【 နိုင်ငံတကာဆောင်းပါး 】 သေနတ်ဖြင့် ဆော့ကစားသော ကလေး၏ ဗီဒီယိုဖိုင်

【 နိုင်ငံတကာဆောင်းပါး 】 သေနတ်ဖြင့် ဆော့ကစားသော ကလေး၏ ဗီဒီယိုဖိုင်

ပြီးခဲ့တဲ့ စနေနေ့တွင် ၄ နှစ်အရွယ် ကလေးတစ်ယောက်ဟာ သေနတ်ဖြင့် ကစားနေသော ဗီဒီယိုဖိုင်ကို ရုပ်မြင်သံကြားကနေတစ်ဆင့် ပြသပြီးနောက်မှာတော့ အင်ဒီယားနားက အမျိုးသားတစ်ဦးကို ရဲများက ဖမ်းဆီးလိုက်ပါတယ်။

ထိုဗီဒီယိုဖိုင်တွင် ဒိုင်ပါဝတ်ထားသော ကလေးဟာ သေနတ်အသုံးပြုပြီး ကစားနေတာကို မြင်ရပါတယ်။ကလေးဟာ သေနတ်၏ ခလုတ်ကို အကြိမ်ကြိမ်နှိပ်နေဟန်ပုံပေါ်နေပြီး သေနတ်ပစ်ခတ်မှုတော့ ဖြစ်ပွားခြင်း မရှိခဲ့ပါဘူး။

လွန်ခဲ့တဲ့ တစ်ပတ်တုန်းကပဲ ပထမတန်း ကျောင်းသားတစ်ဦးဟာ ၉ မမ ရှိသော  ပစ္စတိုသေနတ်ဖြင့် ဗာဂျီးနီးယားတွင် ကျောင်းဆရာမတစ်ဦးကို ပစ်ခတ်ခဲ့ပြီးနောက် ဒီလိုအဖြစ်ကလည်း ရုပ်မြင်သံကြားပေါ်တွင် ထပ်မံမြင်နေရတာဖြစ်ပါတယ်။

“On Patrol: Live” လို့ခေါ်တဲ့ ရုပ်မြင်သံကြားရှိုးတွင် တင်ဆက်ထားသော သတင်းအရ အိမ်နီးချင်းတစ်ယောက်ဟာ ၉၁၁ ကို ဖုန်းဆက်ခဲ့ပြီး ဘတ်ချ်ဂရို့ရဲဌာနကို တိုင်ကြားချိန်တွင် သူမရဲ့သားလေးဟာ အခန်းကို တံခါးကိုဖွင့်ချိန်တွင် အိမ်ရှေ့တွင် သေနတ်ဖြင့် ဆော့ကစားနေသော ကလေးကိုတွေ့ထားကြောင်းကို တိုင်ကြားခဲ့ပါတယ်။ထို့နောက် အိမ်တံခါးကိုပိတ်ပြီးနောက် မိသားစုဝင်များကို အကြောင်းကြားခဲ့ကြောင်း ဆိုပါတယ်။ရဲများကို သတင်းပေးခဲ့သော မိခင်၏ ပြောဆိုချက်အရ သူဟာ အိမ်ရှေ့က ကလေး သေနတ်အစစ်ဖြင့် ဆော့နေတာကို အပေါက်ကနေ မြင်ခဲ့ကြောင်း၊ သူဟာ သေနတ်ရောင်းသူဖြစ်ကြောင့် သေနတ်ဟာ အစစ်ဖြစ်မှန်း သိခဲ့ကြောင်း ပြောပါတယ်။ထို့နောက် ရဲများဟာ ကလေးငယ်လေး၏ ဖခင်အခန်းကို ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ဖခင်၏ ပြောဆိုချက်အရ သူဟာ အိမ်ထဲမှာသာရှိပြီး သူဟာ ဖျားနာသောကြောင့် ရက်အတန်ကြာ အိပ်ပျော်နေခဲ့ကြောင်း ပြောပါတယ်။ရဲများကတော့ ထိုအိမ်ကနေ ထွက်ခွာသွားခဲ့ပါတယ်၊ ၉၁၁ ကို ဆက်ပြီး ရဲများကို ဖုန်းဆက်ခဲ့သော အမျိုးသမီးထံကို ပြန်လာခဲ့ပါတယ်။သူတို့ကတော့ အိမ်ထဲမှာ ဘာမှရှာမတွေ့ခဲ့ကြောင်း ပြောပါတယ်။ထို့နောက် နောက်ထပ်အိမ်နီးချင်းတစ်ယောက်ဟာ ဗီဒီယိုမှတ်တမ်းကို ရဲများကို ပြခဲ့ပါတယ်။ဖုန်းထဲက ဗီဒီယိုဖိုင်တွင် ကလေးဟာ သေနတ်ဖြင့် ဆော့ကစားနေတာကို ကောင်းမွန်စွာမြင်ရပါတယ်။ထို့နောက် အိမ်တံခါးရှေ့တွင် ဆင်ထားသော ကင်မရာကနေ အခြားသော ဗီဒီယိုဖိုင်များကိုလည်း ရုပ်မြင်သံကြားတွင် ထပ်မံပြသသွားခဲ့ပါတယ်။ထို့နောက် ရဲများဟာ ထိုအမျိုးသားအိမ်ကို ပြန်လာခဲ့ကြပြီး အိမ်တွင်ရှိသော အံဆွဲထဲတွင် ဗီဒီုယိုဖိုင်တွင် မြင်ရသည့်အတုင်း Smith & Wesson ပစ္စတို ၉ မမကို ရရှိခဲ့ပါတယ်။ထိုအမျိုးသားကို ရဲများကဖမ်းဆီးခဲ့ကြောင်း “On Patrol: Live” သတင်းက ပြောခဲ့ပြီး သေနတ်ဟာလည်း ကျည်ဆန်ထည့်ထားခဲ့ကြောင်း ဆိုပါတယ်။

ရဲအရာကြီးဖြစ်တဲ့ မိုက်ကလ်မောရစ်၏  အီးမေးလ်တွင် ပြောဆိုချက်အရ အသက် ၄၅ နှစ်အရွယ်ရှိတဲ့ ရှောန်အော့စ်ဘောန်းဟာ တာဝန်ယူမှုမရှိသောကြောင့် အဖမ်းခံရတာဖြစ်ကြောင်း ဆိုပါတယ်။ကလေးကိုတော့ မိခင်ထံကို အပ်ခဲ့ကြောင်း မောရစ်က ပြောပါတယ်။မောရစ်၏ ပြောဆိုချက်အရ ကလေးစောင့်ရှောက်ရေးတာဝန်ရှိသူများကို ဒီကိစ္စနဲ့ပတ်သက်ပြီး အကြောင်းကြားထားပြီး နောက်ဆုံး ဘယ်လိုစွဲချက်နဲ့ ထိုအမျိုးသားကို တရားစွဲမလဲဆိုတာကို မာရီအွန်ကောင်တီက တရားစီရင်ရေးရုံးက ဆုံးဖြတ်မည်ဖြစ်ကြောင်း ဆိုပါတယ်။

တရားစီရင်ရေးရုံး ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ မိုက်ကလ်လက်ဖလာ၏ ပြောဆိုချက်အရတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသေးကြောင်း ဆိုပါတယ်။

သေနတ်ရှာတုန်းက ဗီဒီယိုဖိုင်ကိုလည်း ရုပ်သံတွင်ပြသခဲ့ပြီး ထိုသေနတ်ရှာဖွေတုန်းက ဗီဒီယိုတချို့ကိုတော့ ဖြတ်ကပ်လည်း အကြောင်းအရင်းအမျိုးမျိုးကြောင့် လုပ်နိုင်ပါတယ်။သို့သော်လည်း စနေ့တွင် ပြသခဲ့သော ရုပ်သံသတင်းမှာတော့ ပြသထားသော စာသားကတော့ ရုပ်သံတွင် မပြသခင် သေနတ်ရှာဖွေမှုကို လုပ်ဆောင်ခဲ့ကြောင်းကို ဖော်ပြခဲ့ပါတယ်။

ဒီလို ကလေးတစ်ယောက် သေနတ်ဖြင့် ဆော့ကစားခြင်းဟာ အသက် ၆ နှစ်အရွယ် ကလေးတစ်ယောက်က သူ့အမေ တရားဝင်ဝယ်ယူခဲ့သော သေနတ်ကို အသုံးပြုပြီး ကျောင်းဆရာမတစ်ဦးကို ပစ်ခတ်ကာ ဒဏ်ရာရရှိစေပြီး ၂ ပတ်အကြာတွင် ဒီအကြောင်းကို ရုပ်သံတွင် တင်ဆက်ခြင်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ ကလေးများ သေနတ်အသုံးပြုပြီး အကြမ်းဖက်မှုတွင်ပါဝင်ရေးနဲ့ပတ်သက်ပြီး ဖြစ်စဉ်အများဆုံး ဖြစ်ပွားနေသော နိုင်ငံဖြစ်ပါတယ်၊ ၂၀၂၀ ခုနှစ်တွင် သေနတ်ဟာ အမေရိကန်နိုင်ငံက ကလေးများ သေဆုံးမှုအများဆုံးစေသော အရာဖြစ်လာခဲ့ပါတယ်။သေနတ်ကြောင့် သေဆုံးမှုတွင် အသက်ပိုငယ်သောသူ အများဆုံးဖြစ်ပါတယ်။ ၂၀၂၂ ဇူလိုင်လတွင် Kaiser Family Foundation က ပြုလုပ်ခဲ့သော စစ်တမ်းအရ အမေရိကန်နိုင်ငံဟာ Organization for Economic Cooperation and Development အဖွဲ့ဝင်နိုင်ငံများအကြား ကလေးလူဦးရေ ၄၆ ရာခိုင်နှုန်းအထိရှိသော နိုင်ငံဖြစ်ပြီး ဒီနိုင်ငံများဟာ ကမ္ဘာ့အတိုးတက်ဆုံးသော နိုင်ငံအများစုပါဝင်နေပြီး ထိုထဲတွင် အမေရိကန်နိုင်ငံသား သေနတ်ကြောင့် ကလေးများသေဆုံးမှု ၉၇ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း ဆိုပါတယ်။ဒီလေ့လာချက်ကို ပြုလုပ်သော သုတေသီများ၏ ပြောဆိုချက်အရ ကလေးများအကြား ဘာကြောင့် သေနတ်ဖြင့် သေဆုံးမှုမြင့်တက်လာကြောင်းကို ရှင်းပြရန် ခက်ခဲကြောင်း သို့သော်လည်း သေနတ်များ ပေါများလာခြင်းဟာ အရေးပါသော အကြောင်းအရင်းတစ်ခုဖြစ်နိုင်ကြောင်း ဆိုပါတယ်။

Naing
Ref : NYtimes