【 နိုင်ငံတကာဆောင်းပါး 】အာရှ-ဥရောပ အစည်းအဝေး၏ ၁၃ နှစ်ပြည့် မှတ်တိုင်

【 နိုင်ငံတကာဆောင်းပါး 】အာရှ-ဥရောပ အစည်းအဝေး၏ ၁၃ နှစ်ပြည့် မှတ်တိုင်

တရုတ်ဝန်ကြီးချုပ် လီခချန်သည် နိုဝင်ဘာလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် ကျင်းပခဲ့သော အာရှ-ဥရောပ အစည်းအဝေး (ASEM) ၏ ၁၃ ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကို အွန်လိုင်းမှတဆင့် တက်ရောက်ခဲ့သည်။

ASEM သည် တိုက်ကြီးနှစ်ခုမှ နိုင်ငံပေါင်း ၅၀ ကျော်ကို စုပေါင်းထားသောကြောင့် အရေးပါသော အဖွဲ့ အစည်းဖြစ်သည်။

ယခုနှစ်၏ ခေါင်းစဉ်သည် အချိန်အခါနှင့် အကိုက်ညီဆုံးဖြစ်သည့် “မျှဝေသော ဖွံ့ဖြိုးမှုအတွက် ဘက်ပေါင်းစုံဝါဒ အားကောင်းစေခြင်း” ဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျိန်သည် နိုင်ငံတကာအသိုက်အဝန်းကို ဘက်ပေါင်းစုံမူဝါဒကျင့်သုံးရန် တိုက်တွန်းကာ မိန့်ခွန်းများစွာတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။လက်ရှိတွင် နိုင်ငံတော်တော်များများသည် ထိုမူဝါဒကိုကျင့်သုံးခြင်း မရှိသောကြောင့် ကမ္ဘာကြီးတွင် မရေရာမှုများ ဖြစ်ပေါ်နေလျက်ရှိသည်။

နိုင်ငံတကာက ထိုမူဝါဒများကို ကျင့်သုံးပါက ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရာတွင် ပိုမိုပူးပေါင်းဆောင်ရွက်မှုရှိမည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးသည်လည်း ယခုလောက်ထိခိုက်မည် မဟုတ်ပေ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်း က ASEM ၏ အရေးပါပုံကို ဖော်ပြခဲ့သည်။

“အချိန်ကာလအသစ်နဲ့ စိန်ခေါ်မှုအသစ်တွေ ကြုံတွေ့နေရတဲ့အချိန်မှာ တည်ငြိမ်ရေးအတွက် အဓိကအားနှစ်ခုဖြစ်ပြီး ကမ္ဘာ့အဓိက စီးပွားရေးနိုင်ငံများရှိရာ အာရှနဲ့ ဥရောပဟာ ဒီအစည်းအဝေးရဲ့ အရှိန်အဟုန်ကို အသုံးချပြီး စစ်မှန်သော ဘက်ပေါင်းစုံမူဝါဒကို အထောက်အပံ့ပြုရေး၊ ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ကမ္ဘာ့စီးပွားရေး ပြန်လည်နလန်ထူရေး၊ ပတ်ဝန်းကျင်အထောက်အကူပြု တိုးတက်ရေးနှင့် ဆက်သွယ်မှုရှိရေးတို့ကို ဆောက်ရွက်သင့်သည်ဟု တရုတ်အနေနဲ့ ယုံကြည်ပါတယ်” ဟု ဆိုသည်။

သမ္မတရှီ၏ ရည်မှန်းချက်နှင့် ဝန်ကြီးချုပ်လီ၏ အစည်းအဝေးတွင် ပါဝင်ခဲ့ခြင်းတို့နှင့်အတူ ထိုမျှော်မှန်းချက်သည် တသမတ်တည်းရှိလျက်ရှိသည်။ကျောက် ဖော်ပြခဲ့သော ပန်းတိုင်များကို အဆင့်မြှင့်တင်ရန် တရုတ်သည် ထင်ရှားသော အားထုတ်မှုများကို ပြုလုပ်ခဲ့သည်။ပြီးခဲ့သောနှစ်တွင် တရုတ်သည် အာရှ-ပစိဖိတ်တွင် ဒေသတွင်း စီးပွားရေးဘက်စုံပူးပေါင်းဆောင်ရွက်မှု RCEP နှင့် ဥရောပနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘက်စုံသဘောတူညီချက် CAI တို့အတွက် သဘောတူညီချက်များ ရရှိခဲ့သည်။ထိုစာချုပ်နှစ်ခုသည် ASEM ၏ ရည်မှန်းချက်များဖြစ်သော မျှဝေသော ဖွံ့ဖြိုးမှုအတွက် ဘက်ပေါင်းစုံစနစ် ခိုင်မာစေရေးကို ထောက်ပံ့နေသည့် မဟာဗျူဟာကျ ထောက်တိုင်များဖြစ်သည်။  

မှတ်တိုင်တစ်ခုဖြစ်သော အစည်းအဝေးသည် စစ်မှန်သော ဘက်ပေါင်းစုံစနစ်အတွက် နိုင်ငံတကာအသိုက်အဝန်းကို အတူတကွယူဆောင်လာခြင်းဖြင့် အခွင့်အရေးအရှိဆုံး အခိုက်အတန့်တစ်ခုကိုလည်း ဖော်ပြလျက်ရှိသည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သောနှစ်တွင် ပထဝီဝင် စီးပွားရေးဖောင်ဒေးရှင်းတစ်ခုကို တည်ဆောက်ခဲ့ပြီး ASEM အဖွဲ့ဝင်များ၏ ရှေ့ဆက်လမ်းကြောင်းပေါ်တွင် ဆက်လက်တည်ဆောက်သွားမည်ဖြစ်သည်။အရှေ့တိုင်းသည် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးဖြစ်သောကြောင့် လိုအပ်သည်မှာ အနောက်နိုင်ငံများဘက်မှ ဆက်လက်သွားလိုသည့် နိုင်ငံရေးဆန္ဒဖြစ်သည်။
အမေရိကန်သည် အမျိုးမျိုးသော စစ်ပွဲရန်စခြင်းပုံစံများမှတဆင့် အရှေ့-အနောက် ဆက်ဆံရေးကို ထိခိုက်ရန် ကြိုးစားခဲ့ပြီး ဥရောပမိတ်ဖက်များကို တရုတ်နှင့် ဝေးဝေးနေရန်၊ ဝါရှင်တန်၏ တရုတ်ဆန့်ကျင်ရေး အချက်အလက် စစ်ပွဲကို ထောက်ခံရန် ဖိအားပေးလျက်ရှိသည်။သို့သော် ဥရောပနိုင်ငံအများစုသည် ထိုဖိအားကို ငြင်းဆန်ခဲ့ပြီး တရုတ်အပါအဝင် အရှေ့တိုင်းမိတ်ဖက်များနှင့် ဆက်ဆံရေးကို အာမခံနိုင်ခဲ့သည်။မည်ကဲ့သို့သော ပူးပေါင်းဆောင်ရွက်ခြင်းက နှစ်ဦးနှစ်ဖက်အကျိုးရှိမည်ကို ကောင်းစွာသဘောပေါက်ကြသည်။  

ယခုအပတ် အစည်းအဝေးမှတဆင့် အရှေ့-အနောက် ဆက်ဆံရေးတိုးမြှင့်ရန် မျှော်လင့်နေနိုင်သည်။အဖွဲ့ဝင်များသည် ကုန်သွယ်ရေး၊ ပတ်ဝန်းကျင်အထောက်အကူပြု ပူးပေါင်းဆောင်ရွက်ရေး၊ ကပ်ရောဂါဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးတို့ကို ချဲ့ထွင်ရန် နည်းလမ်းများ ရှာဖွေသွားမည်ဖြစ်သည်။အောင်မြင်စွာ သဘောတူနိုင်ပါက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။

လေ့လာစောင့်ကြည့်သူများ အာရုံစိုက်သင့်သော အခြားအချက်မှာ သမိုင်းကြောင်းအရ ရှောင်လွှဲ၍မရသည့် ဥရောပ-အာရှ၏ တဖြေးဖြေးပေါင်းစပ်ခြင်းဖြစ်သည်။အမေရိကန်သည် ထိုတိုးတက်မှုကို ပြောင်းပြန်လုပ်ရန် မတတ်သာပေ။တရုတ်၏ လူသားမျိုးနွယ်အတွက် ဘုံကံကြမ္မာအသိုက်အဝန်း မျှော်လင့်ချက်သည် ကမ္ဘာကြီး၏ မျက်စိရှေ့တွင် ဖော်ပြနေလျက်ရှိသည်။
ခါးပတ်နှင့် လမ်း အစီအစဉ်၏ အဓိကအာရုံစိုက်မှုသည် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုမှတဆင့် ဒစ်ဂျစ်တယ်၊ ကျန်းမာရေး၊ ဘဏ္ဍာရေးနှင့် အခြားသောနယ်ပယ်များအတွက် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းများသို့ ဦးတည်လျက်ရှိသည်။

ကပ်ရောဂါ တိုက်ဖျက်ရေးနှင့် ကမ္ဘာ့စီးပွားရေး ပြန်လည်နလန်ထူရေးတို့အတွက် တစ်ဦးတည်းလုပ်ဆောင်ရန်မရကြောင်း သဘောပေါက်ပြီးဖြစ်သည်။ဥရောပသမဂ္ဂအနေဖြင့် ဥရောပပါ အာရှပူးပေါင်းဆောင်ရွက်ခြင်းကို ပြန်လည်အာရုံစိုက်လာသောကြောင့် ကပ်ရောဂါကာလအတွင်း ဥရောပနိုင်ငံအများစုပြုလုပ်ခဲ့သော အမှားများကို ပြန်လည်ပြင်ဆင်နိုင်ပြီဖြစ်သည်။

ယခုအပတ် ASEM ထိပ်သီးအစည်းအဝေးသည် ကပ်ရောဂါစတင်ချိန်မှစပြီး အပြောင်းအလဲမှတ်တိုင်တစ်ခုအဖြစ် မြင်တွေ့နိုင်သည့် ထောက်တိုင်ပေါင်းစုံပါသော မှတ်တိုင်တစ်ခုဖြစ်သည်။

(အယ်ဒီတာ့မှတ်ချက် ။     ။ အန်ဒရူး ခရိုကိုသည် မော်စကိုအခြေစိုက် အမေရိကန် နိုင်ငံရေးလေ့လာသုံးသပ်သူဖြစ်သည်။ဤဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပြီး CMG သတင်းဌာန၏ အမြင်ကို ကိုယ်စားမပြုပါ။)

Linko
Ref : CMG : The 13th anniversary of the Asia-Europe Meeting is a milestone