【 တစ်ပတ်အတွင်းနိုင်ငံတကာ သတင်းသုံးသပ်ချက် 】 ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း အကြီးဆုံးစစ်ပွဲကြီးလား

【 တစ်ပတ်အတွင်းနိုင်ငံတကာ သတင်းသုံးသပ်ချက် 】 ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း အကြီးဆုံးစစ်ပွဲကြီးလား

တစ်ပတ်အတွင်း သတင်းတွေကို ကြည့်တဲ့အခါ မြင်သာတာကတော့ ယနေ့ နိုင်ငံတကာအခြေအနေဟာ တစ်နေ့ရွှေတစ်နေ့ငွေဆိုတဲ့ အပြောင်းအလဲ အရမ်းမြန်လွန်းတဲ့ အခြေအနေကို ရောက်နေတာကို တွေ့ရတာပဲဖြစ်ပါတယ်။ ယခုရက်သတ္တ ပတ်အတွင်းမှာ ယူကရိန်းအရေးဟာ စစ်ဖြစ်ဖို့နီးစပ်လာတယ်ဆိုတာထက် စစ်ဖြစ်အောင် ရုရှားဘက်က ပရိယာယ်ဆင်နေတာကို ထင်ထင်ရှားရှားမြင်နေရပြီဖြစ်ပါတယ်။ ဒီသတင်းကို ဖယ်ပြီး အခြားသတင်းတွေကို ကြည့်လို့မရနိုင်အောင် ယူကရိန်းပြဿနာပေါ် အခြေတည်ပြီး နိုင်ငံတကာ အခြေအနေတွေ ဖြစ်တဲ့ စီးပွားရေး၊ကျန်းမာ ရေးနဲ့ သဘာ၀ဘေးတွေမှာ လွန်ဆွဲမှုတွေ တွေ့နေရသလို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ အားပြိုင်နေတာကြောင့် အင်အားလေဟာနယ်တွေ တချို့ဒေသမှာ ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ ဒီလေဟာနယ်ဖြစ်တဲ့ တိုက်ရိုက်အရေးမယူနိုင်တာကို အခွင့်ယူပြီး အာရှနဲ့ အာဖရိကမှာ အာဏာသိမ်းတာတွေ၊ အကြမ်းဖက်မှုတွေ ပြန်ခေါင်းထောင်လာနေတာကိုတွေ့ရပါတယ်။ 
 
ဒီတစ်ပတ်အတွင်းမှာ ဖြစ်ခဲ့တဲ့ သတင်းတွေကိုကြည့်ရင် ကနေဒါမှာ ကိုဗစ်ကန့်သတ် ချက်ကို ဆန်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်တာ၊ ဘရာဇီးနိုင်ငံမှာ မိုးကြီးမြေပြိုလို့ လူတစ်ရာကျော် သေဆုံးခဲ့တာ စတဲ့ သတင်းတွေ ဖြစ်ခဲ့ပေမယ့် ယူကရိန်းအခန်းဆက်က အရှိန်ကောင်းနေသလို သံတမန်ရေးရာ ပရိယာယ်တွေ မြင်နေရတဲ့ ဒီအကျပ်အတည်းကိုသာ ဒီတစ်ပတ်မှာ  ဆက်ဖော်ပြချင်ပါတယ်။ 
 
စစ်မြူမှုတွေ 
 
စစ်ပွဲတစ်ခုဖြစ်လာပြီဆိုရင် စစ်မြူနေတာတွေ ၊တပ်နေရာချတာတွေ စသဖြင့် ကြည်း တပ်ကို ဗဟိုပြုတဲ့ တပ်လှုပ်ရှားမှုတွေကို လုပ်ရသလို သံတမန်ရေးမှာလည်း ကိုယ်မတရားလုပ်တာကို အသာရဖုံးကွယ်နိုင်အောင် သံတမန်ရေးရာအရာ လိမ်တန်လိမ်၊ညာတန်ညာစတဲ့ လော်ဘီအလုပ်တွေကို လုပ်ခဲ့ကြတာ ကမ္ဘာစစ်ကြီးနှစ်ခုမှာ အထင်အ ရှားတွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒီနှစ်ခုနှင့် ချိန်ထိုးကြည့်မယ်ဆိုရင် လက်ရှိ အခင်းအ ကျင်းဟာ စစ်ကြီးတစ်ခုဖြစ်ဖို့ လုပ်သင့်သလောက်လုပ်ပြီးကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ယူကရိန်းနယ်စပ်မှာ တပ်စွဲထားတဲ့တပ်ဖွဲ့ဝင်တချို့ကို ပြန်လည်ရုပ်သိမ်းမယ်လို့ ရုရှားဘက်က ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ရုရှားရဲ့ ထုတ်ပြန်မှုကို အနောက်အုပ်စုနဲ့ နေတိုးက မယုံခဲ့ပါဘူး။ ဒီနေ့ခေတ်မှာ ရန်သူနေရာကို ထိုးဖောက်ဝင်ရောက်စရာမလိုဘဲ ကောင်းကင်မှာရှိတဲ့ ဂြိုဟ်တုတွေနဲ့  ကြည့်နေနိုင်ပြီဖြစ်လို့ နေတိုးအဖွဲ့ဘက်က ဒါတွေကိုထောက်ရှုပြီး ရုရှားဘက်က စတင်ဆုတ်ခွာမယ့်အရိပ် အ ယောင် မတွေ့ရဘူးဆိုပြီး ပယ်ချခဲ့ပါတယ်။ 
 
ဒီအစား ရုရှားတပ်ဖွဲ့ဝင်တွေရဲ့ ဖွဲ့စည်းပုံဟာ အသစ်တစ်မျိုးဖြစ်သွားတာပါ။ နေတိုးနဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ အင်အားကိုလည်း ဖြည့်တင်းဖို့လိုလာပါပြီဆိုပြီး နေတိုးတပ်ဖွဲ့အတွင်းရေးမှူးချုပ်စတိုလန်ဘာချ်က သတိတောင် ပေးခဲ့ပါတယ်။တကယ်ဘဲ သတိ ပေးရအောင် ရုရှားတပ်တွေရဲ့ လှုပ်ရှားမှုက ပိုပြီး လျှို့ဝှက်လာခဲ့တာကိုတွေ့ရပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး အော်စတင်က ABC သတင်းဌာနနဲ့ အင်တာ ဗျူးမှာ ပူတင်နဲ့ ပတ်သက်ပြီးပြောခဲ့တာ တစ်ခုရှိပါတယ်။ ဒါက ပူတင်အနေနဲ့ အောင် မြင်တဲ့ ကျူးကျော်မှုတစ်ခုလုပ်ဖို့  လိုအပ်မယ့် အရာတွေကို လုပ်ပြီးသွားပြီ ဆိုပြီး ပြောခဲ့တာပဲ ဖြစ်ပါတယ်။ တကယ်ဘဲ လုပ်ပြီးသွားပြီ မိုလို့ ပူတင်ဘက်ကနေ တစ်ရစ်ပြီးတစ်ရစ်တင်းလာတာလား၊ယူကရိန်းကို  ဗြုန်းစားကြီး သိမ်းလို့မရအောင် ဘာတွေက ပူတင်ကို တားထားနေသလဲဆိုတာ ဒီရက်ပိုင်းသတင်းတွေကို ပြန်ကြည့်မယ်ဆိုရင် သိနိုင်ပါတယ်။ 
 
ပူတင် ယူကရိန်းကို ကျူးကျော်မယ်လို့ ထင်ကြေးပေးထားတဲ့ ဗုဒ္ဓဟူးနေ့အပြီး နောက်တစ်ရက်ဖြစ်တဲ့ ကြာသပတေးနေ့ (ဖေဖေါ်ဝါရီ ၁၇ ရက်) မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ယူကရိန်းအပေါ် ရုရှားက မကြာခင်ရက်တွေအတွင်း ကျုးကျော်တိုက်ခိုက်နိုင်တဲ့ အလားအလာတွေ မြင့်မားနေဆဲလို့ ပြောခဲ့ပြီး  “တိုက်ခိုက်ဖို့ အကြောင်းပြနိုင်မယ့် လုပ်ကြံဖန်တီးမှုတွေ ရှိနေတယ်လို့ ယုံကြည်လောက်တဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။ တွေ့မြင်နေရတဲ့ အခြေအနေအရ ယူကရိန်းကို ကျုးကျော် တိုက်ခိုက်ဖို့လည်း ပြင်ဆင်နေပါတယ်”ဆိုပြီး ပြောခဲ့ပါတယ်။ အဲဒီရက်တွေမှာဘဲ ရုရှားဘက်က သံတမန်ရေးရာ တင်းမာအောင် မော်စကိုရှိ အမေရိကန်သံရုံးမှာ ဒုတိယ အဆင့် အမြင့်ဆုံး သံတမန်ဖြစ်တဲ့ ဒုတိယတာဝန်ခံကို ရုရှားက နှင်ထုတ်လိုက်ပါတယ်။ 
 
ဒီလိုနှင်ထုတ်ပြီးနောက်မှာ ဘရပ်ဆဲလ်မှာ ရောက်နေတဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ယူက ရိန်းနယ်စပ်မှာ ရုရှားကပြောနေသလို တပ်တွေ ပြန်ရုပ်တာမရှိဘဲ ထပ်တိုးနေတာသာ တွေ့ရတယ်လို့ ထပြောခဲ့ပါတယ်။ဒီ ၁၇ ရက်မှာဘဲ အမေရိကန်သမ္မတပြောခဲ့သလို ယူကရိန်းကို ကျူးကျော်ဖို့ အကြောင်းပြချက် ခိုင်မာအောင် ဖန် တီးနိုင်တဲ့ လှုပ်ရှားမှုတွေ ရုရှားဘက်ကနေ စလာခဲ့ပါတယ်။ ဒါက ရုရှားအားပေးထောက်ခံတဲ့ ယူကရိန်း နိုင်ငံအရှေ့ပိုင်း လူဟန်စ်ကာဒေသက မူလတန်းကျောင်းစာသင်ခန်းကို လက်နက်ကြီးကျလို့ ထိခိုက်ပျက်စီးကာ ဆရာနှစ်ယောက် ထိခိုက်ဒဏ်ရာရတယ်ဆိုပြီး ယူကရိန်းကို စွပ်စွဲခဲ့ပါတယ်။ 
 
နောက်ထပ်ဖြစ်တာက ခွဲထွက်နိုင်ငံ အဖြစ်ကျော်ညာထားတဲ့  ဒွန်ဘတ်စ်ကာမှာလည်း တပ်အရာရှိ တစ်ဦးကားဗုံးပေါက်တာ ဒွန်ဘတ်စ်မြို့တစ်ခုလုံး တုန်လှုပ်တဲ့အထိ ဆိုပြီး ဒါလည်း ယူကရိန်းဘက်ကို စွပ်စွဲခဲ့ပါတယ်။ ဒီနောက်မှာ ယူကရိန်းဘက်ကို အမြှောက်နဲ့ ပစ်ခတ်ခဲ့ပါတယ်။သောကြာနေ့မှာတော့ ရုရှားသမ္မတကိုယ်တိုင် ကြီး ကြပ်မယ့် မဟာဗျုဟာမြောက် နျူကလီးယား တပ်ဖွဲ့တွေရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေ စနေနေ့မှာ စတင်မယ့်အကြောင်း ကြေညာခဲ့ပါတယ်။   
 
ဒီလိုအကြောင်းတရားတွေကြောင့်‌ သောကြာနေ့ အိမ်ဖြူတော်မှာ ပြုလုပ်ခဲတဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ဘိုင်ဒင်က ရုရှားသမ္မတပူတင်ဟာ ယူကရိန်းကိုတိုက်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း ထပ်ပြောခဲ့ပါတယ်။ ဒါပေမယ့် နျူကလီးယားလက်နက်တွေကိုသုံးဖို့ အလေးအနက် သဘောထား လိမ့်မယ်လို့ မထင်ကြောင်း ပြောခဲ့ပါတယ်။ ကြာသပတေးနေ့က ယူကရိန်းအရှေ့ပိုင်းက ဒွန်ဘတ်စ်ဒေသက မူလတန်းကျောင်းကလေးဖြစ်တဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဒါဟာ ရုရှားထောက်ခံပံ့ပိုးနေတဲ့ တိုက်ခိုက်ရေးသမားတွေ လုပ်ဆောင်တာလို့ သမ္မတဘိုင်ဒန်က ပြောခဲ့ပါတယ်။ ဒါပေမယ့် ရုရှားကတော့ ဒါဟာ ယူကရိန်းဘက်က လုပ် ဆောင်တာလို့ တုံ့ပြန်ပါတယ်။
 
 
ဆင်လုံးတွေနဲ့ ကျိုးကြောင်းသင့်ဖို့ 
 
 
အမေရိကန်ဘက်ကတော့ ဒွန်ဘတ်စ် ဒေသမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျုးလွန်နေတယ် ဆိုတဲ့ ပြောဆိုမှုတွေ၊ ရုရှားကို ယူကရိန်းက တိုက်ခိုက်တယ် ဆိုတာတွေ အပါ အဝင် ရုရှားက မမှန်သတင်းတွေ ဖြန့်ချိဖို့ ကြိုးစားတာတွေ ရှိနေတယ်လို့လည်း ပြောပြီး ဒါဟာ ယူကရိန်းကို ဝင်ကျူးကျော်ဖို့အတွက် ရုရှားလုပ်ဆောင်နေကျ အတိုင်းဖြစ်ပြီး အခုလိုမျိုးတွေ ပုံမှန်လုပ်လေ့ရှိတယ်လို့လည်း သမ္မတဘိုင်ဒန်က ပြောပါတယ်။ ရုရှားအနေနဲ့ ဒီလို မမှန်မကန် အကြောင်းပြချက်တွေ သုံးလိမ့်မယ်ဆိုတာ အမေရိကန်အစိုးရက သီတင်းပတ်နဲ့ချီ သတိပေးထားပြီး ဖြစ်ကြောင်းလည်း သမ္မတဘိုင်ဒင်က ပြောခဲ့ပါတယ်။ 
 
ရုရှားက တစ်ဘက်မှာ နယ်စပ်ကနေ တပ်တွေ ဆုတ်ခွာတယ်ဆိုပြီး သတင်းမှားတွေ ထုတ်ပေမယ့် တစ်ဘက်မှာ နျူကလီယားစစ်ဆင်ရေးလေ့ကျင့်တာ၊ ယူကရိန်းအရှေ့ပိုင်းက သူဩဇာခံတွေကို ယူကရိန်းနဲ့ ပြဿနာ တက်အောင် လုပ်နေတာစတာတွေကြောင့်‌ ယူကရိန်းကို မကျူးကျော်ဘူးလို့ ပြောတဲ့ ရုရှားခေါင်းဆောင် ပူတင်ရဲ့ စကားကို နိုင်ငံတကာက မယုံပါဘူး။ ဒါကြောင့်လည်း ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ဂျာမနီနိုင်ငံ မြူးနစ်မှာ ကျင်းပတဲ့ လုံခြုံရေးညီလာခံမှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က ယူကရိန်းကို ရုရှားဝင်ကျူးကျော်မယ်ဆိုရင် ဥရောပဒေသတွင်း ကြီးမားတဲ့ဘေးဒုက္ခနဲ့ ကြုံလာရနိုင်တယ်လို့သတိပေးခဲ့ရတဲ့ အထိဖြစ်ခဲ့ပါတယ်။  
 
ဘယ်လိုပဲ သတိပေးပေး၊ ဖြစ်လာနိုင်တာတွေ ထောက်ပြထောက်ပြ ရုရှားကတော့  ယူကရိန်းအချုပ်အခြာကို ဆက်ခြိမ်းခြောက်မြဲ ခြိမ်းခြောက်စဲပါ။ စနေနေ့မှာ  ဘီလာရုစ်မှာ ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပူတင် ကိုယ်တိုင် ကြီးကြပ်ပြီး လုပ်နေခဲ့သလို ဒီစစ်ရေးလေ့ကျင့်မှုတွေမှာ ရေငုပ်သင်္ဘောပေါ်ကနေ ပစ်လွှတ်ရတဲ့ တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံးအပါအဝင် လက်နက်တွေနဲ့ တိုက်ခိုက်မှုမျိုးစုံ ပါဝင်တဲ့ တိုက်ပွဲဝင်စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့ပါတယ်။
 
ရုရှားရဲ့ ပေကပ်ကပ်နိုင်တဲ့ ရှေ့တိုးခြိမ်းခြောက်မှုတွေကြောင့် မြူးနစ်မှာ ကျင်းပနေတဲ့ လုံခြုံရေးဆိုင်ရာ ညီလာခံမှာ G-7 နိုင်ငံခြားရေးဝန်ကြီးတွေချည်းဘဲ စနေနေ့မှာ သီးသန့်တွေ့ဆုံကာ ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှု တွေကို ဆွေးနွေးခဲ့သလို  ပူးတွဲကြေ ညာချက်ထုတ်ပြီး နိုင်ငံတကာ ကတိကဝတ်တွေကို အပြည့်အဝလိုက်နာဖို့ တောင်းဆိုခဲ့ပါတယ်။ မြူးနစ်မြို့မှာ ကျင်းပနေတဲ့လုံခြုံရေးဆိုင်ရာ ညီလာခံမှာ ရောက်ရှိနေတဲ့ ဝန်ကြီးချုပ် ဂျွန်ဆင်က ဗြိတိန်ဝန်ကြီးချုပ်ကတော့ ပူတင် အနေနဲ့ ၁၉၄၅ ခုနှစ် နောက်ပိုင်း ဥရောပမှာ အကြီးမားဆုံးလို့ ခေါ်ဆိုနိုင်တဲ့ စစ်ပွဲကြီး တစ်ရပ် ဆင်နွှဲဖို့ ပြင်ဆင်နေတယ် ဆိုတာကို ရုရှားနဲ့ ယူကရိန်းတို့မှာ ဖြစ်ပျက်နေကြ တာတွေက ညွှန်ပြ နေတယ်လို့ဆိုပြီး ဘီဘီစီနဲ့ မေးမြန်းခန်းမှာပြောခဲ့ပါတယ်။
 
ဒီအင်တာဗျူးမှာ ဘောရစ်ဂျွန် ဆင်က တွေ့မြင်နေရတာတွေ အရ သမ္မတ ပူတင်ရဲ့ အစီအစဥ်ဟာ စတင်နေပြီလို့တောင် ပြောနိုင်တယ် လို့ဆိုပြီး  ဂျာမနီနိုင်ငံခြားရေးဝန် ကြီးကတော့ အခုလို အကျပ်အတည်းကာလကြီးမှာ ခန့်မှန်းတွက်ဆ ပြောဆို တာမျိုးတွေ မလုပ်ဖို့ မေတ္တာရပ်ခံခဲ့တာကို တွေ့ရပါတယ်။ 
 
 
ရုရှားရဲ့ အကြီးမားဆုံး စစ်ရေးပြင်ဆင်မှု
 
 
ဗြိတိန်ဝန်ကြီးချုပ်ပြောတာတွေက တားမြစ်ရလောက်အောင် တကယ်ဘဲ အရှိတရားတွေနဲ့ ကင်းကွာနေသလား ဆိုတာ စဉ်းစားစရာပါ။ ကြာသပတေးနေ့က စခဲ့တဲ့ ယူကရိန်းအရှေ့ပိုင်း ခွဲထွက် ဒေသနှစ်ခုဖြစ်တဲ့ ဒွန်ဘတ်စ်နဲ့ လူဟန်စ်ကာ ဒေသတွေမှာ နှစ်ဘက်ဆက်သွယ်ရေးမျဉ်းတစ်လျှောက် ခွဲထွက်သူပုန်တွေ လှုပ်ရှားမှု ပိုစိပ်လာခဲ့ပါတယ်။ 
 
သတင်းတွေအရ ကားတွေ ဗုံးပေါက်တာတွေ ၊ ကျောင်းတွေကို ဒုံးကျည်နဲ့ ပစ်တာ တွေ ဖြစ်လာသလို ထိခိုက်သေဆုံးတာတွေ ကြေညာခဲ့တာကိုတွေ့ရပါတယ်။ နယ်စပ်နားမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတယ်ဆိုပြီး မော်စကိုနဲ့ ကိဗ်က အပြန်အ လှန် စွပ်စွဲခဲ့ကြပြီးတဲ့နောက်မှာ သူတို့ရဲ့နိုင်ငံသားတွေ ယူကရိန်းက ထွက်ခွာကြဖို့ ပြင်သစ်နဲ့ ဂျာမနီက တိုက်တွန်းခဲ့ကြပါတယ်။
 
အဆိုပါဒေသနှစ်ခုစလုံးက ဒေသခံတွေ ခုနှစ်သိန်းကို ယူကရိန်းတပ်ဖွဲ့တွေ တိုက်ခိုက်တော့မှာကို စိုးရိမ်လို့ ဆိုပြီး ရုရှားနိုင်ငံထဲ ရွှေ့ပြောင်းရေး အစီအစဥ်ကို ထုတ်ပြန်ပြီး ရုရှားကလည်း လက်ခံခဲ့ပါတယ်။ ဒီနောက် အပြည့်အဝ စစ်ရေးလှုပ်ရှားမှု အမိန့်ကို လက်မှတ်ရေးထိုးခဲ့ကြောင်းနဲ့ သေနတ်ကိုင်နိုင်တဲ့ ယောင်္ကျားမှန်သမျှ စစ်တပ်မှာ စာရင်းသွင်းကြဖို့ ဆော်ဩခဲ့ပါတယ်။ ဒါကို ဒိုနက်စ် ပြည်သူ့သမ္မတနိုင်ငံ အကြီးအကဲ ဒင်းနစ်ပူရှီလင်နဲ့ လူဟန့်စ် ပြည်သူ့ သမ္မတနိုင်ငံအကြီးအကဲ  လီယိုနစ် ပါဆက်နစ်တို့က ထုတ်ခဲ့တာပါ။  
 
အမေရိကန်ထောက်လှမ်းရေးသတင်းတွေအရ ဆိုရင် ထိုးစစ်ကိုစတင်နိုင်ဖို့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ခွဲထွက် နယ်မြေတွေမှာ ပြဿနာရှိနေတယ် ပုံမျိုး ရုရှားကဖန်တီးနေပြီး ရှေ့လာမည့် ရက်အနည်းငယ်အတွင်း တိုက်ခိုက်မှု စတင်နိုင်တယ်လို့ဆိုပါတယ်။ အဲဒီ အကဲဖြတ်ချက်အရ ယူကရိန်းမြို့တော် ကိဗ် ကို ပစ်မှတ်ထားမယ့် အစီအစဉ်လည်းပါဝင်နေပါတယ်။ 
 
အဲဒီအင်တာဗျူးအစီအစဉ်မှာ ဗြိတိန်ဝန်ကြီးချုပ်ဂျွန်ဆင်က အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဆီ ကနေရ တဲ့  ထောက်လှမ်းရေး သတင်းအချက်အလက်များကို ကိုးကားပြီး ရုရှရဲ့ကျူးကျော်ဝင်ရောက်မှု အစီအစဉ်များ ကို ပြောခဲ့ရာမှာ ရုရှားတပ်ဖွဲ့ဝင်များဟာ ခွဲထွက်ရေးသူပုန်တို့ထိန်းချုပ်ရာ အရှေ့ဘက်ကနေ ယူကရိန်းနိုင်ငံထဲ ဝင်ရောက်နိုင်ရုံသာမက ဘယ်လာရုစ်ကနေတစ်ဆင့် ယူကရိန်း မြောက်ဘက်သို့ ဝင်ရောက်ပြီး မြို့တော် ကိယက်ဗ်ကို ဝိုင်းသွားနိုင်ကြောင်းပြောခဲ့ပါတယ်။ 
 
“ယခု ကျွန်တော်တို့ တွေ့မြင်နေရတဲ့ ရုရှရဲ့ အစီအစဉ်ဟာ အတိုင်းအတာအရွယ်အ စား အရဆိုရင် ၁၉၄၅ ခုနှစ်နောက်ပိုင်း ဥရောပမှာ အကြီးမားဆုံး ဖြစ်နိုင်တဲ့ စစ်ပွဲတစ်ခုအတွက် ပြင်ဆင်နေတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်”ဆိုပြီး  ဂျွန်ဆင်က ပြောခဲ့တာကိုတွေ့ရပါတယ်။ 
 
ယူကရိန်းအရှေ့ဘက်မှာဖြစ်နေတဲ့ ပဋိပက္ခက ကြာသပတေးနေ့ကနေ စလာရာမှာ  ပိုပြင်းထန်လာပြီး စနေနေ့မှာတော့ ရှေ့တန်းစစ်မျက်နှာကို ယူကရိန်းပြည်ထဲရေးဝန်ကြီး လှည့်လည်နေတုန်း ခွဲထွက်သူပုန်တွေဘက်က လက်နက်ကြီးတွေပစ်တဲ့အတွက် ဗုံးခို ကျင်းထဲ အသည်းအသန် နေရာယူခဲ့ရသလို ယူကရိန်း စစ်သား ၂ ဦးပါကျဆုံးခဲ့ရပါတယ်။ ဒီအခြေအနေတွေကြောင့် ရုရှားဘက်က စစ်မြူနေတာတွေက အတော် လေးကိုသိသာထင်ရှားနေလို့  ဗြိတိန်ဝန်ကြီးချုပ်ဂျွန်ဆင်က “အမှန်ကတော့ ခုတွေ့နေမြင်နေရတဲ့ လက္ခဏာ ရပ်အားလုံးအရ အစီအစဉ်က စတင်နေပြီလို့တောင် ပြောလို့ရနိုင်ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။ 
 
ဘာကြောင့် ရုရှားကစပြီး ယူကရိန်းကိုဝင်မတိုက်သေးတာလဲ၊ ကန့်သတ်စစ်ပွဲဘဲ ရုရှားဆင်နွှဲချင်နေတာလား၊ ခြိမ်းခြောက်မှုတွေ လုပ်ပြီးလိုချင်တာကို တောင်းနေတာလားဆိုတာ ယခုထိ ဝေခွဲမရနိုင်သေးတဲ့ ပူတင်ရဲ့ ပရိယာယ်လားဆိုတာ။ ဒါပေမယ့် ယူကရိန်း အကျပ်အတည်းက ရုရှားအတွက် မကိုင်တွယ်တတ်ရင် ဒုက္ခများမယ့် ကိန်း တဖြေးဖြေးစိုက်လာနေတာကို တွေ့ရပါတယ်။ ယူကရိန်းအရေးအကြောင်း ပြုပြီး ရုရှား လောင်စာစွမ်းအင်ကို ဥရောပက မှီခိုမှုလျော့ချဖို့ လုပ်နေသလို စစ်ကိုစတာနဲ့ ရုရှားငွေကြေးဟာ နိုင်ငံတကာ ငွေကြေးစနစ်က ဖယ်ထုတ်ခံရမှာမို့ လက်ရှိမှာ စစ်ပွဲသံကြောင့် ၁၀ ရာခိုင်နှုန်းလောက်တက်နေတဲ့ ငွေကြေး ဖောင်းပွမှုက ၅၀ ရာခိုင်နှုန်းလောက် ခုန်တက်သွားမှာပါ။ ဒါဆိုရင် ရုရှား အုပ်ချုပ်ရေးနဲ့ စီးပွားရေးက ပြိုလဲဖို့ သေချာသလောက်ပါ။ 
 
 
စစ်ပွဲဖြစ်တာနဲ့ ဂျာမနီ၊ပြင်သစ်အပါအဝင် ဥရောပဒေသတစ်ခုလုံးမလွတ်သလို နျူက လီးယားသုံးရင် ဒီနိုင်ငံတွေက ခံမှာမဟုတ်ပါဘူး။ ဒီလိုအခြေအနေမှာ ယူကရိန်းကို နောက်ကွယ်ကနေပြီး ခွဲထွက်တွေ၊ ဘီလာရုစ်တွေကို တိုက်ခိုင်းရင် NATOနဲ့ အမေရိကန်က ပါဝင်လာရင် စစ်ကကျယ်ပြန့်လာမှာပါ။ ဒီအခြေအနေမှာ အနောက်အုပ်စုအတွင်း ရုရှားက ယူကရိန်းကို တိုက်တာဟာ ပူတင်ကို လည်ပင်းကြိုးကွင်းစွပ်သလို ဖြစ်စေလို့ မတိုက်တိုက်အောင် ဝိုင်းပြီးလှုံ့ဆော်နေသလားလို့ ထင်စရာဖြစ်နေပါတယ်။
 
လက်ရှိမှာ အမေရိကန်ဘက်က ပြင်သစ်သမ္မတမက်ခရွန် ကြားဝင်ပေးမှုနဲ့ ရှေ့တစ်ပတ်မှာ စစ်မဖြစ်သေးရင် ပူတင်နဲ့ ဘိုင်ဒင်တွေ့ဖို့ရှိနေပါတယ်။ မူအားဖြင့် လက်ခံတဲ့ ဒီဆွေးနွေးမှုကြောင့် ရုရှားအနေနဲ့ ဘိုင်ဒင်ကို တွေ့ဖို့ စစ်မဖြစ်အောင် ထိန်းထားရမယ့် သဘောဖြစ်နေပါတယ်။ ဒီကြားထဲမှာ ဘိုင်ဒင်က ပူတင်က စစ်တိုက်ဖို့ ဆုံးဖြတ်ပြီးပြီ ၊ ပူတင်က ဘီလာရုစ်မှာ လေ့ကျင့်နေတဲ့ နျူကလီးယားလေ့ကျင့်မှုကို ရက်တိုးတာတွေ ဒါတွေကြောင့် စစ်က မမျှော်လင့်ဘဲ ဖြစ်လာရင် ဖြစ်လာနိုင်ပါသေးတယ်။ 
 
 
နိုင်ငံတကာ အကဲခတ်တွေကတော့ ပူတင် စစ်မတိုက်ရဲဘူး။ ယူကရိန်းကို ကျူးကျော်တာနဲ့ သူ့အတွက် အရှုံးကြီးဘဲလို့ ဆိုတဲ့အတွက် အားလုံး၀ိုင်းတွန်းနေတဲ့ စစ်နွံထဲ ရုရှားနိုင်ငံကြီးနဲ့ ဘယ်နိုင်ငံတွေကို ပူတင် ဆွဲချသွားမလဲဆိုတာ ရှေ့တစ်ပတ်မှာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။   
 
မင်းထက်