ဗျို့….ခွေးရှင်တို့

 ဗျို့….ခွေးရှင်တို့

ပြီးခဲ့တဲ့လကဖြစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုကို မှတ်မိကြဦးမယ်ထင်ပါတယ်။ မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် ဒီးဒုတ် ကျေးရွာက ကလေးငယ်တစ်ဦးကို ခွေးငါးကောင်က ဝိုင်းကိုက်လိုက်တဲ့ဖြစ်ရပ်ပါ။
အဲဒီကလေးငယ်ဟာ အသက် လေးနှစ်အရွယ်သာရှိသေးတဲ့ မိန်းကလေးငယ်ဖြစ်ပါတယ်။ သူ့အမေ ရွာအပြင်မှာ ရှိတယ်အထင်နဲ့လိုက်သွားရာကနေ ခွေးလေခွေးလွင့်တွေက အုပ်စုလိုက်ဝိုင်းကိုက်ကြတာဖြစ်ပါတယ်။ ဒီခွေး တွေဟာ တောထဲမှာနေထိုင်ကြပြီး ရွာထဲကကြက်တွေကို ဝင်ဆွဲတဲ့အတွက် ရွာထဲပေးဝင်ခြင်းမရှိတာကြောင့် လူနဲ့ယဉ်ပါးမှုမရှိဘူးလို့လည်း ဆိုပါတယ်။ ကလေးငယ်ကတော့ ဦးခေါင်းတစ်ခုလုံး စုတ်ပြဲပွန်းပဲ ဒဏ်ရာတွေရခဲ့ ပြီး ဆေးရုံတင်ပို့စဉ်မှာပဲ သေဆုံးခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ယူကြုံးမရဝမ်းနည်းစရာကောင်းလှတဲ့ဖြစ်ရပ်ပါ။ ဒီသတင်းကို ကြားသိရသူတိုင်း စိတ်မကောင်းဖြစ် ရသလို ပြင်ပနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က လူမှုဝန်းကျင်မှာ ခွေးတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ပြင်းပြင်း ထန်ထန်ထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုဝေဖန်မှုတွေကြားမှာ ခွေးချစ်သူတွေဘက်က တန်ပြန်တုံ့ပြန်မှုတွေရှိခဲ့ပြီး တစ်ဖက်နဲ့ တစ်ဖက် အချေအတင်ပြောဆိုမှုတွေအထိဖြစ်ခဲ့ရပါတယ်။

 

ကလေးငယ်ကို ခွေးအုပ်စုလိုက်ဝိုင်းကိုက်တဲ့အထက်ပါဖြစ်စဉ်မျိုးကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလတုန်းက ကရင် ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ပေါက်ကျေးရွာမှာလည်းဖြစ်ခဲ့ပါသေးတယ်။ စတုတ္ထတန်းကျောင်းသား တစ်ဦးကို ခွေးခြောက်ကောင်က ဝိုင်းကိုက်တာဖြစ်ပြီး ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်အနှံ့ဒဏ်ရာဒဏ်ချက်ပေါင်း ၄၀ ခန့်ရရှိခဲ့ပါတယ်။ ဒီကလေးငယ်ကတော့ အသက်အန္တရာယ်မထိခိုက်ခဲ့ပါဘူး။ခွေးကိုက်လို့ ကလေးငယ်တစ်ဦးသေဆုံးရတဲ့ဖြစ်စဉ်မျိုး ဒီနှစ်သြဂုတ်လ ၂ ရက်ကလည်း သြစတြေးလျ နိုင်ငံမှာ ဖြစ်ခဲ့ပါသေးတယ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့အနီး ဗစ်တိုးရီးယားရပ်ကွက်မှာ အသက် တစ်နှစ်ကျော်သာ ရှိသေးတဲ့ မိန်းကလေးငယ်ကို ခွေးတစ်ကောင်က ကိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီကလေးငယ်ဟာလည်း မျက်နှာမှာ ပြင်းထန်ဒဏ်ရာရရှိပြီး သေဆုံးခဲ့ရပါတယ်။ ကိုက်ခဲ့တဲ့ခွေးကိုတော့ သုတ်သင်ဖျက်ဆီးဖို့ ဗစ်တိုးရီး ယားရဲတပ်ဖွဲ့က ဆုံးဖြတ်ခဲ့တယ်လို့ သတင်းမှာဖတ်ရပါတယ်။ ဒီဖြစ်ရပ်ရဲ့ရှေ့ ငါးလအကြာတုန်းက အဲဒီနိုင်ငံ နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်မှာ ခွေးတစ်ကောင်ရဲ့ ကိုက်ခဲမှုကြောင့် တစ်နှစ်အရွယ် မိန်းကလေး ငယ်တစ် ဦးသေဆုံးခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းဖြစ်တဲ့ စက်တင်ဘာ ၁၁ ရက်တုန်းကလည်း မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရလို့ လူများစွာဒဏ်ရာရ ခဲ့တဲ့ဖြစ်ရပ်တစ်ခု ထပ်မံထွက်ပေါ်ခဲ့ပါသေးတယ်။ မွန်ပြည်နယ် ပေါင်မြို့ ကဒုံစီရပ်ကွက်မှာ နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် လူ ၁၅ ဦးကို ခွေးရူးကိုက်ခံရတာဖြစ်ပါတယ်။အဲဒီခွေးကိုက်ခံရတာကနေ ဒဏ်ရာပြင်းပြင်းထန်ထန်မရပေမယ့် ခွေးရူးဖြစ်တဲ့အတွက် ကာကွယ်ဆေးထိုးရ ပါတယ်။ ဒီခွေးဟာ ရပ်ကွက်တွင်းနေထိုင်တဲ့ခွေးမဟုတ်ဘဲ အိမ်မွေးခွေးပုံစံဖြစ်ကြောင်း၊ သတင်းရယူချိန်အထိ  တော့ ပိုင်ရှင်မပေါ်သေးကြောင်း ခွေးကိုက်ခံရသူတွေကဆိုတယ်လို့ သတင်းမှာဖတ်ရပါတယ်။ ခွေးရူးဖြစ်တာ ကြောင့် ကလေးတွေ ကျောင်းလွှတ်ချိန်မရောက်မီရိုက်သတ်လိုက်တယ်လို့လည်း သတင်းမှာဆိုပါတယ်။
အဲဒီလိုလူအစုလိုက်ခွေးရူးကိုက်ခံရတဲ့ဖြစ်စဉ်ကို အဲဒီမြို့မှာပဲ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကလည်း ဖြစ်ပေါ်ခဲ့ပါသေး တယ်။ အဲဒီတုန်းကတော့ လူခြောက်ဦးကို ခွေးရူးကိုက်ခံရတာဖြစ်ပါတယ်။ မွန်ပြည်နယ် ပေါင်မြို့နယ် ကျွဲခြံ ကျေးရွာမှာ ၂၀၁၆ ခုနှစ် ဇွန် ၁၃ ရက်ကဖြစ်ခဲ့တာပါ။ အဲဒီခြောက်ဦးထဲမှာလည်း ပဉ္စမတန်းကျောင်းသား တစ်ဦး၊ လေးတန်းကျောင်းသူ တစ်ဦး၊ ကိုးတန်းကျောင်းသားတစ်ဦးတို့ပါဝင်ပြီး ရွာသားသုံးဦးပါဝင်ခဲ့ပါတယ်။ အဲဒီခွေး ဟာလည်း ခွေးလေခွေးလွင့်မဟုတ်ဘဲ အိမ်မွေးခွေးပဲဖြစ်တယ်ဆိုတာ ခွေးကိုက်ခံရတဲ့ပဉ္စမတန်းကျောင်းသားရဲ့ မိခင်ပြောပြချက်အရ သတင်းမှာဖော်ပြထားတာကို တွေ့ရပါတယ်။

 

ခွေးတွေရဲ့အန္တရာယ်ဟာ လူထုအပေါ် ဘယ်လောက်ခြိမ်းခြောက်နေသလဲဆိုတာ ဒီဖြစ်ရပ်တွေကနေ သက်သေ ထူနေပါတယ်။ အထူးသဖြင့် လူမမယ်အရွယ်ကလေးငယ်တွေအပေါ် သက်ရောက်မှုက ပိုဆိုးစေပါတယ်။
ဒီလိုခွေးကိုက်ခံရတဲ့အဖြစ်ဆိုးတွေ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်လာချိန်မှာ ခွေးကိုက်ခံရမှု၊ ခွေးရူး ပြန်ရောဂါ ဖြစ်မှုတွေနဲ့ပတ်သက်ပြီး သတင်းတွေ၊ အချက်အလက်တွေကို လေ့လာစေ့ငုကြည့်မိပါတယ်။ တွေ့ရှိလာတဲ့ သတင်းတွေ၊ အချက်အလက်တွေကလည်း စိတ်ဝင်စားစရာ၊ သတိပြုစရာတွေပါဝင်နေတာကို တွေ့ရပြန်ပါ တယ်။

 

၂၀၁၇ ခုနှစ်ထဲမှာ ခွေးကိုက်ခံရတဲ့လူနာ ၁၆၂၇၄ ဦးရှိတယ်ဆိုတဲ့သတင်းအချက်အလက်၊ ခွေးရူးပြန်ရောဂါ ကြောင့် မြန်မာနိုင်ငံမှာ နှစ်စဉ် လူတစ်ထောင်လောက်သေဆုံးနေပြီး လူဦးရေ တစ်သန်းမှာ ၂၂ ဦးနှုန်းဟာ ခွေးရူးပြန်ရောဂါဖြစ်ပွားနေကြောင်း၊ အရှေ့တောင်အာရှမှာ ခွေးရူးပြန်ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံထဲ မြန်မာ ပါဝင်နေတယ်ဆိုတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ စစ်တမ်း၊ တစ်ကမ္ဘာလုံးမှာ ခွေးရူးရောဂါကြောင့် သေဆုံးမှု နှစ်စဉ် ၅၅၀၀၀ ဦးခန့်ရှိပြီး ၉၅ ရာခိုင်နှုန်းဟာ အာရှနဲ့ အာဖရိကဒေသတို့မှာဖြစ်တယ်ဆိုတဲ့ သတင်း အချက်အလက်၊ ဒီရောဂါကြောင့် သေဆုံးသူ ၁၀ ဦးမှာ လေးဦးက ၁၅ နှစ်အောက်ကလေးငယ်တွေဖြစ် တယ်ဆိုတဲ့ WHOရဲ့ စစ်တမ်းတို့ဟာ ကြောက်ခမန်းလိလိဖြစ်စရာလို့ဆိုရနိုင်ပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကျန်းမာရေးသတင်းအချက်အလက်ဌာနကတော့ ခွေးရူးပြန်ရောဂါ ကြောင့် သေဆုံးမှုဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၁၄ မှာ ၁၃၉ဦး၊ ၂၀၁၅ မှာ ၁၀၁ဦး၊ ၂၀၁၆ မှာ ၉၈ဦးရှိတယ်လို့ဆိုပါတယ်။ ခွေးကိုက်ခံရ သူဦးရေကတော့ ၂၀၁၄ မှာ ငါးသောင်းသုံးထောင်ဦး၊ ၂၀၁၅ မှာ ငါးသောင်းခြောက်ထောင်ဦးနဲ့ ၂၀၁၆ မှာ ငါးသောင်းသုံးထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။

 

ဒီအချက်အလက်တွေအပြင် ခွေးကိုက်ခံရမှုကနေ ထပ်ဆင့်ဖြစ်ပေါ်လာစေတဲ့ဆိုးကျိုးတွေလည်းရှိနေပါသေး တယ်။ ဒါကတော့ အထက်မှာဆိုခဲ့သလိုပဲ လူမှုဝန်းကျင်ကြား တစ်ဖက်နဲ့တစ်ဖက် အငြင်းပွားစေခြင်း၊ ပဋိပက္ခ အသွင်ဆောင်စေခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်မိခြင်းတို့ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နမူနာပြစရာ အဖြစ် ဆဲဗင်းဒေးသတင်းစာက ၂၀၁၅ ခုနှစ်တုန်းက ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်ကို ရည်ညွှန်းချင်ပါတယ်။
သားဖြစ်သူခွေးကိုက်ခံရတဲ့အတွက် ဆေးကုသပေးဖို့ ပြောရာကနေ စကားများရန်ဖြစ်ပြီး လူသတ်မှုအထိ ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်ပါ။ နေပြည်တော် လယ်ဝေးမြို့နယ် အောင်မြေသာကျေးရွာမှာ အဲဒီနှစ် ဇွန်လ ၁ ရက်နေ့က အသက် ၆၀ အရွယ် အမျိုးသမီးရဲ့အိမ်မှာ မွေးထားတဲ့ခွေးက ကလေးငယ်ကို ကိုက်လိုက်ပါတယ်။ ဒါကို သူ့ဖခင် ဖြစ်သူက ဆေးကုသပေးဖို့နဲ့ ကုသမပေးရင် ကိုက်တဲ့ခွေးကို ထုတ်ပေးဖို့ တောင်းဆိုပါတယ်။ ခွေးပိုင်ရှင် အမျိုး သမီးက ဘယ်လိုနည်းမှမလုပ်ပေးနိုင်ကြောင်း ပြန်ပြောခဲ့ရာကနေစကားများရန်ဖြစ်ပြီး ခွေးကိုက်ခံရသူရဲ့ ဖခင် က အသင့်ပါလာတဲ့ ကိုင်းခုတ်ဓားနဲ့ ခွေးပိုင်ရှင်ကို ခုတ်လိုက်တာဖြစ်ပါတယ်။ ခွေးတစ်ကောင်ကစတဲ့ဇာတ်လမ်း လို့ဆိုရမှာဖြစ်ပါတယ်။ မလိုလားအပ်၊ မဖြစ်အပ်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရစေခဲ့တဲ့ဖြစ်ရပ်လည်း ဖြစ်ပါတယ်။ အလားတူဖြစ်ရပ်မျိုးများစွာရှိပါတယ်။ ဒါက ဥပမာပြုစရာတစ်ခုအဖြစ်သာ ထုတ်ပြချင်းဖြစ်ပါတယ်။

 

ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ဖို့အတွက် အရင်တုန်းက ခွေးတွေကို အဆိပ်ချသုတ်သင်တဲ့နည်းကို သုံးခဲ့ ပေမယ့် အခုအခါမှာ ခွေးထီးတွေကို သင်းကွပ်၊ ခွေးမတွေကို သားဆက်ခြားဆေးထိုးတဲ့ နည်းကို စည်ပင် သာယာရေးကော်မတီက ဖော်ဆောင်နေတယ်လို့လည်း သိရပါတယ်။ ဒါကလည်း အရေအတွက်များပြား လွန်းတဲ့ခွေးလေခွေးလွင့်တွေအပေါ် လွှမ်းခြုံနိုင်ပါ့မလားဆိုတဲ့ မှတ်ချက်တွေလည်း ရှိပါတယ်။ဒီနေရာမှာ အဓိကထားပြောလိုတာကတော့ ဆောင်းပါးခေါင်းစဉ်မှာဆိုထားတဲ့အတိုင်း ခွေးရှင်တွေဘက်ကို ဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ဖြစ်စဉ်တွေတိုင်းကိုကြည့်မယ်ဆိုရင် ခွေးရှင်တွေရဲ့ တာဝန်လစ်ဟင်းမှုတွေ ပါဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်တွေကနေ သက်ရောက်လာတဲ့ ကိစ္စရပ်တွေအပေါ် တာဝန် ယူ၊ တာဝန်ခံရမှာက ခွေးရှင်တွေသာ ဖြစ်ပါတယ်။

 

ခွေးတွေမှာ ပိုင်ရှင်မရှိ၊ ပိုင်ရှင်မဲ့နေတဲ့ လမ်းဘေးခွေး၊ ခွေးလေခွေးလွင့်တွေရှိနေတာပဲဆိုတဲ့ ဆင်ခြေတွေ၊ တုံ့ပြန်မှုတွေလာဖို့ရှိပါတယ်။ အဲဒီအတွက် ခွေးရှင်လို့ဆိုတဲ့အပေါ်လည်း ရှင်းချက်ထုတ်ဖို့လိုပါလိမ့်မယ်။ အိမ်မှာ မွေးမြူထားတဲ့ခွေးဟာ ခွေးရှင်ရှိပြီး လမ်းပေါ်ကခွေးက ခွေးရှင်မရှိဘူးလို့တော့ ဆိုလို့မရပါဘူး။ အိမ်မှာမွေးထား ရင် မွေးထားသူက ခွေးရှင်ဖြစ်သလို လမ်းပေါ်ကခွေးတွေကို ကျွေးမွေးစောင့်ရှောက်ထားသူတွေ၊ ခွေးတွေနဲ့ ပတ်သက်ပြီး အန္တရာယ်မကျရောက်အောင် ကာကွယ်တားဆီးနေကြသူတွေဟာလည်း ခွေးရှင်တွေပဲဖြစ်ပါ တယ်။ ထိုနည်းတူပဲ မြို့တိုင်း၊ နယ်တိုင်းမှာရှိတဲ့ စည်ပင်သာယာရေးကော်မတီဟာလည်း ခွေးရှင်ဖြစ်ပါတယ်။ လမ်းပေါ်က ခွေးလေခွေးလွင့်တွေကို ထိန်းကျောင်းဖို့၊ ပြည်သူလူထုအပေါ် ခွေးတွေကတစ်ဆင့်သက်ရောက် မယ့် အန္တရာယ်မကျရောက်ဖို့ စည်ပင်မှာ တာဝန်အပြည့်ရှိနေတာမို့ သူတို့ဟာလည်း ခွေးရှင်များပဲဖြစ်ပါတယ်။

 

ဒီတော့ ခွေးလေခွေးလွင့်တွေကို သုတ်သင်ပါလို့လည်း မတိုက်တွန်းလိုပါဘူး။ ခွေးတွေကို မမွေးပါနဲ့၊ မစောင့်ရှောက်ပါနဲ့လို့လည်း မတားမြစ်လိုပါဘူး။ သို့ပေမယ့် အဲဒီ့ခွေးတွေမွေးထား၊ ပြုစုထား၊ စောင့်ရှောက်ထား ကြပြီဆိုရင်တော့ အဲဒီခွေးတွေကနေ ပြည်သူလူထုအပေါ်(အထူးသဖြင့် လူမမယ်အရွယ် ကလေးသူငယ်များ အပေါ်)သက်ရောက်လာမယ့်အန္တရာယ်တွေ မကျရောက်ဖို့၊ ကျရောက်ခဲ့ရင်လည်း တာဝန်ယူ၊ တာဝန်ခံစိတ် အပြည့်နဲ့ တာဝန်ယူဖို့လိုမှာ ဖြစ်ကြောင်း ခွေးရှင်တွေကို ပြောလိုရင်းဖြစ်ပါတယ်။
မကြာခင်မှာ လက်ပံတွေလည်း ပွင့်လာပါတော့မယ်။ အဲဒါဆိုရင် ခွေးရူးရာသီကိုလည်း ရောက်လာပါတော့မယ်။ နှစ်စဉ်မြန်မာနိုင်ငံမှာ ခွေးတွေထံကလာတဲ့သက်ရောက်မှုကို အထက်မှာလည်း ကိန်းဂဏန်းများနဲ့အတူ ဖော်ပြ ထားပါတယ်။ အဲဒီအချက်အလက်တွေကို ခွေးရှင်တို့ သတိပြုမိစေဖို့ ဒီနေရာကနေ “ဗျို့…ခွေးရှင်တို့”လို့ ဗျို့ဟစ်ကာ လက်တို့လိုက်ချင်တာပါပဲ။

ဂျေငြိမ်း 

( Zawgyi )

ၿပီးခဲ့တဲ့လကျဖစ္ခဲ့တဲ့ျဖစ္ရပ္တစ္ခုကို မွတ္မိၾကဦးမယ္ထင္ပါတယ္။ မႏၲေလးတိုင္း ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ဒီးဒုတ္ ေက်း႐ြာက ကေလးငယ္တစ္ဦးကို ေခြးငါးေကာင္က ဝိုင္းကိုက္လိုက္တဲ့ျဖစ္ရပ္ပါ။
အဲဒီကေလးငယ္ဟာ အသက္ ေလးႏွစ္အ႐ြယ္သာရွိေသးတဲ့ မိန္းကေလးငယ္ျဖစ္ပါတယ္။ သူ႔အေမ ႐ြာအျပင္မွာ ရွိတယ္အထင္နဲ႔လိုက္သြားရာကေန ေခြးေလေခြးလြင့္ေတြက အုပ္စုလိုက္ဝိုင္းကိုက္ၾကတာျဖစ္ပါတယ္။ ဒီေခြး ေတြဟာ ေတာထဲမွာေနထိုင္ၾကၿပီး ႐ြာထဲကၾကက္ေတြကို ဝင္ဆြဲတဲ့အတြက္ ႐ြာထဲေပးဝင္ျခင္းမရွိတာေၾကာင့္ လူနဲ႔ယဥ္ပါးမႈမရွိဘူးလို႔လည္း ဆိုပါတယ္။ ကေလးငယ္ကေတာ့ ဦးေခါင္းတစ္ခုလုံး စုတ္ၿပဲပြန္းပဲ ဒဏ္ရာေတြရခဲ့ ၿပီး ေဆး႐ုံတင္ပို႔စဥ္မွာပဲ ေသဆုံးခဲ့ပါတယ္။
ဒီျဖစ္ရပ္ဟာ ယူႀကဳံးမရဝမ္းနည္းစရာေကာင္းလွတဲ့ျဖစ္ရပ္ပါ။ ဒီသတင္းကို ၾကားသိရသူတိုင္း စိတ္မေကာင္းျဖစ္ ရသလို ျပင္ပနဲ႔ ေဖ့စ္ဘြတ္ခ္ေပၚက လူမႈဝန္းက်င္မွာ ေခြးေတြနဲ႔ပတ္သက္ၿပီး ေဝဖန္မႈေတြလည္း ျပင္းျပင္း ထန္ထန္ထြက္ေပၚခဲ့ပါတယ္။ ဒီလိုေဝဖန္မႈေတြၾကားမွာ ေခြးခ်စ္သူေတြဘက္က တန္ျပန္တုံ႔ျပန္မႈေတြရွိခဲ့ၿပီး တစ္ဖက္နဲ႔ တစ္ဖက္ အေခ်အတင္ေျပာဆိုမႈေတြအထိျဖစ္ခဲ့ရပါတယ္။

ကေလးငယ္ကို ေခြးအုပ္စုလိုက္ဝိုင္းကိုက္တဲ့အထက္ပါျဖစ္စဥ္မ်ိဳးကို ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလတုန္းက ကရင္ ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕နယ္ ေကာ့ေပါက္ေက်း႐ြာမွာလည္းျဖစ္ခဲ့ပါေသးတယ္။ စတုတၳတန္းေက်ာင္းသား တစ္ဦးကို ေခြးေျခာက္ေကာင္က ဝိုင္းကိုက္တာျဖစ္ၿပီး ဦးေခါင္းအပါအဝင္ ခႏၶာကိုယ္အႏွံ႔ဒဏ္ရာဒဏ္ခ်က္ေပါင္း ၄၀ ခန႔္ရရွိခဲ့ပါတယ္။ ဒီကေလးငယ္ကေတာ့ အသက္အႏၲရာယ္မထိခိုက္ခဲ့ပါဘူး။ေခြးကိုက္လို႔ ကေလးငယ္တစ္ဦးေသဆုံးရတဲ့ျဖစ္စဥ္မ်ိဳး ဒီႏွစ္ၾသဂုတ္လ ၂ ရက္ကလည္း ၾသစေၾတးလ် ႏိုင္ငံမွာ ျဖစ္ခဲ့ပါေသးတယ္။ ၾသစေၾတးလ်ႏိုင္ငံ မဲလ္ဘုန္းၿမိဳ႕အနီး ဗစ္တိုးရီးယားရပ္ကြက္မွာ အသက္ တစ္ႏွစ္ေက်ာ္သာ ရွိေသးတဲ့ မိန္းကေလးငယ္ကို ေခြးတစ္ေကာင္က ကိုက္ခဲ့တာျဖစ္ပါတယ္။ အဲဒီကေလးငယ္ဟာလည္း မ်က္ႏွာမွာ ျပင္းထန္ဒဏ္ရာရရွိၿပီး ေသဆုံးခဲ့ရပါတယ္။ ကိုက္ခဲ့တဲ့ေခြးကိုေတာ့ သုတ္သင္ဖ်က္ဆီးဖို႔ ဗစ္တိုးရီး ယားရဲတပ္ဖြဲ႕က ဆုံးျဖတ္ခဲ့တယ္လို႔ သတင္းမွာဖတ္ရပါတယ္။ ဒီျဖစ္ရပ္ရဲ႕ေရွ႕ ငါးလအၾကာတုန္းက အဲဒီႏိုင္ငံ နယူးေဆာက္သ္ေဝးလ္စ္ျပည္နယ္မွာ ေခြးတစ္ေကာင္ရဲ႕ ကိုက္ခဲမႈေၾကာင့္ တစ္ႏွစ္အ႐ြယ္ မိန္းကေလး ငယ္တစ္ ဦးေသဆုံးခဲ့ေသးတယ္လို႔လည္း ဆိုပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းျဖစ္တဲ့ စက္တင္ဘာ ၁၁ ရက္တုန္းကလည္း ျမန္မာႏိုင္ငံမွာ ေခြးကိုက္ခံရလို႔ လူမ်ားစြာဒဏ္ရာရ ခဲ့တဲ့ျဖစ္ရပ္တစ္ခု ထပ္မံထြက္ေပၚခဲ့ပါေသးတယ္။ မြန္ျပည္နယ္ ေပါင္ၿမိဳ႕ ကဒုံစီရပ္ကြက္မွာ ႏွစ္ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးအပါအဝင္ လူ ၁၅ ဦးကို ေခြး႐ူးကိုက္ခံရတာျဖစ္ပါတယ္။အဲဒီေခြးကိုက္ခံရတာကေန ဒဏ္ရာျပင္းျပင္းထန္ထန္မရေပမယ့္ ေခြး႐ူးျဖစ္တဲ့အတြက္ ကာကြယ္ေဆးထိုးရ ပါတယ္။ ဒီေခြးဟာ ရပ္ကြက္တြင္းေနထိုင္တဲ့ေခြးမဟုတ္ဘဲ အိမ္ေမြးေခြးပုံစံျဖစ္ေၾကာင္း၊ သတင္းရယူခ်ိန္အထိ  ေတာ့ ပိုင္ရွင္မေပၚေသးေၾကာင္း ေခြးကိုက္ခံရသူေတြကဆိုတယ္လို႔ သတင္းမွာဖတ္ရပါတယ္။ ေခြး႐ူးျဖစ္တာ ေၾကာင့္ ကေလးေတြ ေက်ာင္းလႊတ္ခ်ိန္မေရာက္မီ႐ိုက္သတ္လိုက္တယ္လို႔လည္း သတင္းမွာဆိုပါတယ္။
အဲဒီလိုလူအစုလိုက္ေခြး႐ူးကိုက္ခံရတဲ့ျဖစ္စဥ္ကို အဲဒီၿမိဳ႕မွာပဲ ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္ကလည္း ျဖစ္ေပၚခဲ့ပါေသး တယ္။ အဲဒီတုန္းကေတာ့ လူေျခာက္ဦးကို ေခြး႐ူးကိုက္ခံရတာျဖစ္ပါတယ္။ မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္ ကြၽဲၿခံ ေက်း႐ြာမွာ ၂၀၁၆ ခုႏွစ္ ဇြန္ ၁၃ ရက္ကျဖစ္ခဲ့တာပါ။ အဲဒီေျခာက္ဦးထဲမွာလည္း ပၪၥမတန္းေက်ာင္းသား တစ္ဦး၊ ေလးတန္းေက်ာင္းသူ တစ္ဦး၊ ကိုးတန္းေက်ာင္းသားတစ္ဦးတို႔ပါဝင္ၿပီး ႐ြာသားသုံးဦးပါဝင္ခဲ့ပါတယ္။ အဲဒီေခြး ဟာလည္း ေခြးေလေခြးလြင့္မဟုတ္ဘဲ အိမ္ေမြးေခြးပဲျဖစ္တယ္ဆိုတာ ေခြးကိုက္ခံရတဲ့ပၪၥမတန္းေက်ာင္းသားရဲ႕ မိခင္ေျပာျပခ်က္အရ သတင္းမွာေဖာ္ျပထားတာကို ေတြ႕ရပါတယ္။

ေခြးေတြရဲ႕အႏၲရာယ္ဟာ လူထုအေပၚ ဘယ္ေလာက္ၿခိမ္းေျခာက္ေနသလဲဆိုတာ ဒီျဖစ္ရပ္ေတြကေန သက္ေသ ထူေနပါတယ္။ အထူးသျဖင့္ လူမမယ္အ႐ြယ္ကေလးငယ္ေတြအေပၚ သက္ေရာက္မႈက ပိုဆိုးေစပါတယ္။
ဒီလိုေခြးကိုက္ခံရတဲ့အျဖစ္ဆိုးေတြ ဆက္တိုက္ဆိုသလိုျဖစ္ေပၚလာခ်ိန္မွာ ေခြးကိုက္ခံရမႈ၊ ေခြး႐ူး ျပန္ေရာဂါ ျဖစ္မႈေတြနဲ႔ပတ္သက္ၿပီး သတင္းေတြ၊ အခ်က္အလက္ေတြကို ေလ့လာေစ့ငုၾကည့္မိပါတယ္။ ေတြ႕ရွိလာတဲ့ သတင္းေတြ၊ အခ်က္အလက္ေတြကလည္း စိတ္ဝင္စားစရာ၊ သတိျပဳစရာေတြပါဝင္ေနတာကို ေတြ႕ရျပန္ပါ တယ္။

၂၀၁၇ ခုႏွစ္ထဲမွာ ေခြးကိုက္ခံရတဲ့လူနာ ၁၆၂၇၄ ဦးရွိတယ္ဆိုတဲ့သတင္းအခ်က္အလက္၊ ေခြး႐ူးျပန္ေရာဂါ ေၾကာင့္ ျမန္မာႏိုင္ငံမွာ ႏွစ္စဥ္ လူတစ္ေထာင္ေလာက္ေသဆုံးေနၿပီး လူဦးေရ တစ္သန္းမွာ ၂၂ ဦးႏႈန္းဟာ ေခြး႐ူးျပန္ေရာဂါျဖစ္ပြားေနေၾကာင္း၊ အေရွ႕ေတာင္အာရွမွာ ေခြး႐ူးျပန္ေရာဂါျဖစ္ပြားမႈ အမ်ားဆုံးႏိုင္ငံထဲ ျမန္မာ ပါဝင္ေနတယ္ဆိုတဲ့ ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO)ရဲ႕ စစ္တမ္း၊ တစ္ကမာၻလုံးမွာ ေခြး႐ူးေရာဂါေၾကာင့္ ေသဆုံးမႈ ႏွစ္စဥ္ ၅၅၀၀၀ ဦးခန႔္ရွိၿပီး ၉၅ ရာခိုင္ႏႈန္းဟာ အာရွနဲ႔ အာဖရိကေဒသတို႔မွာျဖစ္တယ္ဆိုတဲ့ သတင္း အခ်က္အလက္၊ ဒီေရာဂါေၾကာင့္ ေသဆုံးသူ ၁၀ ဦးမွာ ေလးဦးက ၁၅ ႏွစ္ေအာက္ကေလးငယ္ေတြျဖစ္ တယ္ဆိုတဲ့ WHOရဲ႕ စစ္တမ္းတို႔ဟာ ေၾကာက္ခမန္းလိလိျဖစ္စရာလို႔ဆိုရႏိုင္ပါတယ္။
က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန က်န္းမာေရးသတင္းအခ်က္အလက္ဌာနကေတာ့ ေခြး႐ူးျပန္ေရာဂါ ေၾကာင့္ ေသဆုံးမႈဟာ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ၂၀၁၄ မွာ ၁၃၉ဦး၊ ၂၀၁၅ မွာ ၁၀၁ဦး၊ ၂၀၁၆ မွာ ၉၈ဦးရွိတယ္လို႔ဆိုပါတယ္။ ေခြးကိုက္ခံရ သူဦးေရကေတာ့ ၂၀၁၄ မွာ ငါးေသာင္းသုံးေထာင္ဦး၊ ၂၀၁၅ မွာ ငါးေသာင္းေျခာက္ေထာင္ဦးနဲ႔ ၂၀၁၆ မွာ ငါးေသာင္းသုံးေထာင္ေက်ာ္ရွိတယ္လို႔ ဆိုပါတယ္။

ဒီအခ်က္အလက္ေတြအျပင္ ေခြးကိုက္ခံရမႈကေန ထပ္ဆင့္ျဖစ္ေပၚလာေစတဲ့ဆိုးက်ိဳးေတြလည္းရွိေနပါေသး တယ္။ ဒါကေတာ့ အထက္မွာဆိုခဲ့သလိုပဲ လူမႈဝန္းက်င္ၾကား တစ္ဖက္နဲ႔တစ္ဖက္ အျငင္းပြားေစျခင္း၊ ပဋိပကၡ အသြင္ေဆာင္ေစျခင္း၊ ကိုယ္ထိလက္ေရာက္က်ဴးလြန္မိျခင္းတို႔ျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး နမူနာျပစရာ အျဖစ္ ဆဲဗင္းေဒးသတင္းစာက ၂၀၁၅ ခုႏွစ္တုန္းက ေဖာ္ျပခဲ့တဲ့ သတင္းတစ္ပုဒ္ကို ရည္ၫႊန္းခ်င္ပါတယ္။
သားျဖစ္သူေခြးကိုက္ခံရတဲ့အတြက္ ေဆးကုသေပးဖို႔ ေျပာရာကေန စကားမ်ားရန္ျဖစ္ၿပီး လူသတ္မႈအထိ က်ဴးလြန္ခဲ့တဲ့ျဖစ္စဥ္ပါ။ ေနျပည္ေတာ္ လယ္ေဝးၿမိဳ႕နယ္ ေအာင္ေျမသာေက်း႐ြာမွာ အဲဒီႏွစ္ ဇြန္လ ၁ ရက္ေန႔က အသက္ ၆၀ အ႐ြယ္ အမ်ိဳးသမီးရဲ႕အိမ္မွာ ေမြးထားတဲ့ေခြးက ကေလးငယ္ကို ကိုက္လိုက္ပါတယ္။ ဒါကို သူ႔ဖခင္ ျဖစ္သူက ေဆးကုသေပးဖို႔နဲ႔ ကုသမေပးရင္ ကိုက္တဲ့ေခြးကို ထုတ္ေပးဖို႔ ေတာင္းဆိုပါတယ္။ ေခြးပိုင္ရွင္ အမ်ိဳး သမီးက ဘယ္လိုနည္းမွမလုပ္ေပးႏိုင္ေၾကာင္း ျပန္ေျပာခဲ့ရာကေနစကားမ်ားရန္ျဖစ္ၿပီး ေခြးကိုက္ခံရသူရဲ႕ ဖခင္ က အသင့္ပါလာတဲ့ ကိုင္းခုတ္ဓားနဲ႔ ေခြးပိုင္ရွင္ကို ခုတ္လိုက္တာျဖစ္ပါတယ္။ ေခြးတစ္ေကာင္ကစတဲ့ဇာတ္လမ္း လို႔ဆိုရမွာျဖစ္ပါတယ္။ မလိုလားအပ္၊ မျဖစ္အပ္တဲ့ေနာက္ဆက္တြဲဆိုးက်ိဳးေတြကို ခံစားရေစခဲ့တဲ့ျဖစ္ရပ္လည္း ျဖစ္ပါတယ္။ အလားတူျဖစ္ရပ္မ်ိဳးမ်ားစြာရွိပါတယ္။ ဒါက ဥပမာျပဳစရာတစ္ခုအျဖစ္သာ ထုတ္ျပခ်င္းျဖစ္ပါတယ္။

ေခြး႐ူးေရာဂါကာကြယ္ထိန္းခ်ဳပ္ဖို႔အတြက္ အရင္တုန္းက ေခြးေတြကို အဆိပ္ခ်သုတ္သင္တဲ့နည္းကို သုံးခဲ့ ေပမယ့္ အခုအခါမွာ ေခြးထီးေတြကို သင္းကြပ္၊ ေခြးမေတြကို သားဆက္ျခားေဆးထိုးတဲ့ နည္းကို စည္ပင္ သာယာေရးေကာ္မတီက ေဖာ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။ ဒါကလည္း အေရအတြက္မ်ားျပား လြန္းတဲ့ေခြးေလေခြးလြင့္ေတြအေပၚ လႊမ္းၿခဳံႏိုင္ပါ့မလားဆိုတဲ့ မွတ္ခ်က္ေတြလည္း ရွိပါတယ္။ဒီေနရာမွာ အဓိကထားေျပာလိုတာကေတာ့ ေဆာင္းပါးေခါင္းစဥ္မွာဆိုထားတဲ့အတိုင္း ေခြးရွင္ေတြဘက္ကို ျဖစ္ပါတယ္။ အထက္မွာေဖာ္ျပခဲ့တဲ့ျဖစ္စဥ္ေတြတိုင္းကိုၾကည့္မယ္ဆိုရင္ ေခြးရွင္ေတြရဲ႕ တာဝန္လစ္ဟင္းမႈေတြ ပါဝင္ေနတာကို ေတြ႕ရမွာျဖစ္ပါတယ္။ အဲဒီျဖစ္စဥ္ေတြကေန သက္ေရာက္လာတဲ့ ကိစၥရပ္ေတြအေပၚ တာဝန္ ယူ၊ တာဝန္ခံရမွာက ေခြးရွင္ေတြသာ ျဖစ္ပါတယ္။

ေခြးေတြမွာ ပိုင္ရွင္မရွိ၊ ပိုင္ရွင္မဲ့ေနတဲ့ လမ္းေဘးေခြး၊ ေခြးေလေခြးလြင့္ေတြရွိေနတာပဲဆိုတဲ့ ဆင္ေျခေတြ၊ တုံ႔ျပန္မႈေတြလာဖို႔ရွိပါတယ္။ အဲဒီအတြက္ ေခြးရွင္လို႔ဆိုတဲ့အေပၚလည္း ရွင္းခ်က္ထုတ္ဖို႔လိုပါလိမ့္မယ္။ အိမ္မွာ ေမြးျမဴထားတဲ့ေခြးဟာ ေခြးရွင္ရွိၿပီး လမ္းေပၚကေခြးက ေခြးရွင္မရွိဘူးလို႔ေတာ့ ဆိုလို႔မရပါဘူး။ အိမ္မွာေမြးထား ရင္ ေမြးထားသူက ေခြးရွင္ျဖစ္သလို လမ္းေပၚကေခြးေတြကို ေကြၽးေမြးေစာင့္ေရွာက္ထားသူေတြ၊ ေခြးေတြနဲ႔ ပတ္သက္ၿပီး အႏၲရာယ္မက်ေရာက္ေအာင္ ကာကြယ္တားဆီးေနၾကသူေတြဟာလည္း ေခြးရွင္ေတြပဲျဖစ္ပါ တယ္။ ထိုနည္းတူပဲ ၿမိဳ႕တိုင္း၊ နယ္တိုင္းမွာရွိတဲ့ စည္ပင္သာယာေရးေကာ္မတီဟာလည္း ေခြးရွင္ျဖစ္ပါတယ္။ လမ္းေပၚက ေခြးေလေခြးလြင့္ေတြကို ထိန္းေက်ာင္းဖို႔၊ ျပည္သူလူထုအေပၚ ေခြးေတြကတစ္ဆင့္သက္ေရာက္ မယ့္ အႏၲရာယ္မက်ေရာက္ဖို႔ စည္ပင္မွာ တာဝန္အျပည့္ရွိေနတာမို႔ သူတို႔ဟာလည္း ေခြးရွင္မ်ားပဲျဖစ္ပါတယ္။

ဒီေတာ့ ေခြးေလေခြးလြင့္ေတြကို သုတ္သင္ပါလို႔လည္း မတိုက္တြန္းလိုပါဘူး။ ေခြးေတြကို မေမြးပါနဲ႔၊ မေစာင့္ေရွာက္ပါနဲ႔လို႔လည္း မတားျမစ္လိုပါဘူး။ သို႔ေပမယ့္ အဲဒီ့ေခြးေတြေမြးထား၊ ျပဳစုထား၊ ေစာင့္ေရွာက္ထား ၾကၿပီဆိုရင္ေတာ့ အဲဒီေခြးေတြကေန ျပည္သူလူထုအေပၚ(အထူးသျဖင့္ လူမမယ္အ႐ြယ္ ကေလးသူငယ္မ်ား အေပၚ)သက္ေရာက္လာမယ့္အႏၲရာယ္ေတြ မက်ေရာက္ဖို႔၊ က်ေရာက္ခဲ့ရင္လည္း တာဝန္ယူ၊ တာဝန္ခံစိတ္ အျပည့္နဲ႔ တာဝန္ယူဖို႔လိုမွာ ျဖစ္ေၾကာင္း ေခြးရွင္ေတြကို ေျပာလိုရင္းျဖစ္ပါတယ္။
မၾကာခင္မွာ လက္ပံေတြလည္း ပြင့္လာပါေတာ့မယ္။ အဲဒါဆိုရင္ ေခြး႐ူးရာသီကိုလည္း ေရာက္လာပါေတာ့မယ္။ ႏွစ္စဥ္ျမန္မာႏိုင္ငံမွာ ေခြးေတြထံကလာတဲ့သက္ေရာက္မႈကို အထက္မွာလည္း ကိန္းဂဏန္းမ်ားနဲ႔အတူ ေဖာ္ျပ ထားပါတယ္။ အဲဒီအခ်က္အလက္ေတြကို ေခြးရွင္တို႔ သတိျပဳမိေစဖို႔ ဒီေနရာကေန “ဗ်ိဳ႕…ေခြးရွင္တို႔”လို႔ ဗ်ိဳ႕ဟစ္ကာ လက္တို႔လိုက္ခ်င္တာပါပဲ။

ေဂ်ၿငိမ္း