【 ဆောင်းပါး 】ခက်ခဲစွာလှမ်းရမယ့် မြန်မာ့ဒီမိုကရေစီလမ်း

【 ဆောင်းပါး 】ခက်ခဲစွာလှမ်းရမယ့် မြန်မာ့ဒီမိုကရေစီလမ်း

မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအရေးဟာ ၂၀၀၈ခုနှစ်မှာ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာ မူတည်နေပါတယ်။ ဒီဥပဒေကပြဋ္ဌာန်းထားတဲ့အထဲမှာ အဓိကအချက်တွေမပြင်ဆင်နိုင်သမျှ ဒီမိုကရေစီစနစ် ကိုဖော်ဆောင်နိုင်မယ့်အခြေအနေကို တားဆီးနေပါလိမ့်မယ်။အဲဒီဒီမိုကရေစီလမ်းကိုတားဆီးထားမှုတွေကို မဟာဗျူဟာမြောက်အစီအစဉ်တွေကို စနစ်တကျ ရေးဆွဲပြီး ဖယ်ရှားနိုင်ရပါလိမ့်မယ်။
အခုအခြေအနေမှာ အဓိကထားရမှာက အရပ်ဘက်နဲ့စစ်ဘက် ပိုပြီးနီးစပ်လာနိုင်ရေး ဖြစ်ပါတယ်။ အာဏာရ အရပ်ဘက် ဒီမိုကရေစီအစိုးရအနေနဲ့ သင်ပုန်းချေရေးမူကို သေသေချာချာစွဲကိုင်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး အောင်မြင်အောင် ကြိုးစားနိုင်ဖို့ လိုအပ်နေပါပြီ။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စေ့မရနိုင်သေးတဲ့ ရင်ကြားစေ့ရေးကို သေသေချာချာစဉ်းစားပြီး မလွဲချော်နိုင်အောင် လုပ်ကိုင်တတ် ရပါလိမ့်မယ်။
ကျွန်တော်တို့နိုင်ငံအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်မယ်ဆိုရင် ကွဲပြားနေတဲ့ အဘက်ဘက်က ရင်ကြားအကွဲတွေကို ပြန်စေ့ဖို့လိုပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ဟာ လူမျိုးစုများပြားစွာ နေထိုင်တဲ့ တိုင်းပြည်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာအောင် တည်ဆောက်နိုင်ဖို့ ရည်ရွယ်ထားခဲ့ကြတာပါ။ ၂၀၁၀ ခုနှစ် ပထမအကြိမ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲပြီးသွားကတည်းက ရည်ရွယ်ကြိုးစားခဲ့ကြပါတယ်။ အခုဆိုရင်တတိယအကြိမ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးကိုလည်း အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။
ဒီအခြေအနေရောက်လာတဲ့အချိန်မှာ ရင်ကြားအကွဲတွေ များစွာရှိနေပေမယ့် အရေးကြီးလာတာက စစ်ဘက်(မြန်မာ့တပ်မတော်)နဲ့ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ရဲ့ သဘောထားကွဲနေမှု ဖြစ်ပါတယ်။ ၂၀၂၀ခုနှစ်က ကျင်းပခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာတွေကြောင့် ဖြစ်ပါတယ်။
အဲဒီပြဿနာတွေကို စစ်ဘက်(တပ်မတော်)ခေါင်းဆောင်တွေနဲ့ အနိုင်ရ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ခေါင်းဆောင်တွေ တွေ့ဆုံအဖြေရှာပြီး ဘယ်လိုရှေ့ဆက် လုပ်ဆောင်ကြမယ်ဆိုတာကို ညှိနှိုင်းကြရပါလိမ့်မယ်။ ရွေးကောက်ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ အမှန်အမှားတွေကို နှစ်ဘက်အဖြေရှာပြီး ရရှိလာတဲ့အခြေအနေအပေါ်မှာ  အလျှော့အတင်းလုပ်ပေးနိုင်မှ ပြေလည်ပါလိမ့်မယ်။ အဲဒီလိုသဘောထားမတူညီမှုတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှသာ ရှေ့ဆက်လျှောက်လှမ်းနိုင်ပါလိမ့်မယ်။
ဘယ်အစိုးရပဲတက်တက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလမ်းကို ဆက်လျှောက်လှမ်းရမှာပါ။ တိုင်းပြည်တစ်ပြည်ဟာ စစ်အစိုးရလက်အောက်ကနေ လွတ်မြောက်လာခဲ့ရင် ဘယ်လိုနိုင်ငံရေး စနစ်နဲ့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်မလဲဆိုတာ
မူချပြီးဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ဟာလူမျိုး ပေါင်းစုံနေထိုင်ကြတဲ့တိုင်းပြည်တစ်ခုဖြစ်ပါတယ်။၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း၊ အခန်း (၁) နိုင်ငံတော်အခြေခံမူများ။ အပိုဒ်(၇) နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့် သုံးသည်။ အပိုဒ်(၈)နိုင်ငံတော်ကိုပြည်ထောင်စုစနစ်ဖြင့်ဖွဲ့စည်း တည်ဆောက်သည်လို့ ပြဋ္ဌာန်းထား ခဲ့ပါ တယ်။
တိုင်းပြည်တစ်ပြည်မှာ ဘယ်လမ်းကိုဘယ်စနစ်နဲ့တည်ဆောက်တည်ဆောက်၊ ဘယ်လမ်းကိုပဲ လျှောက်လှမ်း လျှောက်လှမ်း ပြည်သူတွေညီညွတ်မှ ဦးတည်ရာကိုရောက်နိုင်မှာပါ။ ပြည်သူတွေဆိုတဲ့ နေရာမှာ လူမျိုးတစ်မျိုးထဲသာ အဓိကစုစည်းနေထိုင်ကြတဲ့ တိုင်းပြည်ထက်ကျွန်တော်တို့နိုင်ငံလို တိုင်းရင်းသားလူမျိုးစုတွေကွဲပြားနေတဲ့တိုင်းပြည်အနေနဲ့ပိုအရေးပါနေပါတယ်။မြန်မာနိုင်ငံအတွင်းပြည်မနဲ့တောင် တန်းဒေသမှာနေထိုင်နေကြတဲ့တိုင်းရင်းသားပြည်သူတွေအားလုံးစုစည်းညီညွတ်နိုင်ဖို့လိုပါတယ်။
ပြောရမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံဟာတိုင်းရင်းသားလူမျိုးစုတွေစုပေါင်းဖွဲ့စည်းထားတဲ့ပြည်ထောင်စုနိုင်ငံပါ။ နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ် လက်အောက်ကနေ ရုန်းထွက်လာပြီး အခုမှ ဒီမိုကရေစီစနစ်နဲ့ ပြည်ထောင်စုကြီးတစ်ခု ပေါ်ပေါက်လာနိုင်အောင် ကြိုးစားတည်ဆောက်နေရတဲ့ အချိန်ပါ။
အခုအချိန်မှာ ဒီမိုကရေစီစနစ်နဲ့ ပြည်ထောင်စုကြီးတစ်ခုကို ပြန်တည်ဆောက်ဖို့ ရည်ရွယ်ခဲ့ပြီး ကြိုးစားခဲ့ကြတာ ဆယ်နှစ်လောက်ရှိနေပါပြီ။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို အခုတတိယအကြိမ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကဆက်လက်အကောင်အထည်ဖော်ရမယ့်တာဝန် ရှိနေပါပြီ။ ဒီတာဝန်ကြီးကို အခက်အခဲပေါင်းများစွာထဲက ကျော်ဖြတ်နိုင်မယ်လို့ ထင်ပါတယ်။ ဒီအခက်အခဲကိုကျော်ဖြတ်နိုင်မှ ရှေ့ဆက်ပြီး ဒီမိုကရေစီစနစ်ကျတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေး လမ်းစပေါ်ရောက်ရှိလာမှာဖြစ်ပါတယ်။ဒီမိုကရေစီစနစ်ကျတဲ့ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက်လမ်းစကို ပင်မရောက်ခဲ့ကြသေးပါဘူး။                                                                                                                                                                                     
ဒီမိုကရေစီစနစ်နဲ့ပြည်ထောင်စုတည်ဆောက်နေတဲ့နေရာမှာ ယေဘုယျအခြေခံလေးချက်နဲ့အဆင့် ဆင့်သွားရမှာပါ။
 
ဒီအချက်လေးချက်ကတော့ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ပြည်ထောင်စုနိုင်ငံသစ် တည်ဆောက်ရေးဆိုတဲ့အချက်တွေပါ။ ပထမဦးဆုံး အမျိုးသားညီညွတ်ရေးကစပြီး တည်ဆောက်ရပါမယ်။
အမျိုးသားညီညွတ်ရေး(သို့မဟုတ်)အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့နေရာမှာကျွန်တော်တို့နိုင်ငံအတွက်ကွဲပြားနေတဲ့လူမျိုးစုတွေတစ်ခုတည်းသော ဦးတည်ချက်ကိုအဓိကထားပြီးညီညွတ်ရမှာပါ။ တိုင်းရင်းသားအားလုံး ညီညွတ်နိုင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အလွန်အရေးကြီးပါတယ်။ တိုင်းရင်းသားတွေ အနေနဲ့လည်းယုံကြည်ချက်တွေ၊ရပ်တည်ချက်တွေ၊ အယူဝါဒတွေ အမျိုးမျိုးကွဲပြားနေခဲ့ပါတယ်။ ဒီယုံကြည်ချက်တွေ အယူဝါဒတွေအတိုင်း ရပ်တည်ပြီး တိုင်းပြည်ကို တော်လှန်ရေးဆင်နွဲနေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအဖြစ် ကွဲပြားပြီးပေါ်လာခဲ့ကြရပါတယ်။ ပါလီမန်ဒီမိုကရေစီခေတ်ကနေစပြီး စစ်အာဏာရှင်ခေတ်တွေအထိ တိုင်းရင်းသားလူမျိုးစုတွေ လက်နက်ကိုင်တော်လှန်တိုက်ပွဲဆင်နွဲခဲ့ကြတာဆိုရင် အခုအချိန်မှာ နှစ်ပေါင်းခုနှစ်ဆယ်လောက်ရှိနေပါပြီ။ မြန်မာပြည်မှာပြည်တွင်းစစ်မီး တောက်လောင်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။
ဒီလိုပြည်ထောင်စုကြီးကို ပြန်တည်ဆောက်ဖို့ စောစောကပြောခဲ့သလို ပထမဦးဆုံးညီညွတ်ရေးကို စတင်အကောင်အထည်ဖော်ရမှာပါ။ အမျိုးသားညီညွတ်ရေး (သို့မဟုတ်) အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မြန်မာပြည်မှာနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေနဲ့ဦးစွာ ညှိနှိုင်းရမှာပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ နေရာမှာလည်း အခုအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရင်ကြားစေ့ရေးနဲ့သင်ပုန်းချေရေးကိုမူချမှတ်ပြီးလုပ်ဆောင်နေခဲ့ပါတယ်။ဒီသင်ပုန်းချေရေးနဲ့ရင်ကြားစေ့ရေးကိုမှန်ကန်စွာ ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ဖို့လည်းလိုအပ်နေပါတယ်။
အစိုးရတပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေအပါအဝင် တိုင်း ရင်းသားတွေ ကြားမှာရင်ကြားပြန်စေ့ပေးနိုင်ဖို့တွေပါဝင်နေပါတယ်။ တပ်မတော်နဲ့ဒီမိုကရေစီအင်အား စုတွေအ  တွက်ရင်ကြားစေ့ပေးနိုင်ဖို့အတွက်ကတော့ တပ်မတော်ဘက်ကကာကွယ်ရေး ဦးစီးချုပ်တစ်ဦး ထဲရဲ့အမိန့် အပေါ်မှာမူတည်နေပါတယ်။အဲဒီလိုဒီမိုကရေစီအင်အားစုတွေအတွက်လည်း အရပ်ဘက်အစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာပဲမူတည်ပါလိမ့်မယ်။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ပေါက်ရေးအတွက် တပ်မတော်နဲ့ရွေးကောက်ပွဲအနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အနေနဲ့ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းဆွေးနွေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို စတင်အကောင်အထည်ဖော်ရမှာပါ။ တပ်မတော်အနေနဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ရည်ရွယ်ချက်ထားတယ်လို့ဆိုပါတယ်။ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားပါတီတွေကို ဆွေးနွေးပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို ရည်ရွယ်ချက်ထားတာတွေ့ရပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ တပ်မတော်၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊နိုင်ငံရေးပါတီ (တိုင်းရင်းသားပါတီတွေ)တွေ အားလုံးက ညီညွတ်ရေးကို အရင်တည်ဆောက်နိုင်ဖို့ လိုအပ်နေပါပြီ။
ဒီမိုကရေစီစနစ်နဲ့ပြည်ထောင်စုကြီးတည်ဆောက်ဖို့အတွက် ပထမအဆင့်မှာ ညီညွတ်ရေးဆိုတာက အင်မတန်အရေးကြီးပါတယ်။ တိုင်းပြည်အတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေအားလုံး ညီညွတ်ရေးထက် တိုင်းရင်းသားလူမျိုးစုတွေ အပါအဝင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားပါတီတွေ ပါဝင်တဲ့ နိုင်ငံရေးပါတီတွေ၊ တပ်မတော်တို့ရဲ့ ညီညွတ်ရေးကို ရနိုင်မှ ငြိမ်းချမ်းရေး၊ဒီမိုကရေစီရေး၊ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေးကို တဆင့်ပြီးတဆင့် တက်လှမ်းနိုင်ပါလိမ့်မယ်။
အဲဒီလိုအဆင့်ဆင့် ဆက်လှမ်းနိုင်ဖို့ အခုအချိန်မှာ အရေးကြီးပေါ်ပေါက်လာတဲ့ ပြဿနာတွေ ကိုစစ် ဘက်(တပ်မတော်)အကြီးအကဲနဲ့ ၂၀၂၀ရွေးကောက်ပွဲ အနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီခေါင်းဆောင် တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာစေချင်ပါတယ်။ ဒီအဖြေရှာမှုက ပြည်သူတွေ အကျိုးစီးပွားတစ်ခုထဲကို ကြည့်နိုင်ဖို့တော့ လိုပါလိမ့်မယ်။
မြတ်လှိုင်း
 
(  Zawgyi  )
 

 ျမန္မာႏိုင္ငံရဲ႕ဒီမိုကေရစီအေရးဟာ ၂၀၀၈ခုႏွစ္မွာ အတည္ျပဳထားတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒေပၚမွာ မူတည္ေနပါတယ္။ ဒီဥပေဒကျပ႒ာန္းထားတဲ့အထဲမွာ အဓိကအခ်က္ေတြမျပင္ဆင္ႏိုင္သမွ် ဒီမိုကေရစီစနစ္ ကိုေဖာ္ေဆာင္ႏိုင္မယ့္အေျခအေနကို တားဆီးေနပါလိမ့္မယ္။အဲဒီဒီမိုကေရစီလမ္းကိုတားဆီးထားမႈေတြကို မဟာဗ်ဴဟာေျမာက္အစီအစဥ္ေတြကို စနစ္တက် ေရးဆြဲၿပီး ဖယ္ရွားႏိုင္ရပါလိမ့္မယ္။

 

အခုအေျခအေနမွာ အဓိကထားရမွာက အရပ္ဘက္နဲ႔စစ္ဘက္ ပိုၿပီးနီးစပ္လာႏိုင္ေရး ျဖစ္ပါတယ္။ အာဏာရ အရပ္ဘက္ ဒီမိုကေရစီအစိုးရအေနနဲ႔ သင္ပုန္းေခ်ေရးမူကို ေသေသခ်ာခ်ာစြဲကိုင္ၿပီး အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရး ေအာင္ျမင္ေအာင္ ႀကိဳးစားႏိုင္ဖို႔ လိုအပ္ေနပါၿပီ။ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးအတြက္ ေစ့မရႏိုင္ေသးတဲ့ ရင္ၾကားေစ့ေရးကို ေသေသခ်ာခ်ာစဥ္းစားၿပီး မလြဲေခ်ာ္ႏိုင္ေအာင္ လုပ္ကိုင္တတ္ ရပါလိမ့္မယ္။

 

ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို ေဆာင္႐ြက္မယ္ဆိုရင္ ကြဲျပားေနတဲ့ အဘက္ဘက္က ရင္ၾကားအကြဲေတြကို ျပန္ေစ့ဖို႔လိုပါတယ္။ ကြၽန္ေတာ္တို႔ တိုင္းျပည္ဟာ လူမ်ိဳးစုမ်ားျပားစြာ ေနထိုင္တဲ့ တိုင္းျပည္တစ္ခုျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔တိုင္းျပည္မွာ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စု ျဖစ္ေပၚလာေအာင္ တည္ေဆာက္ႏိုင္ဖို႔ ရည္႐ြယ္ထားခဲ့ၾကတာပါ။ ၂၀၁၀ ခုႏွစ္ ပထမအႀကိမ္ ပါတီစုံအေထြေထြ ေ႐ြးေကာက္ပြဲၿပီးသြားကတည္းက ရည္႐ြယ္ႀကိဳးစားခဲ့ၾကပါတယ္။ အခုဆိုရင္တတိယအႀကိမ္ ပါတီစုံ အေထြေထြေ႐ြးေကာက္ပြဲႀကီးကိုလည္း ေအာင္ျမင္စြာ က်င္းပၿပီးစီးခဲ့ပါၿပီ။

 

ဒီအေျခအေနေရာက္လာတဲ့အခ်ိန္မွာ ရင္ၾကားအကြဲေတြ မ်ားစြာရွိေနေပမယ့္ အေရးႀကီးလာတာက စစ္ဘက္(ျမန္မာ့တပ္မေတာ္)နဲ႔ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္တို႔ရဲ႕ သေဘာထားကြဲေနမႈ ျဖစ္ပါတယ္။ ၂၀၂၀ခုႏွစ္က က်င္းပခဲ့တဲ့ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ ျဖစ္ေပၚခဲ့တဲ့ ျပႆနာေတြေၾကာင့္ ျဖစ္ပါတယ္။

 

အဲဒီျပႆနာေတြကို စစ္ဘက္(တပ္မေတာ္)ေခါင္းေဆာင္ေတြနဲ႔ အႏိုင္ရ ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရဲ႕ ေခါင္းေဆာင္ေတြ ေတြ႕ဆုံအေျဖရွာၿပီး ဘယ္လိုေရွ႕ဆက္ လုပ္ေဆာင္ၾကမယ္ဆိုတာကို ညႇိႏႈိင္းၾကရပါလိမ့္မယ္။ ေ႐ြးေကာက္ပြဲမွာ ျဖစ္ေပၚခဲ့တဲ့ အမွန္အမွားေတြကို ႏွစ္ဘက္အေျဖရွာၿပီး ရရွိလာတဲ့အေျခအေနအေပၚမွာ  အေလွ်ာ့အတင္းလုပ္ေပးႏိုင္မွ ေျပလည္ပါလိမ့္မယ္။ အဲဒီလိုသေဘာထားမတူညီမႈေတြကို ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ႏိုင္မွသာ ေရွ႕ဆက္ေလွ်ာက္လွမ္းႏိုင္ပါလိမ့္မယ္။

 

ဘယ္အစိုးရပဲတက္တက္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာက္ေရးလမ္းကို ဆက္ေလွ်ာက္လွမ္းရမွာပါ။ တိုင္းျပည္တစ္ျပည္ဟာ စစ္အစိုးရလက္ေအာက္ကေန လြတ္ေျမာက္လာခဲ့ရင္ ဘယ္လိုႏိုင္ငံေရး စနစ္နဲ႔ တိုင္းျပည္ကို ျပန္လည္တည္ေဆာက္မလဲဆိုတာ

 

မူခ်ၿပီးျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔တိုင္းျပည္ဟာလူမ်ိဳး ေပါင္းစုံေနထိုင္ၾကတဲ့တိုင္းျပည္တစ္ခုျဖစ္ပါတယ္။၂၀၀၈ဖြဲ႕စည္းပုံအေျခခံဥပေဒမွာလည္း၊ အခန္း (၁) ႏိုင္ငံေတာ္အေျခခံမူမ်ား။ အပိုဒ္(၇) ႏိုင္ငံေတာ္သည္ စစ္မွန္၍ စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီစနစ္ကို က်င့္ သုံးသည္။ အပိုဒ္(၈)ႏိုင္ငံေတာ္ကိုျပည္ေထာင္စုစနစ္ျဖင့္ဖြဲ႕စည္း တည္ေဆာက္သည္လို႔ ျပ႒ာန္းထား ခဲ့ပါ တယ္။

 

တိုင္းျပည္တစ္ျပည္မွာ ဘယ္လမ္းကိုဘယ္စနစ္နဲ႔တည္ေဆာက္တည္ေဆာက္၊ ဘယ္လမ္းကိုပဲ ေလွ်ာက္လွမ္း ေလွ်ာက္လွမ္း ျပည္သူေတြညီၫြတ္မွ ဦးတည္ရာကိုေရာက္ႏိုင္မွာပါ။ ျပည္သူေတြဆိုတဲ့ ေနရာမွာ လူမ်ိဳးတစ္မ်ိဳးထဲသာ အဓိကစုစည္းေနထိုင္ၾကတဲ့ တိုင္းျပည္ထက္ကြၽန္ေတာ္တို႔ႏိုင္ငံလို တိုင္းရင္းသားလူမ်ိဳးစုေတြကြဲျပားေနတဲ့တိုင္းျပည္အေနနဲ႔ပိုအေရးပါေနပါတယ္။ျမန္မာႏိုင္ငံအတြင္းျပည္မနဲ႔ေတာင္ တန္းေဒသမွာေနထိုင္ေနၾကတဲ့တိုင္းရင္းသားျပည္သူေတြအားလုံးစုစည္းညီၫြတ္ႏိုင္ဖို႔လိုပါတယ္။

 

ေျပာရမယ္ဆိုရင္ကြၽန္ေတာ္တို႔ႏိုင္ငံဟာတိုင္းရင္းသားလူမ်ိဳးစုေတြစုေပါင္းဖြဲ႕စည္းထားတဲ့ျပည္ေထာင္စုႏိုင္ငံပါ။ ႏွစ္ေပါင္းမ်ားစြာ စစ္အာဏာရွင္စနစ္ လက္ေအာက္ကေန ႐ုန္းထြက္လာၿပီး အခုမွ ဒီမိုကေရစီစနစ္နဲ႔ ျပည္ေထာင္စုႀကီးတစ္ခု ေပၚေပါက္လာႏိုင္ေအာင္ ႀကိဳးစားတည္ေဆာက္ေနရတဲ့ အခ်ိန္ပါ။

 

အခုအခ်ိန္မွာ ဒီမိုကေရစီစနစ္နဲ႔ ျပည္ေထာင္စုႀကီးတစ္ခုကို ျပန္တည္ေဆာက္ဖို႔ ရည္႐ြယ္ခဲ့ၿပီး ႀကိဳးစားခဲ့ၾကတာ ဆယ္ႏွစ္ေလာက္ရွိေနပါၿပီ။ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုကို အခုတတိယအႀကိမ္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့တဲ့အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အစိုးရကဆက္လက္အေကာင္အထည္ေဖာ္ရမယ့္တာဝန္ ရွိေနပါၿပီ။ ဒီတာဝန္ႀကီးကို အခက္အခဲေပါင္းမ်ားစြာထဲက ေက်ာ္ျဖတ္ႏိုင္မယ္လို႔ ထင္ပါတယ္။ ဒီအခက္အခဲကိုေက်ာ္ျဖတ္ႏိုင္မွ ေရွ႕ဆက္ၿပီး ဒီမိုကေရစီစနစ္က်တဲ့ ဖက္ဒရယ္ျပည္ေထာင္စုႀကီး တည္ေဆာက္ေရး လမ္းစေပၚေရာက္ရွိလာမွာျဖစ္ပါတယ္။ဒီမိုကေရစီစနစ္က်တဲ့ဖက္ဒရယ္ျပည္ေထာင္စုႀကီးတည္ေဆာက္ေရးအတြက္လမ္းစကို ပင္မေရာက္ခဲ့ၾကေသးပါဘူး။                                                                                                                                                                                     

 

ဒီမိုကေရစီစနစ္နဲ႔ျပည္ေထာင္စုတည္ေဆာက္ေနတဲ့ေနရာမွာ ေယဘုယ်အေျခခံေလးခ်က္နဲ႔အဆင့္ ဆင့္သြားရမွာပါ။

 

 

 

ဒီအခ်က္ေလးခ်က္ကေတာ့ ညီၫြတ္ေရး၊ ၿငိမ္းခ်မ္းေရး၊ ဒီမိုကေရစီေရး၊ ျပည္ေထာင္စုႏိုင္ငံသစ္ တည္ေဆာက္ေရးဆိုတဲ့အခ်က္ေတြပါ။ ပထမဦးဆုံး အမ်ိဳးသားညီၫြတ္ေရးကစၿပီး တည္ေဆာက္ရပါမယ္။

 

အမ်ိဳးသားညီၫြတ္ေရး(သို႔မဟုတ္)အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆိုတဲ့ေနရာမွာကြၽန္ေတာ္တို႔ႏိုင္ငံအတြက္ကြဲျပားေနတဲ့လူမ်ိဳးစုေတြတစ္ခုတည္းေသာ ဦးတည္ခ်က္ကိုအဓိကထားၿပီးညီၫြတ္ရမွာပါ။ တိုင္းရင္းသားအားလုံး ညီၫြတ္ႏိုင္ေရးအတြက္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဟာ အလြန္အေရးႀကီးပါတယ္။ တိုင္းရင္းသားေတြ အေနနဲ႔လည္းယုံၾကည္ခ်က္ေတြ၊ရပ္တည္ခ်က္ေတြ၊ အယူဝါဒေတြ အမ်ိဳးမ်ိဳးကြဲျပားေနခဲ့ပါတယ္။ ဒီယုံၾကည္ခ်က္ေတြ အယူဝါဒေတြအတိုင္း ရပ္တည္ၿပီး တိုင္းျပည္ကို ေတာ္လွန္ေရးဆင္ႏြဲေနၾကတဲ့ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြအျဖစ္ ကြဲျပားၿပီးေပၚလာခဲ့ၾကရပါတယ္။ ပါလီမန္ဒီမိုကေရစီေခတ္ကေနစၿပီး စစ္အာဏာရွင္ေခတ္ေတြအထိ တိုင္းရင္းသားလူမ်ိဳးစုေတြ လက္နက္ကိုင္ေတာ္လွန္တိုက္ပြဲဆင္ႏြဲခဲ့ၾကတာဆိုရင္ အခုအခ်ိန္မွာ ႏွစ္ေပါင္းခုႏွစ္ဆယ္ေလာက္ရွိေနပါၿပီ။ ျမန္မာျပည္မွာျပည္တြင္းစစ္မီး ေတာက္ေလာင္ခဲ့တာ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ပါၿပီ။

 

ဒီလိုျပည္ေထာင္စုႀကီးကို ျပန္တည္ေဆာက္ဖို႔ ေစာေစာကေျပာခဲ့သလို ပထမဦးဆုံးညီၫြတ္ေရးကို စတင္အေကာင္အထည္ေဖာ္ရမွာပါ။ အမ်ိဳးသားညီၫြတ္ေရး (သို႔မဟုတ္) အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးအတြက္ ျမန္မာျပည္မွာေနထိုင္ၾကတဲ့ တိုင္းရင္းသားလူမ်ိဳးစုေတြနဲ႔ဦးစြာ ညႇိႏႈိင္းရမွာပါ။ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆိုတဲ့ ေနရာမွာလည္း အခုအစိုးရေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ရင္ၾကားေစ့ေရးနဲ႔သင္ပုန္းေခ်ေရးကိုမူခ်မွတ္ၿပီးလုပ္ေဆာင္ေနခဲ့ပါတယ္။ဒီသင္ပုန္းေခ်ေရးနဲ႔ရင္ၾကားေစ့ေရးကိုမွန္ကန္စြာ ျပန္လည္သုံးသပ္ျပင္ဆင္ႏိုင္ဖို႔လည္းလိုအပ္ေနပါတယ္။

 

အစိုးရတပ္မေတာ္နဲ႔တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေခါင္းေဆာင္ေတြအပါအဝင္ တိုင္း ရင္းသားေတြ ၾကားမွာရင္ၾကားျပန္ေစ့ေပးႏိုင္ဖို႔ေတြပါဝင္ေနပါတယ္။ တပ္မေတာ္နဲ႔ဒီမိုကေရစီအင္အား စုေတြအ  တြက္ရင္ၾကားေစ့ေပးႏိုင္ဖို႔အတြက္ကေတာ့ တပ္မေတာ္ဘက္ကကာကြယ္ေရး ဦးစီးခ်ဳပ္တစ္ဦး ထဲရဲ႕အမိန႔္ အေပၚမွာမူတည္ေနပါတယ္။အဲဒီလိုဒီမိုကေရစီအင္အားစုေတြအတြက္လည္း အရပ္ဘက္အစိုးရ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ အေပၚမွာပဲမူတည္ပါလိမ့္မယ္။

 

ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုႀကီးေပၚေပါက္ေရးအတြက္ တပ္မေတာ္နဲ႔ေ႐ြးေကာက္ပြဲအႏိုင္ရအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္တို႔အေနနဲ႔ တိုင္းရင္းသားေတြနဲ႔ ညႇိႏႈိင္းေဆြးေႏြးမယ္ဆိုတဲ့ ရည္႐ြယ္ခ်က္ကို စတင္အေကာင္အထည္ေဖာ္ရမွာပါ။ တပ္မေတာ္အေနနဲ႔တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြနဲ႔ ပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရးႏွင့္ ထာဝရၿငိမ္းခ်မ္းေရးအတြက္ ရည္႐ြယ္ခ်က္ထားတယ္လို႔ဆိုပါတယ္။ ေ႐ြးေကာက္ပြဲအႏိုင္ရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က တိုင္းရင္းသားပါတီေတြကို ေဆြးေႏြးၿပီး ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုအေရးကို ရည္႐ြယ္ခ်က္ထားတာေတြ႕ရပါတယ္။

 

ကြၽန္ေတာ္တို႔ႏိုင္ငံမွာ တပ္မေတာ္၊တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြ၊ႏိုင္ငံေရးပါတီ (တိုင္းရင္းသားပါတီေတြ)ေတြ အားလုံးက ညီၫြတ္ေရးကို အရင္တည္ေဆာက္ႏိုင္ဖို႔ လိုအပ္ေနပါၿပီ။

 

ဒီမိုကေရစီစနစ္နဲ႔ျပည္ေထာင္စုႀကီးတည္ေဆာက္ဖို႔အတြက္ ပထမအဆင့္မွာ ညီၫြတ္ေရးဆိုတာက အင္မတန္အေရးႀကီးပါတယ္။ တိုင္းျပည္အတြင္းမွာ ေနထိုင္ၾကတဲ့ ျပည္သူေတြအားလုံး ညီၫြတ္ေရးထက္ တိုင္းရင္းသားလူမ်ိဳးစုေတြ အပါအဝင္၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြ၊ တိုင္းရင္းသားပါတီေတြ ပါဝင္တဲ့ ႏိုင္ငံေရးပါတီေတြ၊ တပ္မေတာ္တို႔ရဲ႕ ညီၫြတ္ေရးကို ရႏိုင္မွ ၿငိမ္းခ်မ္းေရး၊ဒီမိုကေရစီေရး၊ဖက္ဒရယ္ျပည္ေထာင္စုႀကီး ေပၚေပါက္လာေရးကို တဆင့္ၿပီးတဆင့္ တက္လွမ္းႏိုင္ပါလိမ့္မယ္။

 

အဲဒီလိုအဆင့္ဆင့္ ဆက္လွမ္းႏိုင္ဖို႔ အခုအခ်ိန္မွာ အေရးႀကီးေပၚေပါက္လာတဲ့ ျပႆနာေတြ ကိုစစ္ ဘက္(တပ္မေတာ္)အႀကီးအကဲနဲ႔ ၂၀၂၀ေ႐ြးေကာက္ပြဲ အႏိုင္ရအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီေခါင္းေဆာင္ ေတြ႕ဆုံညႇိႏႈိင္းၿပီး အေျဖရွာေစခ်င္ပါတယ္။ ဒီအေျဖရွာမႈက ျပည္သူေတြ အက်ိဳးစီးပြားတစ္ခုထဲကို ၾကည့္ႏိုင္ဖို႔ေတာ့ လိုပါလိမ့္မယ္။

 

ျမတ္လႈိင္း