【 ပညာရှင်များ၏အမြင် 】 “ ဒီအချိန်မှာ ညီရမယ့်အချိန်၊ အားလုံးက တစ်သံတည်းထွက်ဖို့လိုတယ်”

【 ပညာရှင်များ၏အမြင် 】  “ ဒီအချိန်မှာ ညီရမယ့်အချိန်၊ အားလုံးက တစ်သံတည်းထွက်ဖို့လိုတယ်”

မကြာမီက မြန်မာနိုင်ငံနှင့် ပတ်သက်သည့် နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ ဖြစ်ရပ်အချို့ ဖြစ်ပေါ်ခဲ့ပါတယ်။ကုလညီလာခံမှာ ICC က မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သလို ပြည်တွင်းမှာလည်း မြန်မာကျပ်ငွေ စံချိန်တင် ကျဆင်းခဲ့တဲ့အထိဖြစ်အောင် ဈေးကစားခဲ့သည့် ဒေါ်လာနှင့် ရွှေ ကစားသူများကို အစိုးရပိုင်းက ဝင်ရောက်အရေးယူရသည့်အထိ ဖြစ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ဆောက်လုပ်ရေးလောကရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည့် ရန်ကုန်မြို့သစ်စီမံကိန်း အခြေအနေကလည်း လွှတ်တော်ထဲ ထောက်ပြ ကန့်ကွက်မှုတွေကြောင့် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ရှိနေပါတယ်။ထိုအခြေအနေများက မြန်မာ့စီးပွားရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်သလဲနှင့် ဘယ်လိုညှိနှိုင်းသင့်သလဲ ဆိုသည့်အပေါ်  သမ္မတ၏ စီးပွားရေးအကြံပေးနှင့် စီးပွားရေးပညာရှင်လည်းဖြစ်သူ ဆရာ ဒေါက်တာအောင်ထွန်းသက် ကို Opinion Leaders Media မှ မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက် ၏ ရှုမြင်သုံးသပ်သည့် ရှုမြင်ချက်အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါသည်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders Media ။     ။ မကြာခင်က ဒေါ်လာဈေးနဲ့ ပတ်သက်ပြီး အစိုးရဘက်က ဝင်ရောက်ကိုင်တွယ်ပြီးနောက်ပိုင်း ဈေးက ထိုးကျလာတာကို တွေ့ရတယ်။ဒီလိုကိုင်တွယ်မှုပုံစံက အရင် တစ်ပါတီအစိုးရနဲ့ စစ်အစိုးရလက်ထက်မှာ ကိုင်တွယ်ခဲ့တဲ့ နည်းလမ်းတွေ ဖြစ်နေတာကို တွေ့ရတယ်။အမှန်တစ်ကယ်က ဒီလိုတွေ နောင်ဖြစ်လာရင် အုပ်ချုပ်ရေးပိုင်းက ဒီလိုဝင်ကိုင်တွယ်တာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိုင်တွယ်မှုလား၊ ဘယ်လိုကိုင်တွယ်ဖြေရှင်းမှုက နည်းလမ်းကျပါသလဲ ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ နှစ်ပိုင်းပေါ့လေ။ဒေါ်လာဈေး အပါအဝင်ပေါ့။ကုန်ဈေးနှုန်းနဲ့ ပတ်သက်လာရင်လည်း ဒီပုံစံ ဒီလိုစဉ်းစားချက်တွေ တူတူဘဲစဉ်းစားလို့ ရမယ်ထင်တယ်။ဟိုတကယ်တမ်းတော့ ဈေးကွက်ကို ယုံရင်တော့ ဈေးကွက်ယန္တရားကို ကျင့်သုံးရမှာဘဲလေ။ဥပမာ - ဈေးတက်တယ်၊ ကျတယ်ဆိုတာက အခြေခံဝယ်လိုအား ရောင်းလိုအားသူရဲ့ လွှမ်းမိုးမှုတွေပေါ့။ရေရှည်မှာတော့ ဈေးတည်ငြိမ်ဖို့ သူ့ရဲ့ ဈေးအတက်အကျ ဆိုတာထက်ကို ဆရာတို့က တည်ငြိမ်မှုကို လိုလားတာလေ။

အခုဖြစ်နေတာက တက်မယ်ဆိုလည်း တဖြေးဖြေးတက်သွားတာမျိုး၊ တဖြေးဖြေးကျသွားတာမျိုးကျတော့ စီးပွားရေးလုပ်ရတဲ့သူတွေက နည်းနည်းလေးမှန်းလို့ရတယ်။စီးပွားရေး လုပ်သာကိုင်သာရှိအောင် နည်းနည်းမှန်းလို့ရတဲ့ အနေအထားရှိရင် အဆင်ပြေတယ်လေ။မဟုတ်ဘဲနဲ့ အတက်အကျတွေ အတက်မြန်တယ်၊ အကျမြန်တယ်ဆိုရင် လုပ်ရကိုင်ရတဲ့သူတွေက ခက်တယ်။ဒါကြောင့်မို့ ဆရာတို့အနေနဲ့ သူတို့ပေါ်လစီက နှစ်မျိုးပေါ့လေ။အခုပြောတဲ့ ဈေးကွက်ပေါ်လစီဈေးရဲ့ ဝယ်လိုအား၊ ရောင်းလိုအား ဥပမာ - ဒေါ်လာတန်ဖိုးတွေ ကြီးနေတယ်၊ ကျပ်တန်ဖိုးတွေ လျော့နေတယ်ဆိုရင် ဒေါ်လာတွေကို အခုထုတ်ရောင်းတယ် ဘာညာဆိုပြီးတော့ ဈေးကွက်ထဲမှာ ဒေါ်လာတွေ များများရှိလာလို့ရှိရင် ဘာဖြစ်သွားလိမ့်မယ်ဆိုပြီး လုပ်ကြတာပေါ့။ဒါပေမဲ့ ကာလတိုမှာကျတော့ လုပ်ရကိုင်ရ နည်းနည်းလေးခက်နေတဲ့ အခါကျတော့ အုပ်ချုပ်ရေးယန္တရားဖြစ်တဲ့ အဖမ်းအဆီးတွေနဲ့ လုပ်လိုက်ပြန်တော့လည်း တန့်သွားတာပေါ့လေ။ဟိုဈေးကွက်ဈေးက ပုံမှန်ပြန်ဖြစ်လာတယ်။

အဲဒီလိုရှိတော့ ဒီလက်နက်ကိုလည်း ဆရာတို့ဆီမှာ ခေတ်အဆက်ဆက်က သုံးခဲ့တာလေ။သုံးခဲ့တယ်ဆိုပေမယ့် ဒါသုံးတဲ့ ပါဝင်စွက်ဖက်မှုဟာ ဈေးကွက်ပါဝင်စွက်ဖက်မှု ဒီနှစ်ခုကို စရမှာပါဘဲ။ဆရာထင်ပါတယ်။နေရာတိုင်းမှာ အုပ်ချုပ်မှုယန္တရားနဲ့ သွားသုံးပြန်ရင်လည်း ဒါက ခဏခဏလုပ်လို့ မကောင်းဘူးလို့ မထင်ဘူး။အဲဒီတော့ တစ်ဖက်ကလည်းဘဲ ဒီအတိုင်း ဈေးကွက်ကြီးကို လွှတ်ထားပြန်တော့လည်း စောနကလို အချို့နိုင်ငံတွေမှာတော့ ဒေါ်လာနဲ့ပတ်သက်လို့ သူတို့နိုင်ငံခြားငွေလဲလှယ်မှု အခြေအနေမရှိရင် ကိုယ်ကဝင်ပြီးတော့ ဗဟိုဘဏ်ကနေ ဝင်ပြီးတော့ ကစားတာတွေ ရှိတယ်လေ။
မြန်မာပြည်မှာလည်း ကစားတာဘဲလေ။

ဒါပေမဲ့ ဆရာတို့ဆီမှာ အစတည်းက သူတို့ကြေငြာထားတာက ဝင်ကစားဖို့၊ ဝင်ထိန်းဖို့ဆိုရင် အင်္ဂလန်မှာ ဗဟိုဘဏ်မှာ ဝင်ထိန်းဖို့ဆိုတဲ့ အခါမှာလည်း ဆရာတို့ နာမည်ကြီးတဲ့ ဒေါ်လာဈေးကစားတဲ့သူတွေ မြတ်သွားတာ တွေ့ရတယ်။အဲဒီလိုဖြစ်တော့ ဆရာတို့အနေနဲ့ အုပ်ချုပ်မှုယန္တရားကို သုံးတာကို နည်းနည်းလေး သတိထားဖို့လိုတယ်။နေရာတိုင်း သုံးတာထက်ကိုပေါ့။အခုကတော့ ကြည့်ရတာ သူတို့ အုပ်ချုပ်မှုယန္တရား သုံးလိုက်တာနဲ့ နည်းနည်းလန့်သွားတဲ့ ပုံစံပေါ့။ဖမ်းမယ်ဆီးမယ်လို့ဆိုတာနဲ့ ပုံစံကတစ်မျိုး ဖြစ်လာတာပေါ့။

ရွှေဈေးတွေကလည်း အဲဒီလိုဖြစ်လာတာပေါ့။ဒါပေမဲ့ အဲဒါလေးကို ဆရာထင်တာကတော့ အဓိကဖြစ်နေတာက ဟိုဒီအနာနဲ့ ပတ်သက်လို့ရှိရင် သူ့ရဲ့ အကြောင်းအရင်းရှာမှ ရမယ်ထင်တယ်။ဘာနဲ့သွားတူလဲဆိုရင် ဟိုလေ ဆရာတို့ ပလာစတာသွားကပ်သလို ဖြစ်မယ်။ပလာစတာကပ်တာဟာ ခဏဘဲခံမှာ။ရေရှည်မှာတော့ ဒီအနာကြီးကို ပျောက်အောင် ဘာကြောင့် အဲဒီလိုဖြစ်ရသလဲ ဒီဒေါ်လာတွေ မြန်မာငွေ ဘာကြောင့်ကျသွားလဲ။

ဒေါ်လာနဲ့ယှဉ်ရင် မြန်မာငွေ ဘာကြောင့်လျော့သွားတယ်ဆိုတာကို အကြောင်းအရင်းကို ရှာပြီးတော့မှ ဒီအကြောင်းအရင်းကို ကုစားဖို့ လိုလိမ့်မယ်လေ။ပြီးတော့ တစ်ဖက်ကလည်း ဆရာတို့မှာ ဝမ်းနည်းစရာကောင်းတာက ဒီဒေါ်လာဈေး တက်နေတဲ့အချိန်မှာ တစ်နည်းအားဖြင့် ကျပ်တန်ဖိုးတွေ လျော့နေတဲ့အချိန်မှာ (Exporter) တွေရဲ့ အကွက်ဘဲ။ထုတ်လုပ်တဲ့သူတွေရဲ့ အကွက်ဘဲ။အဲဒီအကွက်ကို ဆရာတို့က အသုံးမချနိုင်ဘူး။ဒါလည်း စဉ်းစားဖို့ကောင်းတယ်၊ ဘာကြောင့် အဲဒီလိုအသုံးမချနိုင်တာလဲ အခုဒေါ်လာတွေ ဈေးတက်တဲ့အတွက် သွင်းကုန်သမားတွေက ထိတာပေါ့။ဟုတ်တယ်နော်။ ဒါကြောင့် စက်သုံးဆီ၊ အိမ်ဆောက်ပစ္စည်း ထိတာကို နားလည်တယ်။ထိတဲ့သူက တန့်သွားတယ်၊ ထိတဲ့သူက တန့်သွားတဲ့အချိန်မှာ အခုဟိုဘက်က အသာစီးရမယ့် (Exporter) တွေကျတော့ မထုတ်နိုင်ဘူး။ဒါလည်း ဆရာတို့ စဉ်းစားမှရမယ်ပေါ့။

တစ်ချို့ မဟာဗျုဟာအနေနဲ့ စီးပွားရေးနဲ့ မဟာဗျုဟာအနေနဲ့ ပြောရင်တော့ ဒီဒေါ်လာဈေးကြီးနေတဲ့ အချိန်မှာ ကိုယ့်ကျပ်ငွေတန်ဖိုးတွေ လျော့နေတဲ့အချိန်မှာ ဒါက ကိုယ့်အလှည့်ဘဲ။ကိုယ့်အလှည့်ဘဲဆိုတာက ထုတ်ကုန်သမားတွေ အားနဲ့ခွန်နဲ့ ထုတ်နိုင်ရင် ကိုယ့်အတွက် အကျိုးအမြတ်ရှိမယ်လေ။ဒါပေမဲ့ အခုဟာက ဆရာတို့မှာ ထုတ်နိုင်တဲ့အင်အား မရှိဘူး။အဲဒီတော့ တစ်ဖက်က ဘာဖြစ်လဲဆိုရင်နော် ဒီသွင်းတဲ့သူတွေ ဒုက္ခရောက်နေသလို တကယ်ကို အကျိုးရှိမယ့် ထုတ်ကုန်သမားတွေကလည်း ဘာမှအကျိုးမရဘူး၊ မလုပ်နိုင်ဘူးဖြစ်တော့ နှစ်ခါနာတဲ့ပုံစံ ဖြစ်နေတာကိုး။

အဲ့ဒါလေးတော့ စဉ်းစားဖို့ကောင်းလိမ့်မယ် ထင်ပါတယ်နော်။အားလုံး တိုင်တိုင်ပင်ပင်နဲ့ ထုတ်တဲ့သူတွေ ပိုပြီးထုတ်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ၊ (Exporter) တွေပေါ့။ဒါကြောင့် ဒီဈေးကွက်က သူတို့အတွက် ဈေးကွက်ကို ကျပ်ငွေတွေ ကျတဲ့အခါမှာ ဒေါ်လာဈေးတွေ တက်တဲ့အခါမှာ သူ့အတွက် အကျိုးရှိမယ့်ကိစ္စကို ဆရာတို့က အခွင့်အရေးယူနိုင်ဖို့ လိုမယ်လို့ ထင်တာပါဘဲ။

Opinion Leaders Media  ။     ။  မကြာခင်က  လွှတ်တော်မှာ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ထောက်ပြမှုတွေရှိနေတာကို တွေ့ရပါတယ်။ကျနေတဲ့ မြန်မာ့စီးပွားရေးအတွက် ပြန်တက်လာအောင် Tourism ဘက်က ဗီဇာဖြေလျော့မှုတွေ လုပ်ပေးနေချိန်မှာ ရပ်ဆိုင်းလုနီးပါး ဆောက်လုပ်ရေးလောကအတွက် အဓိကမျှော်လင့်ချက်ဖြစ်တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းက ဒီလိုစတင်ဖို့ နှောင့်နှေးမှုတွေ၊ ကန့်ကွက်မှုတွေကြောင့် ရပ်သွားနိုင်သလား၊ ဘာတွေဖြစ်လာနိုင်သလဲ။ဘာတွေလွဲချော်မှုတွေကြောင့် တိုင်းအစိုးရနဲ့ လွှတ်တော်အကြား ကွဲလွဲမှုတွေ ရှိနေရတာလဲ ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ အဲ့ဒါလေ ဆရာထင်တာကတော့ အခုနက ဒီစီးပွားရေးစီမံချက်ပေါ့လေ။ infrastructure တွေ ရန်ကုန်မြို့တင် မဟုတ်ဘူး။ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးမှာ ဒီဆောက်လုပ်ရေးစီမံချက်တွေ အများကြီးလုပ်တာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးမယ် ဈေးကွက်တွေ ပြန်ပြီးပေါ်လာမယ် ဘာညာ၊ ဒါတွေက မျှော်လင့်ချက်တွေ အများကြီးပေါ့။ဒါပေမဲ့ ဆရာတို့မှာ အခုရှိနေတာကနော်။

ဆရာထင်နေတာက မဏ္ဍိုင်သုံးခုက တစ်ယောက်နဲ့ တစ်ယောက် (Communication) အားနည်းတယ် ထင်တယ်။အမှန် အုပ်ချုပ်ရေးမဏ္ဍိုင်ရယ်၊ တရားဥပဒေရေးမဏ္ဍိုင်ရယ်၊ နောက်တစ်ခါ ဥပဒေပြုမဏ္ဍိုင်ရယ်ပေါ့နော်။ဒီလွှတ်တော်ကတော့ ဥပဒေပြုရေးမဏ္ဍိုင်၊ အစိုးရကတော့ အုပ်ချုပ်ရေးမဏ္ဍိုင်ပေါ့လေ။အခုဖြစ်နေတာက တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလွဲနေတာ ဒီဘက်ကလည်း လွှတ်တေ်ာဘက်ကလည်း သူ့စေတနာနဲ့ သူပြောတာ စေတနာနဲ့ပြောတာကို ဘာဖြစ်သွားလဲဆိုရင် စေတနာနဲ့ပြောတာ။

သည်စီမံချက်တွေကို သွားပြီးအနှောင့်အယှက်ဖြစ်တယ်၊ အဟန့်အတားဖြစ်တယ်လို့ အဓိပ္ပါယ်ဆောင်သွားတယ်။ဒီဘက်ကလည်း ငါစေတနာနဲ့ လုပ်နေတာဘဲ မင်းတို့ပြောစရာမလိုဘူးဆိုတဲ့ သဘောထားတွေများ ရှိသလားမသိဘူး။အမှန်ကတော့ တိုင်တိုင်ပင်ပင်နဲ့ပေါ့ ဒီဟာလုပ်လို့ရှိရင် ဒါဖြစ်နိုင်တယ်။အခုတောက်လျှောက်မှာ ဖြစ်နေတာကနော် တစ်ခါတစ်လေ ဘေးကကြည့်ရင် အစိုးရတစ်ခုတည်းများ ဟုတ်ရဲ့လားလို့ ပါတီတစ်ခုတည်းမှ ဟုတ်ရဲ့လားလို့ ထင်ယောင်ထင်မှား ဖြစ်တယ်။
သိပ်တော့မဆန်းပါဘူးကွယ့်။

သူ ပထမတစ်ခေါက်တုန်းကလည်း နေပြည်တော်မှာ ဒီပြည်ခိုင်ဖြိုးကိစ္စလည်း ဒီလိုဘဲဖြစ်တာကိုး။ဟုတ်တယ်မလား။အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားဥပဒေရေးမဏ္ဍိုင်က တစ်ယောက်နဲ့ တစ်ယောက်က နားလည်မှုတွေလွဲတယ်။နားလည်မှုတွေလွဲပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်က ယုံကြည်မှုအားနည်းတော့ တစ်ယောက်နဲ့ တစ်ယောက် သူလုပ်သမျှအားလုံး ငါကမကောင်းပြောမယ်၊ ငါလုပ်သမျှအားလုံးကို သူမကောင်းပြောမယ်ဆိုတဲ့ အပြန်အလှန်ဖြစ်နေတာမျိုးကတော့ နစ်နာတာပေါ့လေ။တကယ်တမ်းတော့ အခုနကလို ဂဃနဏချပြီးတော့ ဘာကြောင့်လုပ်တယ်။အဲ့ဒါကိုရှင်းပြရမယ်၊ ဆရာတို့မှာ ရှင်းပြတဲ့အင်အားက သိပ်နည်းတယ်ကွယ့်။ရှင်းပြတဲ့အင်အား နည်းတဲ့အပြင်ကို အဆိုးဆုံးကတော့ နားထောင်တဲ့အင်အား ပိုနည်းသေးတယ်။ အခုပြောလိုက်တဲ့အခါမှာ ဟိုဘက်က ပြောလိုက်တာကိုလည်း နားထောင်မှာမဟုတ်ဘူး။ ဒီဘက်ကပြောတာကိုလည်း ဟိုဘက်က နားထောင်မှာမဟုတ်ဘူးဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်က နားမထောင်ဘဲနဲ့ ကိုယ်ချည်းပြောချင်နေတဲ့ အခါကျတော့ လုပ်ရကိုင်ရ အင်မတန်ခက်ချည်းခက်တာကိုး။

အဲဒီတော့ ဆရာတို့ ဒီစီးပွားရေးလုပ်တဲ့အခါမှာ ဘာကြောင့် အကျိုးနဲ့အကြောင်းနဲ့ ချပြတယ်။နောက်တစ်ခုက အခုနကပြောတဲ့ (Tourism) ကိစ္စက ကန့်ကွက်ကြအုံးမှာ ဟုတ်တယ်မလား။တရုတ်တွေ အများကြီးဝင်လာရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်နဲ့ ပြောအုံးမှာ ဒါပေမဲ့ အခုအချိန်မှာ စီးပွားရေးအကြပ်အတည်း ဖြစ်နေတဲ့အခါမှာ ထွက်ပေါက်က ဆူလွယ်နှပ်လွယ် အမြန်ဆုံးလုပ်နိုင်တာက (Tourism) ဘဲ။(Tourism) က ချက်ချင်းကို ငွေအမြန်ဆုံးပေါ်တယ်လေ။ကိုယ့်မှာလည်း သိပ်ထူးထူးထွေထွေ အရင်းအနှီးစိုက်ရတာ မဟုတ်ဘူး။အဲ့ဒါမျိုး လုပ်တာကိုလည်း ဘဲအခုနကလို ဂဃနဏရှင်းပြဖို့ လိုတယ်။

တရုတ်တွေ ဝင်လာတာဟာ လူတွေစိတ်ပူတာက တရုတ်တွေ ဝင်လာရင် အားလုံးတော့ ဘာဖြစ်မယ်တို့ ညာဖြစ်မယ်တို့ လျှောက်ပြောနေတာကိုး။အဲဒီတော့ အခုခက်တာ ကိုယ့်ဘက်ကကြည့် မှန်တယ်၊ သူဘက်ကကြည့် မှန်တယ်လို့ ဖြစ်နေတာကိုး၊ အဲဒီတော့ နှစ်ဖက်ကြည့်တတ်အောင် အဲဒီအလေ့အကျင့်ကလည်း ဆရာတို့မှာ အားနည်းတာပေါ့လေ။ဒီမိုကရေစီကလည်း အင်မတန်နုသေးတဲ့ အခါကျတော့ ကိုယ့်သဘောဆန္ဒချည်း ဖြစ်နေတာနော်။အဲဒီလိုဖြစ်နေတာပါ။တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိအောင် ဖန်တီးဖို့လိုတယ်လို့ အောက်မေ့တယ်။ယုံကြည်မှုရှိလာအောင် ဖန်တီးမှရမယ်လို့လည်း ထင်တာပါဘဲ။

Opinion Leaders Media  ။     ။ မကြာခင်က ICC က မြန်မာနိုင်ငံအတွက် ကော်မတီတစ်ရပ်ကို ဖွဲ့ခဲ့တာ တွေ့ရပါတယ်။ဒီလိုဖွဲ့စည်းလိုက်တဲ့အတွက် လက်ရှိ ဆရာတို့လုပ်နေတဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ မကြာခင်က မူဆယ်မှာ လက်မှတ်ထိုးခဲ့တဲ့  မြန်မာ - တရုတ် စီးပွားရေးစြင်္ကန်ကိစ္စ၊ မြန်မာ့စီးပွားရေးအတွက် ပြန်တည်ငြိမ်လာအောင် လုပ်တဲ့အပေါ်တွေမှာ ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ကြီးလာနိုင်ပါသလဲ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ ဒါကြီးကတော့ကွယ် သူတို့လုပ်တဲ့ ပုံစံကြီးက ကိုယ့်ပြည်တွင်းမှာ အင်မတန်နစ်နာတာပေါ့။ဒါကိုနားလည်ဖို့ လိုတယ်လေ။နားလည်လို့လည်း သူတို့လုပ်နေတယ်လို့ ထင်တယ်။ဒီဟာကြီး ဖွဲ့လိုက်တယ်။ဖွဲ့ပြီးတော့ဆရာတို့ အခုအထွေထွေညီလာခံမှာ အစိုးရရဲ့ ကိုယ်စားလှယ်ကလည်း ပြောတာပေါ့။ဒါကလည်း ဆရာတို့နဲ့ မဆိုင်ဘူး။

အဲဒီတော့ စိတ်ဝင်စားစရာကောင်းတာက ဆရာတို့ မပြောခင် ထရမ့် က ICC ကို လုံးဝအယုံအကြည်မရှိဘူး။ဟုတ်တယ်မလား။(ICC) အဖွဲ့ဝင်တွေကိုတောင် ဖမ်းမယ်အထိ သူပြောတာလေ၊ သူတို့က အင်အားကြီးနိုင်ငံဆိုတော့ ပြောလို့ရတယ်လေ။

ဆရာတို့မှာက အဲတော့ ဒီအဖွဲ့ ဖွဲ့တာတွေက တကယ်တမ်းတော့ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းနဲ့တော့ မညီတဲ့ဟာတွေပေါ့။လိုတာထက်ပိုပြီး ဖိအားတွေပေးနေတာ။ဖိအားတွေ ပေးနေသော်လည်း ကိုယ့်အနေနဲ့ကတော့ ကိုယ်တတ်နိုင်တာ ပြည်တွင်းမှာ ကိုယ်လုပ်လို့ရတဲ့ စုံစမ်းရေးအဖွဲ့တွေ ဖွဲ့တယ်၊ ရခိုင်မှာလည်း ပြောင်းလဲနိုင်အောင် ဆရာတို့ ကြိုးစားနေတယ်။အဲ့ဒါကို သူတို့က အသိအမှတ်မပြုဘူး။သူတို့က သူတို့ဘာသာ သူတို့ အဖြေဆွဲနေတာပေါ့လေ။အဲဒီတော့ ဒါတွေအားလုံးဟာ ဆရာထင်တယ် ပြောရရင်တော့ မတရားတဲ့ ဖိအားပေးမှုတွေလို့ ဆရာထင်တယ်။ကိုယ်က အင်အားနည်းလို့ ကိုယ့်ကို ယိုးမယ်ဖွဲ့ပြီး အပြစ်ရှာနေတာလေ။

တကယ်တမ်း အခုနလို အမေရိကန်နိုင်ငံကျတော့ ဘာမှပြန်တောင် မပြောရဲတော့ဘူး။ဟုတ်တယ်မလား၊ အဲဒီလိုဖြစ်နေတာကျတော့ တစ်မျိုးကြီးပေါ့။ဒါပေမဲ့ ဆရာထင်တာကတော့ ဥပမာ - ဒီလိုပြောတဲ့အတွက် ကိုယ်လုပ်စရာရှိတာကတော့ လုပ်ရမှာပါဘဲ။
ဆရာတို့ နိုင်ငံတော်ကနေ ကြေငြာထားတာပါဘဲ၊ တာဝန်ရှိတဲ့သူတွေကို ဒါတာဝန်ရှိတဲ့အတိုင်း တရားဥပဒေအတိုင်း ဆောင်ရွက်ပါမယ်လို့ ကတိပေးထားတာဘဲလေ။လုံး၀ ဆရာတို့ ငြင်းတဲ့အနေအထားလည်း မဟုတ်ဘူးလေ။အဲဒါတော့ ဒါကိုတစ်ခုရှိတာက ကိုယ့်ဆီမှာ ဖိအားတွေကများတယ်။နောက်တစ်ချက်က အပြင်ဖိအားတွေရှိသလို၊ အတွင်းဖိအားတွေကလည်း ရှိနေတာကိုး။

ကိုယ့်ဘက်ကလည်း အားလုံးက ညီညီညွတ်ညွတ်နဲ့ ကိုယ့်အန္တရာယ်ကြီးကို ဝိုင်းပြီးဖြေရှင်းမယ်ဆိုတဲ့ ဆန္ဒရှိတဲ့သူတွေ ရှိသလို ဒါဒီလိုဖြစ်တာကိုဘဲ ကျေနပ်တဲ့သူက ရှိပြန်ရော။အဲ့ဒါကခက်နေတာ။ဆရာတို့မှာ အားလုံးက ဒီအချိန်မှာ ညီရမယ့်အချိန်လေ။ညီရမယ့်အချိန်မှာ အားလုံးက တစ်သံတည်းထွက်ဖို့လိုတယ်။ထွက်ဖို့လိုတဲ့အခါ မှာ အားလုံးက ဒီပုံစံမဟုတ်ဘဲနဲ့ အခက်အခဲတွေရှိတာကိုဘဲ ကျေနပ်သလို ဖြစ်နေတဲ့ပုံစံ၊ နောက်ကိုင်တွယ်တဲ့ ပုံစံကိုလည်း ဝေဖန်တဲ့ပုံစံ အမျိုးမျိုးပေါ့။ဒါလည်းဘဲ ဒါနိုင်ငံရေးအရ ဒီလိုအနေအထား ရှိတယ်ဆိုတာကို လက်ခံရမှာပါဘဲ။

ဒါပေမဲ့ ဆရာအောက်မေ့တာကတော့ ကိုယ့်အကျိုးကြည့်တာကို ဆရာတို့ လက်ခံပေမယ့် အများအကျိုးလည်း ရှိစေချင်တယ်လို့ အဲဒီလိုဘဲ တိုက်တွန်းချင်ပါတယ်။ဆရာတို့အားလုံး လက်တွဲပြီး လုပ်နေကြတာကွယ်။အားလုံးကောင်းလာမှာပါ တို့နိုင်ငံက ဒီလောက်ကောင်းတဲ့ အနေအထားဘဲ ဟုတ်တယ်မလား အခန့်မသင့်လို့သာ ဖြစ်နေတာ ဒါကို အားလုံးညီညီညွတ်ညွတ်နဲ့ လုပ်ရင်တော့ ဆရာထင်တယ်။အဖြေရလိမ့်မယ်လို့ ထင်ပါတယ်။
အောက်မေ့ပါတယ်။

Opinion Leaders Media  ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးပါ ဆရာ။

ဒေါက်တာအောင်ထွန်းသက်
အောက်တိုဘာ - ၃

( Zawgyi )

မၾကာမီက ျမန္မာႏိုင္ငံႏွင့္ ပတ္သက္သည့္ ႏိုင္ငံေရး၊ စီးပြားေရး ဆိုင္ရာ ျဖစ္ရပ္အခ်ိဳ႕ ျဖစ္ေပၚခဲ့ပါတယ္။ကုလညီလာခံမွာ ICC က ျမန္မာႏိုင္ငံႏွင့္ ပတ္သက္ၿပီး ေကာ္မတီတစ္ရပ္ ဖြဲ႕စည္းခဲ့သလို ျပည္တြင္းမွာလည္း ျမန္မာက်ပ္ေငြ စံခ်ိန္တင္ က်ဆင္းခဲ့တဲ့အထိျဖစ္ေအာင္ ေဈးကစားခဲ့သည့္ ေဒၚလာႏွင့္ ေ႐ႊ ကစားသူမ်ားကို အစိုးရပိုင္းက ဝင္ေရာက္အေရးယူရသည့္အထိ ျဖစ္ခဲ့တာေတြ ရွိခဲ့ပါတယ္။ေဆာက္လုပ္ေရးေလာကရဲ႕ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ျဖစ္သည့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း အေျခအေနကလည္း လႊတ္ေတာ္ထဲ ေထာက္ျပ ကန႔္ကြက္မႈေတြေၾကာင့္ ေရွ႕မတိုးသာ ေနာက္မဆုတ္သာ အေျခအေန ရွိေနပါတယ္။ထိုအေျခအေနမ်ားက ျမန္မာ့စီးပြားေရးအေပၚ ဘယ္လိုသက္ေရာက္မႈေတြ ရွိႏိုင္သလဲႏွင့္ ဘယ္လိုညႇိႏႈိင္းသင့္သလဲ ဆိုသည့္အေပၚ  သမၼတ၏ စီးပြားေရးအႀကံေပးႏွင့္ စီးပြားေရးပညာရွင္လည္းျဖစ္သူ ဆရာ ေဒါက္တာေအာင္ထြန္းသက္ ကို Opinion Leaders Media မွ ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္ ၏ ရႈျမင္သုံးသပ္သည့္ ရႈျမင္ခ်က္အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါသည္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders Media ။     ။ မၾကာခင္က ေဒၚလာေဈးနဲ႔ ပတ္သက္ၿပီး အစိုးရဘက္က ဝင္ေရာက္ကိုင္တြယ္ၿပီးေနာက္ပိုင္း ေဈးက ထိုးက်လာတာကို ေတြ႕ရတယ္။ဒီလိုကိုင္တြယ္မႈပုံစံက အရင္ တစ္ပါတီအစိုးရနဲ႔ စစ္အစိုးရလက္ထက္မွာ ကိုင္တြယ္ခဲ့တဲ့ နည္းလမ္းေတြ ျဖစ္ေနတာကို ေတြ႕ရတယ္။အမွန္တစ္ကယ္က ဒီလိုေတြ ေနာင္ျဖစ္လာရင္ အုပ္ခ်ဳပ္ေရးပိုင္းက ဒီလိုဝင္ကိုင္တြယ္တာက ျဖစ္သင့္ျဖစ္ထိုက္တဲ့ ကိုင္တြယ္မႈလား၊ ဘယ္လိုကိုင္တြယ္ေျဖရွင္းမႈက နည္းလမ္းက်ပါသလဲ ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ ႏွစ္ပိုင္းေပါ့ေလ။ေဒၚလာေဈး အပါအဝင္ေပါ့။ကုန္ေဈးႏႈန္းနဲ႔ ပတ္သက္လာရင္လည္း ဒီပုံစံ ဒီလိုစဥ္းစားခ်က္ေတြ တူတူဘဲစဥ္းစားလို႔ ရမယ္ထင္တယ္။ဟိုတကယ္တမ္းေတာ့ ေဈးကြက္ကို ယုံရင္ေတာ့ ေဈးကြက္ယႏၲရားကို က်င့္သုံးရမွာဘဲေလ။ဥပမာ - ေဈးတက္တယ္၊ က်တယ္ဆိုတာက အေျခခံဝယ္လိုအား ေရာင္းလိုအားသူရဲ႕ လႊမ္းမိုးမႈေတြေပါ့။ေရရွည္မွာေတာ့ ေဈးတည္ၿငိမ္ဖို႔ သူ႔ရဲ႕ ေဈးအတက္အက် ဆိုတာထက္ကို ဆရာတို႔က တည္ၿငိမ္မႈကို လိုလားတာေလ။

အခုျဖစ္ေနတာက တက္မယ္ဆိုလည္း တေျဖးေျဖးတက္သြားတာမ်ိဳး၊ တေျဖးေျဖးက်သြားတာမ်ိဳးက်ေတာ့ စီးပြားေရးလုပ္ရတဲ့သူေတြက နည္းနည္းေလးမွန္းလို႔ရတယ္။စီးပြားေရး လုပ္သာကိုင္သာရွိေအာင္ နည္းနည္းမွန္းလို႔ရတဲ့ အေနအထားရွိရင္ အဆင္ေျပတယ္ေလ။မဟုတ္ဘဲနဲ႔ အတက္အက်ေတြ အတက္ျမန္တယ္၊ အက်ျမန္တယ္ဆိုရင္ လုပ္ရကိုင္ရတဲ့သူေတြက ခက္တယ္။ဒါေၾကာင့္မို႔ ဆရာတို႔အေနနဲ႔ သူတို႔ေပၚလစီက ႏွစ္မ်ိဳးေပါ့ေလ။အခုေျပာတဲ့ ေဈးကြက္ေပၚလစီေဈးရဲ႕ ဝယ္လိုအား၊ ေရာင္းလိုအား ဥပမာ - ေဒၚလာတန္ဖိုးေတြ ႀကီးေနတယ္၊ က်ပ္တန္ဖိုးေတြ ေလ်ာ့ေနတယ္ဆိုရင္ ေဒၚလာေတြကို အခုထုတ္ေရာင္းတယ္ ဘာညာဆိုၿပီးေတာ့ ေဈးကြက္ထဲမွာ ေဒၚလာေတြ မ်ားမ်ားရွိလာလို႔ရွိရင္ ဘာျဖစ္သြားလိမ့္မယ္ဆိုၿပီး လုပ္ၾကတာေပါ့။ဒါေပမဲ့ ကာလတိုမွာက်ေတာ့ လုပ္ရကိုင္ရ နည္းနည္းေလးခက္ေနတဲ့ အခါက်ေတာ့ အုပ္ခ်ဳပ္ေရးယႏၲရားျဖစ္တဲ့ အဖမ္းအဆီးေတြနဲ႔ လုပ္လိုက္ျပန္ေတာ့လည္း တန႔္သြားတာေပါ့ေလ။ဟိုေဈးကြက္ေဈးက ပုံမွန္ျပန္ျဖစ္လာတယ္။

အဲဒီလိုရွိေတာ့ ဒီလက္နက္ကိုလည္း ဆရာတို႔ဆီမွာ ေခတ္အဆက္ဆက္က သုံးခဲ့တာေလ။သုံးခဲ့တယ္ဆိုေပမယ့္ ဒါသုံးတဲ့ ပါဝင္စြက္ဖက္မႈဟာ ေဈးကြက္ပါဝင္စြက္ဖက္မႈ ဒီႏွစ္ခုကို စရမွာပါဘဲ။ဆရာထင္ပါတယ္။ေနရာတိုင္းမွာ အုပ္ခ်ဳပ္မႈယႏၲရားနဲ႔ သြားသုံးျပန္ရင္လည္း ဒါက ခဏခဏလုပ္လို႔ မေကာင္းဘူးလို႔ မထင္ဘူး။အဲဒီေတာ့ တစ္ဖက္ကလည္းဘဲ ဒီအတိုင္း ေဈးကြက္ႀကီးကို လႊတ္ထားျပန္ေတာ့လည္း ေစာနကလို အခ်ိဳ႕ႏိုင္ငံေတြမွာေတာ့ ေဒၚလာနဲ႔ပတ္သက္လို႔ သူတို႔ႏိုင္ငံျခားေငြလဲလွယ္မႈ အေျခအေနမရွိရင္ ကိုယ္ကဝင္ၿပီးေတာ့ ဗဟိုဘဏ္ကေန ဝင္ၿပီးေတာ့ ကစားတာေတြ ရွိတယ္ေလ။
ျမန္မာျပည္မွာလည္း ကစားတာဘဲေလ။

ဒါေပမဲ့ ဆရာတို႔ဆီမွာ အစတည္းက သူတို႔ေၾကျငာထားတာက ဝင္ကစားဖို႔၊ ဝင္ထိန္းဖို႔ဆိုရင္ အဂၤလန္မွာ ဗဟိုဘဏ္မွာ ဝင္ထိန္းဖို႔ဆိုတဲ့ အခါမွာလည္း ဆရာတို႔ နာမည္ႀကီးတဲ့ ေဒၚလာေဈးကစားတဲ့သူေတြ ျမတ္သြားတာ ေတြ႕ရတယ္။အဲဒီလိုျဖစ္ေတာ့ ဆရာတို႔အေနနဲ႔ အုပ္ခ်ဳပ္မႈယႏၲရားကို သုံးတာကို နည္းနည္းေလး သတိထားဖို႔လိုတယ္။ေနရာတိုင္း သုံးတာထက္ကိုေပါ့။အခုကေတာ့ ၾကည့္ရတာ သူတို႔ အုပ္ခ်ဳပ္မႈယႏၲရား သုံးလိုက္တာနဲ႔ နည္းနည္းလန႔္သြားတဲ့ ပုံစံေပါ့။ဖမ္းမယ္ဆီးမယ္လို႔ဆိုတာနဲ႔ ပုံစံကတစ္မ်ိဳး ျဖစ္လာတာေပါ့။

ေ႐ႊေဈးေတြကလည္း အဲဒီလိုျဖစ္လာတာေပါ့။ဒါေပမဲ့ အဲဒါေလးကို ဆရာထင္တာကေတာ့ အဓိကျဖစ္ေနတာက ဟိုဒီအနာနဲ႔ ပတ္သက္လို႔ရွိရင္ သူ႔ရဲ႕ အေၾကာင္းအရင္းရွာမွ ရမယ္ထင္တယ္။ဘာနဲ႔သြားတူလဲဆိုရင္ ဟိုေလ ဆရာတို႔ ပလာစတာသြားကပ္သလို ျဖစ္မယ္။ပလာစတာကပ္တာဟာ ခဏဘဲခံမွာ။ေရရွည္မွာေတာ့ ဒီအနာႀကီးကို ေပ်ာက္ေအာင္ ဘာေၾကာင့္ အဲဒီလိုျဖစ္ရသလဲ ဒီေဒၚလာေတြ ျမန္မာေငြ ဘာေၾကာင့္က်သြားလဲ။

ေဒၚလာနဲ႔ယွဥ္ရင္ ျမန္မာေငြ ဘာေၾကာင့္ေလ်ာ့သြားတယ္ဆိုတာကို အေၾကာင္းအရင္းကို ရွာၿပီးေတာ့မွ ဒီအေၾကာင္းအရင္းကို ကုစားဖို႔ လိုလိမ့္မယ္ေလ။ၿပီးေတာ့ တစ္ဖက္ကလည္း ဆရာတို႔မွာ ဝမ္းနည္းစရာေကာင္းတာက ဒီေဒၚလာေဈး တက္ေနတဲ့အခ်ိန္မွာ တစ္နည္းအားျဖင့္ က်ပ္တန္ဖိုးေတြ ေလ်ာ့ေနတဲ့အခ်ိန္မွာ (Exporter) ေတြရဲ႕ အကြက္ဘဲ။ထုတ္လုပ္တဲ့သူေတြရဲ႕ အကြက္ဘဲ။အဲဒီအကြက္ကို ဆရာတို႔က အသုံးမခ်ႏိုင္ဘူး။ဒါလည္း စဥ္းစားဖို႔ေကာင္းတယ္၊ ဘာေၾကာင့္ အဲဒီလိုအသုံးမခ်ႏိုင္တာလဲ အခုေဒၚလာေတြ ေဈးတက္တဲ့အတြက္ သြင္းကုန္သမားေတြက ထိတာေပါ့။ဟုတ္တယ္ေနာ္။ ဒါေၾကာင့္ စက္သုံးဆီ၊ အိမ္ေဆာက္ပစၥည္း ထိတာကို နားလည္တယ္။ထိတဲ့သူက တန႔္သြားတယ္၊ ထိတဲ့သူက တန႔္သြားတဲ့အခ်ိန္မွာ အခုဟိုဘက္က အသာစီးရမယ့္ (Exporter) ေတြက်ေတာ့ မထုတ္ႏိုင္ဘူး။ဒါလည္း ဆရာတို႔ စဥ္းစားမွရမယ္ေပါ့။

တစ္ခ်ိဳ႕ မဟာဗ်ဳဟာအေနနဲ႔ စီးပြားေရးနဲ႔ မဟာဗ်ဳဟာအေနနဲ႔ ေျပာရင္ေတာ့ ဒီေဒၚလာေဈးႀကီးေနတဲ့ အခ်ိန္မွာ ကိုယ့္က်ပ္ေငြတန္ဖိုးေတြ ေလ်ာ့ေနတဲ့အခ်ိန္မွာ ဒါက ကိုယ့္အလွည့္ဘဲ။ကိုယ့္အလွည့္ဘဲဆိုတာက ထုတ္ကုန္သမားေတြ အားနဲ႔ခြန္နဲ႔ ထုတ္ႏိုင္ရင္ ကိုယ့္အတြက္ အက်ိဳးအျမတ္ရွိမယ္ေလ။ဒါေပမဲ့ အခုဟာက ဆရာတို႔မွာ ထုတ္ႏိုင္တဲ့အင္အား မရွိဘူး။အဲဒီေတာ့ တစ္ဖက္က ဘာျဖစ္လဲဆိုရင္ေနာ္ ဒီသြင္းတဲ့သူေတြ ဒုကၡေရာက္ေနသလို တကယ္ကို အက်ိဳးရွိမယ့္ ထုတ္ကုန္သမားေတြကလည္း ဘာမွအက်ိဳးမရဘူး၊ မလုပ္ႏိုင္ဘူးျဖစ္ေတာ့ ႏွစ္ခါနာတဲ့ပုံစံ ျဖစ္ေနတာကိုး။

အဲ့ဒါေလးေတာ့ စဥ္းစားဖို႔ေကာင္းလိမ့္မယ္ ထင္ပါတယ္ေနာ္။အားလုံး တိုင္တိုင္ပင္ပင္နဲ႔ ထုတ္တဲ့သူေတြ ပိုၿပီးထုတ္ႏိုင္ေအာင္ ဘယ္လိုလုပ္ၾကမလဲ၊ (Exporter) ေတြေပါ့။ဒါေၾကာင့္ ဒီေဈးကြက္က သူတို႔အတြက္ ေဈးကြက္ကို က်ပ္ေငြေတြ က်တဲ့အခါမွာ ေဒၚလာေဈးေတြ တက္တဲ့အခါမွာ သူ႔အတြက္ အက်ိဳးရွိမယ့္ကိစၥကို ဆရာတို႔က အခြင့္အေရးယူႏိုင္ဖို႔ လိုမယ္လို႔ ထင္တာပါဘဲ။

Opinion Leaders Media  ။     ။  မၾကာခင္က  လႊတ္ေတာ္မွာ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းနဲ႔ ပတ္သက္ၿပီး ေထာက္ျပမႈေတြရွိေနတာကို ေတြ႕ရပါတယ္။က်ေနတဲ့ ျမန္မာ့စီးပြားေရးအတြက္ ျပန္တက္လာေအာင္ Tourism ဘက္က ဗီဇာေျဖေလ်ာ့မႈေတြ လုပ္ေပးေနခ်ိန္မွာ ရပ္ဆိုင္းလုနီးပါး ေဆာက္လုပ္ေရးေလာကအတြက္ အဓိကေမွ်ာ္လင့္ခ်က္ျဖစ္တဲ့ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းက ဒီလိုစတင္ဖို႔ ေႏွာင့္ေႏွးမႈေတြ၊ ကန႔္ကြက္မႈေတြေၾကာင့္ ရပ္သြားႏိုင္သလား၊ ဘာေတြျဖစ္လာႏိုင္သလဲ။ဘာေတြလြဲေခ်ာ္မႈေတြေၾကာင့္ တိုင္းအစိုးရနဲ႔ လႊတ္ေတာ္အၾကား ကြဲလြဲမႈေတြ ရွိေနရတာလဲ ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲ့ဒါေလ ဆရာထင္တာကေတာ့ အခုနက ဒီစီးပြားေရးစီမံခ်က္ေပါ့ေလ။ infrastructure ေတြ ရန္ကုန္ၿမိဳ႕တင္ မဟုတ္ဘူး။ရန္ကုန္တိုင္းေဒသႀကီး တစ္ခုလုံးမွာ ဒီေဆာက္လုပ္ေရးစီမံခ်က္ေတြ အမ်ားႀကီးလုပ္တာ အလုပ္အကိုင္ အခြင့္အလမ္းေတြ ဖန္တီးမယ္ ေဈးကြက္ေတြ ျပန္ၿပီးေပၚလာမယ္ ဘာညာ၊ ဒါေတြက ေမွ်ာ္လင့္ခ်က္ေတြ အမ်ားႀကီးေပါ့။ဒါေပမဲ့ ဆရာတို႔မွာ အခုရွိေနတာကေနာ္။

ဆရာထင္ေနတာက မ႑ိဳင္သုံးခုက တစ္ေယာက္နဲ႔ တစ္ေယာက္ (Communication) အားနည္းတယ္ ထင္တယ္။အမွန္ အုပ္ခ်ဳပ္ေရးမ႑ိဳင္ရယ္၊ တရားဥပေဒေရးမ႑ိဳင္ရယ္၊ ေနာက္တစ္ခါ ဥပေဒျပဳမ႑ိဳင္ရယ္ေပါ့ေနာ္။ဒီလႊတ္ေတာ္ကေတာ့ ဥပေဒျပဳေရးမ႑ိဳင္၊ အစိုးရကေတာ့ အုပ္ခ်ဳပ္ေရးမ႑ိဳင္ေပါ့ေလ။အခုျဖစ္ေနတာက တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈလြဲေနတာ ဒီဘက္ကလည္း လႊတ္ေတ္ာဘက္ကလည္း သူ႔ေစတနာနဲ႔ သူေျပာတာ ေစတနာနဲ႔ေျပာတာကို ဘာျဖစ္သြားလဲဆိုရင္ ေစတနာနဲ႔ေျပာတာ။

သည္စီမံခ်က္ေတြကို သြားၿပီးအေႏွာင့္အယွက္ျဖစ္တယ္၊ အဟန႔္အတားျဖစ္တယ္လို႔ အဓိပၸါယ္ေဆာင္သြားတယ္။ဒီဘက္ကလည္း ငါေစတနာနဲ႔ လုပ္ေနတာဘဲ မင္းတို႔ေျပာစရာမလိုဘူးဆိုတဲ့ သေဘာထားေတြမ်ား ရွိသလားမသိဘူး။အမွန္ကေတာ့ တိုင္တိုင္ပင္ပင္နဲ႔ေပါ့ ဒီဟာလုပ္လို႔ရွိရင္ ဒါျဖစ္ႏိုင္တယ္။အခုေတာက္ေလွ်ာက္မွာ ျဖစ္ေနတာကေနာ္ တစ္ခါတစ္ေလ ေဘးကၾကည့္ရင္ အစိုးရတစ္ခုတည္းမ်ား ဟုတ္ရဲ႕လားလို႔ ပါတီတစ္ခုတည္းမွ ဟုတ္ရဲ႕လားလို႔ ထင္ေယာင္ထင္မွား ျဖစ္တယ္။
သိပ္ေတာ့မဆန္းပါဘူးကြယ့္။

သူ ပထမတစ္ေခါက္တုန္းကလည္း ေနျပည္ေတာ္မွာ ဒီျပည္ခိုင္ၿဖိဳးကိစၥလည္း ဒီလိုဘဲျဖစ္တာကိုး။ဟုတ္တယ္မလား။အုပ္ခ်ဳပ္ေရးမ႑ိဳင္နဲ႔ တရားဥပေဒေရးမ႑ိဳင္က တစ္ေယာက္နဲ႔ တစ္ေယာက္က နားလည္မႈေတြလြဲတယ္။နားလည္မႈေတြလြဲၿပီးေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္က ယုံၾကည္မႈအားနည္းေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ သူလုပ္သမွ်အားလုံး ငါကမေကာင္းေျပာမယ္၊ ငါလုပ္သမွ်အားလုံးကို သူမေကာင္းေျပာမယ္ဆိုတဲ့ အျပန္အလွန္ျဖစ္ေနတာမ်ိဳးကေတာ့ နစ္နာတာေပါ့ေလ။တကယ္တမ္းေတာ့ အခုနကလို ဂဃနဏခ်ၿပီးေတာ့ ဘာေၾကာင့္လုပ္တယ္။အဲ့ဒါကိုရွင္းျပရမယ္၊ ဆရာတို႔မွာ ရွင္းျပတဲ့အင္အားက သိပ္နည္းတယ္ကြယ့္။ရွင္းျပတဲ့အင္အား နည္းတဲ့အျပင္ကို အဆိုးဆုံးကေတာ့ နားေထာင္တဲ့အင္အား ပိုနည္းေသးတယ္။ အခုေျပာလိုက္တဲ့အခါမွာ ဟိုဘက္က ေျပာလိုက္တာကိုလည္း နားေထာင္မွာမဟုတ္ဘူး။ ဒီဘက္ကေျပာတာကိုလည္း ဟိုဘက္က နားေထာင္မွာမဟုတ္ဘူးဆိုေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္က နားမေထာင္ဘဲနဲ႔ ကိုယ္ခ်ည္းေျပာခ်င္ေနတဲ့ အခါက်ေတာ့ လုပ္ရကိုင္ရ အင္မတန္ခက္ခ်ည္းခက္တာကိုး။

အဲဒီေတာ့ ဆရာတို႔ ဒီစီးပြားေရးလုပ္တဲ့အခါမွာ ဘာေၾကာင့္ အက်ိဳးနဲ႔အေၾကာင္းနဲ႔ ခ်ျပတယ္။ေနာက္တစ္ခုက အခုနကေျပာတဲ့ (Tourism) ကိစၥက ကန႔္ကြက္ၾကအုံးမွာ ဟုတ္တယ္မလား။တ႐ုတ္ေတြ အမ်ားႀကီးဝင္လာရင္ ဘာျဖစ္မယ္၊ ညာျဖစ္မယ္နဲ႔ ေျပာအုံးမွာ ဒါေပမဲ့ အခုအခ်ိန္မွာ စီးပြားေရးအၾကပ္အတည္း ျဖစ္ေနတဲ့အခါမွာ ထြက္ေပါက္က ဆူလြယ္ႏွပ္လြယ္ အျမန္ဆုံးလုပ္ႏိုင္တာက (Tourism) ဘဲ။(Tourism) က ခ်က္ခ်င္းကို ေငြအျမန္ဆုံးေပၚတယ္ေလ။ကိုယ့္မွာလည္း သိပ္ထူးထူးေထြေထြ အရင္းအႏွီးစိုက္ရတာ မဟုတ္ဘူး။အဲ့ဒါမ်ိဳး လုပ္တာကိုလည္း ဘဲအခုနကလို ဂဃနဏရွင္းျပဖို႔ လိုတယ္။

တ႐ုတ္ေတြ ဝင္လာတာဟာ လူေတြစိတ္ပူတာက တ႐ုတ္ေတြ ဝင္လာရင္ အားလုံးေတာ့ ဘာျဖစ္မယ္တို႔ ညာျဖစ္မယ္တို႔ ေလွ်ာက္ေျပာေနတာကိုး။အဲဒီေတာ့ အခုခက္တာ ကိုယ့္ဘက္ကၾကည့္ မွန္တယ္၊ သူဘက္ကၾကည့္ မွန္တယ္လို႔ ျဖစ္ေနတာကိုး၊ အဲဒီေတာ့ ႏွစ္ဖက္ၾကည့္တတ္ေအာင္ အဲဒီအေလ့အက်င့္ကလည္း ဆရာတို႔မွာ အားနည္းတာေပါ့ေလ။ဒီမိုကေရစီကလည္း အင္မတန္ႏုေသးတဲ့ အခါက်ေတာ့ ကိုယ့္သေဘာဆႏၵခ်ည္း ျဖစ္ေနတာေနာ္။အဲဒီလိုျဖစ္ေနတာပါ။တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈရွိေအာင္ ဖန္တီးဖို႔လိုတယ္လို႔ ေအာက္ေမ့တယ္။ယုံၾကည္မႈရွိလာေအာင္ ဖန္တီးမွရမယ္လို႔လည္း ထင္တာပါဘဲ။

Opinion Leaders Media  ။     ။ မၾကာခင္က ICC က ျမန္မာႏိုင္ငံအတြက္ ေကာ္မတီတစ္ရပ္ကို ဖြဲ႕ခဲ့တာ ေတြ႕ရပါတယ္။ဒီလိုဖြဲ႕စည္းလိုက္တဲ့အတြက္ လက္ရွိ ဆရာတို႔လုပ္ေနတဲ့ ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရး၊ မၾကာခင္က မူဆယ္မွာ လက္မွတ္ထိုးခဲ့တဲ့  ျမန္မာ - တ႐ုတ္ စီးပြားေရးျစကၤန္ကိစၥ၊ ျမန္မာ့စီးပြားေရးအတြက္ ျပန္တည္ၿငိမ္လာေအာင္ လုပ္တဲ့အေပၚေတြမွာ ဘယ္ေလာက္ထိ အက်ိဳးသက္ေရာက္မႈ ႀကီးလာႏိုင္ပါသလဲ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဒါႀကီးကေတာ့ကြယ္ သူတို႔လုပ္တဲ့ ပုံစံႀကီးက ကိုယ့္ျပည္တြင္းမွာ အင္မတန္နစ္နာတာေပါ့။ဒါကိုနားလည္ဖို႔ လိုတယ္ေလ။နားလည္လို႔လည္း သူတို႔လုပ္ေနတယ္လို႔ ထင္တယ္။ဒီဟာႀကီး ဖြဲ႕လိုက္တယ္။ဖြဲ႕ၿပီးေတာ့ဆရာတို႔ အခုအေထြေထြညီလာခံမွာ အစိုးရရဲ႕ ကိုယ္စားလွယ္ကလည္း ေျပာတာေပါ့။ဒါကလည္း ဆရာတို႔နဲ႔ မဆိုင္ဘူး။

အဲဒီေတာ့ စိတ္ဝင္စားစရာေကာင္းတာက ဆရာတို႔ မေျပာခင္ ထရမ့္ က ICC ကို လုံးဝအယုံအၾကည္မရွိဘူး။ဟုတ္တယ္မလား။(ICC) အဖြဲ႕ဝင္ေတြကိုေတာင္ ဖမ္းမယ္အထိ သူေျပာတာေလ၊ သူတို႔က အင္အားႀကီးႏိုင္ငံဆိုေတာ့ ေျပာလို႔ရတယ္ေလ။

ဆရာတို႔မွာက အဲေတာ့ ဒီအဖြဲ႕ ဖြဲ႕တာေတြက တကယ္တမ္းေတာ့ ႏိုင္ငံတကာ လုပ္ထုံးလုပ္နည္းနဲ႔ေတာ့ မညီတဲ့ဟာေတြေပါ့။လိုတာထက္ပိုၿပီး ဖိအားေတြေပးေနတာ။ဖိအားေတြ ေပးေနေသာ္လည္း ကိုယ့္အေနနဲ႔ကေတာ့ ကိုယ္တတ္ႏိုင္တာ ျပည္တြင္းမွာ ကိုယ္လုပ္လို႔ရတဲ့ စုံစမ္းေရးအဖြဲ႕ေတြ ဖြဲ႕တယ္၊ ရခိုင္မွာလည္း ေျပာင္းလဲႏိုင္ေအာင္ ဆရာတို႔ ႀကိဳးစားေနတယ္။အဲ့ဒါကို သူတို႔က အသိအမွတ္မျပဳဘူး။သူတို႔က သူတို႔ဘာသာ သူတို႔ အေျဖဆြဲေနတာေပါ့ေလ။အဲဒီေတာ့ ဒါေတြအားလုံးဟာ ဆရာထင္တယ္ ေျပာရရင္ေတာ့ မတရားတဲ့ ဖိအားေပးမႈေတြလို႔ ဆရာထင္တယ္။ကိုယ္က အင္အားနည္းလို႔ ကိုယ့္ကို ယိုးမယ္ဖြဲ႕ၿပီး အျပစ္ရွာေနတာေလ။

တကယ္တမ္း အခုနလို အေမရိကန္ႏိုင္ငံက်ေတာ့ ဘာမွျပန္ေတာင္ မေျပာရဲေတာ့ဘူး။ဟုတ္တယ္မလား၊ အဲဒီလိုျဖစ္ေနတာက်ေတာ့ တစ္မ်ိဳးႀကီးေပါ့။ဒါေပမဲ့ ဆရာထင္တာကေတာ့ ဥပမာ - ဒီလိုေျပာတဲ့အတြက္ ကိုယ္လုပ္စရာရွိတာကေတာ့ လုပ္ရမွာပါဘဲ။
ဆရာတို႔ ႏိုင္ငံေတာ္ကေန ေၾကျငာထားတာပါဘဲ၊ တာဝန္ရွိတဲ့သူေတြကို ဒါတာဝန္ရွိတဲ့အတိုင္း တရားဥပေဒအတိုင္း ေဆာင္႐ြက္ပါမယ္လို႔ ကတိေပးထားတာဘဲေလ။လုံး၀ ဆရာတို႔ ျငင္းတဲ့အေနအထားလည္း မဟုတ္ဘူးေလ။အဲဒါေတာ့ ဒါကိုတစ္ခုရွိတာက ကိုယ့္ဆီမွာ ဖိအားေတြကမ်ားတယ္။ေနာက္တစ္ခ်က္က အျပင္ဖိအားေတြရွိသလို၊ အတြင္းဖိအားေတြကလည္း ရွိေနတာကိုး။

ကိုယ့္ဘက္ကလည္း အားလုံးက ညီညီၫြတ္ၫြတ္နဲ႔ ကိုယ့္အႏၲရာယ္ႀကီးကို ဝိုင္းၿပီးေျဖရွင္းမယ္ဆိုတဲ့ ဆႏၵရွိတဲ့သူေတြ ရွိသလို ဒါဒီလိုျဖစ္တာကိုဘဲ ေက်နပ္တဲ့သူက ရွိျပန္ေရာ။အဲ့ဒါကခက္ေနတာ။ဆရာတို႔မွာ အားလုံးက ဒီအခ်ိန္မွာ ညီရမယ့္အခ်ိန္ေလ။ညီရမယ့္အခ်ိန္မွာ အားလုံးက တစ္သံတည္းထြက္ဖို႔လိုတယ္။ထြက္ဖို႔လိုတဲ့အခါ မွာ အားလုံးက ဒီပုံစံမဟုတ္ဘဲနဲ႔ အခက္အခဲေတြရွိတာကိုဘဲ ေက်နပ္သလို ျဖစ္ေနတဲ့ပုံစံ၊ ေနာက္ကိုင္တြယ္တဲ့ ပုံစံကိုလည္း ေဝဖန္တဲ့ပုံစံ အမ်ိဳးမ်ိဳးေပါ့။ဒါလည္းဘဲ ဒါႏိုင္ငံေရးအရ ဒီလိုအေနအထား ရွိတယ္ဆိုတာကို လက္ခံရမွာပါဘဲ။

ဒါေပမဲ့ ဆရာေအာက္ေမ့တာကေတာ့ ကိုယ့္အက်ိဳးၾကည့္တာကို ဆရာတို႔ လက္ခံေပမယ့္ အမ်ားအက်ိဳးလည္း ရွိေစခ်င္တယ္လို႔ အဲဒီလိုဘဲ တိုက္တြန္းခ်င္ပါတယ္။ဆရာတို႔အားလုံး လက္တြဲၿပီး လုပ္ေနၾကတာကြယ္။အားလုံးေကာင္းလာမွာပါ တို႔ႏိုင္ငံက ဒီေလာက္ေကာင္းတဲ့ အေနအထားဘဲ ဟုတ္တယ္မလား အခန႔္မသင့္လို႔သာ ျဖစ္ေနတာ ဒါကို အားလုံးညီညီၫြတ္ၫြတ္နဲ႔ လုပ္ရင္ေတာ့ ဆရာထင္တယ္။အေျဖရလိမ့္မယ္လို႔ ထင္ပါတယ္။
ေအာက္ေမ့ပါတယ္။

Opinion Leaders Media  ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးပါ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ေအာက္တိုဘာ - ၃