【 နိုင်ငံတကာဆောင်းပါး 】ဝင်ငွေနည်းပါးသောသူများအတွက် ရုန်းကန်ရန် ခက်ခဲလာစေသော ငွေကြေးဖောင်းပွမှု

【 နိုင်ငံတကာဆောင်းပါး 】ဝင်ငွေနည်းပါးသောသူများအတွက် ရုန်းကန်ရန် ခက်ခဲလာစေသော ငွေကြေးဖောင်းပွမှု

အမေရိကန်နိုင်ငံ ကလီဗာလန်မြို့တွင် အခြေခံလိုအပ်သော ကုန်ပစ္စည်းများတွက် ကုန်စျေးနှုန်းမြင့်တက် လာသည့်နှုန်းဟာ သတိမထားပဲ နေလို့မရပါဘူး။ အစားအစာ၊ စွမ်းအင် နှင့် နေအိမ်တစ်အိမ်၏ ကုန်ကျစရိတ်များဟာ ယခင်လများထက် ပိုပြီး မြင့်တက်လာပါပြီ။ ဒါကြောင့် ဝင်ငွေနည်းပါးသောသူများတွက် ဘယ်လို အသက်ဆက်ရမလဲဆိုတာ အရမ်းခက်ခဲသော အရာဖြစ်လာပါတယ်။ ကုန်စျေးနှုန်းများ ဆက်လက်မြင့်တက်လာပြီး လုပ်အားခကတော့ ဒီတိုင်းပဲ ဆက်ရှိနေမည်ဆိုပါက ကန်ဒေါ်လာကို ဘယ်အထိ ဆွဲဆန့်လို့ရနိုင်မလဲ။

ဝင်ငွေအသေဖြင့် ရပ်တည်နေသော အိမ်ထောင်မိသားစု သို့မဟုတ် လူတစ်ယောက်အတွက်တော့ အဆက်မပြတ်မြင့်တက်လာသော ငွေကြေးဖောင်းပွမှုဟာ အိမ်တစ်အိမ်လည်ပတ်နိုင်ရန်အတွက် ဘယ်အရာဟာ ပိုအရေးကြီးသလဲဆိုတာကို ရွေးချယ်ရပါတယ်။

အိုဟိုင်းဟိုးပြည်နယ်မှာတော့ လုပ်အားခကို တစ်နာရီတွင် ကန်ဒေါ်လာ ၉.၃၀ ဖြင့် အနည်းဆုံးသတ်မှတ်ထားပါတယ်။ ဒါဟာ ၈.၈၀ ကနေမြင့်တက်လာခြင်းဖြစ်ပါတယ်။ သို့သော်လည်း ဒီပမာဏဟာ ၂၀၂၁ ဇန်နဝါရီလကနေ ၂၀၂၂ ဇန်နဝါရီလအတွင်းက CPI လို့ခေါ်တဲ့ စားသုံးသူများ အညွှန်းကိန်း ကွာဟမှုကို မကာမိပါဘူး။

ငွေကြေးဖောင်းပွမှုမြင့်တက်လာပါက အိမ်တစ်အိမ်တွင် ဘယ်အရာက ဘယ်အရာထက်ပို အရေးကြီးကြောင်းကို ဆက်ပြီး ဆုံးဖြတ်ရဦးမှာဖြစ်ပါတယ်။ ခုလို မြင့်တက်လာသော ငွေကြေးဖောင်းပွမှုဟာ ဆင်းရဲသော မိသားဝင်များကို အဓိက ထိခိုက်စေပါတယ်။

ကလီဗာလန်မြို့ဟာ ကားကို အဓိကအသုံးပြုနေကြသောသူများဖြစ်ပါတယ်။ သူတို့၏ နေ့စဉ်သယ်ယူ ပို့ဆောင်မှုအတွက် ကားကို အဓိကထား အသုံးပြုကြပါတယ်။  ထို့ကြောင့် ဒီမြို့က လူများအတွက်တော့ စက်သုံးဆီဝယ်ယူမှုဟာ သူတို့အတွက် အသက်သွေးကြောလို့လည်း ပြောလို့ရပါတယ်။ သို့သော်လည်း ငွေကြေးဖောင်းပွမှုကို အဓိက ဖြစ်ပေါ်စေသော အဓိက အကြောင်းအရင်းဖြစ်တဲ့ စက်သုံးဆီကလည်း တစ်နေ့ပြီးတစ်နေ့ မြင့်တက်နေဆဲဖြစ်ပါတယ်။

စက်သုံးဆီစျေးနှုန်းဟာ ၂၀၂၁ မေလနောက်ပိုင်း ၃၄.၆ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ပြီး ၂၀၀၅ နောက်ပိုင်း အကြီးမားဆုံးမြင့်တက်လာမှုဖြစ်ပါတယ်။ ပို့ဆောင်ဆက်သွယ်ရေးတွင် အဓိက အသုံးပြုနေသော ဒီဇယ်စျေးနှုန်း ကလည်း ၄၈.၇ ရာခိုင်နှုန်း အထိမြင့်တက်လာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ စားသောက်ကုန်စျေးနှုန်းကလည်း တစ်နေ့ပြီးတစ်နေ့ မြင့်တက်လာပါတယ်။ စားသောက်ကုန် စျေးနှုန်းဟာ ယခင်နှစ် မေလ နောက်ပိုင်း ၁၀.၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ ဒါဟာ ၁၉၈၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ် ၁၀ ရာခိုင်နှုန်းအထက် မြင့်တက်လာခြင်းဖြစ်ပါတယ်။ စားသောက် ကုန်များတွင်လည်း အသား၊ ကြက်၊ ငါးနှင့် ကြက်ဥစျေးနှုန်းများဟာ ၁၄.၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။

နောက်ဆုံးအဖြစ် အိမ်ယာကုန်ကျစရိတ်ကလည်း ဆယ်စုနှစ်များအတွင်း အမြင့်ဆုံးသို့‌ ရောက်ရှိလာပါတယ်။ အိမ်ငှားခနှင့် အခြားအသုံးအဆောင်စျေးနှုန်းကလည်း လွန်ခဲ့တဲ့ နှစ်အတွင်း ၅.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ၁၉၉၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိခြင်းဖြစ်ပါတယ်။ သို့သော်လည်း ဂရိတ်တာကလီ ဗာလန်မှာတော့ ထိုအိမ်ယာကုန်ကျစရိတ်များဟာ ၁၉.၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး အခြားနေရာများထက် ပိုမိုမြင့်တက်လာခြင်းဖြစ်ပါတယ်။

ဆက်လက်မြင့်တက်လာသော ငွေကြေးဖောင်းပွမှုဟာ ဘာတွေဆက်ဖြစ်မလဲ ဘယ်ထိ ဆက်တက်မလဲ ဆိုတာကို ခန့်မှန်းရတာ အလွန်ခက်ခဲသော အရာဖြစ်ပါတယ်။ ဘယ်ချိန်အထိ ကုန်စျေးနှုန်းများ ဆက်တက်နေ အုံးမှာလဲဆိုတာကို ခန့်မှန်းရတာ အရမ်းကို ခက်ခဲပါတယ်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ အခြေအနေ ကောင်းလာဖို့ရန် ဒီထက်ပိုဆိုးရွားသော အခြေအနေကို ကျော်ဖြတ်ရအုံးမယ် ဆိုတာသေချာပါတယ်။

ဒီလို မရေရာမသေချာသော အချိန်တွင် လုပ်သင့်သော အရာကတော့ သတင်းအချက်အလက်များကို အမြဲတမ်း လေ့လာရန်နှင့် အရေးကြီးသော အရာများကိုသာ ရွေးချယ်ဝယ်ယူမှုပြုလုပ်ရန် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝင်ငွေနည်းပါးသော မိသားစုများအတွက်တော့ အခြေအနေဟာ ဘယ်တော့ကောင်း လာမလဲဆိုတာ မသေချာသောကြောင့် အသုံးစရိတ်ကို အတက်နိုင်ဆုံး လျှော့ချရင်း ဒီလိုမရောရာမသေချာသော အချိန်ကို ကျော်ဖြတ်ရန် အရေးကြီးပါတယ်။

Ref: Cleveland: for-a-low-income-household-the-rate-of-inflation-is-outpacing-what-is-needed-to-survive

Naing