မပြီးနိုင်မစီးနိုင် အပေါ်ယံရွှေမှုန်ကြဲဇာတ်

မပြီးနိုင်မစီးနိုင် အပေါ်ယံရွှေမှုန်ကြဲဇာတ်

၁၉၉၅ ခုနှစ်ဝန်းကျင် ကာလများက ဖြစ်သည်။ရန်ကုန်တွင် ကိုယ်ထူကိုယ်ထလမ်းများ ခေတ်စားခဲ့ သည်။ကိုယ်ထူကိုယ်ထဆိုတာက ကိုယ့်လမ်း ကိုယ့်ဘာသာ ကတ္တရာခင်းခြင်း ဖြစ်သည်။လမ်းအတွင်းရှိ တတ်နိုင်သူက တတ်နိုင်သလောက်ထည့်၊ ကားရှိတဲ့အိမ်ဆို ပိုထည့်။မတတ်နိုင်သူများက အနည်းဆုံး တစ်အိမ်ဘယ်လောက်ထည့်။ရန်ကုန်မြို့တော်စည်ပင်ကတော့ နည်းနည်းပါးပါး ကူပေးမည်ဆိုသည့် စနစ်။နောက်ထပ်စစ်အစိုးရ ထပ်လုပ်ပေးတာက လမ်းလာဖွင့်ပေးခြင်း ဖြစ်သည်။
 

၁၉၉၅ ဝန်းကျင် ကာလတွင် ကျွန်တော်က တောင်ဥက္ကလာတွင် နေထိုင်လျက်ရှိသည်။ကျွန်တော်တို့ ရပ် ကွက်အတွင်းရှိ လမ်းများမှာ မြေနှင့် ခဲ ရောထားသည့်လမ်း။စက်ဘီးစီးရတာတောင် ဟိုကွေ့ဒီရှောင်ရသော လမ်းမျိုး။မိုးတွင်းဆို ပိုလို့ဆိုးသေး။
 

ဆိုတော့၊ ကျွန်တော်တို့ လမ်းများသည်လည်း ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းအဖြစ်သို့ ကိုယ့်ပိုက်ဆံကိုယ် စိုက်ကာ ထုဆစ်ကြကုန်သည်။ကိုယ်ထူကိုယ်ထမို့ မကုန်သင့်တာ မကုန်ရလေအောင် လမ်းထဲရှိ ကျားရော မပါ အားလျှင်အားသလို ဝိုင်းကူခြင်းနည်းဖြင့် လုပ်အားခစရိတ်ကို ချုံ့ကြသည်။တစ်လကျော်ကြာတော့ လမ်းပြီးသည်။ကိုယ့်ငွေနဲ့ကိုယ် ကိုယ့်လုပ်အားနဲ့ကိုယ် လမ်းသည် ဖြူးလို့။
 

လမ်းပြီးသွားလို့ တစ်နှစ်ခန့်ကြာမှ လမ်းဖွင့်ပွဲလုပ်မည်ဆို၍ ကျွန်တော့်မှာ နားမလည်ဖြစ်ရသည်။လမ်းကော်မတီကို မေးကြည့်တော့ လူကြီးအားမည့်ရက်ကိုစောင့်ပြီး ဖွင့်ရခြင်းဖြစ်သည်တဲ့။နားမလည်၍ အသေးစိတ်ထပ်မေးကြည့်တော့ လမ်းဖွင့်ပေးပါရန် သက်ဆိုင်ရာဌာနသို့ တင်ပြထားရပြီး လူကြီးအားသည့်အချိန်တွင် စီနီယာအလိုက် လာဖွင့်ပေးခြင်းကြောင့် ကြာသွားတာဖြစ်ကြောင်း ပြောသည်။
 

“မဖွင့်လို့ရော မရဘူးလား။” ဟု ကျွန်တော်က အတွန့်တက်ကြည့်တော့ “သူများတွေက လာဖွင့်ခိုင်း တယ်။ကိုယ်ကလာမဖွင့်ခိုင်းရင် သူတို့ကိုဆန့်ကျင်တာလားဆိုပြီး လာဖမ်းရင် မင်းခံမလား။” ဟု ကျွန်တော်တို့ လမ်းကော်မတီကြီးက ဆိုသဖြင့် ထပ်သဘောပေါက်ရသည်။ သူတို့မှာလည်း သူတို့အကြောက်တရားနဲ့မို့ မပြောသာ။
 

လမ်းဖွင့်ပွဲလုပ်တော့ အခမ်းအနားစရိတ်ငွေက ထပ်ကုန်သည်။ဆိုင်းဘုတ်ကြီးတွေ တင်ရသည်။ပူပေါင်းလွှတ်တင်ရန် ဝယ်ရသည်။ဧည့်ခံစရိတ်ရှိသည်။စည်ပင်လူကြီးများကို လက်ဆောင်ပဏ္ဍာ ပေးရသေး သည်။လမ်းထဲရှိ အပျိုမများက အဝတ်အစားချုပ်ဝတ်ရ၊ ခြယ်သရ ကုန်ကျစရိတ်ရှိသည်။လူကြီးက အပွင့်တွေ အခက်တွေနဲ့ မြို့တော်ဝန်လား ဘယ်သူ လဲတော့မမှတ်မိ။တော်ကီတွေ ဘာတွေ ပွား၊ ဖဲကြိုးဖြတ်၊ ပြီးတော့ပြန်။အလွန်ဆုံးရှိလှ နာရီဝက်အချိန်အတွက် ပြင်ရဆင်ရ အချိန်နှင့် ကုန်ကျစရိတ်တို့သည်မငယ်။
 

ကျွန်တော်က စစ်အစိုးရကို ဆန့်ကျင်တာရော မလိုအပ်သော အပိုအလုပ်ဟု ယူဆခြင်းကြောင့်ပါ မသွား။ပြီးတာကြာပြီ ဖြစ်သောလမ်း၊ မဖွင့်လည်း ပွင့်နေပြီးသားလမ်းကို မည်သို့သောအကြောင်းနဲ့မှ ငွေအကုန်ခံပြီး ဖွင့်စရာမလို။ပြီးတော့ ကုန်ကျငွေများမှာလည်း လမ်းသူ/သားများ အချိုးကျထည့်ဝင်ရသော ငွေများဖြစ်သည်။ဒီလိုငွေကုန်ခံမည့်အစား လမ်းပြီးမြောက်ခြင်း အထိမ်းအမှတ် စတုဒီသာပုံစံမျိုး ကျွေးခြင်းက ပိုပျော်စရာကောင်းနိုင်သလို တန်ဘိုးလည်းရှိမည်ဟု ထင်၏။ထားတော့။
 

စစ်အစိုးရလက်ထက်တွင် ဘာဖွင့်ပွဲ၊ ညာဖွင့်ပွဲများက သိပ်ကိုခေတ်စားလွန်းလှသည်။စစ်ဗိုလ်ချုပ်များက လူရှေ့သူရှေ့ ဟိတ်ဟန်ထုတ်ပြရတာ အတည်ပေါက် တော်ကီလွှတ်ရတာကို အင်မတန်ခံတွင်းတွေ့ပုံရသည်။ပြီးတော့ ဒီလိုဖွင့်ပွဲတက်နေရတာကိုပဲ အလုပ်ကြီး လုပ်နေရသည်ဟုလည်း ခံယူပုံရသည်။
 

ထို့ကြောင့် ကျွန်တော်တို့လမ်းလို ကိုယ့်ပိုက်ဆံဖြင့်ကိုယ် လုပ်ထားသည့် အတွင်းလမ်းများကအစ လျှောက်ဖွင့်နေကြသည်မှာ သောက်သောက်လဲ။တိုင်းပြည်ဘဏ္ဍာဖြင့် တည်ဆောက်ထားသော လမ်းမကြီးများ၊ တံတားကြီးများနှင့် ဆည်တမံ အသစ်များဆိုလျှင်လည်း ပို၍ဖြုန်းသော ဖွင့်ပွဲအမျိုးမျိုးတို့ ပြုလုပ်ကြကုန်သည်။ဘယ်လောက်တောင် ဖြုန်းသလဲဆို တံတား (သို့မဟုတ်) ဆည်တစ်ခုခုဖွင့်ပြီဆို ထိုတံတား၊ ထိုဆည်အကြောင်း သီချင်းတွေဘာတွေ စပ်ရုံမက သရုပ်ဆောင်များဖြင့် အမ်တီဗီပါရိုက်ကာ နိုင်ငံပိုင်ရုပ်သံတွင် လွှင့်ပြသည်အထိ ဖြစ်သည်။ယင်းသို့သော အပေါ်ယံဖြုန်းတီးမှု ကုန်ကျစရိတ်အ၀၀မှာ ယင်းတံတား၊ ယင်းဆည် ဘတ်ဂျက်ထဲမှ ဖြစ်မည်ထင်၏။အခမ်းအနားများက ကြီးကျယ်လှသော်လည်း တည်ဆောက်မှု အရည်အသွေးမှာမူ…..။
 

သူတို့ ဖွင့်ပွဲအမျိုးမျိုးလုပ်ခြင်းကြောင့် နောက်ထပ်ဒုက္ခရောက်သူများကလည်း ရှိသေးသည်။၎င်းတို့မှာ ကျောင်းသူ/သားငယ်များ ဖြစ်သည်။ဖွင့်ပွဲအမျိုးမျိုးတွင် လာရောက်ဖွင့်လှစ်မည့်သူ ရာထူးကြီးလျှင်ကြီးသလို တခမ်းတနားဖြစ်ရန်လည်းလိုသဖြင့် လူစည်သထက်စည်အောင် တစ်ရပ်ကွက် (သို့မဟုတ်) တစ်ရွာလျှင် လူဘယ်နှစ်ယောက် မလာမနေရစနစ်ဖြင့် ခေါ်သည်။အခြေခံပညာ ကျောင်းသား/သူများကိုလည်း မလာမနေရ။(လူနည်းသဖြင့် လူကြီးက အမျက်သင့်သွားပါက အလုပ်ပြုတ်သွားနိုင်သည် ဆိုတော့။)
 

ကလေးများခမျာ လူကြီးမလာမီ အနည်းဆုံး ၂ နာရီမကစောကာ နေပူထဲ မတ်တပ်ရပ်စောင့်ရသည်။မလာမချင်း ကျောကော့နေအောင် စောင့်ရသည်။အမျိုးမျိုးသော မေတ္တာပို့ခြင်းကို တီးတိုးရေရွတ်ကာ စောင့်ကြသည်။လူကြီးဆိုသူ အချို့က ကလေးများကိုမြင်တော့ ရယ်ပြပြုံးပြကာ နှုတ်ဆက်သည်။ဒီကလေးများ ခံစားနေရသည့်ဒုက္ခကို သူမသိ။ကလေးတို့၏ ဝမ်းဗိုက်ထဲ တဂျုတ်ဂျုတ်မြည် ဆာလောင်နေသည်ကို သူမသိ။ကလေးတို့၏ အချိန်ကို အဓမ္မချောဆွဲခံရခြင်းဖြစ်ကြောင်းလည်း မသိ။(တချို့ကတော့ သိလျက်နဲ့ပင် ငါတို့လာလျှင် ကြိုရမည်ဟု မှတ်ထင်သူများရှိနိုင်သလို မသိချင်ယောင်ဆောင်သူများလည်း ရှိနိုင်ပါသည်။)
 

ဦးသိန်းစိန် အစိုးရလက်ထက်ကျတော့လည်း ဖွင့်ပွဲအလီလီတွင် ကျောင်းသားများ ချောဆွဲခံရဆဲဖြစ် သည်။ပြည်သူ့အစိုးရ ဒီချုပ်လက်ထက်ကျတော့ရောဘယ်လိုလဲဟု စောင့်ကြည့်တော့ လူကြီးလာလျှင် ပြည်သူကို ချောဆွဲခြင်းမျိုးမရှိတော့ဟု ထင်၏။

ဥပမာ - ဒေါ်အောင်ဆန်းစုကြည် ၏ ခရီးစဉ်မျိုး။အလုအယက်တိုးဝှေ့ကာ ကြိုဆိုနေကြသော ပြည်သူများမှာ ကိုယ့်သဘောဖြင့်ကိုယ် လာရောက်ကြိုဆိုခြင်းဖြစ်ကြောင်း မူဗီများကို ကြည့်လိုက်ပါက သိသာသည်။
 

သို့သော်၊ ဖွင့်ပွဲအချို့ကို ကြည့်လိုက်ပါက အရင်အတိုင်း ငွေကုန်ကြေးကျခံမြဲ။ပူပေါင်းများသည်လည်း လှလှပပ လေပေါ်ဝဲပျံမြဲ။ငွေကုန်ကြေးကျခံကာ အခမ်းအနားသိပ်ဆန်မြဲ။တချို့သော ဖွင့်ပွဲများတွင် အဖြူအစိမ်းဝတ် ကျောင်းသားများကို တွေ့ဆဲ။အဖြူအစိမ်းဝတ်များကို အုပ်စုလိုက်တွေ့ပြီဆိုကတည်းက ဗေဒင်မေးစရာမလို၊ ဘယ်သူ့ဆီကမှလည်း အတည်ပြုချက်သွားယူစရာမလို။ယင်းသည် ချောဆွဲလာခဲ့ခြင်းဖြစ်ကြောင်း အတွေ့အကြုံအရ ကောက်ချက်ချနိုင်သည်။
 

ဘာလို့များ ချောဆွဲခြင်းအလေ့မှာ ပန်းပန်နေရသေးသလဲဟု စူးစမ်းကြည့်တော့ လာမည့်လူကြီးများ က လူစည်အောင်လုပ်ထားဟု အမှာမပါးထားကြောင်းသိရသည်။အမှာလည်းမပါး၊ စစ်အစိုးရလက်ထက် တုန်းကလို လူမစည်သဖြင့် အရေးယူခံရခြင်းမျိုးလည်းမရှိတာ သေချာနေသည့်တိုင် ဘာ့ကြောင့်ချောဆွဲနေသနည်းဟု ထပ်စူးစမ်းကြည့်တော့ အောက်ခြေအဆင့်ပုဂ္ဂိုလ်များ၏ မျက်နှာလုပ်လိုမှုဖြစ်ကြောင်း တွေ့ရသည်။သူတို့က သူတို့ဒေသ၊ သူတို့စီစဉ်သည့်ပွဲ လူမစည်လျှင် လာရောက်မည့်လူကြီးကို မျက်နှာပူသည်။လူမစည်သဖြင့် အကြိမ်းအမောင်းမခံရမှန်းသိသော်လည်း လူကြီးမျက်နှာမကောင်းမှာ စိုးရိမ်သည်။တစ်ခွန်းတည်း ချုပ်ပြောရသော် လူကြီးကို မရိုးသားသောနည်းလမ်းဖြင့် မျက်နှာလုပ်ခြင်းဖြစ်သည်။ပြောရလျှင် လူကြီးကို အမှန်အတိုင်းမပြော၊ လူကြီးကို အရှိအတိုင်းမပြ၊လူကြီး၏ ငြိုငြင်မှုမခံ၊ လူကြီးဆို မျက်နှာလုပ်ရမည်ဆိုသည့် အရိုးထဲထိစီးဝင်နေသော အမူအကျင့်အား မတိုက်ထုတ်နိုင်သေးခြင်း ဖြစ်သည်။
 

အပေါ်ယံကိစ္စများနှင့် ပတ်သက်၍ ထပ်ပြောလိုသည်မှာ မကြာသေးမီကပြုလုပ်ခဲ့သည့် နိုင်ငံတော်အ တိုင်ပင်ခံနှင့် စီးပွားရေးလုပ်ငန်းရှင်တို့၏ တွေ့ဆုံပွဲဖြစ်သည်။တိုင်းပြည်စီးပွားရေး လူးလိမ့်နေသောအချိန်တွင် တွေ့ဆုံခြင်းလည်းဖြစ်၊ ရုပ်သံတိုက်ရိုက် ထုတ်လွှင့်မှုလည်းရှိသဖြင့် ပြည်သူအများက စိတ်ဝင်တစား စောင့်ကြည့်ကြသည်။
 

ကျွန်တော့်အတွက်လည်း လုပ်ငန်းသဘောအရရော စိတ်ဝင်စားခြင်းကြောင့်ပါ တီဗီရှေ့တွင် မျက်တောင် မခတ်မိသည်အထိ။သို့သော်၊ အခမ်းအနား အစီအစဉ် ကြေညာစဉ်ကတည်းက အမေး၊ အဖြေ ကဏ္ဍကို နာရီဝက်သာ အချိန်ပေးမည်ဆိုသဖြင့် စိတ်ပျက်မိသည်။ထိုတွေ့ဆုံပွဲနှင့် ပတ်သက်၍ ပြည်သူတို့ စိတ်ဝင်စားသည်မှာ လုပ်ငန်းရှင် များက ဘာပြောမလဲနှင့် အတိုင်ပင်ခံက ဘာဖြေမလဲ ဖြစ်သည်။ကျွန်တော့်တစ်ဦးတည်း သဘောအရဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် ၏ အဖွင့်မိန့်ခွန်းထက် အပြန်အလှန် ဘာပြောမလဲဆိုသည်ကို ပိုစိတ်ဝင်စားသည်။

သို့သော်၊ အချိန်ပေးတာက နာရီဝက်။လုပ်ငန်းရှင်တွေက အများကြီး။လုပ်ငန်းရှင် ၃ ယောက်သာ တင်ပြခွင့်ရလိုက်သည်။နာရီဝက်ပြီးတော့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ဖြင့် မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းတွင် အချိန်သွားကုန်သည်။မကုန်ဘူးဆိုလျှင် ၁၀ မိနစ်။၁၀ မိနစ်ဆိုသော အချိန်မှာ နောက်ထပ်လုပ်ငန်းရှင်တစ်ယောက် တင်ပြနိုင်သော အချိန်ဖြစ်သည်။
 

မှတ်တမ်းဓာတ်ပုံရိုက်ခြင်းမှာ လိုအပ်သော်လည်း ယခုလိုအချိန်မျိုးတွင် လုပ်ငန်းရှင်တို့၏ တင်ပြမှုလောက် အရေးမကြီးသလို ပြည်သူအများ ရုပ်မြင်သံကြားရှေ့ ရောက်နေသည်မှာလည်း ဓာတ်ပုံစုရိုက်ခြင်းကို ကြည့်ချင်၍ မဟုတ်ပေ။ဓာတ်ပုံစုရိုက်ခြင်းမှာ အပေါ်ယံကိစ္စ။လုပ်ငန်းရှင်တို့၏ဘတင်ပြမှုမှာ အဓိက။အဓိကကျသောကိစ္စကို ဘာလို့ ရသလောက်အချိန် ချဲ့မပေးသနည်း။
 

ကျွန်တော်ဆိုလိုတာက လုပ်ငန်းရှင်တို့ပြောသမျှ အမှန်ဟု ယူဆနေခြင်းမဟုတ်။သူတို့ပြောသမျှ  လိုက် လုပ်ပေးရန်လည်းမဟုတ်။သို့သော်၊ လုပ်ငန်းရှင်တို့၏ အသံကို ကျယ်ကျယ်ပြန့်ပြန့်ကြားနိုင်သမျှ ကြားရန်လိုသည်။သူတို့၏အသံ၊ သူတို့၏အခက်အခဲကို ကြားမှသာလျှင် အစိုးရအနေနှင့် လုပ်ပေးသင့်သည်များကို လုပ်ပေးနိုင်ပါမည်။
 

ယခုဆောင်းပါးကို နိဂုံးချုပ်ရသော် မလိုအပ်ဘဲ အချိန်ကုန်၊ ငွေကုန်၊ ပြည်သူ စိတ်ညီးညူရသည့် မလိုအပ်သော အပေါ်ယံရွှေမှုန်ကြဲခြင်းများကို တတ်နိုင်သမျှ လျှော့ချစေရေးဖြစ်သည်။
 

မျိုးညွန့် (Popular News)
စက်တင်ဘာ - ၁၉

( Zawgyi )

၁၉၉၅ ခုႏွစ္ဝန္းက်င္ ကာလမ်ားက ျဖစ္သည္။ရန္ကုန္တြင္ ကိုယ္ထူကိုယ္ထလမ္းမ်ား ေခတ္စားခဲ့ သည္။ကိုယ္ထူကိုယ္ထဆိုတာက ကိုယ့္လမ္း ကိုယ့္ဘာသာ ကတၱရာခင္းျခင္း ျဖစ္သည္။လမ္းအတြင္းရွိ တတ္ႏိုင္သူက တတ္ႏိုင္သေလာက္ထည့္၊ ကားရွိတဲ့အိမ္ဆို ပိုထည့္။မတတ္ႏိုင္သူမ်ားက အနည္းဆုံး တစ္အိမ္ဘယ္ေလာက္ထည့္။ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ကေတာ့ နည္းနည္းပါးပါး ကူေပးမည္ဆိုသည့္ စနစ္။ေနာက္ထပ္စစ္အစိုးရ ထပ္လုပ္ေပးတာက လမ္းလာဖြင့္ေပးျခင္း ျဖစ္သည္။
 

၁၉၉၅ ဝန္းက်င္ ကာလတြင္ ကြၽန္ေတာ္က ေတာင္ဥကၠလာတြင္ ေနထိုင္လ်က္ရွိသည္။ကြၽန္ေတာ္တို႔ ရပ္ ကြက္အတြင္းရွိ လမ္းမ်ားမွာ ေျမႏွင့္ ခဲ ေရာထားသည့္လမ္း။စက္ဘီးစီးရတာေတာင္ ဟိုေကြ႕ဒီေရွာင္ရေသာ လမ္းမ်ိဳး။မိုးတြင္းဆို ပိုလို႔ဆိုးေသး။
 

ဆိုေတာ့၊ ကြၽန္ေတာ္တို႔ လမ္းမ်ားသည္လည္း ကိုယ္ထူကိုယ္ထ ကတၱရာလမ္းအျဖစ္သို႔ ကိုယ့္ပိုက္ဆံကိုယ္ စိုက္ကာ ထုဆစ္ၾကကုန္သည္။ကိုယ္ထူကိုယ္ထမို႔ မကုန္သင့္တာ မကုန္ရေလေအာင္ လမ္းထဲရွိ က်ားေရာ မပါ အားလွ်င္အားသလို ဝိုင္းကူျခင္းနည္းျဖင့္ လုပ္အားခစရိတ္ကို ခ်ဳံ႔ၾကသည္။တစ္လေက်ာ္ၾကာေတာ့ လမ္းၿပီးသည္။ကိုယ့္ေငြနဲ႔ကိုယ္ ကိုယ့္လုပ္အားနဲ႔ကိုယ္ လမ္းသည္ ျဖဴးလို႔။
 

လမ္းၿပီးသြားလို႔ တစ္ႏွစ္ခန႔္ၾကာမွ လမ္းဖြင့္ပြဲလုပ္မည္ဆို၍ ကြၽန္ေတာ့္မွာ နားမလည္ျဖစ္ရသည္။လမ္းေကာ္မတီကို ေမးၾကည့္ေတာ့ လူႀကီးအားမည့္ရက္ကိုေစာင့္ၿပီး ဖြင့္ရျခင္းျဖစ္သည္တဲ့။နားမလည္၍ အေသးစိတ္ထပ္ေမးၾကည့္ေတာ့ လမ္းဖြင့္ေပးပါရန္ သက္ဆိုင္ရာဌာနသို႔ တင္ျပထားရၿပီး လူႀကီးအားသည့္အခ်ိန္တြင္ စီနီယာအလိုက္ လာဖြင့္ေပးျခင္းေၾကာင့္ ၾကာသြားတာျဖစ္ေၾကာင္း ေျပာသည္။
 

“မဖြင့္လို႔ေရာ မရဘူးလား။” ဟု ကြၽန္ေတာ္က အတြန႔္တက္ၾကည့္ေတာ့ “သူမ်ားေတြက လာဖြင့္ခိုင္း တယ္။ကိုယ္ကလာမဖြင့္ခိုင္းရင္ သူတို႔ကိုဆန႔္က်င္တာလားဆိုၿပီး လာဖမ္းရင္ မင္းခံမလား။” ဟု ကြၽန္ေတာ္တို႔ လမ္းေကာ္မတီႀကီးက ဆိုသျဖင့္ ထပ္သေဘာေပါက္ရသည္။ သူတို႔မွာလည္း သူတို႔အေၾကာက္တရားနဲ႔မို႔ မေျပာသာ။
 

လမ္းဖြင့္ပြဲလုပ္ေတာ့ အခမ္းအနားစရိတ္ေငြက ထပ္ကုန္သည္။ဆိုင္းဘုတ္ႀကီးေတြ တင္ရသည္။ပူေပါင္းလႊတ္တင္ရန္ ဝယ္ရသည္။ဧည့္ခံစရိတ္ရွိသည္။စည္ပင္လူႀကီးမ်ားကို လက္ေဆာင္ပ႑ာ ေပးရေသး သည္။လမ္းထဲရွိ အပ်ိဳမမ်ားက အဝတ္အစားခ်ဳပ္ဝတ္ရ၊ ျခယ္သရ ကုန္က်စရိတ္ရွိသည္။လူႀကီးက အပြင့္ေတြ အခက္ေတြနဲ႔ ၿမိဳ႕ေတာ္ဝန္လား ဘယ္သူ လဲေတာ့မမွတ္မိ။ေတာ္ကီေတြ ဘာေတြ ပြား၊ ဖဲႀကိဳးျဖတ္၊ ၿပီးေတာ့ျပန္။အလြန္ဆုံးရွိလွ နာရီဝက္အခ်ိန္အတြက္ ျပင္ရဆင္ရ အခ်ိန္ႏွင့္ ကုန္က်စရိတ္တို႔သည္မငယ္။
 

ကြၽန္ေတာ္က စစ္အစိုးရကို ဆန႔္က်င္တာေရာ မလိုအပ္ေသာ အပိုအလုပ္ဟု ယူဆျခင္းေၾကာင့္ပါ မသြား။ၿပီးတာၾကာၿပီ ျဖစ္ေသာလမ္း၊ မဖြင့္လည္း ပြင့္ေနၿပီးသားလမ္းကို မည္သို႔ေသာအေၾကာင္းနဲ႔မွ ေငြအကုန္ခံၿပီး ဖြင့္စရာမလို။ၿပီးေတာ့ ကုန္က်ေငြမ်ားမွာလည္း လမ္းသူ/သားမ်ား အခ်ိဳးက်ထည့္ဝင္ရေသာ ေငြမ်ားျဖစ္သည္။ဒီလိုေငြကုန္ခံမည့္အစား လမ္းၿပီးေျမာက္ျခင္း အထိမ္းအမွတ္ စတုဒီသာပုံစံမ်ိဳး ေကြၽးျခင္းက ပိုေပ်ာ္စရာေကာင္းႏိုင္သလို တန္ဘိုးလည္းရွိမည္ဟု ထင္၏။ထားေတာ့။
 

စစ္အစိုးရလက္ထက္တြင္ ဘာဖြင့္ပြဲ၊ ညာဖြင့္ပြဲမ်ားက သိပ္ကိုေခတ္စားလြန္းလွသည္။စစ္ဗိုလ္ခ်ဳပ္မ်ားက လူေရွ႕သူေရွ႕ ဟိတ္ဟန္ထုတ္ျပရတာ အတည္ေပါက္ ေတာ္ကီလႊတ္ရတာကို အင္မတန္ခံတြင္းေတြ႕ပုံရသည္။ၿပီးေတာ့ ဒီလိုဖြင့္ပြဲတက္ေနရတာကိုပဲ အလုပ္ႀကီး လုပ္ေနရသည္ဟုလည္း ခံယူပုံရသည္။
 

ထို႔ေၾကာင့္ ကြၽန္ေတာ္တို႔လမ္းလို ကိုယ့္ပိုက္ဆံျဖင့္ကိုယ္ လုပ္ထားသည့္ အတြင္းလမ္းမ်ားကအစ ေလွ်ာက္ဖြင့္ေနၾကသည္မွာ ေသာက္ေသာက္လဲ။တိုင္းျပည္ဘ႑ာျဖင့္ တည္ေဆာက္ထားေသာ လမ္းမႀကီးမ်ား၊ တံတားႀကီးမ်ားႏွင့္ ဆည္တမံ အသစ္မ်ားဆိုလွ်င္လည္း ပို၍ျဖဳန္းေသာ ဖြင့္ပြဲအမ်ိဳးမ်ိဳးတို႔ ျပဳလုပ္ၾကကုန္သည္။ဘယ္ေလာက္ေတာင္ ျဖဳန္းသလဲဆို တံတား (သို႔မဟုတ္) ဆည္တစ္ခုခုဖြင့္ၿပီဆို ထိုတံတား၊ ထိုဆည္အေၾကာင္း သီခ်င္းေတြဘာေတြ စပ္႐ုံမက သ႐ုပ္ေဆာင္မ်ားျဖင့္ အမ္တီဗီပါ႐ိုက္ကာ ႏိုင္ငံပိုင္႐ုပ္သံတြင္ လႊင့္ျပသည္အထိ ျဖစ္သည္။ယင္းသို႔ေသာ အေပၚယံျဖဳန္းတီးမႈ ကုန္က်စရိတ္အ၀၀မွာ ယင္းတံတား၊ ယင္းဆည္ ဘတ္ဂ်က္ထဲမွ ျဖစ္မည္ထင္၏။အခမ္းအနားမ်ားက ႀကီးက်ယ္လွေသာ္လည္း တည္ေဆာက္မႈ အရည္အေသြးမွာမူ…..။
 

သူတို႔ ဖြင့္ပြဲအမ်ိဳးမ်ိဳးလုပ္ျခင္းေၾကာင့္ ေနာက္ထပ္ဒုကၡေရာက္သူမ်ားကလည္း ရွိေသးသည္။၎တို႔မွာ ေက်ာင္းသူ/သားငယ္မ်ား ျဖစ္သည္။ဖြင့္ပြဲအမ်ိဳးမ်ိဳးတြင္ လာေရာက္ဖြင့္လွစ္မည့္သူ ရာထူးႀကီးလွ်င္ႀကီးသလို တခမ္းတနားျဖစ္ရန္လည္းလိုသျဖင့္ လူစည္သထက္စည္ေအာင္ တစ္ရပ္ကြက္ (သို႔မဟုတ္) တစ္႐ြာလွ်င္ လူဘယ္ႏွစ္ေယာက္ မလာမေနရစနစ္ျဖင့္ ေခၚသည္။အေျခခံပညာ ေက်ာင္းသား/သူမ်ားကိုလည္း မလာမေနရ။(လူနည္းသျဖင့္ လူႀကီးက အမ်က္သင့္သြားပါက အလုပ္ျပဳတ္သြားႏိုင္သည္ ဆိုေတာ့။)
 

ကေလးမ်ားခမ်ာ လူႀကီးမလာမီ အနည္းဆုံး ၂ နာရီမကေစာကာ ေနပူထဲ မတ္တပ္ရပ္ေစာင့္ရသည္။မလာမခ်င္း ေက်ာေကာ့ေနေအာင္ ေစာင့္ရသည္။အမ်ိဳးမ်ိဳးေသာ ေမတၱာပို႔ျခင္းကို တီးတိုးေရ႐ြတ္ကာ ေစာင့္ၾကသည္။လူႀကီးဆိုသူ အခ်ိဳ႕က ကေလးမ်ားကိုျမင္ေတာ့ ရယ္ျပၿပဳံးျပကာ ႏႈတ္ဆက္သည္။ဒီကေလးမ်ား ခံစားေနရသည့္ဒုကၡကို သူမသိ။ကေလးတို႔၏ ဝမ္းဗိုက္ထဲ တဂ်ဳတ္ဂ်ဳတ္ျမည္ ဆာေလာင္ေနသည္ကို သူမသိ။ကေလးတို႔၏ အခ်ိန္ကို အဓမၼေခ်ာဆြဲခံရျခင္းျဖစ္ေၾကာင္းလည္း မသိ။(တခ်ိဳ႕ကေတာ့ သိလ်က္နဲ႔ပင္ ငါတို႔လာလွ်င္ ႀကိဳရမည္ဟု မွတ္ထင္သူမ်ားရွိႏိုင္သလို မသိခ်င္ေယာင္ေဆာင္သူမ်ားလည္း ရွိႏိုင္ပါသည္။)
 

ဦးသိန္းစိန္ အစိုးရလက္ထက္က်ေတာ့လည္း ဖြင့္ပြဲအလီလီတြင္ ေက်ာင္းသားမ်ား ေခ်ာဆြဲခံရဆဲျဖစ္ သည္။ျပည္သူ႔အစိုးရ ဒီခ်ဳပ္လက္ထက္က်ေတာ့ေရာဘယ္လိုလဲဟု ေစာင့္ၾကည့္ေတာ့ လူႀကီးလာလွ်င္ ျပည္သူကို ေခ်ာဆြဲျခင္းမ်ိဳးမရွိေတာ့ဟု ထင္၏။

ဥပမာ - ေဒၚေအာင္ဆန္းစုၾကည္ ၏ ခရီးစဥ္မ်ိဳး။အလုအယက္တိုးေဝွ႔ကာ ႀကိဳဆိုေနၾကေသာ ျပည္သူမ်ားမွာ ကိုယ့္သေဘာျဖင့္ကိုယ္ လာေရာက္ႀကိဳဆိုျခင္းျဖစ္ေၾကာင္း မူဗီမ်ားကို ၾကည့္လိုက္ပါက သိသာသည္။
 

သို႔ေသာ္၊ ဖြင့္ပြဲအခ်ိဳ႕ကို ၾကည့္လိုက္ပါက အရင္အတိုင္း ေငြကုန္ေၾကးက်ခံၿမဲ။ပူေပါင္းမ်ားသည္လည္း လွလွပပ ေလေပၚဝဲပ်ံၿမဲ။ေငြကုန္ေၾကးက်ခံကာ အခမ္းအနားသိပ္ဆန္ၿမဲ။တခ်ိဳ႕ေသာ ဖြင့္ပြဲမ်ားတြင္ အျဖဴအစိမ္းဝတ္ ေက်ာင္းသားမ်ားကို ေတြ႕ဆဲ။အျဖဴအစိမ္းဝတ္မ်ားကို အုပ္စုလိုက္ေတြ႕ၿပီဆိုကတည္းက ေဗဒင္ေမးစရာမလို၊ ဘယ္သူ႔ဆီကမွလည္း အတည္ျပဳခ်က္သြားယူစရာမလို။ယင္းသည္ ေခ်ာဆြဲလာခဲ့ျခင္းျဖစ္ေၾကာင္း အေတြ႕အႀကဳံအရ ေကာက္ခ်က္ခ်ႏိုင္သည္။
 

ဘာလို႔မ်ား ေခ်ာဆြဲျခင္းအေလ့မွာ ပန္းပန္ေနရေသးသလဲဟု စူးစမ္းၾကည့္ေတာ့ လာမည့္လူႀကီးမ်ား က လူစည္ေအာင္လုပ္ထားဟု အမွာမပါးထားေၾကာင္းသိရသည္။အမွာလည္းမပါး၊ စစ္အစိုးရလက္ထက္ တုန္းကလို လူမစည္သျဖင့္ အေရးယူခံရျခင္းမ်ိဳးလည္းမရွိတာ ေသခ်ာေနသည့္တိုင္ ဘာ့ေၾကာင့္ေခ်ာဆြဲေနသနည္းဟု ထပ္စူးစမ္းၾကည့္ေတာ့ ေအာက္ေျခအဆင့္ပုဂၢိဳလ္မ်ား၏ မ်က္ႏွာလုပ္လိုမႈျဖစ္ေၾကာင္း ေတြ႕ရသည္။သူတို႔က သူတို႔ေဒသ၊ သူတို႔စီစဥ္သည့္ပြဲ လူမစည္လွ်င္ လာေရာက္မည့္လူႀကီးကို မ်က္ႏွာပူသည္။လူမစည္သျဖင့္ အႀကိမ္းအေမာင္းမခံရမွန္းသိေသာ္လည္း လူႀကီးမ်က္ႏွာမေကာင္းမွာ စိုးရိမ္သည္။တစ္ခြန္းတည္း ခ်ဳပ္ေျပာရေသာ္ လူႀကီးကို မ႐ိုးသားေသာနည္းလမ္းျဖင့္ မ်က္ႏွာလုပ္ျခင္းျဖစ္သည္။ေျပာရလွ်င္ လူႀကီးကို အမွန္အတိုင္းမေျပာ၊ လူႀကီးကို အရွိအတိုင္းမျပ၊လူႀကီး၏ ၿငိဳျငင္မႈမခံ၊ လူႀကီးဆို မ်က္ႏွာလုပ္ရမည္ဆိုသည့္ အ႐ိုးထဲထိစီးဝင္ေနေသာ အမူအက်င့္အား မတိုက္ထုတ္ႏိုင္ေသးျခင္း ျဖစ္သည္။
 

အေပၚယံကိစၥမ်ားႏွင့္ ပတ္သက္၍ ထပ္ေျပာလိုသည္မွာ မၾကာေသးမီကျပဳလုပ္ခဲ့သည့္ ႏိုင္ငံေတာ္အ တိုင္ပင္ခံႏွင့္ စီးပြားေရးလုပ္ငန္းရွင္တို႔၏ ေတြ႕ဆုံပြဲျဖစ္သည္။တိုင္းျပည္စီးပြားေရး လူးလိမ့္ေနေသာအခ်ိန္တြင္ ေတြ႕ဆုံျခင္းလည္းျဖစ္၊ ႐ုပ္သံတိုက္႐ိုက္ ထုတ္လႊင့္မႈလည္းရွိသျဖင့္ ျပည္သူအမ်ားက စိတ္ဝင္တစား ေစာင့္ၾကည့္ၾကသည္။
 

ကြၽန္ေတာ့္အတြက္လည္း လုပ္ငန္းသေဘာအရေရာ စိတ္ဝင္စားျခင္းေၾကာင့္ပါ တီဗီေရွ႕တြင္ မ်က္ေတာင္ မခတ္မိသည္အထိ။သို႔ေသာ္၊ အခမ္းအနား အစီအစဥ္ ေၾကညာစဥ္ကတည္းက အေမး၊ အေျဖ က႑ကို နာရီဝက္သာ အခ်ိန္ေပးမည္ဆိုသျဖင့္ စိတ္ပ်က္မိသည္။ထိုေတြ႕ဆုံပြဲႏွင့္ ပတ္သက္၍ ျပည္သူတို႔ စိတ္ဝင္စားသည္မွာ လုပ္ငန္းရွင္ မ်ားက ဘာေျပာမလဲႏွင့္ အတိုင္ပင္ခံက ဘာေျဖမလဲ ျဖစ္သည္။ကြၽန္ေတာ့္တစ္ဦးတည္း သေဘာအရဆိုလွ်င္ ေဒၚေအာင္ဆန္းစုၾကည္ ၏ အဖြင့္မိန႔္ခြန္းထက္ အျပန္အလွန္ ဘာေျပာမလဲဆိုသည္ကို ပိုစိတ္ဝင္စားသည္။

သို႔ေသာ္၊ အခ်ိန္ေပးတာက နာရီဝက္။လုပ္ငန္းရွင္ေတြက အမ်ားႀကီး။လုပ္ငန္းရွင္ ၃ ေယာက္သာ တင္ျပခြင့္ရလိုက္သည္။နာရီဝက္ၿပီးေတာ့ တစ္ဖြဲ႕ၿပီးတစ္ဖြဲ႕ျဖင့္ မွတ္တမ္းဓာတ္ပုံ႐ိုက္ကူးျခင္းတြင္ အခ်ိန္သြားကုန္သည္။မကုန္ဘူးဆိုလွ်င္ ၁၀ မိနစ္။၁၀ မိနစ္ဆိုေသာ အခ်ိန္မွာ ေနာက္ထပ္လုပ္ငန္းရွင္တစ္ေယာက္ တင္ျပႏိုင္ေသာ အခ်ိန္ျဖစ္သည္။
 

မွတ္တမ္းဓာတ္ပုံ႐ိုက္ျခင္းမွာ လိုအပ္ေသာ္လည္း ယခုလိုအခ်ိန္မ်ိဳးတြင္ လုပ္ငန္းရွင္တို႔၏ တင္ျပမႈေလာက္ အေရးမႀကီးသလို ျပည္သူအမ်ား ႐ုပ္ျမင္သံၾကားေရွ႕ ေရာက္ေနသည္မွာလည္း ဓာတ္ပုံစု႐ိုက္ျခင္းကို ၾကည့္ခ်င္၍ မဟုတ္ေပ။ဓာတ္ပုံစု႐ိုက္ျခင္းမွာ အေပၚယံကိစၥ။လုပ္ငန္းရွင္တို႔၏ဘတင္ျပမႈမွာ အဓိက။အဓိကက်ေသာကိစၥကို ဘာလို႔ ရသေလာက္အခ်ိန္ ခ်ဲ႕မေပးသနည္း။
 

ကြၽန္ေတာ္ဆိုလိုတာက လုပ္ငန္းရွင္တို႔ေျပာသမွ် အမွန္ဟု ယူဆေနျခင္းမဟုတ္။သူတို႔ေျပာသမွ်  လိုက္ လုပ္ေပးရန္လည္းမဟုတ္။သို႔ေသာ္၊ လုပ္ငန္းရွင္တို႔၏ အသံကို က်ယ္က်ယ္ျပန႔္ျပန႔္ၾကားႏိုင္သမွ် ၾကားရန္လိုသည္။သူတို႔၏အသံ၊ သူတို႔၏အခက္အခဲကို ၾကားမွသာလွ်င္ အစိုးရအေနႏွင့္ လုပ္ေပးသင့္သည္မ်ားကို လုပ္ေပးႏိုင္ပါမည္။
 

ယခုေဆာင္းပါးကို နိဂုံးခ်ဳပ္ရေသာ္ မလိုအပ္ဘဲ အခ်ိန္ကုန္၊ ေငြကုန္၊ ျပည္သူ စိတ္ညီးညဴရသည့္ မလိုအပ္ေသာ အေပၚယံေ႐ႊမႈန္ႀကဲျခင္းမ်ားကို တတ္ႏိုင္သမွ် ေလွ်ာ့ခ်ေစေရးျဖစ္သည္။
 

မ်ိဳးၫြန႔္ (Popular News)
စက္တင္ဘာ - ၁၉