္တစ္ခါ အိႏၵိယကဝယ္မယ္ေျပာရင္ သြားစိုက္ျပန္ေကာ စိုက္ၿပီးေတာ့မဝယ္ဘူးဆိုေတာ့ စိုက္ထားတဲ့ဟာေတြ အလကား အလဟႆျဖစ္တယ္။စိုက္ပ်ိဳးေရးက႑မွာ လူေတြရဲ႕လိုအပ္ခ်က္ Demand သိပ္ၿပီးသိမ္ေမြ႕တယ္။သူတို႔အေနနဲ႔ တခါတေလ ကိုယ့္ကိုဖိအားေပးခ်င္တဲ့သူနဲ႔ Demand ကို ေလွ်ာ့လိုက္တယ္။ Demand မေပးႏိုင္ဘူးေတြ ဘာေတြျဖစ္တယ္။အေရးႀကီးဆုံးက food security။စားနပ္ရိကၡာလုံၿခဳံမႈက အဓိကပဲေလ။

တ႐ုတ္ျပည္တို႔ အိႏၵိယျပည္တို႔ဟာ စားနပ္ရိကၡာဖူလုံေပမယ့္ သူတို႔မွာ အၿမဲတမ္း Import လုပ္ေနရတာ။ကိုယ့္အေနနဲ႔ သူတို႔ဆီသြားၿပီးေတာ့ ထုတ္လုပ္တဲ့ပစၥည္းေတြ သူ႔ဆီကုန္ေခ်ာေတြသြားေရာင္းလို႔မျဖစ္ဘူးေလ။ျမန္မာထုတ္ကားကို သြားေရာင္းလို႔မရဘူး။တ႐ုတ္ျပည္ကို ျမန္မာထုတ္ေရခဲေသတၱာသြား ေရာင္းလို႔မရဘူး။အဲ့ေတာ့ ကိုယ့္အေနနဲ႔ စီးပြားေရးအေျခခံ ကုန္သြယ္မႈအေျခခံက တစ္ေယာက္နဲ႔ တစ္ေယာက္ ထိေတြ႕ဆက္ဆံတဲ့အခါမွာ ကိုယ့္ရဲ႕အားသာခ်က္နဲ႔ သူ႔ရဲ႕အားသာခ်က္၊ ကိုယ့္ရဲ႕အားနည္းခ်က္နဲ႔ သူ႔ရဲ႕အားနည္းခ်က္ကို ၾကည့္ရမွာ။သူတို႔ကလိုေနတာ စားဝတ္ေနေရးလိုေနတယ္။ဆန္ေတြလိုတယ္။ကုန္ေျခာက္ေတြေပါ့။ၿပီးေတာ့ ကုန္စိုလည္းလိုတာပဲ။သီးႏွံေတြေပါ့။အဲဒီေတာ့ ကိုယ့္အေနနဲ႔ ေတာင္သူေတြအတြက္ကို အဆင္ေျပေအာင္ သူတို႔ရဲ႕ဝယ္လိုအားကို တည္ၿငိမ္တဲ့ဝယ္လိုအားျဖစ္ေအာင္ ညႇိမွရမယ္။

ေနာက္တစ္ခုက ကိုယ့္ရဲ႕ေပၚလစီကိုလည္း ျပန္ၾကည့္မွရမယ္။ကိုယ့္ရဲ႕ေပၚလစီက တခါတေလ ပိတ္လိုက္ဖြင့္လိုက္ လုပ္တာကိုး။အဲ့အခါက်ေတာ့ ၁၀၅ မိုင္တို႔မွာ အဆင္ေျပတဲ့အခ်ိန္မွာ ေနာက္တစ္ခါ မေျပေတာ့ျပန္ဘူး။အဲဒီအခါ ဖရဲသီးေတြ အထိနာတာတို႔ ဘာတို႔ေပါ။ေတာင္သူေတြ စိုက္ၿပီးပ်ိဳးၿပီးကာမွ ပစၥည္းပို႔တဲ့အခါ မဝယ္ေတာ့ဘူးဆိုေတာ့ ဒုကၡေရာက္ ဒါေတြကလည္း တာရွည္ခံတဲ့ပစၥည္းေတြမဟုတ္တဲ့အတြက္ ပုပ္သိုးတာတို႔ သိပ္နစ္နာတာပဲ။ေနာက္ဆုံး ကိုယ့္လူေတြ ဆင္းရဲတဲ့သူေတြပဲ ဒုကၡေရာက္တာ။အေရးႀကီးတာက သူတို႔လိုခ်င္တဲ့ Demand ကို ကိုယ္ကႀကိဳတင္ၿပီးေတာ့ သူတို႔နဲ႔ခ်ဳပ္ထားဖို႔လိုလိမ့္မယ္။အဲ့ဒီေတာ့ သူတို႔လိုခ်င္တဲ့ Demand က အထူးသျဖင့္ တ႐ုတ္ျပည္၊ တ႐ုတ္ျပည္ ေျပာေနလို႔မျဖစ္ဘူး။တကယ္တမ္းေတာ့ ယူနန္ျပည္နယ္ကို ေျပာရမွာ။

တခါတေလေတာ့ ကိုယ္က တ႐ုတ္ျပည္ကို ထဲထဲဝင္ဝင္ျဖစ္ေတာ့ ျပည္မႀကီး ေဘက်င္းက ဆုံးျဖတ္တာ တစ္မ်ိဳးေလ။ယူနန္-ကူမင္းက ဆုံးျဖတ္တာတစ္မ်ိဳး။ကိုယ့္အေနနဲ႔ G to G။အစိုးရအခ်င္းခ်င္းကေတာ့ ေနျပည္ေတာ္နဲ႔ ေဘက်င္းနဲ႔ ထိေတြ႕ဆက္ဆံေနခ်င္တယ္။အေရးႀကီးတာက ကိုယ္က တကယ္ထိေတြ႕ရမွာက ယူနန္ျပည္နယ္အစိုးရနဲ႔ေပါ့။
ယူနန္ျပည္နယ္အစိုးရဲ႕ လိုအပ္ခ်က္ေတြ။ဆရာလည္း ကူမင္းေရာက္တဲ့အခါ သူတို႔နဲ႔ေတြ႕တယ္။သူတို႔ကရွင္းတယ္။သူတို႔အေနနဲ႔ကေတာ့ ျမန္မာျပည္နဲ႔ သူတို႔နဲ႔က စီးပြားေရး ဒီထက္ပိုၿပီးအဆင္ေျပေစခ်င္တဲ့ဆႏၵ သူတို႔မွာရွိတယ္။အဲ့ေတာ့ စီးပြားေရးတစ္ခုပဲ ၾကည့္ဖို႔လိုတယ္။

ကိုယ့္လူေတြက တခါတေလက်ရင္ စီးပြားေရးေျပာရင္းေျပာရင္း ႏိုင္ငံေရးပါသြားေကာ။အဲ့အခါက်ေတာ့ စဥ္းစားခ်က္ေတြက တခါတေလလြဲသြားတာေပါ့။တခါတေလ မဆိုင္မဆီတာေတြ လာၿပီးထည့္တြက္လာလို႔ရွိရင္ အဲ့ေတာ့ ေအာက္ေမ့တာေတာ့ ဟိုဘက္ကစီးပြားေရးသမားနဲ႔ ဒီဘက္ကစီးပြားေရးသမား။ဟိုဘက္က စီးပြားေရးလုပ္ငန္းရွင္ေတြ၊ ဒီဘက္က စီးပြားေရးလုပ္ငန္းရွင္ေတြ သူတို႔အဆင္ေျပေအာင္ ဘယ္လိုလုပ္ရင္ေကာင္းမလဲ။အဲ့ဒါေလးေတာ့ အရင္တုန္းကေမွ်ာ္လင့္တာ စိတ္ကူးက အဲဒီလိုမ်ားလုပ္ျဖစ္မလားေပါ့။ပိုးလမ္းနဲ႔ပတ္သက္ၿပီး ယူနန္ျပည္နယ္အစိုးရ၊ ရွမ္းျပည္နယ္အစိုးရ၊ ကခ်င္ျပည္နယ္အစိုးရ။သူတို႔နဲ႔ကပ္ေနတဲ့ေဒသေတြ တာဝန္ခံေတြနဲ႔ တိုင္ပင္ၿပီးေတာ့ ဘယ္လိုလုပ္ရင္ေကာင္းမလဲေပါ့။အေရးႀကီးတာ ႏိုင္ငံေရးျပႆနာ၊ စီးပြားေရး‌ျပႆနာ မဟုတ္ဘူး။ႏိုင္ငံေရးျပႆနာ ေျဖရွင္းႏိုင္မွရမယ္။အဲ့ေတာ့ ကိုယ့္အေနနဲ႔ ျပည္နယ္အဆင့္မွာပဲ ေျဖရွင္းမလား။ေနျပည္ေတာ္အဆင့္မွပဲေျဖရွင္းမလား ဒါေတာ့ဆုံးျဖတ္ရမွာပဲ။

Opinion Leaders ။     ။ ကိုဗစ္ဒုတိယလႈိင္းမစခင္မွာ တ႐ုတ္သံအမတ္က Belt & Road ကို ျပန္လုပ္လာတာေတြ႕ရတယ္။ေနာက္တစ္ခုက ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္မွာ တ႐ုတ္ျပည္မႀကီးဘက္က ဂ်ပန္လုပ္ငန္းေတြကိုလာလုပ္ဖို႔ အိႏၵိယကေနေဆာ္ဩတယ္။ေဆြးေႏြးတယ္ဆိုတာေတြ ရွိတဲ့အခါက်ေတာ့ မၾကာခင္မွာ Belt & Road အရ မူဆယ္ကေန မႏၲေလးထိ ရထားလမ္းတို႔၊ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းလိုဟာမ်ိဳးေတြ လုပ္လာခဲ့လို႔ရွိရင္ တ႐ုတ္ဘက္က လုပ္ငန္းေတြ‌ေၾကာင့္ ျမန္မာျပည္က စီးပြားေရးက တိုးတက္လာႏိုင္ေျခရွိလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲ့ဒါေတြပဲ အားကိုးရမွာေလ။ကိုယ့္အားမွမရွိတာ။ကိုယ့္ဆီမွာအေျခအေနက သိပ္မေကာင္းတဲ့အခ်ိန္မွာ One Belt One Road။၀ူဟမ္က ျပန္ေထာင္သြားၿပီ။သူတို႔ကလည္း ခ်က္ခ်င္းျပန္ေထာင္ႏိုင္ေအာင္လုပ္တယ္ေလ ပုံစံအမ်ိဳးမ်ိဳးနဲ႔။အဲ့အခါက်ေတာ့ သူတို႔ရဲ႕ One Belt One Road ကိစၥကိုပဲ ဆရာတို႔က ဦးစားေပးရမွာ။ရထားလမ္းေဖာက္ေပးမယ္။လားရႈိး-မႏၲေလး-ေနျပည္ေတာ္-ရန္ကုန္၊ ျမန္ျမန္ေဖာက္ေပါ့။မဟုတ္ဘူးလား။ေနာက္တစ္ခါ ေက်ာက္ျဖဴကိစၥ ျမန္ျမန္လုပ္ေပးေပါ့။ဒါေပမယ့္ အဲ့ဒါက်ေတာ့ တို႔ဆီကလူေတြ တခါတေလက်ေတာ့ စဥ္းစားခ်က္ကတစ္မ်ိဳးေလ။အဲ့လိုေတြျဖစ္လာေတာ့ ခုခ်ိန္မွာေတာ့ စီးပြားေရးအေျခအေန သိပ္ဆိုးေနတယ္ က်ပ္တည္းေနတယ္ ထြက္ေပါက္က ဒါပဲေပါ့။ infra ပဲေပါ့။

အေျခခံလမ္းေတြေဖာက္မယ္ ကိုယ္ကအလုပ္အကိုင္အခြင့္အလမ္းေတြ။အလုပ္ကိုင္အခြင့္အေရး ျမန္ျမန္ရတဲ့ဟာ။သူက ျမန္ျမန္ရဖို႔လိုတာ။ျမန္ျမန္ရယ္၊ မ်ားမ်ားရယ္၊ မွန္တာခဏထားလိုက္ေတာ့။ဆရာ အၿမဲတမ္းေျပာေနတာ “မ” သုံးလုံး ။မွန္တယ္ မမွန္တယ္ ခဏထားဦး။ကာလတိုမွာ မွန္တယ္/မမွန္တယ္ ဟိုၾကည့္ဒီၾကည့္ ၾကည့္ေနလို႔မရဘူး။ခုခ်ိန္မွာ မ်ားမ်ားလာဖို႔လိုတယ္၊ ျမန္ျမန္လာဖို႔လိုတယ္။ျမန္ျမန္လာ မ်ားမ်ားလာမွ စီးပြားေရးျပန္ၿပီးအေျခအေနေကာင္းလာမွာ။ကိုယ့္ျပည္တြင္းအင္အား ဘယ္ေလာက္ရွိတယ္ဆိုတာ သူတို႔ရဲ႕ Reserve ေပါ့။သူတို႔မွာ အရန္အင္အားဘယ္ေလာက္ရွိလည္း ကိုယ္တို႔မွာမသိဘူးေလ။ဗဟိုဘဏ္က ဘယ္ေလာက္ထိ သူတို႔သုံးႏိုင္မလဲ။ဘ႑ာေငြ ဘတ္ဂ်က္ကို ဘယ္ေလာက္ထိ သူတို႔လ်ာထားႏိုင္လည္းဆိုတာလည္း ရွိေသးတာကိုး။ကိုယ့္ဆီကအင္အားကို ျပန္စုစည္းမွရမယ္ထင္တယ္။ခုခ်ိန္မွာေတာ့။

Opinion Leaders ။     ။ အခု လက္ရွိအခ်ိန္မွာဆိုရင္ အစိုးရအေနနဲ႔ ကိုဗစ္ကိုလည္း ႏိုင္ေအာင္ထိန္းေန၊ တစ္ဘက္မွာလည္း စီးပြားေရးကို ဆုံးရႈံးမႈနည္းေအာင္ လုပ္ေနတဲ့အေနအထားကို ျမင္ရတယ္။ဒါေပမယ့္ ကိုဗစ္ကာလေက်ာ္လို႔ရွိရင္ လုပ္ငန္းေတြကို ျပန္လည္ထူေထာင္ဖို႔ plan မွာက်ေတာ့ သိပ္ထည့္ဆြဲထားတာ မေတြ႕ရဘူး ဆရာ။တစ္ကယ့္ တစ္ကယ္ဆိုရင္ အစိုးရအေနနဲ႔ ဘယ္ sector ကေန စၿပီး ဆြဲတင္မယ္၊ ယိုးဒယားဆိုလို႔ရွိရင္ ခရီးသြားလုပ္ငန္းကေန စဆြဲတင္ဖို႔လုပ္တယ္။တျခားႏိုင္ငံေတြလည္း ဒီလိုပုံစံဆြဲတင္တာရွိေတာ့ ျမန္မာႏိုင္ငံဆိုရင္ အဲဒီလိုအစီအစဥ္ေတြ ေၾကညာတာလည္း မေတြ႕မိတဲ့အတြက္ ဘယ္လိုမ်ိဳးကေနစသင့္ပါလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ သူတို႔ကေတာ့ CERP ေပါ့ေလ။ CERP က ပထမ wave နဲ႔ ပတ္သက္တာေပါ့။ CERP က Release ေလာက္ပဲ ရွိတာေလ။အေရးေပၚ တကယ္တမ္းေတာ့ ျပန္ေထာင္ဖို႔လိုတယ္ေလ။သူတို႔မွာရွိတဲ့ MSDP 2030 ကိစၥကလည္း ကိုဗစ္ကို မပါတဲ့ဟာက်ေတာ့ ကိုဗစ္အလြန္မွာ ဘာလုပ္မလဲဆိုတာ ထဲထဲဝင္ဝင္လုပ္မွရေတာ့မယ္ထင္တယ္။စကၤာပူလည္း လုပ္ေနတယ္။က်န္တဲ့ႏိုင္ငံေတြ လည္း အသီးသီးေပါ့။ထိုင္းဆိုလည္း အႀကီးအက်ယ္ျပန္လုပ္တယ္ေလ။ကိုယ့္အေနနဲ႔လည္း အစတည္းက Primary Sector ကိုယ္တို႔အေနနဲ႔လည္း အၿမဲတမ္းေျပာတယ္။လယ္ယာစိုက္ပ်ိဳးေရး၊ သားငါးေမြးျမဴေရး အဲ့ဒီက႑ေတြရွိတယ္။အဓိက ကေတာ့ အလုပ္အကိုင္အခြင့္အေရး အမ်ားဆုံးရွိတဲ့ sector ေတြပဲ ဦးစားေပးသင့္တယ္ထင္တယ္။

ခုခ်ိန္မွာ သြားၿပီးေတာ့ Hightech အဆင့္ျမင့္တဲ့ဟာေတြ သြားလုပ္လို႔ကေတာ့ လူၾကားေကာင္းတာပဲရွိတယ္။လူေတြအတြက္ကို ထမင္းမေကြၽးႏိုင္ဘူး။အေရးႀကီးဆုံးက အလုပ္ကိုင္အခြင့္အေရး အျမန္ဆုံးရေအာင္ ဘယ္လိုေတြလုပ္ၾကမလဲ။လယ္ယာက႑၊ ခုဆိုရင္လည္း မေသခ်ာတာက မိုးတြင္းက စိုက္ပ်ိဳးေရးရာသီေလ၊ စိုက္ပ်ိဳးေရးရာသီမွာ ဘယ္ေလာက္ထိလဲ မေျပာတတ္ဘူး။ခုက ရန္ကုန္တစ္ခုပဲေျပာေနတာကိုး။နယ္ေတြမွာ စိုက္ပ်ိဳးေရးက သိပ္ၿပီးမသိသာေသးဘူး။ေမြးျမဴေရးမွာ သိပ္မသိသာေသးဘူး။သား၊ ငါးက႑မွာ သိပ္မသိသာေသးဘူး။အဲ့ဒါေတြကို ဆက္ၿပီးထိန္းထားဖို႔ လိုလိမ့္မယ္ထင္တယ္။ရန္ကုန္မွာေတာ့ ကုန္သြယ္မႈကေတာ့ စီးပြားေရးအားလုံးရပ္ကုန္တယ္။
ရန္ကုန္က အေျခခံျဖစ္တယ္။အေျခခံျဖစ္ေတာ့ နယ္ေတြမွာရွိတဲ့ သားငါးက႑တို႔ စိုက္ပ်ိဳးေရးက႑တို႔ ေမြးျမဴေရးက႑တို႔ ပုံမွန္ထက္ကိုပိုၿပီး အရွိန္အဟုန္ျမင့္ျမင့္နဲ႔ကို ပိုၿပီးလုပ္ဖို႔လိမ့္မယ္လို႔ ထင္မိတာ။

Opinion Leaders ။     ။ အကုန္လုံးၿခဳံၾကည့္မယ္ဆိုရင္ ကိုဗစ္အတြက္ တစ္ခုတည္းမစဥ္းစားဘဲနဲ႔ ကိုဗစ္အလြန္ စီးပြားေရး၊ က်န္းမာေရး၊ အကုန္ၿခဳံၿပီးစဥ္းစားမွ အဆင္ေျပမယ္ဆိုတဲ့ အေနအထားလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာအၿမဲတမ္းေျပာတယ္ လႊမ္းၿခဳံၾကည့္မွရမယ္။ကြက္ၾကည့္လို႔မရဘူး။ႏိုင္ငံမွာျဖစ္ေနတဲ့ ေတာက္ေလွ်ာက္ျပႆနာက ကြက္ၾကည့္တာေလ။အေရးေပၚျဖစ္ရင္ ငါးပြက္ရာ ငါးစားခ်သြားလုပ္တာေလ။လုပ္တဲ့အခါက်ေတာ့‌ ေရရွည္အတြက္ကို မစဥ္းစားျဖစ္ဘူး။ေပၚလာတဲ့အေျခအေနတစ္ခုကို ကိုင္တြယ္လိုက္တယ္။ေနာက္တစ္ခါ ေနာက္တစ္ခုေပၚလာတဲ့အခါက်ရင္ ေနာက္တစ္ခါသြားကိုင္လိုက္တယ္။အမွန္ကေတာ့ ဒီမွာ ႏွစ္ ၃၀၊ ၄၀ စီမံကိန္းေတြ ခ်ထားဖို႔လိုတယ္။အဲ့လိုမွ ကိုယ့္အတြက္က ၂၀၃၀ မွာ ဘာျဖစ္မလဲ။ ၂၀၅၀ ဘာျဖစ္မလဲဆိုတာ စဥ္းစားဖို႔လိုတယ္။ဒါေပမယ့္ ခုခ်ိန္မွာ အားလုံးက equation က ကိုဗစ္ေၾကာင့္။အားလုံးက ျပန္ၿပီးစဥ္းစားဖို႔လိုလာၿပီ။ခုက ျပန္ၿပီးစဥ္းစားဖို႔လိုတာထက္ကို အခုက အေရးေပၚျဖစ္ေနေတာ့ အသက္ရွင္ဖို႔ပဲ ဦးစားေပးရမယ္။ဒီအခ်ိန္မွာ စဥ္းစားမွရမယ္။

ဆရာ့သေဘာကေတာ့ ေနာက္က်လို႔မရဘူး။အခက္အခဲေတြအမ်ားႀကီးၾကားထဲမွာ ဆရာ လုပ္ငန္းရွင္ေတြကို အၿမဲတမ္းေျပာတယ္။အခက္အခဲေတြ ငါ့လာမေျပာနဲ႔ သိတယ္။အခက္အခဲရွိတယ္။ဒါေပမယ့္ အခက္အခဲၾကားထဲမွာ ဒီထက္ေကာင္းတဲ့အေျခအေနတစ္ခု အနာဂတ္တစ္ခု ဖန္တီးမွရမယ္။မဟုတ္ပဲနဲ႔ အခက္အခဲေတြကိုပဲ ကိုင္တြယ္ေနလို႔ ဒီအခက္အခဲေတြကို ကိုဗစ္ကလည္း ၿပီးသြားမွာမဟုတ္ဘူး။ျပႆနာတစ္ခုက ဒီကိုဗစ္ၿပီးမယ္ၿပီးမယ္ေျပာေနတာ။အဲဒါ အသည္းယားစရာႀကီး။ကိုဗစ္ကမၿပီးဘူး။ကိုဗစ္က ကိုယ္နဲ႔အတူတူ ရွင္သန္ရမယ္။မဂၤလာေဆာင္လို႔ မရေတာ့ဘူး.. ေသခ်ာသြားၿပီ။ အခမ္းအနားေတြမရွိေတာ့ဘူး။ေဟာေျပာပြဲလုပ္လို႔မရဘူး။
စာသင္တာလည္း zoom နဲ႔ပဲ သင္ရေတာ့မွာ။ဒါေတြကို ခုကတည္းက သတၱိရွိရွိလက္ခံမွရမယ္။မဟုတ္ပဲနဲ႔ အရင္တိုင္းပဲျပန္လုပ္ေတာ့မယ္ ေက်ာင္းေတြျပန္ဖြင့္ေတာ့မယ္ တကၠသိုလ္ေတြျပန္ဖြင့္ေတာ့မယ္ဆိုတာ မျဖစ္ႏိုင္ဘူး။မလုပ္ႏိုင္ဘူး။႐ုံးေတြျပန္မဖြင့္ႏိုင္ဘူး ဒီပုံစံနဲ႔။ေရာဂါေတြ ဒီေလာက္ျပန႔္ေနတဲ့အခ်ိန္မွာ ႐ုံးေတြဖြင့္ဖို႔က မျဖစ္ႏိုင္ေတာ့ဘူး။အားလုံးက မျဖစ္ႏိုင္ေပမယ့္ ႐ုံးေတြပိတ္ထားတာမဟုတ္ဘူး။ပိတ္ထားလို႔ရတယ္ေလ။

ဒီမွာက ေတာ္ေသးတာ အင္တာနက္ေလးရွိေနလို႔။ေကာင္းတာ မေကာင္းတာက တစ္ပိုင္း။ဟိုတစ္ခ်ိန္တုန္းက ဦးသိန္းစိန္လက္ထက္က ဒါေတြအားလုံး Telenor တို႔ Ooredoo တို႔ ဝင္လာေပးလို႔။အဲ့ဒါမ်ားသာ လက္မခံခဲ့ရင္ ဘယ္လိုလုပ္ၾကမလဲ။ခုဒီရွိတာေလးကို ဒီထက္ပိုၿပီး တ႐ုတ္နဲ႔ခ်ိတ္ၿပီး သူတို႔မွာရွိတာေလးနဲ႔ ဘယ္လိုလုပ္မလဲ။
သူတို႔သုံးေနတဲ့ဟာကို ဘယ္လိုသုံးႏိုင္မလဲ။သူတို႔မွာ wechat သုံးေနတယ္။သူတို႔က တစ္ကမာၻလုံး Tik tok ေတြ ဘာေတြ သုံးေနတာ။ဒါေတြကို ကိုယ့္ရဲ႕အိမ္နီးနားခ်င္းႏိုင္ငံမွာရွိတဲ့ အင္အားစုေတြကို ကိုယ့္အေနနဲ႔ လက္လွမ္းမီတာေတြကို အသုံးခ်ဖို႔လိုလိမ့္မယ္လို႔ ေအာက္ေမ့တယ္။ဘာျဖစ္လို႔လည္းဆိုေတာ့
အရင္ပုံစံနဲ႔မရဘူးဆိုတာေတာ့ ေသခ်ာတယ္ေလ။ခုထိ လူေတြအားလုံးက ထီးျဖဴေဆာင္းတဲ့ဘဝကို ျပန္ၿပီးေမွ်ာ္ေနတာ။မျဖစ္ႏိုင္တာကိုး။အဲ့တာေလးေတာ့ သတိထားေပါ့။

Opinion Leaders ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ေအာက္တိုဘာ - ၁၅