【 နိုင်ငံတကာဆောင်းပါး 】 ကိုဗစ်-၁၉ ဇာတ်ကွက်တွင် အလုပ်မဖြစ်သော အမေရိကန်

【 နိုင်ငံတကာဆောင်းပါး 】 ကိုဗစ်-၁၉ ဇာတ်ကွက်တွင် အလုပ်မဖြစ်သော အမေရိကန်

ဒါတွေ ဘယ်လိုအဆုံးသတ်နေသလဲဆိုတာ လူတိုင်းသိပြီးသားပါ၊ ကိုရိုနာဗိုင်းရပ်စ်က ဒေသတွင်း ပြန့်ပွားမှုမြင့်မားသော ရောဂါဖြစ်လာတယ်၊ ပြီးတော့ ကျွန်တော်တို့နှင့် အမြဲတမ်းအတူတူနေလာတယ်။ဒါပေမယ့် ကျွန်တော်တို့ မသိတာက အမေရိကန်ကြံစည်ထားတဲ့ ဇာတ်ကွက်ပဲဖြစ်ပါတယ်။အဲ့တာကတော့ ကျွန်တော်တို့ ဒီအခြေအနေကို ဘယ်လိုရောက်သွားသလဲဆိုတာပါပဲ။

ဖြေသူများ၏ အဖြေကြောင့် ကျွန်တော်တို့၏ဘဝ နောက်တစ်ပတ်၊ နောက်လများနှင့် နောက်နှစ်များတွင် ဘာဖြစ်လာမလဲဆိုတာကို ဆုံးဖြတ်ပေးမယ့် ခက်ခဲသော မေးခွန်းများကို ကျွန်တော်တို့ ရှောင်ခဲ့ကြတယ်။ဒီဒေသအတွင်း ပြန့်နှံ့နေသော ရောဂါကို ဘယ်လိုစီမံမှာလဲ၊ ကန့်သတ်ချက်တွေ ဘယ်တော့များဖြေလျှော့မှာလဲ၊ ရေရည်အတွက် ဘာတွေလုပ်ထားရမလဲနှင့် ဒေသအတွင်းကူးစက်မှု ဘယ်တော့မှစဖြစ်မှာလဲ အစရှိတဲ့ မေးခွန်းများပဲဖြစ်ပါတယ်။ထိုမေးခွန်းများဟာ ကာကွယ်ဆေးစတင်ရရှိချိန်ကစပြီး အဖြေက ရှင်းလင်းလာခဲ့ပါတယ်။ဒါပေမယ့် အမေရိကန်နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှုနှုန်းက မြင့်မားနေလာပါတယ်။

ဗီဇပြောင်း ကူးစက်မြန်ရောဂါနှင့် ကိုယ်ခံစွမ်းအားနည်းလာခြင်းက လူတိုင်းကာကွယ်ဆေးထိုးထားရင်လည်း ကူးစက်မှုကိုတားဆီးရန် ခက်ခဲစေပါတယ်။ထို့ကြောင့် ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များဟာ ဗီဇပြောင်း ကူးစက်မြန်ရောဂါကြောင့် အသက်ပြန်ဝင်လာချိန်မှာတော့ ပုံမှန်အတိုင်းနေထိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက်က မရှိသလောက်ဖြစ်နေပါတယ်။တစ်ချို့ကိုသာ  ဆေးထိုးပေးဖို့ ကျွန်တော်တို့ကြိုးစားနေကြတာလား ဒါမှမဟုတ် ကလေးတွေအကုန်လုံးဆေးထိုးရန် အရွယ်ရောက်လာတာကိုပဲ စောင့်နေကြတာလား၊ ဒါမှမဟုတ် ဆေးရုံကိုပဲအားကိုးပြီး ရောဂါထိန်းချုပ်နိုင်ဖို့ ကြိုးစားမလား၊ ရှေ့ဆက်သွားရမယ့်လမ်းကတော့ မရေရာ မသေချာပါဘူး။
ဘယ်သွားရမှန်းမသိလို့‌ တောထဲမှာ ကျွန်တော်တို့ လမ်းပျောက်နေကြပါတယ်။

သေချာတာတစ်ခုကတော့ ကူးစက်ခံရသူများ ဦးရေဖြစ်ပါတယ်။ဤကပ်ရောဂါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို ကာကွယ်ဆေးထိုးထားပြီးရင်လည်း လူအများရှိသောနေရာတွင် မက်စ်တပ်သင့်သည်ဆိုတဲ့ လမ်းညွှန်မှုကတည်း တဖြည်းဖြည်းနဲ့ အကျုံးမဝင်တော့ပါဘူး။အကယ်၍ ဒေသအတွင်း ကူးစက်မှုသာရှိပြီး လူတိုင်းလိုလို ကာကွယ်ဆေးကြောင့် ခုခံအားကောင်းနိုင်သော်လည်း အမေရိကန်နိုင်ငံကတော့ နှစ်တိုင်းလိုလို ကူးစက်ခံရသူပေါင်း သန်းချီရှိနိုင်ပါသေးတယ်။ဘာလို့လဲဆိုတော့ ခုခံအားဆုတ်ယုတ်လာပြီး ဗိုင်းရပ်စ်ဟာ အမြဲတမ်းဗီဇပြောင်းနေလို့ ဖြစ်ပါတယ်။

ကာကွယ်ဆေးရှိပေမယ့်လည်း ကိုဗစ်-၁၉ ကူးစက်ခံရမှုတွင် လူနာတိုင်း၏ အခြေအနေက တူနေတာမဟုတ်ပါဘူး။တစ်ချို့ရောဂါဖြစ်ပွားမှုက တော်တော်လေးပျော့ပျောင်းနေပြီး အယောက် ၁၀,၀၀၀ မှာ အနည်းငယ်သာ ဆေးရုံတင်ရပြီး၊ ကာကွယ်ဆေးထိုးပြီးသူများ ကူးစက်ခံရရင်လည်း သေဆုံးနိုင်ပါတယ်။ကာကွယ်ဆေးထိုးနှံမှု မြင့်မားသောနေရာများတွင် ဗိုင်းရပ်စ်ဖြစ်ပွားမှုကလည်း နည်းပါးနေပါတယ်။

ကူးစက်မှုပမာဏအတွက် လုပ်နေကြတာမဟုတ်ဘူးဆိုရင် ကျွန်တော်တို့ ဘာအတွက် ကာကွယ်မှုတွေလုပ်နေကြတာလဲဆိုတာ သဘောတူမှုရထားဖို့ လိုအပ်တယ်လို့ နယူးယောက်တက္ကသိုလ်မှာ ကူးစက်မြန်ရောဂါဆိုင်ရာ ကျွမ်းကျင်သူအဖြစ် တာဝန်ထမ်းဆောင်နေတဲ့‌ စီလင်းဂေါင်ဒါ က ပြောပါတယ်။ဆေးရုံတက်ရောက်မှုနည်းအောင်ပဲ လုပ်နေကြတာလား၊ သေဆုံးမှုကိုပဲ ကာကွယ်နေကြတာလား၊ ကူးစက်မှုကိုပဲ ကာကွယ်နေကြတာလားလို့ ဆက်မေးပါတယ်။

များပြားတဲ့ ရည်မှန်းချက်များတွင် ဘယ်ဟာကို ပိုဦးစားပေးသင့်သလဲဆိုတာကတော့ ရှိသင့်ပါတယ်။ကာကွယ်ဆေး ထပ်မံအားဖြည့်ထိုးနှံမှုကလည်း ဒီလိုရှုပ်ထွေးမှုတွေကြောင့်ဖြစ်ပါတယ်။ရည်မှန်းချက်က တစ်ချိန်လုံးပြောင်းနေတယ်။ကိုဗစ်-၁၉ ပြန်လည်ဖြစ်ပွားမှုကို တားဆီးနိုင်ရန် ကာကွယ်ဆေး ထပ်မံအားဖြည့်ထိုးနှံမှု လုပ်သင့်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင် ဦးဆောင်သော အစိုးရကတော့ ပြောပါတယ်၊ ဒါပေမယ့် အဲ့တာကို ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနကတော့ အသက်ကြီးပိုင်းနှင့် ကျန်းမာရေးမကောင်းသူများအတွက် တားမြစ်ထားပြန်ပါတယ်။ထို့နောက် ရောဂါကူးစက်ရန် အန္တရာယ်များသော လုပ်ငန်းခွင်ဝင်သူများကိုလည်း ကာကွယ်ဆေး ထပ်မံအားဖြည့်ထိုးနှံမှုကနေ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနက တားမြစ်ပြန်ပါတယ်။

လက်တွေ့မြေပြင်မှာတော့ အမေရိကန်ဟာ စမ်းသပ်ချက်အကုန်လုံးကို သေချာစီမံမှုမလုပ်ဘဲ တစ်ချိန်တည်း ဆောင်ရွက်နေပါတယ်။ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ပတ်သက်ပြီး ပေါ်လစီကလည်း ပြည်နယ်တစ်ခုနှင့် တစ်ခု၊ ခရိုင်၊ တက္ကသိုလ်၊ လုပ်ငန်းခွင်နှင့် ကျောင်းများတွင်လည်း မတူညီပါဘူး။မတူညီတဲ့အမြင်များကြောင့် ဒေသတိုင်းက ကျိုးကြောင်းညီညွတ်မှုမရှိသော ပုံစံအတိုင်း လုပ်ဆောင်နေကြပါတယ်။တစ်ချို့နေရာမှာတော့ ကာကွယ်ဆေးထိုးနှံမှု နည်းပါးပေမယ့်လည်း ကန့်သန့်ချက်တစ်ချို့ကိုတော့ ဖြေလျှော့လိုက်ပါတယ်၊ ကာကွယ်ဆေးထိုးနှံမှုနှုန်းမြင့်မားပြီး ကိုဗစ်-၁၉ နဲ့ပတ်သက်လျှင် ကာကွယ်ရေးအားကောင်းတယ်လို့‌ ဆိုနိုင်သော်လည်း သူတို့မှာ အလွန်တင်းကျပ်တဲ့ ကန့်သန့်ချက်တွေရှိနေပါတယ်။
ပေါ်လစီနဲ့ပတ်သက်လျှင် ကျွန်တော်တို့အနေနဲ့ ယောင်ပြီးလမ်းလျှောက်နေပါတယ် ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရည်မှန်းချက်တွေမထားလို့ ဖြစ်ပါတယ်လို့ ဟားဗတ်တက္ကသိုလ်တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဂျိုးဆက်အယ်လန် က ပြောပါတယ်။

ကိုဗစ်-၁၉ ၏ အန္တရာယ်ကိုတော့ သုံးညရာခိုင်နှုန်းအထိ လျှော့ချဖို့က ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး၊ ဒါကြောင့် ဘယ်လိုအနေအထားနဲ့ ကျွန်တော်တို့ ယှဉ်တွဲနေနိုင်သလဲဆိုတာကို ကျွန်တော်တို့သတ်မှတ်ဖို့ လိုပါတယ်။

သိပ္ပံပညာရှင်များကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သတ်မှတ်ပေးဖို့ တွန့်ဆုတ်နေကြပါတယ်။ရှိတာကတော့ မှန်ကန်တဲ့ သိပ္ပံနည်းကျအခြေအနေနဲ့ပတ်သက်ပြီး ရေရေရာရာမရှိပါဘူး။ကိုယ်ခံစွမ်းအား ဘယ်လောက်အထိ ဆုတ်ယုတ်နိုင်မလဲဆိုတာကိုတော့ ကျွန်တော်တို့ မသိနိုင်ပါဘူး၊ ကာကွယ်ဆေး ထပ်မံဖြည့်စွက်ထိုးနှံမှုက ဘယ်ချိန်အထိ ထိရောက်မှုရှိနိုင်မလဲ၊ ကာကွယ်ဆေးထိုးပြီးသူများမှာ ကိုဗစ်-၁၉ ဘယ်လောက်ကြာကြာရှိမှာလဲ သို့မဟုတ် ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်ထားတဲ့ ပြင်ဆင်မှုတွေကလည်း ဗီဇပြောင်း ကူးစက်မြန်ရောဂါအသစ်ကြောင့် အံ့ဩစွာ အရာမရောက်ပဲ ဖြစ်နေနိုင်ပါတယ်။

ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ဘယ်အခြေအနေတွင် အတူယှဉ်တွဲနေနိုင်သလဲဆိုတာကလည်း သိပ္ပံနည်းကျသော မေးခွန်းမဟုတ်ပါဘူး။ဒါကတော့ လူမှုရေး၊ နိုင်ငံရေးနှင့်သာဆိုင်ပြီး ဒီနှစ်ခုကို မျှတအောင်လုပ်ဆောင်ရာတွင် ကန့်သတ်ချက်ကြောင့် ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ကိုကြည့်ကာ ပြည်သူများ၏ စိတ်သဘောထားကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။

ဥပမာ - တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရန်အတွက် ထိရောက်တဲ့ကန့်သတ်ချက်များကို ဆောင်ရွက်ခဲ့ပြီး၊ ကန့်သတ်ထားတဲ့နေရာများကနေ ထွက်ခွာခြင်းကို တားမြစ်လိုက်ပါတယ်၊ လေယာဉ်၊ ရထား၊ ခရီးသည်ကားများ၊ အငှားကားများတွေကိုလည်း ကန့်သတ်ချက်ချထားသော နေရာများတွင် ပြေးဆွဲခွင့် တားမြစ်ခဲ့ပါတယ်။
ကာကွယ်ဆေးထိုးပြီးသူများကိုတောင် ကွာရင်တင်းဝင်စေပြီးမှသာ ခရီးသွားစေပါတယ်။ဒါပေမယ့် ကျွန်တော်တို့ အဲ့လောက်ထိလုပ်ချင်စိတ်ရှိပါသလား၊ ယခုခြေအနေအရတော့ လုပ်ချင်စိတ်မရှိကြပါ။ဒါကိုကြည့်ပြီး ကျွန်တော်တို့အနေနဲ့ ကိုယ့်အခြေနေကိုကိုယ်ကြည့်ပြီး ခက်ခဲတဲ့မေးခွန်းများကို ကိုယ့်ကိုကိုယ်မေးသင့်တယ်။ကျွန်တော်တို့ လူတွေကိုကူညီဖို့ ဘယ်လောက်ထိ အလုပ်လုပ်နိုင်သလဲဆိုတာ ကိုယ့်ကိုကိုယ်မေးရမယ်လို့ ဟားဗတ်မှ ကူးစက်ရောဂါဗေဒပညာရှင် ဘီလ်ဟန်နေ က ပြောပါတယ်။တာဝန်ရှိသူများက‌တော့ ဘာကိုရအောင် ဆောင်ရွက်မလဲဆိုတာကို အရင်ဆုံးသတ်မှတ်သင့်တယ်လို့ ဆက်ပြောပါတယ်။

ရည်မှန်းတစ်ခုအနေနဲ့ ဆေးရုံများအတွင်း ကိုဗစ်-၁၉ ၏ ထိရောက်မှုကို နည်းသမျှနည်းနိုင်အောင် အရင်ဆောင်ရွက်ရမယ်။ပြိုကွဲသွားတဲ့ ကျန်းမာရေးစနစ်ကြောင့် သေဆုံးမှုပိုမိုမြင့်တက်မယ်၊ ကိုဗစ်-၁၉ တစ်ခုတည်းကြောင့်မဟုတ်ပဲ တခြားကုသလို့ရသော ရောဂါများကြောင့်လည်း သေဆုံးနိုင်တယ်။

တစ်ချိန်တည်းမှာပဲ ဗြိတိန်နိုင်ငံနှင့် ဂျမနီနိုင်ငံတွေမှာတော့ အခြားရောဂါတွေထက် ဆေးရုံတွင် ရောဂါကင်းအောင် အရင်ဆုံးဆောင်ရွက်နေကြပါတယ်။

ကျွန်တော်တို့ ဘာကိုရည်မှန်းပြီး ကာကွယ်လုပ်ဆောင်ရမလဲဆိုတာကို ဆုံးဖြတ်ပြီးပြီဆိုရင်တော့ ကန့်သတ်ချက်တွေကိုဖြေချပြီး လိုအပ်ရင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် စည်းကမ်းအသစ်တွေ ချသင့်ရင် ချမှတ်ရမှာဖြစ်ပါတယ်။ဆေးရုံလူနာမြင့်တက်လာမှုကို တားဆီးနိုင်ရန်အတွက် အရေးကြီးတဲ့အပိုင်းဖြစ်တဲ့ အသက်ကြီးပိုင်းများကို အရင်ဆုံး ကာကွယ်ဆေးထိုးပေးဖို့ဖြစ်ပါတယ်။ကာကွယ်ဆေးမထိုးထားသော အသက် ၈၀ ကျော်အရွယ်များ၏ ဆေးရုံတက်နိုင်ခြေက ကာကွယ်ဆေးမထိုးထားသော အသက် ၁၈ နှစ်အောက်များထက် ၂၅ ရာခိုင်နှုန်း မြင့်မားနေပါတယ်။

အမေရိကန်နိုင်ငံတွင် ကာကွယ်ဆေးမထိုးရသေးသော သက်ကြီးပိုင်းများစွာ ရှိပါသေးတယ်။တစ်ချို့နေရာတွေမှာတော့ သက်ကြီးပိုင်းများ ကာကွယ်ဆေးထိုးနှံမှု မြင့်မားပေမယ့်လည်း တစ်ချို့နေရာတွေမှာတော့ နည်းပါသေးတယ်။ကာကွယ်ဆေးထိုးထားသူများ ရာခိုင်နှုန်းက များသည်ဖြစ်စေ နည်းသည်ဖြစ်စေ ဆေးရုံတက်ကုသမှုခံယူမှုကို ထိခိုက်စေနိုင်ပါတယ်။

သက်ကြီးပိုင်းများကို ကာကွယ်ဆေးထိုးနှံမှုတွင် အအောင်မြင်ဆုံးနိုင်ငံကတော့ ဒိန်းမတ်နိုင်ငံဖြစ်ပါတယ်။ ၉၅ ရာခိုင်နှုန်းသော အသက် ၅၀ ကျော်များဟာ ကာကွယ်ဆေးထိုးပြီးသွားပြီဖြစ်ပါတယ်၊ ကာကွယ်ဆေးထိုးရန် အရွယ်ရောက်သူ ၉၀ ရာခိုင်နှုန်းကလည်း ကာကွယ်ဆေးထိုးပြီးသွားပြီဖြစ်ပါတယ်။အောက်တိုဘာ ၁၀ ရက်နေ့မှာတော့ ဒိန်းမတ်နိုင်ငံအတွင်းက ကန့်သတ်ချက်မျာအကုန်လုံးကို ဖြေလျှော့ခဲ့ပါတယ်။မက်စ်တပ်တာလည်း မရှိတော့သလို နိုက်ကလပ်များကို ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။လူမှုဘဝက ပုံမှန်အတိုင်းပဲသွားလာနေကြပါပြီလို့ Roskilde တက္ကသိုလ်မှ ကူးစက်ရောဂါဗေဒပညာရှင် လုံဆီမုန်ဆင် က ပြောပါတယ်။တိုင်းပြည်ကို ဘယ်တော့များပြန်ဖွင့်ဖို့ရှိသလဲဆိုတဲ့ မေးခွန်းအပေါ် အသက် ၅၀ ကျော်အရွယ်များကို ကာကွယ်ဆေးထိုးနှံမှုကို ကြည့်နေပါတယ်လို့ ဆက်ပြောပါတယ်။ဒါပေမဲ့ ဒိန်းမတ်မှာတော့ ကိုဗစ်-၁၉ ကူးစက်ခံထားရသူဦးရေက ပြန်လည်မြင့်တက်လာနေပါတယ်၊ ကူးစက်မှုမြင့်တက်လာလို့ အစိုးရက ဒါကို ကူးစက်မှုမြင့်မားသောအချိန်ဟု သတ်မှတ်ပြီး လူတွေဟာ မက်စ်ပြန်တပ်သင့်ကြောင်း ပြောပါတယ်။ဒါပေမယ့် ဆေးရုံတက်ရောက်မှုက ဇန်နဝါရီလတွင်သာ မြင့်မားခဲ့ပြီး အနည်းငယ်လောက်သာ အထူးကုသမှုကို ခံယူခဲ့ကြပါတယ်၊ ထို့အပြင် သေဆုံးမှုကလည်း အလွန်နည်းပါတယ်။

လုံဆီမုန်ဆင်၏ ထောက်ပြမှုထဲတွင် ကိုဗစ်-၁၉ နဲ့ပတ်သက်လျှင် လူတွေဟာ ရေတိုဆုံးဖြတ်ချက်များကိုသာ ချမှတ်ကြတယ်လို့ ပြောပါတယ်။အခြေအနေပြောင်းလဲလာပါက ကန့်သတ်ချက်များကို ပြန်လည်ချမှတ်ဖို့လိုလိမ့်မယ်၊ ခုလည်း ကျန်းမာရေးဝန်ကြီးကတော့ ကန့်သတ်ချက်တွေ ပြန်လည်ချမှတ်ဖို့တောင် ပြောနေပါပြီ။အကယ်၍ ကူးစက်မှုက ဒေသတွင်းကူးစက်မှုသာဖြစ်နေပြီဆိုရင်တော့ နိုင်ငံတကာအတွက်တော့ အတုယူစရာဖြစ်လာမှာဖြစ်ပါတယ်။

ကူးစက်မှုက ဒေသအတွင်းကူးစက်မှုသာဖြစ်နေတယ်ဆိုရင်တောင်မှ ကိုဗစ်-၁၉ ကတော့ လူတွေကို ဖျားနာစေပြီး ဆေးရုံတက်ကုသမှု ခံယူရဦးမှာဖြစ်ပါတယ်။ထို့ကြောင့် ကိုဗစ်-၁၉ တိုက်ဖျက်ရေးဟာ မပြီးဆုံးသေးဘူးဆိုတာ ပြနေပါတယ်၊ ဒါကြောင့် ရေရှည်အတွက် နည်းဗျူဟာအသစ်ကို အသုံးချဖို့ စဉ်းစားသင့်ပါတယ်။ရေရှည်မှာ ကူးစက်မှုများသောနေရာများတွင်သာ ကူးစက်မှုကိုလျှော့ချဖို့ ကြိုးစားနေတဲ့ ပေါ်လစီအပေါ်သာ အာရုံမစိုက်တော့ပဲ ကူးစက်ခံရမှုများသော လူများကိုသာ အာရုံစိုက်သင့်ကြောင်း ဆိုကြပါတယ်။

ကပ်ရောဂါအတွင်း ဆင်းရဲသောသူအများစုဟာ ဖျားနာခဲ့ကြကြောင်း၊ သူတို့အများစုကလည်း အိမ်ကနေ အလုပ်လုပ်လို့မရသောသူများဖြစ်ကြောင်း၊ ဖျားနာချိန်မှာလည်း သီးသန့်နေထိုင်ရန် နေရာမရှိသူများဖြစ်ပါတယ်။ကိုဗစ်-၁၉ ဟာ ဒေသအတွင်းကူးစက်မှုသက်သက်သာဖြစ်လာသောအခါ ကူးစက်ခံမှုဟာ ဆင်းရဲမှုနဲ့ ပို၍ဆက်စပ်ဖို့ရှိနေပါတယ်။

အန္တရာယ်များတဲ့သူများကို ပိုပြီးဂရုစိုက်ဖို့လိုပါတယ်။ပြည်သူ့ကျန်းမာရေးက သူ့ရဲ့ထုံးစံကိုပြန်သွားပြီး ရောဂါကိုတိုက်ဖျက်ရာတွင် လူတွေရဲ့ လူမှုဘဝနှင့် အလုပ်လုပ်ကိုင်နေမှုကို ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။ဥပမာ လစာပေး ကျန်းမာရေးခွင့်နှင့် အခမဲ့သီးသန့်အခန်းများကလည်း ကိုဗစ်-၁၉ အပြင် အခြားရောဂါများကိုလည်း ထိခိုက်မှုနည်းပါးစေနိုင်ပါတယ်။

ခက်ခဲတဲ့မေးခွန်းများ ရှိနေပါသေးတယ်၊ အဖြေက‌တော့ နိုင်ငံရေးဆန္ဒ လိုအပ်နေပါတယ်။ဒါပေမဲ့ အရင်ဆုံး အဲ့တာတွေကိုရှောင်နေတာ ရပ်သင့်ပါပြီ။ကျွန်တော်တို့မှာ ရည်မှန်းချက်ပန်းတိုင် လိုနေပါတယ်။

Naing
နိုဝင်ဘာ - ၅