【 နိုင်ငံတကာဆောင်းပါး 】 "တရုတ်-လာအို မြန်နှုန်းမြှင့်ရထား၏ လားရာ"

【 နိုင်ငံတကာဆောင်းပါး 】 "တရုတ်-လာအို မြန်နှုန်းမြှင့်ရထား၏ လားရာ"

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့ကို လာအိုမြို့တော် ဗီယင်ကျန်းနှင့် ဆက်သွယ်ထားသည့် အထင်ကရ မီးရထားလမ်းကို ယနေ့ (ဒီဇင်ဘာ ၃ ရက်) တွင် စတင်ဖွင့်လှစ်သည်။
 
ဤရထားလမ်းသည် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) ကို "ကုန်းတွင်းပိတ်နိုင်ငံမှ ကုန်းလမ်းဆက်စပ်နိုင်ငံသို့ အသွင်ပြောင်းရန်" လာအို၏ မဟာဗျူဟာနှင့် ချိတ်ဆက်ထားသော အထင်ကရ စီမံကိန်းတစ်ခုဖြစ်သည်။
 
လာအိုနိုင်ငံတွင် ရထားလမ်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနှင့် လာအိုမြောက်ပိုင်းကြား နယ်စပ်ဆိပ်ကမ်းဖြစ်သည့် Boten မှ ကီလိုမီတာ ၄၁၄ ရှည်လျားပြီး တောင်ဘက်တွင် ဗီယင်ကျန်းအထိ ရှည်လျားသည်။
 
ရထားလမ်းတစ်ခုလုံးသည် ကီလိုမီတာ ၁၀၀၀ ကျော် ရှည်လျားပြီး တရုတ်နိုင်ငံတွင် အပိုင်းသည် ၅၀၈ ကီလိုမီတာကျော်ရှိသည်။
 
ရထားလမ်းသည် တရုတ်စီမံခန့်ခွဲမှုစံနှုန်းများနှင့် နည်းပညာစံနှုန်းများအတိုင်း တည်ဆောက်ထားပြီး တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ အမြန်နှုန်းဖြင့် ပြေးဆွဲရန် တည်ဆောက်ထားသည်။၎င်းသည် ခရီးသည်နှင့် ကုန်တင် လျှပ်စစ်ရထားလမ်းဖြစ်သည်။
 
တရုတ်-လာအို ရထားလမ်းသည် တရုတ်-လာအို ချစ်ကြည်ရေး၏ အထင်ကရ စီမံကိန်းတစ်ခုဖြစ်သည်။
 
BRI စတင်တည်ထောင်ပြီးနောက်၊ တရုတ်-လာအို မီးရထားသည် တရုတ်နိုင်ငံမှ အဓိကရင်းနှီးမြှုပ်နှံထားသည့် ပထမဆုံး နိုင်ငံတကာရထားလမ်းဖြစ်ပြီး တရုတ်စက်ကိရိယာများဖြင့် တည်ဆောက်ကာ တရုတ်နိုင်ငံ၏ ရထားလမ်းကွန်ရက်နှင့် တိုက်ရိုက်ချိတ်ဆက်ထားသည်။
 
နှစ်နိုင်ငံအကြား ပြည်သူခြင်းဆက်ဆံမှုကို မြှင့်တင်ရန်နှင့် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန် အခွင့်အလမ်းများ ပိုမိုရရှိစေပါသည်။၎င်းသည် လာအိုမှ ဒေသခံများအတွက် အလုပ်အကိုင်ပေါင်း ၁၁၀,၀၀၀ ကျော် ဖန်တီးပေးပြီး လမ်းကြောင်းတလျှောက် ကျေးရွာများမှ ရွာသားများအတွက် လမ်းနှင့် တူးမြောင်း ကီလိုမီတာ ၂၀၀၀ နီးပါး ကူညီတည်ဆောက်ပေးခဲ့သည်။နောက်ဆက်တွဲ လုပ်ငန်းလည်ပတ်မှုနှင့် တိုးတက်မှုဖြစ်စဉ်အရ နှစ်နိုင်ငံလုံးသည် သာမန်ပြည်သူများအတွက် ပိုမိုမြင်သာပြီးအကောင်အထည်ပြနိုင်သော တိုးတက်မှုများကို ဆက်လက်ဆောင်ကျဉ်းပေးမည်ဖြစ်သည်။
 
ထိုရထားလမ်းသည် ဗီယန်ကျင်းမှ တရုတ်-လာအို နယ်စပ်သို့ သွားရောက်ရသည့် ခရီးကြာချိန်ကို ၁၂ နာရီ မှ ၃ နာရီအောက်သို့ လျှော့ချပေးသည်။ထို့အပြင် ဗီယန်ကျင်းမှ ကူမင်းသို့ တိုက်ရိုက်သယ်ယူပို့ဆောင်ရေးကိုလည်း နေ့ခြင်းပြီးဆောင်ရွက်ပေးနိုင်မည်ဟု ယူဆရပြီး တရုတ်နှင့် လာအိုမှ ပြည်သူများနှင့် ထိုလမ်းကြောင်းတလျှောက် နေထိုင်သူအားလုံးအတွက် ကြီးမားသောအဆင်ပြေမှုများ ဆောင်ယူပေးမည်ဖြစ်သည်။
 
ထို့အပြင် လမ်းတလျှောက်မှ ရှုပ်ထွေးသော ဘူမိအနေအထား တည်ဆောက်ပုံများနှင့် တစ်နှစ်ပတ်လုံး မိုးများသောကြောင့် အခက်အခဲများစွာဖြင့် တရုတ်-လာအို ရထားလမ်းကို တည်ဆောက်ခဲ့ရသည်။ရထားလမ်းတလျှောက် တံတားနှင့် လှိုဏ်ခေါင်းအချိုးအစားမှာ ၈၇.၃ ရာခိုင်နှုန်းဖြစ်ပြီး လှိုဏ်ခေါင်း ၉၃ ခုနှင့် တံတား ၁၃၆ ခုပါဝင်ကာ ရထားလမ်းတစ်ခုလုံး တည်ဆောက်ပြီးစီးရန် အချိန် ၁၁ နှစ်ကြာသည်။
 
ဘော့တန်-ဗီယင်ကျင်း လမ်းပိုင်းအတွက် ဆောက်လုပ်ရေးပစ္စည်းအများစုကို တရုတ်နိုင်ငံမှ တင်သွင်းပြီး ပစ္စည်းများပေးပို့ရသည် လမ်းကြောင်းသည် နှိုင်းယှဉ်ချက်အားဖြင့် ရှည်လျှားသည်။အမှတ် ၁၃ လမ်း အရေးပါသည့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်ပြီး လမ်းအခြေအနေမှာ ဆိုးရွားသည်။
 
ဘော့တန်နှင့် ဗီယင်ကျင်းအကြား အကွာအဝေးမှာ ကီလိုမီတာ ၇၀၀ အောက်သာရှိသော်လည်း ကုန်ကားများသည် အနည်းဆုံး ၂ ရက်မှ ၃ ရက်အထိ အချိန်ယူပို့ဆောင်ရသည်။
 
တရုတ်နှင့် လာအို ပြည်သူများသည် ထိုဆောက်လုပ်ရေးအခက်အခဲများကို ရဲရင့်စွာရင်ဆိုင်ပြီး ထိုအတွင်း နက်ရှိုင်းသည့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်နိုင်ခဲ့သည်။
 
တရုတ်-လာအို ရထားလမ်းသည် ပူးပေါင်းဆောင်ရွက်မှု ရထားလမ်းဖြစ်သည်။လာအိုနိုင်ငံသည် BRI တွင် တက်ကြွစွာပါဝင်ပြီး ထောက်ခံသည်။နှစ်နိုင်ငံတို့သည် လာအို-တရုတ် စီးပွားရေးစင်္ကြန် ပူးပေါင်းဆောင်ရွက်မှု မူဘောင်သဘောတူညီချက်ကို ၂၀၁၉ ခုနှစ်တွင် လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်မှု အုတ်မြစ်ချခဲ့ကြသည်။
 
အစိုးရနှစ်ရပ်တို့သည် အကြီးစား အခြေခံအဆောက်အအုံ စီမံကိန်းများ တည်ဆောက်ရေးကို လွန်စွာဦးစားပေးကြသည်။
 
တရုတ်-လာအို ရထားလမ်းသည် နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များက အားပေးခဲ့သည့် အစိုးရချင်း ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းဖြစ်သည်။
 
COVID-19 ပြန့်ပွားနေသော်လည်း လာအိုသည် ၂၀၂၀ ခုနှစ်တွင် ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၂၁ ခုကို ဆွဲဆောင်ခဲ့ပြီး အများစုမှာ သတ္တုတူးဖော်ရေး၊ ဝန်ဆောင်မှုများ၊ လျှပ်စစ်၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အဦး၊ စူပါမားကတ်များနှင့် ဧည့်ဝတ်ပြုမှု လုပ်ငန်းများတွင်ဖြစ်သည်။
 
ယခုနှစ် ပထမနှစ်ဝက်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် ဒေါ်လာ ၂.၃ ဘီလီယံဖိုးရှိက ယခင်နှစ်အလားတူကာလကထက် ၄၈.၁ ရာခိုင်နှုန်း ပိုမိုမြင့်မားလာသည်။
 
အနာဂတ်တွင်၊ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီချက်သည် တရုတ်-လာအို မီးရထားလမ်းအား လူနှင့် ကုန်ပစ္စည်း စီးဆင်းမှုအတွက် ပံ့ပိုးကူညီသူအဖြစ် အသုံးချမည်ဖြစ်ပြီး ပွင့်လင်းသော ဒေသဆိုင်ရာ စီးပွားရေးပေါင်းစည်းမှု ပုံစံသစ်ကို ဖော်ဆောင်မည်ဖြစ်သည်။
 
RCEP သဘောတူညီချက်သည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် "ဆော့ဖ်ဝဲလ်ပံ့ပိုးမှု" ပေးသည့် အထွေထွေမူဝါဒဖြစ်သည်။
 
တရုတ်-လာအို ရထားလမ်းသည် ဒေသတွင်းနှင့် ကမ္ဘာနှင့် ထိထိရောက်ရောက် ချိတ်ဆက်နိုင်ရန် အစိုးရနှစ်ရပ်အတွက် “ဟာ့ဒ်ဝဲလ်ပံ့ပိုးမှု” ကို ပံ့ပိုးပေးပါသည်။
 
တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့ကို အကျိုးပြုရုံသာမက မဲခေါင်ဒေသခွဲနှင့် အခြားနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ အထောက်အကူဖြစ်စေမည်ဖြစ်သည်။
 
တရုတ်-လာအို ရထားလမ်းသည် ကြွယ်ဝချမ်းသာမှု ရထားလမ်းတစ်ခုဖြစ်သည်။ထိုရထားလမ်းသည် ခရီးသွားလုပ်ငန်း၊ စီးပွားရေးဆိုင်ရာ အိမ်ခြံမြေ၊ စွမ်းအင်သစ်၊ လုပ်ငန်းများ ဒစ်ဂျစ်တယ် ကူးပြောင်းရေး စသည့် လာအိုမှ အခြားထွန်းသစ်စလုပ်ငန်းများ တိုးတက်ရေးအတွက် အားအင်သစ်များ ထည့်သွင်းပေးမည်ဖြစ်သည်။ထိုသို့လုပ်ဆောင်ပါက ဒေသခံပြည်သူများအတွက် ပိုမိုများပြားသော မျှော်လင့်ချက်များနှင့် ကြွယ်၀ချမ်းသာမှုကို ဆောင်ယူနိုင်မည်ဖြစ်သည်။
 
ယခုနှစ်သည် တရုတ်နှင့် လာအိုတို့ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၆၀ ပြည့်နှစ်ဖြစ်သည်။တရုတ်နိုင်ငံ၏ ၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်းနှင့် လာအိုနိုင်ငံ၏ ၉ ကြိမ်မြောက် ၅ နှစ် စီမံကိန်းကို အကောင်အထည်ဖော်ခြင်းတို့နှင့်အတူ နှစ်ဖက်ပေါင်းစပ်အင်အားသည် ပိုမိုထင်ရှားလာပြီး ကြွယ်ဝချမ်းသာမှုနှင့် တိုးတက်မှုအတွက် ပိုမိုကျယ်ပြန့်သော နယ်ပယ်ကို ဖန်တီးပေးလာမည်ဖြစ်သည်။
 
နှစ်နိုင်ငံပြည်သူများသည် လာမည့် နှစ် ၆၀ အတွင်း ဘုံအနာဂတ်ကို နောက်တစ်ဆင့် တွန်းအားပေးမည့် တရုတ်-လာအို လူမှုအသိုက်အဝန်းတည်ဆောက်ရေးအတွက် အတူတကွလုပ်ဆောင်ရမည် ဖြစ်ပေသည်။
 
(အယ်ဒီတာမှတ်ချက် - လျှူရှောင်ချီသည် တရုတ်လူမှု သိပ္ပံအကယ်ဒမီ၊ နိုင်ငံတကာသေနင်္ဂဗျူဟာဆိုင်ရာ အမျိုးသားအင်စတီကျုမှ ပါရဂူဘွဲယူမည့်သူဖြစ်သည်။ယခုဆောင်းပါးသည် စာရေးသူ၏ အမြင်သာဖြစ်ပြီး CGTN ကို ထင်ဟပ်ခြင်းမရှိပေ။)
 
Linko
Ref : CMG : China-Laos Railway : A railway of friendship, cooperation and prosperity