【 ဆောင်းပါး 】 ‘‘ရွေးကောက်ပွဲမှာ ဘာကားဝယ်စီးမလဲ’’

【 ဆောင်းပါး 】 ‘‘ရွေးကောက်ပွဲမှာ ဘာကားဝယ်စီးမလဲ’’

မတရားတာမှန်သမျှ လက်မခံသင့်တာ ဒီမိုကရေစီရဲ့ အခွင့်အရေးတစ်ခုလို့ မြင်မိပါတယ်။မတရားလုပ်တာတွေ ခေါင်းငုံ့ခံလာတာတွေများရင် အနိုင်ကျင့်ခံရတတ်ပါတယ်။လူ့သဘာ၀ကလည်း နိုင်လို့ရတဲ့သူဆို ပိုပြီးအနိုင်ကျင့်ချင်တဲ့ သဘောရှိပါတယ်။

မတရားလုပ်တာတွေကို ခေါင်းငုံ့ခံခဲ့ရလို့ ပြည်သူတွေ အာဏာရှင်စနစ်အောက်က ရုန်းမထွက်နိုင်ဖြစ်ခဲ့တာ ဘယ်လောက်တောင်နှစ်ပေါင်းကြာခဲ့ပါသလဲ။မတရားမှုတွေကို ခေတ်အဆက်ဆက်တွန်းလှန်ခဲ့လို့သာ လွတ်လပ်ရေးဆိုတာရခဲ့တာ၊ အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်ရေး ဒီမိုကရေစီလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းနိုင်ခဲ့တာ စတဲ့ သင်ခန်းစာတွေ အများကြီးပါပဲ။

အခုချိန်ထိလည်း ခေတ်ဟောင်း စနစ်ဟောင်းကို တမ်းတတဲ့ နောက်ကြောင်းပြန်လိုသူတွေက မနည်းမနောပါဘဲ။သူတို့ ဘာလို့ အဲဒီလိုဖြစ်နေကြသလဲ။အဖြေကရှင်းပါတယ်။အခွင့်ထူးခံချင်လို့ပါ။တန်းတူညီမျှ အခွင့်အရေးမပေးနိုင်တဲ့သူ ခွဲခြားဆက်ဆံမယ့်သူဆို သူတို့ကကြိုက်ကြတာပေါ့။အခွင့်ထူးမခံလိုသူ၊ တန်းတူညီမျှရေး တန်ဖိုးထားသူတွေကတော့ တိုင်းပြည်ဆင်းရဲလည်း တူတူခံမယ်။ချမ်းသာလည်း တူတူစံမယ် ဒီလိုတရားမျှတတာပဲ ကြိုက်ကြပါတယ်။

တိုင်းပြည်တစ်ခုမှာ ဆင်းရဲချမ်းသာကွာဟမှု ကြီးမားနေသမျှတော့ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ အပြည့်အ၀မရသေးဘူးလို့ မှတ်ယူရပါလိမ့်မယ်။အာဏာရှင်စနစ်နဲ့ နိုင်ငံတွေမှာဆို လူနည်းစုကကြီးပွားမယ်။လူများစုကဆင်းရဲမယ် ဒါအမှန်တရားပါပဲ။တန်းတူညီမျှရေးလမ်းကြောင်း သွားမယ်ဆိုရင်တော့ ကိုယ်တစ်ကျပ် သူတစ်ကျပ်ပဲ ရပါမယ်။သူလုပ်ပိုင်ခွင့်မရရင် ကိုယ်လည်းလုပ်ပိုင်ခွင့်ရမှာ မဟုတ်ပါဘူး။သူလုပ်ပိုင်ခွင့်ရရင် ကိုယ်လည်းလုပ်ပိုင်ခွင့်ရပါလိမ့်မယ်။အဲဒီအခါ ဘယ်သူကမှ တစ်မူးပိုမသာတာမို့ ချမ်းသာတူတူ ဆင်းရဲတူတူ အောင်မြင်ရင်အတူတူ ဒုက္ခရောက်လည်းအတူတူပေါ့။

ဒါဆိုရင်  ဆင်းရဲချမ်းသာ တူတူခံ တူတူစံမလား။အခွင့်ထူးခံခွင့်ပေးမယ့်သူတွေကြောင့် မရှက်မကြောက် အောက်ကျို့မြှောက်ပင့်နိုင်သူ အကပ်ကောင်းသူ လူနည်းစုပဲကြီးပွားပြီး အများစုဆင်းရဲတာမျိုးလက်ခံမလား ဒါကစဉ်းစားစရာပါ။စာရေးသူရဲ့အမြင်ကတော့ အများဒုက္ခရောက်ပြီး ကိုယ်တစ်ယောက်တည်းကြီးပွားနေတော့ကော လိပ်ပြာသန့်ပါ့မလား။တန်းတူကြီးပွားတာ တန်းတူဆင်းရဲတာပဲ ကောင်းပါတယ်။တော်လှန်ရေးတို့ ဆင်းရဲသားနင်းပြားတို့ ဒေါသပေါက်ကွဲခြင်းတို့ဆိုတာ ဆင်းရဲချမ်းသာကွာဟမှု ကြီးမားတာကနေ စပါတယ်။

တစ်ချိန်တုန်းက ပန်းသီးတို့ ချောကလက်တို့ဆိုတာ စားချင်တိုင်းဝယ်စားလို့ မလွယ်တဲ့ဘ၀၊ တစ်လုံး သိန်းလေးငါးဆယ်တန်တဲ့ ဟန်းဖုန်းဆိုတာ လူတစ်စုပဲ သုံးလေးလုံးခါးမှာချိတ်ပြီး ကိုင်နိုင်တဲ့ဘ၀၊ ဒါတောင် ပိုက်ဆံပေးတိုင်း ဝယ်ကိုင်လို့မရတဲ့ဘ၀။သိန်းနှစ်ဆယ် သုံးဆယ်တန် ကားတစ်စီးကို သိန်းရာချီထောင်ချီပေးမှ ဝယ်လို့ရတဲ့ဘ၀။စက်တင်ဘာ အရေးအခင်းမှာ လက်ရှိနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံပါတဲ့ ရင်ထိုးလေး အင်္ကျီအိတ်ကပ်ထဲထည့်ထားမိလို့ အိမ်ပြန်မလွှတ်ဘဲ ရက်အတော်ကြာခေါ်ပြီး ထိန်းသိမ်းခံရတဲ့ဘ၀။တိုက်ပုံဆို ပင်နီ၊ လုံချည်ဆို ကချင်အဆင်ဝတ်တာနဲ့ ခေါ်မေးခံရတဲ့ဘ၀၊ ပါးရိုက်ခံရတာ နားရင်းအရိုက်ခံရတာ ဘာအကြောင်းပြချက်မှမရှိဘဲ ခေါ်ထိန်းသိမ်းခံရတာ။အဲဒီဘ၀တွေကို မမေ့သင့်ပါဘူး။အာဏာရှင်စနစ်ပပျောက်ရေး ဒီမိုကရေစီပြောင်းလဲရေးဆိုတဲ့ နိုင်ငံရေးတွန်းလှန်မှု ပေးဆပ်နစ်နာခံခဲ့ရတဲ့ကာလတွေမှာ တချို့ကအများကြီးပါဝင်ခဲ့တယ် စကားနည်းနည်းပဲပြောတယ်။တချို့က နည်းနည်းတောင် ဟန်ပြပဲပါဝင်တယ် စကားတွေအများကြီးပြောတယ်။တချို့က နည်းနည်းလေးတောင်မပါဝင်ခဲ့ဘဲ စကားတွေအများကြီးပြောတယ်။ဒါမျိုးပုဂ္ဂိုလ်တွေကလည်း အခုလိုခေတ်ပြောင်းစနစ်ပြောင်းကာလမှာ အများကြီးပေါ်လာပါတယ်။အဲဒီလိုလူမျိုးတွေက လေယူရာယိမ်းတတ်တဲ့သဘောရှိပါတယ်။

ခုနကပြောခဲ့တဲ့ ဘ၀တွေကိုမမေ့ဘူးဆိုရင်တော့ Back ဂီယာပဲ ပါနိုင်မယ့် နောက်ကြောင်းပြန် တစ်လမ်းမောင်းကားတွေကို မစီးသင့်ပါဘူး။ကားတစ်စီးဟာ အော်တိုဂီယာမဟုတ်ဦးတော့၊ ပါဝါစတီယာရင် မပါဦးတော့ နှေးချင်နှေးမယ် မောင်းရစီးရတာ သက်တောင့်သက်သာဖြစ်ချင်မှဖြစ်မယ်။ဒါပေမယ့် ရှေ့တော့ တဖြည်းဖြည်းရွေ့မှာဖြစ်တာမို့  နောက်ကြောင်းတော့ပြန်မလှည့်မှာ သေချာပါတယ်။အခုချိန်မှာ လူတချို့က အထက်မှာပြောခဲ့တဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဘ၀တွေကို မေ့ကုန်ကြပါတယ်။အခုက အော်တိုဂီယာပါတဲ့ကားတွေ အော်တိုပါကင်ထိုးတဲ့ကားတွေ စီးဖူးကြပြီဆိုတော့ အရင်က manual ပါတဲ့ကားနဲ့ပဲ ရှေ့ရောက်အောင်မောင်းခဲ့ကြတဲ့ ဘ၀တွေကို မေ့တေ့တေ့ဖြစ်ကုန်ကြတာ မဆန်းပါဘူး။

လက်ရှိ မြန်မာ့နိုင်ငံရေးက မော်တော်ကားဝယ်စီးရမယ့်ကာလကို ရောက်လာပါတော့မယ်။တနည်းဆိုသော် ရွေးကောက်ပွဲပေါ့။ရွေးကောက်ပွဲမှာ ဘယ်ပါတီကိုမဲပေးမလဲဆိုတာက သင်ဘယ်ကားကိုဝယ်စီးမလဲဆိုတာနဲ့ ခိုင်းနှိုင်းကြည့်ရမှာပဲဖြစ်ပါတယ်။ကားက ဘယ်လောက်ကောင်းပါတယ်လို့ ညွှန်းနေနေ Auto စနစ်တွေနဲ့ ဘယ်လောက်ခေတ်မီ ကောင်းမွန်ပါတယ်ပဲပြောပြော back ဂီယာပဲ ပါမယ် Back ဂီယာပဲထိုးနိုင်မယ့် ကားဆိုရင်တော့ မဝယ်ဘဲ ရှောင်ရမှာဖြစ်ပါတယ်။အခုရွေးကောက်ပွဲနီးလာလေလေ ပြည်သူတွေအဝယ်မှားအောင် အမျိုးမျိုးတရားမဲ့ပြုကျင့်မှုတွေကလည်း ပေါ်လာတာတွေ့ရပါတယ်။

လက်ရှိမှာ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးတွေကို ပုံစံအမျိုးမျိုးနဲ့ အကြမ်းဖက်တာ၊ ခြိမ်းခြောက်တာ၊ နှောက်ယှက်တာ၊ အသွင်အမျိုးမျိုးနဲ့ ဘာသာရေးလူမျိုးရေးကို အကြောင်းပြုပြီး စည်းရုံးတာ ဆူပူမှုဖြစ်အောင်ဖန်တီးတာ၊ ရပ်ရွာအေးချမ်းသာယာရေးပျက်ပြားအောင် ကြံဆောင်တာ စတဲ့ တရားမဲ့ပြုကျင့်မှုတွေရှိနေလို့ သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တွေနဲ့ ၎င်းတို့လက်အောက်မှာရှိတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက တရားဥပဒေစိုးမိုးရေးကို အဓိကထားပြီး တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်စွာအရေးယူဆောင်ရွက်ကြဖို့ နိုင်ငံတော်သမ္မတက အောက်တိုဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်အပေါ်မှာ တရားမဲ့ပြုကျင့်မှုဆိုတာ ဘာလဲ၊ ဘယ်လိုအရေးယူလို့ရလဲဆိုတာကို ပြည်သူတချို့က သိချင်ကြပါတယ်။တရားမဲ့ပြုကျင့်မှုတွေက ဘာတွေလဲဆိုတာကို ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေမှာ ဒီလိုအဓိပ္ပာယ်ဖွင့်ဆိုပါတယ်။

(က) လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ယင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ယင်းတို့တစ်ဦးဦး၏ သဘောတူညီချက်ဖြင့် အခြားသူတစ်ဦးဦးကဖြစ်စေ -
(၁) လာဘ်ပေး လာဘ်ယူမှု ပြုလုပ်ခြင်း၊
(၂) ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို အနှောင့်အယှက်ပြုလုပ်ခြင်း၊
(၃) သူတစ်ပါးအယောင်ဆောင်ခြင်း၊
(၄) မဟုတ်မမှန် ပြောဆိုကြေညာခြင်း၊
(၅) မဟုတ်မမှန် ဝန်ခံလက်မှတ်ရေးထိုးခြင်း။

(ခ) မဲဆန္ဒနယ်တစ်နယ်အတွင်း ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခြင်း (သို့မဟုတ်) ရွေးကောက်ပွဲများကို တစ်ချိန်တည်းကျင်းပစဉ် တစ်နယ်ထက်ပိုသော မဲဆန္ဒနယ်များအတွက် ဆန္ဒမဲပေးခြင်းဖြင့် မိမိလိုလားသော လွှတ်တော်ကိုယ်စားလှယ်လောင်းအား အကျိုးရှိစေခြင်း၊

(ဂ) လွှတ်တော်ကိုယ်စားလှယ်ကသော်လည်းကောင်း၊ ယင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကသော်လည်းကောင်း ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီညွတ်သော အသုံးစရိတ်များ ကျခံသုံးစွဲခြင်း သို့မဟုတ် ယင်းသို့ကျခံသုံးစွဲရန် သဘောတူညီခြင်း၊

(ဃ) ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်း၊

(င) လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ယင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်၏ တိုက်တွန်းချက်ဖြင့်သော်လည်းကောင်း၊ သဘောတူညီချက်ဖြင့်သော်လည်းကောင်း -
(၁) လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ရန် သို့မဟုတ် မပါဝင်ဘဲနေရန် သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရန် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ကျေးဇူးတုံ့ပြန်ချက်ဖြင့်ဖြစ်စေ တစ်ဦးတစ်ယောက်သောသူက လာဘ်လာဘလက်ခံခြင်း သို့မဟုတ် လာဘ်လာဘလက်ခံရန် သဘောတူခြင်း၊
(၂) ဆန္ဒမဲပေးရန် သို့မဟုတ် ဆန္ဒမဲမပေးဘဲနေရန် မဲဆန္ဒရှင်တစ်ဦးဦးကို သွေးဆောင်ရန်ဖြစ်စေ၊ သွေးဆောင်လိုသဖြင့် အားထုတ်ရန်ဖြစ်စေ တစ်ဦးတစ်ယောက်သောသူက မိမိအတွက် သို့မဟုတ် သူတစ်ပါးအတွက် လာဘ်လာဘ လက်ခံရန် သဘောတူခြင်း။

(စ) မမှန်မကန်ပြုလုပ်ထားသော ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်ငွေစာရင်းကို တင်ပြခြင်း သို့မဟုတ် ထိုကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်ငွေစာရင်းကို မှန်ကန်သည်ဟု ဝန်ခံခြင်း သို့မဟုတ် သတ်မှတ်ထားသည့်အတိုင်း တင်သွင်းရန်ပျက်ကွက်ခြင်း၊

(ဆ) လွှတ်တော်ကိုယ်စားလှယ်လောင်းမဟုတ်သော သို့မဟုတ် ယင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်မဟုတ်သော အခြားသူတစ်ဦးဦးက ယင်းလွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရစေရန်ဖြစ်စေ၊ ရွေးကောက်တင်မြှောက်ခံရရေးအတွက် အားပေးလိုသောကြောင့်ဖြစ်စေ အစည်းအဝေးကျင်းပ၍သော်လည်းကောင်း၊ စာရွက်စာတမ်းများ ဝေငှ၍သော်လည်းကောင်း၊ အခြားတစ်နည်းနည်းဖြင့်သော်လည်းကောင်း ငွေအကုန်အကျခံခြင်း သို့မဟုတ် ကုန်ကျရန် ခွင့်ပြုခြင်း၊

(ဇ) ပုံနှိပ်သူ၊ ထုတ်ဝေသူတို့၏ အမည်နေရပ်မပါရှိသော ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ကြော်ငြာ၊ စာရွက်စာတမ်း၊ ပိုစတာ စသည်တို့ကို ဖြန့်ချီထုတ်ဝေခြင်းဖြင့် မိမိလိုလားသော လွှတ်တော်ကိုယ်စားလှယ်လောင်းအား အကျိုးရှိစေခြင်း၊

(ဈ) လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ယင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်၏ တိုက်တွန်းချက်ဖြင့်သော်လည်းကောင်း၊ သဘောတူညီချက်ဖြင့်သော်လည်းကောင်း မဲဆန္ဒရှင်က ဆန္ဒမဲပေးချိန်တွင် မိမိ၏ဆန္ဒမဲလက်မှတ်ကို မဲရုံမှ အခြားသို့ယူဆောင်သွားခြင်း၊

(ည) လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ယင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ယင်းတို့တစ်ဦးဦး၏ သဘောတူညီချက်အရ အခြားသူတစ်ဦးကဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက်တင်မြှောက်ခံရရေးအတွက် အကူအညီကို ဝန်ထမ်းတစ်ဦးဦးထံမှ ရယူခြင်း၊ ရယူရန် အားပေးကူညီခြင်း သို့မဟုတ် ရယူရန် အားထုတ်ခြင်း၊

(ဋ) လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက်တင်မြှောက်ခံရရေးအတွက် ဘာသာရေးအထိမ်းအမှတ်များကို ရွေးကောက်ပွဲတွင် အသုံးပြုခြင်း သို့မဟုတ် လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြု မဲပေးကြရန် သို့မဟုတ် မဲမပေးဘဲနေကြရန် အစီအစဉ်ပြုလျက် လှုံ့ဆော်ခြင်း၊

(ဌ) လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက်တင်မြှောက်ခံရရေးအတွက် ပါတီတစ်ခုခုကိုဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ အကြမ်းဖက်ခြင်း၊ မမှန်မကန်စွပ်စွဲခြင်း၊ ရေးသားခြင်း၊ အများပြည်သူ ဆူပူမှုဖြစ်အောင်ဖန်တီးခြင်း။

တရားမဲ့ပြုကျင့်မှုတွေလုပ်ဆောင်ပြီး ဥပဒေချိုးဖောက်ရာရောက်မယ်ဆိုရင်တော့ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေအရ တစ်နှစ်ထက်မပိုတဲ့ထောင်ဒဏ် ချမှတ်ခံရနိုင်ပြီး ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေနဲ့စပ်လျဉ်းပြီး လိမ်လည်စွပ်စွဲတိုင်တန်းတယ်လို့ ပြစ်မှုထင်ရှားစီရင်တာခံရမယ်ဆိုရင်တော့ အဲဒီသူကို သုံးနှစ်ထက်မပိုတဲ့ထောင်ဒဏ် ချမှတ်နိုင်ပါတယ်။

အဲဒီပြစ်မှုတွေကို ရဲအရေးယူပိုင်ခွင့်ရှိတဲ့ ပြစ်မှုတွေအဖြစ် သတ်မှတ်ထားပြီး ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေနဲ့စပ်လျဉ်းလို့ သက်ဆိုင်ရာမဲဆန္ဒနယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ရွေးကောက်ပွဲကိုယ်စားလှယ်၊ မဲဆန္ဒနယ်အတွက် တာဝန်ယူဆောင်ရွက်ရတဲ့ ကော်မရှင်အဖွဲ့ခွဲ ဒါမှမဟုတ် မဲရုံအဖွဲ့တစ်ခုခုမှာပါဝင်တဲ့ အဖွဲ့ဝင်တွေက သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ရွေးကောက်ပွဲမကျင်းပမီဖြစ်ဖြစ်၊ ရွေးကောက်ပွဲကျင်းပနေစဉ်ဖြစ်ဖြစ်၊ ရွေးကောက်ပွဲကျင်းပတဲ့ရက်ကနေ ၁၅ ရက်အတွင်းဖြစ်ဖြစ် ဥပဒေနဲ့အညီ တိုင်တန်းလျှောက်ထားနိုင်ပါတယ်။

အဲဒီတော့ အခုလိုရွေးကောက်ပွဲနီးလာတဲ့ကာလမှာ တရားမဲ့ပြုကျင့်မှုတွေလုပ်ဆောင်မယ်ဆိုရင် တိုင်းပြည်နဲ့ ပြည်သူအတွက် တရားပါ့မလား စဉ်းစားရမှာဖြစ်ပါတယ်။အဲဒီလို မတရားလုပ်မယ့်သူတွေကတော့ သေချာပေါက် Back ဂီယာထိုးမယ့် ကားတွေဖြစ်တာမို့ အဲဒီလိုကားတွေထုတ်လုပ်နေတဲ့ စက်ရုံတွေက ဘယ်သူတွေပိုင်ဆိုင်ဦးစီးနေတာလဲ သိသာနေတာမို့ အဲဒီလိုကားတွေ ဝယ်မစီးမိဖို့လိုပါမယ်လို့ အပြုသဘောဆောင် သတိပေးလိုက်ပါရစေ။

သာဓက
နိုဝင်ဘာ - ၅

( Zawgyi )

မတရားတာမွန္သမွ် လက္မခံသင့္တာ ဒီမိုကေရစီရဲ႕ အခြင့္အေရးတစ္ခုလို႔ ျမင္မိပါတယ္။မတရားလုပ္တာေတြ ေခါင္းငုံ႔ခံလာတာေတြမ်ားရင္ အႏိုင္က်င့္ခံရတတ္ပါတယ္။လူ႔သဘာ၀ကလည္း ႏိုင္လို႔ရတဲ့သူဆို ပိုၿပီးအႏိုင္က်င့္ခ်င္တဲ့ သေဘာရွိပါတယ္။

မတရားလုပ္တာေတြကို ေခါင္းငုံ႔ခံခဲ့ရလို႔ ျပည္သူေတြ အာဏာရွင္စနစ္ေအာက္က ႐ုန္းမထြက္ႏိုင္ျဖစ္ခဲ့တာ ဘယ္ေလာက္ေတာင္ႏွစ္ေပါင္းၾကာခဲ့ပါသလဲ။မတရားမႈေတြကို ေခတ္အဆက္ဆက္တြန္းလွန္ခဲ့လို႔သာ လြတ္လပ္ေရးဆိုတာရခဲ့တာ၊ အာဏာရွင္စနစ္ေအာက္ကေန လြတ္ေျမာက္ေရး ဒီမိုကေရစီလမ္းေၾကာင္းေပၚ စတင္ေလွ်ာက္လွမ္းႏိုင္ခဲ့တာ စတဲ့ သင္ခန္းစာေတြ အမ်ားႀကီးပါပဲ။

အခုခ်ိန္ထိလည္း ေခတ္ေဟာင္း စနစ္ေဟာင္းကို တမ္းတတဲ့ ေနာက္ေၾကာင္းျပန္လိုသူေတြက မနည္းမေနာပါဘဲ။သူတို႔ ဘာလို႔ အဲဒီလိုျဖစ္ေနၾကသလဲ။အေျဖကရွင္းပါတယ္။အခြင့္ထူးခံခ်င္လို႔ပါ။တန္းတူညီမွ် အခြင့္အေရးမေပးႏိုင္တဲ့သူ ခြဲျခားဆက္ဆံမယ့္သူဆို သူတို႔ကႀကိဳက္ၾကတာေပါ့။အခြင့္ထူးမခံလိုသူ၊ တန္းတူညီမွ်ေရး တန္ဖိုးထားသူေတြကေတာ့ တိုင္းျပည္ဆင္းရဲလည္း တူတူခံမယ္။ခ်မ္းသာလည္း တူတူစံမယ္ ဒီလိုတရားမွ်တတာပဲ ႀကိဳက္ၾကပါတယ္။

တိုင္းျပည္တစ္ခုမွာ ဆင္းရဲခ်မ္းသာကြာဟမႈ ႀကီးမားေနသမွ်ေတာ့ စစ္မွန္တဲ့ ဒီမိုကေရစီဆိုတာ အျပည့္အ၀မရေသးဘူးလို႔ မွတ္ယူရပါလိမ့္မယ္။အာဏာရွင္စနစ္နဲ႔ ႏိုင္ငံေတြမွာဆို လူနည္းစုကႀကီးပြားမယ္။လူမ်ားစုကဆင္းရဲမယ္ ဒါအမွန္တရားပါပဲ။တန္းတူညီမွ်ေရးလမ္းေၾကာင္း သြားမယ္ဆိုရင္ေတာ့ ကိုယ္တစ္က်ပ္ သူတစ္က်ပ္ပဲ ရပါမယ္။သူလုပ္ပိုင္ခြင့္မရရင္ ကိုယ္လည္းလုပ္ပိုင္ခြင့္ရမွာ မဟုတ္ပါဘူး။သူလုပ္ပိုင္ခြင့္ရရင္ ကိုယ္လည္းလုပ္ပိုင္ခြင့္ရပါလိမ့္မယ္။အဲဒီအခါ ဘယ္သူကမွ တစ္မူးပိုမသာတာမို႔ ခ်မ္းသာတူတူ ဆင္းရဲတူတူ ေအာင္ျမင္ရင္အတူတူ ဒုကၡေရာက္လည္းအတူတူေပါ့။

ဒါဆိုရင္  ဆင္းရဲခ်မ္းသာ တူတူခံ တူတူစံမလား။အခြင့္ထူးခံခြင့္ေပးမယ့္သူေတြေၾကာင့္ မရွက္မေၾကာက္ ေအာက္က်ိဳ႕ေျမႇာက္ပင့္ႏိုင္သူ အကပ္ေကာင္းသူ လူနည္းစုပဲႀကီးပြားၿပီး အမ်ားစုဆင္းရဲတာမ်ိဳးလက္ခံမလား ဒါကစဥ္းစားစရာပါ။စာေရးသူရဲ႕အျမင္ကေတာ့ အမ်ားဒုကၡေရာက္ၿပီး ကိုယ္တစ္ေယာက္တည္းႀကီးပြားေနေတာ့ေကာ လိပ္ျပာသန႔္ပါ့မလား။တန္းတူႀကီးပြားတာ တန္းတူဆင္းရဲတာပဲ ေကာင္းပါတယ္။ေတာ္လွန္ေရးတို႔ ဆင္းရဲသားနင္းျပားတို႔ ေဒါသေပါက္ကြဲျခင္းတို႔ဆိုတာ ဆင္းရဲခ်မ္းသာကြာဟမႈ ႀကီးမားတာကေန စပါတယ္။

တစ္ခ်ိန္တုန္းက ပန္းသီးတို႔ ေခ်ာကလက္တို႔ဆိုတာ စားခ်င္တိုင္းဝယ္စားလို႔ မလြယ္တဲ့ဘ၀၊ တစ္လုံး သိန္းေလးငါးဆယ္တန္တဲ့ ဟန္းဖုန္းဆိုတာ လူတစ္စုပဲ သုံးေလးလုံးခါးမွာခ်ိတ္ၿပီး ကိုင္ႏိုင္တဲ့ဘ၀၊ ဒါေတာင္ ပိုက္ဆံေပးတိုင္း ဝယ္ကိုင္လို႔မရတဲ့ဘ၀။သိန္းႏွစ္ဆယ္ သုံးဆယ္တန္ ကားတစ္စီးကို သိန္းရာခ်ီေထာင္ခ်ီေပးမွ ဝယ္လို႔ရတဲ့ဘ၀။စက္တင္ဘာ အေရးအခင္းမွာ လက္ရွိႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဓာတ္ပုံပါတဲ့ ရင္ထိုးေလး အက်ႌအိတ္ကပ္ထဲထည့္ထားမိလို႔ အိမ္ျပန္မလႊတ္ဘဲ ရက္အေတာ္ၾကာေခၚၿပီး ထိန္းသိမ္းခံရတဲ့ဘ၀။တိုက္ပုံဆို ပင္နီ၊ လုံခ်ည္ဆို ကခ်င္အဆင္ဝတ္တာနဲ႔ ေခၚေမးခံရတဲ့ဘ၀၊ ပါး႐ိုက္ခံရတာ နားရင္းအ႐ိုက္ခံရတာ ဘာအေၾကာင္းျပခ်က္မွမရွိဘဲ ေခၚထိန္းသိမ္းခံရတာ။အဲဒီဘ၀ေတြကို မေမ့သင့္ပါဘူး။အာဏာရွင္စနစ္ပေပ်ာက္ေရး ဒီမိုကေရစီေျပာင္းလဲေရးဆိုတဲ့ ႏိုင္ငံေရးတြန္းလွန္မႈ ေပးဆပ္နစ္နာခံခဲ့ရတဲ့ကာလေတြမွာ တခ်ိဳ႕ကအမ်ားႀကီးပါဝင္ခဲ့တယ္ စကားနည္းနည္းပဲေျပာတယ္။တခ်ိဳ႕က နည္းနည္းေတာင္ ဟန္ျပပဲပါဝင္တယ္ စကားေတြအမ်ားႀကီးေျပာတယ္။တခ်ိဳ႕က နည္းနည္းေလးေတာင္မပါဝင္ခဲ့ဘဲ စကားေတြအမ်ားႀကီးေျပာတယ္။ဒါမ်ိဳးပုဂၢိဳလ္ေတြကလည္း အခုလိုေခတ္ေျပာင္းစနစ္ေျပာင္းကာလမွာ အမ်ားႀကီးေပၚလာပါတယ္။အဲဒီလိုလူမ်ိဳးေတြက ေလယူရာယိမ္းတတ္တဲ့သေဘာရွိပါတယ္။

ခုနကေျပာခဲ့တဲ့ ဘ၀ေတြကိုမေမ့ဘူးဆိုရင္ေတာ့ Back ဂီယာပဲ ပါႏိုင္မယ့္ ေနာက္ေၾကာင္းျပန္ တစ္လမ္းေမာင္းကားေတြကို မစီးသင့္ပါဘူး။ကားတစ္စီးဟာ ေအာ္တိုဂီယာမဟုတ္ဦးေတာ့၊ ပါဝါစတီယာရင္ မပါဦးေတာ့ ေႏွးခ်င္ေႏွးမယ္ ေမာင္းရစီးရတာ သက္ေတာင့္သက္သာျဖစ္ခ်င္မွျဖစ္မယ္။ဒါေပမယ့္ ေရွ႕ေတာ့ တျဖည္းျဖည္းေ႐ြ႕မွာျဖစ္တာမို႔  ေနာက္ေၾကာင္းေတာ့ျပန္မလွည့္မွာ ေသခ်ာပါတယ္။အခုခ်ိန္မွာ လူတခ်ိဳ႕က အထက္မွာေျပာခဲ့တဲ့ ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရတဲ့ဘ၀ေတြကို ေမ့ကုန္ၾကပါတယ္။အခုက ေအာ္တိုဂီယာပါတဲ့ကားေတြ ေအာ္တိုပါကင္ထိုးတဲ့ကားေတြ စီးဖူးၾကၿပီဆိုေတာ့ အရင္က manual ပါတဲ့ကားနဲ႔ပဲ ေရွ႕ေရာက္ေအာင္ေမာင္းခဲ့ၾကတဲ့ ဘ၀ေတြကို ေမ့ေတ့ေတ့ျဖစ္ကုန္ၾကတာ မဆန္းပါဘူး။

လက္ရွိ ျမန္မာ့ႏိုင္ငံေရးက ေမာ္ေတာ္ကားဝယ္စီးရမယ့္ကာလကို ေရာက္လာပါေတာ့မယ္။တနည္းဆိုေသာ္ ေ႐ြးေကာက္ပြဲေပါ့။ေ႐ြးေကာက္ပြဲမွာ ဘယ္ပါတီကိုမဲေပးမလဲဆိုတာက သင္ဘယ္ကားကိုဝယ္စီးမလဲဆိုတာနဲ႔ ခိုင္းႏႈိင္းၾကည့္ရမွာပဲျဖစ္ပါတယ္။ကားက ဘယ္ေလာက္ေကာင္းပါတယ္လို႔ ၫႊန္းေနေန Auto စနစ္ေတြနဲ႔ ဘယ္ေလာက္ေခတ္မီ ေကာင္းမြန္ပါတယ္ပဲေျပာေျပာ back ဂီယာပဲ ပါမယ္ Back ဂီယာပဲထိုးႏိုင္မယ့္ ကားဆိုရင္ေတာ့ မဝယ္ဘဲ ေရွာင္ရမွာျဖစ္ပါတယ္။အခုေ႐ြးေကာက္ပြဲနီးလာေလေလ ျပည္သူေတြအဝယ္မွားေအာင္ အမ်ိဳးမ်ိဳးတရားမဲ့ျပဳက်င့္မႈေတြကလည္း ေပၚလာတာေတြ႕ရပါတယ္။

လက္ရွိမွာ ေ႐ြးေကာက္ပြဲဆိုင္ရာ အခြင့္အေရးေတြကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ အၾကမ္းဖက္တာ၊ ၿခိမ္းေျခာက္တာ၊ ေႏွာက္ယွက္တာ၊ အသြင္အမ်ိဳးမ်ိဳးနဲ႔ ဘာသာေရးလူမ်ိဳးေရးကို အေၾကာင္းျပဳၿပီး စည္း႐ုံးတာ ဆူပူမႈျဖစ္ေအာင္ဖန္တီးတာ၊ ရပ္႐ြာေအးခ်မ္းသာယာေရးပ်က္ျပားေအာင္ ႀကံေဆာင္တာ စတဲ့ တရားမဲ့ျပဳက်င့္မႈေတြရွိေနလို႔ သက္ဆိုင္ရာျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းေတြ၊ ျပည္ေထာင္စုဝန္ႀကီးဌာနေတြ၊ တိုင္းေဒသႀကီး/ျပည္နယ္ အစိုးရအဖြဲ႕ေတြနဲ႔ ၎တို႔လက္ေအာက္မွာရွိတဲ့ ဌာနဆိုင္ရာအဖြဲ႕အစည္းေတြက တရားဥပေဒစိုးမိုးေရးကို အဓိကထားၿပီး တည္ဆဲဥပေဒေတြနဲ႔အညီ ထိေရာက္စြာအေရးယူေဆာင္႐ြက္ၾကဖို႔ ႏိုင္ငံေတာ္သမၼတက ေအာက္တိုဘာ ၁၆ ရက္ေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။

ဒီထုတ္ျပန္ခ်က္အေပၚမွာ တရားမဲ့ျပဳက်င့္မႈဆိုတာ ဘာလဲ၊ ဘယ္လိုအေရးယူလို႔ရလဲဆိုတာကို ျပည္သူတခ်ိဳ႕က သိခ်င္ၾကပါတယ္။တရားမဲ့ျပဳက်င့္မႈေတြက ဘာေတြလဲဆိုတာကို ေ႐ြးေကာက္ပြဲဆိုင္ရာဥပေဒေတြမွာ ဒီလိုအဓိပၸာယ္ဖြင့္ဆိုပါတယ္။

(က) လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းကျဖစ္ေစ၊ ယင္း၏ ေ႐ြးေကာက္ပြဲကိုယ္စားလွယ္ကျဖစ္ေစ၊ ယင္းတို႔တစ္ဦးဦး၏ သေဘာတူညီခ်က္ျဖင့္ အျခားသူတစ္ဦးဦးကျဖစ္ေစ -
(၁) လာဘ္ေပး လာဘ္ယူမႈ ျပဳလုပ္ျခင္း၊
(၂) ေ႐ြးေကာက္မႈဆိုင္ရာ အခြင့္အေရးကို အေႏွာင့္အယွက္ျပဳလုပ္ျခင္း၊
(၃) သူတစ္ပါးအေယာင္ေဆာင္ျခင္း၊
(၄) မဟုတ္မမွန္ ေျပာဆိုေၾကညာျခင္း၊
(၅) မဟုတ္မမွန္ ဝန္ခံလက္မွတ္ေရးထိုးျခင္း။

(ခ) မဲဆႏၵနယ္တစ္နယ္အတြင္း ေ႐ြးေကာက္ပြဲတြင္ တစ္ႀကိမ္ထက္ပို၍ ဆႏၵမဲေပးျခင္း (သို႔မဟုတ္) ေ႐ြးေကာက္ပြဲမ်ားကို တစ္ခ်ိန္တည္းက်င္းပစဥ္ တစ္နယ္ထက္ပိုေသာ မဲဆႏၵနယ္မ်ားအတြက္ ဆႏၵမဲေပးျခင္းျဖင့္ မိမိလိုလားေသာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအား အက်ိဳးရွိေစျခင္း၊

(ဂ) လႊတ္ေတာ္ကိုယ္စားလွယ္ကေသာ္လည္းေကာင္း၊ ယင္း၏ ေ႐ြးေကာက္ပြဲကိုယ္စားလွယ္ကေသာ္လည္းေကာင္း ေ႐ြးေကာက္ပြဲဆိုင္ရာ ကုန္က်စရိတ္ႏွင့္စပ္လ်ဥ္း၍ သတ္မွတ္ခ်က္ႏွင့္မညီၫြတ္ေသာ အသုံးစရိတ္မ်ား က်ခံသုံးစြဲျခင္း သို႔မဟုတ္ ယင္းသို႔က်ခံသုံးစြဲရန္ သေဘာတူညီျခင္း၊

(ဃ) ေ႐ြးေကာက္ပြဲဆိုင္ရာ ကုန္က်စရိတ္ေငြစာရင္းမ်ားကို ေ႐ြးေကာက္ပြဲကိုယ္စားလွယ္က သတ္မွတ္ထားသည့္အတိုင္း ေရးမွတ္ထားရန္ ပ်က္ကြက္ျခင္း၊

(င) လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း သို႔မဟုတ္ ယင္း၏ ေ႐ြးေကာက္ပြဲကိုယ္စားလွယ္၏ တိုက္တြန္းခ်က္ျဖင့္ေသာ္လည္းေကာင္း၊ သေဘာတူညီခ်က္ျဖင့္ေသာ္လည္းေကာင္း -
(၁) လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ပါဝင္ရန္ သို႔မဟုတ္ မပါဝင္ဘဲေနရန္ သို႔မဟုတ္ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္မွ ႏုတ္ထြက္ရန္ ရည္႐ြယ္ခ်က္ျဖင့္ျဖစ္ေစ၊ ေက်းဇူးတုံ႔ျပန္ခ်က္ျဖင့္ျဖစ္ေစ တစ္ဦးတစ္ေယာက္ေသာသူက လာဘ္လာဘလက္ခံျခင္း သို႔မဟုတ္ လာဘ္လာဘလက္ခံရန္ သေဘာတူျခင္း၊
(၂) ဆႏၵမဲေပးရန္ သို႔မဟုတ္ ဆႏၵမဲမေပးဘဲေနရန္ မဲဆႏၵရွင္တစ္ဦးဦးကို ေသြးေဆာင္ရန္ျဖစ္ေစ၊ ေသြးေဆာင္လိုသျဖင့္ အားထုတ္ရန္ျဖစ္ေစ တစ္ဦးတစ္ေယာက္ေသာသူက မိမိအတြက္ သို႔မဟုတ္ သူတစ္ပါးအတြက္ လာဘ္လာဘ လက္ခံရန္ သေဘာတူျခင္း။

(စ) မမွန္မကန္ျပဳလုပ္ထားေသာ ေ႐ြးေကာက္ပြဲဆိုင္ရာ ကုန္က်စရိတ္ေငြစာရင္းကို တင္ျပျခင္း သို႔မဟုတ္ ထိုကဲ့သို႔ ေ႐ြးေကာက္ပြဲဆိုင္ရာ ကုန္က်စရိတ္ေငြစာရင္းကို မွန္ကန္သည္ဟု ဝန္ခံျခင္း သို႔မဟုတ္ သတ္မွတ္ထားသည့္အတိုင္း တင္သြင္းရန္ပ်က္ကြက္ျခင္း၊

(ဆ) လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမဟုတ္ေသာ သို႔မဟုတ္ ယင္း၏ ေ႐ြးေကာက္ပြဲကိုယ္စားလွယ္မဟုတ္ေသာ အျခားသူတစ္ဦးဦးက ယင္းလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း၏ ခြင့္ျပဳခ်က္မရွိဘဲ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ခံရေစရန္ျဖစ္ေစ၊ ေ႐ြးေကာက္တင္ေျမႇာက္ခံရေရးအတြက္ အားေပးလိုေသာေၾကာင့္ျဖစ္ေစ အစည္းအေဝးက်င္းပ၍ေသာ္လည္းေကာင္း၊ စာ႐ြက္စာတမ္းမ်ား ေဝငွ၍ေသာ္လည္းေကာင္း၊ အျခားတစ္နည္းနည္းျဖင့္ေသာ္လည္းေကာင္း ေငြအကုန္အက်ခံျခင္း သို႔မဟုတ္ ကုန္က်ရန္ ခြင့္ျပဳျခင္း၊

(ဇ) ပုံႏွိပ္သူ၊ ထုတ္ေဝသူတို႔၏ အမည္ေနရပ္မပါရွိေသာ ေ႐ြးေကာက္ပြဲႏွင့္သက္ဆိုင္သည့္ ေၾကာ္ျငာ၊ စာ႐ြက္စာတမ္း၊ ပိုစတာ စသည္တို႔ကို ျဖန္႔ခ်ီထုတ္ေဝျခင္းျဖင့္ မိမိလိုလားေသာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအား အက်ိဳးရွိေစျခင္း၊

(ဈ) လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း သို႔မဟုတ္ ယင္း၏ ေ႐ြးေကာက္ပြဲကိုယ္စားလွယ္၏ တိုက္တြန္းခ်က္ျဖင့္ေသာ္လည္းေကာင္း၊ သေဘာတူညီခ်က္ျဖင့္ေသာ္လည္းေကာင္း မဲဆႏၵရွင္က ဆႏၵမဲေပးခ်ိန္တြင္ မိမိ၏ဆႏၵမဲလက္မွတ္ကို မဲ႐ုံမွ အျခားသို႔ယူေဆာင္သြားျခင္း၊

(ည) လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း သို႔မဟုတ္ ယင္း၏ ေ႐ြးေကာက္ပြဲကိုယ္စားလွယ္ကျဖစ္ေစ၊ ယင္းတို႔တစ္ဦးဦး၏ သေဘာတူညီခ်က္အရ အျခားသူတစ္ဦးကျဖစ္ေစ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းတစ္ဦး ေ႐ြးေကာက္တင္ေျမႇာက္ခံရေရးအတြက္ အကူအညီကို ဝန္ထမ္းတစ္ဦးဦးထံမွ ရယူျခင္း၊ ရယူရန္ အားေပးကူညီျခင္း သို႔မဟုတ္ ရယူရန္ အားထုတ္ျခင္း၊

(ဋ) လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းတစ္ဦး ေ႐ြးေကာက္တင္ေျမႇာက္ခံရေရးအတြက္ ဘာသာေရးအထိမ္းအမွတ္မ်ားကို ေ႐ြးေကာက္ပြဲတြင္ အသုံးျပဳျခင္း သို႔မဟုတ္ လူမ်ိဳးကိုျဖစ္ေစ၊ ကိုးကြယ္ရာဘာသာကိုျဖစ္ေစ အေၾကာင္းျပဳ မဲေပးၾကရန္ သို႔မဟုတ္ မဲမေပးဘဲေနၾကရန္ အစီအစဥ္ျပဳလ်က္ လႈံ႕ေဆာ္ျခင္း၊

(ဌ) လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းတစ္ဦး ေ႐ြးေကာက္တင္ေျမႇာက္ခံရေရးအတြက္ ပါတီတစ္ခုခုကိုျဖစ္ေစ၊ ပုဂၢိဳလ္တစ္ဦးဦးကိုျဖစ္ေစ အၾကမ္းဖက္ျခင္း၊ မမွန္မကန္စြပ္စြဲျခင္း၊ ေရးသားျခင္း၊ အမ်ားျပည္သူ ဆူပူမႈျဖစ္ေအာင္ဖန္တီးျခင္း။

တရားမဲ့ျပဳက်င့္မႈေတြလုပ္ေဆာင္ၿပီး ဥပေဒခ်ိဳးေဖာက္ရာေရာက္မယ္ဆိုရင္ေတာ့ ေ႐ြးေကာက္ပြဲဆိုင္ရာ ျပစ္မႈနဲ႔ ျပစ္ဒဏ္ေတြအရ တစ္ႏွစ္ထက္မပိုတဲ့ေထာင္ဒဏ္ ခ်မွတ္ခံရႏိုင္ၿပီး ေ႐ြးေကာက္ပြဲဆိုင္ရာ ျပစ္မႈေတြနဲ႔စပ္လ်ဥ္းၿပီး လိမ္လည္စြပ္စြဲတိုင္တန္းတယ္လို႔ ျပစ္မႈထင္ရွားစီရင္တာခံရမယ္ဆိုရင္ေတာ့ အဲဒီသူကို သုံးႏွစ္ထက္မပိုတဲ့ေထာင္ဒဏ္ ခ်မွတ္ႏိုင္ပါတယ္။

အဲဒီျပစ္မႈေတြကို ရဲအေရးယူပိုင္ခြင့္ရွိတဲ့ ျပစ္မႈေတြအျဖစ္ သတ္မွတ္ထားၿပီး ေ႐ြးေကာက္ပြဲဆိုင္ရာ ျပစ္မႈေတြနဲ႔စပ္လ်ဥ္းလို႔ သက္ဆိုင္ရာမဲဆႏၵနယ္မွာ ဆႏၵမဲေပးပိုင္ခြင့္ရွိသူ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း၊ ေ႐ြးေကာက္ပြဲကိုယ္စားလွယ္၊ မဲဆႏၵနယ္အတြက္ တာဝန္ယူေဆာင္႐ြက္ရတဲ့ ေကာ္မရွင္အဖြဲ႕ခြဲ ဒါမွမဟုတ္ မဲ႐ုံအဖြဲ႕တစ္ခုခုမွာပါဝင္တဲ့ အဖြဲ႕ဝင္ေတြက သက္ေသအေထာက္အထား ခိုင္ခိုင္လုံလုံနဲ႔ ေ႐ြးေကာက္ပြဲမက်င္းပမီျဖစ္ျဖစ္၊ ေ႐ြးေကာက္ပြဲက်င္းပေနစဥ္ျဖစ္ျဖစ္၊ ေ႐ြးေကာက္ပြဲက်င္းပတဲ့ရက္ကေန ၁၅ ရက္အတြင္းျဖစ္ျဖစ္ ဥပေဒနဲ႔အညီ တိုင္တန္းေလွ်ာက္ထားႏိုင္ပါတယ္။

အဲဒီေတာ့ အခုလိုေ႐ြးေကာက္ပြဲနီးလာတဲ့ကာလမွာ တရားမဲ့ျပဳက်င့္မႈေတြလုပ္ေဆာင္မယ္ဆိုရင္ တိုင္းျပည္နဲ႔ ျပည္သူအတြက္ တရားပါ့မလား စဥ္းစားရမွာျဖစ္ပါတယ္။အဲဒီလို မတရားလုပ္မယ့္သူေတြကေတာ့ ေသခ်ာေပါက္ Back ဂီယာထိုးမယ့္ ကားေတြျဖစ္တာမို႔ အဲဒီလိုကားေတြထုတ္လုပ္ေနတဲ့ စက္႐ုံေတြက ဘယ္သူေတြပိုင္ဆိုင္ဦးစီးေနတာလဲ သိသာေနတာမို႔ အဲဒီလိုကားေတြ ဝယ္မစီးမိဖို႔လိုပါမယ္လို႔ အျပဳသေဘာေဆာင္ သတိေပးလိုက္ပါရေစ။

သာဓက
ႏိုဝင္ဘာ - ၅