【 နိုင်ငံတကာဆောင်းပါး 】“ ဓာတ်ငွေ့က အာဖရိကကို ဘေးသင့်စေခဲ့”

【 နိုင်ငံတကာဆောင်းပါး 】“ ဓာတ်ငွေ့က အာဖရိကကို ဘေးသင့်စေခဲ့”

ဤရာစုနှစ်အစတွင်၊ ဖွံ့ဖြိုးပြီးနိုင်ငံအများစုသည် ဆေးလိပ်သောက်ခြင်း၏အန္တရာယ်ကို သိသည်အထိ ဖွံ့ဖြိုးလာသောအခါ၊ Big Tobacco သည် အမြတ်အစွန်းသစ်များရှာဖွေရန် အာဖရိကသို့ လှည့်သွားခဲ့သည်။

ယနေ့တွင် ကျွန်ုပ်တို့၏နိုင်ငံ၊ ယူဂန်ဒါနှင့် အခြားနိုင်ငံအများအပြားတွင် နိုင်ငံခြားဆေးလိပ်ကုမ္ပဏီများသည် လူများကို အကာအကွယ်ပေးရန် ရေးဆွဲထားသော စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ရန် လုပ်ဆောင်နေကြပြီး အချို့သော အာဖရိကနိုင်ငံများတွင် ကျောင်းသားကလေးများကိုပင် စီးကရက်များ ရောင်းချကြသည်။

ယခုလည်း ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်တဲ့ အခြေအနေက ထိုသို့အခြေအနေမျိုး  ဖြစ်နေခဲ့သည်။

ကမ္ဘာကြီးသည် ရာသီဥတု အရေးပေါ်အခြေအနေကြောင့် နောက်ဆုံးအချိန်စတင် နိုးထလာချိန်တွင် ဥရောပ နှင့် မြောက်အမေရိကမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီးများသည် လုပ်ကိုင်ရန် လိုင်စင် ဆုံးရှုံးခြင်း ပိုများလာသောကြောင့် ၎င်းတို့သည် နောက်ထပ် နှစ်အနည်းငယ် အမြတ်ထုတ်ယူနိုင်စေရန်အလိုငှာ အာဖရိကသို့ လှည့်လာကြသည်။

ရုပ်ကြွင်းလောင်စာအခြေခံအဆောက်အအုံသစ်တွင် ရင်းနှီးမြှုပ်နှံခြင်းသည် "ကျင့်ဝတ်နှင့်စီးပွားရေး ရူးသွပ်ခြင်း" ဖြစ်သည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မကြာသေးမီက သတိပေးခဲ့ သော်လည်း အာဖရိကခေါင်းဆောင်များက ဓာတ်ငွေ့ပိုမိုထုတ်ယူခြင်းမှာ အာဖရိကတိုက်၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် မဖြစ်မနေလိုအပ်သည်ဟု သဘောကျနေကြသည်။

အနည်းဆုံးအမှန်တရားအဖြစ် အိမ်တွင်းလေထုညစ်ညမ်းမှုကို ကာကွယ်ဖို့ လူတွေကို ချက်ပြုတ်ရာတွင် ထင်း လောင်စာထက် ဓာတ်ငွေ့သုံးဖို့ အားပေးတာက ရေတိုကာလတွင် အရေးကြီးတာ အမှန်ဖြစ်သည်။ ဟင်း ချက်ဓာတ်ငွေ့အတွက် ပြည်တွင်းသိုလှောင်မှုနှင့် ဓာတ်ငွေ့ဆလင်ဒါစက်ရုံများတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်သည်။

သို့သော်လည်း အဆိုပါ ဆောင်ရွက်မှုများသည် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား အခြေခံ အဆောက်အအုံသစ်နှင့် တူးဖော်မှု မလိုအပ်ပေ။ ဒီနှစ်ခုမှာ  လုံးဝ သီးခြားကိစ္စရပ်တွေဖြစ်သည်။

အာဖရိကရှိ ဓာတ်ငွေ့ရှာဖွေရေးနှင့် ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား အခြေခံအဆောက်အအုံ တည်ဆောက်ရေးအတွက် ငြင်းခုံမှုများသည် သန့်ရှင်းသောစွမ်းအင်သို့ ပြောင်းလဲရန် အတွက်အရေးကြီးသောအချိန်ကို လုယူသွားခဲ့သည်။

အာဖရိကတွင် ဆယ်စုနှစ်များစွာ ရုပ်ကြွင်းလောင်စာ ဖွံ့ဖြိုးတိုးတက်မှုသည် ချမ်းသာမှုနှင့် စွမ်းအင် ဆင်းရဲ နွမ်းပါးမှုကို လျှော့ချရန် ပျက်ကွက်ခဲ့သည်။

အာဖရိကနိုင်ငံများအနက် ရုပ်ကြွင်းလောင်စာများ ထုတ်လုပ်မှုနှင့် တင်ပို့မှုအပေါ် မှီခိုနေရသော နိုင်ငံများတွင် စီးပွားရေး တိုးတက်မှုနှုန်းမှာ နှေးကွေးပြီး တစ်ခါတစ်ရံတွင် ပိုမိုကွဲပြားသော စီးပွားရေးရှိသော နိုင်ငံ များထက် သုံးဆအထိ နှေးကွေးခဲ့သည်။

မိုဇမ်ဘစ်တွင် နိုင်ငံခြားကုမ္ပဏီများက ဒေါ်လာ ၂၀ ဘီလီယံတန် ကမ်းလွန်သဘာဝဓာတ်ငွေ့တွင်းနှင့် ကုန်းတွင်းသဘာဝဓာတ်ငွေ့ရည်စက်ရုံများ ဆောက်လုပ်နေသည့်တိုင် နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းမှာ လျှပ်စစ်မီး မရရှိ သေးဘဲ နေထိုင်နေရဆဲဖြစ်သည်။

ဓာတ်ငွေ့က ဒေသခံတွေအတွက် မဟုတ်ပါဘူး။

ရုပ်ကြွင်းလောင်စာ ဖွံ့ဖြိုးတိုးတက်မှုသည် တစ်ခါတစ်ရံ ၎င်းနှင့် ထိစပ်နေသော ရပ်ရွာများအတွက် ဆိုးရွားသော အကျိုးဆက်များကို မကြာခဏ ဖြစ်ပေါ်စေပါသည်။

ဥပမာအားဖြင့် မိုဇမ်ဘစ်နိုင်ငံ ဓာတ်ငွေ့တွင်းများတစ်ဝိုက်ရှိ ကာဘိုဒီလာဂါဒို ( Cabo Delgado)ဒေသ တွင် အဆိုပါလုပ်ငန်းများကြောင့် ဒေသခံများ၏ဘဝနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ပျက်စီးစေသော်လည်း ကုမ္ပဏီက ကတိပြုထားသည့် အလုပ်အကိုင်နှင့် လျော်ကြေးငွေအနည်းငယ်ကိုသာ ဒေသခံများကို ပေးအပ်ခဲ့သည်။

နိုင်ဂျီးရီးယား၊ အန်ဂိုလာနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံများတွင် ရေနံတွင်းပိုင်ဆိုင်မှုရှိလာခြင်းက ဆင်းရဲမွဲတေမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရိုးရာနယ်မြေများနှင့် ယဉ်ကျေးမှုများ ဆုံးရှုံးစေခဲ့သည်။

ရုပ်ကြွင်းလောင်စာများတွင် ရင်းနှီးမြှုပ်နှံမှုများသည် ပြည်သူများအတွက် ရင်းနှီးမြှုပ်နှံမှုများမဟုတ်ပါ။

ယူကရိန်းကို ရုရှားကျူးကျော်မှုရဲ့ အကျိုးဆက်ကို လက်ရှိ ပြသနေသည်က ဓာတ်ငွေ့ဈေး တည်ငြိမ်နေ ခြင်းဖြစ်သည်။

အဆင်းရဲဆုံးအသိုင်းအဝိုင်းများသည် လျှပ်စစ်ဓာတ်အားအတွက် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများကို မှီခိုလာသောအခါတွင် ၎င်းတို့သည် ကမ္ဘာ့ဈေးကွက်များ၏ အတက်အကျကို ခံစားနေကြရ တော့သည်။

ဥပမာအားဖြင့်၊ လျှပ်စစ်မီတာခများ မြင့်တက်မှုကြောင့် ၂၀၁၆ ခုနှစ်တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး ရဲတပ် ဖွဲ့ဝင်များ သေဆုံးကာ ဆန္ဒပြသူ အများအပြား ဒဏ်ရာရရှိခဲ့သည့် အိုင်ဗရီကို့စ်တွင် ဓာတ်အားပေးစက်ရုံအများစုမှာ သဘာ၀ဓာတ်ငွေ့အသုံးပြုကြသည်။

ရုပ်ကြွင်းလောင်စာများတွင် ရင်းနှီးမြှုပ်နှံမှုများသည်လည်း ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမှုများမဟုတ်ပါ။

သန့်ရှင်းသော စွမ်းအင် လိုအပ်ချက် အရှိန်မြှင့်လာသည်နှင့်အမျှ ဒေါ်လာ ၁.၃ ထရီလီယံ တန်ဖိုးရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုင်ဆိုင်မှုများကို ၂၀၅၀ ခုနှစ်တွင် စွန့်လွှတ်နိုင်လိမ့်မည်ဟု အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီမှ ခန့်မှန်းထားသည်။

ရုပ်ကြွင်းလောင်စာများတွင် ရင်းနှီးမြှုပ်နှံမှုများကြောင့် အချို့သော အထက်တန်းလွှာများအတွက် ရေတို အကျိုးအမြတ်အချို့ကို ထုတ်ယူနိုင်သော်လည်း ရေရှည်တွင် အခွန်ထမ်းများက ပေးဆောင်ရမည့် ဆုံးရှုံးမှုကြီးကြီးမားမားကို ဖြစ်ပေါ်စေနိုင်ဖွယ်ရှိသည်။

ငွေကုန်ကြေးကျများသော ရုပ်ကြွင်းလောင်စာစီမံကိန်းများသည် ကြွေးမြီဝန်ထုပ်ဝန်ပိုးများကို သက်သာစေရန် အနည်းငယ်သာလုပ်ဆောင်နိုင်ကြောင်း အာဖရိကနိုင်ငံများစွာတွင် ပြသပြီးဖြစ်သဖြင့် ရုပ်ကြွင်းလောင်စာ ရင်းနှီးမြှုပ်နှံမှုအသစ်များက လက်ရှိကြွေးမြီတွင် အကြွေးပိုများလာစေရန်သာ လုပ်ဆောင်လာစေမည်ဖြစ်သည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် ဤအရာအားလုံးအတွက် ပြတ်သားစွာ ပိုမိုကောင်းမွန်သော အခြားရွေးချယ်စရာတစ်ခုအဖြစ် ပြသနေသည်။

ယခုအခါ နေရောင်ခြည်နှင့် လေမှရသော လျှပ်စစ်ဓာတ်အားသည် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အား ထက် များစွာစျေးသက်သာပြီး ဈေးနှုန်းအတက်အကျအန္တရာယ်ကို မခံစားရပေ။

ထို့အပြင်၊ အာဖရိကကျေးလက်ဒေသတွင် အသုံးပြုသည့်နေရာအနီးတွင်ရှိသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များသည် ဓာတ်ငွေ့အခြေခံဓာတ်အားအတွက် သွယ်တန်းထားသော ဓာတ်အားလိုင်းများ တည်ဆောက်ခြင်းထက် စီးပွားရေးအရ ပိုမိုတွက်ခြေကိုက်အဆင်ပြေကြောင်း တွေ့ရှိရသည်။

ဤအခြင်းအရာများရှိနေသော်လည်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ကမ္ဘာ့အလားအလာ ၃၉ ရာခိုင်နှုန်း ပိုင်ဆိုင်နေသည့် အာဖရိကတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၏ ၂ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

အာဖရိကနိုင်ငံများသည် အလွန်လိုအပ်နေသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသွင်ကူးပြောင်းမှု စတင်ရန်နှင့် ကာလတို ရုပ်ကြွင်းလောင်စာ ရင်းနှီးမြှုပ်နှံမှုတွင် ငွေမြှုပ်နှံခြင်းကို ရပ်တန့်ရန်အတွက် ကမ္ဘာ့ မြောက်ခြမ်း မှ ပုဂ္ဂလိကနှင့် အစိုးရတို့၏ ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေသည်။

အာဖရိက၏ ရုပ်ကြွင်းလောင်စာသိုလှောင်မှုကို နှစ်အတန်ကြာ အသုံးချခဲ့သည့် လုပ်ငန်းကြောင့် တိုက်ကြီးအား ထိခိုက်ပျက်စီးစေပြီး အကျိုးဖြစ်ထွန်းခဲ့သည့် စီးပွားရေးများသည် ဤအသွင်ကူးပြောင်းမှုအတွက် ငွေကြေးထောက်ပံ့ရန် တာဝန်ရှိသည်။

Sustainable Energy for All  စီအီးအို ဒါမီလိုလာ အိုဂန်ဘိုင်ယီ ၏ အဆိုအရ တစ်နှစ်လျှင် အကြမ်းဖျင်း အားဖြင့် ဒေါ်လာ ၃၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အာဖရိကနိုင်ငံသားအားလုံးအတွက် ၂၀၃၀ ခုနှစ်တွင်  သန့်ရှင်းပြီး စျေးတတ်နိုင်သည့် ယုံကြည်စိတ်ချရသော စွမ်းအင်ကို ရရှိနိုင်မည်ဖြစ်သည်။

ယင်းကို ခြုံငုံသုံးသပ်ရန်အတွက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်ခ်က  ဆိုရှယ်မီဒီယာ ကုမ္ပဏီ တစ်ခုဖြစ်သည့် Twitter ကို ထိန်းချုပ်ရန်အတွက် မကြာသေးမီက ဒေါ်လာ ၄၄ ဘီလီယံ ဖြင့် ဝယ်ရန် သဘောတူ ညီခဲ့သည်ကို ထောက်ထားကြည့်ရှုနိုင်သည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ဆယ်စုနှစ်တစ်ခုအတွင်း တိုက်ကြီးတစ်ခုလုံး ကို လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရန် လက်လှမ်းမီနိုင်မည်ဖြစ်ပြီး ၂၀၅၀ ခုနှစ်တွင် အာဖရိကသည် ရုပ်ကြွင်းလောင်စာ အသုံးပြုထုတ်ယူခြင်းများကို လုံးလုံးချေဖျက်နိုင်မည်ဖြစ်ကြောင်း သုတေသနအသစ်က ဖော်ပြသည်။

အပြည်ပြည်ဆိုင်ရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အေဂျင်စီ၏ အဆိုအရ မှန်ကန်သော အခြေခံအဆောက်အဦများတွင် ရင်းနှီးမြုပ်နှံနိုင်ခဲ့ပါက အာဖရိကသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အစိမ်းရောင် ဟိုက်ဒရိုဂျင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို အသုံးပြု၍ ပြည်ပသို့ စွမ်းအင်အသားတင်တင်ပို့သူ ဖြစ်လာနိုင်သည်ဟု ဆိုသည်။ 

အာဖရိကနိုင်ငံများအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များတွင် ရေရှည်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများကို တွန်းအားပေးမည့် မူဝါဒပတ်ဝန်းကျင်ဖန်တီးရန် လိုအပ်ပါသည်။

အကောင်းဆုံး အခြေအနေတွေ ဖန်တီးဖို့ အာဖရိက ခေါင်းဆောင်တွေက ခြေလှမ်းတွေ လှမ်းလာသည့်အခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် အာဖရိကတိုက်ကြီးမှ ၎င်းတို့၏နောက်ဆုံးအမြတ်များကိုထုတ်ယူသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို ရပ်တန့်ပြီး ပြန်လည်ပြည့်ဖြိုးမြဲလုပ်ငန်းများကို အာရုံစိုက်လုပ်ဆောင်သဖြင့် ပိုမိုအကျိုးအမြတ်ရရှိလာနိုင်မည်ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုနှင့်ဆက်စပ်နေသည့် ဆိုင်ကလုန်းမုန်တိုင်းများသည် မကြာသေးမီနှစ်များအတွင်း မိုဇမ်ဘစ်ကို ပျက်စီးစေခဲ့သည်။ မိုးခေါင်မှုကြောင့် အာဖရိကဦးချိုတွင် သန်းနှင့်ချီသောလူများကို ငတ်မွတ်ဆာလောင်စေခဲ့သည်။

ယူဂန်ဒါတွင် လျှပ်တပြက်ရေလွှမ်းမိုးမှုသည် ယခုအချိန်တွင် ၎င်းတို့၏ဘဝကို ပို၍ပို၍ မကြာခဏ ခက်ခဲကျပ်တည်းစေသည်။

ဤသည်မှာ စက်မှုခေတ်မရောက်မီအချိန်ကထက် 1.2 ဒီဂရီဆဲစီယက်စ် ပူနွေးလာမှုကို ကျွန်ုပ်တို့ တွေ့ကြုံနေရခြင်းဖြစ်သည်။ ထိုကမ္ဘာကြီး ပူနွေးလာမှုမှာ  1.5 ဒီဂရီဆဲစီယက်စ် ကျော်လွန်သွားပါက အာဖရိကတိုက်ရှိ လူများစွာအတွက် သေဒဏ်ဖြစ်လာလိမ့်မည်။

ထို 1.5 ဒီဂရီဆဲစီယက်စ် ရောက်နိုင်သည့်အခွင့်အလမ်းကို ရပ်တည်နိုင်ရန်၊ ဓာတ်ငွေ့အခြေခံအဆောက်အအုံများ အပါအဝင် ရုပ်ကြွင်းလောင်စာဆိုင်ရာ အခြေခံအဆောက်အအုံအသစ်များ တည်ဆောက်ခြင်းကို ချက်ချင်းရပ်တန့်ရန် လိုအပ်သည်ဟု နိုင်ငံတကာစွမ်းအင်အေဂျင်စီမှ ပြောကြားခဲ့သည်။

အာဖရိကသည် သမိုင်းဝင် ကမ္ဘာလုံးဆိုင်ရာ ဓာတ်ငွေ့ထုတ်လွှတ်မှု၏ လေးရာခိုင်နှုန်းအောက်သာ တာဝန်ရှိပြီး ၎င်းတို့က ဤအကျပ်အတည်းကို ဖြစ်ပေါ်စေသောသူများ မဟုတ်ပါ။

ရာသီဥတုမျှတမှုကို လိုချင်သည်ဟုဆိုသည်။ သို့သော် အာဖရိကအတွက် ရာသီဥတု တရားမျှတမှုသည် ကမ္ဘာကို ပျက်စီးစေသော အမှားများဖြစ်သည့်  ဖွံ့ဖြိုးပြီး နိုင်ငံများ၏ အတိတ်က အမှားများလို  ထပ်ခါတလဲလဲ မဆိုလိုပါ။

ရာသီဥတု တရားမျှတမှုဆိုသည်မှာ လူ့အဖွဲ့အစည်းများကို ပိုမိုဆိုးရွားလာသော ရာသီဥတုဆိုင်ရာ သက်ရောက်မှုများမှ ကာကွယ်ပေးခြင်း ဖြစ်သည်။

သန့်ရှင်းသော သာယာဝပြောပြီး အသက်ရှင်နိုင်သော အနာဂတ်တစ်ခုရရန် အာဖရိကလူငယ်များကို ကူညီပေးခြင်းကို ဆိုလိုသည်။

 

 Linko

Ref: Gas is a dangerous distraction for Africa: Chronicle