【 နိုင်ငံတကာဆောင်းပါး 】 အာရှ ရင်းနှီးမြှုပ်နှံမှုများကနေ မြန်မာချန်လှပ်ခံရတာလား

【 နိုင်ငံတကာဆောင်းပါး 】 အာရှ ရင်းနှီးမြှုပ်နှံမှုများကနေ မြန်မာချန်လှပ်ခံရတာလား

၁၉၉၅ ခုနှစ်တုန်းက မလေးရှားဝန်ကြီးချုပ်ဖြစ်တဲ့ မဟစ်သီရ်းဟာ အာရှပို့ဆောင်ရေးရထားလမ်း ပုံစံသစ်အကြောင်းကိုပြောပြီး နိုင်ငံတကာကို အံ့ဩသွားစေခဲ့ပါတယ်၊ ထို့ကြောင့် အာဆီယံနိုင်ငံများအတွင်းက လူအများစုကလည်း အတောမတတ်နိုင်တဲ့ စိတ်ကူးယာဉ်မှုတွေကို ပေးခဲ့ပါတယ်။

၂၀၀၆ ခုနှစ်တွင် တရုတ်နိုင်ငံအပါအဝင် ဒေသပေါင်း ၁၆ ဒေသ၏ ကိုယ်စားလှယ်များဟာ ဥရောပနှင့် အာရှနိုင်ငံများကို ဆက်သွယ်ပေးနေတဲ့ ရထားလမ်းကွန်ယက်ကြီးအတွက် အစိုးရများအကြား သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ထို့နောက် အာရှတိုက်ကိုဖြတ်ကျော်တဲ့ ရထားလမ်းသစ်ကြီး ဖြစ်ပေါ်လာခဲ့ပါတယ်။ယခင်က ကူမင်း-စင် ကာပူရထားလမ်းလို့ ခေါ်ခဲ့ကြပေမယ့် နောက်ပိုင်း ပန်-အာရှ ရထားလမ်းဟုခေါ်ကြတဲ့ စီမံကိန်းတွင် ကူမင်း အရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းကနေ ထွက်လာသော ရထားလမ်းသုံးလမ်းရှိပါတယ်။ယခုနောက်ဆုံး တရုတ်-လာအို မြန်နှုန်းမြှင့်မီးရထားလမ်း ဖွင့်လှစ်နိုင်ခြင်းက ကူမင်းကို ဗဟိုပြုကာ တည်ဆောင်ထားသော ပန်-အာရှ မီးရထားလမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

အလယ်ပိုင်း ရထားလမ်းကြောင်း

တရုတ်-လာအို မီးရထားလမ်းဟာ ခရီးသည်နှင့် ကုန်တင်ရထားလမ်း နှစ်ခုလုံးအတွက်ဖြစ်ပါတယ်။ကူမင်း-ယူချီ လမ်းကြောင်းကတော့ တစ်နာရီကို ကီလိုမီတာပေါင်း ၂၀၀ အထိ မောင်းနှင်နိုင်ပြီး ကျန်အပိုင်းမှာတော့ တစ်နာရီကို ကီလိုမီတာပေါင်း ၁၆၀ ဖြင့် မောင်းနှင်နိုင်ပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာတော့ အရှည်ပေါင်း ၁၀၃၅ ကီလိုမီတာရှိကာ ယွမ် ၅၀.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံထားတဲ့ ရထားလမ်းဟာ စတင်တည်ဆောက်ပြီး နောက် ၆ နှစ်အကြာမှာတော့ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

လာအိုနိုင်ငံရှိ ၆.၈ သန်းခန့်သော လူဦးရေဟာ မြန်နှုန်းမြှင့်ရထားကို ရရှိနိုင်ရုံသာမက ဤအလယ်ပိုင်းရထားလမ်းကြောင်းဟာ အာရှပို့ဆောင်ရေးရထားလမ်း အကောင်အထည်ဖော်နိုင်မှုကိုလည်း ပြသရာရောက်ပါတယ်။

ဘန်ကောက်-နာခုံရတ်ချဆီမား မြန်နှုန်းမြှင့်ရထားလမ်းကလည်း လွန်ခဲ့တဲ့ ၄ နှစ်ခန့်က စတင်ခဲ့ပြီး လာမယ့် ၂၀၂၇ တွင် ဖွင့်လှစ်နိုင်ရန် ခန့်မှန်းထားပါတယ်။နာခုံရတ်ချီဆီနာ-နောင်ခိုင်-ဗီယန်ချန်း ရထားလမ်းကတော့ ဒီဇိုင်းရေးဆွဲနေတုန်းပဲဖြစ်ပါတယ်၊ ဤရထားလမ်းတစ်ခုလုံးကိုလည်း လာမယ့် ၂၀၂၉ နှင့် ၂၀၃၂ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် မျှော်လင့်ထားပါတယ်။ထိုအချိန်ရောက်သောအခါ ကူမင်းကနေ ဘန်ကောက်ကို ရထားဖြင့်သွားနိုင်မှာဖြစ်ပြီး ထိုရထားလမ်းဟာ စင်ကာပူကိုလည်း ဆက်သွယ်ပေးမှာဖြစ်ပါတယ်။

အရှေ့ဘက်ခြမ်းပိုင်း ရထားလမ်း

ကွန်ယူမြစ်ရထားလမ်း အသုံးပြုမှုဟာ ကြာလာပြီးဖြစ်ကာ တစ်နာရီကို ၁၆၀ ကီလိုမီတာဖြင့် မောင်းနှင်နိုင်ပါတယ်။ဗီယက်နမ်နိုင်ငံတွင် ဆောက်လုပ်ရေး မစတင်ရသေးပေမယ့်လည်း နှစ်ပေါင်းရာချီပြီဖြစ်တဲ့ ရထားလမ်းဟောင်းကြီး တရုတ်-ဗီယက်နမ် နယ်စပ်တွင် ရှိနေပါတယ်။

နှစ်နိုင်ငံတွင်ရှိသော ထိုရထားလမ်းက နယ်စပ်တွင်ဆုံပါတယ်။လွန်ခဲ့တဲ့ ၂၀၁၇ တွင် တရုတ်-ဗီယက်နမ် နိုင်ငံတကာကုန်သွယ်ရေး ရထားလမ်းကြောင်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ဓာတုပစ္စည်းကုန်ကြမ်းများနှင့် သတ္ထုရိုင်းများကို သယ်ဆောင်သော ရထားဟာ ကူမင်းကနေ စတင်ထွက်ခွာနိုင်ပြီး ဟေကျိုးတွင် ရထားလမ်းပြုပြင်မှုအနည်းငယ်ကို ဆောင်ရွက်ပြီးပါက ယူနန်ပြည်နယ်က တိုင်ဖုန်ဘူတာကို တိုက်ရိုက်ရောက်ရှိနိုင်ပါတယ်၊ ထို့အပြင် တရုတ်အနောက်တောင်ပိုင်းက အနီးစပ်ဆုံးဆိပ်ကမ်းကိုလည်း တိုက်ရိုက်ရောက်နိုင်ပါတယ်၊ ထိုနည်းဖြင့် အာရှပို့ဆောင်ရေးရထားလမ်း အလယ်ပိုင်းကို အသက်သွင်းမှာဖြစ်ပါတယ်။

အနောက်ပိုင်း ရထားလမ်း

၂၀၂၁ ဇွန်လ ၂၉ ရက်နေ့တွင် ၁၄ ကီလိုမီတာ ရှည်လျှားတဲ့ ဥမင်လိုဏ်ခေါင်းကို ၁၄ နှစ် ကြာ ဖောက်လုပ်ခဲ့ပြီးနောက် ပြီးဆုံးခဲ့ကာ လာမယ့် ၂၀၂၃ ခုနှစ်တွင် ဖွင့်လှစ်ဖို့ မျှော်မှန်းထားပါတယ်။မူဆယ်-မန္တလေး အမြန်ရထားလမ်းစီမံကိန်းကလည်း လေ့လာမှုပြီးဆုံးပြီဖြစ်ကာ မန္တလေး-ကျောက်ဖြူအပိုင်းကတော့ လေ့လာနေဆဲဖြစ်ပါတယ်။အလယ်ပိုင်းနှင့် အရှေ့ပိုင်းများထက်စာရင် တရုတ်-မြန်မာ ရထားလမ်းကတော့ မေးခွန်းထုတ်သူများပြားနေပါတယ်။သို့သော်လည်း များပြားတဲ့ ဩဇာကြီးသူများအကြား လာအိုနိုင်ငံကတော့ အနောက်ကနေ ကျော်တက်လာခဲ့ပါတယ်။

တရုတ်-လာအို မြန်နှုန်းမြှင့်ရထားလမ်းဟာ လာအိုနိုင်ငံအတွက် မြန်ဆန်တဲ့ရထားလမ်းတစ်ခုတည်းကိုသာ ပေးစွမ်းနိုင်သာမက ကုန်းလမ်းများပိတ်ဆို့နေတဲ့ တိုင်းပြည်ကနေ ကုန်းလမ်းများကို ချိတ်ဆက်ပေးသော တိုင်းပြည်ဖြစ်လာအောင် ဖော်ဆောင်ပေးပြီး အကျိုးအမြတ်များစွာ ရရှိမှာဖြစ်ပါတယ်။ဤရထားလမ်းကြောင့် တရုတ်-လာအို ကုန်သွယ်ရေးစရိတ်ကို ၄၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ တိုက်ရိုက်လျှော့ချပေးမှာဖြစ်ပြီး ဤရထားလမ်းကြောင်းတစ်လျှောက် ၂၀၀၀ ကီလိုမီတာ ရှည်လျှားတဲ့ ကုန်းလမ်းနှင့် တူးမြောင်းကိုလည်း တူးဖော်နိုင်မည်ဖြစ်ပါတယ်၊ ထို့ကြောင့် ဤရထားလမ်းအားဖြင့် လာအိုနိုင်ငံတွင် ဘူတာရုံပေါင်း ၁၀ ခုကျော် ဆောက်လုပ်နိုင်ရန် အကျိုးပြုမှာဖြစ်ပြီး နိုင်ငံ၏ မြို့ပြတိုးတက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း အကျိုးပြုပေးမှာဖြစ်ပါတယ်။

ထို့အပြင် လာအိုနိုင်ငံအတွင်း ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ တိရိစ္တာန်မွေးမြူရေးတို့တွင်လည်း အကျိုးပေးမှာဖြစ်ပြီး နိုင်ငံ၏စီးပွားရေးကို မြှင့်တင်ပေးမှာဖြစ်ပါတယ်။

Naing
ဒီဇင်ဘာ - ၈