【တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက်】ရုရှားကျူးကျော်စစ်နိဂုံးက တတိယကမ္ဘာစစ်လား

【တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက်】ရုရှားကျူးကျော်စစ်နိဂုံးက တတိယကမ္ဘာစစ်လား

ယခုရက်သတ္တပတ်အတွင်း သတင်းတွေက အတော်လေးစိတ်ဝင်စားစရာ သတင်းတွေများခဲ့ပါတယ်။ ဒီသ တင်းတွေထဲမှာ မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(NATO) ဦးဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန် စစ်လေယာဉ်ပျက်ကျခဲ့တဲ့ သတင်း၊ ဗြိတိန်မင်းသား ဝီလီယျံနှင့် ကြင်ယာတော် ကိတ်ထ် မစ်ဒယ်တန်တို့၏ ကာရေ ဘီယံ ခရီးစဉ်တွင် ဆန္ဒပြမှု ကြုံရတဲ့သတင်း၊ ရုရှားလောင်စာဆီအပေါ် အရေးယူပိတ်ဆို့မှုပိုမိုပြုလုပ်ဖို့ လစ်သူယေး နီးယားနဲ့ အိုင်ယာလန်က အီးယူကိုတောင်းဆိုတဲ့ သတင်း၊ အမေရိကန်ယာဉ်တန်းတစ်ခုကို ဆီးရီးယားစစ်တပ်ဟန့် တားမှု ပြုလုပ်ခဲ့တဲ့သတင်း၊ အမေရိကန်နှင့် ဆက်ဆံရေး ဖြတ်တောက်နိုင်ကြောင်း ရုရှားက သတိပေးတဲ့ သတင်း၊ ခရီးသည် (၁၃၂)ဦး လိုက်ပါလာသည့် China Eastern လေကြောင်းလိုင်းပိုင် ဘိုးရင်း 737 လေယာဉ် ပျက်ကျတဲ့ သတင်း၊ ဆလိုဗေးနီးယားတွင် နေတိုးအဖွဲ့က ပက်ထရီယော့ဒုံးကျည်များစတင်ဖြန့်ကြက်နေတဲ့သတင်း၊ ရုရှားလုပ် ဒုံးကျည်စနစ်များ ယူကရိန်းသို့လွှဲပေးရန် တူရကီကို အမေရိကန် အရိပ်အမြွက်ပြောခဲ့တဲ့သတင်း၊ ဆီးရီးယားပြည် တွင်းစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူအေအီးသို့ အာဆတ် သွားရောက်တဲ့သတင်းတွေ စတဲ့ သတင်း တွေရှိခဲ့ပါတယ်။ 
 
ဒီသတင်းတွေအများစုထဲကနေ သတိထားမိတာ ယူကရိန်းသမ္မတ ဇီလင်စကီးက ယူကရိန်းကျူးကျော်စစ် ကနေ တတိယကမ္ဘာ့စစ်ဖြစ်နိုင်တာကိုပြောခဲ့တာနဲ့ ရုရှားက Zaharl လို့ အမည်ပေးထားတဲ့ အသံထက် ၃ ဆမြန် တဲ့ ဒုံးကျည်တွေ ထုတ်သုံးစွဲခဲ့တဲ့ သတင်းနှစ်ပုဒ်ရဲ့ ဆက်စပ်မှုပါဘဲ။ ဒီသတင်းနှစ်ခုအရဆိုရင် ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲဟာ တစ်လနီးပါးကြာလာတဲ့အခါ ထင်သလောက် စစ်ရေးရည်မှန်းချက်မပေါက်တဲ့ ရုရှားအနေ နဲ့ စစ်ကို ကျယ်ပြန့်အောင် ဆွဲဆန့်လာတော့မလားဆိုတာ နိုင်ငံတကာစစ်ရေးသုတေသီတွေက သုံးသပ်လာတာကို တွေ့ရပါတယ်။ 
 
ဒီတစ်ပတ်မှာ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုစစ်မက်ကျယ်ပြန့်လာမှုကို တတိယကမ္ဘာ့စစ်ထိ ရုရှားဆွဲဆန့်လာနိုင်ခြေကို အဓိက ထားသုံးသပ်ဖော်ပြချင်ပါတယ်။ 
 
ရုရှားတပ်တွေရဲ့ အဆင်ခြင်မဲ့ ပစ်ခတ်သတ်ဖြတ်မှု
 
ဒီတစ်ပတ်မှာလဲ ရုရှားတပ်တွေဟာ နဂိုမူလမျှော်မှန်းထားတဲ့ ကိယက်ဗ်မြို့တော်ကို မသိမ်းနိုင်ခဲ့ပါဘူး။ ဒီလို မသိမ်းနိုင်တဲ့အပြင် မာရီပူလ်ဆိပ်ကမ်းမြို့ကို သိမ်းယူခဲ့ပေမယ့် မြို့တွင်းကနေ ခုခံကာကွယ်နေတဲ့အတွက် ယခုထိမြို့ကို ရုရှားတပ်တွေ ထိန်းလို့မရသေးပါဘူး။ သတင်းတွေအရ ဆိုရင် မတ် ၂၁ ရက်နောက်ဆုံးထားပြီး အဲဒီမြို့မှာရှိတဲ့ ယူကရိန်းတပ်တွေ လက်နက်ချဖို့ ရုရှားတပ်က ရာဇသံပေးတယ်ဆိုပါတယ်။ ဒါပေမယ့် ယူကရိန်း က ရုရှားရာဇသံပေးတာကိုလက်မခံတဲ့အပြင် ပယ်ချခဲ့ပါတယ်။ 
 
ဒီလိုအခြေအနေတွေကြောင့် စစ်ဟာကြာရှည်လာဖို့များသလို ရုရှားအနိုင်ရခဲ့ရင်လည်း ပျက်စီးနေတဲ့ ယူကရိန်းနိုင်ငံကိုသာရဖို့များနေပြီး ယူကရိန်းနိုင်ငံသားတွေရဲ့ခုခံမှုကို ဆက်ပြီးပြင်းပြင်းထန်ထန်ခံရဖို့ များနေပါ တယ်။ အခုလောလောဆယ်မှာတင် ရုရှားတပ်တွေရဲ့အယောင်ဆောင်ထားတဲ့ လူသားဆန်မှုက ကွာကျလာပြီ ဖြစ်ပြီး ရက်ပေါင်းများစွာ လက်နက်ကြီးတွေနဲ့ မာရီပူလ်ဆိပ်ကမ်းမြို့ကို တိုက်ခိုက်ခဲ့သလို လူ ၄၀၀ လောက် ခိုလှုံနေတဲ့ အနုပညာကျောင်းတစ်ကျောင်းကို ရုရှားတပ်တွေက ဗုံးနဲ့တိုက်ခိုက်ခဲ့လို့ အသေအပျောက်များခဲ့ပါတယ်။ 
 
ကိယက်ဗ်ကိုချီတက်နေတယ်ဆိုတဲ့ ရုရှားတပ်တွေကလည်း အခုထိ မြို့နဲ့ ၁၀ မိုင်အကွာထိသာ ရောက် လာသေးပါတယ်။ ဒါဟာ ယူကရိန်းကို ရက်ပိုင်းအတွင်း သိမ်းနိုင်မယ်ဆိုပြီး ခန့်မှန်းခဲ့တဲ့ ရုရှားစစ်ထောက်လှမ်း ရေးနဲ့ ဗျူဟာချတဲ့သူတွေ ဘယ်လောက်ထိ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးပြီး ယူကရိန်းကို ဖော့တွက်ခဲ့ကြသလဲဆိုတာ မြင်သာတဲ့ သက်သေတစ်ခုပါဘဲ။ ဒါအပြင် ရုရှားနိုင်ငံထဲကို ယူကရိန်းနိုင်ငံသားထောင်ပေါင်းများစွာကို ဓားစာခံ အဖြစ်ခေါ်ဆောင်သွားတဲ့ သတင်းတွေလည်းထွက်နေပြီး အဲဒီထဲမှာ ကလေးငယ် ထောင်ချီပါဝင်တယ်လည်း သိရ ပါတယ်။ 
 
ရုရှားတပ်တွေရဲ့ အလွန်အကျွံပစ်ခတ်မှုတွေက စစ်ရေးပစ်မှတ်တွေထက် အရပ်သားပစ်မှတ်တွေကို ထိ မှန်မှု ပိုများလာခဲ့ပါတယ်။ သတင်းတွေအရဆိုရင် ယူကရိန်းစစ်ပွဲအတွင်း အနည်းဆုံး အရပ်သား ၈၄၇ ယောက် သေဆုံးခဲ့ပြီး ၁,၄၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်ထားပါတယ်။ ဒီအရေ အတွက်က ရနိုင်သမျှ စာရင်းသာဖြစ်ပြီး ရုရှားကျူးကျော်တပ်တွေရဲ့ အဆင်အခြင်မဲ့ ပစ်ခတ်မှုတွေကြောင့် စာရင်း မရ ယူနိုင်တဲ့ အရေအတွက်က ပိုများနေနိုင်တယ်ဆိုပါတယ်။ 
 
ဒါကြောင့်လည်း အမေရိကန်သမ္မတဘိုင်ဒင်က ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားသမ္မတပူတင်ကို “စစ်ရာ ဇဝတ်ကောင်”အဖြစ် ခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ရုရှားတပ်တွေက လူသားချင်းစာနာထောက်ထားတဲ့ ပုံစံနဲ့ မာရီ ပိုလ်ဆိပ်ကမ်းမြို့က မြို့ခံတွေကို လွှတ်ပေးရာမှာ ရုရှားဘက်ကို သွားတဲ့အခြမ်းကိုသာ ဖွင့်ပေးတဲ့အတွက် ရုရှား တပ် တွေရဲ့ လုပ်ပုံကိုင်ပုံ ရက်စက်ပုံက ခေတ်သစ်မှာ မှတ်တမ်းတင်လောက်အောင် အတော်လေး ဆိုးရွားခဲ့ ပါတယ်။ 
 
သံတမန်ရေးအရ ချဉ်းကပ်မှု
 
ယူကရိန်းကျူးကျော်စစ်က နဂိုကတည်းက အကြောင်းအရာမခိုင်လုံတဲ့အပေါ်မှာ မူတည်ပြီးကျူးကျော် တိုက်ခိုက်ခဲ့တာဖြစ်လို့ ယဉ်ကျေးမှုမြင့်မားတဲ့ ယနေ့ကမ္ဘာမှာ ဒီလုပ်ရပ်က အရိုင်းအစိုင်းခေတ်က လက်နက်ရှိရင် အသာ ၊အားကြီးသူ အနိုင်ဆိုတဲ့ တောရိုင်းတိရစ္ဆာန် အယူဝါဒကို ပြန်လည်သွတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ဒီလို ရိုင်းစိုင်းပြီး အနိုင်ကျင့်ဗိုလ်ကျတဲ့ ရုရှားရဲ့လုပ်ရပ်ကို တစ်ကမ္ဘာလုံးက လက်မခံပါဘူး။ ရုရှားက အများနဲ့ တစ်ယောက်ဖြစ်လာလေလေ ယူကရိန်းမှာ သတ်ဖြတ်ပစ်ခတ်မှုဟာ ကန့်သတ်မှုဘောင်ကနေ လွတ်ထွက်ပြီး ထင်သလို သတ်ဖြတ်မှုတွေ ဆီထိဦးတည်လာနေခဲ့တာကို တွေ့ရပါတယ်။ ဒီအတွက် ဟန့်တားဖို့ ကမ္ဘာဟာ ယခုထိ မစွမ်းသာသေးပါဘူး။ နေ့စဉ် ယူကရိန်းမှာ ရုရှားတပ်တွေကြောင့် အရပ်သားတွေ သေဆုံးနေရသလို ယူကရိန်းအရပ်သားတွေနဲ့ ယူကရိန်းတပ် တွေက ကျူးကျော်လာတဲ့ ရုရှားတပ်တွေကို ကျားကုန်ကျားခဲ ခုခံနေတာကိုတွေ့ရပါတယ်။  
 
သံရေးတမန်ရေးဟာ ယူကရိန်းပြဿနာမှာ ဘာမှ ယခုထိ မစွမ်းသာသေးတာကို တွေ့ရပါတယ်။ ယခု အခါ ယူကရိန်းနဲ့ ရုရှားကြားဆွေးနွေးမှုထဲ ဂျူးနိုင်ငံတစ်ခုဖြစ်တဲ့ အစ္စရေးတောင် ပါလာပြီ ဖြစ်ပါတယ်။ အစောပိုင်း ဖေဖေါ်ဝါရီ မတိုင်ခင်က ပြင်သစ်သမ္မတ မက်ခရွန်၊ ဂျာမန်အဓိပတိ ရှုလ်ဇ်၊ဗြိတိန်ဝန်ကြီးချုပ် တို့ အစွမ်းကုန်ညှိနှိုင်းဖို့ ကြိုးစားခဲ့ပေမယ့် ဖေဖေါ်ဝါရီ ၂၄ ရုရှားက ကျူးကျော်မှုစတင်ခဲ့ချိန်မှာ ညှိနှိုင်းရေးလမ်းကြောင်းကို ပြင်သစ် ကလွဲပြီး အမေရိကန်၊ ဂျာမနီ၊ဗြိတိန်တို့က စွန့်လွှတ်ခဲ့ပါတယ်။ ဒီနောက်မှာ စစ်ပွဲက ကြာလာတာနဲ့ အမျှ၊ ကျယ် ပြန့်လာနိုင်တဲ့ သဘောတရားအရ ဒေသတွင်းနိုင်ငံတွေက စစ်မီးကူးဆက်လာနိုင်တဲ့ ဘေးကြောင့် သံတမန်ရေးရာအရ ညှိနှိုင်းအားထုတ်တဲ့ လမ်းကြောင်းထဲ ဝင်လာတာကိုတွေ့ရပါတယ်။ အထူးသဖြင့် တူရကီနဲ့ တရုတ် က နောက်ပိုင်းမှာ အရေးပါတဲ့ ညှိနှိုင်းရေးလမ်းကြောင်းပေါ် ရုရှားကို ကြိုးစားဆွဲတင်လာနေတာ ကိုတွေ့ရပါ တယ်။ ဒါပေမယ့် ပူတင်အဖို့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ကန့်သတ်မှုတွေကြောင့် အထိနာလေ ယူကရိန်းမှာ ပစ် ခတ် သတ်ဖြတ်မှုတွေက ပိုပြီး လက်ရဲဇက်ရဲဖြစ်လာလို့ အမေရိကန်သမ္မတဘိုင်ဒင်က ရုရှားအနေနဲ့ ဇီ၀လက်နက် သုံး နိုင်တဲ့ အခြေအနေအထိ ဖြစ်လာနိုင်တယ်ဆိုပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်က သတိပေးခဲ့တာပါ။ 
 
လက်ရှိမှာ ယူကရိန်းနဲ့ ရုရှားအကြားတွေ့ဆုံးဆွေးနွေးမှုက  ဘီလာရုစ်နယ်စပ်ကမြို့မှာ တွေ့တာ ၃ ကြိမ် ရှိပြီဖြစ်သလို အွန်လိုင်းကနေ တွေ့တာလည်းရှိနေပါတယ်။ တွေ့တဲ့အခါတိုင်း ရုရှားဘက်ကတောင်းဆိုချက်က တဘက်စောင်းနင်းဆန်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှုကို ထိခိုက်စေတဲ့ ညွှန်ကြားမှုတွေ ပါနေခဲ့ပါ တယ်။ ယူကရိန်းက ဆွေးနွေးတယ်ဆိုပေမယ့် မလိုက်လျောဘဲ ပယ်ချခဲ့ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးပါ လာတဲ့ သုံးကြိမ်မြောက် နှစ်ဘက်ကိုယ်စားလှယ်တွေ့ဆုံမှုအပြီးမှာ ယူကရိန်းဘက်က  ရုရှားဘက်က တောင်းဆိုမှု တွေက လက်တွေ့နဲ့ နည်းနည်းနီးကပ်လာပြီဆိုပါတယ်။ဘာကိုဆိုလိုသလဲဆိုတာ မသိရပေမယ့် ယူကရိန်းရဲ့ ခုခံမှုက ယနေ့ခေတ် နည်းပညာအားကိုးစစ်ပွဲတွေကို သမားရိုးကျစစ်ပွဲတွေက အသာရလာနေတာကို ရည်ညွှန်းနေသလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။
 
ဒီရက်ထဲမှာ ယူကရိန်းသမ္မတဇီလင်စကီးက အစ္စရေးလွှတ်တော်မှာ မိန့်ခွန်းပြောခဲ့သလို အမေရိကန်ကွန် ဂရက်မှာလည်းပြောခဲ့ပါတယ်။ အမေရိကန်ကွန်ဂရက်မှာ မိန့်ခွန်းပြောအပြီးမှာ အမေရိကန်ဘက် ယူကရိန်းကို စစ်လက်နက်ထောက်ပံ့မှုအပါအဝင် ဒေါ်လာသန်း ၈၀၀ အကူအညီပေးခဲ့ပါတယ်။ ဒါဟာ အရင်ကတိပေးထားတဲ့ သန်း ၂၀၀ အပါအဝင်ဆို ဒေါ်လာ တစ်ဘီလျံပါ။ အစ္စရေးလွှတ်တော်မှာဆိုရင် ယူကရိန်းကို ကျူးကျော်ခံရမှုကို ဒုတိယကမ္ဘာ့စစ် နာဇီတွေ ဂျူးတွေကို သတ်ဖြတ်တဲ့ အဖြစ်နဲ့နိုင်းယှဉ်ပြီး အစ္စရေးရဲ့ Iron Drome လေကာစနစ်ကို အကူအညီပေးဖို့ တောင်းခံခဲ့ပါတယ်။
 
ဒါကိုကြည့်ရင် အနောက်နိုင်ငံတွေကော ရုရှားပါ သံတမန်ရေးအရ ညှိနှိုင်းမှုလမ်းကြောင်းကို ယောင်ပြ သဘောသာ ထားပြီး ရုရှားကလည်း ယူကရိန်းကို သိမ်းယူနိုင်အောင်၊ ယူကရိန်းကလည်း ရုရှားကို မြို့တွင်း တိုက် ပွဲတွေနဲ့ အင်အားပြုန်းအောင်တိုက်ဖို့ နှစ်ဘက်စလုံးက စစ်လက်နက်အထောက်အပံ့ကို ရဖို့ ကြိုးစားနေကြတာကို တွေ့ရပါတယ်။ ဆိုရရင် ယူကရိန်းကို ကျူးကျော်နေတဲ့ ရုရှားတပ်တွေကို တားဖို့ သံတမန်ရေးအရ ကြိုးစားမှုက အလုပ်ဖြစ်ဖို့မမြင်ရပါဘူး။
 
နျူကလီးယားအသုံးပြုလာနိုင်မှု အခြေအနေ 
 
မကြာခင်ကထွက်ပေါ်လာနိုင်တဲ့ သတင်းတွေမှာ ရုရှား သူဌေးကြီးတွေ၊ ရုရှား နိုင်ငံရေးမှာ ဩဇာတက္ကမ ကြီးမားတဲ့ သူတွေက ပူတင်ကို တနည်းနည်းနဲ့ ဖယ်ရှားဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းကို ယူကရိန်းထောက် လှမ်းရေးက ဖော်ပြခဲ့တာကိုတွေ့ရပါတယ်။ ဒီသတင်းဘယ်လောက်ထိခိုင်မာမှုရှိသလဲဆိုတာ မသိရပေမယ့် သေ ချာတာကတော့ ယူကရိန်းမှာ စစ်မက်ကာလကြာရှည်လာတာနဲ အမျှ ပူတင်အတွက် အလားအလာမကောင်းတော့ ဘူးဆိုတာ သေချာနေတဲ့သဘောပါဘဲ။ ဒီယူဆချက်ကို ထပ်အတည်ပြုလိုက်တာက အစောပိုင်းမှာ ရုရှားက ယူက ရိန်းကို ဇီ၀လက်နက်တွေထုတ်ဖို့ အမေရိကန်အကူအညီနဲ့ လုပ်ဆောင်နေတယ်ဆိုပြီး စွပ်စွဲတာတွေ ၊ လုံခြုံရေး ကောင်စီမှာ ဖြေရှင်းခိုင်းတာတွေ ၊နောက်ပိုင်းမှာ အသံထက်မြန်တဲ့ ဒုံးကျည်တွေကို သုံးပြီး ပစ်တာတွေအထိ ဖြစ် နေတာကိုကြည့်မယ်ဆိုရင်  ပူတင်အနေနဲ့ ယူကရိန်းကိုကျူးကျော်တဲ့ စစ်ပွဲကို အမြန်လက်စဖြတ်ဖို့ ရည်ရွယ်နေ တာ၊ အလျင်လိုနေတာကို သိတထားမိနိုင်မှာ ဖြစ်ပါတယ်။ 
 
ဒါကြောင့်လည်း မတ်လ ၂၁ ရက်မှာ  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းမှာ ဓာတုလက်နက်နှင့် ဇီဝလက်နက်များ အသုံးပြုရန် ရုရှားဘက်က စဉ်းစားနေတာ “သိသာထင်ရှား”နေပြီး ရုရှားအနေဖြင့် ယင်းလက်နက်များ အသုံးပြုသည့် လမ်းကို ရွေးပါက အနောက်အုပ်စုဘက်မှ “အပြင်းအထန်” တုံ့ပြန်သွားရမယ်ဆိုပြီး ကြိုကာခဲ့ ပါတယ်။ ဘိုင်ဒင်အနေနဲ့ သူရဲ့ပိတ်ဆို့မှုဗျူဟာက ထိရောက်မှုရှိပြီး ရုရှားအလူးအလဲခံနေရတာကို သိထားပါတယ်။ ဒါကြောင့်လည်း  ခုချိန်မှာ ရွေးချယ်စရာ နည်းလမ်း အနည်းအကျဉ်းနဲ့အတူ ခက်ခဲတဲ့ အခြေအနေတစ်ခုမှာ ရှိနေ တယ်လို့ ပူတင်အခြေအ နေကိုပြောခဲ့ပြီး ရုရှားက အမေရိကန်ကို စွပ်စွဲနေတဲ့ အမေရိကန်က  ဥရောပနဲ့ ဓာတုနှင့် ဇီဝလက်နက်များ ထိန်းသိမ်းထားရှိတယ်ဆိုပြီး စွပ်စွဲခဲ့တာ ဒီအတွက်လို့ ရည်ညွှန်းခဲ့တာ ဖြစ်ပါတယ်။ 
 
လက်ရှိမှာ ရုရှားအနေနဲ့ စစ်ရေးအရတိုးတက်အောင် ကြိုးစားနေပေမယ့် ထင်သ လောက်မတိုးတက်လို့ မြို့တွေကို အမြှောက်တွေ မစ်ဆိုင်းတွေ ဒုံးကျည်တွေ ပစ်ပြီး မြို့ပျက်လုနီးပါး ပစ်နေပေမယ် မြေပြင်မှာ အကျအ ဆုံးက ရုရှားဘက်က ပိုကျနေတဲ့ အနေအထားတောင် ဖြစ်နေပါတယ်။ ဒါအပြင် ရုရှားထောက်လှမ်းရေးကပေးသလို ယူကရိန်းပြည်သူတွေက ရုရှားတပ်တွေကို မခုခံဘဲကြိုနေမယ်ဆိုတာဟာ ယခုချိန်မှာ အဖြေပေါ်နေပြီး မြေပြင်မှာ ထိန်းချုပ်ဖို့ ခက်ခဲနေတာကို တွေ့နေရပါတယ်။ ဒီအခြေ အနေမှာ ပထမဆုံးခြေလှမ်းအဖြစ် အရေးပါတဲ့ သူတို့ သိမ်းထားနိုင်ပြီလို့ ခဏခဏပြောနေတဲ့ ဆိပ်ကမ်းမြို့ မာရီပူလ်မြို့က ယူကရိန်းတပ်တွေကို လက်နက်ချ အညံ့ခံခိုင်းနေတာကို ကြည့်ရင် ရုရှားအနေနဲ့ ယူကရိန်းအညံ့ခံအောင် မြို့တစ်မြို့ကို နျူကလီးယားလက်နက် သုံးပြဖို့ အလားအလာများနေပါတယ်။ ဒီလိုသုံးဖြစ်လာခဲ့ရင် စစ်ပွဲဟာ တတိယကမ္ဘာစစ်အထိ ကျယ်ပြန်ဖို့ သေချာသွားတဲ့ အနေအထားကိုရောက်သွားမှာဖြစ်ပြီး ယူကရိန်းနဲ့ ရုရှားပတ်ဝန်းကျင်နိုင်ငံတွေအတွက်လည်း နောင်ဖြစ်လာနိုင်တဲ့ ရုရှားဘေးကြောင့် ယခုကတည်းကပဲ စစ်ထဲဝင်ရတော့မယ် အခြေအနေကိုဆိုက် ရောက် တော့ မှာ ဖြစ်ပါတယ်။  
 
ဒါကြောင့်လည်း ယူကရိန်း ကာကွယ်ရေးဝန်ကြီးက လန်ဒန်မှာ နဲ့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ် ယူကရိန်းမှာ စစ်ဆင်နေတဲ့  ပူတင်ကို မဟန့်တားရင်  ဥရောပတစ်ခုလုံးကို ဖျက်ဆီးနိုင်တယ်လို့ သတိပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အမေရိကန်သမ္မတက မတ် ၂၅ ရက်မှာ ပိုလန်ကို သွားရောက်ဖို့ရှိနေသလို အမေရိကန်ကာကွယ် ရေးဝန်ကြီးကလည်း ယူကရိန်းနယ်စပ်ပတ်လည်က နိုင်ငံတွေမှာ ရောက်နေပါတယ်။ 
 
ရုရှားသမ္မတပူတင်က မတ် ၁၈ ရက်က ကျင်းပတဲ့ ခရိုင်မီးယားဒေသကို သိမ်းပိုက်ခြင်း ၈နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားမှာ စကားတစ်ခွန်းပြောခဲ့ပါတယ်။ ဒါက သူကိုအော်ဟစ်အားပေးနေသော ထောက်ခံနေသူတွေကို  ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး “အစီအစဉ်များအားလုံး အကောင်အထည် ဖော်မည်” ဖြစ်ကြောင်း ပြောကြားခဲ့ တာပါ။ 
 
အမေရိကန်ကလည်း ရုရှားဘက်က နေတိုးအဖွဲ့ဝင်နိုင်ငံဘက်ကို တိုက်ခိုက်လာတာနဲ့ အသင့်ပြင်ထားပါတယ်။ လက်ရှိမှာလည်း ယူကရိန်းကို စိတ်ပိုင်းဆိုင်ရာရော၊ လက် နက်စတဲ့ ရုပ်ပိုင်းဆိုင်ရာမှာ ထောက်ပံ့ပေးနေတဲ့အတွက် ဒီစစ်က ဖြစ်ရိုးဖြစ်စဉ်အတိုင်းဆို ကြာရှည်ဖို့သေချာနေတဲ့အတွက် ပူတင်ဘာဆက်လုပ်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ နျူကလီးယားစစ်ဆိုတာ ကျနော်တို့ ခေတ်မှာ မြင်ရဖို့ အလားအလာ များနေပြီလားဆိုတာ နောက်ရက်တွေကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 
 
မင်းထက်