【 နိုင်ငံတကာဆောင်းပါး 】ထိပ်သီးခေါင်းဆောင်များတွေ့ကြတဲ့ G 20 ဆွေးနွေးပွဲ လားရာ

【 နိုင်ငံတကာဆောင်းပါး 】ထိပ်သီးခေါင်းဆောင်များတွေ့ကြတဲ့  G 20 ဆွေးနွေးပွဲ လားရာ

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသည့် ၂၀၂၂ခုနှစ် G-20  ထိပ်သီးအစည်းအဝေးသည် ကပ် ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ နိုင်ငံကြီးများ၏ ခေါင်းဆောင်များ ပထမဆုံးအကြိမ်လူကိုယ်တိုင်တွေ့ဆုံသည့် အဓိကအစည်းအဝေးတစ်ခုဖြစ်သည်။ အစောပိုင်းက ယခုထိပ်သီးအစည်းအဝေးသို့ ရုရှားခေါင်းဆောင် ပူတင် တက်ရောက်မည်ဟု သတင်းထွက်ခဲ့သော်လည်း နီးလာသည့်အခါ အလုပ်များကြောင်း အကြောင်းပြချက်ဖြင့် မတက်ရောက်ဖြစ်ဘဲ နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ကိုသာ စေလွှတ်ခဲ့သည်။ အမေရိကန်၊ တရုတ်၊ဗြိ တိန်၊ပြင်သစ်၊ဂျာမနီ၊ဂျပန်၊တောင်ကိုရီးယား၊ အိန္ဒိယ၊ဩစတြေးလျတို့ကမှု မူလအတိုင်း နိုင်ငံခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

ယခုအစည်းအဝေးမှာ ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းသို့ ရုရှားက ဝင်ရောက်တိုက်ခိုက်မှု နောက်ပိုင်း အင်အားကြီးနိုင်ငံနှစ်ခုဖြစ်သည့် အမေရိကန်နှင့် တရုတ်ခေါင်းဆောင်များလူချင်းကိုယ်တိုင်တွေ့ဆုံပွဲဖြစ်သည်။ ထို့ကြောင့်လည်း ခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှုကို နိုင်ငံတကာနှင့် ကမ္ဘာက စောင့်ကြည့်နေကြခြင်းဖြစ်သည်။ ယနေ့ကမ္ဘာမှာ ရုရှားက ယူကရိန်းကိုကျူးကျော်မှုကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးမတည်ငြိမ်မှုဒဏ်ကို အပြင်း အထန်ခံနေရချိန်ဖြစ်ပြီး ထိုအချိန်တွက် ကမ္ဘာ့စီးပွားရေးကို ဆုံးဖြတ်ပေးနိုင်သည့် နိုင်ငံများပါဝင်သော G-20  ထိပ် သီးအစည်းအဝေးမှ မည်သည့်ရလဒ်ထွက်လာကာ ကမ္ဘာ့စီးပွားရေးအတွက် အကျိုးသက်ရောက်မှု ဘယ်လောက် ရှိလာနိုင်သလဲဆိုသည်ကို ကမ္ဘာ့စီးပွားရေးအ၀ိုင်းအဝန်းက တွက်ချက်နေကြသည်။  

ပြီးခဲ့သည့် ဇူလိုင် ၇ ရက်မှ ၈ ရက်အထိ ဘာလီတွင် ကျင်းပခဲ့သည့် G-20 ဝန်ကြီးအဆင့်အစည်းအဝေး တွင် ယခုအစည်းအဝေးအကြိုအဖြစ်တွေ့ဆုံခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အဆင့်မြှင့်တင်ရန်၊ နိုင်ငံအချင်းချင်း အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရန် ပူးတွဲအဆင့်များကို ဆွေးနွေးခဲ့ကြသည်။ထိုထဲတွင် စားနပ်ရိက္ခာ အကျပ်အတည်း၊ ဓာတ်မြေသြဇာရှားပါးမှုနှင့် ကမ္ဘာ့ကုန်ဈေးနှုန်းများ မြင့်တက်မှု၊ ကမ္ဘာ့ထောက်ပံ့ ရေး ကွင်းဆက်များအခက်အခဲ ဖြစ်မှုစသည်အခက်အခဲတို့ကို ကျော်လွှားရန် မဟာဗျူဟာမြောက်အဆင့်များကို ပါဆွေးနွေးခဲ့သည်။ ထိုအစည်းအဝေးပြင်ပတွေ့ဆုံမှုအဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဘလင်ကန်တို့  ၅ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

ယခုအစည်းအဝေးတွင်လည်း အမေရိကန်နှင့် တရုတ်ခေါင်းဆောင်များအပါအဝင် အခြားကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်များတက်ရောက်သဖြင့် လက်ရှိဖြစ်နေသည့် ကမ္ဘာ့စီးပွားရေးနှေး ကွေးနေမှု၊ ဒေသတွင်းတင်းမာမှု များ၊ လောင်စာနှင့် စားနပ်ရိက္ခာအကျပ်အတည်းများအတွက် အဖြေတစ်ခုရှာ ထုတ်နိုင်မည်ဟု မျှော်လင့်ထား ကြ သည်။ သတိထားမိစရာတစ်ခုမှာ ယခုအစည်းအဝေးတွင် ကမ္ဘာ့စီးပွားရေးဆိုင်ရာဒေသတွင်း အဖွဲ့အစည်းများဖြစ် သည့် RCEP ၊ USMCA ၊EU နှင့် IPEF တို့ကို ဦးဆောင်နေသည့် နိုင်ငံများ ပါဝင်နေရာ လက်ရှိ ကုန်သွယ်ရေးအကျပ် အတည်းများကို ဖြေရှင်းနိုင်သည့် အခွင့်အရေးရှိနေခြင်းပင် ဖြစ်သည်။

  G-20 မှာ ပါဝင်သည့် နိုင်ငံများ၏နိုင်ငံရေးစနစ်များအရမခွဲခြားဘဲ အဓိက ဖွံ့ဖြိုးပြီးနှင့် ထွန်းသစ်စ နိုင်ငံ အားလုံး၏ ခေါင်းဆောင်များကို စုစည်းထားသောကြောင့် G-20 ကို အရေးပါသော ကမ္ဘာ့ပလက်ဖောင်းတစ်ခု အ ဖြစ် နိုင်ငံတကာက ရှုမြင်ထားသည်။ ထို့ကြောင့် အစည်းအဝေးတွင်ဆွေးနွေးမည် အကြောင်းအရာတွင် နိုင်ငံရေး ထက် စီးပွားရေးကို ပိုမို ဇောင်းပေးခဲ့သည်က များသည်။ နိုင်ငံရေးအရဆွေးနွေးမှုဆိုလျှင်လည်း စီးပွားရေးတိုး တက်မှုအတွက် အထောက်အကူဖြစ်စေမည့် ဒေသတွင်းနှင့် နိုင်ငံရေးတည်ငြိမ်မှုကို အလေးထားဆွေးနွေးခဲ့ကြ သည်ကိုတွေ့ရသည်။ ယခုဆွေးနွေးပွဲတွင်လည်း ထိုသဘောအတိုင်းဖြစ်ဖို့များသည်။ 

လက်ရှိကမ္ဘာစီးပွားရေးအခြေအနေမှာ အဆိုးဆုံးအနေအထားမရောက်ရန် လုပ်ဆောင်နေရသည့် အချိန် ဖြစ်သည်။ ကမ္ဘာ့ဘဏ် ကထုတ်ပြန်သည့် Global Economic Prospects အစီရင်ခံစာတွင် COVID-19 ကပ် ရောဂါ ကြောင့် ကမ္ဘာ့စီးပွားရေး ပျက်စီးဆုံးရှုံးမှုကို ယူကရိန်းသို့ ရုရှားကျူးကျော်ဝင်ရောက်မှု ပေါင်းစပ်လိုက်ခြင်းကြောင့် နှေးကွေးနေသည့် ကမ္ဘာ့စီးပွားရေးမှာ ပိုမိုနှေးကွေးစေခဲ့ကာ တိုးတက်မှုအားနည်းပြီး ငွေကြေးဖောင်းပွမှု မြင့်မား သည့် ကာလတစ်ခုသို့ ဝင်ရောက်နေကြောင်းဖော်ပြခဲ့သည်။ ယင်းက အလယ်အလတ်နှင့် ဝင်ငွေနည်းသော စီးပွား ရေးအတွက် အန္တရာယ်ဖြစ်နိုင်ချေရှိသော အကျိုးဆက်များနှင့် အတူတူပင်ဖြစ်သည်။

            ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုသည် ၂၀၂၁ ခုနှစ်တွင် ၅.၇ ရာခိုင်နှုန်းမှ ၂၀၂၂ ခုနှစ်တွင် ၂.၉ရာခိုင်နှုန်းအထိ ကျဆင်းနိုင်မည်ဟု ခန့်မှန်းထားသည်။ ထိုသည်မှာ ဇန်နဝါရီလတွင် ခန့်မှန်းခဲ့သည့် ၄.၁ ရာခိုင်နှုန်းထက် သိသိ သာ သာ နိမ့်ကျနေသည်။ ကမ္ဘာ့ငွေကြေးဖောင်းပွမှုသည် လာမည့်နှစ်တွင် အလယ်အလတ်ရှိမည်ဟု ခန့်မှန်းထား သော် လည်း ငွေကြေးဖောင်းပွမှုနူန်းမှာ နိုင်ငံအများအပြားရှိ ငွေကြေးဖောင်းပွမှုပန်းတိုင်အထက်တွင် ဆက်လက် ရှိနေ နိုင်သည်ဟုဆိုသည်။

            ယူကရိန်းစစ်ပွဲက  တိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကို မကြာမီကာလအတွင်း နှောင့်ယှက်ခဲ့ဖြင့် ၀ယ်လိုအားလျော့ပါးကာ  တည်ငြိမ်ဖို့ အားထုတ်နေရသည့် ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒအထိုင်ကို ထိစေသဖြင့် ၂၀၂၃-၂၄ ခုနှစ်အတွင်း ထိုအခြေအနေအတိုင်းသာ ရှိဖို့များနေသည်။ ကပ်ရောဂါနှင့် စစ်ပွဲကြောင့်ဖြစ်သည့် ပျက်စီး မှုများကြောင့် ယခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တစ်ဦးချင်းဝင်ငွေအဆင့်သည် ကပ်ရောဂါမဖြစ်ပွားမီ ထက် ၅ ရာ ခိုင်နှုန်းနီးပါးနိမ့်ကျမှု ရှိနေမည်ဟု ဆိုထားသည်။

အစီရင်ခံစာအရ ကမ္ဘာ့စီးပွားရေးမှာ ၂၀၂၁ ခုနှစ်မှာ ၅ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ် တွင် ၄ ဒသမ ၁ ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး လာမည့် ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားဖို့ ရှိ ကြောင်း ခန့်မှန်းခဲ့သည်။ ကမ္ဘာ့ဘဏ်၏ခန့်မှန်းချက်အရ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂၀၂၁ ခုနှစ်တွင် ၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၃ ဒသမ ၈ ရာခိုင်နှုန်းနှင့် လာမည့်  ၂၀၂၃ ခုနှစ် တွင် ၂ ဒသမ ၃ ရာခိုင် နှုန်း အထိ ကျဆင်းသွားဖို့ရှိကြောင်း၊ ဖွံ့ဖြိုးဆဲနှင့်တက်သစ်စနိုင်ငံများတွင် စီးပွားရေးတိုးတက်မှုနှုန်းမှာ  ၂၀၂၁ ခုနှစ် တွင်  ၆ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းမှု ရှိနေရာမှ ၂၀၂၂ ခုနှစ်တွင်  ၄ ဒသမ ၆ ရာခိုင်နှုန်း ၂၀၂၃ ခုနှစ် တွင် ၄ ဒသမ ၄ ရာခိုင်နှုန်းထိရှိမည်ဟု ခန့်မှန်းခဲ့သည်။

ထို့ကြားထဲ မကြာသေးမီက  လောင်စာဆီစျေးနူန်းမြင့်တက်မှုကြောင့် ကမ္ဘာ့စီးပွားရေးက ပိုမိုဆိုးရွားလာ မည်ဘက် ဦးတည်နေခဲ့သည်။ ထိုအနေအထားတွင် ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့များ၏ အခန်း ကဏ္ဍက ပိုအရေးပါလာနေသည်။ လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP)၏ ၃၀ ရာ ခိုင်နူန်းခန့်ကို လွှမ်းခြုံထားသည့် အာဆီယံ ၁၀ နိုင်ငံနှင့်  တရုတ်၊ ဂျပန်၊ တောင်ကိုရီး ယား၊သြစတြေးလျနှင့် နယူး ဇီလန်တို့ပါဝင်မည်ဖြစ်ရာ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (RCEP )က စီးပွားရေးအား အကောင်းဆုံး အင်ဒို-ပစိဖိတ်ဒေသကို ဦးဆောင်နေရာ ယခုဆွေးနွေးပွဲတွင် အပြန်အလှန်ဆွေးနွေးမှုများကြောင့် ပိုမိုအားကောင်းလာနိုင်ခြေကိုမြင်နေရသည်။

အင်ဒို-ပစိဖိတ်ဒေသပါဝင်နေသည့် နောက်ထပ်ဒေသဆိုင်ရာစီးပွားရေးအဖွဲ့တစ်ခုဖြစ်သည့် အမေရိကန် ဦးဆောင်သည့် IPEF တွင် ယခုအစည်းအဝေးတက်ရောက်နေသည့် နိုင်ငံများပါဝင်နေသေးရာ အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ကျင်းပနေသည့် G-20 ထိပ်သီးအစည်းအဝေးက လက်ရှိကမ္ဘာ့စီးပွားရေးနှေးကွေးမှုကို ပြောင်းလဲပစ် နိုင်စွမ်းရှိသည့်အထိ မည်မျှအရေးပါနေသည်ကို တွေ့မြင်ရမည် ဖြစ်သည်။သို့ရာတွင် ထိုသို့ ဖြစ်လာရန် ဒေသတွင်း ဖြစ်နေသည့် နိုင်ငံရေးဆိုင်ရာ တင်မာမှုများ ၊ထိပ်တိုက်တွေ့နေမှုကို အရင်ဆွေးနွေးရဦးမည် ဖြစ်သည်။

ယခု G20 ထိပ်သီးဆွေးနွေးပွဲ မစခင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတဘိုင်ဒင်တို့ ဖက်လှဲ တကင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည့် ပုံများနှင့် ဗီဒီယိုများကို မီဒီယာများက ဖော်ပြခဲ့သည်။ သတင်းများအရ အဆို ပါ ဆွေးနွေးပွဲမှာ ၃ နာရီကြာခဲ့ပြီး ဆွေးနွေးမှုအတွင်း တရုတ်-အမေရိကန် မဟာဗျူဟာမြောက် အရေးပါသော ကိစ္စရပ်များ၊ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းပြဿနာများနှင့်ပတ်သက်ပြီး သမ္မတနှစ်ဦး ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ်ခဲ့ကြသည်ဟု ဖော်ပြထားသည်။

တွေ့ဆုံဆွေးနွေးပြီးနောက် ပြုုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်သမ္မတ ဘိုင်ဒင်က တ ရုတ်နှင့်ပတ်သက်လျှင် အကြီးအကျယ်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း ပဋိပက္ခမဖြစ်ရန် ကြိုးစားနေကြောင်း ပြော ခဲ့သည်။ ဘိုင်ဒင်က အာရှနိုင်ငံများ သြဇာကြီးထွားလာသောကြောင့် "စစ်အေးတိုက်ပွဲသစ်ဖြစ်စရာတော့ မလိုဘူး လို့ ကျနော်ထင်တယ်" ဟု ပြောခဲ့သည်။ အမေရိကန်ပြည်ထောင်စုမှ စစ်အေးတိုက်ပွဲအသစ်ကို မရှာဖွေဘဲ၊ ထိုင်ဝမ် လွတ်လပ်ရေးကိုလည်း မထောက်ခံကြောင်း၊ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အမေရိကန်မှ ထောက်ခံပြီး၊ တရုတ် နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုရပ်တန့်ရန် (သို့မဟုတ်) ထိန်းချုပ်ရန် ရည်ရွယ်ချက်မရှိပါကြောင်း" ပြောခဲ့ သည်။

ကမ္ဘာကိုခြိမ်းခြောက်နေသည့် ရုရှား၏နူကလီးယားသုံးနိုင်ခြေနှင့် ပတ်သက်ပြီး၍လည်း ရှီနှင့် ဆွေးနွေး ခဲ့ပြီး နျူကလီးယား လက်နက်အသုံးမပြုရေး ဘုံသဘောတူညီချက်ကို ထပ်မံအတည်ပြုကြောင်း ပြောခဲ့သည်။

ထိုအစည်းအဝေးနှင့်ပတ်သက်သည့် တရုတ်နိုင်ငံ၏ ထုတ်ပြန်ချက်များတွင် ထိုင်ဝမ်ပြဿနာသည်တရုတ် ၏ အဓိကအကျိုးစီးပွားဖြစ်ကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေး အခြေခံဖြစ်ကြောင်း၊ မချိုးဖောက်ရမည့် ပထမဆုံး အနီရောင်စည်းဖြစ်ကြောင်း ပြောခဲ့သည်ဟုဆိုသည်။ ထို့ပြင် တရုတ်-အမေရိကန်ဆက်ဆံရေး တွင် တစ် ယောက်က အနိုင်ရပြီး တစ်ယောက်က ရှုံးသော အကြွင်းသုံညရှိသော ဆက်ဆံရေးမဖြစ်သင့်ကြောင်းလည်း ပြောခဲ့ သည်ဟုဆိုသည်။ ရှီကလည်း ဘိုင်ဒင်အနေဖြင့် မှန်ကန်သော လမ်းကြောင်းရှာပြီး တရုတ်အမေရိကန် ဆက်ဆံရေး မြှင့်တင်ရန် လုပ်ဆောင်ရေးတောင်းဆိုခဲ့သည်ဟုဆိုသည်။

နှစ်ရက်ကြာ ကျင်းပမည့် G-20 အစည်းအဝေးမှာ မစတင်ခင်ကပင် စိတ်ဝင်စားစရာကောင်းနေခဲ့သည်။ နိုင်ငံရေးအရ တင်းမာမှုရှိနေပြီး အင်ဒို-ပစိဖိတ်ဒေသတွင် အပြိုင်ဩဇာလွှမ်းမိုးရန်ကြိုးစားနေသည့် နိုင်ငံကြီးနှစ် နိုင်ငံအကြား နားလည်မှုရခြင်းသည် ကောင်းသည့် အရွေ့တစ်ခုဖြစ်သည်။ နှစ်နိုင်ငံက ခေါင်းဆောင်များက ဗျူဟာ မြောက်ဆက်ဆံရေးနှင့် ပုံမှန်တွေ့ဆုံမှု များ ပြုလုပ်ရန် သဘောတူညီခဲ့ကြသည်။ နှစ်နိုင်ငံစလုံးက  ပြည်သူ့ ကျန်း မာရေး၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးတို့တွင်လည်း အတူတူအလုပ်လုပ်ရန် သဘောတူညီခဲ့ကြသည်။ သ ဘောတူဆွေးနွေးမှုများကို အချိန်မီအကောင်အထည်ဖော်ရန်၊ တရုတ်-အမေရိကန်အကြား လက်တွေ့ဆန် သော ဆက်ဆံရေးဖြစ်လာရေးနှင့် တည်ငြိမ်သော ဖွံ့ဖြိုးတက်မှုအတွက် အလုပ်လုပ်ကြရန် သဘောတူခဲ့ကြသည်။ နှစ် နိုင်ငံ၏ ခေါင်းဆောင်များကြား ပုံမှန်ဆက်ဆံမှုပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း ဖော်ပြခဲ့သည်။

G-20 အစည်းအဝေးမှာ မစခင်ကပင် အပြုသဘောဆောင်သည့် ရလဒ်များကိုတွေ့နေရပြီဖြစ်သည်။ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံနှင့် ဒုတိယအင်အားကြီး နိုင်ငံတို့အကြား နားလည်မှုတည်ဆောက်နိုင်ခြင်းက နှေးကွေးနေသည့် ကမ္ဘာ့စီးပွားရေးအတွက် အလားအလာကောင်းကို ဖြစ်ပေါ်စေခဲ့သည်။ ယနေ့နှင့် မနက်ဖြန်တွင် G-20 အစည်းအဝေးကို ကျင်းပမည်ဖြစ်သည်။ ထိုအစည်းအဝေးတွင် ကမ္ဘာ့စွမ်းအင်လောင်စာနှင့် စားနပ်ရိက္ခာ မှသည် အခွန်အကောက်အထိ ဆွေးနွေးကြမည်ဖြစ်ရာ မည်သည့်ရလဒ်ကောင်းများထွက်ပေါ်လာနိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမည်ဖြစ်သည်။

ရှီက ဘိုင်ဒင်ကို ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံ၏ ခေါင်းဆောင်များဖြစ်သောကြောင့် တရုတ်နှင့် အမေရိကန် နိုင်ငံတို့ဟာ လမ်းပြဦးဆောင်ပေးသော အခန်းကဏ္ဍတွင် နေရာယူထားသင့်ကြောင်းပြောခဲ့သည်။ ထိုအတိုင်း ဖြစ်မဖြစ်ကို  G-20 အစည်းအဝေးအပြီး ရလဒ်များကို စောင့်ကြည့်ရတော့မည် ဖြစ်ပေသည်။

လင်းသစ်အောင်