【 ဆောင်းပါး 】 “မျှော်သာမျှော် ပေါ်မလာသေးတဲ့ ရုပ်သိမ်းခွင့်”

【 ဆောင်းပါး 】 “မျှော်သာမျှော် ပေါ်မလာသေးတဲ့ ရုပ်သိမ်းခွင့်”

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်ပြီးကတည်းက ဒီနိုင်ငံမှာ ကျင့်သုံးနေတဲ့စနစ်က ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ပါတယ်။အဲဒီစနစ် ကျင့်သုံးတဲ့ အစိုးရက နှစ်ရပ်ရှိပါပြီ။ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အစိုးရနဲ့ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အစိုးရဖြစ်ပါတယ်။ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေ ကျင်းပလာတာလည်း ဒုတိယအကြိမ်ထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အစိုးရနဲ့ လွှတ်တော်သာ ပြောင်းသွားပါတယ်။စာရေးသူ စောင့်မျှော်နေတဲ့ ဥပဒေက ပေါ်လာနိုး၊ ပေါ်လာနိုးနဲ့ ယနေ့ထိတော့ မျှော်သာမျှော် ပေါ်မလာသေးပါဘူး။အဲဒီဥပဒေက လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေဖြစ်ပါတယ်။    

ကိုယ့်ဘက်က ရပ်တည်တဲ့အရာ။

ဘာလို့ အဲဒီဥပဒေကို ပြဌာန်းစေချင်တာလဲလို့မေးရင် အဖြေက ရှင်းပါတယ်။လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူက မဲပေးရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။အဲဒီတော့ အကျင့်သိက္ခာပျက်ပြားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ပြည်သူကပဲ တာဝန်ကနေ ပြန်လည်ရုပ်သိမ်းနိုင်တဲ့ ဥပဒေက ရှိကိုရှိရမှာ ဖြစ်ပါတယ်။

ဒီဥပဒေ ပေါ်လာနိုးနိုး စောင့်မျှော်ကိုးနေတာက စာရေးသူတစ်ယောက်တည်း ရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်သလို အခြားပြည်သူတွေလည်း ရှိချင်ရှိနိုင်ပါတယ်။ဒါပေမယ့် စာရေးသူဘက်မှာ ရပ်တည်ပေးမယ့် အရာကတော့ သေချာပေါက် ရှိနေပါတယ်။အဲဒီအရာက နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံသားအားလုံးက လေးစားလိုက်နာရတဲ့ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ ဖြစ်ပါတယ်။
    

စာရေးသူရဲ့ဘက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ရှိတယ်လို့ ဘာလို့ပြောနိုင်ရတာလဲဆိုတော့ အကြောင်းရှိပါတယ်။

“ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စများနှင့်စ ပ်လျဉ်း၍ လည်းကောင်း၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်” ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၉၇ ရဲ့ ပြဌာန်းချက်ကြောင့် ဖြစ်ပါတယ်။

ပုဒ်မ ၃၉၇ မှာ ပြဌာန်းထားတာက “ဥပဒေတွေကို ပြဋ္ဌာန်းရမယ် ”လို့ ဆိုပါတယ်။“ပြဋ္ဌာန်းနိုင်သည်တို့”၊ “ပြဌာန်းခွင့်ရှိသည်” တို့ အစရှိသဖြင့် လုပ်ချင်ရင်လုပ်နိုင်တယ်၊ လုပ်ခွင့်ရှိတယ်လို့ ပြောထားတာမျိုး မဟုတ်ပါဘူး။ပြည်ထောင်စုလွှတ်တော်က ပြကိုပြဋ္ဌာန်းရမယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေက လမ်းညွှန်ထားတာ ဖြစ်ပါတယ်။လက်ရှိ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စတွေနဲ့ စပ်လျဉ်းတဲ့ ဥပဒေတွေကို ပြဌာန်းပြီးပြီဖြစ်လို့ ပုဒ်မ ၃၉၇ ရဲ့ ပြဌာန်းချက်ကို တစ်ဝက်လိုက်နာပြီးပြီ ဖြစ်ပါတယ်။တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စတွေနဲ့ စပ်လျဉ်းပြီး လိုအပ်တဲ့ ဥပဒေကို လွှတ်တော်သက်တမ်း နှစ်ခုလုံးမှာ မပြဌာန်းရသေးတာမို့ ပုဒ်မ ၃၉၇ ရဲ့ ပြဌာန်းချက်ကို ပြည်ထောင်စုလွှတ်တော်က လိုက်နာဖို့ တာဝန်တစ်ဝက် ကျန်နေပါသေးတယ်။
    

ဘယ်လိုအခြေအနေမှာ တာဝန်ကနေ ရုပ်သိမ်းခွင့်ရှိလဲ။

လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို ဘယ်လိုအခြေအနေမှာ တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခွင့်ရှိတယ် ဆိုတာကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၉၆ မှာ ပြဌာန်းထားပြီး ဖြစ်ပါတယ်။နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်တာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်တာ၊ အကျင့်သိက္ခာပျက်ပြားတာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သတ်မှတ်ထားတဲ့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အရည်အချင်းပျက်ယွင်းတာ၊ ဥပဒေအရ ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာ မဆောင်ရွက်တာ။အဲဒီအချက်တွေ ချိုးဖောက်ရင် လွှတ်တော်ကိုယ်စားလှယ် တာဝန်ကနေ ရုပ်သိမ်းနိုင်မှာ ဖြစ်ပါတယ်။

အရည်အချင်း ပျက်ယွင်းတာက လွှတ်တော်ကိုယ်စားလှယ် တာဝန်ကနေ ရုပ်သိမ်းခံရနိုင်တာမို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းတွေက ဘာလဲဆိုတာကို ပြောပြချင်ပါတယ်။ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က အသက် ၂၅ နှစ် ပြည့်ရပါမယ်။အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က အသက် ၃၀ နှစ် ပြည့်ရပါမယ်။တိုင်းဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က အသက် ၂၅ နှစ် ပြည့်ရပါမယ်။နိုင်ငံသား မိဘနှစ်ပါးက မွေးဖွားတဲ့ နိုင်ငံသားဖြစ်ရပါမယ်။လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ အချိန်နဲ့ တစ်ဆက်တည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်ခဲ့သူ (ခြွင်းချက်။ နိုင်ငံတော်ရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံခြားကို တရားဝင်သွားရောက်တဲ့ ကာလတွေကိုလည်း နိုင်ငံတော်မှာ အခြေချနေထိုင်ခဲ့တဲ့ ကာလအဖြစ် ထည့်သွင်းရေတွက်ရမယ်)၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေမှာ သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသူ ဖြစ်ရပါမယ်။ဒီအချက်တွေနဲ့ မညီရင်လည်း လွှတ်တော်ကိုယ်စားလှယ် တာဝန်ကနေ ရုပ်သိမ်းနိုင်မှာ ဖြစ်ပါတယ်။

သက်ဆိုင်ရာ မဲဆန္ဒနယ်ရဲ့ မူလမဲဆန္ဒရှင်တွေထဲက အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်က ပြန်လည်ရုပ်သိမ်းလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပတ်သက်တဲ့ တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံကို တင်ပြရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးရပါမယ်။စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးတဲ့အခါ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင်ဖြစ်ဖြစ်၊ ကိုယ်စားလှယ်နဲ့ဖြစ်ဖြစ် ချေပခွင့်ပေးရမှာ ဖြစ်ပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အဲဒီစွပ်စွဲချက်က မှန်ကန်ပြီး စွပ်စွဲခံရသူက လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ထမ်းရွက်စေဖို့ မသင့်ဘူးလို့ သဘောရရှိရင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနဲ့အညီ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အဲဒီလို ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ကို တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေက မပြဌာန်းရသေးတာမို့ လုပ်ရကိုင်ရ ခက်ခဲနေတာ ဖြစ်ပါတယ်။အဲဒီလိုအခက်အခဲတွေ ကြုံလာနိုင်မှာကို ကြိုတင်တွက်ဆမိလို့လည်း “တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ လိုအပ်တဲ့ ဥပဒေကို ပြဋ္ဌာန်းရမယ်” လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်းပြဌာန်းခဲ့တာ ဖြစ်ပါတယ်။
    

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေးတာ၊ ဆုံးဖြတ်တာတွေကို ဆောင်ရွက်တယ်လို့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၈၀ မှာ ဆိုပါတယ်။
    

ဒါ့ပြင် ပြည်ထောင်စုလွှတ်တော် နာယက က ဖွဲ့စည်းပုံ အခြေခံဥပဒေအရဖြစ်ဖြစ်၊ ဥပဒေတစ်ရပ်ရပ်အရဖြစ်ဖြစ် သတ်မှတ်ထားတဲ့ အခြားတာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ဆောင်ရွက်ရမယ်လို့လည်း ပြည်ထောင်စုလွှတ်တော် နာယကရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ ပါပါတယ်။အဲဒီအချက်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၇၇ မှာ ပြဌာန်းထားတာ ဖြစ်ပါတယ်။

ဥပဒေရေးဆွဲတဲ့ လုပ်ထုံးလုပ်နည်း။

အဲဒီတော့ ဥပဒေရေးဆွဲတာနဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်းအချို့ကို အနည်းငယ် ပြန်လည်ဝေမျှချင်ပါတယ်။ ပြည်သူ့လွှတ်တော်မှာဖြစ်ဖြစ်၊ အမျိုးသားလွှတ်တော်မှာဖြစ်ဖြစ် စပြီးတင်သွင်းတဲ့ ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုတယ်ဆိုရင် အဲဒီဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုတယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။တကယ်လို့ ဥပဒေကြမ်းတစ်ခုနဲ့ စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် သဘောထားကွဲလွဲမယ် ဆိုရင်တော့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်က ဥပဒေတစ်ခု ပြဋ္ဌာန်းတဲ့အခါ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းတဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို အဲဒီဥပဒေနဲ့ သက်ဆိုင်တဲ့ နည်းဥပဒေ၊ စည်းမျဉ်းနဲ့ စည်းကမ်းတွေ ထုတ်ပြန်ခွင့်ကိုလည်း အပ်နှင်းနိုင်ပါတယ်။ဒါ့ပြင် သက်ဆိုင်ရာ အဖွဲ့အစည်းတို့၊ အာဏာပိုင်တို့ကိုလည်း အဲဒီဥပဒေနဲ့ သက်ဆိုင်တဲ့ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း ထုတ်ပြန်ခွင့်တွေကို အပ်နှင်းနိုင်ပါတယ်။တစ်ခုတော့ရှိပါတယ်။
ဥပဒေတစ်ရပ်က အပ်နှင်းတဲ့ လုပ်ပိုင်ခွင့်အရ ပြုလုပ်တဲ့ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်းတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေ အပါအဝင် သက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်မှုရှိရမှာ ဖြစ်ပါတယ်။

ဥပဒေပြုရေးအာဏာက ဘယ်သူ့ဆီမှာ ပိုရှိလဲ။

ဥပဒေအဖြစ် ထုတ်ပြန်ကြေညာတဲ့နေရာမှာ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်က ပေးပို့လာတဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုတဲ့ ဥပဒေကြမ်းတွေကို လက်ခံရရှိတဲ့နေ့ရဲ့ နောက်တစ်နေ့ကနေ ၁၄ ရက်အတွင်း လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတက ဥပဒေကြမ်းတစ်ခုကို လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် ထုတ်ပြန်ကြေညာဖို့ သတ်မှတ်ထားတဲ့ကာလမှာ မိမိသဘောထားမှတ်ချက်နဲ့အတူ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ကို ပြန်လည်ပေးပို့နိုင်ပါတယ်။ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် ထုတ်ပြန်ကြေညာဖို့ သတ်မှတ်တဲ့ကာလမှာ ဥပဒေကြမ်းကို သဘောထားမှတ်ချက်နဲ့ ပြန်မပို့ဘူး။

ဥပဒေကြမ်းကို လက်မှတ်ထိုးပြီး ဥပဒေအဖြစ်လည်း မထုတ်ပြန်ဘူး။အဲဒီလိုဆိုရင်တော့ သတ်မှတ်ကာ လပြည့်တဲ့နေ့မှာ အဲဒီဥပဒေကြမ်းဟာ နိုင်ငံတော်သမ္မတရဲ့ လက်မှတ်ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ ဥပဒေဖြစ်လာမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်က သမ္မတထံ ပေးပို့တဲ့ ဥပဒေကြမ်းကို သမ္မတက သူ့ရဲ့ သဘောထားမှတ်ချက်တွေနဲ့အတူ သတ်မှတ်ကာလအတွင်း ပြည်ထောင်စုလွှတ်တော်ကို ပြန်ပို့တယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်က သမ္မတရဲ့ သဘောထားမှတ်ချက်ကို ဆွေးနွေးသုံးသပ်လက်ခံပြီး ဥပဒေကြမ်းကို ပြင်ဆင်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။ဒါမှမဟုတ် သမ္မတ သဘောထားမှတ်ချက်ကို လက်မခံဘဲ ဥပဒေကြမ်းကို မူလအတိုင်း အတည်ပြုဖို့ ဆုံးဖြတ်နိုင်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပြန်လည်ပေးပို့လာတဲ့အခါ သမ္မတက ဥပဒေကြမ်း ပြန်လည်ရရှိတဲ့နေ့ရဲ့ နောက်တစ်နေ့ကနေ ခုနစ်ရက်အတွင်း လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရမှာ ဖြစ်ပါတယ်။

သမ္မတက လက်မှတ်မထိုးဘူးဆိုရင်တော့ သတ်မှတ်ကာလ ပြည့်မြောက်တဲ့ နေ့ရက်မှာ ဥပဒေကြမ်းဟာ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးချက်ကို ရရှိပြီးသလိုမျိုး ဥပဒေဖြစ်လာရမှာ ဖြစ်ပါတယ်။ဒီအချက်တွေကိုကြည့်ရင် ဥပဒေပြုရေးအာဏာက ပြည်ထောင်စုလွှတ်တော်အပေါ်မှာပဲ အဓိကမူတည်နေပါတယ်။ဥပဒေတစ်ခုကို သမ္မတက ဘယ်လိုပဲ ကန့်ကွက်ကန့်ကွက် လွှတ်တော်က ပြဌာန်းချင်တယ်ဆိုရင် ပြဌာန်းလို့ရတဲ့ သဘောမျိုး ဖြစ်ပါတယ်။

ပြဌာန်းလိုစိတ် မျှော်လင့်ချက်။

အဲဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပြဌာန်းဖို့ရာမှာလည်း သမ္မတရဲ့ သဘောထားထက် ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောထားအပေါ်မှာ ပိုမိုမူတည်နေတာ ဖြစ်ပါတယ်။

ဒီဥပဒေကို ပြဌာန်းရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်း ပြဌာန်းထားတာတောင် အခုချိန်ထိ မပြဌာန်းရသေးတာဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကြီးမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် အများစုက ပြဌာန်းလိုစိတ် တကယ်မရှိသေးလို့ပါ။

အဲဒီလိုဆိုတော့ ပြည်သူတင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ဒီဥပဒေကို ပြဌာန်းလိုစိတ် အတွေး၊ ရှိလာမယ့်အရေး၊ မျှော်ငေးရင်းသာ၊ ဆုတောင်းပါသည်၊ ပြည်သူဆီမှ ရုပ်သိမ်းခွင့်လေး ရလာစေဖို့ . . .။

စာရေးသူ – သာဓက
အောက်တိုဘာ - ၁၁

( Zawgyi )

၂၀ဝ၈ ခုႏွစ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒ အာဏာတည္ၿပီးကတည္းက ဒီႏိုင္ငံမွာ က်င့္သုံးေနတဲ့စနစ္က ပါတီစုံဒီမိုကေရစီစနစ္ ျဖစ္ပါတယ္။အဲဒီစနစ္ က်င့္သုံးတဲ့ အစိုးရက ႏွစ္ရပ္ရွိပါၿပီ။ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီရဲ႕ အစိုးရနဲ႔ လက္ရွိ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရဲ႕ အစိုးရျဖစ္ပါတယ္။ျပည္ေထာင္စုလႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ လႊတ္ေတာ္ေတြ က်င္းပလာတာလည္း ဒုတိယအႀကိမ္ထဲကို ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။

အစိုးရနဲ႔ လႊတ္ေတာ္သာ ေျပာင္းသြားပါတယ္။စာေရးသူ ေစာင့္ေမွ်ာ္ေနတဲ့ ဥပေဒက ေပၚလာႏိုး၊ ေပၚလာႏိုးနဲ႔ ယေန႔ထိေတာ့ ေမွ်ာ္သာေမွ်ာ္ ေပၚမလာေသးပါဘူး။အဲဒီဥပေဒက လႊတ္ေတာ္ကိုယ္စားလွယ္ကို တာဝန္ကေန ျပန္လည္႐ုပ္သိမ္းျခင္းဆိုင္ရာ ဥပေဒျဖစ္ပါတယ္။    

ကိုယ့္ဘက္က ရပ္တည္တဲ့အရာ။

ဘာလို႔ အဲဒီဥပေဒကို ျပဌာန္းေစခ်င္တာလဲလို႔ေမးရင္ အေျဖက ရွင္းပါတယ္။လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ျပည္သူက မဲေပးေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။အဲဒီေတာ့ အက်င့္သိကၡာပ်က္ျပားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကိုလည္း ျပည္သူကပဲ တာဝန္ကေန ျပန္လည္႐ုပ္သိမ္းႏိုင္တဲ့ ဥပေဒက ရွိကိုရွိရမွာ ျဖစ္ပါတယ္။

ဒီဥပေဒ ေပၚလာႏိုးႏိုး ေစာင့္ေမွ်ာ္ကိုးေနတာက စာေရးသူတစ္ေယာက္တည္း ရွိတာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္သလို အျခားျပည္သူေတြလည္း ရွိခ်င္ရွိႏိုင္ပါတယ္။ဒါေပမယ့္ စာေရးသူဘက္မွာ ရပ္တည္ေပးမယ့္ အရာကေတာ့ ေသခ်ာေပါက္ ရွိေနပါတယ္။အဲဒီအရာက ႏိုင္ငံေတာ္သမၼတ အပါအဝင္ ႏိုင္ငံသားအားလုံးက ေလးစားလိုက္နာရတဲ့ ၂၀ဝ၈ ခုႏွစ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒပဲ ျဖစ္ပါတယ္။
    

စာေရးသူရဲ႕ဘက္မွာ ဖြဲ႕စည္းပုံ အေျခခံဥပေဒက ရွိတယ္လို႔ ဘာလို႔ေျပာႏိုင္ရတာလဲဆိုေတာ့ အေၾကာင္းရွိပါတယ္။

“ျပည္ေထာင္စုလႊတ္ေတာ္သည္ ေ႐ြးေကာက္တင္ေျမႇာက္ျခင္းဆိုင္ရာ ကိစၥမ်ားႏွင့္စ ပ္လ်ဥ္း၍ လည္းေကာင္း၊ တာဝန္မွ ျပန္လည္႐ုပ္သိမ္းျခင္းဆိုင္ရာ ကိစၥမ်ားႏွင့္ စပ္လ်ဥ္း၍ လည္းေကာင္း လိုအပ္ေသာ ဥပေဒမ်ားကို ျပ႒ာန္းရမည္” ဆိုတဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒပုဒ္မ ၃၉၇ ရဲ႕ ျပဌာန္းခ်က္ေၾကာင့္ ျဖစ္ပါတယ္။

ပုဒ္မ ၃၉၇ မွာ ျပဌာန္းထားတာက “ဥပေဒေတြကို ျပ႒ာန္းရမယ္ ”လို႔ ဆိုပါတယ္။“ျပ႒ာန္းႏိုင္သည္တို႔”၊ “ျပဌာန္းခြင့္ရွိသည္” တို႔ အစရွိသျဖင့္ လုပ္ခ်င္ရင္လုပ္ႏိုင္တယ္၊ လုပ္ခြင့္ရွိတယ္လို႔ ေျပာထားတာမ်ိဳး မဟုတ္ပါဘူး။ျပည္ေထာင္စုလႊတ္ေတာ္က ျပကိုျပ႒ာန္းရမယ္လို႔ ဖြဲ႕စည္းပုံ အေျခခံဥပေဒက လမ္းၫႊန္ထားတာ ျဖစ္ပါတယ္။လက္ရွိ ေ႐ြးေကာက္တင္ေျမႇာက္ျခင္းဆိုင္ရာ ကိစၥေတြနဲ႔ စပ္လ်ဥ္းတဲ့ ဥပေဒေတြကို ျပဌာန္းၿပီးၿပီျဖစ္လို႔ ပုဒ္မ ၃၉၇ ရဲ႕ ျပဌာန္းခ်က္ကို တစ္ဝက္လိုက္နာၿပီးၿပီ ျဖစ္ပါတယ္။တာဝန္ကေန ျပန္လည္႐ုပ္သိမ္းျခင္းဆိုင္ရာ ကိစၥေတြနဲ႔ စပ္လ်ဥ္းၿပီး လိုအပ္တဲ့ ဥပေဒကို လႊတ္ေတာ္သက္တမ္း ႏွစ္ခုလုံးမွာ မျပဌာန္းရေသးတာမို႔ ပုဒ္မ ၃၉၇ ရဲ႕ ျပဌာန္းခ်က္ကို ျပည္ေထာင္စုလႊတ္ေတာ္က လိုက္နာဖို႔ တာဝန္တစ္ဝက္ က်န္ေနပါေသးတယ္။
    

ဘယ္လိုအေျခအေနမွာ တာဝန္ကေန ႐ုပ္သိမ္းခြင့္ရွိလဲ။

လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးကို ဘယ္လိုအေျခအေနမွာ တာဝန္ကေန ျပန္လည္႐ုပ္သိမ္းခြင့္ရွိတယ္ ဆိုတာကိုလည္း ဖြဲ႕စည္းပုံ အေျခခံဥပေဒပုဒ္မ ၃၉၆ မွာ ျပဌာန္းထားၿပီး ျဖစ္ပါတယ္။ႏိုင္ငံေတာ္ရဲ႕ ေက်းဇူးသစၥာေတာ္ကို ေဖာက္ဖ်က္တာ၊ ဖြဲ႕စည္းပုံ အေျခခံဥပေဒပါ ျပ႒ာန္းခ်က္ တစ္ရပ္ရပ္ကို ေဖာက္ဖ်က္က်ဴးလြန္တာ၊ အက်င့္သိကၡာပ်က္ျပားတာ၊ ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာ သတ္မွတ္ထားတဲ့ သက္ဆိုင္ရာ လႊတ္ေတာ္ကိုယ္စားလွယ္ရဲ႕ အရည္အခ်င္းပ်က္ယြင္းတာ၊ ဥပေဒအရ ေပးအပ္တဲ့တာဝန္ကို ေက်ပြန္စြာ မေဆာင္႐ြက္တာ။အဲဒီအခ်က္ေတြ ခ်ိဳးေဖာက္ရင္ လႊတ္ေတာ္ကိုယ္စားလွယ္ တာဝန္ကေန ႐ုပ္သိမ္းႏိုင္မွာ ျဖစ္ပါတယ္။

အရည္အခ်င္း ပ်က္ယြင္းတာက လႊတ္ေတာ္ကိုယ္စားလွယ္ တာဝန္ကေန ႐ုပ္သိမ္းခံရႏိုင္တာမို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ အရည္အခ်င္းေတြက ဘာလဲဆိုတာကို ေျပာျပခ်င္ပါတယ္။ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္က အသက္ ၂၅ ႏွစ္ ျပည့္ရပါမယ္။အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္က အသက္ ၃၀ ႏွစ္ ျပည့္ရပါမယ္။တိုင္းေဒသႀကီးလႊတ္ေတာ္ ဒါမွမဟုတ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္က အသက္ ၂၅ ႏွစ္ ျပည့္ရပါမယ္။ႏိုင္ငံသား မိဘႏွစ္ပါးက ေမြးဖြားတဲ့ ႏိုင္ငံသားျဖစ္ရပါမယ္။လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ခံရတဲ့ အခ်ိန္နဲ႔ တစ္ဆက္တည္း ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္မွာ အနည္းဆုံး ၁၀ ႏွစ္ အေျခခ်ေနထိုင္ခဲ့သူ (ႁခြင္းခ်က္။ ႏိုင္ငံေတာ္ရဲ႕ ခြင့္ျပဳခ်က္နဲ႔ ႏိုင္ငံျခားကို တရားဝင္သြားေရာက္တဲ့ ကာလေတြကိုလည္း ႏိုင္ငံေတာ္မွာ အေျခခ်ေနထိုင္ခဲ့တဲ့ ကာလအျဖစ္ ထည့္သြင္းေရတြက္ရမယ္)၊ ေ႐ြးေကာက္တင္ေျမႇာက္ျခင္းဆိုင္ရာ ဥပေဒမွာ သတ္မွတ္ထားတဲ့ အရည္အခ်င္းေတြနဲ႔ ျပည့္စုံသူ ျဖစ္ရပါမယ္။ဒီအခ်က္ေတြနဲ႔ မညီရင္လည္း လႊတ္ေတာ္ကိုယ္စားလွယ္ တာဝန္ကေန ႐ုပ္သိမ္းႏိုင္မွာ ျဖစ္ပါတယ္။

သက္ဆိုင္ရာ မဲဆႏၵနယ္ရဲ႕ မူလမဲဆႏၵရွင္ေတြထဲက အနည္းဆုံး တစ္ရာခိုင္ႏႈန္းတို႔က တာဝန္က ျပန္လည္႐ုပ္သိမ္းလိုတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ ပတ္သက္တဲ့ တိုင္တန္းခ်က္ကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ထံကို တင္ျပရမွာ ျဖစ္ပါတယ္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ဥပေဒနဲ႔အညီ စုံစမ္းစစ္ေဆးရပါမယ္။စြပ္စြဲခ်က္ကို စုံစမ္းစစ္ေဆးတဲ့အခါ သက္ဆိုင္ရာ လႊတ္ေတာ္ကိုယ္စားလွယ္ ကိုယ္တိုင္ျဖစ္ျဖစ္၊ ကိုယ္စားလွယ္နဲ႔ျဖစ္ျဖစ္ ေခ်ပခြင့္ေပးရမွာ ျဖစ္ပါတယ္။ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က အဲဒီစြပ္စြဲခ်က္က မွန္ကန္ၿပီး စြပ္စြဲခံရသူက လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ဆက္လက္ထမ္း႐ြက္ေစဖို႔ မသင့္ဘူးလို႔ သေဘာရရွိရင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ဥပေဒနဲ႔အညီ ေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။

အဲဒီလို ဥပေဒနဲ႔အညီ ေဆာင္႐ြက္ဖို႔ကို တာဝန္မွ ျပန္လည္႐ုပ္သိမ္းျခင္းဆိုင္ရာ ဥပေဒက မျပဌာန္းရေသးတာမို႔ လုပ္ရကိုင္ရ ခက္ခဲေနတာ ျဖစ္ပါတယ္။အဲဒီလိုအခက္အခဲေတြ ႀကဳံလာႏိုင္မွာကို ႀကိဳတင္တြက္ဆမိလို႔လည္း “တာဝန္ကေန ျပန္လည္႐ုပ္သိမ္းျခင္းဆိုင္ရာ လိုအပ္တဲ့ ဥပေဒကို ျပ႒ာန္းရမယ္” လို႔ ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာ ထည့္သြင္းျပဌာန္းခဲ့တာ ျဖစ္ပါတယ္။
    

ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ဖြဲ႕စည္းပုံ အေျခခံဥပေဒပါ ျပ႒ာန္းခ်က္ေတြအရ ျပည္ေထာင္စုလႊတ္ေတာ္က ေဆာင္႐ြက္ရမယ့္ ကိစၥရပ္ေတြနဲ႔ စပ္လ်ဥ္းၿပီး ေဆြးေႏြးတာ၊ ဆုံးျဖတ္တာေတြကို ေဆာင္႐ြက္တယ္လို႔လည္း ဖြဲ႕စည္းပုံ အေျခခံဥပေဒ ပုဒ္မ ၈၀ မွာ ဆိုပါတယ္။
    

ဒါ့ျပင္ ျပည္ေထာင္စုလႊတ္ေတာ္ နာယက က ဖြဲ႕စည္းပုံ အေျခခံဥပေဒအရျဖစ္ျဖစ္၊ ဥပေဒတစ္ရပ္ရပ္အရျဖစ္ျဖစ္ သတ္မွတ္ထားတဲ့ အျခားတာဝန္နဲ႔ လုပ္ပိုင္ခြင့္ေတြကို ေဆာင္႐ြက္ရမယ္လို႔လည္း ျပည္ေထာင္စုလႊတ္ေတာ္ နာယကရဲ႕ လုပ္ငန္းတာဝန္ေတြထဲမွာ ပါပါတယ္။အဲဒီအခ်က္ကို ဖြဲ႕စည္းပုံအေျခခံ ဥပေဒပုဒ္မ ၇၇ မွာ ျပဌာန္းထားတာ ျဖစ္ပါတယ္။

ဥပေဒေရးဆြဲတဲ့ လုပ္ထုံးလုပ္နည္း။

အဲဒီေတာ့ ဥပေဒေရးဆြဲတာနဲ႔ ပတ္သက္လို႔ လုပ္ထုံးလုပ္နည္းအခ်ိဳ႕ကို အနည္းငယ္ ျပန္လည္ေဝမွ်ခ်င္ပါတယ္။ ျပည္သူ႔လႊတ္ေတာ္မွာျဖစ္ျဖစ္၊ အမ်ိဳးသားလႊတ္ေတာ္မွာျဖစ္ျဖစ္ စၿပီးတင္သြင္းတဲ့ ဥပေဒၾကမ္းကို လႊတ္ေတာ္ႏွစ္ရပ္လုံးက အတည္ျပဳတယ္ဆိုရင္ အဲဒီဥပေဒၾကမ္းကို ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳတယ္လို႔ မွတ္ယူရမွာ ျဖစ္ပါတယ္။တကယ္လို႔ ဥပေဒၾကမ္းတစ္ခုနဲ႔ စပ္လ်ဥ္းၿပီး ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ သေဘာထားကြဲလြဲမယ္ ဆိုရင္ေတာ့ ျပည္ေထာင္စုလႊတ္ေတာ္မွာ ေဆြးေႏြးဆုံးျဖတ္ရမွာ ျဖစ္ပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္က ဥပေဒတစ္ခု ျပ႒ာန္းတဲ့အခါ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ ဖြဲ႕စည္းတဲ့ ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္းတစ္ရပ္ရပ္ကို အဲဒီဥပေဒနဲ႔ သက္ဆိုင္တဲ့ နည္းဥပေဒ၊ စည္းမ်ဥ္းနဲ႔ စည္းကမ္းေတြ ထုတ္ျပန္ခြင့္ကိုလည္း အပ္ႏွင္းႏိုင္ပါတယ္။ဒါ့ျပင္ သက္ဆိုင္ရာ အဖြဲ႕အစည္းတို႔၊ အာဏာပိုင္တို႔ကိုလည္း အဲဒီဥပေဒနဲ႔ သက္ဆိုင္တဲ့ အမိန႔္ေၾကာ္ျငာစာ၊ အမိန႔္၊ ၫႊန္ၾကားခ်က္၊ လုပ္ထုံးလုပ္နည္း ထုတ္ျပန္ခြင့္ေတြကို အပ္ႏွင္းႏိုင္ပါတယ္။တစ္ခုေတာ့ရွိပါတယ္။
ဥပေဒတစ္ရပ္က အပ္ႏွင္းတဲ့ လုပ္ပိုင္ခြင့္အရ ျပဳလုပ္တဲ့ နည္းဥပေဒ၊ စည္းမ်ဥ္း၊ စည္းကမ္း၊ အမိန႔္ေၾကာ္ျငာစာ၊ အမိန႔္၊ ၫႊန္ၾကားခ်က္နဲ႔ လုပ္ထုံးလုပ္နည္းေတြဟာ ဖြဲ႕စည္းပုံ အေျခခံဥပေဒပါ ျပ႒ာန္းခ်က္ေတြ အပါအဝင္ သက္ဆိုင္ရာ ဥပေဒပါ ျပ႒ာန္းခ်က္ေတြနဲ႔ ညီၫြတ္မႈရွိရမွာ ျဖစ္ပါတယ္။

ဥပေဒျပဳေရးအာဏာက ဘယ္သူ႔ဆီမွာ ပိုရွိလဲ။

ဥပေဒအျဖစ္ ထုတ္ျပန္ေၾကညာတဲ့ေနရာမွာ ႏိုင္ငံေတာ္သမၼတက ျပည္ေထာင္စုလႊတ္ေတာ္က ေပးပို႔လာတဲ့ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳတဲ့ ဥပေဒၾကမ္းေတြကို လက္ခံရရွိတဲ့ေန႔ရဲ႕ ေနာက္တစ္ေန႔ကေန ၁၄ ရက္အတြင္း လက္မွတ္ေရးထိုးၿပီး ဥပေဒအျဖစ္ ထုတ္ျပန္ေၾကညာရမွာ ျဖစ္ပါတယ္။

ႏိုင္ငံေတာ္သမၼတက ဥပေဒၾကမ္းတစ္ခုကို လက္မွတ္ေရးထိုးၿပီး ဥပေဒအျဖစ္ ထုတ္ျပန္ေၾကညာဖို႔ သတ္မွတ္ထားတဲ့ကာလမွာ မိမိသေဘာထားမွတ္ခ်က္နဲ႔အတူ ဥပေဒၾကမ္းကို ျပည္ေထာင္စုလႊတ္ေတာ္ကို ျပန္လည္ေပးပို႔ႏိုင္ပါတယ္။ ႏိုင္ငံေတာ္သမၼတက လက္မွတ္ေရးထိုးၿပီး ဥပေဒအျဖစ္ ထုတ္ျပန္ေၾကညာဖို႔ သတ္မွတ္တဲ့ကာလမွာ ဥပေဒၾကမ္းကို သေဘာထားမွတ္ခ်က္နဲ႔ ျပန္မပို႔ဘူး။

ဥပေဒၾကမ္းကို လက္မွတ္ထိုးၿပီး ဥပေဒအျဖစ္လည္း မထုတ္ျပန္ဘူး။အဲဒီလိုဆိုရင္ေတာ့ သတ္မွတ္ကာ လျပည့္တဲ့ေန႔မွာ အဲဒီဥပေဒၾကမ္းဟာ ႏိုင္ငံေတာ္သမၼတရဲ႕ လက္မွတ္ေရးထိုးခ်က္ကို ရရွိၿပီးသကဲ့သို႔ ဥပေဒျဖစ္လာမွာ ျဖစ္ပါတယ္။

ေနာက္တစ္ခ်က္က သမၼတထံ ေပးပို႔တဲ့ ဥပေဒၾကမ္းကို သမၼတက သူ႔ရဲ႕ သေဘာထားမွတ္ခ်က္ေတြနဲ႔အတူ သတ္မွတ္ကာလအတြင္း ျပည္ေထာင္စုလႊတ္ေတာ္ကို ျပန္ပို႔တယ္ဆိုရင္ ျပည္ေထာင္စုလႊတ္ေတာ္က သမၼတရဲ႕ သေဘာထားမွတ္ခ်က္ကို ေဆြးေႏြးသုံးသပ္လက္ခံၿပီး ဥပေဒၾကမ္းကို ျပင္ဆင္ဖို႔ ဆုံးျဖတ္ႏိုင္ပါတယ္။ဒါမွမဟုတ္ သမၼတ သေဘာထားမွတ္ခ်က္ကို လက္မခံဘဲ ဥပေဒၾကမ္းကို မူလအတိုင္း အတည္ျပဳဖို႔ ဆုံးျဖတ္ႏိုင္ပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္ရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ ျပန္လည္ေပးပို႔လာတဲ့အခါ သမၼတက ဥပေဒၾကမ္း ျပန္လည္ရရွိတဲ့ေန႔ရဲ႕ ေနာက္တစ္ေန႔ကေန ခုနစ္ရက္အတြင္း လက္မွတ္ေရးထိုးၿပီး ဥပေဒအျဖစ္ ထုတ္ျပန္ေၾကညာရမွာ ျဖစ္ပါတယ္။

သမၼတက လက္မွတ္မထိုးဘူးဆိုရင္ေတာ့ သတ္မွတ္ကာလ ျပည့္ေျမာက္တဲ့ ေန႔ရက္မွာ ဥပေဒၾကမ္းဟာ ႏိုင္ငံေတာ္သမၼတ လက္မွတ္ေရးထိုးခ်က္ကို ရရွိၿပီးသလိုမ်ိဳး ဥပေဒျဖစ္လာရမွာ ျဖစ္ပါတယ္။ဒီအခ်က္ေတြကိုၾကည့္ရင္ ဥပေဒျပဳေရးအာဏာက ျပည္ေထာင္စုလႊတ္ေတာ္အေပၚမွာပဲ အဓိကမူတည္ေနပါတယ္။ဥပေဒတစ္ခုကို သမၼတက ဘယ္လိုပဲ ကန႔္ကြက္ကန႔္ကြက္ လႊတ္ေတာ္က ျပဌာန္းခ်င္တယ္ဆိုရင္ ျပဌာန္းလို႔ရတဲ့ သေဘာမ်ိဳး ျဖစ္ပါတယ္။

ျပဌာန္းလိုစိတ္ ေမွ်ာ္လင့္ခ်က္။

အဲဒါေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္ကို တာဝန္မွ ျပန္လည္႐ုပ္သိမ္းျခင္းဆိုင္ရာ ဥပေဒျပဌာန္းဖို႔ရာမွာလည္း သမၼတရဲ႕ သေဘာထားထက္ ျပည္ေထာင္စုလႊတ္ေတာ္ရဲ႕ သေဘာထားအေပၚမွာ ပိုမိုမူတည္ေနတာ ျဖစ္ပါတယ္။

ဒီဥပေဒကို ျပဌာန္းရမယ္လို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ အတိအလင္း ျပဌာန္းထားတာေတာင္ အခုခ်ိန္ထိ မျပဌာန္းရေသးတာဟာ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ ႏွစ္ရပ္ေပါင္းထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ႀကီးမွာရွိတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ အမ်ားစုက ျပဌာန္းလိုစိတ္ တကယ္မရွိေသးလို႔ပါ။

အဲဒီလိုဆိုေတာ့ ျပည္သူတင္ေျမႇာက္ထားတဲ့ ျပည္သူ႔ကိုယ္စားလွယ္ေတြက ဒီဥပေဒကို ျပဌာန္းလိုစိတ္ အေတြး၊ ရွိလာမယ့္အေရး၊ ေမွ်ာ္ေငးရင္းသာ၊ ဆုေတာင္းပါသည္၊ ျပည္သူဆီမွ ႐ုပ္သိမ္းခြင့္ေလး ရလာေစဖို႔ . . .။

စာေရးသူ – သာဓက
ေအာက္တိုဘာ - ၁၁