【 နိုင်ငံတကာဆောင်းပါး 】ရုရှား ပထမဆုံး မျက်ခုံးလှုပ်တဲ့ ပထဝီဝင်စီးပွားရေးစစ်ပွဲ

【 နိုင်ငံတကာဆောင်းပါး 】ရုရှား ပထမဆုံး မျက်ခုံးလှုပ်တဲ့ ပထဝီဝင်စီးပွားရေးစစ်ပွဲ

ရုရှားနှင့် အနောက်အုပ်စုကြား တည်ရှိနေသော ပထဝီဝင်စီးပွားရေး ပဋိပက္ခသည် ယူကရိန်းစစ်ပွဲကဲ့သို့ မဟုတ်မမှန် သတင်းမှားများနှင့် ဝန်းရံထားပြီး ရှုပ်ထွေးသော အခြေအနေတစ်ခုဖြစ်သည်။

ထို့ကြောင့် နှစ်ဖက်စလုံးက အသာစီးရနေသည်ဟု ၎င်းတို့ဘာသာ ၎င်းတို့ ယုံကြည်ကြသည်။

သို့သော် လက်တကမ်းရှိ အထောက်အထားများကို ဓမ္မဓိဋ္ဌာန်ကျကျကြည့်လျှင် ကရင်မလင်သည် ဆုတ်ခွာသွား နေရပြီဖြစ်ကြောင်း ထင်ရှားနေသည်။

သက်တမ်းလွန် ယူရိုဘွန်းနှစ်စောင်အတွက် နိုင်ငံခြားမြီရှင်များထံ ကန်ဒေါ်လာ သန်း ၆၅၀ ခန့်ကို ရုရှားဘဏ္ဍာရေးဝန်ကြီးဌာနက ဧပြီ ၂၉ ရက်တွင် ပေးချေမည်ဟု ကြေညာခဲ့သည်ကို ကြည့်ပါက ထိုအခြေအနေကို ကွက်ကွက် ကွင်းကွင်းမြင်ရမည် ဖြစ်သည်။

ငွေချေးစာချုပ်များကို  မေလ ၄ ရက်နေ့ မကုန်ဆုံးမီ ငွေပေးချေမှုများ ပြုလုပ်ခြင်းဖြင့်၊ ကရင်မလင်မှာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု၏ ပျက်ကွက်ခြင်းမဖြစ်အောင် ရှောင်ရှားခဲ့သည်။

အပေါ်ယံတွင်တော့ ယင်းပေးချေမှုမှာ ရုရှားအတွက် နိုင်ပွဲတစ်ခုဟု ထင်နိုင်စရာဖြစ်သည်။

ဒါပေမယ့် လက်တွေ့မှာတော့ ဒီလုပ်ရပ်က ဗလာဒီမာပူတင်အတွက် ရှက်စရာတစ်ခုဖြစ်သည်။

စာချုပ်သက်တမ်း ဧပြီလ ၄ ရက်မတိုင်မီ၊ကရင်မလင်က ငွေချေးစာချုပ်များကို ရူဘယ်ဖြင့် ပြန်လည်ဝယ်ယူမည်ဟု ကြေညာခဲ့ပြီး ရူဘယ်ဖြင့် ရယူရန် ငြင်းဆိုသူများကိုလည်း ပေးချေမည်ဟု ကြေညာခဲ့သည်။ ငွေချေးစာချုပ်ကိုင်ဆောင်သူ ၇၅ ရာခိုင်နှုန်းနီးပါး (ပြည်တွင်းအားလုံးနီးပါး) သည် ထိုစည်းမျဉ်းသစ်များကို သဘောတူညီခဲ့ကြသည်။

စိတ်အားထက်သန်စွာဖြင့် အခြားသော ငွေချေးစာချုပ်ပိုင်ရှင်များအတွက် ထူထောင်ထားသည့် အကောင့်များတွင် ရူဘယ်ကိုလည်း အပ်နှံထားကြောင်း ကရင်မလင်က ဧပြီလ ၆ရက်နေ့တွင် ကြေညာခဲ့သည်။

Credit Derivatives Determinations Committees မှ အထက်ဖော်ပြပါ မေလ ၄ ရက် နောက်ဆုံးထား၍ အခြေအနေအား ပြုပြင်ရန် ပျက်ကွက်ပါက ၎င်းအား "ပေးချေရန် ဖြစ်နိုင်ချေ ပျက်ကွက်ခြင်း" ဖြစ်ရပ်တစ်ခုအဖြစ်  ရုရှားကို ဆုံးဖြတ်ခဲ့သည်။

တုံ့ပြန်သည့်အနေဖြင့် ရုရှားအရာရှိများက  ရုရှားနိုင်ငံအား နိုင်ငံခြားငွေအရန်ငွေများ သုံးစွဲခွင့်ကို ကန့်သတ်ခြင်းဖြင့် ပျက်ကွက်ခြင်းဖြစ်အောင် အနောက်နိုင်ငံများက အတင်းအကျပ် ဖိအားပေးရန် ကြိုးပမ်းနေသည်ဟု  စွပ်စွဲခဲ့သည်။

ဒဏ်ခတ်ပိတ်ဆို့မှုများကို ကြီးကြပ်သည့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးကမူ ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သက်ပြီး  ရေနံနှင့် သဘာဝဓာတ်ငွေ့ရောင်းချမှုမှ ဆက်လက်ရရှိနေသည့် ရန်ပုံငွေများဖြင့် ပေးဆောင်ခြင်းမပြုရန် ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခဲ့သည်။

ရုရှား၏ မကြာသေးမီက ဆုံးဖြတ်ခဲ့သော နိုင်ငံခြားငွေဖြင့် ငွေချေးစာချုပ်များ ပေးဆောင်ရန် ဆုံးဖြတ်ချက်သည် မူရင်းအတိုင်းဖြစ်ပြီး ရုရှားပြည်သူများ ပိုမိုဆင်းရဲနွမ်းပါးစေမည့် အခြားကြွေးမြီများနှင့် တရားစွဲမှုများကို အလုံးစုံအာမခံချက်ရှိသော အရှိန်အဟုန်ဖြင့် ရှောင်ရှားနိုင်စေခဲ့သည်။

သို့သော်လည်း အဆိုပါ လှုပ်ရှားမှုသည် ကရင်မလင်နန်းတော်အား အလွန်အမင်း ကြောင်သူတော် ကြွက်သူခိုးပမာ အရှက်ရစေသည့် အနေအထားတွင် ကျန်ရစ်ခဲ့သည်။

အဆုံးတွင် ပူတင်လုပ်ခဲ့သည့်အရာမှာ ပြည်တွင်းငွေချေးစာချုပ်ကိုင်ဆောင်သူများကို နိုင်ငံခြားတွင်သုံးနိုင်သော ငွေကြေးအဖြစ် လွတ်လပ်စွာပြောင်းလဲ၍မရသော ခက်ခဲသည့်  ရူဘယ်များဖြင့် ပြန်ဆပ်ရန်ဖြစ်သည်။

နိုင်ငံခြားမှ ပေးရန်ရှိသူများကို ဒေါ်လာဖြင့် အပြည့်ပေးချေခဲ့သည့် ချီးမွှမ်းထိုက်သော စွမ်းဆောင်ရည်ပင် ဖြစ်သည်။

ရုရှားသမ္မတပူတင်သည် ၎င်း၏ ယူကရိန်းကို ကျူးကျော်စပြုကတည်းက ရေနံနှင့် သဘာဝဓာတ်ငွေ့ရောင်းချမှုမှ တစ်ဆင့် စုဆောင်းရရှိသည့် နိုင်ငံခြားငွေစုဆောင်းမှု စံချိန်တင်အဆင့်ကို  ယင်းအတွက် အသုံးချနိုင်ဖွယ်ရှိသည်။

မကြာခင်တွင်  ဒီလိုအရေးကြီးသည့် ၀င်ငွေလည်း ဆုံးရှုံးသွားမည့်ပုံဖြစ်နေသည်။

မေလ ၄ ရက်နေ့တွင် ဥရောပသမဂ္ဂက ရုရှားရေနံဝယ်ယူမှုကို ရပ်ဆိုင်းရန် အစီအစဉ်ကို အဆိုပြုခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျူးကျော်ဝင်ရောက်မှု စတင်ချိန်နှင့် ယခုစာရေးချိန်ကြားတွင် ရုရှားသည် အီးယူသို့ ရေနံရောင်းချမှုမှ ဒေါ်လာ ၂၁ ဘီလီယံ ရရှိခဲ့ကြောင်း စွမ်းအင်နှင့် သန့်ရှင်းသောလေကြောင်းဆိုင်ရာ သုတေသနစင်တာ (CRE) အရ သိရသည်။

ဤစံချိန်တင်ဝင်ငွေသည် စစ်ပွဲမှထွက်ပေါ်လာသော ဟိုက်ဒရိုကာဗွန်စျေးနှုန်းကြီးမြင့်မှုကြောင့် ရရှိသည့် အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းဖြစ်သည်။

သို့သော်လည်း ရုရှား၏ နိုင်ငံခြားငွေ သိုလှောင်မှုမှာ စစ်ပွဲ၏ ကုန်ကျစရိတ်များ ကုန်ကျလာမှုနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စျေးကွက်များ ပြန်လည် ညှိနှိုင်းပြင်ဆင်နေမှုများကြောင့် ထာဝစဉ် ကြီးထွားလာမည် မဟုတ်ပေ။

ယခုတွင်မူ၊ ရုရှားအတွက် အဓိကဖောက်သည်တစ်ဦး ဆုံးရှုံးခါနီးတွင်လည်း ရှိနေသေးသည်။

တခြားတစ်ဖက်တွင် အီးယူသည် ရုရှား၏ ရေနံရောင်းချမှုကို ရပ်တန့်ရန် ၎င်းအစုအဖွဲ့အတွင်းသာမက ကမ္ဘာတစ်ဝန်းလုံးတွင်ပါ လိုက်ပါစေရန် လုပ်ဆောင်နေပါသည်။

အစုအဖွဲ့၏ ဒဏ်ခတ်အရေးယူမှု အစီအမံများတွင် ရုရှလောင်စာဆီ ပို့ဆောင်မှု ပိတ်ပင်ခြင်းလည်း ပါဝင်သည်။

အီးယူပြင်ပတွင် တည်ထောင်ထားသော သင်္ဘောကုမ္ပဏီများက ၎င်းကို ရှောင်လွှဲနိုင်သောကြောင့် ဤသည်မှာ သေချာပေါက် မှားယွင်းသောအတိုင်းအတာတစ်ခုဖြစ်သည်။

သို့သော်လည်း အဆိုပါ ပို့ဆောင်မှုအတွက် အာမခံ ဝန်ဆောင်မှု ပေးဆောင်မှုကိုလည်း ပူးတွဲကာ အစုံလိုက် တားမြစ်ထားမည်ဖြစ်သည်။

သင်္ဘောအာမခံဈေးကွက်ကို EU၊ ကနေဒါနှင့် အမေရိကန်ကုမ္ပဏီများက လွှမ်းမိုးထားသောကြောင့် ယင်းကို ရှောင်ရန်မှာ ပို၍ခက်ခဲသည်။

သင်္ဘောကဏ္ဍတွင် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို မည်ကဲ့သို့ လုပ်ဆောင်နိုင်မည်ဆိုသည်ကို သံသယရှိပါက ရုရှားအစိုးရပိုင် သင်္ဘောကုမ္ပဏီ Sovcomflot ၏ လုပ်ဆောင်ချက်ကို ကြည့်ရန်သာ လိုအပ်သည်။

မေလ ၃ ရက်နေ့တွင် အထူးကျွမ်းကျင်သော ရေကြောင်းလုပ်ငန်းဆိုင်ရာ ထုတ်ဝေမှု Lloyd's List တွင် Sovcomflot သည် ၎င်း၏ သင်္ဘော ၁၂၁ စီးမှ အနည်းဆုံး သင်္ဘော အစင်း ၄၀ ကို ရောင်းချရန် ရှာဖွေနေပြီး လုပ်ငန်းရပ်ဆိုင်းခြင်းဆိုင်ရာ ခွင့်ပြုချက်မကုန်ဆုံးမီ မေလ ၁၅ ရက်နေ့တွင် အပြည့်အဝ ဒဏ်ခတ်ပိတ်ဆို့မှု သက်ရောက်မှုဖြစ်လာမည် ဖြစ်သည်။

အကယ်၍ Sovcomflot သည် ၎င်း၏ကြွေးမြီများကို ပေးချေရန် ငွေအလုံအလောက်မရရှိပါက၊ ၎င်းမှာ ပေးရန်ပျက်ကွက်သွားမည်ဖြစ်သဖြင့်  မြီရှင်များနောက် ၎င်း၏သင်္ဘောများ လိုက်သွားလိမ့်မည်ဖြစ်သည်။

ရုရှားနိုင်ငံကဲ့သို့ပင်၊ ရုရှားစီးပွားရေးလုပ်ငန်းများသည် စစ်ပွဲများကြားတွင်ပင် အနောက်တိုင်းမြီရှင်များအပေါ် အကြွေးပေးချေရန် ပျက်ကွက်မည်ကို စိုးရိမ်နေဆဲဖြစ်သည်။

ဖေဖော်ဝါရီ ၂၄ ရက်မတိုင်မီက ရှိခဲ့သည့် ထိန်းချုပ်မှုမျဥ်းထက် ရုရှားတပ်များ ကျော်လွန်နေသရွေ့ အဆိုပါ ပိတ်ဆို့မှုများကို ရုတ်သိမ်းရန် မဖြစ်နိုင်ပေ။

ဥပမာအားဖြင့်၊ ရုရှားက  ခရိုင်းမီးယားကို သိမ်းပိုက်ပြီးနောက် မည်သည့် ပိတ်ဆို့မှုမှ ရုတ်သိမ်းခြင်း မရှိခဲ့သေးပေ။

ပိတ်ဆို့အရေးယူမှုများ ပိုမိုတင်းကျပ်လာသော်လည်း ရူဘယ်ကို ဆက်လက်ပြောင်းလဲနိုင်စေရန် ကြိုးပမ်းမှုအဖြစ် ဥရောပသို့ ၎င်း၏ဓာတ်ငွေ့ရောင်းချမှုကို အသုံးပြုနေသည့်တိုင် အနည်းဆုံးအနေ့ဖြင့် လိုအပ်ပါက နိုင်ငံခြားငွေကို ယူနိုင်မည်ဖြစ်သဖြင့် ဒီအခက်အခဲတွေကြားထဲ  ရုရှားမှာ တိုက်ပွဲတချို့ ကျန်နေခဲ့သည်မှာ  ထင်ရှားနေသည်။

ကရင်မလင် သည် ပိုလန်နှင့် ဘူလ်ဂေးရီးယားတို့ကို ဓာတ်ငွေ့ဖြတ်တောက်မှုရှိပြီးသားဖြစ်သောကြောင့် ဓာတ်ငွေ့အတွက် ရူဘယ်ဝယ်လိုအားကို လိုက်နာရန် ငြင်းဆိုထားသည့် အခြားသော EU နိုင်ငံများနှင့် ကုမ္ပဏီများကို ထပ်ဖြတ်တောက်ပစ်ဖွယ်ရှိသည်။

သို့သော် ဥရောပသို့ ဓာတ်ငွေ့ရောင်းချမှုသည် ကရင်မလင်အတွက် ပို၍ပင်အရေးကြီးသော ၀င်ငွေအရင်း အမြစ်တစ်ခုဖြစ်သည်။

ပိုက်လိုင်းများမှာ အစားထိုးရန် စျေးကြီးပြီး အထက်ဖော်ပြပါ သင်္ဘောများကို ကန့်သတ်ပိတ်ဆို့မှုများကြောင့် သဘာဝဓာတ်ငွေ့ရည် (LNG) ကုန်စည်များပေါ်တွင်လည်း သက်ရောက်ပါသည်။

ပူတင်၏ ရိုင်းစိုင်းမှုကို ရင်ဆိုင်ရန် ဥရောပက ပြင်ဆင်သင့်သည်။

အနောက်နိုင်ငံတွေအနေဖြင့်  ပထဝီဝင်စီးပွားရေးစစ်ပွဲတွင်  အနိုင်ရနိုင်သဖြင့် ကရင်မလင်အနေဖြင့် မျက်ခုံးလှုပ်ရပြန်ပြီ ဖြစ်သည်။

Linko

Ref: The Kremlin blinks first in the geo-economic war over Ukraine(aljazeera)