【 နိုင်ငံတကာဆောင်းပါး 】 “တရုတ်-အမေရိကန် ဆက်ဆံရေး ပုံမှန်အခြေအနေသစ်ရောက်ပြီလား”

【 နိုင်ငံတကာဆောင်းပါး 】 “တရုတ်-အမေရိကန် ဆက်ဆံရေး ပုံမှန်အခြေအနေသစ်ရောက်ပြီလား”

နိုဝင်ဘာလ ၁၆ ရက်နေ့က တရုတ်နှင့် အမေရိကန် သမ္မတများ ဗီဒီယိုမှတွေ့ဆုံဆွေးနွေးခြင်းသည် အားလုံးမျှော်လင့်ထားသည့်ပုံစံအတိုင်း ပြီးဆုံးခဲ့သည်။မည်သည့်အကျပ်အတည်းမျှ မဖြေရှင်းနိုင်သလို မည်သည့်သဘောတူညီချက်မျှလည်း မရပေ။သို့သော် အပြုသဘောဆောင်သော လမ်းကြောင်းဘက်သို့ တွန်းအားပေးရန်ကိုမူ ကတိပြုကြသည်။

ထိုအချက်သည် ကောင်းသောအချက်ဖြစ်သည်။နိုင်ငံတကာဆက်ဆံရေးတွင် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေသော နှိုင်းယှဉ်မှုတစ်ခုရှိသည်။နိုင်ငံခြားရေးမူဝါဒသည် သင်္ဘောကြီးများကဲ့သို့ အကွာအဝေးတိုအတွင်း အကွေ့အပြောင်းလုပ်၍မရဆိုသော စကားဖြစ်သည်။

ဇန်နဝါရီလတွင် ဂျိုးဘိုင်ဒင် သမ္မတဖြစ်လာသောအခါ တရုတ်နှင့် အမေရိကန်အကြား အခြေအနေသည် ဆိုးရွားလှသည်။၎င်းတို့သည် တစ်နိုင်ငံနှင့် တစိနိုင်ငံ ချိတ်ဆက်မှုများကို ဖြတ်တောက်နေကြပြီး စစ်အေးတိုက်ပွဲသစ် ဖြစ်လုနီးပါးဖြစ်နေသည်။အခြေအနေပျက်စီးယိုယွင်းနေသည်ကို မေးခွန်းထုတ်ရန်မလိုပေ။ထိုအခြေအနေကို ကွေ့ပြောင်းခြင်းသည် လွန်စွာစိန်ခေါ်မှုများသော အလုပ်ဖြစ်သည်။နှစ်နိုင်ငံတို့သည် နာကျင်မှုများရပ်အောင် ပထမဦးစွာလုပ်ရမည်။ထို့နောက် အခြေအနေတိတ်ဆိတ်ငြိမ်သက်သွားအောင်လုပ်ပြီးမှ ပိုမိုအပြုသဘောဆောင်သော ဦးတည်ချ‌က်ဘက်သို့ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။

တိုးတက်မှုများစွာကို ပြုလုပ်နိုင်ခဲ့သည်။ယခုအစည်းအဝေးမတိုင်မီ ခေါင်းဆောင်များသည် ဖုန်းဖြင့် ၂ ကြိမ် စကားပြောခဲ့သည်။ COP26 တွင် ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်ပြီး ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်နိုင်ခဲ့သည်။အခွန်စစ်ပွဲသည် အေးချမ်းလာသည်။ဟွာဝေး ဘဏ္ဍာရေးအရာရှိချုပ်ကို ကနေဒါတွင် ထိန်းသိမ်းထားခြင်းကဲ့သို့သော ခက်ခဲသောကိစ္စများကို ဘေးဖယ်ထားလိုက်ကြသည်။သို့သော် မိမိတို့သည် တောနက်ကြီးတွင် လမ်းရှာနေဆဲဖြစ်သည်။နှစ်နိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေး၏ သဘောသဘာဝနှင့်ပတ်သက်ပြီး သဘောမတူနိုင်သေးပေ။အမေရိကသည် ယှဉ်ပြိုင်မှုအယူအဆကို အသေအလဲဆုပ်ကိုင်နေပြီး တရုတ်က ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုအလေးအနက်ထားသည်။ခေါင်းဆောင်နှစ်ဦးတို့၏ အဖွင့်မိန့်ခွန်းများကဲ့သို့ပင် ဘိုင်ဒင် က ယှဉ်ပြိုင်မှုအကြောင်း စာပိုဒ်အတန်အသင့်တွင်ပြောပြီး ရှီ က ထိုစကားလုံးကို တစ်ခါမျှပင်မပြောပေ။

စကားအားဖြင့်ဆိုမည့် နှစ်နိုင်ငံအကြား ထိုပုံမှန်အခြေအနေသစ်ကို ကောင်းစွာဖွင့်ဆိုထားခြင်းမရှိပေ။လွန်ခဲ့သော ဆယ်လအတွင်းတွင် ပြဿနာတစ်ခုချင်းစီကို ဖြေရှင်းရန်နှင့် အထူးသဖြင့် အငြင်းပွားဖွယ်မဟုတ်သည့် လက်တစ်ဆုပ်စာသော ပြဿနာများကိုသာ ဖြေရှင်းရန် ကြိုးစားနေသည်။သို့သော် ယခုခေတ်သစ်တွင် တရုတ်-အမေရိကန် ဆက်ဆံရေးသည် မည်သို့ရှိမည်ဆိုသည့် မေးခွန်းကို ဖြေဆိုရန်လိုနေသေးသည်။

သို့သော် ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခြင်းသည် အဖြေတစ်ခု၏ အစဖြစ်သည်။ထိုအစည်းအဝေးတွင် နှစ်ဖက်လုံးက တရုတ်-အမေရိကန် ဆက်ဆံရေးကို ပိုမိုတည်ငြိမ်ကျန်းမာသော လမ်းကြောင်းသို့ ပြန်လည်တွန်းပို့ရန် သဘောတူခဲ့သည်။အသေးစိတ်များကို ခန့်မှန်းရန်မှာ နှေးကွေးပြီး တစ်ခါတရံ ခက်ခဲသောလုပ်ငန်းဖြစ်သည်။အဓိကပြဿနာအများအပြားတွင် အပြင်းအထန် သဘောထားကွဲလွဲနေကြသော်လည်း နှစ်နိုင်ငံတို့သည် နက်ရှိုင်းစွာ အပြန်အလှန်မှီခိုနေသော နိုင်ငံများဖြစ်သည်။မိမိတို့သည် ပြဿနာများကို တစ်ခါတရံတွေ့ဆုံဆွေးနွေးခြင်းဖြင့် တစ်ခါတရံနှင့် စမ်းသပ်လိုက် မှားယွင်းလိုက် ပြင်ဆင်လိုက်ဖြင့် ဖြေရှင်းရန် စိတ်ရှည်မှုနှင့် အချိန်လိုသည်။

အခြေခံနားလည်ထားရမည့်စည်းမှာ တရုတ်-အမေရိကန် ဆက်ဆံရေးသည် နောက်ဆုံးတွင် မည်သို့ဖြစ်စေကာမူ ယခုရာစုနှစ်ကို ဖွင့်ဆိုမည်ဖြစ်သည်။ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာမှုကို လိုလားပါက ပိုမိုအပြုသဘောဆောင်သော မူဘောင်ဖြင့် မိမိတို့လုပ်ဆောင်သင့်သည်။ကံကောင်းစွာပင် ယခုရရှိထားသော အရှိန်အဟုန်သည် ထိုဦးတည်ချက်ဘက်သို့ ဦးတည်နေပုံရသည်။

(အယ်ဒီတာ့မှတ်ချက် - ယခုဗီဒီယိုဆောင်းပါးသည် ၎င်း၏အမည်က ဖော်ပြသည့်အတိုင်း အများပြည်သူ စိတ်မသက်မသာဖြစ်စေသော အတွေးအခေါ်များကို မှတ်သားဖော်ပြသည်။ထိုသို့မှတ်သားပြီး အမျိုးမျိုးသော ထင်မြင်ချက်များအဖြစ် ခွဲခြားမသတ်မှတ်ခြင်းဖြင့် ပိုမိုနက်ရှိုင်းသော ဆွေးနွေးပွဲများဖြစ်စေမည်ဆိုသည့် မတူညီသော တွေးခေါ်မှုလမ်းကြောင်းကို ဖော်ပြရန် ကြိုးစားသည်။)

Linko
Ref : Is the China-U.S. relationship settling into a 'new normal' ? : CGTN