【 နိုင်ငံတကာဆောင်းပါး 】 ရုရှားဗုံးများ၏ဖခင် “သာမိုဘာရစ်”

【 နိုင်ငံတကာဆောင်းပါး 】 ရုရှားဗုံးများ၏ဖခင် “သာမိုဘာရစ်”

ရုရှားစစ်တပ်သည် ကမ္ဘာ့အကြီးဆုံးနှင့် အမျိုးစုံဆုံးသော ပေါက်ကွဲစေတတ်သော လက်နက်များထဲမှ တစ်ခုကိုလုပ်ဆောင်နေသော်လည်း  ဒီလက်နက်တွေက ဘယ်လောက်ခြိမ်းခြောက်မှုရှိသလဲ၊ ပြီးတော့ ဒီလက်နက်တွေကို အရင်တုန်းက ကရင်မလင်က ဘယ်လိုအသုံးပြုခဲ့လဲဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။

အခြေခံရမယ့် ပထမအချက်ကတော့ အပူချိန်မြင့်မားတဲ့ သာမိုဗုံးတွေဟာ ကျယ်ပြန့်သောပေါက်ကွဲမှု အချင်းဝက်အတွင်း အပူချိန်မြင့်မားသည့် ပေါက်ကွဲမှုကိုဖန်တီးရန်အတွက် ပတ်ဝန်းကျင်ရှိ အောက်ဆီဂျင်ကို စုပ်ယူအသုံးပြုပေါက်ကွဲစေသည့် အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။

ဤဖောက်ခွဲရေးပစ္စည်းများမှ ထုတ်ပေးသော ပေါက်ကွဲမှုလှိုင်းအလျားမှာ သမာရိုးကျဗုံးများထက်ရှည်လျားပြီး ပိုမို၍လည်းပြင်းထန်ပါတယ်။

သာမိုဘာရစ် လက်နက်များကို ဖျက်ဆီးမှုအရှိဆုံး နျူကလီးယားမဟုတ်သော ဖောက်ခွဲရေးပစ္စည်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ယူဆထားကြပြီး ထိုအတွက် အကြောင်းပြချက်ကောင်းကောင်းရှိလေသည်။

ဤအမျိုးအစား၏ အသုံးအများဆုံးလက်နက်မှာ လေ-လောင်စာ ရောစပ်ဖောက်ခွဲရေးပစ္စည်း (FAE) ဖြစ်သည်။ဓာတုဗေဒ တိမ်တိုက်အဖြစ် ပေါက်ကွဲစေကာ အဘက်ဘက်သို့ ပြန့်ထွက်စေသည့် နှစ်မျိုးသွားလက်နက်ဖြစ်ကာ ကတုတ်ကျင်းများနှင့် မြေခွေးပေါက်များကဲ့သို့ ခိုင်ခံ့သော သို့မဟုတ် အခြားနည်းဖြင့် အလုံပိတ်နေရာများကို တိုက်ခိုက်ရန် အထူးအားကောင်းသည့် အားကောင်းသော ပေါက်ကွဲမှုလှိုင်းကို ဖန်တီးသည်။

အမေရိကန်နှင့် ဆိုဗီယက်ယူနီယံတို့သည် ၁၉၆၀ ကာလများကစပြီး  အပူသုံးလက်နက်အသုံးပြုရန် တီထွင်မှုထဲ ပါဝင်ခဲ့သည်။

အမေရိကန်စစ်တပ်သည် BLU နှင့် CBU အုပ်စုထဲမှ FAE ဗုံးအချို့ကို ယူဆောင်ခဲ့သည်မှာ ထင်ရှားပြီး အချို့ကို ဗီယက်နမ်စစ်ပွဲအတွင်း အသုံးပြုခဲ့ကြသည်။

ဤအတောအတွင်း ဆိုဗီယက်ယူနီယံ (USSR) နှင့် ၎င်း၏ဆက်ခံသူ ရုရှားက သာမိုဘာရစ် စနစ်များကို ကျယ်ပြန့်စွာအသုံးပြုသည်ကို တွေ့ရှိခဲ့သည်။

ရုရှားနိုင်ငံ၏ အပူသုံးလက်နက်ကိရိယာစာရင်းတွင် အထင်ရှားဆုံးအရာတစ်ခုမှာ TOS-1 အများအပြားပစ်လွှတ်သည့် ဒုံးပျံစနစ်နှင့် ၎င်း၏ခေတ်မီသော TOS-1A/TOS-2 မျိုးကွဲများဖြစ်သည်။

ဆယ့်ငါးစက္ကန့်အတွင်း ဒုံးကျည်ပြွန်အလုံးသုံးဆယ်အထိ ပစ်လွှတ်နိုင်သော TOS-1 အမြှောက်ပြောင်းများသည် အချိန်တိုအတွင်း တုန်လှုပ်ချောက်ချားဖွယ်ရာ အပျက်အစီးအဆင့်ကို ဖြစ်ပေါ်စေနိုင်သည်။ဤလက်နက်များကို ဆိုဗီယက်-အာဂန် စစ်ပွဲနှောင်းပိုင်းတွင် ပထမအကြိမ်အသုံးပြုခဲ့သော်လည်း ဒုတိယချေချင်းညာစစ်ပွဲအတွင်း ၎င်းတို့၏အဖျက်စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ပြသခဲ့သည်။

ပထမချေချင်းညာစစ်ပွဲရဲ့ ကုန်ကျစရိတ်ကြီးတဲ့ အမှားတွေကို ထပ်မလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ခွဲထွက်သူပုန်များနှင့် လက်အောက်ခံများရှိရာ ချေချင်းညှာမြို့တော် ဂရိုဇာနီရှိ နေရာအနှံ့အပြားကို ချေမှုန်းရန် ရုရှားက အကြီးစားအမြောက်များနှင့် ဒုံးပျံများ၊ တစ်စိတ်တစ်ပိုင်းအားဖြင့် အပူချိန်မြင့်ထိပ်ဖူးများပါသည့် TOS-1 ယူနစ်များနှင့် RPO-A Shmel ဒုံးခွင်း ဒုံးပျံများကို အသုံးပြုခဲ့သည်။

မကြာသေးမီက ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသတွင် ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားများက ကရင်မလင်က ထောက်ပံ့ပေးတယ်လို့ ယူဆရသည့် TOS-1M's များကို အသုံးပြုနေကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ဆိုသည်။

ရုရှား၏ ကာကွယ်ရေးလုပ်ငန်းစုသည် ၎င်း၏ ဒုံးပစ်လောင်ချာများနှင့် 9M123 Khrizantema၊ RPG-26 နှင့် 9M133 Kornet အပါအဝင် တင့်ကားဖျက်ဒုံးကျည်စနစ်များအတွက် အပူချိန်မြင့်ထိပ်ဖူးများကို တီထွင်ခဲ့သည်။

အဆိုပါလက်နက်အမျိုးအစားများကို ကမ္ဘာတစ်ဝန်းက ပဋိပက္ခတွေမှာ ရုရှားက အသုံးချခဲ့ပြီး အထူးသဖြင့် ဆီးရီးယားပြည်တွင်းစစ်တွင် ရုရှား၏ စစ်ရေးအရ စွက်ဖက်မှုတွင် အထင်အရှားမြင်နိုင်သည်။

ရုရှား၏ နောက်ဆုံးပေါ် တာတိုပစ် ပဲ့ထိန်းဒုံးကျည်စနစ်များထဲမှ တစ်ခုဖြစ်သော Iskander-M သည် အပူချိန်မြင့် သာမိုဘာရစ် ထိပ်ဖူးများနှင့် တွဲဖက်အသုံးပြုနိုင်သည်။

S-8 ဒုံးပျံနှင့် ရုရှားလေကြောင်းပစ်လွှတ်သည့် ခဲယမ်းအမျိုးအစားများစွာတို့ကဲ့သို့ပင် များပြားလှသော KAB အမျိုးအစား ပဲ့ထိန်းဗုံးမျိုးကွဲများစွာသည် သာမိုဘာရစ် ထိပ်ဖူးများ ပါရှိလေသည်။

Linko
Ref : Nationalinterest : (Meet the FOAB:Russia's Father Of All Bombs)
ဇန်နဝါရီ - ၂၃