【 နိုင်ငံတကာသတင်းဆောင်းပါး 】“ ကမ္ဘာ့စနစ်သစ်တွင် ဥရောပသမဂ္ဂ-တရုတ် ဆက်ဆံရေး”

【 နိုင်ငံတကာသတင်းဆောင်းပါး 】“ ကမ္ဘာ့စနစ်သစ်တွင် ဥရောပသမဂ္ဂ-တရုတ် ဆက်ဆံရေး”

ကမ္ဘာတဝှမ်းကူးစက်ရောဂါကြောင့်ပေါ်ပေါက်လာသည့် ကမ္ဘာ့ကျန်းမာရေး အကျပ်အတည်းသည် လူသားများအတွက် ဒုက္ခဝေဒနာများကို ဖြစ်ပေါ်စေသည်သာမက မိမိတို့ စီးပွားရေးများ၏ ထိခိုက်လွယ်မှု များကို ဖေါ်ပြကာ ကမ္ဘာတဝှမ်းဆက်စပ်ပြောင်းလည်းပေါင်းစည်းမှု ၏ အကျိုးကျေးဇူးများအပေါ် သံသယ များ ကို ပိုမိုခိုင်မာစေခြင်းဖြင့် ကမ္ဘာ့ကုန်သွယ်ရေးကိုလည်း ဟန့်တားလိုက်သည်။ 
 
ထိုကျန်းမာရေးအကျပ်အတည်းသည် စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေကာ အလုပ်လက်မဲ့ဖြစ်စေ ပြီး အစိုးရများအနေဖြင့် စီးပွားရေးကို လမ်းညွှန်ရာတွင် ပိုမိုကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ရန်နှင့် လူသား များ၊ ကုန်စည်များနှင့် ဝန်ဆောင်မှုများ ကူးသန်းသွားလာရာတွင် အတားအဆီးများ ချမှတ်လာရသည်။  ကမ္ဘာတဝှမ်းဆက်စပ်ပြောင်းလဲပေါင်းစည်းမှုကို မေးခွန်းထုတ်လာကြပြီး ကမ္ဘာ့စနစ်သစ်ကိုတောင်းဆိုသော အသံများကို ကြားလာရသည်။
 
လူသားများ၊ ကုမ္ပဏီများနှင့်အစိုးရများ အပြန်အလှန်တုံ့ပြန်ဆောင်ရွက် ပေါင်းစည်းခြင်းဖြစ်စဉ်ဟု ဖွင့်ဆိုသော ကမ္ဘာတဝှမ်း ဆက်စပ်ပြောင်းလဲ ပေါင်းစည်းခြင်းသည် ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးနည်းပညာများ တိုးတက်မှုကြောင့် လွန်ခဲ့သည့် နှစ် ၂၀ အတွင်း အရှိန်အဟုန်မြင့်မားလာသည်။ သို့သော် ကမ္ဘာတဝှမ်း ကူးစက်ရောဂါသည် နိုင်ငံအများစု၏ စီးပွားရေးများကို ထိခိုက်စေပြီး မူဝါဒချမှတ်ရာတွင် ၎င်း တို့၏ အများပြည်သူ (နိုင်ငံပိုင်) ကဏ္ဍများက ပိုမိုကြီးမားသော အခန်းကဏ္ဍကိုယူရန်တွန်အားပေးခံရသည်။
 
ထို့အပြင် ထိုပြဿနာများသည် အားလုံးအကြုံးဝင်သော တိုးတက်မှု ကုန်သွယ်ရေးစည်းမျဉ်းများနှင့် ပတ်သတ်လျှင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) ကဲ့သို့သော လက်ရှိနိုင်ငံတကာအဖွဲ့အစည်းများ၏ ထိရောက်မှုကို မေးခွန်းထုတ်စရာဖြစ်စေပြီး အပြောင်းအလဲကိုတောင်းဆိုသော အသံများကို ပိုမိုခိုင်မာစေသည်။ ကြီးမားသော နည်းပညာကုမ္ပဏီကြီးများ ၎င်းတို့၏သြဇာအာဏာကို ကမ္ဘာတခုလုံးတွင် ချဲ့ထွင်ပြီး ဝင်ငွေနိမ့် အုပ်စုများမှ ဝင်ငွေအမြင့်မားဆုံး အုပ်စုများသို့ ဓနဥစ္စာ ပြန်လည်မျှဝေမှုကိုဖြစ်စေခဲ့သည်။ ထိုလုပ်ငန်းကြီးများသည် နိုင်ငံတော်အာဏာကို ထိခိုက်စေပြီး နိုင်ငံများအနေဖြင့် ၎င်းတို့၏ စီးပွားရေးများကို စီမံသည့် စွမ်းရည်ကို ချိနဲ့စေသည်။
 
အစိုးရများနှင့် ကမ္ဘာ့အဖွဲအစည်းများသည်  ထိုလုပ်ငန်းစဉ်၏ အကျိုးကျေးဇူးများကို စနစ်ကျစွာ အသိအမှတ်ပြုသော်လည်း ဖြစ်နိုင်ခြေရှိသော အန္တရာယ်နှင့် ပေးဆပ်ရသည့် တန်ဖိုးကို အသိအမှတ် မပြု ကြပေ။ ဘဏ္ဍာရေးဆိုင်ရာ နိုင်ငံတကာ ဝန်ဆောင်မှု လုပ်ငန်းကိုလည်း အသွင်ပြောင်းလဲပစ်လိုက်ပြီး ကုန်ထုတ်လုပ် မှုနှင့် ဝန်ဆောင်မှုကဏ္ဍမှ ကမ္ဘာ့ဘဏ္ဍာရေးကဏ္ဍသို့ ဓနဥစ္စလွှဲပြောင်းမှု အကြီးအကျယ်ဖြစ်ကာ ရေရှည်စီးပွားရေး လုံခြုံမှုအတွက် အန္တရာယ်ပိုမိုများပြားစေသည်။ နည်းပညာနှင့်ဘဏ္ဍာရေး ကဏ္ဍသည်လည်း ဝင်ငွေ နိမ့်နှင့်ဝင်ငွေအလယ်အလတ်သမားများကို အခြေအနေ ပိုမိုဆိုးရွားစေသည့် တချိန်တည်းတွင် လူဦးရေ၏ အလွန်နည်းသော အစိတ်အပိုင်းကိုသာ အကျိုးပိုမိုရှိစေပြီး နိုင်ငံအများအပြားတွင် ကြီးမားသော စိန်ခေါ်မှုများ ကို ဖန်တီးလိုက်ကြသည်။
 
ဖွံ့ဖြိုးပြီး စီးပွားရေးများတွင် ကမ္ဘာတဝှမ်း ဆက်စပ်ပြောင်းလဲပေါင်းစည်းခြင်းကုန်ထုတ်စွမ်းအားကို တိုးတက်စေပြီး စီးပွာရေးတိုးတက်မှုတွင် တိုင်းတာနိုင်သော သက်ရောက်မှုဖြစ်စေသော်လည်း ထိုဖြစ်စဉ်က ဝင်ငွေအလတ်အလတ်အလုပ်သမားများ၏ အလုပ်အကိုင်များကို ခြိမ်းခြောက်လာကြောင်း တွေ့မြင်လာ ရသည်။
 
အခြားတဖက်တွင်မူ တရုတ်ပြည်နှင့် ထွန်းသစ်စ ဈေးကွက်များမှ ဝင်ငွေအလယ်အလတ်အလုပ်သမားများသည် ၎င်းတို့၏ လူနေမှုအဆင့်အတန်းမြင့်မားလာသည်ကို တွေ့ရသည်။
 
ကစားပွဲ၏ စည်းမျဉ်းသစ်များ ရေးဆွဲရာတွင် ဥရောပသမဂ္ဂနှင့်တရုတ် နိုင်ငံတို့ ဦးဆောင်ရန် နှင့် ပူးပေါင်းဆောင်ရွက်ရန် အရေးပေါ်လိုအပ်လာသည်။ တစုံတရာသော အတိုင်းအတာအထိ တရုတ်နိုင်ငံသည် ကျန်းမာရေးအကျပ်အတည်းကို ထိန်းချုပ်ကာ အကျပ်အတည်းများကိုကိုင်တွယ်သည့် ၎င်း၏ဆေးပညာနှင့် စီမံခန့်ခွဲရေးစွမ်းရည်ကို ပြသရုံသာမက နိုင်ငံတကာသြဇာကိုလည်း မြှင့်တင်နိုင်ခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံ နှင့် အပြုသဘောထိတွေ့ဆက်ဆံရန် ထောက်ခံမှုအတွက်  ဥရောပသမဂ္ဂတွင် အများသဘောတူညီမှုကို ကူညီပေါ်ပေါက်စေခဲ့သည်။
 
တရုတ်နိုင်ငံ၏ စနစ်သည် လစ်ဘရယ်အနောက်တိုင်းပုံစံ ဒီမိုကရေစီနှင့်အပြိုင် အခြားရွေးစရာတခုအဖြစ် ဖြစ်ပေါ်တိုးတက်အောင်မြင်လာသည်မှာ ထင်ရှားသည်။
နိုင်ငံတကာ စီးပွားရေး ပူးတွဲတည်ရှိမှုအတွက် လိုအပ်ချက်ကို အခြေခံသော စနစ်သစ်ကို တရုတ်နှင့် ဥရောပသမဂ္ဂတို့ ပူးတွဲပုံဖေါ်ရန် အခွင့်လမ်းကိုပေးသော ကမ္ဘာ့စနစ်သစ် ထွက်ပေါ်လာနေပြီဖြစ်သည်။
 
ဥရောပသမဂ္ဂနှင့်တရုတ်နိုင်ငံတို့သည် ကမ္ဘာတွင် အကြီးမားဆုံး ကုန်သွယ်ရေး အင်အားစုကြီး နှစ်ခု ဖြစ်သည်။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုပြီးလျှင် ဥရောပသမဂ္ဂ၏ ဒုတိယ အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်သည်။ ဥရောပသမဂ္ဂသည် တရုတ်နိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်သည်။ ကမ္ဘာတဝှမ်းကူးစက်ရောဂါက အကျပ်အတည်းကို ကိုင်တွယ်ရာတွင် အများပြည်သူဆိုင်ရာ အာဏာပိုင်များ၏အားနည်းချက်ကို ဖေါ်ထုတ်ပြသလိုက်သောကြောင့် နှစ်ဖက်အနေဖြင့် နိုင်ငံတကာစနစ်ကို ပြန်လည်သုံးသပ်သင့်သည်။
 
စီးပွားရေးထိခိုက်မှု၏ သက်ရောက်မှုများကို လျှော့ချရန်  နိုင်ငံတော်၏ အခန်းကဏ္ဍပြန်လည်ခေါင်းထောင်လာခြင်းသည် စီးပွားရေးနှင့်လူမှုပြိုကွဲမှုကိုတားဆီးရန် ကြီးမားသော အများပြည်သူ ကြားဝင်ဆောင်ရွက်မှုကို လိုအပ်ကြောင်းပြသနေသည်။
ကမ္ဘာသစ်သည် ကမ္ဘာတဝှမ်း ကူးစက်ရောဂါမှ ပေါ်ပေါက်လာနေပြီး ထိုကမ္ဘာသစ်ကို ပိုမိုခိုင်နိုင်ရည် ရှိစေရန်၊ ပိုမိုရေရှည်တည်တံ့စေရန်နှင့် အားလုံးပိုမိုအကျုံးဝင်လုပ်ဆောင်ရန် လိုအပ်နေသည်။ တရုတ် နိုင်ငံနှင့် ပထဝီနိုင်ငံရေးစစ်အတွက် အချိန်မရှိပေ။ ကမ္ဘာ့စီးပွားရေးသည် ခက်ခဲ့သောအသွင်ကူးပြောင်းကာလ အဆက်ပတ်မှုကို ဖြတ်သန်းနေသောကြောင့် ရာသီဥတုပြောင်းလဲမှုကဲ့သို့သော ကမ္ဘာ့ပြဿနာများတွင် ဥရောပ သမဂ္ဂအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်ရန်မှာ အထွဋ်အထိပ်အရေးအပါဆုံးဖြစ်သည်။
 
တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုလူ့အဖွဲ့အစည်းခြင်း ပူးပေါင်းဆောင်ရွက်သည့် အတွေးအခေါ်သည် ဥရောပသမဂ္ဂအနေဖြင့် အလုပ်သဘောသာမက အချို့သော နိုင်ငံရေးနှင့်ယဉ်ကျေးမှု ပိုဆန်သည့် ကိစ္စများ အတွက် တရုတ်နှင့် ၎င်း၏ ဆက်ဆံရေးကို ပုံဖေါ်ရန်အခွင့်အလမ်းကို ဖွင့်ပေးသည်။ တရုတ်နှင့် ဥရောပသမဂ္ဂ ဆက်ဆံရေးသည် စီးပွားရေးနှင့် ကုန်သွယ်ရေးအရသာမက ထိုထက်ပိုမိုပူးပေါင်းရမည်ဖြစ်ပြီး ပိုမိုခိုင်မာသော စီးပွားရေးနှင့် ယဉ်ကျေးမှုအသွင်ကို ရှာဖွေရမည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် အခြားတဖက်စီ၏ အဓိကအကျိုးစီးပွားများနှင့် စွက်ဖက်မခံနိုင်သည်များကို အခြားတဖက်က နားလည် လက်ခံစေရေးအတွက် နှစ်ဖက်စလုံးမှ ကြီးမားသော အားထုတ်မှုလိုနိုင်သည်။
 
ကုန်သွယ်မှုနှင့် ကမ္ဘာတဝှမ်းကူးစက်ရောဂါအကျပ်အတည်းနှင့် သဘာဝပတ်ဝန်းကျင်ကို ကိုင်တွယ် ခြင်းကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးစည်းမျဉ်းများကိုဖွင့်ဆိုရာတွင် စေ့စပ်ညှိနှိုင်းမှုများ ကို အသုံးပြုနိုင်သည်။ ထို စည်းမျဉ်းသစ်များတွင် လက်ရှိ လစ်ဘရယ် ကမ္ဘာ့ကုန်သွယ်ရေး မူဘောင်ကပေးသည်ထက်  ပြည်တွင်းမူဝါဒ နယ်ပယ်တွင် ပိုမိုကျယ်ပြန့်သော မူဘောင်ကိုခွင့်ပြုသည့် မူဝါဒနှင့် အယူအဆ များကို ထည့်သွင်းသင့်ကြောင်း မိမိတို့ခန့်မှန်းနိုင်သည်။ လူ့အဖွဲ့အစည်းဆိုင်ရာတန်ဖိုးများကို စနစ်တကျအလေးပေးခြင်းနှင့် ပြုပြင်ထားသည့် လူမှုပဋိညာဉ် မူဘောင်ကို ဖွင့်ဆိုခြင်းလည်း ပါဝင်နိုင်သည်။ 
 
 
နောက်ဆုံးရလဒ်မှာ အားလုံးအကျုံးဝင်သော ကမ္ဘာတဝှစ်ဆက်စပ်ပြောင်းလည်းပေါင်းစည်းမှုနှင့် လူဦးရေးအလွှာအားလုံးအတွက်အခွင့်အလမ်းနှင့်တိုးတက်သော လူနေမှုအဆင့်အတန်းများကိုပေးသော ကမ္ဘာ့ စနစ်ဖြစ်သင့်သည်။
 
 
(အယ်ဒီတာမှတ်ချက်- Dinos Stasinopoulos သည် ဥရောပသမဂ္ဂ အရာရှိဟောင်းဖြစ်သည်။ လက်ရှိအချိန်တွင် သူသည် ကမ္ဘာ့စီးပွားရေးနှင့် အုပ်ချုပ်ရေး အတိုင်ပင်ခံအဖြစ်ဆောင်ရွက်နေသည်။ ယခုဆောင်းပါးသည် သူ၏ အမြင်သာဖြစ်ပြီး CGTN ၏ အမြင်ဟု မယူဆနိုင်ပါ။)
 
 
  Linko 
 
(  Zawgyi  )
 
 ကမာၻတဝွမ္းကူးစက္ေရာဂါေၾကာင့္ေပၚေပါက္လာသည့္ ကမာၻ႔က်န္းမာေရး အက်ပ္အတည္းသည္ လူသားမ်ားအတြက္ ဒုကၡေဝဒနာမ်ားကို ျဖစ္ေပၚေစသည္သာမက မိမိတို႔ စီးပြားေရးမ်ား၏ ထိခိုက္လြယ္မႈ မ်ားကို ေဖၚျပကာ ကမာၻတဝွမ္းဆက္စပ္ေျပာင္းလည္းေပါင္းစည္းမႈ ၏ အက်ိဳးေက်းဇူးမ်ားအေပၚ သံသယ မ်ား ကို ပိုမိုခိုင္မာေစျခင္းျဖင့္ ကမာၻ႔ကုန္သြယ္ေရးကိုလည္း ဟန႔္တားလိုက္သည္။ 
 
ထိုက်န္းမာေရးအက်ပ္အတည္းသည္ စီးပြားေရးလုပ္ငန္းမ်ားကို ထိခိုက္ေစကာ အလုပ္လက္မဲ့ျဖစ္ေစ ၿပီး အစိုးရမ်ားအေနျဖင့္ စီးပြားေရးကို လမ္းၫႊန္ရာတြင္ ပိုမိုႀကီးမားေသာအခန္းက႑မွ ပါဝင္ရန္ႏွင့္ လူသား မ်ား၊ ကုန္စည္မ်ားႏွင့္ ဝန္ေဆာင္မႈမ်ား ကူးသန္းသြားလာရာတြင္ အတားအဆီးမ်ား ခ်မွတ္လာရသည္။  ကမာၻတဝွမ္းဆက္စပ္ေျပာင္းလဲေပါင္းစည္းမႈကို ေမးခြန္းထုတ္လာၾကၿပီး ကမာၻ႔စနစ္သစ္ကိုေတာင္းဆိုေသာ အသံမ်ားကို ၾကားလာရသည္။
 
လူသားမ်ား၊ ကုမၸဏီမ်ားႏွင့္အစိုးရမ်ား အျပန္အလွန္တုံ႔ျပန္ေဆာင္႐ြက္ ေပါင္းစည္းျခင္းျဖစ္စဥ္ဟု ဖြင့္ဆိုေသာ ကမာၻတဝွမ္း ဆက္စပ္ေျပာင္းလဲ ေပါင္းစည္းျခင္းသည္ ဆက္သြယ္ေရးႏွင့္ သယ္ယူပို႔ေဆာင္ေရးနည္းပညာမ်ား တိုးတက္မႈေၾကာင့္ လြန္ခဲ့သည့္ ႏွစ္ ၂၀ အတြင္း အရွိန္အဟုန္ျမင့္မားလာသည္။ သို႔ေသာ္ ကမာၻတဝွမ္း ကူးစက္ေရာဂါသည္ ႏိုင္ငံအမ်ားစု၏ စီးပြားေရးမ်ားကို ထိခိုက္ေစၿပီး မူဝါဒခ်မွတ္ရာတြင္ ၎ တို႔၏ အမ်ားျပည္သူ (ႏိုင္ငံပိုင္) က႑မ်ားက ပိုမိုႀကီးမားေသာ အခန္းက႑ကိုယူရန္တြန္အားေပးခံရသည္။
 
ထို႔အျပင္ ထိုျပႆနာမ်ားသည္ အားလုံးအႀကဳံးဝင္ေသာ တိုးတက္မႈ ကုန္သြယ္ေရးစည္းမ်ဥ္းမ်ားႏွင့္ ပတ္သတ္လွ်င္ ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕(WTO) ကဲ့သို႔ေသာ လက္ရွိႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၏ ထိေရာက္မႈကို ေမးခြန္းထုတ္စရာျဖစ္ေစၿပီး အေျပာင္းအလဲကိုေတာင္းဆိုေသာ အသံမ်ားကို ပိုမိုခိုင္မာေစသည္။ ႀကီးမားေသာ နည္းပညာကုမၸဏီႀကီးမ်ား ၎တို႔၏ၾသဇာအာဏာကို ကမာၻတခုလုံးတြင္ ခ်ဲ႕ထြင္ၿပီး ဝင္ေငြနိမ့္ အုပ္စုမ်ားမွ ဝင္ေငြအျမင့္မားဆုံး အုပ္စုမ်ားသို႔ ဓနဥစၥာ ျပန္လည္မွ်ေဝမႈကိုျဖစ္ေစခဲ့သည္။ ထိုလုပ္ငန္းႀကီးမ်ားသည္ ႏိုင္ငံေတာ္အာဏာကို ထိခိုက္ေစၿပီး ႏိုင္ငံမ်ားအေနျဖင့္ ၎တို႔၏ စီးပြားေရးမ်ားကို စီမံသည့္ စြမ္းရည္ကို ခ်ိနဲ႔ေစသည္။
 
အစိုးရမ်ားႏွင့္ ကမာၻ႔အဖြဲအစည္းမ်ားသည္  ထိုလုပ္ငန္းစဥ္၏ အက်ိဳးေက်းဇူးမ်ားကို စနစ္က်စြာ အသိအမွတ္ျပဳေသာ္လည္း ျဖစ္ႏိုင္ေျခရွိေသာ အႏၲရာယ္ႏွင့္ ေပးဆပ္ရသည့္ တန္ဖိုးကို အသိအမွတ္ မျပဳ ၾကေပ။ ဘ႑ာေရးဆိုင္ရာ ႏိုင္ငံတကာ ဝန္ေဆာင္မႈ လုပ္ငန္းကိုလည္း အသြင္ေျပာင္းလဲပစ္လိုက္ၿပီး ကုန္ထုတ္လုပ္ မႈႏွင့္ ဝန္ေဆာင္မႈက႑မွ ကမာၻ႔ဘ႑ာေရးက႑သို႔ ဓနဥစၥလႊဲေျပာင္းမႈ အႀကီးအက်ယ္ျဖစ္ကာ ေရရွည္စီးပြားေရး လုံၿခဳံမႈအတြက္ အႏၲရာယ္ပိုမိုမ်ားျပားေစသည္။ နည္းပညာႏွင့္ဘ႑ာေရး က႑သည္လည္း ဝင္ေငြ နိမ့္ႏွင့္ဝင္ေငြအလယ္အလတ္သမားမ်ားကို အေျခအေန ပိုမိုဆိုး႐ြားေစသည့္ တခ်ိန္တည္းတြင္ လူဦးေရ၏ အလြန္နည္းေသာ အစိတ္အပိုင္းကိုသာ အက်ိဳးပိုမိုရွိေစၿပီး ႏိုင္ငံအမ်ားအျပားတြင္ ႀကီးမားေသာ စိန္ေခၚမႈမ်ား ကို ဖန္တီးလိုက္ၾကသည္။
 
ဖြံ႕ၿဖိဳးၿပီး စီးပြားေရးမ်ားတြင္ ကမာၻတဝွမ္း ဆက္စပ္ေျပာင္းလဲေပါင္းစည္းျခင္းကုန္ထုတ္စြမ္းအားကို တိုးတက္ေစၿပီး စီးပြာေရးတိုးတက္မႈတြင္ တိုင္းတာႏိုင္ေသာ သက္ေရာက္မႈျဖစ္ေစေသာ္လည္း ထိုျဖစ္စဥ္က ဝင္ေငြအလတ္အလတ္အလုပ္သမားမ်ား၏ အလုပ္အကိုင္မ်ားကို ၿခိမ္းေျခာက္လာေၾကာင္း ေတြ႕ျမင္လာ ရသည္။
 
အျခားတဖက္တြင္မူ တ႐ုတ္ျပည္ႏွင့္ ထြန္းသစ္စ ေဈးကြက္မ်ားမွ ဝင္ေငြအလယ္အလတ္အလုပ္သမားမ်ားသည္ ၎တို႔၏ လူေနမႈအဆင့္အတန္းျမင့္မားလာသည္ကို ေတြ႕ရသည္။
 
ကစားပြဲ၏ စည္းမ်ဥ္းသစ္မ်ား ေရးဆြဲရာတြင္ ဥေရာပသမဂၢႏွင့္တ႐ုတ္ ႏိုင္ငံတို႔ ဦးေဆာင္ရန္ ႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ အေရးေပၚလိုအပ္လာသည္။ တစုံတရာေသာ အတိုင္းအတာအထိ တ႐ုတ္ႏိုင္ငံသည္ က်န္းမာေရးအက်ပ္အတည္းကို ထိန္းခ်ဳပ္ကာ အက်ပ္အတည္းမ်ားကိုကိုင္တြယ္သည့္ ၎၏ေဆးပညာႏွင့္ စီမံခန႔္ခြဲေရးစြမ္းရည္ကို ျပသ႐ုံသာမက ႏိုင္ငံတကာၾသဇာကိုလည္း ျမႇင့္တင္ႏိုင္ခဲ့သည္။ ထို႔ေၾကာင့္ တ႐ုတ္ႏိုင္ငံ ႏွင့္ အျပဳသေဘာထိေတြ႕ဆက္ဆံရန္ ေထာက္ခံမႈအတြက္  ဥေရာပသမဂၢတြင္ အမ်ားသေဘာတူညီမႈကို ကူညီေပၚေပါက္ေစခဲ့သည္။ 
 
တ႐ုတ္ႏိုင္ငံ၏ စနစ္သည္ လစ္ဘရယ္အေနာက္တိုင္းပုံစံ ဒီမိုကေရစီႏွင့္အၿပိဳင္ အျခားေ႐ြးစရာတခုအျဖစ္ ျဖစ္ေပၚတိုးတက္ေအာင္ျမင္လာသည္မွာ ထင္ရွားသည္။
ႏိုင္ငံတကာ စီးပြားေရး ပူးတြဲတည္ရွိမႈအတြက္ လိုအပ္ခ်က္ကို အေျခခံေသာ စနစ္သစ္ကို တ႐ုတ္ႏွင့္ ဥေရာပသမဂၢတို႔ ပူးတြဲပုံေဖၚရန္ အခြင့္လမ္းကိုေပးေသာ ကမာၻ႔စနစ္သစ္ ထြက္ေပၚလာေနၿပီျဖစ္သည္။
 
ဥေရာပသမဂၢႏွင့္တ႐ုတ္ႏိုင္ငံတို႔သည္ ကမာၻတြင္ အႀကီးမားဆုံး ကုန္သြယ္ေရး အင္အားစုႀကီး ႏွစ္ခု ျဖစ္သည္။ လက္ရွိအခ်ိန္တြင္ တ႐ုတ္ႏိုင္ငံသည္ အေမရိကန္ျပည္ေထာင္စုၿပီးလွ်င္ ဥေရာပသမဂၢ၏ ဒုတိယ အႀကီးမားဆုံး ကုန္သြယ္ဖက္ျဖစ္သည္။ ဥေရာပသမဂၢသည္ တ႐ုတ္ႏိုင္ငံ၏ အႀကီးမားဆုံး ကုန္သြယ္ဖက္ျဖစ္သည္။ ကမာၻတဝွမ္းကူးစက္ေရာဂါက အက်ပ္အတည္းကို ကိုင္တြယ္ရာတြင္ အမ်ားျပည္သူဆိုင္ရာ အာဏာပိုင္မ်ား၏အားနည္းခ်က္ကို ေဖၚထုတ္ျပသလိုက္ေသာေၾကာင့္ ႏွစ္ဖက္အေနျဖင့္ ႏိုင္ငံတကာစနစ္ကို ျပန္လည္သုံးသပ္သင့္သည္။
 
စီးပြားေရးထိခိုက္မႈ၏ သက္ေရာက္မႈမ်ားကို ေလွ်ာ့ခ်ရန္  ႏိုင္ငံေတာ္၏ အခန္းက႑ျပန္လည္ေခါင္းေထာင္လာျခင္းသည္ စီးပြားေရးႏွင့္လူမႈၿပိဳကြဲမႈကိုတားဆီးရန္ ႀကီးမားေသာ အမ်ားျပည္သူ ၾကားဝင္ေဆာင္႐ြက္မႈကို လိုအပ္ေၾကာင္းျပသေနသည္။
ကမာၻသစ္သည္ ကမာၻတဝွမ္း ကူးစက္ေရာဂါမွ ေပၚေပါက္လာေနၿပီး ထိုကမာၻသစ္ကို ပိုမိုခိုင္ႏိုင္ရည္ ရွိေစရန္၊ ပိုမိုေရရွည္တည္တံ့ေစရန္ႏွင့္ အားလုံးပိုမိုအက်ဳံးဝင္လုပ္ေဆာင္ရန္ လိုအပ္ေနသည္။ တ႐ုတ္ ႏိုင္ငံႏွင့္ ပထဝီႏိုင္ငံေရးစစ္အတြက္ အခ်ိန္မရွိေပ။ ကမာၻ႔စီးပြားေရးသည္ ခက္ခဲ့ေသာအသြင္ကူးေျပာင္းကာလ အဆက္ပတ္မႈကို ျဖတ္သန္းေနေသာေၾကာင့္ ရာသီဥတုေျပာင္းလဲမႈကဲ့သို႔ေသာ ကမာၻ႔ျပႆနာမ်ားတြင္ ဥေရာပ သမဂၢအေနျဖင့္ တ႐ုတ္ႏိုင္ငံႏွင့္ ပူးေပါင္းလုပ္ေဆာင္ရန္မွာ အထြဋ္အထိပ္အေရးအပါဆုံးျဖစ္သည္။
 
တ႐ုတ္ႏိုင္ငံ၏ ယဥ္ေက်းမႈလူ႔အဖြဲ႕အစည္းျခင္း ပူးေပါင္းေဆာင္႐ြက္သည့္ အေတြးအေခၚသည္ ဥေရာပသမဂၢအေနျဖင့္ အလုပ္သေဘာသာမက အခ်ိဳ႕ေသာ ႏိုင္ငံေရးႏွင့္ယဥ္ေက်းမႈ ပိုဆန္သည့္ ကိစၥမ်ား အတြက္ တ႐ုတ္ႏွင့္ ၎၏ ဆက္ဆံေရးကို ပုံေဖၚရန္အခြင့္အလမ္းကို ဖြင့္ေပးသည္။ တ႐ုတ္ႏွင့္ ဥေရာပသမဂၢ ဆက္ဆံေရးသည္ စီးပြားေရးႏွင့္ ကုန္သြယ္ေရးအရသာမက ထိုထက္ပိုမိုပူးေပါင္းရမည္ျဖစ္ၿပီး ပိုမိုခိုင္မာေသာ စီးပြားေရးႏွင့္ ယဥ္ေက်းမႈအသြင္ကို ရွာေဖြရမည္ျဖစ္သည္။ ထိုသို႔ လုပ္ေဆာင္ရာတြင္ အျခားတဖက္စီ၏ အဓိကအက်ိဳးစီးပြားမ်ားႏွင့္ စြက္ဖက္မခံႏိုင္သည္မ်ားကို အျခားတဖက္က နားလည္ လက္ခံေစေရးအတြက္ ႏွစ္ဖက္စလုံးမွ ႀကီးမားေသာ အားထုတ္မႈလိုႏိုင္သည္။
 
ကုန္သြယ္မႈႏွင့္ ကမာၻတဝွမ္းကူးစက္ေရာဂါအက်ပ္အတည္းႏွင့္ သဘာဝပတ္ဝန္းက်င္ကို ကိုင္တြယ္ ျခင္းကဲ့သို႔ေသာ နယ္ပယ္မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ေရးစည္းမ်ဥ္းမ်ားကိုဖြင့္ဆိုရာတြင္ ေစ့စပ္ညႇိႏႈိင္းမႈမ်ား ကို အသုံးျပဳႏိုင္သည္။ ထို စည္းမ်ဥ္းသစ္မ်ားတြင္ လက္ရွိ လစ္ဘရယ္ ကမာၻ႔ကုန္သြယ္ေရး မူေဘာင္ကေပးသည္ထက္  ျပည္တြင္းမူဝါဒ နယ္ပယ္တြင္ ပိုမိုက်ယ္ျပန႔္ေသာ မူေဘာင္ကိုခြင့္ျပဳသည့္ မူဝါဒႏွင့္ အယူအဆ မ်ားကို ထည့္သြင္းသင့္ေၾကာင္း မိမိတို႔ခန႔္မွန္းႏိုင္သည္။ လူ႔အဖြဲ႕အစည္းဆိုင္ရာတန္ဖိုးမ်ားကို စနစ္တက်အေလးေပးျခင္းႏွင့္ ျပဳျပင္ထားသည့္ လူမႈပဋိညာဥ္ မူေဘာင္ကို ဖြင့္ဆိုျခင္းလည္း ပါဝင္ႏိုင္သည္။ 
 
 
ေနာက္ဆုံးရလဒ္မွာ အားလုံးအက်ဳံးဝင္ေသာ ကမာၻတဝွစ္ဆက္စပ္ေျပာင္းလည္းေပါင္းစည္းမႈႏွင့္ လူဦးေရးအလႊာအားလုံးအတြက္အခြင့္အလမ္းႏွင့္တိုးတက္ေသာ လူေနမႈအဆင့္အတန္းမ်ားကိုေပးေသာ ကမာၻ႔ စနစ္ျဖစ္သင့္သည္။
 
 
(အယ္ဒီတာမွတ္ခ်က္- Dinos Stasinopoulos သည္ ဥေရာပသမဂၢ အရာရွိေဟာင္းျဖစ္သည္။ လက္ရွိအခ်ိန္တြင္ သူသည္ ကမာၻ႔စီးပြားေရးႏွင့္ အုပ္ခ်ဳပ္ေရး အတိုင္ပင္ခံအျဖစ္ေဆာင္႐ြက္ေနသည္။ ယခုေဆာင္းပါးသည္ သူ၏ အျမင္သာျဖစ္ၿပီး CGTN ၏ အျမင္ဟု မယူဆႏိုင္ပါ။)
 
 
  Linko