【တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】ကမ္ဘာ့ပါဝါအခင်းအကျင်းမှာ ဘေးရောက်သွားတဲ့ ရုရှား

【တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】ကမ္ဘာ့ပါဝါအခင်းအကျင်းမှာ ဘေးရောက်သွားတဲ့ ရုရှား

ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ နိုင်ငံတကာသတင်းတွေကိုကြည့်မယ်ဆိုရင် ကမ္ဘာ့ပါဝါအခင်းအကျင်းက ပြောင်း လဲနေတာကို သိသိသာသာတွေ့ခဲ့ရမှာဖြစ်ပါတယ်။ ဒီဆယ်ရက်အတွင်း အာဆီယံဒေသမှာ အရေးပါတဲ့ အစည်းအ ဝေး ၃ ခုဆက်တိုက်ဆိုသလို ကျင်းပခဲ့ပါတယ်။ ကမ္ဘောဒီးယားက ဖနွမ်းပင်မှာ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး တစ်ဆက်တည်းဆိုသလို အရှေ့အာရှအစည်းအဝေးကိုကျင်းပခဲ့ပါတယ်။ အဲဒီအစာ်းအဝေးကို အမေရိ ကန်သမ္မတဘိုင်ဒင်တက်ရောက်ခဲ့သလို တရုတ်ဘက်က ဝန်ကြီးချုပ် လီခချန်တက်ရောက်ခဲ့ပါတယ်။ ရုရှားဘက် က သမ္မတပူတင်တက်ရောက်ရမှာဖြစ်ပေမယ့် နိုင်ငံခြားရေးဝန်ကြီး လာဗက်ဗရော့ဘဲ တက်ရောက်ခဲ့ပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးအပြီး ရက်ပိုင်းမှာဘဲ  အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ G-20 ထိပ်သီးအ စည်းအဝေးကို ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးကို ကမ္ဘာ့တလွှားက စီးပွားရေးအင်အားကြီးနိုင်ငံတွေတက် ရောက်ခဲ့ရာမှာ အမေရိကန်ဘက်က သမ္မတဘိုင်ဒင်တက်ရောက်ခဲ့သလို တရုတ်ဘက်က သမ္မတရှီကျင့်ဖျင်တက် ရောက်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ ကမ္ဘာ့အခင်းအကျင်းတွေ အတော်လေးပြောင်းစေတဲ့ တွေ့ဆုံဆွေးနွေးမှု တွေ ဖြစ်ခဲ့ပါတယ်။ G-20 အစည်းအဝေးအပြီး ထိုင်းနိုင်ငံဗန်ကောက်မှာ အေပက်အစည်းအဝေးဆက်ကျင်းပခဲ့ပါ တယ်။ ဒီအစည်းအဝေးမတိုင်ခင်မှာ တရုတ်သမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ်တွေ့ခဲ့သလို အမေရိကန်ဒု-သမ္မတနဲ့ တရုတ် သမ္မတတွေ့ဆုံမှုတွေကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ အာရှ-အရှေ့ဖျားရဲ့ တင်းမာမှုတွေ လျော့ကျလာမယ့် အနေအ ထားကိုမြင်လာရပါတယ်။   

ဒီတစ်ပတ်မှာ အာရှဒေသနဲ့ ကမ္ဘာ့တစ်လွှားသတိထားမိတဲ့ သတင်းအချို့လည်းရှိခဲ့ပါတယ်။ မလေးရှားမှာ ရွေးကောက်ပွဲကျင်းပရာမှာ ဘယ်ပါတီမှ ပြတ်ပြတ်သားသားအနိုင်မရခဲ့လို့ မလေးရှားနိုင်ငံရေးမှာ ညွှန်ပေါင်းပါတီ တွေ အစိုးရဖွဲ့ဖို့ အလားအလာ အလွန်များသွားပြီ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ သက်တော်ရှည်မလေးရှား ဝန်ကြီးချုပ်ဟောင်းမဟာသီယာ ရှုံးနိမ့်ခဲ့တာလည်း ထူးခြားတဲ့ သတင်းတစ်ခုဖြစ်ခဲ့ပါတယ်။ အမေရိကန်ကြားဖြတ် ရွေးကောက်ပွဲမှာ အောက်လွတ်တော်မှာ ရီပတ်ဘလီကင်တွေက ပွတ်ကာသီကာအများစုနေရာရခဲ့လို့ ဒီမိုကရက် တစ်အောက်လွှတ်တော်အမတ်ဥက္ကဋ္ဌ နန်စီပယ်လိုစီနေရာကနေ ဖယ်ပေးခဲ့ရတာလည်း ထူးခြားတဲ့ သတင်းတစ် ပုဒ်ပါဘဲ။

ဗြိတိန်ဝန်ကြီးချုပ်အဖြစ်ရွေးကောက်ခံရတဲ့ ဆူနပ်ခ်ဟာ သူရဲ့ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ယူကရိန်း နိုင်ငံကို ရုတ်တရက် သွားရောက်ခဲ့ပြီး အဲဒီခရီးစဉ်မှာ ရုရှားဒုံးကျည်ဒဏ်ခံနေရတဲ့ ယူကရိန်းကို လေယာဉ်ပစ်အ မြောက်တွေ ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ထောက်ပံ့ဖို့ ကတိပြုခဲ့တာကိုတွေ့ရပါတယ်။ အမေရိကန် သမ္မတဟောင်းဒေါ်နယ်ထရမ့်က လာမယ့် ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ထုတ်ပြန်ပြီး နောက် မှာ သမ္မတအဖြစ်က အနားယူချိန်မှာ အစိုးရထိပ်တန်းလျှို့ဝှက်ချက်တွေ ကိုယ်တွယ်ပုံနဲ့ပတ်သက်ပြီး ရာဇဝတ်မှု မြောက်မမြောက်စစ်ရေးဖို့စုံစမ်းရေးမှူးခန့်ခဲ့တာ၊ကျင်းပနေတဲ့ ကာတာကမ္ဘာ့ဖလားပွဲမှာ အရက်ရောင်းချခွင့် ပိတ်လိုက်တာ၊ G-20 အစည်းအဝေးကျင်းပနေစဉ်အတွင်း ရုရှားဘက်ကပစ်လွှတ်တဲ့ ဒုံးကျည်တစ်စင်း ယူကရိန်း ဘက်ကျခဲ့လို့ G-20 အစည်းအဝေးတက်နေတဲ့ နေတိုးအဖွဲ့ဝင်တွေ အားချင်းအစည်းအဝေးလုပ်ခဲ့ရတာ၊ အေပက် အစည်းအဝေးကျင်းပနေစဉ် မြောက်ကိုရီးယားက ဂျပန်ပင်လယ်ပြင်စီးပွားရေးဇုန်ထဲ ဒုံးကျည်ပစ်လွှတ်ခဲ့လို့ အမေ ရိကန်၊ဂျပန်၊တောင်ကိုရီးယား၊ ဩစတြေးလျ၊နယူးဇီလန်နဲ့ ကနေဒါခေါင်းဆောင်တွေအားချင်းအစည်းအဝေး လုပ် ခဲ့ရတာစတဲ့ သတင်းတွေ ဖြစ်ခဲ့တာရှိပါတယ်။

G-20 အစည်းအဝေးနဲ့ တင်းမာမှုဖြေလျော့ချိန်

ဒီတစ်ပတ် စိတ်ဝင်စားစရာကောင်းခဲ့တာက အာရှဒေသမှာ လုပ်ခဲ့တဲ့ ဒေသတွင်းနဲ့ ကမ္ဘာ့အဆင့်အစည်း အဝေးတွေမှာ တရုတ်နဲ့ အမေရိကန်အကြား တိုက်ရိုက်ဆက်သွယ်မှုလမ်းပေါက်ခဲ့ပြီး နှစ်နိုင်ငံအကြားတင်းမာမှု လျော့ကျ လာတဲ့အရိပ်ယောင်တွေ ပေါ်ထွက်လာသလို အလားအလာကောင်းတွေမြင်လာရတာပဲ ဖြစ်ပါတယ်။ G-20 အစည်းအဝေးကို နိုဝင်ဘာ ၁၅ ရက်မှာ ကျင်းပမှာ ဖြစ်ပေမယ့် အစောပိုင်းက သတင်းထွက်နေသလို အစည်း အဝေးမစခင် နိုဝင်ဘာ ၁၄ ရက်မှာ  တရုတ် သမ္မတရှီကျင့်ဖျင်နှင့်အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ တွေ့ဆုံဆွေး နွေးခဲ့ကြပါတယ်။ သုံးနာရီကြာတဲ့ အဲဒီအစည်းအဝေးမှာ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် အရေးပါတဲ့ ကိစ္စ ရပ်တွေ၊ ကမ္ဘာလုံးဆိုင်ရာနဲ့ဒေသတွင်းဆိုင်ရာပြဿနာတွေကို သမ္မတနှစ်ဦး ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး  အမြင် ချင်းဖလှယ်ခဲ့ကြတယ်ဆိုပါတယ်။

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အစည်းအဝေးအပြီး အမေရိကန်သမ္မတဘိုင်ဒင်ရဲ့ သတင်းစာရှင်းလင်းပွဲ ပြော ကြားမှုမှာတော့ ဘိုင်ဒင်က တရုတ်နှင့်ပတ်သက်ရင် အကြီးအကျယ်ယှဉ်ပြိုင်မှာဖြစ်ပေမယ့် ပဋိပက္ခမဖြစ်ရန် ကြိုး စားနေတယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှ စစ်အေးတိုက်ပွဲအသစ်ကို မရှာဖွေဘဲ၊ ထိုင်ဝမ် လွတ် လပ်ရေးကိုလည်း မထောက်ခံကြောင်း၊ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အမေရိကန်မှ ထောက်ခံပြီး၊ တရုတ် နိုင်ငံ ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုရပ်တန့်ရန် (သို့မဟုတ်) ထိန်းချုပ်ရန် ရည်ရွယ်ချက်မရှိပါကြောင်း" ပြောခဲ့တယ် ဆိုပါတယ်။

ယူကရိန်းစစ်မှာ ရုရှားရဲ့ နူကလီးယားသုံးနိုင်ခြေနှင့် ပတ်သက်ပြီး တရုတ်သမ္မတနဲ့ ဆွေးနွေးခဲ့ရာမှာ နျူက လီးယား လက်နက်အသုံးမပြုရေး ဘုံသဘောတူညီချက်ကို ထပ်မံအတည်ပြုကြောင်း ဘိုင်ဒင်က ပြောခဲ့ ပါတယ်။ တရုတ်ဘက်က ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်မှာတော့ ထိုင်ဝမ်ပြဿနာကို အဓိက ဇောင်းတင်ပြော ခဲ့ပြီး ထိုင်ဝမ်ပြဿနာဟာ တရုတ်ရဲ့ အဓိကအကျိုးစီးပွားဖြစ်ကြောင်းပြောခဲ့ပြီး  တရုတ်-အမေရိကန်ဆက်ဆံရေး အခြေခံဖြစ်လို့ မချိုးဖောက်ရမည့် ပထမဆုံး အနီရောင်စည်းဖြစ်ကြောင်း ပြောခဲ့တယ်ဆိုပါတယ်။

ဒါ့အပြင် တရုတ်-အမေရိကန်ဆက်ဆံရေးမှာ  တစ်ယောက်က နိုင်ပြီး တစ်ယောက်က ရှုံးတဲ့ ဆက်ဆံရေး မဖြစ်သင့်ကြောင်း ပြောခဲ့တယ်ဆိုပါတယ်။  ရှီက ဘိုင်ဒင်ကို မှန်ကန်သော လမ်းကြောင်းရှာပြီး တရုတ်အမေရိကန် ဆက်ဆံရေး မြှင့်တင်ဖို့  လုပ်ဆောင်ရန် တောင်းဆိုခဲ့တယ်ဆိုပါတယ်။

G-20 အစည်းအဝေးမစခင် တရုတ်နဲ့ အမေရိကန်အကြား ဒီလိုတွေ့ဆုံခဲ့တဲ့ အတွက် G-20 အစည်းအ ဝေး က စီးပွားရေးထက် လက်ရှိကမ္ဘာ့အခင်းအကျင်းကို သက်ရောက်မှုများလာနိုင်လို့ စိတ်ဝင်စားမှု ပိုလာခဲ့ပါတယ်။ G-20 အစည်းအဝေးနှစ်ရက်တာ ကာလမှာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဘိုင်ဒင်တို့ဟာ တက်ရောက်လာတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ G-20 အစည်းအဝေး ပထမရက်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ကအဆိုပြုချက် ၃ ခုတင်ပြခဲ့ကာ ပိုမိုအများအကျုံးဝင် အကြွင်းမဲ့ အကျိုး ပြုကာ ခံနိုင်ရည်ရှိသော ကမ္ဘာ့တိုးတက်မှုကို အားပေးရန်လိုကြောင်းပြောခဲ့ ပါတယ်။ ဒီအဆိုပြုချက်မှာ စားနပ် ရိက္ခာနဲ့ စွမ်းအင်ကိစ္စတွေကို နိုင်ငံရေးမှာ အသုံးချတာ၊ လက်နက်ကိရိယာအဖြစ် အသုံးချ တာကို ကျနော်တို့ ပြတ် ပြတ်သားသားဆန့်ကျင်ရန်၊ တဘက်သတ်အရေးယူပိတ်ဆို့ခြင်းကို ဖယ်ရှားရန်၊ သက်ဆိုင်ရာ သိပ္ပံနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် ကန့်သတ်ချက်ကို ရုတ်သိမ်းရန်ကိုပြောခဲ့ပါတယ်။

တရုတ်သမ္မတဘက်ကတင်ပြခဲ့တာတွေ G-20 အစည်းအဝေးထုတ်ပြန်ချက်မှာ ပါလာတာကိုတွေ့ရပါ တယ်။ G-20 အစည်းအဝေးကျင်းပနေစဉ်မှာဘဲ ယူကရိန်းမြို့ကြီးတွေကို အရှိန်မြှင့်တိုက်ခိုက်နေတဲ့ ရုရှားမစ်ဇိုင်း တွေ က ပိုလန်နယ်စပ်မြို့ကိုကျရောက်ပေါက်ကွဲခဲ့လို့ လူနှစ်ဦးသေဆုံးခဲ့ပါတယ်။ ဒီကျရောက်ပေါက်ကွဲမှုဟာ ပိုလန်ကို ရုရှားက မတော်တဆလားရည်ရွယ်တိုက်ခိုက်တာလားဆိုပြီးမေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။ G-20 အစည်းအဝေးကျင်းပနေစဉ်အတွင်း ဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် အစည်းအဝေးတက်နေတဲ့ နေတိုးအဖွဲ့ဝင်တွေ အားချင်းအစည်းအဝေးခေါ်ယူခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ်လည်း ဒီပစ်ခတ်မှုက ဆိုဗီယက်ခေတ်လက် နက်ဖြစ်ပေမယ့် တမင်ရည်ရွယ်ပစ်ခတ်တာမဖြစ်နိုင်ဘူးဆိုပြီးကောက်ချက်ချခဲ့ကြပါတယ်။

တကယ်ရည်ရွယ်ပြီးသာ ပစ်ခတ်ခဲ့တယ်ဆိုရင် ဒါဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုကိုတိုက်ခိုက်တာ ဖြစ်လို့ နေတိုးနဲ့ ရုရှားအကြား စစ်ပွဲဖြစ်မယ် အနေအထားပါ။ ဒီအတွက် ရုရှားကလည်း သူလက်ချက်မဟုတ်ဘူးဆိုပြီး ထုံးစံအတိုင်း ငြင်းချက်ထုတ်ပြန်ခဲ့ပါတယ်။ အစည်းအဝေးအပြီးထုတ်ပြချက်မှာတော့ G20 စီးပွားအင်အားကြီး နိုင်ငံများခေါင်းဆောင်တွေက ယူကရိန်းမှာဖြစ်တဲ့ ရုရှားကျူးကျော်စစ်ကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး ရုရှားတပ်တွေ ခြွင်းချက်မရှိ ပြန်ရုပ်ဖို့ နှစ်ရက်ကြာ G20 ထိပ်သီးညီလာခံအပြီး ကြေညာချက်ထဲ တောင်းဆို ခဲ့ပါတယ်။ဒါအပြင် ကမ္ဘာ့ငွေကြေးစနစ်တည်ငြိမ်ရေးအတွက် ကမ္ဘာ့နိုင်ငံကြီးတွေအနေနဲ့ အတိုးနှုန်းမြှင့် တင် မှုကို သတိကြီးကြီးထားဆောင်ရွက်ဖို့ သဘောတူခဲ့ကြသလို ကမာ့္ဘဥတုရာသီဖောက်ပြန်မှု ထိန်းသိမ်း ရေး ဆောင်ရွက်ဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်။

ရုရှား-ယူကရိန်းအရေးမှာ တရုတ်နိုင်ငံအနေနဲ့ အဓိက ကြားဝင်ညှိနှိုင်းပေးဖို့ မျှော်လင့်ထားတယ် ဆို ပြီး ပြင်သစ်သမ္မတက ပြောခဲ့ပါတယ်။ ရုရှားသမ္မတပူတင်အစား ရုရှားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးလာဗက်ဗရော့က G20 အစည်းအဝေးကို နိုင်ငံရေးအရ သက်သက်အသုံးချ တယ်ဆို ပြီး ထုတ်ပြန်ချက်ကို ဝေဖန်ရှုတ်ချခဲ့တာကိုလည်းတွေ့ရပါတယ်။

အေပက်အခင်းအကျင်းသစ်

ဒီအစည်းအဝေးမှာ တရုတ်သမ္မတနဲ့ ကနေဒါဝန်ကြီးချုပ်တွေ့ဆုံမှုကလည်း နိုင်ငံတကာအတွက် စိတ် ဝင် စားစရာဖြစ်ခဲ့ပါတယ်။ G-20 အစည်းအဝေးအပြီး ထိုင်းမှာ ကျင်းပတဲ့ အေပက်အစည်းအဝေးကိုတော့ အဖွဲ့၀င် ၂၁ နိုင်ငံတက်ရောက်ခဲ့ပြီး တရုတ်ဘက်က သမ္မတရှီကျင့်ဖျင်၊ အမေရိကန်ဘက်က သမ္မတဘိုင်ဒင်အစား ဒု-သမ္မတကာမလာဟားရစ်စ် ၊ ဂျပန်ဝန်ကြီးချုပ်ဖူမီယို ကီရှီဒါ ၊ သြစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘနိစ်၊ ရုရှားဘက်က ဒုတိယဝန်ကြီးချုပ်-၁ အန် ဒရေဘယ်လူ ဆော့ဗ် တို့ တက်ရောက်ခဲ့ပါတယ်။

ဒီအစည်းအဝေးမှာလည်း တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ဂျပန်ဝန်ကြီးချုပ် ဖူမိအို ကီရှီဒါနဲ့ ထိပ်သီးအစည်း အဝေး ပြင်ပဘေးဆွယ်အဖြစ် အေပက် အစည်းအဝေးမစမီ နိုဝင်ဘာ ၁၇ ရက်မှာတွေ့ခဲ့ပါတယ်။ ဒါဟာ အရှေ့အာ ရှ အင်အားကြီးနိုင်ငံနှစ်ခုကြားတွေ့ဆုံမှုဖြစ်လို့ သတိထားမိစရာဖြစ်ခဲ့ပါတယ်။ သုံးနှစ်နီးပါးအတွင်း ပထမဆုံးသော နှစ်နိုင်ငံခေါင်းဆောင်များအဆင့် ရှားရှားပါးပါး ထိပ်သီးတွေ့ဆုံမှုဖြစ်သလို အာရှအရှေ့ဖျားဒေသတွင်း နားလည်မှု တည်ဆောက်နိုင်ခဲ့ပြီး ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးအတွက် စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုနိုင်ခဲ့ ကြ ပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်များအကြား တည်ငြိမ်ပြီး အပြုသဘောဆောင်တဲ့ နှစ်နိုင်ငံဆက်ဆံရေးကို တည် ဆောက်ရန် သဘောတူညီခဲ့ကြတာကိုတွေ့ရပါတယ်။

အေပက်အစည်းအဝေးကာလမှာ မြောက်ကိုရီးယားက ဂျပန်ပင်လယ်ထဲကို IBM ဒုံးကျည်ပစ်လွှတ်ခဲ့တဲ့ အ တွက် အမေရိကန်၊ဂျပန်၊တောင်ကိုရီးယား၊ ဩစတြေးလျ၊နယူးဇီလန်နဲ့ ကနေဒါခေါင်းဆောင်တွေ အားချင်းအ စည်း အဝေး လုပ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီအေပက်အစည်းအဝေးမှာလည်း တရုတ်သမ္မတနဲ့ အမေရိကန်ဒု-သမ္မတတို့ တွေ့ခဲ့တာရှိခဲ့ပါတယ်။  

ကျင်းပပြီးစီးခဲ့တဲ့ အစည်းအဝေးအခင်းအကျင်းကိုကြည့်မယ်ဆိုရင် အာရှ-ပစိဖိတ်ဒေသမှာ ပြိုင်ဘက်ဖြစ် နေ တဲ့ အမေရိကန်နဲ့ တရုတ်အကြား တင်းမာမှုကို နှစ်ဘက်လုံးက လျော့ချဖို့ ကြိုးစားနေတာကို တွေ့ရသလို ဒီ တစ်ပတ်မှာ ကျင်းပမယ့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို နှစ်ဘက်စလုံးက ကာကွယ်ရေးဝန် ကြီးတွေ တက်ဖို့ ရှိနေပါတယ်။ ဒါဟာ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပယ်လိုစီ ထိုင်ဝမ်ကို သွားပြီး နောက်ဖြစ်ခဲ့တဲ့ ဆက်ဆံရေးပျက်ပြားမှုက ပြန်ကောင်းမွန်လာမှုအဖြစ် မျှော်လင့်လို့ရတဲ့ အနေအထားပါဘဲ။ ဒီအ ခင်းအကျင်းသစ်ကြောင့် ရုရှားရဲ့ အနေအထားက တရုတ်နောက်ကို ရောက်မှန်းမသိရောက်သွားတာကို တွေ့ရပါ တယ်။

ဒီတစ်ပတ်မှာ ယူကရိန်းစစ်ပွဲပြင်းထန်လာတာမှန်ပေမယ့်‌ မြေပြင်စစ်ပွဲမှာ ယူကရိန်းထိုးစစ်ကို ရုရှားက ဆုတ်ပေးနေရတာဖြစ်ပြီး ရုရှားက ယူကရိန်းပြည်သူတွေ ပြင်းထန်တဲ့ ဆောင်းရာသီမှာ ထိခိုက်သေကြေအောင် ယူကရိန်း စွမ်းအင်အဆောက်အဦးတွေနဲ့ အရပ်သားနေထိုင်ရာ မြို့ပြတွေကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတာပဲ ရှိပါတယ်။ ဒီအခြေအနေမှာ စစ်ပွဲကိုမကျယ်ပြန့်လာအောင်နိုင်ငံတကာက ကြိုးစားနေသလို တရုတ်ရဲ့ကြားဝင်မှုကို လည်း နိုင်ငံတကာက ထုတ်ပြောလာနေပြီဖြစ်လို့ ဒီအခင်းအကျင်းမှာ ဖြစ်လာတဲ့ နေရာလွတ်ကို တရုတ်က ယူနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

မင်းထက်