【 သတင်းဆောင်းပါး 】 “အရေခြုံပြောင်းလဲသော ပညာရေးမျိုး မဖြစ်စေလို”

【 သတင်းဆောင်းပါး 】 “အရေခြုံပြောင်းလဲသော ပညာရေးမျိုး မဖြစ်စေလို”

နွေရာသီကာလတစ်လျှောက်လုံး ခြောက်သွေ့တိတ်ဆိတ်နေတဲ့ အခြေခံပညာစာသင်ကျောင်းတွေမှာ မေလလယ်လောက်မှာတော့ ပြန်ပြီးအသက်ဝင်လှုပ်ရှားကာ စည်ကားစပြုလာပါတယ်။မေလကုန်ပိုင်းကို ရောက်လာတဲ့အခါမှာတော့ ကျောင်းဖွင့်ရာသီအတွက် ကျောင်းသား၊ ကျောင်းသူတွေ အပါအဝင် မိဘအုပ်ထိန်းသူတွေဟာ ကြိုတင်လို့ ပြင်ဆင်နေကြရတဲ့ ကာလကို ရောက်ရှိလာကြပါတယ်။

ကျောင်းဖွင့်ချိန်အတွက် ကြိုပြင်ဆင်

နွေရာသီ ကျောင်းပိတ်တဲ့ ကာလတစ်လျှောက်လုံး ပျော်ပါးခဲ့ကြတဲ့ ကလေးတွေရှိသလို ကျောင်းပိတ်ချိန်မှာတောင်မှ အနားမပေးဘဲ ကျူရှင်တွေကြိုတက်ခိုင်းပြီး မိဘတွေရဲ့ လိုအင်ဆန္ဒအတွက် ပုံဖော်ကြိုးပမ်းနေရတဲ့ ကလေးတွေလည်း ကျောင်းဖွင့်မယ့်ကာလအတွက် ကြိုတင်လို့ ပြင်ဆင်နေကြပါတယ်။တစ်နှစ်တာရဲ့ ပညာသင်နှစ်အစပိုင်းမှာ အခြေခံပညာကျောင်းတွေသာမကဘဲ ကိုယ်ပိုင်ပုဂ္ဂလိကကျောင်းတွေ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာလည်း နှစ်စဉ် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၅ သိန်းလောက်ရဲ့ ပညာသင်ကြားရေး အစီအစဉ်တွေအတွက် ကြိုတင်လုပ်ဆောင်လို့ လာကြပါတယ်။

“ဆရာမကြီးတို့က တစ်နှစ်တာရဲ့ ပညာရေးပြက္ခဒိန်ဆိုတာရှိတယ်၊ ဘယ်လမှာတော့ ဘာလုပ်ရမယ် ဆိုတာမျိုးပေါ့၊ အဲ့ဒီလို ပညာရေးပြက္ခဒိန်နဲ့အညီ ရေးဆွဲပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံပညာကျောင်းတွေရဲ့ ကျောင်းဖွင့်ရာသီကို ဇွန်လကနေ စတင်တာဖြစ်သလို ကျောင်းဖွင့်ချိန်မတိုင်ခင် ကျောင်းတွင်း အမှိုက်သရိုက်နဲ့ ခြင်တွေဘာတွေ ကင်းရှင်းရေးအတွက်ကိုလည်း ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေက ကျောင်းအုပ်ကြီးတွေနဲ့ ပူးပေါင်းကာ ခြင်ဆေးမှုတ်တာတွေ၊ ကျောင်းတွင်းက ရေကန်တွေမှာ ပိုးလောက်လန်း မပေါက်ပွားနိုင်တဲ့ အဘိတ်ဆေး ခတ်တာတွေကို ကြိုတင်လုပ်ဆောင်လာခဲ့ကြပါတယ်။

“ကျောင်းဖွင့်ချိန်ဟာ မိုးတွင်းကာလလည်းဖြစ်တော့ ကျောင်းပတ်ဝန်းကျင်မှာ ရေမဝပ်အောင် ရေစီးရေလာကောင်းအောင် စီမံဆောင်ရွက်လျက်ရှိပါတယ်၊ အဓိက ကတော့ အမှိုက်နဲ့ ခြင်ကျားတွေ ကင်းစင်အောင်လို့ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်” လို့ စမ်းချောင်းမဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင် က ပြောပါတယ်။

ဒါ့အပြင် အလုံမြို့နယ်ထဲက စာသင်ကျောင်းတွေမှာလည်း ခြင်ဆေးမှုတ်တာတွေ၊ အဘိတ်ဆေး ခတ်တာတွေကို ကျောင်းဖွင့်ချိန်မတိုင်ခင် မေလထဲမှာ အပြီးလုပ်ဆောင်နေတယ်လို့ အလုံမဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့် က ဆိုပါတယ်။

နှစ်စဉ် မေလ ၂၅ ရက်ကနေ မေလ ၃၁ ရက်အထိကို ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်နှံရေး ရက်သတ္တပတ် ကာလအဖြစ် သတ်မှတ်ကာ ကျောင်းအပ်နှံဖို့အတွက် တွန်းအားပေး စည်းရုံးမှုတွေနဲ့ လုပ်ဆောင်လာကြပါတယ်။

“ဆရာမကြီးတို့အနေနဲ့ ကျောင်းအပ်နှံရေးကို လုပ်ဆောင်တဲ့အခါ catchment area သတ်မှတ်ပြီး လုပ်ဆောင်လျက်ရှိပါတယ်၊ မိဘတွေက ဒီနှစ်မှ ဒီလိုဆောင်ရွက်တယ်လို့ ပြောကြတယ်၊ တကယ်တော့ ဒါကို လုပ်နေတာ အခုဆိုရင် သုံးနှစ်လောက်ရှိပြီ၊ သတိမထားမိကြတာ ဖြစ်ပါလိမ့်မယ်၊ ကျောင်းကားကိစ္စရော  ဒီ catchment area ကိစ္စရော အတူပူးတွဲပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်ကို လူထုလှုပ်ရှားမှုအသွင်နဲ့ လုပ်ဆောင်နေတာဟာ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ နေထိုင်ကြတဲ့ မိဘတွေဟာ အသက်အရွယ်ပြည့်မြောက်တဲ့ ကလေးအားလုံးကို ဝန်ထုပ်ဝန်ပိုးမရှိဘဲ ပြောရရင် ဘာအခကြေးငွေမှ ကုန်ကျမှုမရှိဘဲ ကျောင်းအပ်နှံနိုင်တယ်လို့ နှိုးဆော်ဆောင်ရွက်တာ ဖြစ်ပါတယ်၊ ဒီလိုလုပ်ဆောင်နေတဲ့ အကြောင်းကိုလည်း မိဘတွေကိုယ်တိုင် သိရုံသာမကဘဲ တခြားသော ဆရာ၊ ဆရာမတွေအနေနဲ့လည်း သိသာအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်” လို့ ဒေါ်ခင်မာဆွေ က ရှင်းပြပါတယ်။

ယခုနှစ်မှာတော့ အခြေခံပညာကျောင်းတွေနဲ့ ကိုယ်ပိုင်ပုဂ္ဂလိကကျောင်းတွေ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ အပါအဝင် ကျောင်းတက်ရောက်မယ့် အခြေခံပညာကဏ္ဍမှာ ကလေးပေါင်းပျမ်းမျှ ၁၄ သိန်း လောက် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ထိုခန့်မှန်းထားတဲ့ စာရင်းတွေအတိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးတွေကတစ်ဆင့် ကျောင်းအုပ်ကြီးတွေက ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ တစ်အိမ်တက်ဆင်း လိုက်လံလို့ တွန်းအားပေးနှိုးဆော်ဖို့လည်း အစီအစဉ်တွေ ရေးဆွဲဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ရှေ့ဆောင်လမ်းပြအဖြစ် ရန်ကုန်တွင် အကောင်ထည်ဖော်

မြန်မာနိုင်ငံမှာ ရန်ကုန်တိုင်းဒေသကြီးဟာ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ အတုယူစရာ အခြေအနေမျိုး ဖြစ်ခဲ့တာကြောင့် အခြေခံပညာကျောင်းတွေနဲ့ ပတ်သက်ရင် ရန်ကုန်တိုင်းဒေသကြီးမှာ အရင်ဆုံးပြုပြင်ပြောင်းလဲတာတွေကို လုပ်ဆောင်ကြတာ ဖြစ်တယ်လို့ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ် က ပြောပါတယ်။

“ရန်ကုန်တိုင်းဒေသကြီးရဲ့ မူဝါဒပေါ်မူတည်ပြီးတော့ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက လိုက်လံလုပ်ဆောင်လေ့ရှိပါတယ်၊ ဒါကြောင့်လည်း ပညာရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်တဲ့နေရာမှာ အခြေခံပညာကဏ္ဍမှာ မူဝါဒတွေ အပါအဝင် အသေးစိတ်အစီအစဉ်တွေကို ရန်ကုန်တိုင်းဒေသကြီးမှာ အရင်ဆုံးလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့က အခြေခံပညာကျောင်းတွေမှာ Catchment Area ခွဲခြားသတ်မှတ်ပြီး ဘယ်ရပ်ကွက်မှာ နေထိုင်သူဟာ ဘယ်ကျောင်းမှာပဲ အပ်နှံရမယ်ဆိုတဲ့ မူဝါဒကို စတင် အကောင်အထည်ဖော်ခဲ့တာ သုံးနှစ်လောက်ရှိပေမယ့် ယခုနှစ်မှာတော့ တင်းတင်းကြပ်ကြပ်နဲ့ လုပ်ဆောင် လာခဲ့ကြပါတယ်။ထိုအစီအစဉ်ကြောင့်လည်း ကျောင်းအပ်နှံတဲ့ ကလေးတိုင်းကို မြို့နယ်ထဲက ခွဲခြားသတ်မှတ်ထားတဲ့ နယ်မြေအလိုက် သတ်မှတ်ထားတဲ့ ကျောင်းမှာသာ အပ်နှံနိုင်ဖို့ ညွှန်ကြားစာတွေထုတ်ကာ လုပ်ဆောင်နေသလို ကျောင်းအပ်နှံလာတဲ့ ကလေးတွေကို အိမ်ထောင်စုစာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးတာတွေကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။

“တင်ပြလာတဲ့ စာရင်းတွေကို တိုက်ဆိုင်စစ်ဆေးပြီး နယ်ကျော် ကျောင်းအပ်နှံမှုတွေ ရှိလာရင် စစ်ဆေးအရေးယူသွားမှာ ဖြစ်ပါတယ်၊ နာမည်ကြီးကျောင်းတွေမှာက အဲ့ဒီအိမ်ထောင်စုစာရင်းပုံစံမှာ စာရင်းသွင်းထားတာ အနည်းဆုံး ခြောက်လရှိမှ အပ်တာလက်ခံဖို့ စီစဉ်ထားပါတယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၊ လဝကတို့ကနေ မရိုးမသားလုပ်ပြီးတော့ ထောက်ခံထားတာတွေရှိရင် စစ်ဆေးအရေးယူနိုင်ဖို့ တိုင်းဒေသကြီးအစိုးရကို တင်ပြသွားမယ်၊ မနှစ်တုန်းကလည်း ပညာရေးဝန်ကြီးဌာနမှာ ကျောင်းအုပ်ကြီးတွေကို အရေးယူခဲ့တာ ရှိပါတယ်၊ အပြင်ကို သတင်းမထုတ်ပြန်တာကြောင့်လည်း ပြင်ပကနေ သိပ်မသိကြတာ ဖြစ်ပါတယ်၊ မူဝါဒကို သွေဖယ်တဲ့ ပျက်စီးအောင် လုပ်တာဟာ ဘယ်သူလဲဆိုတာ စုံစမ်းဖော်ထုတ်ပြီး အရေးယူနိုင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ ဒေါ်ခင်မာဆွေ က ဆိုပါသေးတယ်။

ထိုကဲ့သို့ Catchment Area တွေခွဲခြားကာ ကျောင်းအပ်လက်ခံတာကို ကြပ်မတ်နေတာကြောင့် မိမိတို့လိုချင်တဲ့ ကျောင်းကို ထားခွင့်မရတဲ့ မိဘတွေဟာ ပြင်ပပုဂ္ဂလိကကျောင်းတွေမှာ ပြောင်းရွှေ့အပ်နှံတာတွေ လုပ်ဆောင်ကြပါတယ်။

“ဘယ်သူမှ နာမည်ကြီးကျောင်းတွေကို ငွေကုန်ခံပြီးတော့ ကိုယ့်ကလေးကို သွားမထားဘူး၊ သင်ကြားရေး Quality ကအစ ကွာလို့ သွားထားတာလေ၊ ကိုယ့်နားက ကျောင်းမှာတက်တဲ့ ရပ်ကွက်ထဲက ကလေးတွေ ဆိုရင် စာမေးပွဲဖြေမယ်ဆိုရင်တောင်မှ ဆော့ကောင်းတုန်း၊ သူတို့ကျောင်းမှာကလဲ စာမေးပွဲမှာ ရှစ်ပုဒ်မေးရင် စုစုပေါင်းမှ ၁၀ ပုဒ်လောက်ပဲ ကျက်ရတော့ အေးဆေးပဲလေ၊ နာမည်ကြီးကျောင်းတွေမှာ ကျတော့အဲ့ဒီလို မဟုတ်ဘူး၊ စာတွေအကုန်လုံး တစ်အုပ်လုံးနီးပါးကို ကျေညက်အောင် ကျက်ထားမှ အဆင်ပြေတာလေ၊ အဲ့ဒီမှာ ကတည်းက အတန်းကြီးလာတာနဲ့အမျှ Quality က ကွာမသွားဘူးလား၊ ဒါကြောင့်လည်း ဒီနှစ်မှာတော့ သင်ကြားရေးကောင်းတဲ့ ပြင်ပပုဂ္ဂလိကကျောင်းတွေမှာ သွားထားတာလို့တော့ ကျွန်မထင်ပါတယ်၊ အဲ့ဒီ ကျောင်းတွေမှာက ဘာ Catchment Area မှ မခွဲဘူးလေ၊ ကျွန်မတို့ကတော့ ဒီမူဝါဒက လွဲနေတယ်လို့ မြင်တယ်” လို့လည်း မိဘအုပ်ထိန်းသူတစ်ဦးဖြစ်သူ ဒေါ်မာလာမြင့် က ပြောပြပါတယ်။

ကျောင်းကားလုပ်ကိုင်သူများ ဗျာများရသောကာလ

အခြေခံပညာကျောင်းတွေမှာ ကြိုပို့ကျောင်းကားလုပ်ငန်းတွေအဖြစ် လုပ်ကိုင်နေကြတဲ့သူတွေဟာ ယခုလို ကျောင်းမဖွင့်ခင်ကာလမှာ မူဝါဒ ၁၂ ချက် သတ်မှတ်ချက်ကြောင့် ဗျာများရတဲ့ ကာလတစ်ခုလို ဖြစ်လို့နေပါတယ်။

မူဝါဒ ၁၂ ချက်နဲ့ မညီတဲ့ ကျောင်းကားတွေကို ယခုနှစ်မှာ လုံးဝခွင့်ပြုတော့မှာ မဟုတ်တော့တဲ့အတွက် မိရိုးဖလာအဖြစ် လုပ်ကိုင်ရာကနေ လုပ်ငန်းကို စွန့်လွှတ်လိုက်သူတွေရှိသလို ချေးငွေတွေနဲ့ ယာဉ်ဝယ်ယူပြီး ပြင်ဆင်နေတာတွေလည်း ရှိပါတယ်။

“အခု ကျွန်တော်တို့ကို အကြောင်းကြားထားတာက ၁၂ ချက်နဲ့ မညီရင် လုံးဝမပြေးဆွဲရဘူး၊ ဒါကြောင့်လည်း တစ်ချို့လုပ်ငန်းတူတွေဆိုရင် စိတ်ပျက်ပြီးတော့ မလုပ်တော့ဘူး၊ သူတို့ထုတ်ပြန်ထားတဲ့ ၁၂ ချက်နဲ့ ညီအောင် ဝယ်မယ်ဆိုရင် ဘယ်မောင်း ညာတံခါးပေါက် ကားက တရုတ်၊ ကိုရီးယားတွေပဲ များတယ်၊ ဂျပန်ကားတွေမှာတော့ မရှိဘူး၊ အခု ကျွန်တော်တို့ ဖြစ်နေတဲ့အခြေအနေက ကိုယ့်ရှိတဲ့ ဂျပန်ကားလေးကို ရောင်းထုတ်ပြီးတော့ ကိုယ့်လက်ထဲက ကားလောက် Quality လည်း မကောင်း၊ ပြင်ဆင်စရိတ်ဆိုလည်း ကြီးမားတဲ့ ကိုရီးယားကားတို့၊ တရုတ်ကားတို့ ဝယ်သုံးရမလို အခြေအနေဖြစ်နေတယ်၊ ဒီလုပ်ငန်းမှာ လုပ်နေတဲ့သူတွေ အကုန်လုံးက ပိုက်ဆံရလွန်းလို့ လုပ်နေကြတာ မဟုတ်ဘူး၊ ကိုယ့်ကလေးတွေကို ကြိုပို့လုပ်ရင်းကနေ ဝါသနာအရ ကျောင်းကြိုပို့လုပ်ငန်းကို မိရိုးဖလာလုပ်ငန်းတစ်ခုအနေနဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်၊ ဒါကြောင့်လည်း တော်တော်များများက စိတ်ပျက်ပြီး မလုပ်တော့ဘဲ ထွက်ကုန်တာ” လို့ ကျောင်းကားလုပ်ငန်းကို မိရိုးဖလာလုပ်ငန်းအဖြစ် လုပ်ကိုင်နေတဲ့ ကိုထွန်းဦး က ပြောပါတယ်။

ယခုနှစ်တွင် Catchment Area ခွဲခြားလုပ်ဆောင်မှုကြောင့် မိမိအိမ်နဲ့နီးတဲ့ ကျောင်းမှာသာ တက်ရောက်ကြရမှာ ဖြစ်တဲ့အတွက် နောင်နှစ်နှစ်၊ သုံးနှစ်တာအတွင်းမှာ ကျောင်းကြိုပို့ကားစနစ် ပျောက်ကွယ်သွားနိုင်တယ်လို့ ကျောင်းကားလုပ်ငန်း လုပ်ကိုင်သူတွေက ခန့်မှန်းထားကြပြီး မပျောက်ကွယ်ခင် ယခုလိုကာလမှာ ဖြေလျှော့မပေးဘဲ လုပ်ကိုင်မှုတွေက စီးပွားရေးရှုထောင့်ကကြည့်ရင် လက်ဝါးကြီးအုပ်ပြီး လွှမ်းမိုးတဲ့သဘောမျိုး သက်ရောက်နေတယ်လို့ ဆိုကြပါတယ်။

“ဟုတ်တယ်လေဗျာ၊ အခု Catchment Area သတ်မှတ်ထားတော့ အလွန်ဆုံး နှစ်နှစ်၊ သုံးနှစ်ပဲ တဖြေးဖြေး ပျောက်ကွယ်မှာ၊ အဲ့ဒီပျောက်ကွယ်မယ့် လုပ်ငန်းတစ်ခုကို မပျောက်ကွယ်ခင် အခုလိုကာလမှာ ဖြေလျှော့မပေးတာတော့ စိတ်ပျက်မိတယ်၊ မကြာခင်ပျောက်ကွယ်တော့မယ့် လုပ်ငန်းအတွက် သိန်း ၃၀၀၊ ၄၀၀ ကျော်နဲ့ ဝယ်ပြီး ရင်းနှီးလုပ်ကိုင်စားဖို့ဆိုတာက တော်တော်လေးကို စဉ်းစားစရာပါ” လို့ ကျောင်းကားလုပ်ကိုင်သူများ အစုအဖွဲ့မှ ကိုသူရ က ရှင်းပြပါတယ်။

ကျောင်းသား၊ ကျောင်းသူများ အခက်အခဲမဖြစ်စေရေး YRTA မှ ကျောင်းကားများ စီစဉ်ထား

ထိုကဲ့သို့သော မပြေးဆွဲတော့ဘဲ နှုတ်ထွက်တဲ့ ကားတွေနေရာမှာ အစိုးရရဲ့ ဘတ်ဂျက်နဲ့ဝယ်ယူပြီး YRTA အောက်မှာ ထားရှိတဲ့ ဟွန်ဒိုင်းမီနီဘတ်စ် အစီး ၂၀၀ ထဲက လိုအပ်ချက်ပေါ်မူတည်ကာ ထုတ်နှုတ်ပြေးဆွဲသွားဖို့ စီစဉ်ထားသလို လွန်ခဲ့တဲ့ ၂၀၁၈-၁၉ ပညာသင်နှစ်မှာ အစီးပေါင်း ၇၀ ကျော် ပြေးဆွဲခဲ့ကာ လာမယ့် ကျောင်းဖွင့်ရာသီမှာ နောက်ထပ် အစီး ၁၀၀ ကျော် ထပ်ဖြည့်ပြေးဆွဲဖို့ စီစဉ်ထားကြပါတယ်။

“သူတို့မလုပ်နိုင်ရင် YRTA က ကားတွေကို ဖြည့်သွားမှာပါ၊ မူဝါဒ ၁၂ ချက်နဲ့ ညီရပါမယ်၊ မညီရင် ပြေးဆွဲခွင့် မပေးပါဘူး၊ လောလောဆယ်မှာ မူဝါဒ ၁၂ ချက်နဲ့ ညီအောင်လို့ တင်သွင်းနေတယ်၊ လိုင်စင်အတွက် လုပ်နေတယ်ဆိုရင် စောင့်ပေးမယ်၊ အဲ့ဒီလိုပြင်ဆင်ပြီးလို့ လာပြေးဆွဲတဲ့အခါ အစားထိုးပြေးဆွဲနေတဲ့ YRTA က ကားတွေကို ပြန်ထုတ်သွားမယ်၊ သူတို့က နေရာလုပြီး လာလုပ်ကိုင်တာ မဟုတ်ဘူး၊ ဆရာမကြီးတို့ဘက်က အကူအညီတောင်းတာပါ၊ ဝန်ကြီးချုပ်ကလည်း ပြောထားတယ်၊ အမြတ်အစွန်းကို မရည်ရွယ်ဘဲနဲ့ အကူအညီပေးတာပါ၊ ဒါပေမဲ့ ကုန်ကျစရိတ်ကတော့ အထိုက်အလျောက်ရှိမယ်လို့ ပြောထားပါတယ်၊ အဲ့ဒီအတွက် ကျောင်းအုပ်ကြီးတွေနဲ့ YRTA က တာဝန်ရှိသူတွေ ဆွေးနွေးကြပြီးပြီ၊ဒီနှစ်မှာ အစီးပေါင်း ၁၀၀ ကျော်လောက် ပြေးဆွဲပေးဖို့ အကူအညီတောင်းထားတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ က ရှင်းပြပါတယ်။

ယခုကျောင်းဖွင့်ရာသီကာလမှာ YRTA ရဲ့ School Bus တွေကို မနှစ်က ပြေးဆွဲတဲ့ ရန်ကင်း TTC, ကမာရွတ် TTC, မြောက်ဥက္ကလာက ကျောင်းတစ်ချို့အပြင် ယခုနှစ်မှာ မြောက်ဥက္ကလာမြို့နယ်ထဲက ကျန်တဲ့ကျောင်းများနဲ့ စမ်းချောင်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်ထဲက ကျောင်းတွေမှာ ပြေးဆွဲသွားဖို့ စီစဉ်ထားပါတယ်။

မူဝါဒ ၁၂ ချက်နဲ့ ကိုက်ညီမှုမရှိတဲ့ ကျောင်းကားတွေအနေနဲ့ လိုက်နာမှုမရှိဘဲ ဝင်ရောက်ပြေးဆွဲနေပါက ဖမ်းဆီးမှာမဟုတ်ဘဲ တိုင်းဒေသကြီးအစိုးရအဖွဲ့ အပါအဝင် ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ ကညန တို့ကို ယာဉ်နံပါတ်နဲ့ နေရာတိတိကျကျ ရေးသားပေးပို့ကာ လုပ်ဆောင်သွားဖို့လည်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက စီစဉ်ထားပါတယ်။မူဝါဒနဲ့ကိုက်ညီအောင် ပြင်ဆင်ထားတဲ့ ကျောင်းကားပိုင်ရှင်တစ်ချို့ကတော့ သတ်မှတ်ချက်အတိုင်း “ဃ” လိုင်စင် ပြုလုပ်ကာ ပြေးဆွဲမယ့်ကျောင်းက ကျောင်းအုပ်ကြီးတွေနဲ့ စာချုပ် ချုပ်ဆိုတာတွေကို လုပ်ကိုင်နေတဲ့ အနေအထားတွေလည်း ရှိပါတယ်။ထိုစနစ်ကို လတ်တလောမှာတော့ ကျောင်း ၁၈ ကျောင်းမှာ အဓိကကြပ်မတ်သွားပေမယ့် တခြားကျောင်းတွေမှာလည်း ဆက်လက်ကြပ်မတ်သွားဖို့ ရှိနေသလို ရန်ကုန်တိုင်းဒေသကြီးထဲမှာ အခြေခံပညာကျောင်းပေါင်း ၂၇၅၀ ကျောင်း ရှိပါသေးတယ်။

ထိုကဲ့သို့ ကျောင်းကားတွေ ပြေးဆွဲသော်လည်း ကျောင်းကားခ ဈေးနှုန်းကြီးမြင့်မှုမျိုး ဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ မိဘအုပ်ထိန်းသူတွေ ဆိုကြပါတယ်။

“အရင်ကျောင်းကားတွေက အိမ်ရှေ့၊ တိုက်ရှေ့အထိ ရောက်တယ်၊ ကျောင်းကားပေါ်ပါတဲ့ စပယ်ယာက တိုက်ခန်းဆိုရင် လှေကားအထိကို ပို့ပေးတယ်၊ အခု ဒီ School Bus တွေက လမ်းထိပ်မှာပဲရပ်ပြီး လမ်းထဲမဝင်ဘူးဆိုတော့ အိမ်ကတစ်ယောက်က ကျောင်းကားလာတဲ့အချိန်ကိုစောင့်ပြီး ကြိုပို့လုပ်ရမလိုဖြစ်နေတယ်၊ ပိုပြီးတော့ အလုပ်ပိုမရှုပ်ဘူးလား၊ လမ်းထိပ်မှာ ကြိုမယ့်သူမရှိဘဲ ချခဲ့လို့ရှိရင်လည်း ကလေးက တစ်ယောက်ထဲ ပြန်ရမယ်ဆိုရင် အန္တရာယ်ပိုများတယ်လေ၊ နောက်တစ်ခုက ကျောင်းကားခပါ၊ အခုကြားနေတာက ကလေးတစ်ယောက်ကို ကျောင်းကားခ ၃၅၀၀၀ လို့ ကြားနေတယ်၊ အတည်တော့မဖြစ်သေးဘူး၊ လောလောဆယ်မှာက ၁၅၀၀၀ လောက်ပဲ ပေးရတာလေ၊ ဒါတောင်မှ မိဘက အစိုးရဝန်ထမ်းဆိုရင် အနိုင်နိုင်ပေးနေရတာ၊ ကလေးနှစ်ယောက် မွေးထားတဲ့ မိဘဆိုရင် ၃၅၀၀၀ နဲ့တွက်ရင် ၇၀၀၀၀ လောက်က ကျောင်းကားခဖြစ်သွားပြီ၊ ရတဲ့လခနဲ့ တစ်လလုံး ဘာသွားစားမလဲ၊ နောက်တစ်ခုက ကျူရှင်စရိတ်တွေလည်းရှိတော့ မလွယ်ပါဘူး” လို့ မိဘအုပ်ထိန်းသူတစ်ဦးဖြစ်တဲ့ ဒေါ်မာလာမြင့် က ရှင်းပြပါတယ်။

ပြုပြင်ပြောင်းလဲနေတဲ့ ၁၂ တန်း ပညာရေးစနစ်

မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ ၁၂ တန်း ပညာရေးစနစ်ကို ပြောင်းလဲလုပ်ဆောင်နေတာ ယခုနှစ်ဆိုရင် တတိယမြောက်နှစ် ဖြစ်လာခဲ့ပါပြီ။သင်ကြားရေးပိုင်း တာဝန်ယူမယ့် ဆရာ၊ ဆရာမတွေကို နွေရာသီကာလထဲမှာ သင်တန်းတွေပေးလာခဲ့တာ ဒီနှစ်မှာ Grade 3 နဲ့ Grade 6 သင်တန်းတွေကို လုပ်ဆောင်လာခဲ့ပါတယ်။

ထိုသို့စနစ်ပြောင်းတာဟာ ပညာရေးစနစ်ကို နိုင်ငံတကာက ပညာရေးစနစ်တွေနဲ့ညီအောင် အဆင့်မြှင့်တင်တာလို့ ဆိုပေမယ့် စနစ်သစ်ပညာရေးနဲ့ တက်လာခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ လွန်ခဲ့သော ၂၀၁၈-၁၉ ပညာသင်နှစ်ကာလအထိ စာမေးပွဲဖြေရတာမျိုးမရှိဘဲ ကျောင်းမှာသင်ကြားနေတဲ့ မှတ်တမ်းတွေနဲ့ အတန်းတက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

“စနစ်သစ်ပြောင်းတဲ့ကာလဖြစ်တဲ့ ၂၀၁၇-၁၈၊ ၂၀၁၈-၁၉၊ ၂၀၁၉-၂၀၂၀ မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲရှိပေမယ့် ၂၀၂၀-၂၀၂၁ ကစပြီးတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး၊ အခြေခံပညာပြီးမြောက်ခြင်း စစ်ဆေးပြီးစီးကြောင်း Certificate ရမှာ ဖြစ်ပါတယ်၊ အဲ့ဒီ Certificate နဲ့ မိမိနှစ်သက်တဲ့ အသက်မွေးဝမ်းကျောင်း ပညာသင်တန်းတွေမှာ တက်ရောက်နိုင်တာ ဖြစ်ပါတယ်” လို့ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ် က ပြောပါတယ်။

ထိုစနစ်သစ်ပညာရေးအရ လာမယ့် ၂၀၂၀-၂၁ ပညာသင်နှစ်မှာ Grade 4, Grade 7 နဲ့ Grade 10 တို့ကို လည်းကောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ Grade 5, Grade 8 နဲ့ Grade 11 တို့ကို လည်းကောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ Grade 6, Grade 9 Grade 12 တို့ကို လည်းကောင်း သင်ရိုးပြောင်းလဲဖို့ စီစဉ်ထားသလို ၂၀၂၀-၂၀၂၁ ကစပြီးတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မရှိပေမယ့် ၂၀၂၀-၂၁ ပညာသင်နှစ်နဲ့ ၂၀၂၁-၂၂ ပညာသင်နှစ်တွေမှာ စနစ်ဟောင်း ကျရှုံးသူတွေအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို စီစဉ်ပေးထားမယ်လို့ ဆိုပါတယ်။

ထိုပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်တာနဲ့အတူ လက်ရှိလုပ်ဆောင်နေတဲ့ စနစ်ဟောင်း စာမေးပွဲတွေမှာလည်း ရမှတ်ဖြင့် အောင်စာရင်းထုတ်ပြန်ခြင်း မပြုတော့ဘဲ Grade A, B, C, D ဖြင့် ရမှတ်အနည်းအများ ခွဲခြားထုတ်ပြန်သော စနစ်မျိုးကို လုပ်ဆောင်လျက်ရှိပါတယ်။

“မိဘတွေအနေနဲ့ ပြိုင်ဆိုင်ပြီးတော့ ကိုယ့်ကလေးကို တွန်းအားပေးတာမျိုး မဖြစ်အောင် ဒီလိုလုပ်တယ်ဆိုပေမယ့် Grade နဲ့ ထုတ်ပြန်တဲ့အခါကျတော့ ကိုယ့်ကလေးရဲ့ အခြေအနေက ဘယ်လိုရှိသလဲ မသိနိုင်တဲ့အပြင် ဒီကြားထဲမှာ လွဲမှားမှုတွေလည်း ကြုံလာနိုင်ပါတယ်” လို့ ဒေါ်မာလာမြင့် က ရှင်းပြပါတယ်။

ကျူရှင်စနစ် ပပျောက်အောင်လုပ်သော်လည်း အားပေးသလိုစနစ်မျိုးဖြစ်နေ

အခြေခံပညာရေးကဏ္ဍမှာ အဆင့်မြှင့်တင် ပြုပြင်ပြောင်းလဲတာတွေနဲ့အတူ ကျူရှင်စနစ်ကို ပပျောက်အောင် လုပ်ဆောင်နေပေမယ့် မိဘအုပ်ထိန်းသူတွေက မိမိတို့ရဲ့ သားသမီးတွေကို ကျူရှင်ထားနေရဆဲ အခြေအနေမျိုးဖြစ်သလို ပြောင်းလဲတဲ့စနစ်နဲ့ သင်ကြားနိုင်တဲ့ သင်တန်းတက်ရောက်ထားသော ဆရာ၊ ဆရာမများကိုသာ ဦးစားပေး ခေါ်ယူသင်ယူတာတွေကြောင့်လည်း ကျူရှင်စနစ်ကို အားပေးသလို ဖြစ်နေတယ်လို့ မိဘအုပ်ထိန်းသူတွေက ဆိုကြပါတယ်။

“ကျောင်းမှာလည်း စာသိပ်မသင်တော့ မတတ်မှာစိုးလို့ အိမ်မှာကျူရှင်ထားပါတယ်၊ ကျူရှင်သင်ဖို့ကျပြန်တော့ ဒီနှစ်ဆိုရင် Grade 3 က စနစ်သစ်ဆိုတော့ တော်တော်လေးခက်တယ်၊ ကိန်းဂဏန်းတွေဆိုရင် တွက်ရတာ အရင်လို နည်းနည်းလေး မဟုတ်တော့ဘူး၊ များလာတယ်၊ အပြင်ဆရာမတွေက စနစ်သစ် သင်တန်းတက်ထားတာမျိုး မဟုတ်တော့ သိပ်မသင်နိုင်ဘူး၊ အခု စနစ်သစ်တက်ထားတဲ့ ဆရာမတွေကိုပဲ ခေါ်ယူသင်ရတယ်၊ ကျုရှင်စရိတ်ကလည်း တစ်နှစ်ထက်တစ်နှစ် များလာတယ်၊ မလွယ်ပါဘူး” လို့ မိဘအုပ်ထိန်းသူတစ်ဦးဖြစ်တဲ့ ဒေါ်လှသန်း က ပြောပြပါတယ်။

ပြင်ပကျူရှင်တွေမှာ အခြေခံပညာမူလတန်းအရွယ်ကို ယခင်က ဘာသာစုံကျပ် ၂၀၀၀၀ မှ ၃၀၀၀၀ ကြားရှိပေမယ့်၊ ယခုစနစ်သစ်မှာတော့ အင်္ဂလိပ်နဲ့ သင်္ချာလောက်သာ သင်ပါက ကျပ် ၃၅၀၀၀ လောက်ရှိပြီး ဘာသာစုံသင်ပါက ကျပ် ၄၅၀၀၀ မှ ၅၀၀၀၀ ကြား ရှိနေတယ်လို့ မိဘအုပ်ထိန်းသူတွေက ပြောပြကြပါတယ်။

မူလတန်းအရွယ်မှာ ပုံနှိပ်ဖတ်စာအုပ်တွေ၊ ဗလာစာအုပ် တစ်ဒါဇင်ကို ကျောင်းအပ်နှံစဉ်ကာလမှာ အခမဲ့ ထုတ်ပေးခဲ့သလို အလယ်တန်းနဲ့ အထက်တန်းအရွယ်တွေမှာတော့ ပုံနှိပ်ဖတ်စာအုပ် အခမဲ့ပေးတဲ့ စနစ်မျိုးနဲ့ လုပ်ဆောင်လို့နေပါတယ်။ထိုသို့ အခမဲ့ လုပ်ဆောင်ပေးနေပေမယ့် ကျူရှင်စရိတ်နဲ့ ကျောင်းကားခတွေက မိဘအုပ်ထိန်းသူတွေအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီး ပညာကို ငွေနဲ့လဲကာ ဝယ်ရတဲ့ အခြေအနေမျိုး ဖြစ်လို့နေပါသေးတယ်။

စနစ်သစ်နဲ့အတူ ဆရာပျော်ကျောင်းအဖြစ် ပြင်ဆင်

အခြေခံပညာကဏ္ဍမှာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲနေတဲ့အပြင် ဆရာ၊ ဆရာမတွေအတွက်လည်း ဆရာပျော်ကျောင်း (Teacher Friendly School) မျိုး ဖြစ်အောင် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။သို့ရာတွင် ကျောင်းတွေမှာ ကျောင်းသားနဲ့ဆရာ အချိုးမမျှဖြစ်ခြင်း၊ ဆရာတွေရဲ့ စာသင်ကြားမှု အချိုးမမျှတခြင်း၊ သင့်လျော်မှန်ကန်တဲ့ ဘာသာရပ်ခွဲဝေမှု မဖြစ်သေးသလို သင်ကြားရေးနဲ့မဆိုင်တဲ့ မလိုလားအပ်သော အလုပ်တွေနဲ့ ဝန်ပိနေခြင်းတို့လည်း ရှိနေတယ်လို့ အခြေခံပညာကျောင်း ဆရာ၊ ဆရာမ တစ်ချို့က ဆိုလာကြပါတယ်။

ထိုအချက်များကို ပြင်ဆင်ကာ ကျောင်းအုပ်ကြီးတွေနဲ့ ကျောင်းတွင်းရှိ ဆရာ၊ ဆရာမတွေ အချင်းချင်း ချစ်ကြည်မှုရှိဖို့တွေ၊ လုပ်ငန်းတာဝန်တွေကို အထက်အောက် ဆက်ဆံရေးမှာ အချင်းချင်း အပြန်အလှန် ဆွေးနွေးတိုင်ပင်နိုင်တဲ့ အခြေအနေမျိုး ဆောင်ရွက်သင့်သလို ကျောင်းအုပ်ကြီးတွေဟာလည်း ကျောင်းအုပ်လုပ်ငန်းတွေဖြစ်တဲ့ Planning, Organizing, Directing, Coordinating, Controlling ဆောင်ရွက်ရာမှာ ပညာပြည့်၀ နှလုံးလှစွာ ဆောင်ရွက်ဖို့လည်း လိုအပ်တယ်လို့ ဆရာတစ်ချို့က အကြံပြုလာတာတွေရှိပါတယ်။

ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲမှုနဲ့အတူ ကျောင်းချိန်တွေမှာသာ တတ်အောင်သင်ကြားပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ အိမ်အပြန်အားလပ်ချိန်တွေမှာ ကျူရှင်တက်ရောက်နေရာမျိုး မဖြစ်အောင် စီမံပေးဖို့လည်း မိဘအုပ်ထိန်းသူတွေက လိုလားကြပါတယ်။သို့မှသာ နိုင်ငံတကာမှာရှိတဲ့ ကျောင်းတွေကဲ့သို့ တကယ့်ကို ထိရောက်မြင့်မား တိုးတက်တဲ့ အခြေအနေကောင်းတွေ ပိုင်ဆိုင်လာမှာဖြစ်သလို လက်ရှိမိသားစု စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားတဲ့ အခြေအနေတွေအပြင် ပညာရေးအသုံးစရိတ်အတွက် မိသားစုဝင်ငွေထဲက ကျခံသုံးစွဲနေတာတွေကို လျှော့ချနိုင်မှာဖြစ်တဲ့အတွက်  တကယ့်ကိုထိရောက်ပြီး အရည်အသွေးရှိတဲ့ ပြောင်းလဲမှုစနစ် ပီပီပြင်ပြင် ဖြစ်လာမယ်ဆိုရင်……။

ဇွဲမာန်
မေ - ၂၈

( Zawgyi )

ေႏြရာသီကာလတစ္ေလွ်ာက္လုံး ေျခာက္ေသြ႕တိတ္ဆိတ္ေနတဲ့ အေျခခံပညာစာသင္ေက်ာင္းေတြမွာ ေမလလယ္ေလာက္မွာေတာ့ ျပန္ၿပီးအသက္ဝင္လႈပ္ရွားကာ စည္ကားစျပဳလာပါတယ္။ေမလကုန္ပိုင္းကို ေရာက္လာတဲ့အခါမွာေတာ့ ေက်ာင္းဖြင့္ရာသီအတြက္ ေက်ာင္းသား၊ ေက်ာင္းသူေတြ အပါအဝင္ မိဘအုပ္ထိန္းသူေတြဟာ ႀကိဳတင္လို႔ ျပင္ဆင္ေနၾကရတဲ့ ကာလကို ေရာက္ရွိလာၾကပါတယ္။

ေက်ာင္းဖြင့္ခ်ိန္အတြက္ ႀကိဳျပင္ဆင္

ေႏြရာသီ ေက်ာင္းပိတ္တဲ့ ကာလတစ္ေလွ်ာက္လုံး ေပ်ာ္ပါးခဲ့ၾကတဲ့ ကေလးေတြရွိသလို ေက်ာင္းပိတ္ခ်ိန္မွာေတာင္မွ အနားမေပးဘဲ က်ဴရွင္ေတြႀကိဳတက္ခိုင္းၿပီး မိဘေတြရဲ႕ လိုအင္ဆႏၵအတြက္ ပုံေဖာ္ႀကိဳးပမ္းေနရတဲ့ ကေလးေတြလည္း ေက်ာင္းဖြင့္မယ့္ကာလအတြက္ ႀကိဳတင္လို႔ ျပင္ဆင္ေနၾကပါတယ္။တစ္ႏွစ္တာရဲ႕ ပညာသင္ႏွစ္အစပိုင္းမွာ အေျခခံပညာေက်ာင္းေတြသာမကဘဲ ကိုယ္ပိုင္ပုဂၢလိကေက်ာင္းေတြ၊ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းေတြမွာလည္း ႏွစ္စဥ္ ေက်ာင္းသား၊ ေက်ာင္းသူေပါင္း ၁၅ သိန္းေလာက္ရဲ႕ ပညာသင္ၾကားေရး အစီအစဥ္ေတြအတြက္ ႀကိဳတင္လုပ္ေဆာင္လို႔ လာၾကပါတယ္။

“ဆရာမႀကီးတို႔က တစ္ႏွစ္တာရဲ႕ ပညာေရးျပကၡဒိန္ဆိုတာရွိတယ္၊ ဘယ္လမွာေတာ့ ဘာလုပ္ရမယ္ ဆိုတာမ်ိဳးေပါ့၊ အဲ့ဒီလို ပညာေရးျပကၡဒိန္နဲ႔အညီ ေရးဆြဲၿပီး ေဆာင္႐ြက္တာ ျဖစ္ပါတယ္” လို႔ ရန္ကုန္တိုင္းေဒသႀကီး ပညာေရးမႉး႐ုံးမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚခင္မာေဆြ က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ အေျခခံပညာေက်ာင္းေတြရဲ႕ ေက်ာင္းဖြင့္ရာသီကို ဇြန္လကေန စတင္တာျဖစ္သလို ေက်ာင္းဖြင့္ခ်ိန္မတိုင္ခင္ ေက်ာင္းတြင္း အမႈိက္သ႐ိုက္နဲ႔ ျခင္ေတြဘာေတြ ကင္းရွင္းေရးအတြက္ကိုလည္း ေဒသခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေက်ာင္းအုပ္ႀကီးေတြနဲ႔ ပူးေပါင္းကာ ျခင္ေဆးမႈတ္တာေတြ၊ ေက်ာင္းတြင္းက ေရကန္ေတြမွာ ပိုးေလာက္လန္း မေပါက္ပြားႏိုင္တဲ့ အဘိတ္ေဆး ခတ္တာေတြကို ႀကိဳတင္လုပ္ေဆာင္လာခဲ့ၾကပါတယ္။

“ေက်ာင္းဖြင့္ခ်ိန္ဟာ မိုးတြင္းကာလလည္းျဖစ္ေတာ့ ေက်ာင္းပတ္ဝန္းက်င္မွာ ေရမဝပ္ေအာင္ ေရစီးေရလာေကာင္းေအာင္ စီမံေဆာင္႐ြက္လ်က္ရွိပါတယ္၊ အဓိက ကေတာ့ အမႈိက္နဲ႔ ျခင္က်ားေတြ ကင္းစင္ေအာင္လို႔ လုပ္ေဆာင္ၾကတာ ျဖစ္ပါတယ္” လို႔ စမ္းေခ်ာင္းမဲဆႏၵနယ္မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာ္တာေအာင္ က ေျပာပါတယ္။

ဒါ့အျပင္ အလုံၿမိဳ႕နယ္ထဲက စာသင္ေက်ာင္းေတြမွာလည္း ျခင္ေဆးမႈတ္တာေတြ၊ အဘိတ္ေဆး ခတ္တာေတြကို ေက်ာင္းဖြင့္ခ်ိန္မတိုင္ခင္ ေမလထဲမွာ အၿပီးလုပ္ေဆာင္ေနတယ္လို႔ အလုံမဲဆႏၵနယ္မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚယဥ္ယဥ္ျမင့္ က ဆိုပါတယ္။

ႏွစ္စဥ္ ေမလ ၂၅ ရက္ကေန ေမလ ၃၁ ရက္အထိကို ပညာေရးဝန္ႀကီးဌာနက ေက်ာင္းအပ္ႏွံေရး ရက္သတၱပတ္ ကာလအျဖစ္ သတ္မွတ္ကာ ေက်ာင္းအပ္ႏွံဖို႔အတြက္ တြန္းအားေပး စည္း႐ုံးမႈေတြနဲ႔ လုပ္ေဆာင္လာၾကပါတယ္။

“ဆရာမႀကီးတို႔အေနနဲ႔ ေက်ာင္းအပ္ႏွံေရးကို လုပ္ေဆာင္တဲ့အခါ catchment area သတ္မွတ္ၿပီး လုပ္ေဆာင္လ်က္ရွိပါတယ္၊ မိဘေတြက ဒီႏွစ္မွ ဒီလိုေဆာင္႐ြက္တယ္လို႔ ေျပာၾကတယ္၊ တကယ္ေတာ့ ဒါကို လုပ္ေနတာ အခုဆိုရင္ သုံးႏွစ္ေလာက္ရွိၿပီ၊ သတိမထားမိၾကတာ ျဖစ္ပါလိမ့္မယ္၊ ေက်ာင္းကားကိစၥေရာ  ဒီ catchment area ကိစၥေရာ အတူပူးတြဲၿပီး လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္၊ ေက်ာင္းအပ္ႏွံေရး သီတင္းပတ္ကို လူထုလႈပ္ရွားမႈအသြင္နဲ႔ လုပ္ေဆာင္ေနတာဟာ ျမန္မာႏိုင္ငံတစ္ဝန္းလုံးမွာ ေနထိုင္ၾကတဲ့ မိဘေတြဟာ အသက္အ႐ြယ္ျပည့္ေျမာက္တဲ့ ကေလးအားလုံးကို ဝန္ထုပ္ဝန္ပိုးမရွိဘဲ ေျပာရရင္ ဘာအခေၾကးေငြမွ ကုန္က်မႈမရွိဘဲ ေက်ာင္းအပ္ႏွံႏိုင္တယ္လို႔ ႏႈိးေဆာ္ေဆာင္႐ြက္တာ ျဖစ္ပါတယ္၊ ဒီလိုလုပ္ေဆာင္ေနတဲ့ အေၾကာင္းကိုလည္း မိဘေတြကိုယ္တိုင္ သိ႐ုံသာမကဘဲ တျခားေသာ ဆရာ၊ ဆရာမေတြအေနနဲ႔လည္း သိသာေအာင္ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္” လို႔ ေဒၚခင္မာေဆြ က ရွင္းျပပါတယ္။

ယခုႏွစ္မွာေတာ့ အေျခခံပညာေက်ာင္းေတြနဲ႔ ကိုယ္ပိုင္ပုဂၢလိကေက်ာင္းေတြ၊ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းေတြ အပါအဝင္ ေက်ာင္းတက္ေရာက္မယ့္ အေျခခံပညာက႑မွာ ကေလးေပါင္းပ်မ္းမွ် ၁၄ သိန္း ေလာက္ ရွိတယ္လို႔ ခန႔္မွန္းထားပါတယ္။

ထိုခန႔္မွန္းထားတဲ့ စာရင္းေတြအတိုင္း ေက်ာင္းအပ္ႏွံႏိုင္ေရးအတြက္ သက္ဆိုင္ရာ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးေတြကတစ္ဆင့္ ေက်ာင္းအုပ္ႀကီးေတြက ရပ္႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕ေတြနဲ႔ ပူးေပါင္းကာ တစ္အိမ္တက္ဆင္း လိုက္လံလို႔ တြန္းအားေပးႏႈိးေဆာ္ဖို႔လည္း အစီအစဥ္ေတြ ေရးဆြဲေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။

ေရွ႕ေဆာင္လမ္းျပအျဖစ္ ရန္ကုန္တြင္ အေကာင္ထည္ေဖာ္

ျမန္မာႏိုင္ငံမွာ ရန္ကုန္တိုင္းေဒသႀကီးဟာ တျခားတိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြရဲ႕ အတုယူစရာ အေျခအေနမ်ိဳး ျဖစ္ခဲ့တာေၾကာင့္ အေျခခံပညာေက်ာင္းေတြနဲ႔ ပတ္သက္ရင္ ရန္ကုန္တိုင္းေဒသႀကီးမွာ အရင္ဆုံးျပဳျပင္ေျပာင္းလဲတာေတြကို လုပ္ေဆာင္ၾကတာ ျဖစ္တယ္လို႔ အမ်ိဳးသားပညာေရးမူဝါဒေကာ္မရွင္ ဥကၠ႒ ေဒါက္တာမ်ိဳးႂကြယ္ က ေျပာပါတယ္။

“ရန္ကုန္တိုင္းေဒသႀကီးရဲ႕ မူဝါဒေပၚမူတည္ၿပီးေတာ့ တျခားျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြက လိုက္လံလုပ္ေဆာင္ေလ့ရွိပါတယ္၊ ဒါေၾကာင့္လည္း ပညာေရးနဲ႔ ပတ္သက္လို႔ လုပ္ေဆာင္တဲ့ေနရာမွာ အေျခခံပညာက႑မွာ မူဝါဒေတြ အပါအဝင္ အေသးစိတ္အစီအစဥ္ေတြကို ရန္ကုန္တိုင္းေဒသႀကီးမွာ အရင္ဆုံးလုပ္ေဆာင္ေနၾကတာ ျဖစ္ပါတယ္” လို႔ သူက ဆိုပါတယ္။

ရန္ကုန္ၿမိဳ႕က အေျခခံပညာေက်ာင္းေတြမွာ Catchment Area ခြဲျခားသတ္မွတ္ၿပီး ဘယ္ရပ္ကြက္မွာ ေနထိုင္သူဟာ ဘယ္ေက်ာင္းမွာပဲ အပ္ႏွံရမယ္ဆိုတဲ့ မူဝါဒကို စတင္ အေကာင္အထည္ေဖာ္ခဲ့တာ သုံးႏွစ္ေလာက္ရွိေပမယ့္ ယခုႏွစ္မွာေတာ့ တင္းတင္းၾကပ္ၾကပ္နဲ႔ လုပ္ေဆာင္ လာခဲ့ၾကပါတယ္။ထိုအစီအစဥ္ေၾကာင့္လည္း ေက်ာင္းအပ္ႏွံတဲ့ ကေလးတိုင္းကို ၿမိဳ႕နယ္ထဲက ခြဲျခားသတ္မွတ္ထားတဲ့ နယ္ေျမအလိုက္ သတ္မွတ္ထားတဲ့ ေက်ာင္းမွာသာ အပ္ႏွံႏိုင္ဖို႔ ၫႊန္ၾကားစာေတြထုတ္ကာ လုပ္ေဆာင္ေနသလို ေက်ာင္းအပ္ႏွံလာတဲ့ ကေလးေတြကို အိမ္ေထာင္စုစာရင္းနဲ႔ တိုက္ဆိုင္စစ္ေဆးတာေတြကိုလည္း လုပ္ေဆာင္လ်က္ရွိပါတယ္။

“တင္ျပလာတဲ့ စာရင္းေတြကို တိုက္ဆိုင္စစ္ေဆးၿပီး နယ္ေက်ာ္ ေက်ာင္းအပ္ႏွံမႈေတြ ရွိလာရင္ စစ္ေဆးအေရးယူသြားမွာ ျဖစ္ပါတယ္၊ နာမည္ႀကီးေက်ာင္းေတြမွာက အဲ့ဒီအိမ္ေထာင္စုစာရင္းပုံစံမွာ စာရင္းသြင္းထားတာ အနည္းဆုံး ေျခာက္လရွိမွ အပ္တာလက္ခံဖို႔ စီစဥ္ထားပါတယ္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတို႔၊ လဝကတို႔ကေန မ႐ိုးမသားလုပ္ၿပီးေတာ့ ေထာက္ခံထားတာေတြရွိရင္ စစ္ေဆးအေရးယူႏိုင္ဖို႔ တိုင္းေဒသႀကီးအစိုးရကို တင္ျပသြားမယ္၊ မႏွစ္တုန္းကလည္း ပညာေရးဝန္ႀကီးဌာနမွာ ေက်ာင္းအုပ္ႀကီးေတြကို အေရးယူခဲ့တာ ရွိပါတယ္၊ အျပင္ကို သတင္းမထုတ္ျပန္တာေၾကာင့္လည္း ျပင္ပကေန သိပ္မသိၾကတာ ျဖစ္ပါတယ္၊ မူဝါဒကို ေသြဖယ္တဲ့ ပ်က္စီးေအာင္ လုပ္တာဟာ ဘယ္သူလဲဆိုတာ စုံစမ္းေဖာ္ထုတ္ၿပီး အေရးယူႏိုင္ဖို႔ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္” လို႔ ေဒၚခင္မာေဆြ က ဆိုပါေသးတယ္။

ထိုကဲ့သို႔ Catchment Area ေတြခြဲျခားကာ ေက်ာင္းအပ္လက္ခံတာကို ၾကပ္မတ္ေနတာေၾကာင့္ မိမိတို႔လိုခ်င္တဲ့ ေက်ာင္းကို ထားခြင့္မရတဲ့ မိဘေတြဟာ ျပင္ပပုဂၢလိကေက်ာင္းေတြမွာ ေျပာင္းေ႐ႊ႕အပ္ႏွံတာေတြ လုပ္ေဆာင္ၾကပါတယ္။

“ဘယ္သူမွ နာမည္ႀကီးေက်ာင္းေတြကို ေငြကုန္ခံၿပီးေတာ့ ကိုယ့္ကေလးကို သြားမထားဘူး၊ သင္ၾကားေရး Quality ကအစ ကြာလို႔ သြားထားတာေလ၊ ကိုယ့္နားက ေက်ာင္းမွာတက္တဲ့ ရပ္ကြက္ထဲက ကေလးေတြ ဆိုရင္ စာေမးပြဲေျဖမယ္ဆိုရင္ေတာင္မွ ေဆာ့ေကာင္းတုန္း၊ သူတို႔ေက်ာင္းမွာကလဲ စာေမးပြဲမွာ ရွစ္ပုဒ္ေမးရင္ စုစုေပါင္းမွ ၁၀ ပုဒ္ေလာက္ပဲ က်က္ရေတာ့ ေအးေဆးပဲေလ၊ နာမည္ႀကီးေက်ာင္းေတြမွာ က်ေတာ့အဲ့ဒီလို မဟုတ္ဘူး၊ စာေတြအကုန္လုံး တစ္အုပ္လုံးနီးပါးကို ေက်ညက္ေအာင္ က်က္ထားမွ အဆင္ေျပတာေလ၊ အဲ့ဒီမွာ ကတည္းက အတန္းႀကီးလာတာနဲ႔အမွ် Quality က ကြာမသြားဘူးလား၊ ဒါေၾကာင့္လည္း ဒီႏွစ္မွာေတာ့ သင္ၾကားေရးေကာင္းတဲ့ ျပင္ပပုဂၢလိကေက်ာင္းေတြမွာ သြားထားတာလို႔ေတာ့ ကြၽန္မထင္ပါတယ္၊ အဲ့ဒီ ေက်ာင္းေတြမွာက ဘာ Catchment Area မွ မခြဲဘူးေလ၊ ကြၽန္မတို႔ကေတာ့ ဒီမူဝါဒက လြဲေနတယ္လို႔ ျမင္တယ္” လို႔လည္း မိဘအုပ္ထိန္းသူတစ္ဦးျဖစ္သူ ေဒၚမာလာျမင့္ က ေျပာျပပါတယ္။

ေက်ာင္းကားလုပ္ကိုင္သူမ်ား ဗ်ာမ်ားရေသာကာလ

အေျခခံပညာေက်ာင္းေတြမွာ ႀကိဳပို႔ေက်ာင္းကားလုပ္ငန္းေတြအျဖစ္ လုပ္ကိုင္ေနၾကတဲ့သူေတြဟာ ယခုလို ေက်ာင္းမဖြင့္ခင္ကာလမွာ မူဝါဒ ၁၂ ခ်က္ သတ္မွတ္ခ်က္ေၾကာင့္ ဗ်ာမ်ားရတဲ့ ကာလတစ္ခုလို ျဖစ္လို႔ေနပါတယ္။

မူဝါဒ ၁၂ ခ်က္နဲ႔ မညီတဲ့ ေက်ာင္းကားေတြကို ယခုႏွစ္မွာ လုံးဝခြင့္ျပဳေတာ့မွာ မဟုတ္ေတာ့တဲ့အတြက္ မိ႐ိုးဖလာအျဖစ္ လုပ္ကိုင္ရာကေန လုပ္ငန္းကို စြန႔္လႊတ္လိုက္သူေတြရွိသလို ေခ်းေငြေတြနဲ႔ ယာဥ္ဝယ္ယူၿပီး ျပင္ဆင္ေနတာေတြလည္း ရွိပါတယ္။

“အခု ကြၽန္ေတာ္တို႔ကို အေၾကာင္းၾကားထားတာက ၁၂ ခ်က္နဲ႔ မညီရင္ လုံးဝမေျပးဆြဲရဘူး၊ ဒါေၾကာင့္လည္း တစ္ခ်ိဳ႕လုပ္ငန္းတူေတြဆိုရင္ စိတ္ပ်က္ၿပီးေတာ့ မလုပ္ေတာ့ဘူး၊ သူတို႔ထုတ္ျပန္ထားတဲ့ ၁၂ ခ်က္နဲ႔ ညီေအာင္ ဝယ္မယ္ဆိုရင္ ဘယ္ေမာင္း ညာတံခါးေပါက္ ကားက တ႐ုတ္၊ ကိုရီးယားေတြပဲ မ်ားတယ္၊ ဂ်ပန္ကားေတြမွာေတာ့ မရွိဘူး၊ အခု ကြၽန္ေတာ္တို႔ ျဖစ္ေနတဲ့အေျခအေနက ကိုယ့္ရွိတဲ့ ဂ်ပန္ကားေလးကို ေရာင္းထုတ္ၿပီးေတာ့ ကိုယ့္လက္ထဲက ကားေလာက္ Quality လည္း မေကာင္း၊ ျပင္ဆင္စရိတ္ဆိုလည္း ႀကီးမားတဲ့ ကိုရီးယားကားတို႔၊ တ႐ုတ္ကားတို႔ ဝယ္သုံးရမလို အေျခအေနျဖစ္ေနတယ္၊ ဒီလုပ္ငန္းမွာ လုပ္ေနတဲ့သူေတြ အကုန္လုံးက ပိုက္ဆံရလြန္းလို႔ လုပ္ေနၾကတာ မဟုတ္ဘူး၊ ကိုယ့္ကေလးေတြကို ႀကိဳပို႔လုပ္ရင္းကေန ဝါသနာအရ ေက်ာင္းႀကိဳပို႔လုပ္ငန္းကို မိ႐ိုးဖလာလုပ္ငန္းတစ္ခုအေနနဲ႔ လုပ္ကိုင္ေနတာ ျဖစ္ပါတယ္၊ ဒါေၾကာင့္လည္း ေတာ္ေတာ္မ်ားမ်ားက စိတ္ပ်က္ၿပီး မလုပ္ေတာ့ဘဲ ထြက္ကုန္တာ” လို႔ ေက်ာင္းကားလုပ္ငန္းကို မိ႐ိုးဖလာလုပ္ငန္းအျဖစ္ လုပ္ကိုင္ေနတဲ့ ကိုထြန္းဦး က ေျပာပါတယ္။

ယခုႏွစ္တြင္ Catchment Area ခြဲျခားလုပ္ေဆာင္မႈေၾကာင့္ မိမိအိမ္နဲ႔နီးတဲ့ ေက်ာင္းမွာသာ တက္ေရာက္ၾကရမွာ ျဖစ္တဲ့အတြက္ ေနာင္ႏွစ္ႏွစ္၊ သုံးႏွစ္တာအတြင္းမွာ ေက်ာင္းႀကိဳပို႔ကားစနစ္ ေပ်ာက္ကြယ္သြားႏိုင္တယ္လို႔ ေက်ာင္းကားလုပ္ငန္း လုပ္ကိုင္သူေတြက ခန႔္မွန္းထားၾကၿပီး မေပ်ာက္ကြယ္ခင္ ယခုလိုကာလမွာ ေျဖေလွ်ာ့မေပးဘဲ လုပ္ကိုင္မႈေတြက စီးပြားေရးရႈေထာင့္ကၾကည့္ရင္ လက္ဝါးႀကီးအုပ္ၿပီး လႊမ္းမိုးတဲ့သေဘာမ်ိဳး သက္ေရာက္ေနတယ္လို႔ ဆိုၾကပါတယ္။

“ဟုတ္တယ္ေလဗ်ာ၊ အခု Catchment Area သတ္မွတ္ထားေတာ့ အလြန္ဆုံး ႏွစ္ႏွစ္၊ သုံးႏွစ္ပဲ တေျဖးေျဖး ေပ်ာက္ကြယ္မွာ၊ အဲ့ဒီေပ်ာက္ကြယ္မယ့္ လုပ္ငန္းတစ္ခုကို မေပ်ာက္ကြယ္ခင္ အခုလိုကာလမွာ ေျဖေလွ်ာ့မေပးတာေတာ့ စိတ္ပ်က္မိတယ္၊ မၾကာခင္ေပ်ာက္ကြယ္ေတာ့မယ့္ လုပ္ငန္းအတြက္ သိန္း ၃၀၀၊ ၄၀၀ ေက်ာ္နဲ႔ ဝယ္ၿပီး ရင္းႏွီးလုပ္ကိုင္စားဖို႔ဆိုတာက ေတာ္ေတာ္ေလးကို စဥ္းစားစရာပါ” လို႔ ေက်ာင္းကားလုပ္ကိုင္သူမ်ား အစုအဖြဲ႕မွ ကိုသူရ က ရွင္းျပပါတယ္။

ေက်ာင္းသား၊ ေက်ာင္းသူမ်ား အခက္အခဲမျဖစ္ေစေရး YRTA မွ ေက်ာင္းကားမ်ား စီစဥ္ထား

ထိုကဲ့သို႔ေသာ မေျပးဆြဲေတာ့ဘဲ ႏႈတ္ထြက္တဲ့ ကားေတြေနရာမွာ အစိုးရရဲ႕ ဘတ္ဂ်က္နဲ႔ဝယ္ယူၿပီး YRTA ေအာက္မွာ ထားရွိတဲ့ ဟြန္ဒိုင္းမီနီဘတ္စ္ အစီး ၂၀၀ ထဲက လိုအပ္ခ်က္ေပၚမူတည္ကာ ထုတ္ႏႈတ္ေျပးဆြဲသြားဖို႔ စီစဥ္ထားသလို လြန္ခဲ့တဲ့ ၂၀၁၈-၁၉ ပညာသင္ႏွစ္မွာ အစီးေပါင္း ၇၀ ေက်ာ္ ေျပးဆြဲခဲ့ကာ လာမယ့္ ေက်ာင္းဖြင့္ရာသီမွာ ေနာက္ထပ္ အစီး ၁၀၀ ေက်ာ္ ထပ္ျဖည့္ေျပးဆြဲဖို႔ စီစဥ္ထားၾကပါတယ္။

“သူတို႔မလုပ္ႏိုင္ရင္ YRTA က ကားေတြကို ျဖည့္သြားမွာပါ၊ မူဝါဒ ၁၂ ခ်က္နဲ႔ ညီရပါမယ္၊ မညီရင္ ေျပးဆြဲခြင့္ မေပးပါဘူး၊ ေလာေလာဆယ္မွာ မူဝါဒ ၁၂ ခ်က္နဲ႔ ညီေအာင္လို႔ တင္သြင္းေနတယ္၊ လိုင္စင္အတြက္ လုပ္ေနတယ္ဆိုရင္ ေစာင့္ေပးမယ္၊ အဲ့ဒီလိုျပင္ဆင္ၿပီးလို႔ လာေျပးဆြဲတဲ့အခါ အစားထိုးေျပးဆြဲေနတဲ့ YRTA က ကားေတြကို ျပန္ထုတ္သြားမယ္၊ သူတို႔က ေနရာလုၿပီး လာလုပ္ကိုင္တာ မဟုတ္ဘူး၊ ဆရာမႀကီးတို႔ဘက္က အကူအညီေတာင္းတာပါ၊ ဝန္ႀကီးခ်ဳပ္ကလည္း ေျပာထားတယ္၊ အျမတ္အစြန္းကို မရည္႐ြယ္ဘဲနဲ႔ အကူအညီေပးတာပါ၊ ဒါေပမဲ့ ကုန္က်စရိတ္ကေတာ့ အထိုက္အေလ်ာက္ရွိမယ္လို႔ ေျပာထားပါတယ္၊ အဲ့ဒီအတြက္ ေက်ာင္းအုပ္ႀကီးေတြနဲ႔ YRTA က တာဝန္ရွိသူေတြ ေဆြးေႏြးၾကၿပီးၿပီ၊ဒီႏွစ္မွာ အစီးေပါင္း ၁၀၀ ေက်ာ္ေလာက္ ေျပးဆြဲေပးဖို႔ အကူအညီေတာင္းထားတယ္” လို႔ ရန္ကုန္တိုင္းေဒသႀကီး ပညာေရးမႉး႐ုံးမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚခင္မာေဆြ က ရွင္းျပပါတယ္။

ယခုေက်ာင္းဖြင့္ရာသီကာလမွာ YRTA ရဲ႕ School Bus ေတြကို မႏွစ္က ေျပးဆြဲတဲ့ ရန္ကင္း TTC, ကမာ႐ြတ္ TTC, ေျမာက္ဥကၠလာက ေက်ာင္းတစ္ခ်ိဳ႕အျပင္ ယခုႏွစ္မွာ ေျမာက္ဥကၠလာၿမိဳ႕နယ္ထဲက က်န္တဲ့ေက်ာင္းမ်ားနဲ႔ စမ္းေခ်ာင္းၿမိဳ႕နယ္၊ သဃၤန္းကြၽန္းၿမိဳ႕နယ္ထဲက ေက်ာင္းေတြမွာ ေျပးဆြဲသြားဖို႔ စီစဥ္ထားပါတယ္။

မူဝါဒ ၁၂ ခ်က္နဲ႔ ကိုက္ညီမႈမရွိတဲ့ ေက်ာင္းကားေတြအေနနဲ႔ လိုက္နာမႈမရွိဘဲ ဝင္ေရာက္ေျပးဆြဲေနပါက ဖမ္းဆီးမွာမဟုတ္ဘဲ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ အပါအဝင္ ယာဥ္ထိန္းရဲတပ္ဖြဲ႕နဲ႔ ကညန တို႔ကို ယာဥ္နံပါတ္နဲ႔ ေနရာတိတိက်က် ေရးသားေပးပို႔ကာ လုပ္ေဆာင္သြားဖို႔လည္း ရန္ကုန္တိုင္းေဒသႀကီး ပညာေရးမႉး႐ုံးက စီစဥ္ထားပါတယ္။မူဝါဒနဲ႔ကိုက္ညီေအာင္ ျပင္ဆင္ထားတဲ့ ေက်ာင္းကားပိုင္ရွင္တစ္ခ်ိဳ႕ကေတာ့ သတ္မွတ္ခ်က္အတိုင္း “ဃ” လိုင္စင္ ျပဳလုပ္ကာ ေျပးဆြဲမယ့္ေက်ာင္းက ေက်ာင္းအုပ္ႀကီးေတြနဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုတာေတြကို လုပ္ကိုင္ေနတဲ့ အေနအထားေတြလည္း ရွိပါတယ္။ထိုစနစ္ကို လတ္တေလာမွာေတာ့ ေက်ာင္း ၁၈ ေက်ာင္းမွာ အဓိကၾကပ္မတ္သြားေပမယ့္ တျခားေက်ာင္းေတြမွာလည္း ဆက္လက္ၾကပ္မတ္သြားဖို႔ ရွိေနသလို ရန္ကုန္တိုင္းေဒသႀကီးထဲမွာ အေျခခံပညာေက်ာင္းေပါင္း ၂၇၅၀ ေက်ာင္း ရွိပါေသးတယ္။

ထိုကဲ့သို႔ ေက်ာင္းကားေတြ ေျပးဆြဲေသာ္လည္း ေက်ာင္းကားခ ေဈးႏႈန္းႀကီးျမင့္မႈမ်ိဳး ျဖစ္လာမွာကို စိုးရိမ္ေနၾကတယ္လို႔ မိဘအုပ္ထိန္းသူေတြ ဆိုၾကပါတယ္။

“အရင္ေက်ာင္းကားေတြက အိမ္ေရွ႕၊ တိုက္ေရွ႕အထိ ေရာက္တယ္၊ ေက်ာင္းကားေပၚပါတဲ့ စပယ္ယာက တိုက္ခန္းဆိုရင္ ေလွကားအထိကို ပို႔ေပးတယ္၊ အခု ဒီ School Bus ေတြက လမ္းထိပ္မွာပဲရပ္ၿပီး လမ္းထဲမဝင္ဘူးဆိုေတာ့ အိမ္ကတစ္ေယာက္က ေက်ာင္းကားလာတဲ့အခ်ိန္ကိုေစာင့္ၿပီး ႀကိဳပို႔လုပ္ရမလိုျဖစ္ေနတယ္၊ ပိုၿပီးေတာ့ အလုပ္ပိုမရႈပ္ဘူးလား၊ လမ္းထိပ္မွာ ႀကိဳမယ့္သူမရွိဘဲ ခ်ခဲ့လို႔ရွိရင္လည္း ကေလးက တစ္ေယာက္ထဲ ျပန္ရမယ္ဆိုရင္ အႏၲရာယ္ပိုမ်ားတယ္ေလ၊ ေနာက္တစ္ခုက ေက်ာင္းကားခပါ၊ အခုၾကားေနတာက ကေလးတစ္ေယာက္ကို ေက်ာင္းကားခ ၃၅၀၀၀ လို႔ ၾကားေနတယ္၊ အတည္ေတာ့မျဖစ္ေသးဘူး၊ ေလာေလာဆယ္မွာက ၁၅၀၀၀ ေလာက္ပဲ ေပးရတာေလ၊ ဒါေတာင္မွ မိဘက အစိုးရဝန္ထမ္းဆိုရင္ အႏိုင္ႏိုင္ေပးေနရတာ၊ ကေလးႏွစ္ေယာက္ ေမြးထားတဲ့ မိဘဆိုရင္ ၃၅၀၀၀ နဲ႔တြက္ရင္ ၇၀၀၀၀ ေလာက္က ေက်ာင္းကားချဖစ္သြားၿပီ၊ ရတဲ့လခနဲ႔ တစ္လလုံး ဘာသြားစားမလဲ၊ ေနာက္တစ္ခုက က်ဴရွင္စရိတ္ေတြလည္းရွိေတာ့ မလြယ္ပါဘူး” လို႔ မိဘအုပ္ထိန္းသူတစ္ဦးျဖစ္တဲ့ ေဒၚမာလာျမင့္ က ရွင္းျပပါတယ္။

ျပဳျပင္ေျပာင္းလဲေနတဲ့ ၁၂ တန္း ပညာေရးစနစ္

ျမန္မာႏိုင္ငံရဲ႕ ပညာေရးက႑မွာ ၁၂ တန္း ပညာေရးစနစ္ကို ေျပာင္းလဲလုပ္ေဆာင္ေနတာ ယခုႏွစ္ဆိုရင္ တတိယေျမာက္ႏွစ္ ျဖစ္လာခဲ့ပါၿပီ။သင္ၾကားေရးပိုင္း တာဝန္ယူမယ့္ ဆရာ၊ ဆရာမေတြကို ေႏြရာသီကာလထဲမွာ သင္တန္းေတြေပးလာခဲ့တာ ဒီႏွစ္မွာ Grade 3 နဲ႔ Grade 6 သင္တန္းေတြကို လုပ္ေဆာင္လာခဲ့ပါတယ္။

ထိုသို႔စနစ္ေျပာင္းတာဟာ ပညာေရးစနစ္ကို ႏိုင္ငံတကာက ပညာေရးစနစ္ေတြနဲ႔ညီေအာင္ အဆင့္ျမႇင့္တင္တာလို႔ ဆိုေပမယ့္ စနစ္သစ္ပညာေရးနဲ႔ တက္လာခဲ့တဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြဟာ လြန္ခဲ့ေသာ ၂၀၁၈-၁၉ ပညာသင္ႏွစ္ကာလအထိ စာေမးပြဲေျဖရတာမ်ိဳးမရွိဘဲ ေက်ာင္းမွာသင္ၾကားေနတဲ့ မွတ္တမ္းေတြနဲ႔ အတန္းတက္ေရာက္ခဲ့ၾကတာ ျဖစ္ပါတယ္။

“စနစ္သစ္ေျပာင္းတဲ့ကာလျဖစ္တဲ့ ၂၀၁၇-၁၈၊ ၂၀၁၈-၁၉၊ ၂၀၁၉-၂၀၂၀ မွာ တကၠသိုလ္ဝင္တန္း စာေမးပြဲရွိေပမယ့္ ၂၀၂၀-၂၀၂၁ ကစၿပီးေတာ့ တကၠသိုလ္ဝင္တန္းစာေမးပြဲဆိုတာ ရွိေတာ့မွာ မဟုတ္ပါဘူး၊ အေျခခံပညာၿပီးေျမာက္ျခင္း စစ္ေဆးၿပီးစီးေၾကာင္း Certificate ရမွာ ျဖစ္ပါတယ္၊ အဲ့ဒီ Certificate နဲ႔ မိမိႏွစ္သက္တဲ့ အသက္ေမြးဝမ္းေက်ာင္း ပညာသင္တန္းေတြမွာ တက္ေရာက္ႏိုင္တာ ျဖစ္ပါတယ္” လို႔ အမ်ိဳးသားပညာေရးမူဝါဒေကာ္မရွင္ ဥကၠ႒ ေဒါက္တာမ်ိဳးႂကြယ္ က ေျပာပါတယ္။

ထိုစနစ္သစ္ပညာေရးအရ လာမယ့္ ၂၀၂၀-၂၁ ပညာသင္ႏွစ္မွာ Grade 4, Grade 7 နဲ႔ Grade 10 တို႔ကို လည္းေကာင္း၊ ၂၀၂၁-၂၀၂၂ ပညာသင္ႏွစ္မွာ Grade 5, Grade 8 နဲ႔ Grade 11 တို႔ကို လည္းေကာင္း၊ ၂၀၂၂-၂၀၂၃ ပညာသင္ႏွစ္မွာ Grade 6, Grade 9 Grade 12 တို႔ကို လည္းေကာင္း သင္႐ိုးေျပာင္းလဲဖို႔ စီစဥ္ထားသလို ၂၀၂၀-၂၀၂၁ ကစၿပီးေတာ့ တကၠသိုလ္ဝင္တန္းစာေမးပြဲ မရွိေပမယ့္ ၂၀၂၀-၂၁ ပညာသင္ႏွစ္နဲ႔ ၂၀၂၁-၂၂ ပညာသင္ႏွစ္ေတြမွာ စနစ္ေဟာင္း က်ရႈံးသူေတြအတြက္ တကၠသိုလ္ဝင္စာေမးပြဲကို စီစဥ္ေပးထားမယ္လို႔ ဆိုပါတယ္။

ထိုပညာေရးစနစ္ ျပဳျပင္ေျပာင္းလဲမႈကို လုပ္ေဆာင္တာနဲ႔အတူ လက္ရွိလုပ္ေဆာင္ေနတဲ့ စနစ္ေဟာင္း စာေမးပြဲေတြမွာလည္း ရမွတ္ျဖင့္ ေအာင္စာရင္းထုတ္ျပန္ျခင္း မျပဳေတာ့ဘဲ Grade A, B, C, D ျဖင့္ ရမွတ္အနည္းအမ်ား ခြဲျခားထုတ္ျပန္ေသာ စနစ္မ်ိဳးကို လုပ္ေဆာင္လ်က္ရွိပါတယ္။

“မိဘေတြအေနနဲ႔ ၿပိဳင္ဆိုင္ၿပီးေတာ့ ကိုယ့္ကေလးကို တြန္းအားေပးတာမ်ိဳး မျဖစ္ေအာင္ ဒီလိုလုပ္တယ္ဆိုေပမယ့္ Grade နဲ႔ ထုတ္ျပန္တဲ့အခါက်ေတာ့ ကိုယ့္ကေလးရဲ႕ အေျခအေနက ဘယ္လိုရွိသလဲ မသိႏိုင္တဲ့အျပင္ ဒီၾကားထဲမွာ လြဲမွားမႈေတြလည္း ႀကဳံလာႏိုင္ပါတယ္” လို႔ ေဒၚမာလာျမင့္ က ရွင္းျပပါတယ္။

က်ဴရွင္စနစ္ ပေပ်ာက္ေအာင္လုပ္ေသာ္လည္း အားေပးသလိုစနစ္မ်ိဳးျဖစ္ေန

အေျခခံပညာေရးက႑မွာ အဆင့္ျမႇင့္တင္ ျပဳျပင္ေျပာင္းလဲတာေတြနဲ႔အတူ က်ဴရွင္စနစ္ကို ပေပ်ာက္ေအာင္ လုပ္ေဆာင္ေနေပမယ့္ မိဘအုပ္ထိန္းသူေတြက မိမိတို႔ရဲ႕ သားသမီးေတြကို က်ဴရွင္ထားေနရဆဲ အေျခအေနမ်ိဳးျဖစ္သလို ေျပာင္းလဲတဲ့စနစ္နဲ႔ သင္ၾကားႏိုင္တဲ့ သင္တန္းတက္ေရာက္ထားေသာ ဆရာ၊ ဆရာမမ်ားကိုသာ ဦးစားေပး ေခၚယူသင္ယူတာေတြေၾကာင့္လည္း က်ဴရွင္စနစ္ကို အားေပးသလို ျဖစ္ေနတယ္လို႔ မိဘအုပ္ထိန္းသူေတြက ဆိုၾကပါတယ္။

“ေက်ာင္းမွာလည္း စာသိပ္မသင္ေတာ့ မတတ္မွာစိုးလို႔ အိမ္မွာက်ဴရွင္ထားပါတယ္၊ က်ဴရွင္သင္ဖို႔က်ျပန္ေတာ့ ဒီႏွစ္ဆိုရင္ Grade 3 က စနစ္သစ္ဆိုေတာ့ ေတာ္ေတာ္ေလးခက္တယ္၊ ကိန္းဂဏန္းေတြဆိုရင္ တြက္ရတာ အရင္လို နည္းနည္းေလး မဟုတ္ေတာ့ဘူး၊ မ်ားလာတယ္၊ အျပင္ဆရာမေတြက စနစ္သစ္ သင္တန္းတက္ထားတာမ်ိဳး မဟုတ္ေတာ့ သိပ္မသင္ႏိုင္ဘူး၊ အခု စနစ္သစ္တက္ထားတဲ့ ဆရာမေတြကိုပဲ ေခၚယူသင္ရတယ္၊ က်ဳရွင္စရိတ္ကလည္း တစ္ႏွစ္ထက္တစ္ႏွစ္ မ်ားလာတယ္၊ မလြယ္ပါဘူး” လို႔ မိဘအုပ္ထိန္းသူတစ္ဦးျဖစ္တဲ့ ေဒၚလွသန္း က ေျပာျပပါတယ္။

ျပင္ပက်ဴရွင္ေတြမွာ အေျခခံပညာမူလတန္းအ႐ြယ္ကို ယခင္က ဘာသာစုံက်ပ္ ၂၀၀၀၀ မွ ၃၀၀၀၀ ၾကားရွိေပမယ့္၊ ယခုစနစ္သစ္မွာေတာ့ အဂၤလိပ္နဲ႔ သခ်ၤာေလာက္သာ သင္ပါက က်ပ္ ၃၅၀၀၀ ေလာက္ရွိၿပီး ဘာသာစုံသင္ပါက က်ပ္ ၄၅၀၀၀ မွ ၅၀၀၀၀ ၾကား ရွိေနတယ္လို႔ မိဘအုပ္ထိန္းသူေတြက ေျပာျပၾကပါတယ္။

မူလတန္းအ႐ြယ္မွာ ပုံႏွိပ္ဖတ္စာအုပ္ေတြ၊ ဗလာစာအုပ္ တစ္ဒါဇင္ကို ေက်ာင္းအပ္ႏွံစဥ္ကာလမွာ အခမဲ့ ထုတ္ေပးခဲ့သလို အလယ္တန္းနဲ႔ အထက္တန္းအ႐ြယ္ေတြမွာေတာ့ ပုံႏွိပ္ဖတ္စာအုပ္ အခမဲ့ေပးတဲ့ စနစ္မ်ိဳးနဲ႔ လုပ္ေဆာင္လို႔ေနပါတယ္။ထိုသို႔ အခမဲ့ လုပ္ေဆာင္ေပးေနေပမယ့္ က်ဴရွင္စရိတ္နဲ႔ ေက်ာင္းကားခေတြက မိဘအုပ္ထိန္းသူေတြအေပၚ ဝန္ထုပ္ဝန္ပိုးျဖစ္ေနၿပီး ပညာကို ေငြနဲ႔လဲကာ ဝယ္ရတဲ့ အေျခအေနမ်ိဳး ျဖစ္လို႔ေနပါေသးတယ္။

စနစ္သစ္နဲ႔အတူ ဆရာေပ်ာ္ေက်ာင္းအျဖစ္ ျပင္ဆင္

အေျခခံပညာက႑မွာ ပညာေရးစနစ္ ျပဳျပင္ေျပာင္းလဲေနတဲ့အျပင္ ဆရာ၊ ဆရာမေတြအတြက္လည္း ဆရာေပ်ာ္ေက်ာင္း (Teacher Friendly School) မ်ိဳး ျဖစ္ေအာင္ ျပင္ဆင္ေဆာင္႐ြက္လ်က္ရွိပါတယ္။သို႔ရာတြင္ ေက်ာင္းေတြမွာ ေက်ာင္းသားနဲ႔ဆရာ အခ်ိဳးမမွ်ျဖစ္ျခင္း၊ ဆရာေတြရဲ႕ စာသင္ၾကားမႈ အခ်ိဳးမမွ်တျခင္း၊ သင့္ေလ်ာ္မွန္ကန္တဲ့ ဘာသာရပ္ခြဲေဝမႈ မျဖစ္ေသးသလို သင္ၾကားေရးနဲ႔မဆိုင္တဲ့ မလိုလားအပ္ေသာ အလုပ္ေတြနဲ႔ ဝန္ပိေနျခင္းတို႔လည္း ရွိေနတယ္လို႔ အေျခခံပညာေက်ာင္း ဆရာ၊ ဆရာမ တစ္ခ်ိဳ႕က ဆိုလာၾကပါတယ္။

ထိုအခ်က္မ်ားကို ျပင္ဆင္ကာ ေက်ာင္းအုပ္ႀကီးေတြနဲ႔ ေက်ာင္းတြင္းရွိ ဆရာ၊ ဆရာမေတြ အခ်င္းခ်င္း ခ်စ္ၾကည္မႈရွိဖို႔ေတြ၊ လုပ္ငန္းတာဝန္ေတြကို အထက္ေအာက္ ဆက္ဆံေရးမွာ အခ်င္းခ်င္း အျပန္အလွန္ ေဆြးေႏြးတိုင္ပင္ႏိုင္တဲ့ အေျခအေနမ်ိဳး ေဆာင္႐ြက္သင့္သလို ေက်ာင္းအုပ္ႀကီးေတြဟာလည္း ေက်ာင္းအုပ္လုပ္ငန္းေတြျဖစ္တဲ့ Planning, Organizing, Directing, Coordinating, Controlling ေဆာင္႐ြက္ရာမွာ ပညာျပည့္၀ ႏွလုံးလွစြာ ေဆာင္႐ြက္ဖို႔လည္း လိုအပ္တယ္လို႔ ဆရာတစ္ခ်ိဳ႕က အႀကံျပဳလာတာေတြရွိပါတယ္။

ပညာေရးစနစ္ကို ျပဳျပင္ေျပာင္းလဲမႈနဲ႔အတူ ေက်ာင္းခ်ိန္ေတြမွာသာ တတ္ေအာင္သင္ၾကားၿပီး ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ အိမ္အျပန္အားလပ္ခ်ိန္ေတြမွာ က်ဴရွင္တက္ေရာက္ေနရာမ်ိဳး မျဖစ္ေအာင္ စီမံေပးဖို႔လည္း မိဘအုပ္ထိန္းသူေတြက လိုလားၾကပါတယ္။သို႔မွသာ ႏိုင္ငံတကာမွာရွိတဲ့ ေက်ာင္းေတြကဲ့သို႔ တကယ့္ကို ထိေရာက္ျမင့္မား တိုးတက္တဲ့ အေျခအေနေကာင္းေတြ ပိုင္ဆိုင္လာမွာျဖစ္သလို လက္ရွိမိသားစု စားဝတ္ေနေရးအတြက္ ႐ုန္းကန္လႈပ္ရွားတဲ့ အေျခအေနေတြအျပင္ ပညာေရးအသုံးစရိတ္အတြက္ မိသားစုဝင္ေငြထဲက က်ခံသုံးစြဲေနတာေတြကို ေလွ်ာ့ခ်ႏိုင္မွာျဖစ္တဲ့အတြက္  တကယ့္ကိုထိေရာက္ၿပီး အရည္အေသြးရွိတဲ့ ေျပာင္းလဲမႈစနစ္ ပီပီျပင္ျပင္ ျဖစ္လာမယ္ဆိုရင္……။

ဇြဲမာန္
ေမ - ၂၈