【 နိုင်ငံတကာဆောင်းပါး 】 “ခေတ်မီတိုးတက်ရေးသို့ တရုတ်နည်းလမ်းမှ အခွင့်အလမ်းများ”

【 နိုင်ငံတကာဆောင်းပါး 】 “ခေတ်မီတိုးတက်ရေးသို့ တရုတ်နည်းလမ်းမှ  အခွင့်အလမ်းများ”

ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၀ ရက်နေ့တွင် ဆိုမာလီယာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ဖြစ်တဲ့ ဖိန်ရှဲန်ချိုဟာ Somalia National News Agency သတင်းဌာနတွင် ဆောင်းပါးတစ်ခုကို ရေးသားခဲ့ပါတယ်။

ထိုဆောင်းပါးတွင် ပြည်စုံပြီး နက်ရှိုင်းသော အကြိမ် ၂၀ မြောက် CPC ၏ အမျိုးသားညီလာခံကို မိတ်ဆက်ပေးခဲ့ပြီး တရုတ်နိုင်ငံ၏ ခေတ်မီရေးအတွက် ကြိုးပမ်းခြင်းဟာ လိုအပ်နေသော သေချာမှုနှင့် တည်ငြိမ်မှုများကို မသေချာမတည်ငြိမ်သော ကမ္ဘာကြီးအတွက် ဖော်ဆောင်ပေးခြင်းဖြစ်ပြီး တရုတ်-အာဖရိ နှင့် တရုတ်-ဆိုမာလီယာ ပူးပေါင်းဆောင်ရွက်ရေးများအတွက် အသစ်သော အခွင့်အလမ်းများကို ယူဆောင်ပေးကြောင်း ရေးသားခဲ့ပါတယ်။သူ့ရဲ့ဆောင်းပါးအပြည့်အစုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဒီကနေ့ ကမ္ဘာကြီးဟာ ပိုမိုရှုပ်ထွေးလာပြီး မုန်တိုင်းထန်သော ကမ္ဘာကြီးဖြစ်လာပါတယ်။နှစ်ပေါင်းတစ်ရာတွင် တစ်ကြိမ်ဖြစ်ပွားသော ကပ်ရောဂါ၊ ယူကရိန်းအရေးတို့ဟာ လုံခြုံရေးကို ဆက်လက်ခြိမ်းခြောက်လာနေပြီး ထိုထဲတွင် အကြမ်းဖက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်ဂယက်နှင့် စားနပ်ရိက္ခာဖူလုံရေး စိန်ခေါ်မှုများကို ကြီးမားလာစေပါတယ်။ငြိမ်ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ဟာ မျှဝေသော ဆန္ဒဖြစ်ပြီး ကမ္ဘာတစ်ဝန်းနိုင်ငံများ ရှာဖွေနေသော အရာဖြစ်ပါတယ်။

ဒီလိုရှုပ်ထွေးသော အခြေအနေများအကြား အောက်တိုဘာလ ၁၆ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ အကြိမ် ၂၀ မြောက် CPC ၏ အမျိုးသားညီလာခံကို ပေကျင်းမြို့တွင် အောင်မြင်စွာ ကျင်းပသွားခဲ့ပါတယ်။ပါတီဗဟိုကော်မမတီတွင် အသစ်ရွေးကောက်ခံခဲ့သော ကိုယ်စားလှယ်များ ထိုညီလာခံကို တက်ရောက်လာခဲ့ကြပါတယ်။သမ္မတ ရှီကျင့်ဖျင်ကိုလည်း ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ထပ်မံရွေးချယ်ခံခဲ့ရပြီး  သူကတော့ လွန်ခဲ့တဲ့ဆယ်နှစ်အတွင်း သူဖော်ဆောင်ခဲ့သော ကြီးမားသောပြောင်းလဲမှုနှင့် တရုတ်နိုင်ငံရရှိခဲ့သော အောင်မြင်မှုများကြောင့် ပြန်လည်ရွေးချယ်ခံရတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း တရုတ်နိုင်ငံ၏ ဂျီဒီပီဟာ ကန်ဒေါ်လာ ၇ ထရီလီယံကနေ ၁၆ ထရီလီယံအထိ မြင့်တက်လာခဲ့ပြီး ကမ္ဘာပေါ်တွင် ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ လူတစ်ဦးချင်း၏ ဝင်ငွေကလည်း ၂ ဆမြင့်တက်လာခဲ့ပြီး ကန်ဒေါ်လာ ၁၁၀၀၀ အထိ မြင့်တက်လာခဲ့ကာ ကျေးလက်ဒေသတွင် နေထိုင်သော ဆင်းရဲမွဲတေသူများ ၁၀၀ သန်းကျော်ကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။တရုတ်ဟာ ကမ္ဘာပေါ်တွင် ကုန်သွယ်မှုအများဆုံးလုပ်ဆောင်သော နိုင်ငံလည်းဖြစ်ကာ နိုင်ငံနှင့် ဒေသပေါင်း ၁၄၀ ကျော်၏ အရေးကြီးသော ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံဟာ မြို့ပြအလုပ်အကိုင်ပေါင်း တစ်နှစ်တွင် ၁၃ သန်းအထိ ဖန်တီးသော နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံး ပညာရေးစနစ်၊ လုမှုဖူလုံရေးစနစ်နှင့် ဆေးဝါးနှင့် ကျန်းမာရေးစနစ်တို့ရှိသော နိုင်ငံလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံသားများ၏ ပျမ်းမျှလူ့သက်တမ်းဟာလည်း ၇၈.၂ နှစ်အထိ တိုးလာခဲ့ပါတယ်။

လွန်ခဲ့သော ၁၀ နှစ်အတွင်း တရုတ်နိုင်ငံဟာ သမိုင်းဝင် အတက်၊ အဆင်းနဲ့လည်း ရင်ဆိုင်ခဲ့ရပြီး အသစ်သော ခွန်အားကိုလည်း အမြဲတမ်းယူနိုင်ခဲ့ပါတယ်၊ ထို့ကြောင့် မတည်ငြိမ်သော မသေချာသော ကမ္ဘာကြီးအတွက် တည်ငြိမ်ပြီး သေချာခြင်းများကို ယူဆောင်ပေးခဲ့ပြီး ကောင်းမွန်သော စီးပွားရေးတိုးတက်မှုနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု၏ ၃ ပုံတွင် ၁ ပုံကျော်အထိကို ပါဝင်ပံ့ပိုးလာခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ၏ အရေးကြီးသော နောက်တစ်ဆင့်လုပ်ငန်း ရည်မှန်းချက်ကတော့ တိုင်းရင်းသားလူမျိုးများအားလုံးပါဝင်သော တရုတ်ပြည်သူများကို ဒုတိယအကြိမ် ရာစုနှစ် တရုတ်နိုင်ငံတည်ဆောက်ရေး အကောင်အထည်ဖော်ရေးတွင် ဦးဆောင်ခြင်းဖြစ်ပြီး ပိုမိုခမ်းနားကြီးကျယ်သော ဆိုရှယ်လစ်နိုင်ငံသို့ ကဏ္ဍပေါင်းစုံတွင် ဦးဆောင်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသားများအားလုံးကို တရုတ်၏ ခေတ်မီရေးလမ်းစဉ်ဖြင့် ပြန်လည်နုပျိုစေရေးတွင် ဦးဆောင်ခြင်းဖြစ်ပါတယ်။ဒါဟာ များပြားလှသော လူဦးရေကို ခေတ်မီအောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။တရုတ်နိုင်ငံဟာ လူ ပေါင်း ၁.၄ ဘီလီယံအတွက် ခေတ်မီရေးကို ဖော်ဆောင်ရေးနိုင်ရန် ကြိုးပမ်းနေပြီး ဒီလူဦးရေဟာ တိုးတက်သော နိုင်ငံများအားလုံးပေါင်း လူဦးရေထက် ပိုများပါတယ်။ဒီခေတ်မီရေးဟာ အားလုံးအတွက် ဘုံကြွယ်ဝချမ်းသာခြင်းဖြစ်ပြီး ပိုမိုကောင်းမွန်သော ဘဝအတွက် ပြည်သူများအတွက် ရည်မှန်းချက်ကို ပြည့်မီအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ချမ်းသာကြွယ်၀မှုနှင့် ယဉ်ကျေးမှုတွင် အဆင့်မြှင့်ရေး၊ ချမ်းသာကြွယ်၀မှုတိုးပွားလာရေးနှင့် ဘက်စုံတိုးတက်သောသူများဖြစ်ရေးနှင့် ချမ်းသာကြွယ်၀မှုအပြင် ယဉ်ကျေးမှုနှင့် အနုပညာတွင်လည်း အဆင့်မြင့်သောသူများဖြစ်ရေးကို ကြိုးပမ်းနေပါတယ်။လူသားများနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုများအကြား ခေတ်မီရေးနှင့် တရုတ်နိုင်ငံအတွက် ရေရှည်ခံသော တိုးတက်မှုဖြစ်စေရေး၊ ရာသီဥတုပြောင်းလဲမှုတွင် တရုတ်၏ ပါဝင်ပံ့ပိုးမှု ထိရောက်ရေးတို့လည်း ပါဝင်ပါတယ်။

တရုတ်ဟာ သူ့ရဲ့အမျိုးသားမူဝါဒအတိုင်း နိုင်ငံတကာကို တံခါးဖွင့်ပေးရေး မူဝါဒကို ဆက်လက်စွဲကိုင်နေပါတယ်။ပွင့်လင်းသော နိုင်ငံတကာစီးပွားရေးကို အားပေးနေပြီး BRI စီမံကိန်း အရည်အသွေးပြည့်စုံစွာ အဆင့်မြှင့်တင်ရေးကိုလည်း အားပေးကာ နိုင်ငံတကာစက်မှုလည်ပတ်မှုနှင့် ကုန်စည်လည်ပတ်မှုကို တည်ငြိမ်စေသော စီမံကိန်းဖြစ်ပါတယ်။ဒါဟာ နိုင်ငံတကာစီးပွားရေးအတွက် အကျိုးအမြတ်များစွာကို ယူဆောင်ပေးပြီး နိုင်ငံများအားလုံး၏ အကျိုးဖြစ်လာစေမယ့် စီမံကိန်းလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံဟာ ကုန်သွယ်ရေးနှင့် လွတ်လပ်သော ရင်းနှီးမြှုပ်နှံမှု၊ အဆင့်မြင့်သော အပြန်အလှန်ဆက်ဆံရေး၊ ဒေသတွင်းဆက်ဆံရေးနှင့် နိုင်ငံပေါင်းစုံပါဝင်သော ပူးပေါင်းဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာမိုက်ခရိုစီးပွားရေးမူဝါဒညှိနှိုင်းရေးကိုလည်း တိုးမြှင့်လုပ်ဆောင်ရန် ကြိုးပမ်းနေပါတယ်။

တရုတ်နိုင်ငံဟာ ငြိမ်ချမ်းရေးနဲ့ပတ်သက်ပြီး လွတ်လပ်သော နိုင်ငံခြားမူဝါဒကို ဆက်လက်ကျင့်သုံးရန် ဆုံးဖြတ်ထားပါတယ်။အကြောင်းအရင်းတစ်ခု၏ ကောင်းသောရလဒ်ကိုကြည့်ပြီး နိုင်ငံ၏ရပ်တည်ချက်နှင့် မူဝါဒကို ဆုံးဖြတ်လေ့ရှိပါတယ်။နိုင်ငံတကာအုပ်ချုပ်ရေးစနစ်တွင် အခြေခံကျသော စည်းကမ်းများကို အမြဲတမ်းလိုက်နာပြီး နိုင်ငံတကာတရားမျှတမှုကို ကာကွယ်နေပါတယ်။တရုတ်ဟာ နိုင်ငံများအားလုံး၏ အချုပ်အချာနှင့် နယ်မြေပိုင်ဆိုင်မှုများကို လေးစားနေပါတယ်။တရုတ်ဟာ ဗိုလ်ကျမှုနှင့် နိုင်ငံရေးအာဏာတို့ကို ဆန့်ကျင်သော နိုင်ငံဖြစ်ပြီး၊ စစ်အေးကာလအတွေးအခေါ်များ၊ အခြားသောနိုင်ငံများ၏ ပြည်တွင်းအရေးကို ဝင်ရောက်စွက်ဖက်ရေးနှင့် စံနှစ်မျိုးကျင့်သုံးခြင်းကိုလည်း ဆန့်ကျင်နေပါတယ်။

တရုတ်နှင့် အာဖရိကဟာ အနာဂတ်မျှဝေသောသူများဖြစ်ပါတယ်။တရုတ်ဟာ အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး၊ အာဖရိကဟာ ဖွံ့ဖြိုးဆဲနိုင်ငံအများဆုံးရှိသော တိုက်ဖြစ်ပါတယ်။တရုတ်နိုင်ငံ၏ ခေတ်မီရေးလမ်းစဉ်ဟာ အာဖရိကတိုက်အတွက် ကြီးမားသော အခွင့်အရေးများကို ယူဆောင်ပေးမည်ဖြစ်ပါတယ်။တရုတ်-အာဖရိက ကုန်သွယ်ရေးဟာ ၂၀၂၁ ခုနှစ်တွင် စံချိန်သစ်တင်ခဲ့ပြီး ကန်ဒေါ်လာ ၂၅၀ ဘီလီယံကျော်ခဲ့ကာ နှစ်စဉ်တိုးတက်မှု ၃၅ ရာခိုင်နှုန်းအတွင်း ရှိခဲ့ပါတယ်။

တရုတ်ဟာ အာဖရိကနိုင်ငံများကို စွမ်းအင်ကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေး၊ အခြားသော အခြေခံအဆောက်အဦများနှင့် စက်မှုနှင့် စိုက်ပျိုးရေးကဏ္ဍများ တိုးတက်ရေးတွင် ကူညီခဲ့ပါတယ်။တရုတ်-အာဖရိက ပူးပေါင်းရေးဟာ လက်တွေ့မရှိသော ဆောင်ပုဒ်သက်သက်မဟုတ်ပါဘူ။လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း တရုတ်ဟာ အာဖရိကတွင် ကီလိုမီတာ ၁၀၀၀၀ ကျော် ရှည်လျားသော ရထားလမ်းကို ဆောက်လုပ်ပေးခဲ့ပြီး ကီလိုမီတာ ၁၀၀၀၀၀ ကျော်သော လမ်း၊ တံတားပေါင်း ၁၀၀၀ ကျော်နှင့် ဆိပ်ကမ်းပေါင်း ၁၀၀ ကျော်ကိုလည်း ဆောက်လုပ်ပေးခဲ့ပါတယ်။အာဖရိကတွင် ဖိုင်ဘာကြိုး ကီလိုမီတာ ၂၀၀၀၀၀ ကျော်ကိုလည်း မြုပ်နှံခဲ့ပြီး အာဖရိကတွင် အိမ်ထောင်စုပေါင်း ၆ သန်းကျော် အင်တာနက်အသုံးပြုစေခဲ့ပါတယ်။

ဆိုမာလီယာနိုင်ငံဟာ အရှေ့အာဖရိကမှာ တရုတ်နိုင်ငံနဲ့ ပထမဆုံးသံတမန်ဆက်ဆံရေး စတင်ခဲ့သော နိုင်ငံဖြစ်ပြီး တရုတ်-ဆိုမာလီယာ မိတ်ဆွေဖြစ်ရေးဟာ တရုတ်-အာဖရိက ဆက်ဆံရေးအတွက် ပြည့်စုံသော ဥပမာကောင်းဖြစ်ပါတယ်။ကိုဗစ်-၁၉ ဖြစ်ပွားပြီးနောက်လည်း တရုတ်ဟာ ဆိုမာလီယာကို ပထမဆုံးကာကွယ်ဆေးပေးပို့ခဲ့သော နိုင်ငံဖြစ်ပြီး တရုတ်ဟာ ဆိုမာလီယာတွင် ကာကွယ်မှုအများဆုံး ပံ့ပိုးနိုင်ခဲ့သောနိုင်ငံ ဖြစ်လာခဲ့ပါတယ်။တရုတ်နိုင်ငံဟာ ရာနဲ့ချီသော ဆိုမာလီယာနိုင်ငံများသား တရုတ်နိုင်ငံတွင် ပညာသင်ခွင့်ရရန် ကူညီပေးနေပြီး မိုးခေါင်ချိန်တွင်လည်း တန်ချိန် ၅၀၀ ရှိသော ဂျုံကို ပံ့ပိုးပေးခဲ့ကာ အခြားသော စားသောက်ကုန်များစွာကို ပံ့ပိုးပေးခဲ့ပါတယ်။

တရုတ်နှင့် ဆိုမာလီယာဟာ နက်ရှိုင်းသော ဆက်ဆံရေးရှိထားသော နိုင်ငံများဖြစ်ပါတယ်။တစ်လေတည်းရှူ တစ်ရေတည်းသောက်သောသူများဖြစ်ကြပြီး ရင်ခုန်သံတူသောသူများလည်းဖြစ်ပါတယ်။ဆိုမာလီယာအတွက် ကောင်းသောမိတ်ဆွေဖြစ်သောကြောင့် တရုတ်ဟာ ဆိုမာလီယာကို ငြိမ်းချမ်းရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် အမြဲတမ်းထောက်ခံပေးနေပါတယ်။တရုတ်ဟာ ဆိုမာလီယာကို ဆက်လက်ထောက်ပံ့ရန် ဆန္ဒရှိနေပြီး စိန်ခေါ်မှုများကို ဖြေရှင်းခြင်း၊ ငြိမ်းချမ်းရေးရယူခြင်း၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် ဆက်လက်ကူညီမည်ဖြစ်ပါတယ်။

ကျွန်တော်နှင့် တရုတ်ပြည်သူများဟာ ဆိုမာလီယာအနေနဲ့ အခက်အခဲများကို ကျော်လွှားနိုင်ပြီး၊ ခြားနားမှုများကို ဖြေရှင်းကာ အခွင့်အရေးများအဖြစ်သို့ ပြောင်းလဲစေရန်နှင့် နှစ်နိုင်ငံအကြားက ဆက်ဆံရေးကိုလည်း ဆက်လက်ခိုင်မာစေမည်ဟု ယုံကြည်ပါတယ်။နှစ်နိုင်ငံအနေနဲ့ မတည်ငြိမ်သော၊ မသေချာသော ကမ္ဘာကြီးတွင် တည်ငြိမ်သော၊ သေချာသော တရုတ်-ဆိုမာလီယာ ဆက်ဆံရေးဟာ နှစ်နိုင်ငံကပြည်သူများကို ဆက်လက်အကျိုးဖြစ်စေမည်ဟု ယုံကြည်ပါတယ်။

Naing