【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 အံ့ဖွယ် ထောင်ဖောက်မှုနဲ့ မီးမွှေးတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်

【  တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 အံ့ဖွယ် ထောင်ဖောက်မှုနဲ့ မီးမွှေးတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်

ယခုတစ်ပတ်အတွင်း သတင်းတွေထဲမှာ ထူးတဲ့သတင်းက ထောင်ဖောက်တဲ့ သတင်းနဲ့ MLM တွေကို တားမြစ်တဲ့ သတင်း၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုလာတဲ့ သတင်းတွေပါဘဲ။ဒီသတင်းတွေက ပြည်တွင်းမှာ ယခုရက်သတ္တပတ်တစ်ခုလုံး လူတွေ စိတ်ဝင်စားမှုများခဲ့တဲ့ သတင်းတွေပါဘဲ။

မီးမွှေးတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်။
    

နိုင်ငံတကာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကို စက်တင်ဘာ ၁၉ ရက်နေ့က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့် ရောက်ရှိလာခဲ့ပါတယ်။ဂျယ်ရီမီဟန့် ရဲ့ သုံးရက်ကြာ ခရီးစဉ်မှာ ရန်ကုန်၊ နေပြည်တော်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွေကို စီစဉ်ထားသလို သွားရောက်ခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းတွေ၊ သံတမန်တွေနဲ့လည်း တွေ့ခဲ့ပါတယ်။ကချင်ပြည်နယ်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်က အစီရင်ခံစာ ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းမှာ လာရောက်ခဲ့လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ကို နိုင်ငံတကာနဲ့ ပြည်တွင်းက အထူးသတိထား စောင့်ကြည့်ခဲ့ကြပါတယ်။
    

စက်တင်ဘာ ၂၀ ရက်မှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟာ  ရခိုင်ပြည်နယ် မြောက်ပိုင်းကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီးနဲ့အတူ မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာ၊ တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်းများကို သွားရောက်ခဲ့ပြီး ညနေပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့ပါတယ်။
    

ဒီနောက်မှာ မြန်မာခရီးစဉ် အပြီးမှာ Twitter ကနေ Hunt က “မြန်မာနိုင်ငံမှာ တာဝန်ခံမှုနဲ့ တရားဥပဒေနဲ့အညီ လုပ်ဆောင်ချက် ဖြစ်မလာဘူးဆိုရင် ICC ကို လွှဲပြောင်းတာ အပါအဝင် နည်းလမ်းအားလုံးကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရှာဖွေဖို့ လိုအပ်ပါတယ်။ICC ကို လွှဲဖို့က လုံခြုံရေးကောင်စီရဲ့ ထောက်ခံမှုလိုပြီး ဖြစ်ချင်မှ ဖြစ်လာမှာပါ။အဲဒီလိုဆိုရင် တခြားနည်းလမ်းတွေကိုလည်း ကျွန်တော်တို့ ရှာဖွေဖို့ လိုပါတယ်” လို့ သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးခဲ့ပါတယ်။ဒီလိုရေးသားချက်က အရပ်သားအစိုးရကို ဖိအားပေးသလိုဖြစ်စေခဲ့သလို တပ်မတော်နဲ့ အရပ်သားအစိုးရကြား တည်ဆောက်နေတဲ့ ယုံကြည်မှုကိုပါ ထိခိုက်စေခဲ့ပါတယ်။
    

ဒီလိုပြောခဲ့တာက မြန်မာနိုင်ငံအတွက် ပြဿနာတချို့ကို မီးမွှေးသလို ဖြစ်ခဲ့ပါတယ်။ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရင်ကြားစေ့ရေး ဆောင်ရွက်နေတဲ့ အရပ်သားအစိုးရအတွက်လည်း အခက်အခဲဖြစ်စေခဲ့ပါတယ်။အနောက်နိုင်ငံတွေအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ လမ်းကြောင်းပေါ် မြန်မာနိုင်ငံကို တောက်လျှောက်ဆွဲတင်လာရာမှာ မကြာမီက ကနေဒါက သတ်မှတ်ခဲ့ပြီးနောက် ယခု ဗြိတိန်ဘက်ကပါ အသံထွက်လာတဲ့အတွက် လာမယ့် ကုလညီလာခံမှာ မြန်မာနိုင်ငံအနေနဲ့ အတော်လေး ဖြေရှင်းရဖို့ ရှိနေပါတယ်။မြန်မာကို နိုင်ငံတကာက အုံနဲ့ကျင်းတဲ့ အရေးယူဖိအားပေးဖို့ ကမ္ဘာပတ် ဆော်သြနေတဲ့ ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ လည်း ယခုကျင်းပမယ့် ကုလညီလာခံမှာ ဒီလိုလော်ဘီလုပ်မှုတွေကြောင့် ဆုနှစ်ဆုကို ချီးမြှင့်ခံရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။  

ဒါဟာ ပြည်တွင်းမညီညွတ်မှုတွေကြောင့် ဖြစ်လာရတဲ့ အခြေအနေဆိုးတွေဖြစ်ပြီး လက်ရှိမှာ  မြန်မာ့မြေကို ရသလောက်လိုချင်တဲ့ ဘင်္ဂလားဒေရှ့်ရဲ့ အဓိကပုံဖော်မှုကြောင့် နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) က ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး ကနဦးအဆင့် စုံစမ်းစစ်ဆေးမှုတွေ စဖို့အထိ ဆုံးဖြတ်လိုက်တာတွေအထိ ဖြစ်လာပါတယ်။ဒါဟာ အရင်းထိထိ အဖျားထိထိ၊ အားလုံးကိုထိတာပဲ ဖြစ်ပါတယ်။

ဒီလိုမဟုတ်ဘဲ အဘ အမ ကွဲနေရင် အနီ အစိမ်း အဝါ ကွဲနေရင်  အရင်းအဖျားခွဲပြီး သွေးကွဲနေရင် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ ထိခိုက်လာနိုင်တဲ့အတွက် ယခုချိန်မှာ မတူညီတာတွေ၊ ကွဲပြားနေတာတွေ ဘေးချပြီး ကျောချင်းကပ်ကာ လာမယ့် ဘေးနဲ့ ဖိအားတွေ ရင်ဆိုင်ရတော့မယ့် အချိန်အခါပါ။

ပြည်တွင်းမှာ တိုက်ခဲ့တဲ့ ကောလာဟလမုန်တိုင်း။
    

မြန်မာ-ထိုင်း နယ်စပ်မှာ တောင်ကျရေတွေကြောင့် မြေပြိုမှုတွေဖြစ်လို့ ကလေးတစ်ဦး အပါအဝင် ၇ ဦး ပျောက်ဆုံး/သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တဲ့ အချိန်မှာပဲ ရခိုင်ဘက်မှာ ရွှံ့မီးတောင်တစ်လုံး ထပေါက်ခဲ့ပါတယ်။စက်တင်ဘာ ၁၆ ရက် မနက် ၇ နာရီ ၁၀ မိနစ်လောက်က မာန်အောင်မြို့နယ်ရှိ ရဲကျွန်းကျေးရွာအုပ်စုထဲက ရဲကျွန်းတောင်ရွာနှင့် ရဲကျွန်းမြောက်ရွာ ကြားမှာရှိတဲ့ ရွှံ့မီးတောင် ပေါက်ကွဲခဲ့တာပါ။ဒီမီးတောင်က အဲဒီဘက်မှာတော့ နှစ်နှစ်တစ်ခါ ပေါက်လေ့ရှိတဲ့ မီးတောင်တစ်ခုပါ။
မီးတောင်ပေါက်လို့ အဲဒီနားက လယ်တစ်ဧကခွဲလောက် ရွှံ့တွေ ဖုံးသွားခဲ့ပေမယ့် လူထိခိုက်မှုမရှိပါဘူး။ဒီရွှံ့မီးတောင် ထပေါက်လို့ ၉၃-၉၄ လောက်တုန်းက လယ်ဧကာ ၂၀ လောက် ရွှံ့ဖုံးသွားဖူးခဲ့တာရှိတယ် ဆိုပါတယ်။အခုချိန်မှာတော့ ထပ်ပြီးပေါက်ဦးမလားလို့ ဒေသခံတွေ စောင့်ကြည့်နေကြပါတယ်။
    

ဒီလို ရေဘေး၊ သဘာဝဘေးတွေ ခပ်စိပ်စိပ်ဖြစ်နေပေမယ့်  လူလုပ် ကောလာဟလဘေးတွေကြောင့်လည်း လူတွေ ဒုက္ခများခဲ့ရတာတွေ ဒီတစ်ပတ်မှာ ဖြစ်ခဲ့ပါတယ်။စက်တင်ဘာ ၁၈ ရက်က စစ်ကိုင်းနဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ်အချို့မှာ တရုတ်ကို ဝင်နေတဲ့ စူပါ တိုင်ဖွန်းမုန်တိုင်း မန်ကွတ် ဝင်လာနိုင်လို့ မုန်တိုင်းသတိပေးတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အသံချဲ့စက်နဲ့ ခပ်တည်တည် အော်ဟစ်သတိပေးခဲ့တာခဲ့လို့ ဒေသခံတွေ ထိတ်လန့်ကုန်ပါတယ်။
    

ယခုခေတ်လို့ လူမှုကွန်ရက်နဲ့ အင်တာနက်မှာ ဆိုင်ရာအဖွဲ့အစည်းတွေက ဆက်တိုက်ထုတ်ပြန်ပေးနေတာကို စူးစမ်းလေ့လာ အားနည်းပြီး ထုတ်ပြန်တဲ့အတွက် ဒါဟာ ပြောစရာဖြစ်လာခဲ့ပါတယ်။ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတော့ မြို့နယ်ကနေ စာထွက်တဲ့အတွက် ကြေညာရခြင်းဟု ဆိုထားပါတယ်။ဒီ မုန်တိုင်းသတင်းထုတ်ပြန်ချက် အမှားက ယခင်သမ္မတ စီးပွားရေးအကြံပေး နေဇင်လတ် ကိုယ်တိုင် သူ့ရဲ့ အကောင့်မှာ “အင်အားအဆင့် (၅) တိုင်ဖွန်းမုန်တိုင်း မြန်မာကိုဝင်ရန်ရှိ၊ တစ်နာရီ မိုင် ၁၈၀ ပြင်ဆင်သတိထားကြဖို့” ဟု ရေးတင်ခဲ့တဲ့အတွက် ယခုကောလာဟလဖြစ်စဉ်က အများပြည်သူကို ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုအဖြစ် သတိထားမိစေခဲ့ပါတယ်။

ခပ်ပြင်းပြင်း ရိုက်ချခံလိုက်ရတဲ့ MLM နဲ့ အမြတ်ယူကြမ်းတဲ့ အောင်ဘာလေထီ။

ယခုတစ်ပတ်ထဲ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ သတင်းတွေထဲ၊ လွှတ်တော်သတင်းတွေထဲမှာ  လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့ သတင်းတွေလည်း ရှိခဲ့ပါတယ်။စက်တင်ဘာ ၁၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရဲ့ ၂၀၁၆-၁၇ ခု ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို တင်သွင်းခဲ့ပါတယ်။

ဒီအစီရင်ခံစာထဲမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရက အိမ်ရာစီမံကိန်းများနှင့် ခရီးသည်တင်ယာဉ်များထဲ ထည့်ဝင်မြုပ်နှံထားတဲ့ ကျပ် ၁၃၄ ဘီလျံကနေ  အမြတ်မရဘဲ အရှုံးပေါ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ယခုလို ထောက်ပြဖော်ပြမှုအရ တိုင်းဒေသကြီးအစိုးရအနေနဲ့ ကြီးကြပ်ကွပ်ကဲရမှာတွေ ရှိနေပြီး စာရင်းစစ် ထောက်ချက်ကို ဘယ်လိုကုစား ဖြေရှင်းမလဲဆိုတာ လာမယ့် ဘဏ္ဍာနှစ် အစီရင်ခံစာကို ပြန်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ဒီလို လွှတ်တော်အတွင်း တိုင်းအစိုးရအပေါ် ဘဏ္ဍာရေးဆိုင်ရာ စစ်ဆေးချက်တွေ တင်သွင်းလို့ အတိုက်အခံတွေနဲ့ အပြစ်တင်လိုသူတွေအတွက် ပွဲဆူခဲ့ချိန်မှာ ပြင်ပငွေကြေးဈေးကွက်ထဲမှာ မြန်မာကျပ်ငွေ တန်ဖိုးက ဆက်ကျပြီး  နိုင်ငံခြားငွေလဲလှယ်နူန်းက တစ်ဒေါ်လာကို ၁၆၂၂ ကျပ်နဲ့ စက်တင်ဘာ ၁၉ ရက်မှာ စံချိန်တင်ခဲ့ပါတယ်။ဒါဟာ အစိုးရက ဒေါ်လာဈေးကို ချိတ်ဆက်ထားတာကို ဖြတ်ချလိုက်ပြီးနောက်မှာ တစ်လအတွင်း တစ်ဒေါ်လာကို ကျပ် ၁၀၀ လောက် တက်သွားတဲ့ သဘောလည်း ဖြစ်ပါတယ်။

ငွေကြေးဈေးကစားသူတွေကတော့ ဒီလောက်ထိ ဈေးတက်လာရတာဟာ ဘဏ်တိုးတွေ ချလိုက်တဲ့အတွက် ဒေါ်လာဝယ်စုတာတွေ၊ ရွှေဝယ်စုတာတွေကြောင့် ဒေါ်လာဈေး မြင့်တက်မှုနဲ့အတူ ရွှေဈေးပါ တက်လာရတယ်လို့ ဆိုကြပါတယ်။
နိုင်ငံတကာမှာလည်း ထရန့် ရဲ့ကုန်သွယ်ရေးပေါ်လစီကြောင့် ရွှေစုမှုတွေဖြစ်နေလို့ နိုင်ငံတကာ ရွှေဈေးကွက်ဖြစ်တဲ့ ဇူးရစ်ချ်မှာ ရွှေဈေးက တက်နေပါတယ်။ပြည်တွင်းမှာတော့ ရွှေဈေးက စက်တင်ဘာ ၂၀ ရက် ပိတ်ဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားကို ဆယ်သိန်းသုံးသောင်းနှစ်ထောင်နဲ့ ဈေးပိတ်ခဲ့ပါတယ်။

ဒီလိုလှုပ်ခတ်ပြီး တက်နေတဲ့ ဈေးတွေထဲ အောင်ဘာလေ ထီလက်မှတ် ဈေးတွေလည်း ပါခဲ့ပါတယ်။ယခုရက်ပိုင်းမှာ ထီလက်မှတ်တစ်စောင်ကို တချို့နေရာတွေမှာ တစ်စောင်ကို တစ်ထောင်ကျပ်အထိ ဈေးတင်ရောင်းချမှုတွေ ဖြစ်တဲ့အထိ ဈေးတင်ရောင်းချမှုတွေက စည်းလွတ်ဝါးလွတ် ဖြစ်ခဲ့ပါတယ်။

ဒီလိုအခြေအနေတွေအတွက် မရမ်းကုန်း တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်း က ထီကိုယ်စားလှယ်ကြီးတွေ အစိုးရသတ်မှတ်ရောင်းဈေး ကျပ် ၅၀၀ ထက် ပိုမိုအမြတ်တင်ပြီး လက်လီ၊ လက်ကား ရောင်းချနေကြောင်း၊ ရန်ကုန်မြို့တွင်း ထီတစ်စောင်လျှင် အနည်းဆုံး ကျပ် ၆၀၀ မှ ၇၀၀ အထိ ပေးဝယ်နေရပြီး ထီလုပ်ငန်းကြီး သုံးလေးခုကသာ ချုပ်ကိုင်လုပ်ဆောင်နေတာ တွေ့ရကြောင်း ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးမှာ စက်တင်ဘာ ၁၉ ရက်က မေးခဲ့ပါတယ်။

ဒီလိုမေးမြန်းတာကို ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်း က တက်ရောက်ရှင်းလင်း ဖြေကြားခဲ့ရာမှာ အောင်ဘာလေထီ ဥပဒေကို ပြဋ္ဌာန်းနိုင်ခြင်း မရှိသေး၍ ထီဆိုင်များကို ကြီးကြပ်ထိန်းကျောင်းရန် အခက်အခဲများ ရှိကြောင်း၊ ဈေးနှုန်းတိုးမြှင့် ရောင်းချမှုကို စိစစ်တွေ့ရှိပါက ထီအရေအတွက် လျှော့ချတဲ့ နည်းလမ်းဖြင့် အရေးယူဆောင်ရွက်နေကြောင်း၊ အောင်ဘာလေသိန်းဆုဌာနကနေ တိုက်ရိုက်ဝယ်ယူသူ၏ ပင်ရင်းထီဆိုင်ကနေ အဆင့်ဆင့်ဖြန့်ဖြူးကာ အကြွေးစနစ်နဲ့ လုပ်ဆောင်နေတာကြောင့် ဈေးအမြတ်တင်ခြင်း၊ ငွေကြေးပြဿနာနှင့် ထီဈေးနှုန်းကြီးမြင့်မှုပြဿနာများ ဖြစ်ပေါ်နေတာလို့ ပြောခဲ့ပါတယ်။

ဒီအတွက် ထီဥပဒေ ပြဋ္ဌာန်းပြီးရင် ဒါတွေအားလုံး ပြေလည်ပပျောက်သွားမှာဖြစ်တယ် ဆိုပေမယ့် လက်ရှိမှာ ထီကိုယ်စားလှယ်ကြီးတွေက အများပြည်သူဆီကနေ လှီးယူတဲ့ အမြတ်ငွေက ကြောက်ခမန်းလိလိ ဖြစ်နေတဲ့အတွက် အများပြည်သူ အကျိုးစီးပွားကို အဓိကထား ကာကွယ်မယ်ဆိုတဲ့ အရပ်သားအစိုးရလက်ထက်မှာ ပြည်သူတွေ နစ်နာမှုအတွက် လတ်တလောမှာ အရေးယူမှု မလုပ်နိုင်သေးတာ အတော်လေး ဘဝင်မကျစရာ ဖြစ်ခဲ့ပါတယ်။

ဒီလိုစိတ်ပျက်စရာတွေကြားထဲ စက်တင်ဘာ ၁၈ ရက်မှာ ပြည်ထောင်စုအစိုးရ ညွှန်ကြားချက်နဲ့ ပြည်တွင်း ရှိ MLM (Multi Level Marketing) လုပ်ငန်းများကို အရေးယူမည်ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနက ရုတ်တရက်ကြေညာခဲ့တာမှာ အများပြည်သူကို ကာလရှည်ကြာ လက်တစ်လုံးခြား နားလည်ပါးရိုက် လူလည်လုပ်နေတဲ့ MLM လုပ်ငန်းတွေ ရုတ်တရက် အငိုက်မိခဲ့ကြပါတယ်။

ဒီထုတ်ပြန်ချက် ထွက်ထွက်ချင်း လူမှုကွန်ရက်မှာ ဝမ်းသာအားရစကားတွေ အမြောက်အမြား ပျံ့နှံ့ခဲ့ပြီး  MLM လုပ်ငန်းနဲ့ လူလည်လုပ်စားနေသူ တချို့တစ်လေကသာ  ဒီထုတ်ပြန်ချက်က တရားမျှတမှုမရှိဘူးလို့ ပြောခဲ့ကြပါတယ်။ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာမှာ မလိုက်နာရင် အနည်းဆုံး ထောင်ခြောက်လကနေ သုံးနှစ်အထိ ချမှတ်နိုင်ပြီး ဒဏ်ငွေငါးသိန်းပါ ချမှတ်နိုင်တဲ့ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅) အရ အရေးယူခံရမည်လို့  ဖော်ပြထားလို့ ဒါဟာ ထိရောက်တဲ့ ထုတ်ပြန်ချက် ဖြစ်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ MLM လုပ်ကိုင်နေတဲ့ လုပ်ငန်း ၄၀ ခန့် ရှိပြီး လူသိများတဲ့ လုပ်ငန်း ၂၀ ခန့် ရှိပေမယ့် အများစုက ကုမ္ပဏီမှတ်ပုံတင်၊ ပို့ကုန်၊ သွင်းကုန် လိုင်စင်တွေနဲ့ လက်တစ်လုံးခြား လုပ်ကိုင်နေတတ်တဲ့အတွက် MLM က အသွင်တစ်မျိုးနဲ့ ပြန်ပေါ်လာနိုင်လို့ သတိထားစောင့်ကြည့်ဖို့ လိုသလို တားမြစ်တဲ့ကြားက MLM လုပ်ငန်းလုပ်တဲ့ ကုမ္ပဏီကို စံနမူနာအဖြစ် ပြင်းပြင်းထန်ထန် အရေးယူပြလိုက်ရင်  အားလုံးနောက်တွန့်သွားမယ်လို့ MLM ဆန့်ကျင်တဲ့သူတွေက အွန်လိုင်းကနေ ထောက်ပြထားကြပါတယ်။
    

MLM လုပ်ငန်း လုပ်ကိုင်နေသူများအနေနဲ့တော့ မြိုးမြိုးမြတ်မြတ်စားနေရတဲ့ အကျိုးအမြတ်ကြီးမားတဲ့ MLM လုပ်ငန်းကို လက်လွတ်ခံမှာ မဟုတ်ဘဲ လက်တစ်လုံးခြား ပုံစံတစ်မျိုးမျိုးနဲ့ လုပ်ကိုင်လာကြမှာ အသေအချာမို့ ဥပဒေရေးဆွဲတဲ့သူတွေနဲ့ ဥပဒေကို အကောင်အထည်ဖော်သူတွေ ဘယ်လောက်ထိလုပ်နိုင်မလဲ၊ ကြံရည်ဖန်ရည်ကောင်းသည့် MLM သမားတွေကပဲ ဥပဒေရဲ့ ဂယ်ပေါက်ကို ရှာတွေ့ပြီး ဘယ်လိုလွတ်အောင် ထွက်ပြမလဲဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
    

ဒီသတင်းတွေက ယခုတစ်ပတ်ထဲ လှုပ်ခတ်ခဲ့တဲ့ အင်ဂျင်ပါဝါ ၂,၀၀၀ စီစီမှ ၄,၀၀၀ စီစီရှိ မော်တော်ယာဉ်များကို အခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့ သတင်း၊ ဆေးပြင်းလိပ်၊ ဆေးတံသောက် ဆေးများနှင့် ကွမ်းစားဆေးအမျိုးမျိုးကို ၈၀ ရာခိုင်နှုန်း ကောက်ခံရန် အတည်ပြုခဲ့တဲ့ သတင်းတွေလို လူတွေစိတ်ထဲ သတိထားစရာ ဖြစ်ခဲ့ပါတယ်။

မသေမချင်းသတ်စေ (သို့မဟုတ်) လူသတ်မုဒိမ်းကျင့်သူတွေအတွက် ထိုက်တန်တဲ့ အပြစ်ဒဏ်။
    

ယခုတစ်ပတ်ထဲမှာ သက်ငယ်မုဒိမ်းကျင့်သူ၊ လူသတ်မုဒိမ်းကျင့်သူတွေကို အော့နှလုံးနာတဲ့ မြန်မာ လူ့အဖွဲ့အစည်းအတွက် စိတ်ကျေနပ်စရာဖြစ်ခဲ့ရတဲ့ ရက်သတ္တပတ်ပါဘဲ။                 
    

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က ကျိုင်းတုံ-လွယ်မွေ ကားလမ်းပေါ်ရှိ နမ့်လပ်ရေအားလျှပ်စစ် အနီးရှိ ချောက်အတွင်း၌ မီးလောင်ကျွမ်းခံထားရတဲ့ အမျိုးသမီးအလောင်း တစ်လောင်းကို တွေ့ရာကနေ ရက်စက်ယုတ်မာတဲ့ လူသတ်အဓမ္မကျင့်တဲ့ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီး အဲဒီကျူးလွန်ခဲ့သူ နှစ်ဦးကို ကြိုးကွင်းစွပ်ပြီး သတ်ဖို့ ကျိုင်းတုံခရိုင် တရားရုံးက ဒီတစ်ပတ်မှာ အမိန့်ချမှတ်ခဲ့ပါတယ်။
    

ကျူးလွန်သတ်ဖြတ်ခံရတဲ့ ဆယ်တန်းကျောင်းသူမှာ အဓမ္မပြုကျင့် သတ်ဖြတ်သူရဲ့မိန်းမနဲ့ ခင်မင်ရင်းနှီးသူပါ။ခင်မင်ရင်းနှီးနေတာကို အကြောင်းပြုပြီး မိန်းမဖြစ်သူက မှာတယ်ဆိုကာ ငါးကင်ကို လာပို့ခိုင်းပြီး အခန်းထဲခေါ် အဓမ္မကျင့်ဖို့ ကြိုးစားရာမှ ရုန်းကန်လို့ တခြားအခန်းထဲက စောင့်နေသူကိုခေါ်ပြီး သတ်ဖြတ်ကာ ချောက်ထဲမှာ မီးရှို့အလောင်းဖျောက်ဖျက်ခဲ့တဲ့ အမှုပဲ ဖြစ်ပါတယ်။
    

ကျူးလွန်ခဲ့ပြီး ဆယ်လအကြာမှာ အမိန့်ချခဲ့တဲ့ ဒီအမှုမှာ ကျူးလွန်သူ ဆရာမယောင်္ကျား စိုးလွင် နဲ့ အိုက်ပီး ကို ကြိုးကွင်းစွပ်သတ်စေတဲ့ ပြစ်ဒဏ်ဟာ သေသူပြန်မရှင်ပေမယ့် နောင်ကျူးလွန်ဖို့် စိတ်ရှိသူတွေကို သတိပေးလိုက်သလို ဖြစ်စေခဲ့တဲ့အပြင် ကျူးလွန်ခံရသူရဲ့ မိသားစုတွေ၊ ချစ်သူခင်သူ သူငယ်ချင်းတွေကိုလည်း တရားဥပဒေက ကုစားမှုတစ်စုံတစ်ရာ ေပေးနိုင်ခဲ့ပါတယ်။ဒါဟာ သက်ငယ်မုဒိမ်း ကျူးလွန်သူတွေ၊ မုဒိမ်းသမားတွေအတွက် ထိုက်တန်တဲ့ ပြစ်ဒဏ်ဈေးအဖွင့်ပါဘဲ။
    

ဒီလို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို ချနေပေမယ့် တစ်ဖက်မှာ သက်ငယ်မုဒိမ်းမှုတွေက ဆက်ဖြစ်နေသလို အရေးယူမှုအပိုင်းမှာလည်း ပြဿနာက ရှိနေဆဲပါ။စက်တင်ဘာ ၂ ရက်က ရွှေပြည်သာမှာဖြစ်ခဲ့တဲ့ သက်ငယ်အဓမ္မကျင့်မှုတစ်ခုမှာ အခြေအနေမဲ့ (၃၅) နှစ်အရွယ် အမျိုးသားက လမ်းထဲကစားနေတဲ့ ကလေးတွေထဲက ဉာဏ်ရည်မပြည့်တဲ့ (၆) နှစ်အရွယ် မိန်းကလေးကို မုန့်ဖိုး ၁၀၀ ပေးပြီး အဓမ္မပြုကျင့်ခဲ့တဲ့အတွက် ရပ်ကွက်က ဝိုင်းဖမ်းပြီး ရဲခန်းပို့ခဲ့ရပါတယ်။ဒါပေမယ့် ရဲစခန်းရောက်တော့ ကာယကံရှင် မိခင်က နွမ်းပါးချို့တဲ့လို့ ရဲက အမှုဖွင့်ခိုင်းပေမယ့် အမှုမဖွင့်လို့ မူးယစ်မှုနဲ့ ထောင်ရှစ်ရက်ချပြီး ပြန်လွှတ်ပေးခဲ့ပြီးနောက်မှာ ကျူးလွန်ခံရသူ ကလေးမရဲ့ အခြေအနေ မသက်သာလို့ ဆေးရုံတင်ထားရမှ အရပ်ဖက်အဖွဲ့အစည်းများ အကူအညီနဲ့ မိခင်က ပြန်အမှုဖွင့်ပြီး တရားခံကို ပြန်လိုက်ဖမ်းရတဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။
    

ဒါဟာ ဥပဒေပိုင်းအရ ပြောစရာဖြစ်ခဲ့ပြီး ဒီလိုအခြေအနေမှာ ဘယ်သူက တိုင်သင့်တယ်ဆိုတာ ပြင်ဆင်ဖို့ လိုနေပြီဆိုတာ ပြသနေခဲ့သလို တစ်ကယ်အရေးကြုံလာရင် မရှိဆင်းရဲသူနဲ့ အကာအကွယ်မဲ့သူတွေအတွက် ရပ်တည်ပေးမယ့်သူ နည်းပါးတာကိုလည်း ဒီဖြစ်စဉ်က ဖော်ပြခဲ့ပါတယ်။သမီးမိန်းကလေး၊ သားမိန်းကလေး မွေးထားတဲ့သူတွေအတွက် နေရာတိုင်းမှာ ယုတ်မာသူတွေ၊ မုဒိမ်းသမားတွေ၊ ကာမမုဆိုးတွေက ပုံစံမျိုးစုံနဲ့ အလွှာစုံမှာ ရှိနေတာကို  ဒီဖြစ်စဉ်က ဖော်ပြခဲ့ပါတယ်။

    
ဒီလို စိတ်ဆင်းရဲဖွယ် သတင်းတွေထဲ သတင်းနှစ်ပုဒ်ကတော့ ကြားရသူတွေကို ပြုံးထေ့ထေ့ ဖြစ်စေခဲ့ပါတယ်။ထိုသတင်းက ကွတ်ခိုင်မှာ လောင်းကစားရုံတွေ ဒုက္ခပေးလွန်းလို့ မြို့ခံအမျိုးသမီးတွေစုပြီး လောင်းကစားရုံကို ဝင်ဖျက်ဆီးကြတဲ့ သတင်းနှင့် ပုဇွန်တောင်ဈေးအနီးရှိ ရွိုင်ရယ်တည်းခိုခန်းမှာ လာတည်းတဲ့ အမျိုးသား အသတ်ခံရပြီး သံသယရှိတဲ့ အမျိုးသမီးကို မိသွားတဲ့ သတင်းတွေပါဘဲ။

ဒီသတင်းတွေက ပြင်သစ်အခြေစိုက် အယ်လ်ဖာအဖွဲ့မှ လှူဒါန်းသည့် ဆေးပစ္စည်းများ တင်လာသော ကွန်တိန်နာယာဉ်တစ်စီး ကြည့်မြင်တိုင်မြို့နယ် အရိုးရောဂါအထူးကု ဆေးရုံဝင်းသို့ ဝင်ရောက်စဉ် လျှပ်စစ်ဓာတ်ကြိုးနဲ့ငြိပြီး ကွန်တိန်နာမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တဲ့ သတင်း၊ Facebook မှာ ရေးတဲ့ ပညာရေးဆိုင်ရာ ပို့စ်တစ်ခုကြောင့် တက္ကသိုလ် ဆရာမတစ်ဦးနဲ့ ဆရာတစ်ဦး အငြင်းပွားတာ ပညာရေးဝန်ကြီးအထိ တက်တိုင်ကြားကြတဲ့ သတင်း၊ သံဖြူဇရပ်မြို့နယ်ရှိ သစ်ခွဲသားစက်ရုံ မီးလောင်လို့ ကျပ်သိန်း ၄၀၀ ကျော် ဆုံးရှုံးသွားတဲ့ သတင်း၊ မြန်မာလုပ်သားနှစ်ဦး ရောင်းချသည့် အရက်တု Mandalay Whiskey, KingRisher ဘီယာနှင့် Grand Royal Whiskey တံဆိပ်ပါ အရက်တုသုံးမျိုးကို သောက်သုံးသည့် ၅၁ ဦးအနက် အရက်အဆိပ်သင့်ကာ ၁၉ ဦး သေဆုံးပြီး ၁၄ ဦး စိုးရိမ်ရတဲ့ သတင်း၊ ဟုမ္မလင်းမှာ ရေလောင်းအိမ်သာထဲ ပြုတ်ကျတဲ့ ဖုန်းကိုဆယ်ရင်း ကျင်းထဲ အေက်စီဂျင်ပြတ်ကာ အမျိုးသား ၄ ဦး သေဆုံးခဲ့တဲ့ သတင်း၊ ပေါက်နဲ့ မြိုင် မြို့နယ်ထဲက တရားမဝင် လုပ်ကိုင်နေတဲ့ ရေနံချက်ဖို ၈၈ ဖိုကို ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ သတင်း၊ ပြည်မြို့က ပုဂ္ဂလိကဆေးရုံမှာ မီးလောင်လို့ လူနာတွေကို အရေးပေါ် ပြောင်းရွှေ့ခဲ့ရတဲ့ သတင်းတွေနည်းတူ ဒီတစ်ပတ်မှာ အများပြည်သူကို အာရုံစိုက်စေခဲ့ပါ တယ်။

အံ့ဖွယ် ဘားအံထောင်ဖောက်မှု။
    

ပြည်တွင်းမှာဖြစ်သမျှ သတင်းတွေထဲ မူခင်းသတင်းတွေ၊ ပြစ်မှုသတင်းတွေက အဆန်းတွေချည်း များပါတယ်။ဒီလို အဆန်းတကျယ်ဖြစ်ရတဲ့ သတင်းတွေထဲမှာ အဆန်းတကာ့ အဆန်းဆုံး သတင်းက စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက ဖြစ်ခဲ့တဲ့ ဘားအံထောင်ဖောက်မှု သတင်းပါဘဲ။
     

စက်တင်ဘာ ၁၆ ရက် နံနက် ၈ နာရီ ၄၅ မိနစ်မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျ ကျော်မိန်လ ဆိုသူက ဦးဆောင်ပြီး ထောင်ဖောက်ပြေးခဲ့တာပါ။ဖြစ်စဉ်က မူးယစ်ဆေးနှင့် လက်နက်မှုများဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျနေသော ကျော်မိန်လ (ခ) အရှောင် က ထောင်ကားယာဉ်မောင်း အကျဉ်းထောင်ဝန်ထမ်း ဒုတပ်ကြပ် ကျော်ဝင်းစိန် ကို ဆွဲချထိုးကြိတ်၍ ကားကိုမောင်းပြီး ထောင်တံခါးလေးဆင့်ကို တိုက်ဖွင့်ကာ ထောင်ရှေ့ရှိ ဘားအံ-လှိုင်းဘွဲ့ ကားလမ်းအတိုင်း ထွက်ပြေးခဲ့တာပါ။     
    

ကားနဲ့ ထောင်အကျဉ်းသား ၄၂ ဦး လွတ်မြောက်တဲ့ ကိစ္စက တွေးထင်ထားတဲ့ မြင်ဖူးကြားဖူးတဲ့ ထောင်ဖောက်မှုတွေနဲ့ မတူဘဲ သိပ်လွယ်ကူနေသလို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျနေတဲ့သူကို ထောင်ထဲ အလုပ်ထုတ်ခိုင်းတာက နားမလည်နိုင်စရာလို့ လူမှုကွန်ရက်မှာ ထောင်နဲ့ သက်ဆိုင်ခဲ့ဘူးသူ အချို့ရဲ့ ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။အထူးသဖြင့် ထုနဲ့ထည်နဲ့ ဆောက်ထားတဲ့ ထောင်တံခါးကြီးလေးချပ်ကို ကားနဲ့ တိုက်ပြေးရာမှာ ကားရှေ့မီး မှန်တွေမကွဲတာ၊ လူ ၄၀ ကျော် တင်နိုင်ဖို့ မလွယ်တဲ့ ကားရဲ့ ဝင်ဆံ့မှုတွေကြောင့် အွန်လိုင်းမှာ ထောက်ပြ ဟားစရာတွေ ဖြစ်ခဲ့ပါတယ်။
    

ထုံးစံအတိုင်း ထောင်နဲ့ အကျဉ်းသားမမျှတာ၊ ဝန်ထမ်းနည်းတာတွေ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံ အကျဉ်းထောင်သမိုင်းမှာ သမိုင်းဝင်တဲ့ ဘားအံထောင်ဖောက်ပြေးမှုမှာ ထောင်မှူးနဲ့ ဝန်ထမ်းအဆင့်ဆင့်ကို အကျဉ်းဦးစီးဌာနက စစ်ဆေးနေပြီး အကျဉ်းထောင်ရဲ့ လတ်တလော အုပ်ချုပ်ရေးကို နေပြည်တော်က ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့ အရာရှိဝန်ထမ်းတွေ၊ အဖွဲ့တွေက လွှဲပြောင်းရယူထားပါတယ်။
    

ဘားအံအကျဉ်းထောင်က ထောင်ဖောက်ပြေးသူတွေကို တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့် တပ်ဖွဲ့ (BGF) က ပိတ်ဆို့ရှာဖွေရာမှာ ထွက်ပြေးတဲ့  စက်တင်ဘာ ၁၆ ရက် ည ၈ နာရီခန့်အထိ ဦးဆောင်သူ ကျော်မိန်လ အပါအဝင် ၁၄ ဦးကို ပြန်လည်ဖမ်းမိခဲ့ပြီး စက်တင်ဘာ ၂၀ ရက်အထိ စုစုပေါင်း ၂၄ ဦးကို လှိုင်းဘွဲ့မြို့နယ်နှင့် မြဝတီမြို့နယ်တို့တွင် ဖမ်းမိခဲ့ပြီး ၁၈ ဦးက လွတ်မြောက်နေတဲ့အတွက် အဲဒီအကျဉ်း သားတွေ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးနိုင်လို့ ထိုင်းနိုင်ငံရှိ ရဲတပ်ဖွဲ့များကိုပါ သတင်းပေးပို့ အကူအညီတောင်းထားတယ်လို့ သိရပါတယ်။
    

ဖမ်းမိတဲ့ ၂၄ ဦးထဲမှာ ဦးဆောင်သူ ကျော်မိန်လ နဲ့ တခြားတစ်ဦးကို ဖမ်းဆီးစဉ် ပြန်ခုခံထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး အဲဒီဒဏ်ရာတွေနဲ့ ဆေးရုံပို့စဉ်မှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ဒီဖြစ်စဉ်ဟာ ပြည်တွင်းက အကျဉ်းထောင်တွေရဲ့ အခြေအနေကို ကွတ်ကွတ်ကွင်းကွင်း ဖော်ပြလိုက်သလို လွတ်ရက်မရှိ အကျဉ်းသားတစ်ဦးသည် ကြိုးတိုက်အတွင်းမရှိဘဲ အပြင်ရောက်နေခြင်း၊ ထောင်တံခါး လေးချပ်အား တိုက်ပြီး ထွက်ပြေးခဲ့သည့် ကားသည် ပျက်စီးမှု သိပ်မရှိခြင်းတို့ကြောင့် ထွက်ပြေးသူများနဲ့ ထောင်အာဏာပိုင်များအကြား ပတ်သက်မှုရှိနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။
    

ဘားအံထောင်ဖောက်မှုဖြစ်ပြီး နှစ်ရက်မြောက် စက်တင်ဘာ ၁၈ ရက်  နံနက်လေးနာရီမှာ ဧရာဝတီတိုင်း၊ ဘိုကလေး မြို့မရဲစခန်းက အချုပ်သားသုံးဦး အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားတဲ့ဖြစ်စဉ် ထပ်ဖြစ်ခဲ့ပါတယ်။အချုပ်သားသုံးဦးက အချုပ်ခန်း အမှတ် (၂) ရဲ့ သစ်သားတိုင်တွေကို သံဖြတ်လွှနဲ့ဖြတ်ကာ ထွက်ပြေးခဲ့တာဖြစ်ပြီး  နှစ်ဦးကို စက်တင်ဘာ ၁၈ ရက် နေ့လယ် ၂ နာရီ မတိုင်မီ ပြန်လည်ဖမ်းမိခဲ့ပြီး ကျန်တစ်ဦးကို လှိုင်သာယာမှာ ဖမ်းမိခဲ့ပါတယ်။
    

အရပ်သားအစိုးရလက်ထက်မှာ တရားဥပဒေ စိုးမိုးရေးအတွက် ကျူးလွန်သူတွေကို ထိရောက်တဲ့ပြစ်ဒဏ် ချမှတ်ဖို့ ကြိုးစားနေချိန်မှာ ပြစ်ဒဏ်ပေးတဲ့ အကျဉ်းထောင်တွေ လုံခြုံမှုလျော့ရဲတာ၊ တာဝန်ပေါ့ဆတာတွေက တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးမှာ “ပဲ့နင်း ဦးထောင်၊ ဦးနင်း ပဲ့ထောင်” ဆိုသလို ပါဘဲ။ဒါဟာ မတော်တဆဆိုပေမယ့် ထွက်ပြေးသူတွေက ထွက်ပြေးရာတစ်လျှောက် လွတ်မြောက်ဖို့အတွက် ဘာမှငဲ့ညှာမှုမရှိဘဲ လုပ်ကြမှာဖြစ်တဲ့အတွက် ဒါဟာ တရားဥပဒေစိုးမိုးရေးကို ကိုင်လှုပ်စေခဲ့တဲ့အတွက် အကျဉ်းသားတွေ အစုလိုက်အပြုံလိုက် လွတ်မြောက်မှု နောက်ကွယ်မှာ ဘာတွေရှိနေသလဲဆိုတာ ဖော်ထုတ်ဖို့ လိုနေသလို ပြည်တွင်း၊ ပြည်ပ အကျပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေရစဉ်မှာ တိုက်တိုက်ဆိုင်ဆိုင် လာဖြစ်တဲ့ ဘားအံအကျဉ်းထောင်ဖောက်မှု ပြဿနာဟာ အရပ်သားအစိုးရအတွက် သတိထားစရာ အကြောင်းအရာပါ။

ဒီသတင်းဟာ ဒီတစ်ပတ်ဖြစ်ခဲ့တဲ့ နိုင်ငံရေး နောက်ခံသတင်းတွေဖြစ်တဲ့ TNLA က ဖမ်းဆီးထားတဲ့ နန်းမိုဟွမ် ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ နမ့်ခမ်းမြို့မှာ ဒေသခံပြည်သူ တစ်သောင်းခန့် ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ သတင်း၊ ရုရှားဆိုရှယ်မီဒီယာ VK က Senior General Min Aung Hlaing  အမည်ဖြင့် ဖွင့်လှစ်ထားတဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ စာမျက်နှာတစ်ခုကို ပိတ်ပင်ထားကြောင်း ကြေငြာခဲ့တဲ့ သတင်း၊ မည်းနေတဲ့ ကြာမှောက်၊ ကြာလှန် ဧရိယာမှ ရွှေပြားသင်္ကန်းများမှာ ရွှေအစစ်ဖြင့်သာ ကပ်လှူပူဇော်ထားတာလို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ရှင်းလင်းတဲ့ သတင်း၊ နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုံ အသုံးပြုမဲဆွယ်မှု တာမွေမဲဆန္ဒနယ် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ကန့်ကွက်တားဆီးပေမယ့် ကရင်အမျိုးသား အာဇာနည်နေ့ အခမ်းအနားကို ဆက်ကျင်းပလို့ ပဒိုမန်းငြိမ်းမောင် မပါဘဲ ကျန်လေးဦးကို တရားစွဲဖို့ ဆုံးဖြတ်လိုက်တဲ့ သတင်း၊ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးကဗျာရွတ်ပွဲမှာပါတဲ့ ရွှေကြယ်မိုး၊ ခန့်မင်းထက် နှင့် ကိုဇေယျာလွင် တို့ကို ကျောက်တံတားမြို့နယ် တရားရုံးက ဒဏ်ငွေ ကျပ်နှစ်သောင်း (သို့မဟုတ်) ထောင်ဒဏ် ၁၅ ရက် ကျခံရန် အမိန့်ချမှတ်ခဲ့တဲ့ သတင်း၊ လူမှုကွန်ရက်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည် အား ဝေဖန်ဆဲဆို ပုတ်ခတ်တဲ့ စာတွေရေးတင်ခဲ့တဲ့ ငါးမင်းဆွေ (ခ) ဦးမင်းဆွေ ကို အနောက်ပိုင်းခရိုင်တရားရုံးမှ ထောင်ဒဏ် ၇ နှစ်နှင့် ငွေဒဏ် တစ်သိန်း ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်လိုက်တဲ့ သတင်းတွေက ဘားအံထောင် သတင်းကြောင့် အများပြည်သူကြား စိတ်ဝင်စားမှု လျော့ကျခဲ့ရပါတယ်။

မာလင်း
စက်တင်ဘာ - ၂၁

( Zawgyi )

ယခုတစ္ပတ္အတြင္း သတင္းေတြထဲမွာ ထူးတဲ့သတင္းက ေထာင္ေဖာက္တဲ့ သတင္းနဲ႔ MLM ေတြကို တားျမစ္တဲ့ သတင္း၊ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး ျမန္မာႏိုင္ငံကိုလာတဲ့ သတင္းေတြပါဘဲ။ဒီသတင္းေတြက ျပည္တြင္းမွာ ယခုရက္သတၱပတ္တစ္ခုလုံး လူေတြ စိတ္ဝင္စားမႈမ်ားခဲ့တဲ့ သတင္းေတြပါဘဲ။

မီးေမႊးတဲ့ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး ခရီးစဥ္။
    

ႏိုင္ငံတကာ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံကို စက္တင္ဘာ ၁၉ ရက္ေန႔က ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး ဂ်ယ္ရီမီဟန႔္ ေရာက္ရွိလာခဲ့ပါတယ္။ဂ်ယ္ရီမီဟန႔္ ရဲ႕ သုံးရက္ၾကာ ခရီးစဥ္မွာ ရန္ကုန္၊ ေနျပည္ေတာ္ႏွင့္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေတြကို စီစဥ္ထားသလို သြားေရာက္ခဲ့ၿပီး အရပ္ဘက္အဖြဲ႕အစည္းေတြ၊ သံတမန္ေတြနဲ႔လည္း ေတြ႕ခဲ့ပါတယ္။ကခ်င္ျပည္နယ္၊ ရခိုင္နဲ႔ ရွမ္းျပည္နယ္တို႔မွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို ကုလသမဂၢ အခ်က္အလက္ရွာေဖြေရး မစ္ရွင္က အစီရင္ခံစာ ထုတ္ျပန္ၿပီး ရက္ပိုင္းအတြင္းမွာ လာေရာက္ခဲ့လို႔ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ခရီးစဥ္ကို ႏိုင္ငံတကာနဲ႔ ျပည္တြင္းက အထူးသတိထား ေစာင့္ၾကည့္ခဲ့ၾကပါတယ္။
    

စက္တင္ဘာ ၂၀ ရက္မွာ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီးဟာ  ရခိုင္ျပည္နယ္ ေျမာက္ပိုင္းကို ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိန္ႏိုင္ငံ သံအမတ္ႀကီးနဲ႔အတူ ေမာင္ေတာၿမိဳ႕နယ္ ပန္းေတာျပင္ေက်း႐ြာ၊ ေတာင္ၿပိဳလက္ဝဲ ယာယီလက္ခံေရးစခန္းမ်ားကို သြားေရာက္ခဲ့ၿပီး ညေနပိုင္းမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။
    

ဒီေနာက္မွာ ျမန္မာခရီးစဥ္ အၿပီးမွာ Twitter ကေန Hunt က “ျမန္မာႏိုင္ငံမွာ တာဝန္ခံမႈနဲ႔ တရားဥပေဒနဲ႔အညီ လုပ္ေဆာင္ခ်က္ ျဖစ္မလာဘူးဆိုရင္ ICC ကို လႊဲေျပာင္းတာ အပါအဝင္ နည္းလမ္းအားလုံးကို ႏိုင္ငံတကာ အသိုင္းအဝိုင္းအေနနဲ႔ ရွာေဖြဖို႔ လိုအပ္ပါတယ္။ICC ကို လႊဲဖို႔က လုံၿခဳံေရးေကာင္စီရဲ႕ ေထာက္ခံမႈလိုၿပီး ျဖစ္ခ်င္မွ ျဖစ္လာမွာပါ။အဲဒီလိုဆိုရင္ တျခားနည္းလမ္းေတြကိုလည္း ကြၽန္ေတာ္တို႔ ရွာေဖြဖို႔ လိုပါတယ္” လို႔ သူ႔ရဲ႕ Twitter စာမ်က္ႏွာမွာ ေရးခဲ့ပါတယ္။ဒီလိုေရးသားခ်က္က အရပ္သားအစိုးရကို ဖိအားေပးသလိုျဖစ္ေစခဲ့သလို တပ္မေတာ္နဲ႔ အရပ္သားအစိုးရၾကား တည္ေဆာက္ေနတဲ့ ယုံၾကည္မႈကိုပါ ထိခိုက္ေစခဲ့ပါတယ္။
    

ဒီလိုေျပာခဲ့တာက ျမန္မာႏိုင္ငံအတြက္ ျပႆနာတခ်ိဳ႕ကို မီးေမႊးသလို ျဖစ္ခဲ့ပါတယ္။ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ ရင္ၾကားေစ့ေရး ေဆာင္႐ြက္ေနတဲ့ အရပ္သားအစိုးရအတြက္လည္း အခက္အခဲျဖစ္ေစခဲ့ပါတယ္။အေနာက္ႏိုင္ငံေတြအေနနဲ႔ လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုတဲ့ လမ္းေၾကာင္းေပၚ ျမန္မာႏိုင္ငံကို ေတာက္ေလွ်ာက္ဆြဲတင္လာရာမွာ မၾကာမီက ကေနဒါက သတ္မွတ္ခဲ့ၿပီးေနာက္ ယခု ၿဗိတိန္ဘက္ကပါ အသံထြက္လာတဲ့အတြက္ လာမယ့္ ကုလညီလာခံမွာ ျမန္မာႏိုင္ငံအေနနဲ႔ အေတာ္ေလး ေျဖရွင္းရဖို႔ ရွိေနပါတယ္။ျမန္မာကို ႏိုင္ငံတကာက အုံနဲ႔က်င္းတဲ့ အေရးယူဖိအားေပးဖို႔ ကမာၻပတ္ ေဆာ္ၾသေနတဲ့ ဘဂၤလားေဒရွ႕္ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ လည္း ယခုက်င္းပမယ့္ ကုလညီလာခံမွာ ဒီလိုေလာ္ဘီလုပ္မႈေတြေၾကာင့္ ဆုႏွစ္ဆုကို ခ်ီးျမႇင့္ခံရတဲ့အထိ ျဖစ္လာခဲ့ပါတယ္။  

ဒါဟာ ျပည္တြင္းမညီၫြတ္မႈေတြေၾကာင့္ ျဖစ္လာရတဲ့ အေျခအေနဆိုးေတြျဖစ္ၿပီး လက္ရွိမွာ  ျမန္မာ့ေျမကို ရသေလာက္လိုခ်င္တဲ့ ဘဂၤလားေဒရွ႕္ရဲ႕ အဓိကပုံေဖာ္မႈေၾကာင့္ ႏိုင္ငံတကာရာဇဝတ္မႈခုံ႐ုံး (ICC) က ဘဂၤါလီအေရးႏွင့္ ပတ္သက္ၿပီး ကနဦးအဆင့္ စုံစမ္းစစ္ေဆးမႈေတြ စဖို႔အထိ ဆုံးျဖတ္လိုက္တာေတြအထိ ျဖစ္လာပါတယ္။ဒါဟာ အရင္းထိထိ အဖ်ားထိထိ၊ အားလုံးကိုထိတာပဲ ျဖစ္ပါတယ္။

ဒီလိုမဟုတ္ဘဲ အဘ အမ ကြဲေနရင္ အနီ အစိမ္း အဝါ ကြဲေနရင္  အရင္းအဖ်ားခြဲၿပီး ေသြးကြဲေနရင္ တိုင္းျပည္ရဲ႕ အခ်ဳပ္အျခာအာဏာ ထိခိုက္လာႏိုင္တဲ့အတြက္ ယခုခ်ိန္မွာ မတူညီတာေတြ၊ ကြဲျပားေနတာေတြ ေဘးခ်ၿပီး ေက်ာခ်င္းကပ္ကာ လာမယ့္ ေဘးနဲ႔ ဖိအားေတြ ရင္ဆိုင္ရေတာ့မယ့္ အခ်ိန္အခါပါ။

ျပည္တြင္းမွာ တိုက္ခဲ့တဲ့ ေကာလာဟလမုန္တိုင္း။
    

ျမန္မာ-ထိုင္း နယ္စပ္မွာ ေတာင္က်ေရေတြေၾကာင့္ ေျမၿပိဳမႈေတြျဖစ္လို႔ ကေလးတစ္ဦး အပါအဝင္ ၇ ဦး ေပ်ာက္ဆုံး/ေသဆုံးၿပီး ၁၁ ဦး ဒဏ္ရာရခဲ့တဲ့ အခ်ိန္မွာပဲ ရခိုင္ဘက္မွာ ႐ႊံ႕မီးေတာင္တစ္လုံး ထေပါက္ခဲ့ပါတယ္။စက္တင္ဘာ ၁၆ ရက္ မနက္ ၇ နာရီ ၁၀ မိနစ္ေလာက္က မာန္ေအာင္ၿမိဳ႕နယ္ရွိ ရဲကြၽန္းေက်း႐ြာအုပ္စုထဲက ရဲကြၽန္းေတာင္႐ြာႏွင့္ ရဲကြၽန္းေျမာက္႐ြာ ၾကားမွာရွိတဲ့ ႐ႊံ႕မီးေတာင္ ေပါက္ကြဲခဲ့တာပါ။ဒီမီးေတာင္က အဲဒီဘက္မွာေတာ့ ႏွစ္ႏွစ္တစ္ခါ ေပါက္ေလ့ရွိတဲ့ မီးေတာင္တစ္ခုပါ။
မီးေတာင္ေပါက္လို႔ အဲဒီနားက လယ္တစ္ဧကခြဲေလာက္ ႐ႊံ႕ေတြ ဖုံးသြားခဲ့ေပမယ့္ လူထိခိုက္မႈမရွိပါဘူး။ဒီ႐ႊံ႕မီးေတာင္ ထေပါက္လို႔ ၉၃-၉၄ ေလာက္တုန္းက လယ္ဧကာ ၂၀ ေလာက္ ႐ႊံ႕ဖုံးသြားဖူးခဲ့တာရွိတယ္ ဆိုပါတယ္။အခုခ်ိန္မွာေတာ့ ထပ္ၿပီးေပါက္ဦးမလားလို႔ ေဒသခံေတြ ေစာင့္ၾကည့္ေနၾကပါတယ္။
    

ဒီလို ေရေဘး၊ သဘာဝေဘးေတြ ခပ္စိပ္စိပ္ျဖစ္ေနေပမယ့္  လူလုပ္ ေကာလာဟလေဘးေတြေၾကာင့္လည္း လူေတြ ဒုကၡမ်ားခဲ့ရတာေတြ ဒီတစ္ပတ္မွာ ျဖစ္ခဲ့ပါတယ္။စက္တင္ဘာ ၁၈ ရက္က စစ္ကိုင္းနဲ႔ မႏၲေလးတိုင္းအတြင္းက ၿမိဳ႕နယ္အခ်ိဳ႕မွာ တ႐ုတ္ကို ဝင္ေနတဲ့ စူပါ တိုင္ဖြန္းမုန္တိုင္း မန္ကြတ္ ဝင္လာႏိုင္လို႔ မုန္တိုင္းသတိေပးေတြကို ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြက အသံခ်ဲ႕စက္နဲ႔ ခပ္တည္တည္ ေအာ္ဟစ္သတိေပးခဲ့တာခဲ့လို႔ ေဒသခံေတြ ထိတ္လန႔္ကုန္ပါတယ္။
    

ယခုေခတ္လို႔ လူမႈကြန္ရက္နဲ႔ အင္တာနက္မွာ ဆိုင္ရာအဖြဲ႕အစည္းေတြက ဆက္တိုက္ထုတ္ျပန္ေပးေနတာကို စူးစမ္းေလ့လာ အားနည္းၿပီး ထုတ္ျပန္တဲ့အတြက္ ဒါဟာ ေျပာစရာျဖစ္လာခဲ့ပါတယ္။ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြကေတာ့ ၿမိဳ႕နယ္ကေန စာထြက္တဲ့အတြက္ ေၾကညာရျခင္းဟု ဆိုထားပါတယ္။ဒီ မုန္တိုင္းသတင္းထုတ္ျပန္ခ်က္ အမွားက ယခင္သမၼတ စီးပြားေရးအႀကံေပး ေနဇင္လတ္ ကိုယ္တိုင္ သူ႔ရဲ႕ အေကာင့္မွာ “အင္အားအဆင့္ (၅) တိုင္ဖြန္းမုန္တိုင္း ျမန္မာကိုဝင္ရန္ရွိ၊ တစ္နာရီ မိုင္ ၁၈၀ ျပင္ဆင္သတိထားၾကဖို႔” ဟု ေရးတင္ခဲ့တဲ့အတြက္ ယခုေကာလာဟလျဖစ္စဥ္က အမ်ားျပည္သူကို ထူးျခားတဲ့ ျဖစ္စဥ္တစ္ခုအျဖစ္ သတိထားမိေစခဲ့ပါတယ္။

ခပ္ျပင္းျပင္း ႐ိုက္ခ်ခံလိုက္ရတဲ့ MLM နဲ႔ အျမတ္ယူၾကမ္းတဲ့ ေအာင္ဘာေလထီ။

ယခုတစ္ပတ္ထဲ စီးပြားေရးနဲ႔ သက္ဆိုင္တဲ့ သတင္းေတြထဲ၊ လႊတ္ေတာ္သတင္းေတြထဲမွာ  လႈပ္လႈပ္ခတ္ခတ္ျဖစ္ခဲ့တဲ့ သတင္းေတြလည္း ရွိခဲ့ပါတယ္။စက္တင္ဘာ ၁၄ ရက္ေန႔က ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္မွာ ျပဳလုပ္တဲ့ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝးမွာ ရန္ကုန္တိုင္းေဒသႀကီး စာရင္းစစ္ခ်ဳပ္ရဲ႕ ၂၀၁၆-၁၇ ခု ဘ႑ာေရးႏွစ္ စစ္ေဆးေတြ႕ရွိခ်က္ အစီရင္ခံစာကို တင္သြင္းခဲ့ပါတယ္။

ဒီအစီရင္ခံစာထဲမွာ ရန္ကုန္တိုင္းေဒသႀကီးအစိုးရက အိမ္ရာစီမံကိန္းမ်ားႏွင့္ ခရီးသည္တင္ယာဥ္မ်ားထဲ ထည့္ဝင္ျမဳပ္ႏွံထားတဲ့ က်ပ္ ၁၃၄ ဘီလ်ံကေန  အျမတ္မရဘဲ အရႈံးေပၚေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ယခုလို ေထာက္ျပေဖာ္ျပမႈအရ တိုင္းေဒသႀကီးအစိုးရအေနနဲ႔ ႀကီးၾကပ္ကြပ္ကဲရမွာေတြ ရွိေနၿပီး စာရင္းစစ္ ေထာက္ခ်က္ကို ဘယ္လိုကုစား ေျဖရွင္းမလဲဆိုတာ လာမယ့္ ဘ႑ာႏွစ္ အစီရင္ခံစာကို ျပန္ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ဒီလို လႊတ္ေတာ္အတြင္း တိုင္းအစိုးရအေပၚ ဘ႑ာေရးဆိုင္ရာ စစ္ေဆးခ်က္ေတြ တင္သြင္းလို႔ အတိုက္အခံေတြနဲ႔ အျပစ္တင္လိုသူေတြအတြက္ ပြဲဆူခဲ့ခ်ိန္မွာ ျပင္ပေငြေၾကးေဈးကြက္ထဲမွာ ျမန္မာက်ပ္ေငြ တန္ဖိုးက ဆက္က်ၿပီး  ႏိုင္ငံျခားေငြလဲလွယ္ႏူန္းက တစ္ေဒၚလာကို ၁၆၂၂ က်ပ္နဲ႔ စက္တင္ဘာ ၁၉ ရက္မွာ စံခ်ိန္တင္ခဲ့ပါတယ္။ဒါဟာ အစိုးရက ေဒၚလာေဈးကို ခ်ိတ္ဆက္ထားတာကို ျဖတ္ခ်လိုက္ၿပီးေနာက္မွာ တစ္လအတြင္း တစ္ေဒၚလာကို က်ပ္ ၁၀၀ ေလာက္ တက္သြားတဲ့ သေဘာလည္း ျဖစ္ပါတယ္။

ေငြေၾကးေဈးကစားသူေတြကေတာ့ ဒီေလာက္ထိ ေဈးတက္လာရတာဟာ ဘဏ္တိုးေတြ ခ်လိုက္တဲ့အတြက္ ေဒၚလာဝယ္စုတာေတြ၊ ေ႐ႊဝယ္စုတာေတြေၾကာင့္ ေဒၚလာေဈး ျမင့္တက္မႈနဲ႔အတူ ေ႐ႊေဈးပါ တက္လာရတယ္လို႔ ဆိုၾကပါတယ္။
ႏိုင္ငံတကာမွာလည္း ထရန႔္ ရဲ႕ကုန္သြယ္ေရးေပၚလစီေၾကာင့္ ေ႐ႊစုမႈေတြျဖစ္ေနလို႔ ႏိုင္ငံတကာ ေ႐ႊေဈးကြက္ျဖစ္တဲ့ ဇူးရစ္ခ်္မွာ ေ႐ႊေဈးက တက္ေနပါတယ္။ျပည္တြင္းမွာေတာ့ ေ႐ႊေဈးက စက္တင္ဘာ ၂၀ ရက္ ပိတ္ေဈးမွာ အေခါက္ေ႐ႊ တစ္က်ပ္သားကို ဆယ္သိန္းသုံးေသာင္းႏွစ္ေထာင္နဲ႔ ေဈးပိတ္ခဲ့ပါတယ္။

ဒီလိုလႈပ္ခတ္ၿပီး တက္ေနတဲ့ ေဈးေတြထဲ ေအာင္ဘာေလ ထီလက္မွတ္ ေဈးေတြလည္း ပါခဲ့ပါတယ္။ယခုရက္ပိုင္းမွာ ထီလက္မွတ္တစ္ေစာင္ကို တခ်ိဳ႕ေနရာေတြမွာ တစ္ေစာင္ကို တစ္ေထာင္က်ပ္အထိ ေဈးတင္ေရာင္းခ်မႈေတြ ျဖစ္တဲ့အထိ ေဈးတင္ေရာင္းခ်မႈေတြက စည္းလြတ္ဝါးလြတ္ ျဖစ္ခဲ့ပါတယ္။

ဒီလိုအေျခအေနေတြအတြက္ မရမ္းကုန္း တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးရန္ရွင္း က ထီကိုယ္စားလွယ္ႀကီးေတြ အစိုးရသတ္မွတ္ေရာင္းေဈး က်ပ္ ၅၀၀ ထက္ ပိုမိုအျမတ္တင္ၿပီး လက္လီ၊ လက္ကား ေရာင္းခ်ေနေၾကာင္း၊ ရန္ကုန္ၿမိဳ႕တြင္း ထီတစ္ေစာင္လွ်င္ အနည္းဆုံး က်ပ္ ၆၀၀ မွ ၇၀၀ အထိ ေပးဝယ္ေနရၿပီး ထီလုပ္ငန္းႀကီး သုံးေလးခုကသာ ခ်ဳပ္ကိုင္လုပ္ေဆာင္ေနတာ ေတြ႕ရေၾကာင္း ရန္ကုန္တိုင္း လႊတ္ေတာ္အစည္းအေဝးမွာ စက္တင္ဘာ ၁၉ ရက္က ေမးခဲ့ပါတယ္။

ဒီလိုေမးျမန္းတာကို ရန္ကုန္တိုင္း စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီး ဦးျမင့္ေသာင္း က တက္ေရာက္ရွင္းလင္း ေျဖၾကားခဲ့ရာမွာ ေအာင္ဘာေလထီ ဥပေဒကို ျပ႒ာန္းႏိုင္ျခင္း မရွိေသး၍ ထီဆိုင္မ်ားကို ႀကီးၾကပ္ထိန္းေက်ာင္းရန္ အခက္အခဲမ်ား ရွိေၾကာင္း၊ ေဈးႏႈန္းတိုးျမႇင့္ ေရာင္းခ်မႈကို စိစစ္ေတြ႕ရွိပါက ထီအေရအတြက္ ေလွ်ာ့ခ်တဲ့ နည္းလမ္းျဖင့္ အေရးယူေဆာင္႐ြက္ေနေၾကာင္း၊ ေအာင္ဘာေလသိန္းဆုဌာနကေန တိုက္႐ိုက္ဝယ္ယူသူ၏ ပင္ရင္းထီဆိုင္ကေန အဆင့္ဆင့္ျဖန႔္ျဖဴးကာ အေႂကြးစနစ္နဲ႔ လုပ္ေဆာင္ေနတာေၾကာင့္ ေဈးအျမတ္တင္ျခင္း၊ ေငြေၾကးျပႆနာႏွင့္ ထီေဈးႏႈန္းႀကီးျမင့္မႈျပႆနာမ်ား ျဖစ္ေပၚေနတာလို႔ ေျပာခဲ့ပါတယ္။

ဒီအတြက္ ထီဥပေဒ ျပ႒ာန္းၿပီးရင္ ဒါေတြအားလုံး ေျပလည္ပေပ်ာက္သြားမွာျဖစ္တယ္ ဆိုေပမယ့္ လက္ရွိမွာ ထီကိုယ္စားလွယ္ႀကီးေတြက အမ်ားျပည္သူဆီကေန လွီးယူတဲ့ အျမတ္ေငြက ေၾကာက္ခမန္းလိလိ ျဖစ္ေနတဲ့အတြက္ အမ်ားျပည္သူ အက်ိဳးစီးပြားကို အဓိကထား ကာကြယ္မယ္ဆိုတဲ့ အရပ္သားအစိုးရလက္ထက္မွာ ျပည္သူေတြ နစ္နာမႈအတြက္ လတ္တေလာမွာ အေရးယူမႈ မလုပ္ႏိုင္ေသးတာ အေတာ္ေလး ဘဝင္မက်စရာ ျဖစ္ခဲ့ပါတယ္။

ဒီလိုစိတ္ပ်က္စရာေတြၾကားထဲ စက္တင္ဘာ ၁၈ ရက္မွာ ျပည္ေထာင္စုအစိုးရ ၫႊန္ၾကားခ်က္နဲ႔ ျပည္တြင္း ရွိ MLM (Multi Level Marketing) လုပ္ငန္းမ်ားကို အေရးယူမည္ျဖစ္ေၾကာင္း စီးပြားကူးသန္းဝန္ႀကီးဌာနက ႐ုတ္တရက္ေၾကညာခဲ့တာမွာ အမ်ားျပည္သူကို ကာလရွည္ၾကာ လက္တစ္လုံးျခား နားလည္ပါး႐ိုက္ လူလည္လုပ္ေနတဲ့ MLM လုပ္ငန္းေတြ ႐ုတ္တရက္ အငိုက္မိခဲ့ၾကပါတယ္။

ဒီထုတ္ျပန္ခ်က္ ထြက္ထြက္ခ်င္း လူမႈကြန္ရက္မွာ ဝမ္းသာအားရစကားေတြ အေျမာက္အျမား ပ်ံ႕ႏွံ႔ခဲ့ၿပီး  MLM လုပ္ငန္းနဲ႔ လူလည္လုပ္စားေနသူ တခ်ိဳ႕တစ္ေလကသာ  ဒီထုတ္ျပန္ခ်က္က တရားမွ်တမႈမရွိဘူးလို႔ ေျပာခဲ့ၾကပါတယ္။ထုတ္ျပန္တဲ့ အမိန႔္ေၾကာ္ျငာစာမွာ မလိုက္နာရင္ အနည္းဆုံး ေထာင္ေျခာက္လကေန သုံးႏွစ္အထိ ခ်မွတ္ႏိုင္ၿပီး ဒဏ္ေငြငါးသိန္းပါ ခ်မွတ္ႏိုင္တဲ့ အေရးႀကီး ကုန္စည္ႏွင့္ ဝန္ေဆာင္မႈ ဥပေဒပုဒ္မ (၅) အရ အေရးယူခံရမည္လို႔  ေဖာ္ျပထားလို႔ ဒါဟာ ထိေရာက္တဲ့ ထုတ္ျပန္ခ်က္ ျဖစ္ခဲ့ပါတယ္။ျမန္မာႏိုင္ငံမွာ MLM လုပ္ကိုင္ေနတဲ့ လုပ္ငန္း ၄၀ ခန႔္ ရွိၿပီး လူသိမ်ားတဲ့ လုပ္ငန္း ၂၀ ခန႔္ ရွိေပမယ့္ အမ်ားစုက ကုမၸဏီမွတ္ပုံတင္၊ ပို႔ကုန္၊ သြင္းကုန္ လိုင္စင္ေတြနဲ႔ လက္တစ္လုံးျခား လုပ္ကိုင္ေနတတ္တဲ့အတြက္ MLM က အသြင္တစ္မ်ိဳးနဲ႔ ျပန္ေပၚလာႏိုင္လို႔ သတိထားေစာင့္ၾကည့္ဖို႔ လိုသလို တားျမစ္တဲ့ၾကားက MLM လုပ္ငန္းလုပ္တဲ့ ကုမၸဏီကို စံနမူနာအျဖစ္ ျပင္းျပင္းထန္ထန္ အေရးယူျပလိုက္ရင္  အားလုံးေနာက္တြန႔္သြားမယ္လို႔ MLM ဆန႔္က်င္တဲ့သူေတြက အြန္လိုင္းကေန ေထာက္ျပထားၾကပါတယ္။
    

MLM လုပ္ငန္း လုပ္ကိုင္ေနသူမ်ားအေနနဲ႔ေတာ့ ၿမိဳးၿမိဳးျမတ္ျမတ္စားေနရတဲ့ အက်ိဳးအျမတ္ႀကီးမားတဲ့ MLM လုပ္ငန္းကို လက္လြတ္ခံမွာ မဟုတ္ဘဲ လက္တစ္လုံးျခား ပုံစံတစ္မ်ိဳးမ်ိဳးနဲ႔ လုပ္ကိုင္လာၾကမွာ အေသအခ်ာမို႔ ဥပေဒေရးဆြဲတဲ့သူေတြနဲ႔ ဥပေဒကို အေကာင္အထည္ေဖာ္သူေတြ ဘယ္ေလာက္ထိလုပ္ႏိုင္မလဲ၊ ႀကံရည္ဖန္ရည္ေကာင္းသည့္ MLM သမားေတြကပဲ ဥပေဒရဲ႕ ဂယ္ေပါက္ကို ရွာေတြ႕ၿပီး ဘယ္လိုလြတ္ေအာင္ ထြက္ျပမလဲဆိုတာကို ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။
    

ဒီသတင္းေတြက ယခုတစ္ပတ္ထဲ လႈပ္ခတ္ခဲ့တဲ့ အင္ဂ်င္ပါဝါ ၂,၀၀၀ စီစီမွ ၄,၀၀၀ စီစီရွိ ေမာ္ေတာ္ယာဥ္မ်ားကို အခြန္ ၃၀ ရာခိုင္ႏႈန္း ေကာက္ခံရန္ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳခဲ့တဲ့ သတင္း၊ ေဆးျပင္းလိပ္၊ ေဆးတံေသာက္ ေဆးမ်ားႏွင့္ ကြမ္းစားေဆးအမ်ိဳးမ်ိဳးကို ၈၀ ရာခိုင္ႏႈန္း ေကာက္ခံရန္ အတည္ျပဳခဲ့တဲ့ သတင္းေတြလို လူေတြစိတ္ထဲ သတိထားစရာ ျဖစ္ခဲ့ပါတယ္။

မေသမခ်င္းသတ္ေစ (သို႔မဟုတ္) လူသတ္မုဒိမ္းက်င့္သူေတြအတြက္ ထိုက္တန္တဲ့ အျပစ္ဒဏ္။
    

ယခုတစ္ပတ္ထဲမွာ သက္ငယ္မုဒိမ္းက်င့္သူ၊ လူသတ္မုဒိမ္းက်င့္သူေတြကို ေအာ့ႏွလုံးနာတဲ့ ျမန္မာ လူ႔အဖြဲ႕အစည္းအတြက္ စိတ္ေက်နပ္စရာျဖစ္ခဲ့ရတဲ့ ရက္သတၱပတ္ပါဘဲ။                 
    

၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ ၂၂ ရက္ေန႔က က်ိဳင္းတုံ-လြယ္ေမြ ကားလမ္းေပၚရွိ နမ့္လပ္ေရအားလွ်ပ္စစ္ အနီးရွိ ေခ်ာက္အတြင္း၌ မီးေလာင္ကြၽမ္းခံထားရတဲ့ အမ်ိဳးသမီးအေလာင္း တစ္ေလာင္းကို ေတြ႕ရာကေန ရက္စက္ယုတ္မာတဲ့ လူသတ္အဓမၼက်င့္တဲ့ျဖစ္ရပ္ ေပၚေပါက္ခဲ့ၿပီး အဲဒီက်ဴးလြန္ခဲ့သူ ႏွစ္ဦးကို ႀကိဳးကြင္းစြပ္ၿပီး သတ္ဖို႔ က်ိဳင္းတုံခ႐ိုင္ တရား႐ုံးက ဒီတစ္ပတ္မွာ အမိန႔္ခ်မွတ္ခဲ့ပါတယ္။
    

က်ဴးလြန္သတ္ျဖတ္ခံရတဲ့ ဆယ္တန္းေက်ာင္းသူမွာ အဓမၼျပဳက်င့္ သတ္ျဖတ္သူရဲ႕မိန္းမနဲ႔ ခင္မင္ရင္းႏွီးသူပါ။ခင္မင္ရင္းႏွီးေနတာကို အေၾကာင္းျပဳၿပီး မိန္းမျဖစ္သူက မွာတယ္ဆိုကာ ငါးကင္ကို လာပို႔ခိုင္းၿပီး အခန္းထဲေခၚ အဓမၼက်င့္ဖို႔ ႀကိဳးစားရာမွ ႐ုန္းကန္လို႔ တျခားအခန္းထဲက ေစာင့္ေနသူကိုေခၚၿပီး သတ္ျဖတ္ကာ ေခ်ာက္ထဲမွာ မီးရႈိ႕အေလာင္းေဖ်ာက္ဖ်က္ခဲ့တဲ့ အမႈပဲ ျဖစ္ပါတယ္။
    

က်ဴးလြန္ခဲ့ၿပီး ဆယ္လအၾကာမွာ အမိန႔္ခ်ခဲ့တဲ့ ဒီအမႈမွာ က်ဴးလြန္သူ ဆရာမေယာက်ၤား စိုးလြင္ နဲ႔ အိုက္ပီး ကို ႀကိဳးကြင္းစြပ္သတ္ေစတဲ့ ျပစ္ဒဏ္ဟာ ေသသူျပန္မရွင္ေပမယ့္ ေနာင္က်ဴးလြန္ဖို႔္ စိတ္ရွိသူေတြကို သတိေပးလိုက္သလို ျဖစ္ေစခဲ့တဲ့အျပင္ က်ဴးလြန္ခံရသူရဲ႕ မိသားစုေတြ၊ ခ်စ္သူခင္သူ သူငယ္ခ်င္းေတြကိုလည္း တရားဥပေဒက ကုစားမႈတစ္စုံတစ္ရာ ေေပးႏိုင္ခဲ့ပါတယ္။ဒါဟာ သက္ငယ္မုဒိမ္း က်ဴးလြန္သူေတြ၊ မုဒိမ္းသမားေတြအတြက္ ထိုက္တန္တဲ့ ျပစ္ဒဏ္ေဈးအဖြင့္ပါဘဲ။
    

ဒီလို ျပင္းထန္တဲ့ ျပစ္ဒဏ္ေတြကို ခ်ေနေပမယ့္ တစ္ဖက္မွာ သက္ငယ္မုဒိမ္းမႈေတြက ဆက္ျဖစ္ေနသလို အေရးယူမႈအပိုင္းမွာလည္း ျပႆနာက ရွိေနဆဲပါ။စက္တင္ဘာ ၂ ရက္က ေ႐ႊျပည္သာမွာျဖစ္ခဲ့တဲ့ သက္ငယ္အဓမၼက်င့္မႈတစ္ခုမွာ အေျခအေနမဲ့ (၃၅) ႏွစ္အ႐ြယ္ အမ်ိဳးသားက လမ္းထဲကစားေနတဲ့ ကေလးေတြထဲက ဉာဏ္ရည္မျပည့္တဲ့ (၆) ႏွစ္အ႐ြယ္ မိန္းကေလးကို မုန႔္ဖိုး ၁၀၀ ေပးၿပီး အဓမၼျပဳက်င့္ခဲ့တဲ့အတြက္ ရပ္ကြက္က ဝိုင္းဖမ္းၿပီး ရဲခန္းပို႔ခဲ့ရပါတယ္။ဒါေပမယ့္ ရဲစခန္းေရာက္ေတာ့ ကာယကံရွင္ မိခင္က ႏြမ္းပါးခ်ိဳ႕တဲ့လို႔ ရဲက အမႈဖြင့္ခိုင္းေပမယ့္ အမႈမဖြင့္လို႔ မူးယစ္မႈနဲ႔ ေထာင္ရွစ္ရက္ခ်ၿပီး ျပန္လႊတ္ေပးခဲ့ၿပီးေနာက္မွာ က်ဴးလြန္ခံရသူ ကေလးမရဲ႕ အေျခအေန မသက္သာလို႔ ေဆး႐ုံတင္ထားရမွ အရပ္ဖက္အဖြဲ႕အစည္းမ်ား အကူအညီနဲ႔ မိခင္က ျပန္အမႈဖြင့္ၿပီး တရားခံကို ျပန္လိုက္ဖမ္းရတဲ့ ျဖစ္စဥ္လည္း ျဖစ္ခဲ့ပါတယ္။
    

ဒါဟာ ဥပေဒပိုင္းအရ ေျပာစရာျဖစ္ခဲ့ၿပီး ဒီလိုအေျခအေနမွာ ဘယ္သူက တိုင္သင့္တယ္ဆိုတာ ျပင္ဆင္ဖို႔ လိုေနၿပီဆိုတာ ျပသေနခဲ့သလို တစ္ကယ္အေရးႀကဳံလာရင္ မရွိဆင္းရဲသူနဲ႔ အကာအကြယ္မဲ့သူေတြအတြက္ ရပ္တည္ေပးမယ့္သူ နည္းပါးတာကိုလည္း ဒီျဖစ္စဥ္က ေဖာ္ျပခဲ့ပါတယ္။သမီးမိန္းကေလး၊ သားမိန္းကေလး ေမြးထားတဲ့သူေတြအတြက္ ေနရာတိုင္းမွာ ယုတ္မာသူေတြ၊ မုဒိမ္းသမားေတြ၊ ကာမမုဆိုးေတြက ပုံစံမ်ိဳးစုံနဲ႔ အလႊာစုံမွာ ရွိေနတာကို  ဒီျဖစ္စဥ္က ေဖာ္ျပခဲ့ပါတယ္။

    
ဒီလို စိတ္ဆင္းရဲဖြယ္ သတင္းေတြထဲ သတင္းႏွစ္ပုဒ္ကေတာ့ ၾကားရသူေတြကို ၿပဳံးေထ့ေထ့ ျဖစ္ေစခဲ့ပါတယ္။ထိုသတင္းက ကြတ္ခိုင္မွာ ေလာင္းကစား႐ုံေတြ ဒုကၡေပးလြန္းလို႔ ၿမိဳ႕ခံအမ်ိဳးသမီးေတြစုၿပီး ေလာင္းကစား႐ုံကို ဝင္ဖ်က္ဆီးၾကတဲ့ သတင္းႏွင့္ ပုဇြန္ေတာင္ေဈးအနီးရွိ ႐ြိဳင္ရယ္တည္းခိုခန္းမွာ လာတည္းတဲ့ အမ်ိဳးသား အသတ္ခံရၿပီး သံသယရွိတဲ့ အမ်ိဳးသမီးကို မိသြားတဲ့ သတင္းေတြပါဘဲ။

ဒီသတင္းေတြက ျပင္သစ္အေျခစိုက္ အယ္လ္ဖာအဖြဲ႕မွ လႉဒါန္းသည့္ ေဆးပစၥည္းမ်ား တင္လာေသာ ကြန္တိန္နာယာဥ္တစ္စီး ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ အ႐ိုးေရာဂါအထူးကု ေဆး႐ုံဝင္းသို႔ ဝင္ေရာက္စဥ္ လွ်ပ္စစ္ဓာတ္ႀကိဳးနဲ႔ၿငိၿပီး ကြန္တိန္နာမီးေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့တဲ့ သတင္း၊ Facebook မွာ ေရးတဲ့ ပညာေရးဆိုင္ရာ ပို႔စ္တစ္ခုေၾကာင့္ တကၠသိုလ္ ဆရာမတစ္ဦးနဲ႔ ဆရာတစ္ဦး အျငင္းပြားတာ ပညာေရးဝန္ႀကီးအထိ တက္တိုင္ၾကားၾကတဲ့ သတင္း၊ သံျဖဴဇရပ္ၿမိဳ႕နယ္ရွိ သစ္ခြဲသားစက္႐ုံ မီးေလာင္လို႔ က်ပ္သိန္း ၄၀၀ ေက်ာ္ ဆုံးရႈံးသြားတဲ့ သတင္း၊ ျမန္မာလုပ္သားႏွစ္ဦး ေရာင္းခ်သည့္ အရက္တု Mandalay Whiskey, KingRisher ဘီယာႏွင့္ Grand Royal Whiskey တံဆိပ္ပါ အရက္တုသုံးမ်ိဳးကို ေသာက္သုံးသည့္ ၅၁ ဦးအနက္ အရက္အဆိပ္သင့္ကာ ၁၉ ဦး ေသဆုံးၿပီး ၁၄ ဦး စိုးရိမ္ရတဲ့ သတင္း၊ ဟုမၼလင္းမွာ ေရေလာင္းအိမ္သာထဲ ျပဳတ္က်တဲ့ ဖုန္းကိုဆယ္ရင္း က်င္းထဲ ေအက္စီဂ်င္ျပတ္ကာ အမ်ိဳးသား ၄ ဦး ေသဆုံးခဲ့တဲ့ သတင္း၊ ေပါက္နဲ႔ ၿမိဳင္ ၿမိဳ႕နယ္ထဲက တရားမဝင္ လုပ္ကိုင္ေနတဲ့ ေရနံခ်က္ဖို ၈၈ ဖိုကို ဝင္ေရာက္ဖမ္းဆီးခဲ့တဲ့ သတင္း၊ ျပည္ၿမိဳ႕က ပုဂၢလိကေဆး႐ုံမွာ မီးေလာင္လို႔ လူနာေတြကို အေရးေပၚ ေျပာင္းေ႐ႊ႕ခဲ့ရတဲ့ သတင္းေတြနည္းတူ ဒီတစ္ပတ္မွာ အမ်ားျပည္သူကို အာ႐ုံစိုက္ေစခဲ့ပါ တယ္။

အံ့ဖြယ္ ဘားအံေထာင္ေဖာက္မႈ။
    

ျပည္တြင္းမွာျဖစ္သမွ် သတင္းေတြထဲ မူခင္းသတင္းေတြ၊ ျပစ္မႈသတင္းေတြက အဆန္းေတြခ်ည္း မ်ားပါတယ္။ဒီလို အဆန္းတက်ယ္ျဖစ္ရတဲ့ သတင္းေတြထဲမွာ အဆန္းတကာ့ အဆန္းဆုံး သတင္းက စက္တင္ဘာ ၁၆ ရက္ နံနက္ပိုင္းက ျဖစ္ခဲ့တဲ့ ဘားအံေထာင္ေဖာက္မႈ သတင္းပါဘဲ။
     

စက္တင္ဘာ ၁၆ ရက္ နံနက္ ၈ နာရီ ၄၅ မိနစ္မွာ ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္း ျပစ္ဒဏ္က် ေက်ာ္မိန္လ ဆိုသူက ဦးေဆာင္ၿပီး ေထာင္ေဖာက္ေျပးခဲ့တာပါ။ျဖစ္စဥ္က မူးယစ္ေဆးႏွင့္ လက္နက္မႈမ်ားျဖင့္ ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္း က်ေနေသာ ေက်ာ္မိန္လ (ခ) အေရွာင္ က ေထာင္ကားယာဥ္ေမာင္း အက်ဥ္းေထာင္ဝန္ထမ္း ဒုတပ္ၾကပ္ ေက်ာ္ဝင္းစိန္ ကို ဆြဲခ်ထိုးႀကိတ္၍ ကားကိုေမာင္းၿပီး ေထာင္တံခါးေလးဆင့္ကို တိုက္ဖြင့္ကာ ေထာင္ေရွ႕ရွိ ဘားအံ-လႈိင္းဘြဲ႕ ကားလမ္းအတိုင္း ထြက္ေျပးခဲ့တာပါ။     
    

ကားနဲ႔ ေထာင္အက်ဥ္းသား ၄၂ ဦး လြတ္ေျမာက္တဲ့ ကိစၥက ေတြးထင္ထားတဲ့ ျမင္ဖူးၾကားဖူးတဲ့ ေထာင္ေဖာက္မႈေတြနဲ႔ မတူဘဲ သိပ္လြယ္ကူေနသလို တစ္သက္တစ္ကြၽန္း ျပစ္ဒဏ္က်ေနတဲ့သူကို ေထာင္ထဲ အလုပ္ထုတ္ခိုင္းတာက နားမလည္ႏိုင္စရာလို႔ လူမႈကြန္ရက္မွာ ေထာင္နဲ႔ သက္ဆိုင္ခဲ့ဘူးသူ အခ်ိဳ႕ရဲ႕ ေထာက္ျပမႈေတြ ရွိခဲ့ပါတယ္။အထူးသျဖင့္ ထုနဲ႔ထည္နဲ႔ ေဆာက္ထားတဲ့ ေထာင္တံခါးႀကီးေလးခ်ပ္ကို ကားနဲ႔ တိုက္ေျပးရာမွာ ကားေရွ႕မီး မွန္ေတြမကြဲတာ၊ လူ ၄၀ ေက်ာ္ တင္ႏိုင္ဖို႔ မလြယ္တဲ့ ကားရဲ႕ ဝင္ဆံ့မႈေတြေၾကာင့္ အြန္လိုင္းမွာ ေထာက္ျပ ဟားစရာေတြ ျဖစ္ခဲ့ပါတယ္။
    

ထုံးစံအတိုင္း ေထာင္နဲ႔ အက်ဥ္းသားမမွ်တာ၊ ဝန္ထမ္းနည္းတာေတြ ေျပာဆိုမႈေတြ ရွိခဲ့ပါတယ္။ဒါေပမယ့္ ျမန္မာႏိုင္ငံ အက်ဥ္းေထာင္သမိုင္းမွာ သမိုင္းဝင္တဲ့ ဘားအံေထာင္ေဖာက္ေျပးမႈမွာ ေထာင္မႉးနဲ႔ ဝန္ထမ္းအဆင့္ဆင့္ကို အက်ဥ္းဦးစီးဌာနက စစ္ေဆးေနၿပီး အက်ဥ္းေထာင္ရဲ႕ လတ္တေလာ အုပ္ခ်ဳပ္ေရးကို ေနျပည္ေတာ္က ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဆာင္တဲ့ အရာရွိဝန္ထမ္းေတြ၊ အဖြဲ႕ေတြက လႊဲေျပာင္းရယူထားပါတယ္။
    

ဘားအံအက်ဥ္းေထာင္က ေထာင္ေဖာက္ေျပးသူေတြကို တပ္မေတာ္၊ ရဲတပ္ဖြဲ႕ႏွင့္ နယ္ျခားေစာင့္ တပ္ဖြဲ႕ (BGF) က ပိတ္ဆို႔ရွာေဖြရာမွာ ထြက္ေျပးတဲ့  စက္တင္ဘာ ၁၆ ရက္ ည ၈ နာရီခန႔္အထိ ဦးေဆာင္သူ ေက်ာ္မိန္လ အပါအဝင္ ၁၄ ဦးကို ျပန္လည္ဖမ္းမိခဲ့ၿပီး စက္တင္ဘာ ၂၀ ရက္အထိ စုစုေပါင္း ၂၄ ဦးကို လႈိင္းဘြဲ႕ၿမိဳ႕နယ္ႏွင့္ ျမဝတီၿမိဳ႕နယ္တို႔တြင္ ဖမ္းမိခဲ့ၿပီး ၁၈ ဦးက လြတ္ေျမာက္ေနတဲ့အတြက္ အဲဒီအက်ဥ္း သားေတြ ထိုင္းႏိုင္ငံဘက္သို႔ ထြက္ေျပးႏိုင္လို႔ ထိုင္းႏိုင္ငံရွိ ရဲတပ္ဖြဲ႕မ်ားကိုပါ သတင္းေပးပို႔ အကူအညီေတာင္းထားတယ္လို႔ သိရပါတယ္။
    

ဖမ္းမိတဲ့ ၂၄ ဦးထဲမွာ ဦးေဆာင္သူ ေက်ာ္မိန္လ နဲ႔ တျခားတစ္ဦးကို ဖမ္းဆီးစဥ္ ျပန္ခုခံထြက္ေျပးလို႔ ပစ္ခတ္ဖမ္းဆီးခဲ့ရၿပီး အဲဒီဒဏ္ရာေတြနဲ႔ ေဆး႐ုံပို႔စဥ္မွာ ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။ဒီျဖစ္စဥ္ဟာ ျပည္တြင္းက အက်ဥ္းေထာင္ေတြရဲ႕ အေျခအေနကို ကြတ္ကြတ္ကြင္းကြင္း ေဖာ္ျပလိုက္သလို လြတ္ရက္မရွိ အက်ဥ္းသားတစ္ဦးသည္ ႀကိဳးတိုက္အတြင္းမရွိဘဲ အျပင္ေရာက္ေနျခင္း၊ ေထာင္တံခါး ေလးခ်ပ္အား တိုက္ၿပီး ထြက္ေျပးခဲ့သည့္ ကားသည္ ပ်က္စီးမႈ သိပ္မရွိျခင္းတို႔ေၾကာင့္ ထြက္ေျပးသူမ်ားနဲ႔ ေထာင္အာဏာပိုင္မ်ားအၾကား ပတ္သက္မႈရွိႏိုင္တယ္ဆိုတဲ့ ခန႔္မွန္းမႈေတြ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။
    

ဘားအံေထာင္ေဖာက္မႈျဖစ္ၿပီး ႏွစ္ရက္ေျမာက္ စက္တင္ဘာ ၁၈ ရက္  နံနက္ေလးနာရီမွာ ဧရာဝတီတိုင္း၊ ဘိုကေလး ၿမိဳ႕မရဲစခန္းက အခ်ဳပ္သားသုံးဦး အခ်ဳပ္ခန္းေဖာက္ၿပီး ထြက္ေျပးသြားတဲ့ျဖစ္စဥ္ ထပ္ျဖစ္ခဲ့ပါတယ္။အခ်ဳပ္သားသုံးဦးက အခ်ဳပ္ခန္း အမွတ္ (၂) ရဲ႕ သစ္သားတိုင္ေတြကို သံျဖတ္လႊနဲ႔ျဖတ္ကာ ထြက္ေျပးခဲ့တာျဖစ္ၿပီး  ႏွစ္ဦးကို စက္တင္ဘာ ၁၈ ရက္ ေန႔လယ္ ၂ နာရီ မတိုင္မီ ျပန္လည္ဖမ္းမိခဲ့ၿပီး က်န္တစ္ဦးကို လႈိင္သာယာမွာ ဖမ္းမိခဲ့ပါတယ္။
    

အရပ္သားအစိုးရလက္ထက္မွာ တရားဥပေဒ စိုးမိုးေရးအတြက္ က်ဴးလြန္သူေတြကို ထိေရာက္တဲ့ျပစ္ဒဏ္ ခ်မွတ္ဖို႔ ႀကိဳးစားေနခ်ိန္မွာ ျပစ္ဒဏ္ေပးတဲ့ အက်ဥ္းေထာင္ေတြ လုံၿခဳံမႈေလ်ာ့ရဲတာ၊ တာဝန္ေပါ့ဆတာေတြက တရားဥပေဒစိုးမိုးေရးနဲ႔ တရားစီရင္ေရးမွာ “ပဲ့နင္း ဦးေထာင္၊ ဦးနင္း ပဲ့ေထာင္” ဆိုသလို ပါဘဲ။ဒါဟာ မေတာ္တဆဆိုေပမယ့္ ထြက္ေျပးသူေတြက ထြက္ေျပးရာတစ္ေလွ်ာက္ လြတ္ေျမာက္ဖို႔အတြက္ ဘာမွငဲ့ညႇာမႈမရွိဘဲ လုပ္ၾကမွာျဖစ္တဲ့အတြက္ ဒါဟာ တရားဥပေဒစိုးမိုးေရးကို ကိုင္လႈပ္ေစခဲ့တဲ့အတြက္ အက်ဥ္းသားေတြ အစုလိုက္အၿပဳံလိုက္ လြတ္ေျမာက္မႈ ေနာက္ကြယ္မွာ ဘာေတြရွိေနသလဲဆိုတာ ေဖာ္ထုတ္ဖို႔ လိုေနသလို ျပည္တြင္း၊ ျပည္ပ အက်ပ္အတည္းေပါင္းစုံနဲ႔ ရင္ဆိုင္ေနရစဥ္မွာ တိုက္တိုက္ဆိုင္ဆိုင္ လာျဖစ္တဲ့ ဘားအံအက်ဥ္းေထာင္ေဖာက္မႈ ျပႆနာဟာ အရပ္သားအစိုးရအတြက္ သတိထားစရာ အေၾကာင္းအရာပါ။

ဒီသတင္းဟာ ဒီတစ္ပတ္ျဖစ္ခဲ့တဲ့ ႏိုင္ငံေရး ေနာက္ခံသတင္းေတြျဖစ္တဲ့ TNLA က ဖမ္းဆီးထားတဲ့ နန္းမိုဟြမ္ ကို အျမန္ဆုံးျပန္လႊတ္ေပးဖို႔ နမ့္ခမ္းၿမိဳ႕မွာ ေဒသခံျပည္သူ တစ္ေသာင္းခန႔္ ဆႏၵျပေတာင္းဆိုခဲ့ၾကတဲ့ သတင္း၊ ႐ုရွားဆိုရွယ္မီဒီယာ VK က Senior General Min Aung Hlaing  အမည္ျဖင့္ ဖြင့္လွစ္ထားတဲ့ ျမန္မာ့တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ စာမ်က္ႏွာတစ္ခုကို ပိတ္ပင္ထားေၾကာင္း ေၾကျငာခဲ့တဲ့ သတင္း၊ မည္းေနတဲ့ ၾကာေမွာက္၊ ၾကာလွန္ ဧရိယာမွ ေ႐ႊျပားသကၤန္းမ်ားမွာ ေ႐ႊအစစ္ျဖင့္သာ ကပ္လႉပူေဇာ္ထားတာလို႔ ေ႐ႊတိဂုံေစတီေတာ္ ေဂါပကအဖြဲ႕ ရွင္းလင္းတဲ့ သတင္း၊ ႏိုင္ငံေတာ္သမၼတႏွင့္ အတိုင္ပင္ခံပုံ အသုံးျပဳမဲဆြယ္မႈ တာေမြမဲဆႏၵနယ္ ျပည္ခိုင္ၿဖိဳးကိုယ္စားလွယ္ ကန႔္ကြက္တားဆီးေပမယ့္ ကရင္အမ်ိဳးသား အာဇာနည္ေန႔ အခမ္းအနားကို ဆက္က်င္းပလို႔ ပဒိုမန္းၿငိမ္းေမာင္ မပါဘဲ က်န္ေလးဦးကို တရားစြဲဖို႔ ဆုံးျဖတ္လိုက္တဲ့ သတင္း၊ မဟာဗႏၶဳလပန္းၿခံမွာ ျပဳလုပ္ခဲ့တဲ့ ၿငိမ္းခ်မ္းေရးကဗ်ာ႐ြတ္ပြဲမွာပါတဲ့ ေ႐ႊၾကယ္မိုး၊ ခန႔္မင္းထက္ ႏွင့္ ကိုေဇယ်ာလြင္ တို႔ကို ေက်ာက္တံတားၿမိဳ႕နယ္ တရား႐ုံးက ဒဏ္ေငြ က်ပ္ႏွစ္ေသာင္း (သို႔မဟုတ္) ေထာင္ဒဏ္ ၁၅ ရက္ က်ခံရန္ အမိန႔္ခ်မွတ္ခဲ့တဲ့ သတင္း၊ လူမႈကြန္ရက္မွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိလ္ ေဒၚေအာင္ဆန္းစုၾကည္ အား ေဝဖန္ဆဲဆို ပုတ္ခတ္တဲ့ စာေတြေရးတင္ခဲ့တဲ့ ငါးမင္းေဆြ (ခ) ဦးမင္းေဆြ ကို အေနာက္ပိုင္းခ႐ိုင္တရား႐ုံးမွ ေထာင္ဒဏ္ ၇ ႏွစ္ႏွင့္ ေငြဒဏ္ တစ္သိန္း ေပးေဆာင္ရန္ ျပစ္ဒဏ္ခ်မွတ္လိုက္တဲ့ သတင္းေတြက ဘားအံေထာင္ သတင္းေၾကာင့္ အမ်ားျပည္သူၾကား စိတ္ဝင္စားမႈ ေလ်ာ့က်ခဲ့ရပါတယ္။

မာလင္း
စက္တင္ဘာ - ၂၁