【 နိုင်ငံတကာဆောင်းပါး 】 ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်၊ အမေရိကန်ပြည်သူများ၏ တူညီသောဆန္ဒ

【 နိုင်ငံတကာဆောင်းပါး 】 ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်၊ အမေရိကန်ပြည်သူများ၏ တူညီသောဆန္ဒ

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့သည် ဗုဒ္ဓဟူးနေ့တွင် ဆန်ဖရန်စစ္စကိုမြို့၊ ဖီလိုလီတွင် ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။

သမ္မတနှစ်ဦး အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီတွင် တွေ့ဆုံပြီး တစ်နှစ်အကြာတွင် မျှော်လင့်ထားသည့် ထိပ်သီးဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ထိပ်သီးဆွေးနွေးပွဲသည် မဟာဗျူဟာမြောက် သမိုင်းဝင်ဖြစ်ပြီး လမ်းပြမှုဖြစ်ပြီး “ဘာလီသို့ ကတိကဝတ်သို့ ပြန်သွားရန်” နှင့် နှစ်နိုင်ငံဆက်ဆံရေး လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် မြှင့်တင်ခြင်းတွင် ကြီးစွာသော အရေးပါမှုရှိသည့် ထိပ်သီးအစည်းအဝေးဖြစ်သည်။

ပြီးခဲ့သောနှစ် နိုဝင်ဘာလ ၁၄ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တွေ့ဆုံစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်-အမေရိကန် ဆက်ဆံရေးသည် တစ်ဦးနှင့် တစ်ဦး ဖိနှိပ်မှုမရှိဘဲ စိန်ခေါ်မှုများအစား အခွင့်အရေးများအဖြစ်ရှိသင့်သည်ဟု ပြောခဲ့သည်။

ယခုတစ်နှစ်အကြာတွင် နှစ်နိုင်ငံကြား ခရီးသည်တင် တိုက်ရိုက် လေကြာင်းလိုင်းများသည် အရေအတွက် တိုးမြှင့်နိုင်ခဲ့ပြီဖြစ်သည်။

အမေရိကန်စီးပွားရေးလုပ်ငန်းအသိုက်အဝန်းက ပြိုင်ဆိုင်ခြင်းထက် အပြန်အလှန်အကျိုးရခြင်းကို လိုလားသည်ဟု ဆိုကြသည်။တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲတွင် အမေရိကန်နိုင်ငံမှ စိုက်ပျိုးရေး၊ တစ်ပိုင်းလျှပ်ကူး၊ ဆေးဝါးပစ္စည်းများ၊ စွမ်းအင်သစ်သုံးယာဉ်နှင့် အလှကုန်ပစ္စည်း အစရှိသဖြင့် နယ်ပယ်ပေါင်းစုံမှ ပြခန်းပေါင်း ၂၀၀ ကျော် ပါဝင်ခဲ့သည်။  

၂၀၂၂ ခုနှစ်တွင် တရုတ်နှင့် အမေရိကန်အကြား စိုက်ပျိုးရေးထုတ်ကုန်များ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံကျော ရှိခဲ့ပြီး အမေရိကန်မှ တရုတ်သို့ စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့မှုသည် ဒေါ် လာ ၄၂ ဘီလီယံအထိ စံချိန်တင်မြင့်တက်ခဲ့သည်။တရုတ်သည် အမေရိသည် စိုက်ပျိုးရေးထုတ်ကုန်များအတွက် ကောင်းမွန်သော ဈေးကွက်တစ်ခုဖြစ်ပြီး တိုးတက်ရေးအလားအလာများ မြင်ရကြောင်း လုပ်ငန်းရှင်များက ဆိုသည်။   တရုတ်သည် နှစ်နိုင်ငံကြား ကွဲပြားမှုများအကြား ဘုံအကျိုးစီးပွားအတွက် လိုလားပြီး နှစ်နိုင်ငံစလုံး၏ အောင်မြင်မှုသည် တစ်ဖက်ချင်းစီအတွက် စိန်ခေါ်မှုမဟုတ်ဘဲ အခွင့်အလမ်းဖြစ်သည်ဟု သမ္မတရှီက အမေရိကန်အထက်လွှတ်တော် ဥက္ကဋ္ဌ ချန့်ခ် စခရူးမား ဦးဆောင်သော နှစ်ပါတီပါ သံအဖွဲ့ကို တွေ့ဆုံစဉ်က ပြောခဲ့သည်။  

ကမ္ဘာ့စီးပွားရေးသည် မတည်ငြိမ်မှုများနှင့် မရေရာမှုများကို ရင်ဆိုင်နေရချိန်တွင် တရုတ်စီးပွားရေးသည် ဖိအားများကို ကြံ့ကြံ့ခံကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်ခဲ့သည်။  

တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲသည် ပထမရက်အနည်းငယ်အတွင်းတွင်ပင် သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး များစွာသော စီးပွားရေးလုပ်ငန်းများက တရုတ်သို့ ချဲ့ထွင်လိုကြသည်ကို တွေ့ရသည်။

အမေရိကန်ကုမ္ပဏီများမှ အကြီးတန်းအရာရှိများ၊ ခေါင်းဆောင်များသည် တရုတ်နိုင်ငံသို့ မကြာခဏလာရောက်ကြပြီး တရုတ်နိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်တွင် ယုံကြည်မှုရှိကြောင်းကို ပြသကြသည်။  

အဆိုပါကုန်စည်ပြပွဲတွင် ကုန်ပစ္စည်းသစ်၊ နည်းပညာသစ်နှင့် ဝန်ဆောင်မှုသစ် ၄၄၂ မျိုးကို ပြသခဲ့သည်။လာမည့် ငါးနှစ်အတွင်း တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုဆိုင်ရာ သွင်းကုန်၊ ပို့ကုန် စုစုပေါင်းပမာဏကို အမေရိကန်ဒေါ်လာ ဘီလီယံ ၃၂,၀၀၀ ကျော်နှင့် ဘီလီယံ ၅၀၀၀ ကျော် အသီးသီးရှိမည်ဟု ခန့်မှန်းထားရာ အဆိုပါပြပွဲသည် ကမ္ဘာအတွက် သေချာသည့် စျေးကွက်ကို ဖိတ်ခေါ်ပြသခြင်းပင်ဖြစ်သည်။

လက်ရှိ၌ ကမ္ဘာလုံးဆိုင်ရာ စက်မှုကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်များသည် စိန်ခေါ်မှုအသစ်များနှင့် ပြောင်းလဲမှုအသစ်များကို ရင်ဆိုင်နေရပြီး အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်ရန် နည်းလမ်းများ ရှာဖွေရမည်ဖြစ်သည်။မျက်နှာချင်းဆိုင် တွေ့ဆုံဆက်သွယ်ခြင်းများက အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ပြီး ပူးပေါင်းဆောင်ရွက်ရေး အခွင့်အရေးများကို ပိုမိုပေးဆောင်နိုင်မည်ဖြစ်သည်။  

စီးပွားရေးနိုင်ငံကြီးနှစ်ခုသည် နက်ရှိုင်းစွာ ဆက်နွယ်နေပြီး ဖွံ့ဖြိုးတိုးတက်မှုများသည်လည်း တာဝန်သစ်များနှင့် ရင်ဆိုင်နေရသောကြောင့် တစ်ဦးချင်းစီ၏ ဖွံ့ဖြိုးတိုးတက်မှုမှ အပြန်အလှန်အကျိုးစီးပွားရရန် လိုလားကြောင်း သမ္မတ ရှီက သမ္မတ ဘိုင်ဒန်နှင့် ဘာလီတွင် တွေ့ဆုံစဉ်က ဆိုခဲ့သည်။   

၁၉၇၉ ခုနှစ်တွင် အမေရိကန်နှင့် တရုတ်တို့သည် သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ယင်းကြောင့် နှစ်နိုင်ငံကြား ကုန်သွယ်မှု လျင်မြန်စွာ တိုးတက်လာသည်။ထိုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံ (ပို့ကုန်နှင့် သွင်းကုန်) မှ ၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၆၀၀ ဘီလီယံကျော်အထိရှိခဲ့သည်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ တရုတ်နိုင်ငံသည် အမေရိကန်၏ အကြီးဆုံး ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်ပြီး လက်ရှိတွင် ကနေဒါနဲ့ မက္ကဆီကိုတို့နောက် တတိယနေရာက သွင်းကုန်အများဆုံး ရင်းမြစ်ဖြစ်သည်။ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံမှ အမေရိကန်သို့ တင်ပို့မှုမှာ တန်ဖိုးနည်းပစ္စည်းများ၊  လုပ်သားအင်အား အသုံးများသော ထုတ်ကုန်များမှ ယခုအခါ အဆင့်မြင့်ထုတ်ကုန်များအဖြစ်သို့ ပြောင်းလဲခဲ့သည်။ယခုအခါ တရုတ်သည် အမေရိကန်သို့ အဆင့်မြင့်နည်းပညာ ထုတ်ကုန်များကို အဓိကရောင်းချသူဖြစ်ပြီး တရုတ်နှင့် အမေရိကန်တို့ပါဝင်သော ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များသည် ကွန်ရက်သဖွယ်ဖြစ်လာသည်။ထို့အပြင် တရုတ်နိုင်ငံသည် အမေရိကန်ငွေချေးစာချုပ်ကို အများဆုံး ကိုင်ဆောင်ထားသူဖြစ်သည်။

တရုတ်နှင့် အမေရိကန်တို့သည် ပူးပေါင်းဆောင်ရွက်မှုများကို ရှာဖွေလာသည်နှင့်အမျှ ခြားနားထားသည့် နံရံများမဟုတ်ဘဲ ကူးလူးနိုင်သည့် တံတားများ တည်ဆောက်ရမည်ဖြစ်သည်။

သမ္မတ ရှီက ၂၀၁၅ ခုနှစ်တုန်းက အမေရိကန်ကို အလည်အပတ်သွားခဲ့စဉ်က ဆင်းရဲမွဲတေမှုနှင့်ပတ်သက်ပြီး မွေးရပ်မြေဖြစ်သော Liangjiahe ကျေးရွာမှ ဇာတ်လမ်းများကို မျှဝေခဲ့သည်။ထိုဇာတ်လမ်းများကို နားထောင်သူများကို မျှစွာ လေးစားမှုဖြစ်စေခဲ့သည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဆိုရှယ်လစ်နိုင်ငံတစ်ခု တည်ဆောက်ခြင်းသည် အမေရိကန်အပါအဝင် တစ်ကမ္ဘာလုံးမှ စီးပွားရေးများအတွက် ပိုမိုကျယ်ပြန့်သော ဈေးကွက်နေရာများ ပေးနိုင်မည်ဟု သမ္မတ ရှီက ဆိုသည်။

စိုးနိုင်ထွန်း