【 ဆောင်းပါး 】အေပက်ဆွေးနွေးပွဲနှင့် ကောင်းမွန်သည့်အခင်းအကျင်း

【 ဆောင်းပါး 】အေပက်ဆွေးနွေးပွဲနှင့် ကောင်းမွန်သည့်အခင်းအကျင်း

နိုဝင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ထိုင်းနိုင်ငံဘန်ကောက်တွင် လေးရက်တာကျင်းပခဲ့သည့် (APEC) အေပက်အစည်းအဝေးမှာ ပြီးဆုံးခဲ့ပြီဖြစ်သည်။ ၁၉၈၉ခုနှစ်ကစတင်တည်ထောင်ခဲ့သည့် အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(APEC)မှာ ယခုနှစ်တွင် ၃၃ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ သက်တမ်း၃၃ နှစ်အတွင်း နှစ်စဉ် ကျင်းပခဲ့ရာ ယခုနှစ်တွင် ကျင်းပသည့် ၂၉ ကြိမ်မြောက်က ဒေသတွင်းနှင့်ကမ္ဘာ့တွင်ဖြစ်နေသည့် မတည်ငြိမ်မှုများကြောင့် ကမ္ဘာ့အတွက် မျှော်လင့်ချက်ဖြင့် စိတ်ဝင်စားမှုအရှိဆုံးအေပက်အစည်းအဝေးဖြစ်ခဲ့သည်။

ယခုအစည်းအဝေးသို့ အဖွဲ့ဝင် ၂၁ နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်ခဲ့ရာတွင် အကြီးအမှူးဖြစ်ခဲ့သည်မှာ တရုတ်သမ္မတရှီကျင့်ဖျင်ဖြစ်ခဲ့ပြီး ယခုအစည်းအဝေးတွင် တစ်ဦးတည်းသော အာရုံစိုက်ကြသည့် ကမ္ဘာ့ခေါင်းဆောင် ဖြစ်ခဲ့သည်။ ယခုအစည်းအဝေးသို့ အမေရိကန်ဘက်မှ ဒုသမ္မတကာမလာဟားရစ်စ်တက်ရောက်ခဲ့သလို ရုရှားဘက်မှ ဒု-ဝန်ကြီးချုပ်-၁ အန် ဒရေဘယ်လူဆော့ဗ်တို့တက်ရောက်ခဲ့သည်။ တခြားသောခေါင်းဆောင်များအဖြစ် သြစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘနိစ်၊ ဂျပန်ဝန်ကြီး ချုပ်ဖူမီယို ကီရှီဒါ ၊ တောင်ကိုရီးယား သမ္မတ၊ ကနေဒါဝန်ကြီးချုပ်စသည့် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ခေါင်းဆောင်များတက် ရောက်ခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ်ဆူနက်ခ်၊ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်မှာ အထူးဧည့်သည်တော် အဖြစ်တက် ရောက်ခဲ့သဖြင့် အေပက်အစည်းအဝေးမှာ ဒေသတွင်း အစည်းအ ဝေးအဖြစ်ထက်ပိုခဲ့သည်။ ယခုAPEC အစည်းအဝေးမစမီ နိုဝင်ဘာ ၁၇ ရက်က ထိပ်သီးအစည်းအဝေး ပြင်ပတွင်  ဘေးဆွယ်တွေ့ဆုံမှုအဖြစ် တရုတ်နှင့် ဂျပန် ခေါင်းဆောင်နှစ်ဦးတွေ့ဆုံခဲ့ကြသည်။ သုံးနှစ်နီးပါးအတွင်း ပထမဆုံးသော နိုင်ငံခေါင်းဆောင်များ အဆင့် ရှားရှားပါးပါး ထိပ်သီးတွေ့ဆုံမှုဖြစ်သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမိအို ကီရှီဒါတို့တွေ့ဆုံမှုတွင် အာရှအရှေ့ဖျားဒေသတွင်း နားလည်မှုတည်ဆောက်နိုင်ခဲ့သလို ထိုင်ဝမ်ရေ လက်ကြား ငြိမ်းချမ်းရေးအတွက် စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုနိုင်ခဲ့ကြသည်။နှစ်နိုင်ငံခေါင်းဆောင်များသည် တည်ငြိမ်ပြီး အပြုသဘောဆောင်သော နှစ်နိုင်ငံဆက်ဆံရေးကို တည်ဆောက်ရန် သဘောတူညီခဲ့ကြသည်။

ယခုဆယ်စုနှစ်အတွင်း ပဋိပက္ခများ၊အငြင်းပွားမှုများ၊မတည်ငြိမ်မှုများကြုံနေရသည့် အာရှ-ပစိဖိတ်ဒေသ၏ ကိုဗစ်ကပ်ကာလလျော့ပါးချိန် စီးပွားရေးနာလံထရန် ကြိုးပမ်းမှုတွင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့်တည်ငြိမ်မှုရှိရေးက အရေးပါလှသည်။ နိုဝင်ဘာလ ၁၇ ရက်ကပြုလုပ်သည့် အေပက်အဖွဲ့ စက်မှုနှင့်ကုန်သွယ်မှု ထိပ်သီးအစည်းအ ဝေးသို့ ပေးပို့သည့် တရုတ် သမ္မတ ရှီကျင့်ဖျင်၏ မိန့်ခွန်းတွင် အာရှ-ပစိဖိတ်ဒေသတည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက် ပိုမိုအကျိုးဆောင်မည်ဖြစ်ကြောင်း အလေး ထားဖော်ပြခဲ့သည်။

ရှီကျင့်ဖိန်က အခြေအနေသစ်တွင် သမိုင်းအတွေ့အကြုံနှင့် သင်ခန်းစာများယူရမည်ဖြစ်ပြီး ခေတ်စိန်ခေါ်မှုများကို ရင်ဆိုင်၍ အာရှ-ပစိဖိတ်ဒေသ စီးပွားရေးတစ်ပြေးညီဖြစ်ရေးကို ပြတ်သားစွာတွန်းအားပေးပြီး ဖွံ့ဖြိုးတိုးတက်ရေးအလားအလာသစ်ကို ဖန်တီးကာ အာရှ-ပစိဖိတ်ဒေသ ကံကြမ္မာတူ အသိုက်အဝန်းကို တည်ထောင်ရမည် ဖြစ် ကြောင်း၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသောအခြေခံအုတ်မြစ်ကို တည်ဆောက်ရန် အဆိုပါ ပေးပို့သည့် သမ္မတရှီ၏ မိန့်ခွန်းတွင် ဖော်ပြခဲ့သည်။

နှစ်ရက်ကြာကျင်းပခဲ့သော ၂၉ ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးတွင် ရှီက အာရှ-ပစိဖိတ်ဒေသအား ကမ္ဘာ့စီးပွားရေး မြှင့်တင်ရာတွင် ဦး ဆောင်သူဖြစ်စေရန် တောင်းဆိုခဲ့သည်။ ထို့ပြင် ဒေသတွင်းစီးပွားရေးများ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်၊ ပံ့ပိုးကူညီရန်၊ တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်သည့်ဝါဒကို အားလုံးက ပယ်ချရန်နှင့် စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးကို နိုင်ငံရေးနှင့် လက်နက်အဖြစ်အသုံးပြုရန် ကြိုးပမ်းမှုမှန်သမျှကိုလည်း အားလုံးက ပယ်ချသင့်ကြောင်း ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၈ ရက်က ကျင်းပသည့် အေပက်အဖွဲ့ ၂၉ ကြိမ်မြောက် အလွတ်သဘောအစည်းအဝေးတွင် တရုတ်သမ္မတရှီကျင့်ဖျင်က အာရှ-ပစိဖိတ် ကံကြမ္မာအသိုက်အဝန်း လက်တွဲတည်ဆောက်ရန် အဆိုပြုချက်၄ရပ်ကို တင်ပြခဲ့သည်။ ထိုအဆိုပြုချက် ၄ ရပ်မှာ နိုင်ငံတကာ တရားမျှတမှုကို ကာကွယ်ထိန်းသိမ်းပြီး ငြိမ်းချမ်းတည်ငြိမ်သော အာရှ- ပစိဖိတ်ဒေသကို တည်ဆောက်ခြင်း၊ တံခါးဖွင့်ရေးနှင့် အားလုံးပါဝင်နိုင်ရေးကို စွဲကိုင်ထားပြီး အတူတကွကြွယ်ဝချမ်းသာသော အာရှ-ပစိဖိတ်ဒေသကို တည်ဆောက်ခြင်း၊မြစိမ်းရောင် ကာဗွန်ထုတ်လွှတ်မှု နည်းရေးကို စွဲကိုင်ထားပြီး သန့်ရှင်းလှပသော အာရှ-ပစိဖိတ်ဒေသကို တည်ဆောက်ခြင်း၊ အေးအတူပူအမျှ ဖြစ်ပြီး အပြန်အလှန်ကူညီဖေးမသော အာရှ-ပစိဖိတ် ဒေသကို တည်ဆောက်ခြင်းတို့ဖြစ်ပြီး ထိုအဆိုပြုချက်၄ရပ်က ကမ္ဘာကို မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရမည်နည်း၊ အာရှ-ပစိဖိတ်ဒေသကို မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရမည်နည်းဆိုသည့် အခက်အခဲများကို ပြေလည်စေမည်ဟုဆိုသည်။

ရှီ၏မိန့်ခွန်းသည် APEC ၏ကုန်သွယ်မှုမျှော်မှန်းချက်များကို မြှင့်တင်ရန် လိုအပ်သော အဓိက "လုံခြုံရေး" လက္ခဏာများကို အာရုံစိုက်ခဲ့သည်။ ယင်းတို့တွင် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးတွင် ပိုမိုတက်ကြွစွာ ပါဝင်ရန် လိုအပ်ကြောင်းနှင့် နိုင်ငံတကာ စည်းမျဥ်းကို ပိုမိုမျှတပြီး ကျိုးကြောင်းဆီလျော်မှု ဖြစ်အောင် မြှင့်တင်ခြင်းဖြင့် ကူညီပေးရန်တို့ ပါဝင်သည်။

နိုင်ငံတကာ တရားမျှတမှုကို လက်ကိုင်ထားမှ ကုန်သွယ်မှု ပေါင်းစည်းရေးကို စည်းလုံးညီညွတ်သော အမြင်ပါဝင်သည့် ရှီ၏ အချက်လေးချက်ပါ အဆိုပြုချက်သည် "ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် အင်အားကြီး တစ်ခု" ဟု မှန်ကန်စွာ ချီးကျူးခံထားရသည့် ဒေသအတွက် ကြီးမားသော အကျိုးကျေးဇူးကို သယ်ဆောင်ပေးသည်။ စိတ်ဝင်စားစရာမှာ APEC ၏ အနာဂတ်မှာ ပေကျင်း၏ အကောင်းမြင်ဝါဒနှင့်အညီ လိုက်လျောညီထွေရှိကာ နိုင်ငံများသည် ရေရှည်တိုးတက်မှုကို အလေးထားသည့် အဓိကမူဝါဒရွေးချယ်မှုများအပေါ် သဘောတူညီမှု ရရှိထားဆဲဖြစ်သည်။

ရှီက တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာ ဘက်အသီးသီးတို့နှင်အတူ RCEPကို ဘက်စုံအရည်အသွေးမြင့်စွာ ကျင့်သုံးဆောင်ရွက်ရန်၊ CPTPP နှင့်DEPA(Digital Economy Partnership Agreement) တွင် ပါဝင်ဖို့ ဆက်လက်တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားသည့်အပြင် လာမည့်နှစ်တွင် တရုတ်နိုင်ငံသည် တတိယ အကြိမ်မြောက် Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်ကို ကျင်းပရန် စဉ်းစားနေပြီး အာရှ-ပစိဖိတ်နိုင်ငံများသည် တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်တွင် ပါဝင်ရန် ကြိုဆိုကြောင်းလည်း ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများ ရင်ဆိုင်ရချိန်တွင်  ရှီက မိန့်ခွန်းက APEC စျေးကွက်များ ပွင့်လင်း လာစေရန် မျှဝေလိုသောဆန္ဒ နှင့် ထောက်ပံ့ရေးကွင်းဆက်ပြဿနာများကို ယုံကြည်စိတ်ချစွာဖြင့် ကိုင်တွယ်ဖြေရှင်းရန် ပါဝင်သည်။ ကမ္ဘာကိုစျေးကွက်ဖွင့်ပေးရန် တရုတ်နိုင်ငံ၏ မယိမ်းယိုင်သော ကတိကဝတ်သည် ယခုအစည်း အဝေးတွင် ပေါ်လွင်နေသည်။

အေပက်အစည်းအဝေးနောက်ဆုံးနေ့ဖြစ်သည့် နိုဝင်ဘာ ၁၉ ရက် စနေနေ့တွင် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ခေါင်းဆောင်များက ကြေညာချက်တစ်စောင်နှင့် ဇီဝမျိုးစုံ ယဉ်ကျေးမှုကြွယ်ဝကာ တီထွင်ဆန်းသစ်သော နည်းပညာ စီးပွားရေး (Bio-Circular-Green Economy) ဆိုင်ရာ ဘန်ကောက်ရည်မှန်းချက် ပန်းတိုင်များကို ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်တွင် ပွင့်လင်း၊တက်ကြွ၊ ခံနိုင်ရည်ရှိပြီး ငြိမ်းချမ်းသော အာရှ-ပစိဖိတ် လူမှုအသိုက်အဝန်းကို ၂၀၄၀ ခုနှစ်တွင် ထူထောင်မည့် APEC ပူထရာဂျာယား ရည်မှန်းချက် အကောင်အထည်ဖေါ်ရန် ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့သည်ကိုတွေ့ရသည်။

ဘန်ကောက်ရည်မှန်းချက်ပန်းတိုင်များတွင်လည်း APEC ၏ ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ ရည်မှန်း ချက်များကို ရှေ့တန်းတင်ရန် ကျယ်ပြန့် သော မူဘောင်တစ်ခုဖြစ်သည့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ ရေရှည်တည်တံ့သော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စွန့် ပစ်ပစ္စည်း စီမံခန့်ခွဲမှုတို့ပါဝင်သည့် ပန်းတိုင်ကို ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်နှင့် ပန်းတိုင်များကို အေပက် ခေါင်းဆောင်များက ရဲရင့်တုံ့ပြန်ကျယ်ပြန့်သော ပုံစံဖြင့် အကောင်အထည်ဖေါ်ပြီး လက်ရှိကတိကဝတ်များကို စိတ်အားတက်ဖွယ် ကတိကဝတ် သစ်များဖြင့် ပေါင်းစပ်မည်ဖြစ်ကြောင်းလည်းဖော်ပြခဲ့သည်။

ပွင့်လင်းဆက်သွယ် ချိန်ခွင်လျှာညီရေးဆိုသည့် ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့သည့် နှစ်ရက်ကြာ အေပက်ခေါင်းဆောင်များအစည်းအဝေးသည် ငွေကြေးဖောင်းပွမှု၊ ပထဝီနိုင်ငံရေး တင်းမာမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် ကိုဗစ်နိုင်တင်း ကပ်ရောဂါ စသည်တို့အပါအဝင် စိန်ခေါ်မှုအများအပြားနှင့် ကမ္ဘာ့စီးပွားရေးနာလန်ထရေး ရင်ဆိုင်နေရစဉ်တွင် ကျင်းပခြင်းဖြစ်သဖြင့် လက်ရှိကမ္ဘာ့အခင်းအကျင်းများစွာ၏ဂယက်ရိုက်ခတ်မှုက ရှိခဲ့သည်။

သို့ရာတွင် ယခုအစည်းအဝေးအတွင်း တရုတ်ခေါင်းဆောင်က ကမ္ဘာ့တည်ငြိမ်ရေးနှင့် စီးပွားရေးအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သည်ကိုတွေ့ရသည်။ ရှီက အေပက်အစည်းအဝေးနောက်ဆုံးနေ့တွင် ရေရှည်တည်တံ့သော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စများကို ဆွေးနွေးစဉ် အဖွဲ့ဝင်နိုင်ငံများကို လွတ်လပ်ပွင့်လင်းသော ကုန်သွယ်မှုကို တောင်းဆိုခဲ့သည်။

ရှီက စည်းမျဉ်းအခြေပြုနိုင်ငံစုံဘက်စုံကုန်သွယ်ရေးစနစ်ကို အခိုင်အမာထိန်းသိမ်းသင့်ကြောင်း ရှီ ပြောပြီး ကမ္ဘာ့စက်မှုကွင်းဆက်များနှင့် ကုန်စည်ဖြန့်ချိရေး ကွင်း ဆက်များ၏ လုံခြုံမှုနှင့် တည်ငြိမ်မှုကို  ကာကွယ်သင့် ကြောင်းပြောခဲ့ပြီး တိုးတက်မှုတွင်အားလုံးအကျုံးဝင်ခြင်းကို ဦးစားပေးရမည်ဖြစ်ကြောင်းပြောခဲ့သည်။ တတိယ အချက်အနေဖြင့် ရှီက ပိုမိုတံခါးဖွင့်ရေးနှင့် ဒေသတွင်း ပူးပေါင်းဆောင် ရွက်ရေး အလေးထား ပြောကြားပြီး အာရှ-ပစိဖိတ်တွင် ကြွယ်ချမ်းသာမှု ပူးတွဲလုပ်ဆောင်ရေး တောင်းဆိုခဲ့သည်။

APEC တံခါးပိတ်အစည်းအဝေးမဝင်ခင် သမ္မတရှီနှင့် အမေရိကန်ဒုသမ္မတ ကာမလာဟားရစ်စ်တို့ ခဏတာ အမြင်ဖလှယ်ခဲ့ကြကြောင်း ထုတ်ပြန်ခဲ့သည်။ထိုသို့တွေ့ဆုံမှုအပြီး အမေရိကန်ဒုသမ္မတဘက်မှ အမေရိကန်ဟာ အာရှပစိဖိတ်ဒေသနိုင်ငံအားလုံးအတွက် ယုံကြည်ကိုးစားလို့ ရနိုင်တဲ့ စီးပွားရေးမိတ်ဘက် ဖြစ်ခဲ့ပြီး၊ ရှေ့မှာလည်း အခုလို ဆက်ရှိသွားမယ်လို့ ဒီ APEC ထိပ်သီးပွဲ ပြင်ပတွင် စနေနေ့က ပြောခဲ့သည်။ ကိုဗစ်နဲ့ ရုရှားရဲ့ ယူကရိန်း ကျုးကျော်စစ်ကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်နေချိန်၊ ကမ္ဘာ့စီးပွား ရေးအင်အားအကြီးဆုံး ဒီနှစ်နိုင်ငံခေါင်းဆောင်တွေ နိုင်ငံရေး၊ မဟာဗျုဟာရေး ကွဲလွဲပြိုင်ဆိုင်မူတွေ ကြီးမားလာနေသည့်ကြားက တရုတ်နှင့် အမေရိကန် အကြား လမ်း ကြောင်းပြန်ပွင့်လာသည်က ကမ္ဘာ့နှင့် အာရှ-ပစိဖိတ်ဒေသအတွက် ကောင်းမွန်သည့် လက္ခဏာဖြစ် သည်။

ယခုအေပက်အစည်းအဝေးက ထင်ထားသည့်ထက် များစွာတာသွားခဲ့သည်။ ဤအရေးကြီးသော ကမ္ဘာ့ဇာတ်ခုံတွင် တရုတ်ဘက်က အတောက်ပဆုံး ထွန်းလင်းခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုဆိုင်ရာ ချဉ်းကပ်မှုတွင် အမေရိကန်နှင့် တရုတ်ကြား ကွဲလွဲနေမှုကို အတန်အသင့် နားလည်မှုယူနိုင်ခဲ့သည်။ တစ်ပတ်အ တွင်းတွင် တရုတ်နိုင်ငံသည် ၎င်း၏ ခေါင်းဆောင်မှု ချဉ်းကပ်မှုပုံစံကို  ကမ္ဘာပေါ်တွင် အမေရိကန်နှင့် မတူသည့်  တည်ငြိမ်စေသည့် တွန်းအားတစ်ခုဖြစ်ကြောင်း ပြသခဲ့သည်။ထို့ပြင် တရုတ်နိုင်ငံသည် ရန်လိုသည့်စစ်ပွဲများကို ရှောင်လွှဲပြီး အခြားနိုင်ငံများနှင့် အငြင်းပွားမှုများ ပေါ်ပေါက်လာသောအခါတွင် သံတမန်ရေးရာ လမ်းကြောင်းများ ထူထောင်ရန်နှင့် ၎င်းတို့အား ဖြေရှင်းရာတွင် စေတနာထားအထူးဂရုစိုက်သည့် ဖြေရှင်းမှုကို ပြခဲ့သည်။

ခြုံငုံကြည့်ပါက အမေရိကန်နှင့် မတူညီသော ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် တရုတ်နိုင်ငံ ကမ္ဘာ့ဦးဆောင်နိုင်ငံအဖြစ်နေရာယူလာခြင်းက ကမ္ဘာ့အတွက် ရွေးချယ်စရာရှိလာစေခြင်းပင် ဖြစ်လေသည်။

 

လင်းသစ်အောင်