【 ဆောင်းပါး 】တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်နှင့် အစိုးရသစ်

【  ဆောင်းပါး  】တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်နှင့် အစိုးရသစ်

မကြာသေးမီက တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် မြန်မာ နိုင်ငံသို့ ရောက်ရှိလာခဲ့ပါသည်။ မစ္စတာဝမ်ယိ၏ ခရီးစဉ်သည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံသို့ ပထမဦးဆုံးရောက်ရှိလာသော ထိပ်တန်းသံတမန်တစ်ဦး၏ ခရီးစဉ်လည်းဖြစ်သည်။ မစ္စတာဝမ်ယိ၏ ခရီးစဉ်သည် မြန်မာတရုတ်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံအကြား အေးအတူပူ အမျှ အသိုက်အဝန်းထူထောင်သွားရေးဟူသော ကောင်းမွန်သည့် ရည်ရွယ်ချက်များ ပြည့်လျှံနေသည့် ခရီးစဉ် အဖြစ်လည်း ရှုမြင်နိုင်မည်ဖြစ်သည်။ 
 
မည်သို့ဆိုစေ မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်၍ သမားရိုးကျ ရှုမြင်မှုများ ရှိသကဲ့သို့ အခြားသော ထင်မြင်ယူဆချက်များထွက်ပေါ်လာသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ဆိုရလျှင် မြန်မာနိုင်ငံတွင် အစိုးရသစ်တစ်ရပ်က တာဝန်ယူချိန်တွင် တရုတ်နိုင်ငံမှ အဆင့်မြင့်အရာရှိများ မြန်မာနိုင်ငံသို့ လာရောက် လေ့ရှိ သည်မှာ အစဉ်အလာဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် က အင်န်အယ်လ်ဒီ အစိုးရ စတင်တာဝန်ယူချိန်တွင် မစ္စတာ ဝမ်ယိ သည် မြန်မာနိုင်ငံသို့ ပထမဦးဆုံးရောက်ရှိလာသူပင်ဖြစ်ကြောင်း၊ မည်သို့ဆိုစေ လက်ရှိမစ္စတာဝမ်ယိ၏ ခရီးစဉ် သည် တရုတ်နှင့် မြန်မာနိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ အရေးကိစ္စများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အရေးကိစ္စတွင် အကူအညီပေးရန်မှာ  အဓိကဦးစားပေး အရေးကိစ္စများ ဖြစ်သည်ဟု နိုင်ငံရေး အကဲခတ်သူတို့က ထင်မြင်ယူဆလျက်ရှိသည်။ 
 
ဆိုရလျှင် လက်ရှိနိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ခရီးစဉ်ကို ကြည့်လျှင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ လက တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် နှစ်ပတ်လည် အထိမ်းအမှတ် ခရီးစဉ် အဖြစ်လည်းမှတ်ယူရဖွယ်ရှိသည်။ သမ္မတရှီကျင့်ဖိန်မြန်မာနိုင်ငံသို့ လာရောက်စဉ်က တရုတ်မြန်မာ စီးပွားရေး စင်္ကြံထူထောင်ရေး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရန်ကုန်မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ရေး အပါ အဝင်နှစ်နိုင်ငံ သဘောတူညီချက် နားလည်မှု စာချွန်လွှာ ၃၀ ခန့်ကို အပြန်အလှန် လဲလှယ်မှု ပြုနိုင်ခဲ့သည်ကို တွေ့ကြရပြီးဖြစ်သည်။ 
 
သို့ရာတွင် အဆိုပါ စီမံကိန်းများမှာ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားလာခဲ့ပြီးနောက်ပိုင်း ဆက်လက်အကောင် အထည်ဖော်ရေးတွင်  ရပ်တန့်နေသလို ဖြစ်ခဲ့ရသည်။ သို့တစေ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော NLD အစိုးရ၏ ထိပ်တန်းဦးစားပေး အဖြစ်တွေ့မြင်လာရဖွယ်ရှိသည်။ စင်စစ် တရုတ်မြန်မာ စီးပွားရေးစင်္ကြံ (CMEC )ထူထောင် ရေး အစီအစဉ်သည် မြန်မာနိုင်ငံ၏  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့် တင်နိုင်ရေး ရည်မှန်းသည့် စီမံကိန်းအဖြစ်လည်း ရှုမြင်လျက်ရှိသည်။ 
တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်ကို အခြားတစ်ဖက်မှ ကြည့်မည်ဆိုပါက ဒေသတွင်း တွင် နိုင်ငံတကာ၏ ပြောင်းလဲလာသော သွင်ပြင်လက္ခဏာများကြောင့်လည်း ဖြစ်သည်ဟုဆိုရခြိမ့်မည်။
 
မကြာသေးမီက အိန္ဒိယနှင့်ဂျပန်နိုင်ငံတို့က မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ပိုမိုဆောင်ရွက်မှုတိုးမြှင့်လာ သည့် သွင်ပြင်လက္ခဏာတို့က တရုတ်နိုင်ငံအတွက် သတိပြုစရာဖြစ်လာခဲ့ရသည်။ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့၏ မြန်မာနိုင်ငံတွင် စီးပွားရေးတိုးမြှင့်ဆောင်ရွက်လာမှုသည် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှုအနေအ ထားကို ယုတ်လျော့သွားမည်ကို စိုးရိမ်ပူပန်မိမည်မှာလည်း အမှန်ပင်ဖြစ်သည်။ 
 
မည်သို့ဆိုစေ မစ္စတာဝမ်ယိ၏ ခရီးစဉ်သည် နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု စသည် တို့တွင် နှစ်နိုင်ငံအနေနှင့် အပြန်အလှန်ထောက်ကူအကျိုးပြုခြင်းတည်းဟူသော နှစ်နိုင်ငံဆက်ဆံရေးကို သိသိသာသာမြှင့်တင်ပေးနိုင်မည့်ခရီးစဉ်အဖြစ်လည်း မှတ်ယူရဖွယ်ရှိသည်။ သို့ရာတွင် ကိုဗစ်-၁၉ ရောဂါထိခိုက် ခံစားလာခဲ့ရပြီး နောက်ပိုင်းသိမ့်မွေ့သောအပြောင်းအလဲများကို မြင်တွေ့လာခဲ့ရသည်မှာလည်း အမှန်ပင်ဖြစ် သည်။  ဆိုရလျှင် မြန်မာနိုင်ငံအနေနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် ယခင်က ကဲ့သို့တရုတ်တစ်နိုင်ငံ တည်းအပေါ် အားထားနေရမှုမျိုးထက် အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ကဲ့သို့ နိုင်ငံများအား လုပ်ဖော် ကိုင်ဖက်နိုင်ငံများအဖြစ် လက်ကမ်းကြိုဆိုလာမှုမျိုးဖြစ်သည်။ 
 
စင်စစ် တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံရှိ ၎င်း၏စီမံကိန်းများ အကောင်အထည်ဖော်လာရေးတွင် အခွင့် အခါသင့်တိုင်း တွန်းအားပေးနေသည့် သဘောရှိသည်။ ထိုသို့သော သဘောကို စက်တင်ဘာလအတွင်းက တရုတ် ကွန်မြူနစ်ပါတီ ဗဟိုနိုင်ငံခြားရေးရာ ကော်မရှင်အကြီးအကဲ ယန်ကျိချီ မြန်မာနိုင်ငံသို့လာရောက်စဉ်က တွေ့မြင်ခဲ့ကြရပြီးဖြစ်သည်။ မြန်မာနိုင်ငံအနေနှင့်လည်း မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများ အကောင်အထည် ဖော်ရေးနှင့် ပတ်သက်၍ သတိထားချဉ်းကပ်နေသည့် သွင်ပြင်လက္ခဏာများ ပြသလာခဲ့ခြင်းကလည်း တရုတ်အစိုးရအတွက် တွေးတော ပူပန်စရာလိုဖြစ်လာခဲ့ရသည်။ 
 
သို့တစေ လတ်တလော မစ္စတာဝမ်ယိ၏ ခရီးစဉ်အတွင်း CMEC အပါအဝင် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်း မှ အကောင်အထည်ဖော်ရေးအတွက် ညှိနှိုင်းဆွေးနွေးသွားဖွယ်ရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်ဟု သံတမန် အသိုင်းအဝိုင်းနှင့် နိုင်ငံရေးလေ့လာအကဲခတ်သူတို့က သုံးသပ်လျက်ရှိသည်။ မြန်မာနိုင်ငံအနေနှင့် ပမာဏကြီး မားသော အခြေခံအဆောက်အအုံ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ဒေသခံတို့နှင့် ပုလဲနံပသင့်ရေး  သတိထားချဉ်းကပ်နေရသကဲ့သို့ တရုတ်နိုင်ငံဘက်ကလည်း စီမံကိန်းများ အကောင်အထည်ဖော်ရေး နှေးကွေး နေမှုအပေါ် စိတ်အနှောင့်အယှက်ဖြစ်နေဖွယ်ရှိသည်ဟု အချို့က သုံးသပ်ခန့်မှန်းလျက်ရှိသည်။ နောက်တစ်ချက် က ရခိုင် အရေးကိစ္စတွင် ငြိမ်းချမ်းရေး ဖော်ဆောင်သူအဖြစ် ပါဝင်လာသော ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍသစ်က လည်း တရုတ်နိုင်ငံအတွက် စိတ်ခုစရာဖြစ်သည်ဟုဆိုသည်။ 
 
မည်သို့ဆိုစေ အဆိုပါခန့်မှန်းတွက်ဆခန့်မှန်းမှုများနှင့်  အတူတရုတ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း  နှစ်နိုင်ငံအကြား မည်သို့သော အပြောင်းအလဲများနှင့် အကျိုးသက်ရောက်မှုများရှိလာမည် ဆို သည်မှာ နောက်ထပ် တွေးဆစရာ ဖြစ်လာခဲ့သည်။ သို့တစေ မစ္စတာဝမ်ယိ၏ ခရီးစဉ်သည် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီးပွားရေး လုပ်ငန်းဆိုင်ရာ အရေးကိစ္စများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အရေးကိစ္စတွင် အကူအညီပေးရန်တည်းဟူသော အဓိက ဦးစားပေးအရေးကိစ္စများအပေါ် အလေးထားဆွေး နွေးသွားမည်ကတော့ အသေအချာပင်ဖြစ်သည်။ 
 
ယင်းကြောင့်ပင် မစ္စတာဝမ်ယိ၏ ခရီးစဉ်တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ယွမ်သုံးသန်းတန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ဆေး ပစ္စည်းများနှင့် မြန်မာ ပြည်သူတို့အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သုံးသိန်းကူညီပံ့ပိုးသွားမည်ဖြစ်သည်။ 
 
အလားတူပင် တရုတ်မြန်မာအေးအတူပူအမျှ အသိုက်အဝန်းထူထောင်နိုင်ရေးအတွက် လုပ်ငန်းစီမံချက် နိုင်ငံတော်အဆင့် ခရီးစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုပြုနိုင်သကဲ့သို့ မြန်မာ-တရုတ်စီးပွားရေး စင်္ကြံ စီမံကိန်း၊ နှစ်နိုင်ငံလမ်းပန်းဆက်သွယ်ရေး ဆိုင်ရာ အခြေခံအဆောက်အအုံ စီမံကိန်းစသည့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး စသည်တို့အပေါ် ဆွေးနွေးညှိနှိုင်းမှုပြုနိုင်ခဲ့ကြသည်။ 
 
အလားတူပင် တရုတ်နိုင်ငံအနေနှင့် NLD အစိုးရသစ် သက်တမ်းတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်မှုအပေါ် ဆက်လက်ထောက်ခံ အားပေးသွားမည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် အောင်နိုင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း မစ္စတာဝမ်ယိက တရုတ်နိုင်ငံအကြီးအကဲတို့၏ ကိုယ်စား သတင်းစာပါးမှုတို့အပေါ် ခြုံငုံသုံးသပ်ကြည့်မည်ဆိုပါက မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်သည် အနာဂတ်နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆက်လက် အားပေးမြှင့် တင်ပေးမည့် အပေါင်းလက္ခဏာဆောင်သော ခရီးစဉ်အဖြစ် ရှုမြင်လိုက်ရပါကြောင်း ……
 
 
နေစိုးဦး 
 
(  Zawgyi  )
 
မၾကာေသးမီက တ႐ုတ္ႏိုင္ငံ ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာဝမ္ယိသည္ ျမန္မာ ႏိုင္ငံသို႔ ေရာက္ရွိလာခဲ့ပါသည္။ မစၥတာဝမ္ယိ၏ ခရီးစဥ္သည္ ျမန္မာႏိုင္ငံ၏ ေ႐ြးေကာက္ပြဲအၿပီး ျမန္မာႏိုင္ငံသို႔ ပထမဦးဆုံးေရာက္ရွိလာေသာ ထိပ္တန္းသံတမန္တစ္ဦး၏ ခရီးစဥ္လည္းျဖစ္သည္။ မစၥတာဝမ္ယိ၏ ခရီးစဥ္သည္ ျမန္မာတ႐ုတ္ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရး တိုးျမႇင့္ရန္ႏွင့္ ႏွစ္ႏိုင္ငံအၾကား ေအးအတူပူ အမွ် အသိုက္အဝန္းထူေထာင္သြားေရးဟူေသာ ေကာင္းမြန္သည့္ ရည္႐ြယ္ခ်က္မ်ား ျပည့္လွ်ံေနသည့္ ခရီးစဥ္ အျဖစ္လည္း ရႈျမင္ႏိုင္မည္ျဖစ္သည္။ 
 
မည္သို႔ဆိုေစ မစၥတာဝမ္ယိ၏ ျမန္မာႏိုင္ငံ ခရီးစဥ္ႏွင့္ပတ္သက္၍ သမား႐ိုးက် ရႈျမင္မႈမ်ား ရွိသကဲ့သို႔ အျခားေသာ ထင္ျမင္ယူဆခ်က္မ်ားထြက္ေပၚလာသည္မွာလည္း အမွန္ပင္ျဖစ္သည္။ ဆိုရလွ်င္ ျမန္မာႏိုင္ငံတြင္ အစိုးရသစ္တစ္ရပ္က တာဝန္ယူခ်ိန္တြင္ တ႐ုတ္ႏိုင္ငံမွ အဆင့္ျမင့္အရာရွိမ်ား ျမန္မာႏိုင္ငံသို႔ လာေရာက္ ေလ့ရွိ သည္မွာ အစဥ္အလာျဖစ္ေၾကာင္း၊ ၂၀၁၆ ခုႏွစ္ က အင္န္အယ္လ္ဒီ အစိုးရ စတင္တာဝန္ယူခ်ိန္တြင္ မစၥတာ ဝမ္ယိ သည္ ျမန္မာႏိုင္ငံသို႔ ပထမဦးဆုံးေရာက္ရွိလာသူပင္ျဖစ္ေၾကာင္း၊ မည္သို႔ဆိုေစ လက္ရွိမစၥတာဝမ္ယိ၏ ခရီးစဥ္ သည္ တ႐ုတ္ႏွင့္ ျမန္မာႏိုင္ငံတို႔၏ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိသည့္ စီးပြားေရးဆိုင္ရာ အေရးကိစၥမ်ားႏွင့္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး အေရးကိစၥတြင္ အကူအညီေပးရန္မွာ  အဓိကဦးစားေပး အေရးကိစၥမ်ား ျဖစ္သည္ဟု ႏိုင္ငံေရး အကဲခတ္သူတို႔က ထင္ျမင္ယူဆလ်က္ရွိသည္။ 
 
ဆိုရလွ်င္ လက္ရွိႏိုင္ငံျခားေရးဝန္ႀကီး မစၥတာဝမ္ယိ၏ ခရီးစဥ္ကို ၾကည့္လွ်င္ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီ လက တ႐ုတ္ႏိုင္ငံသမၼတရွီက်င့္ဖိန္ ျမန္မာႏိုင္ငံသို႔ လာေရာက္ခဲ့သည့္ ႏွစ္ပတ္လည္ အထိမ္းအမွတ္ ခရီးစဥ္ အျဖစ္လည္းမွတ္ယူရဖြယ္ရွိသည္။ သမၼတရွီက်င့္ဖိန္ျမန္မာႏိုင္ငံသို႔ လာေရာက္စဥ္က တ႐ုတ္ျမန္မာ စီးပြားေရး စႀကႍထူေထာင္ေရး၊ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ႏွင့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းအေကာင္အထည္ေဖာ္ေရး အပါ အဝင္ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္ နားလည္မႈ စာခြၽန္လႊာ ၃၀ ခန႔္ကို အျပန္အလွန္ လဲလွယ္မႈ ျပဳႏိုင္ခဲ့သည္ကို ေတြ႕ၾကရၿပီးျဖစ္သည္။ 
 
သို႔ရာတြင္ အဆိုပါ စီမံကိန္းမ်ားမွာ ကိုဗစ္- ၁၉ ေရာဂါျဖစ္ပြားလာခဲ့ၿပီးေနာက္ပိုင္း ဆက္လက္အေကာင္ အထည္ေဖာ္ေရးတြင္  ရပ္တန႔္ေနသလို ျဖစ္ခဲ့ရသည္။ သို႔တေစ ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့ေသာ NLD အစိုးရ၏ ထိပ္တန္းဦးစားေပး အျဖစ္ေတြ႕ျမင္လာရဖြယ္ရွိသည္။ စင္စစ္ တ႐ုတ္ျမန္မာ စီးပြားေရးစႀကႍ (CMEC )ထူေထာင္ ေရး အစီအစဥ္သည္ ျမန္မာႏိုင္ငံ၏  အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးကို အားေပးျမႇင့္ တင္ႏိုင္ေရး ရည္မွန္းသည့္ စီမံကိန္းအျဖစ္လည္း ရႈျမင္လ်က္ရွိသည္။ 
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး၏ ျမန္မာႏိုင္ငံခရီးစဥ္ကို အျခားတစ္ဖက္မွ ၾကည့္မည္ဆိုပါက ေဒသတြင္း တြင္ ႏိုင္ငံတကာ၏ ေျပာင္းလဲလာေသာ သြင္ျပင္လကၡဏာမ်ားေၾကာင့္လည္း ျဖစ္သည္ဟုဆိုရၿခိမ့္မည္။
 
မၾကာေသးမီက အိႏၵိယႏွင့္ဂ်ပန္ႏိုင္ငံတို႔က ျမန္မာႏိုင္ငံႏွင့္ စီးပြားေရးအရ ပိုမိုေဆာင္႐ြက္မႈတိုးျမႇင့္လာ သည့္ သြင္ျပင္လကၡဏာတို႔က တ႐ုတ္ႏိုင္ငံအတြက္ သတိျပဳစရာျဖစ္လာခဲ့ရသည္။ အိႏၵိယႏွင့္ ဂ်ပန္ႏိုင္ငံတို႔၏ ျမန္မာႏိုင္ငံတြင္ စီးပြားေရးတိုးျမႇင့္ေဆာင္႐ြက္လာမႈသည္ ျမန္မာႏိုင္ငံရွိ တ႐ုတ္ႏိုင္ငံ၏ ပါဝင္ပတ္သက္မႈအေနအ ထားကို ယုတ္ေလ်ာ့သြားမည္ကို စိုးရိမ္ပူပန္မိမည္မွာလည္း အမွန္ပင္ျဖစ္သည္။ 
 
မည္သို႔ဆိုေစ မစၥတာဝမ္ယိ၏ ခရီးစဥ္သည္ ႏိုင္ငံေရး၊ စီးပြားေရးႏွင့္ လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈ စသည္ တို႔တြင္ ႏွစ္ႏိုင္ငံအေနႏွင့္ အျပန္အလွန္ေထာက္ကူအက်ိဳးျပဳျခင္းတည္းဟူေသာ ႏွစ္ႏိုင္ငံဆက္ဆံေရးကို သိသိသာသာျမႇင့္တင္ေပးႏိုင္မည့္ခရီးစဥ္အျဖစ္လည္း မွတ္ယူရဖြယ္ရွိသည္။ သို႔ရာတြင္ ကိုဗစ္-၁၉ ေရာဂါထိခိုက္ ခံစားလာခဲ့ရၿပီး ေနာက္ပိုင္းသိမ့္ေမြ႕ေသာအေျပာင္းအလဲမ်ားကို ျမင္ေတြ႕လာခဲ့ရသည္မွာလည္း အမွန္ပင္ျဖစ္ သည္။  ဆိုရလွ်င္ ျမန္မာႏိုင္ငံအေနႏွင့္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈတြင္ ယခင္က ကဲ့သို႔တ႐ုတ္တစ္ႏိုင္ငံ တည္းအေပၚ အားထားေနရမႈမ်ိဳးထက္ အိႏၵိယ၊ ဂ်ပန္ႏွင့္ ေတာင္ကိုရီးယားတို႔ကဲ့သို႔ ႏိုင္ငံမ်ားအား လုပ္ေဖာ္ ကိုင္ဖက္ႏိုင္ငံမ်ားအျဖစ္ လက္ကမ္းႀကိဳဆိုလာမႈမ်ိဳးျဖစ္သည္။ 
 
စင္စစ္ တ႐ုတ္ႏိုင္ငံကလည္း ျမန္မာႏိုင္ငံရွိ ၎၏စီမံကိန္းမ်ား အေကာင္အထည္ေဖာ္လာေရးတြင္ အခြင့္ အခါသင့္တိုင္း တြန္းအားေပးေနသည့္ သေဘာရွိသည္။ ထိုသို႔ေသာ သေဘာကို စက္တင္ဘာလအတြင္းက တ႐ုတ္ ကြန္ျမဴနစ္ပါတီ ဗဟိုႏိုင္ငံျခားေရးရာ ေကာ္မရွင္အႀကီးအကဲ ယန္က်ိခ်ီ ျမန္မာႏိုင္ငံသို႔လာေရာက္စဥ္က ေတြ႕ျမင္ခဲ့ၾကရၿပီးျဖစ္သည္။ ျမန္မာႏိုင္ငံအေနႏွင့္လည္း ျမန္မာႏိုင္ငံရွိ တ႐ုတ္စီမံကိန္းမ်ား အေကာင္အထည္ ေဖာ္ေရးႏွင့္ ပတ္သက္၍ သတိထားခ်ဥ္းကပ္ေနသည့္ သြင္ျပင္လကၡဏာမ်ား ျပသလာခဲ့ျခင္းကလည္း တ႐ုတ္အစိုးရအတြက္ ေတြးေတာ ပူပန္စရာလိုျဖစ္လာခဲ့ရသည္။ 
 
သို႔တေစ လတ္တေလာ မစၥတာဝမ္ယိ၏ ခရီးစဥ္အတြင္း CMEC အပါအဝင္ ျမန္မာႏိုင္ငံရွိ တ႐ုတ္စီမံကိန္း မွ အေကာင္အထည္ေဖာ္ေရးအတြက္ ညႇိႏႈိင္းေဆြးေႏြးသြားဖြယ္ရွိေနသည္ကေတာ့ အမွန္ပင္ျဖစ္သည္ဟု သံတမန္ အသိုင္းအဝိုင္းႏွင့္ ႏိုင္ငံေရးေလ့လာအကဲခတ္သူတို႔က သုံးသပ္လ်က္ရွိသည္။ ျမန္မာႏိုင္ငံအေနႏွင့္ ပမာဏႀကီး မားေသာ အေျခခံအေဆာက္အအုံ စီမံကိန္းမ်ား အေကာင္အထည္ေဖာ္ရာတြင္ ေဒသခံတို႔ႏွင့္ ပုလဲနံပသင့္ေရး  သတိထားခ်ဥ္းကပ္ေနရသကဲ့သို႔ တ႐ုတ္ႏိုင္ငံဘက္ကလည္း စီမံကိန္းမ်ား အေကာင္အထည္ေဖာ္ေရး ေႏွးေကြး ေနမႈအေပၚ စိတ္အေႏွာင့္အယွက္ျဖစ္ေနဖြယ္ရွိသည္ဟု အခ်ိဳ႕က သုံးသပ္ခန႔္မွန္းလ်က္ရွိသည္။ ေနာက္တစ္ခ်က္ က ရခိုင္ အေရးကိစၥတြင္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္သူအျဖစ္ ပါဝင္လာေသာ ဂ်ပန္ႏိုင္ငံ၏ အခန္းက႑သစ္က လည္း တ႐ုတ္ႏိုင္ငံအတြက္ စိတ္ခုစရာျဖစ္သည္ဟုဆိုသည္။ 
 
မည္သို႔ဆိုေစ အဆိုပါခန႔္မွန္းတြက္ဆခန႔္မွန္းမႈမ်ားႏွင့္  အတူတ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး၏ ျမန္မာႏိုင္ငံ ခရီးစဥ္အတြင္း  ႏွစ္ႏိုင္ငံအၾကား မည္သို႔ေသာ အေျပာင္းအလဲမ်ားႏွင့္ အက်ိဳးသက္ေရာက္မႈမ်ားရွိလာမည္ ဆို သည္မွာ ေနာက္ထပ္ ေတြးဆစရာ ျဖစ္လာခဲ့သည္။ သို႔တေစ မစၥတာဝမ္ယိ၏ ခရီးစဥ္သည္ ႏွစ္ႏိုင္ငံပူးေပါင္း ေဆာင္႐ြက္လ်က္ရွိသည့္ စီးပြားေရး လုပ္ငန္းဆိုင္ရာ အေရးကိစၥမ်ားႏွင့္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး အေရးကိစၥတြင္ အကူအညီေပးရန္တည္းဟူေသာ အဓိက ဦးစားေပးအေရးကိစၥမ်ားအေပၚ အေလးထားေဆြး ေႏြးသြားမည္ကေတာ့ အေသအခ်ာပင္ျဖစ္သည္။ 
 
ယင္းေၾကာင့္ပင္ မစၥတာဝမ္ယိ၏ ခရီးစဥ္တြင္ တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံ ကိုဗစ္-၁၉ ေရာဂါကာကြယ္ တိုက္ဖ်က္ေရး လုပ္ငန္းမ်ားအတြက္ ယြမ္သုံးသန္းတန္ဖိုးရွိ ကိုဗစ္-၁၉ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး ေဆး ပစၥည္းမ်ားႏွင့္ ျမန္မာ ျပည္သူတို႔အတြက္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး သုံးသိန္းကူညီပံ့ပိုးသြားမည္ျဖစ္သည္။ 
 
အလားတူပင္ တ႐ုတ္ျမန္မာေအးအတူပူအမွ် အသိုက္အဝန္းထူေထာင္ႏိုင္ေရးအတြက္ လုပ္ငန္းစီမံခ်က္ ႏိုင္ငံေတာ္အဆင့္ ခရီးစဥ္မ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြးညႇိႏႈိင္းမႈျပဳႏိုင္သကဲ့သို႔ ျမန္မာ-တ႐ုတ္စီးပြားေရး စႀကႍ စီမံကိန္း၊ ႏွစ္ႏိုင္ငံလမ္းပန္းဆက္သြယ္ေရး ဆိုင္ရာ အေျခခံအေဆာက္အအုံ စီမံကိန္းစသည့္ ႏွစ္ႏိုင္ငံပူးေပါင္း ေဆာင္႐ြက္ေရး စသည္တို႔အေပၚ ေဆြးေႏြးညႇိႏႈိင္းမႈျပဳႏိုင္ခဲ့ၾကသည္။ 
 
အလားတူပင္ တ႐ုတ္ႏိုင္ငံအေနႏွင့္ NLD အစိုးရသစ္ သက္တမ္းတြင္ ၿငိမ္းခ်မ္းေရးႏွင့္ အမ်ိဳးသားျပန္ လည္သင့္ျမတ္ေရးလုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္မႈအေပၚ ဆက္လက္ေထာက္ခံ အားေပးသြားမည္ျဖစ္သကဲ့သို႔ ျမန္မာႏိုင္ငံ၏ အေထြေထြေ႐ြးေကာက္ပြဲတြင္ ေအာင္ႏိုင္မႈအတြက္ ဂုဏ္ယူဝမ္းေျမာက္ေၾကာင္း မစၥတာဝမ္ယိက တ႐ုတ္ႏိုင္ငံအႀကီးအကဲတို႔၏ ကိုယ္စား သတင္းစာပါးမႈတို႔အေပၚ ၿခဳံငုံသုံးသပ္ၾကည့္မည္ဆိုပါက မစၥတာဝမ္ယိ၏ ျမန္မာႏိုင္ငံခရီးစဥ္သည္ အနာဂတ္ႏွစ္ႏိုင္ငံဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈတို႔ကို ဆက္လက္ အားေပးျမႇင့္ တင္ေပးမည့္ အေပါင္းလကၡဏာေဆာင္ေသာ ခရီးစဥ္အျဖစ္ ရႈျမင္လိုက္ရပါေၾကာင္း ……
 
 
ေနစိုးဦး