【 နိုင်ငံတကာ ဆောင်းပါး 】“ တရုတ်-အာဆီယံကုန်သွယ်ရေးနှင့် RCEP အကျိုးသက်ရောက်မှု”

【 နိုင်ငံတကာ ဆောင်းပါး 】“ တရုတ်-အာဆီယံကုန်သွယ်ရေးနှင့် RCEP အကျိုးသက်ရောက်မှု”

တရုတ် အပါအဝင် အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP)အဖွဲ့မှာ  ယခုနှစ်ဆန်းပိုင်း  ဇန်နဝါရီ ၁ ရက်တွင် စတင်အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။မူလက အဆိုပါအဖွဲ့တွင် အာဆီယံနိုင်ငံများနှင့် တရုတ်၊ အိန္ဒိယ၊ဂျပန်၊ဩစတြေးလျ၊နယူးဇီလန်၊ တောင်ကိုရီးယားနိုင်ငံတို့ ပါဝင်လာဖို့ရှိရာမှ နောက်ပိုင်းတွင် အိန္ဒိယက မပါဝင်လာသဖြင့် နိုင်ငံပေါင်း ၁၅ နိုင်ငံသာ ပါဝင်လာတော့သည်။ ထို ၁၅ နိုင်ငံထဲ အင်ဒိုနီးရှား၊ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့မှာ ဝင်ရောက်ရန် ကြန့်နေခြင်းကြောင့် လက်ရှိတွင် နိုင်ငံပေါင်း ၁၂ နိုင်ငံသာရှိနေသေးသည်။

RCEP မှာ တရုတ်၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်နှင့် အာဆီယံစီးပွားရေး ခြောက်နိုင်ငံဖြစ်သည့် စင်ကာပူ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်တို့အတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကုန်သွယ်ရေး သဘောတူစာချုပ် စတင်အသက်ဝင်ပြီး တောင်ကိုရီးယားမှာ ဖေဖေါ်ဝါရီ ၁ ရက်တွင် အသက်ဝင်ခဲ့သည်။ RCEP ၏ ပေါင်းစပ်စီးပွားရေးအရွယ်အစားမှာ အမေရိကန်ဒေါ်လာ ၂၆.၂ ထရီလီယံ (သို့) ကမ္ဘာ့ GDP ၏ ၃၀ ရာခိုင်နှုန်းဖြင့် လူပေါင်း ၂.၂ ဘီလီယံ၏ ဈေးကွက်ကို လွှမ်းခြုံထားသည်။ RCEP မိတ်ဖက်အဖွဲ့အောက်တွင် အဖွဲ့ဝင်များသည် စျေးကွက်ဝင်ရောက်ခွင့်စံနှုန်းများကို ပိုမိုဖြေလျှော့ပေးမည်ဖြစ်ပြီး၊ အခွန်စည်းကြပ်မှုများကို ဖြတ်တောက်ကာ အပြန်အလှန်မူဝါဒများကို ကမ်းလှမ်းမည်ဖြစ်သည်။

RCEP စတင်ချိန်က ကိုဗစ်ကပ်ဘေးကြောင့် နိုင်ငံတိုင်းစီးပွားရေးအနုတ်လက္ခဏာပြနေချိန်ဖြစ်သဖြင့် RCEP ကြောင့် Covid-19 ၏ အနုတ်လက္ခဏာစီးပွားရေးအကျိုးသက်ရောက်မှုများကိုထိရောက်စွာ ကာကွယ်နိုင်လိမ့်မည်ဟု တရုတ် ကုန်သွယ်ရေးဒုတိယဝန်ကြီး Ren Hongbin က ဆိုခဲ့သည်။ စက်မှုအသွင်ပြောင်းမှုကို တရုတ်နိုင်ငံက အရှိန်မြှင့်ပေးနေစဉ် တရုတ်ထုတ်ကုန်များ တင်ပို့မှုကို တိုးချဲ့မည်ဖြစ်သောကြောင့် ကုန်သွယ်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တည်ငြိမ်အောင်ထိန်းထားရန်အတွက် RCEP က “အင်အားကြီးမားသော လွှမ်းမိုးမှု” သဘောတူညီချက်အဖြစ် ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင်ခဲ့သည်။

အဆိုပါသဘောတူညီချက်တွင်  ကုန်ပစ္စည်းထောင်ပေါင်းများစွာအပေါ် အခွန်လျှော့ချခြင်း၊ ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများကို ချောမွေ့စေပြီး အဖွဲ့ဝင်နိုင်ငံများအတွက် အပြန်အလှန်အကျိုးရှိစေမည်ဖြစ်သည်။၎င်း တွင် e-commerce၊ ဉာဏပစ္စည်းပိုင်ဆိုင်မှုနှင့် အစိုးရဝယ်ယူရေးစသည့် ပြဿနာများကို ထည့်သွင်းစဉ်းစားထားသည်။ RCEP ၏ အကောက်ခွန်စည်းမျဥ်းများ အပြောင်းအလဲကြောင့် ဒေသတွင်းကုန်သွယ်မှုကို နှစ်ရာခိုင်နှုန်း သို့မဟုတ် ဒေါ်လာ ၄၂ ဘီလီယံ မြှင့်တင်နိုင်ရန် မျှော်လင့်ထားကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

တရုတ်အနေဖြင့် အာဆီယံ၊ သြစတြေးလျနှင့် နယူးဇီလန်တို့ကုန်သွယ်မှုစုစုပေါင်း၏  ၆၅ ရာခိုင်နှုန်း ကျော်ရှိသည့် တရုတ်ကုန်ပစ္စည်းများတင်ပို့မှုအပေါ် စည်းကြပ်ခွန်ကို  ဒေသတွင်းသဘောတူညီချက်အောက် သုညအထိ ရောက်ရန် မျှော်လင့်ထားသည်။ထို့အတူ အခြားအဖွဲ့ဝင်နိုင်ငံများကလည်း ကြီးမားသည့်တရုတ် စျေးကွက်သို့ ကုန်ပစ္စည်းတင်ပို့မှုကို စည်းကြပ်ခွန်ကို တရုတ်နည်းတူ မျှော်လင့်ထားကြသည်။  သဘောတူညီချက်အားဖြင့် RCEP အဖွဲ့ဝင်များအကြား ကုန်သွယ်မှု ၏ရာခိုင်နှုန်း ၉၀ ကျော် မှာ နောက်ဆုံးတွင် အကောက်ခွန်မဲ့ ဖြစ်လာမည်ဖြစ်သည်။

RCEP မှာ တရုတ်၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်နှင့် အာဆီယံစီးပွားရေး ခြောက်နိုင်ငံဖြစ်သည့် စင်ကာပူ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်တို့အတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကုန်သွယ်ရေး သဘောတူစာချုပ် စတင်အသက်ဝင်ပြီး တောင်ကိုရီးယားမှာ ဖေဖေါ်ဝါရီ ၁ ရက်တွင် အသက်ဝင်ခဲ့သည်။ RCEP ၏ ပေါင်းစပ်စီးပွားရေးအရွယ်အစားမှာ အမေရိကန်ဒေါ်လာ ၂၆.၂ ထရီလီယံ (သို့) ကမ္ဘာ့ GDP ၏ ၃၀ ရာခိုင်နှုန်းဖြင့် လူပေါင်း ၂.၂ ဘီလီယံ၏ ဈေးကွက်ကို လွှမ်းခြုံထားသည်။ RCEP မိတ်ဖက်အဖွဲ့အောက်တွင် အဖွဲ့ဝင်များသည် စျေးကွက်ဝင်ရောက်ခွင့်စံနှုန်းများကို ပိုမိုဖြေလျှော့ပေးမည်ဖြစ်ပြီး၊ အခွန်စည်းကြပ်မှုများကို ဖြတ်တောက်ကာ အပြန်အလှန်မူဝါဒများကို ကမ်းလှမ်းမည်ဖြစ်သည်။

RCEP စတင်ချိန်က ကိုဗစ်ကပ်ဘေးကြောင့် နိုင်ငံတိုင်းစီးပွားရေးအနုတ်လက္ခဏာပြနေချိန်ဖြစ်သဖြင့် RCEP ကြောင့် Covid-19 ၏ အနုတ်လက္ခဏာစီးပွားရေးအကျိုးသက်ရောက်မှုများကို ထိရောက်စွာ ကာကွယ်နိုင်လိမ့်မည်ဟု တရုတ် ကုန်သွယ်ရေးဒုတိယဝန်ကြီး Ren Hongbin က ဆိုခဲ့သည်။ စက်မှုအသွင်ပြောင်းမှုကို တရုတ်နိုင်ငံက အရှိန်မြှင့်ပေးနေစဉ် တရုတ်ထုတ်ကုန်များ တင်ပို့မှုကို တိုးချဲ့မည်ဖြစ်သောကြောင့် ကုန်သွယ်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တည်ငြိမ်အောင်ထိန်းထားရန်အတွက် RCEP က “အင်အားကြီးမားသော လွှမ်းမိုးမှု” သဘောတူညီချက်အဖြစ် ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင်ခဲ့သည်။

RCEP တွင် အာဆီယံက အဓိကအခန်းကဏ္ဍနေရာတွင် ရှိသော်လည်း ပေကျင်းကသာ ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်နေသည်ကို မြင်တွေ့ရသည်။ RCEP သဘောတူညီချက်အရ အာဆီယံနိုင်ငံများမှ အုန်းနို့၊ နာနတ်သီးထွက်ကုန်များနှင့် စက္ကူထုတ်ကုန်များ တရုတ်နိုင်ငံသို့ တင်သွင်းမှုအပေါ် အခွန်စည်းကြပ်မှုများတဖြည်း ဖြည်း ရုတ်သိမ်းသွားမည်ဖြစ်သည်။ RCEPတွင် လယ်ယာထွက်ကုန်များ၊ ထုတ်လုပ်သော ကုန်ပစ္စည်းများနှင့် အစိတ်အပိုင်းများ ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကို လျှော့ချပေးသောကြောင့် အခြားဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အခွင့်အလမ်းဖြစ်စေသည်။ ထိုအခွင့်အရေးကို ယခုအခါ တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးရှိသည့် ထိုင်း (လာအိုမှတစ်ဆင့်)၊လာအို၊ကမ္ဘောဒီးယား၊ဗီယက်နမ်စသည့်နိုင်ငံများမှ လယ်ယာထွက်ကုန်နှင့် ထုတ်လုပ်သည့် ကုန်ချောများကို RECP စတင်သည့် ဇန်နဝါရီ ၁ ရက်မှစတင်ကာ ရယူနေကြပြီ ဖြစ်သည်။

RCEP ၏ ထူးခြားမှုမှာ ပါဝင်သည့် နိုင်ငံ ၁၅ နိုင်ငံစလုံးမှာ အာရှ-ပစိဖိတ်နိုင်ငံများဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး  လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်စာချုပ်အရ ကြီးမားသောအခွင့်အရေးကို ရယူရန် နိုင်ငံအားလုံးက တာစူနေကြခြင်းဖြစ်သည်။ အထူးသဖြင့် ကြီးမားသည့်စျေးကွက်ရှိနေသည့် တရုတ်၏ လူဦးရေ တစ်ဘီလျံကျော်ရှိသည့် စျေးကွက်ကြီးဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် RCEP အဖွဲ့ဝင်များမှ တရုတ်နိုင်ငံ၏ သွင်းကုန်သည်  အမေရိကန် ဒေါ်လာ ၇၇၇.၉ ဘီလီယံ သို့ရောက်ရှိခဲ့ပြီး နိုင်ငံ၏ပို့ကုန်မှာ အမေရိကန်ဒေါ်လာ ၇၀၀.၇ ဘီလီယံထက် ကျော်လွန်ခဲ့ သည်။  ၂၀၂၁ခုနှစ် ပထမ ၁၁ လအတွင်းတွင်မှု  တရုတ်နှင့် RCEP အဖွဲ့ဝင်နိုင်ငံများကြား သွင်းကုန်တင်ပို့မှုသည် စုစုပေါင်း ယွမ် ၁၀.၉၆ ထရီလျံ (အမေရိကန်ဒေါ်လာ ၁.၇၂ ထရီလီယံ) ရှိပြီး တရုတ်နိုင်ငံ၏ စုစုပေါင်း နိုင်ငံ ခြားကုန်သွယ်မှုတန်ဖိုး၏ ၃၁ ရာခိုင်နှုန်းရှိခဲ့သည်။

RCEP အသက်ဝင်လာချိန်မှစ၍ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် e-commerce တိုးတက်မှုကို ထပ်မံမြှင့်တင်နိုင်ခဲ့ပြီး သွင်းကုန်နှင့် ပို့ကုန်ပမာဏလည်း မြင့်တက်လာခဲ့သည်။၂၀၂၂ ခုနှစ် ပထမသုံးလပတ်အတွင်း အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ အာဆီယံသို့ တရုတ်နိုင်ငံ၏ ပို့ကုန်နှင့် သွင်းကုန်မှာ ယွမ် ၁.၃၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၀၂.၂ ဘီလီယံ) အထိ ရောက်ရှိခဲ့ပြီး ယမန်နှစ်ကထက် ၈.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံ၏ စုစုပေါင်း နိုင်ငံခြား ကုန်သွယ်ရေး၏ ၁၄.၄ ရာခိုင်နှုန်း ရှိခဲ့သည်။

တရုတ်နှင့် RCEP အဖွဲ့ဝင် အာဆီယံနိုင်ငံများကြား ကုန်သွယ်မှုမှာ ၂၀၂၂  ခုနှစ် ပထမ လေးလပတ်အတွင်း တရုတ်နိုင်ငံ စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုပမာဏ၏ ၁၄.၆ ရာခိုင်နှုန်းရှိခဲ့သည်။ ထို့ကြောင့် အာဆီယံမှာ တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်လက်တည်ရှိကာ အီးယူနှင့် အမေရိကန်တို့က ဒုတိယနှင့် တတိယ အဆင့်ဖြင့် ရပ်တည်ခဲ့သည်။ ဇန်နဝါရီလမှ ဧပြီလအထိ တရုတ်-အာဆီယံ ကုန်သွယ်မှု စုစုပေါင်းသည် ယွမ် ၁.၈၄ ထရီလီယံ (ဒေါ်လာ ၂၇၄.၅ ဘီလီယံ) ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၇.၂ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။

တရုတ်အထွေထွေ အကောက်ခွန် စီမံခန့်ခွဲမှုဦးစီးဌာနမှ အချက်အလက် များအရ ၂၀၂၂ ခုနှစ် ပထမ ငါးလအတွင်း တရုတ်နိုင်ငံနှင့် အာဆီယံကြား စုစုပေါင်း ကုန်သွယ်မှုပမာဏသည် ယွမ် ၂.၃၇ ထရီလီယံ အထိ ရောက်ရှိလာခဲ့ပြီး ၈.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။အဆိုပါ ကာလ အတွင်း တရုတ်နိုင်ငံနှင့် အာဆီယံ ကြား ကုန်သွယ်ရေး သည် ၄၇.၂ ရာခိုင်နှုန်း (သို့မဟုတ်) RCEP မိတ်ဖက်နိုင်ငံ များနှင့် တရုတ် နိုင်ငံခြား ကုန်သွယ်ရေး၏ ထက်ဝက် နီးပါးရှိခဲ့သဖြင့် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက် ဥရောပသမဂ္ဂ (EU) နှင့် ကုန်သွယ်မှုပမာဏထက် ကျော်လွန်ခဲ့သည်။  

ထိုကိန်းဂဏန်းအချက်အလက်များအရ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP)မှာ စတင်အသက်ဝင်လာသည်နှင့် တရုတ်နှင့်အာဆီယံအဖွဲ့ဝင်များကြား ကုန်သွယ်မှုမှာ ထိုးတက်ခဲ့သည်။ ထိုကုန်သွယ်ရေးစည်းကြပ်အခွန်လျော့ပေါ့မှုကို နှစ်ဘက်စလုံးက အရယူနိုင်ခဲ့သည်ကိုတွေ့ရသည်။ ကမ္ဘာ့လူဦးရေနှင့် ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်းထုတ်ကုန်၏ ၃၀ ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံထားသည့် ကုန်သွယ်ရေးအဖွဲ့အစည်း တစ်ခုဖြစ်သော RCEP မှာ Covid-19 လွန်ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန် ထူလာစေရန် အင်ဂျင်တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန် ရည်မှန်းထားကြသည်။ ယခုတွင်ပင် ဒေသတွင်း စီးပွားရေးကို RCEPက စတင်မောင်းနှင်နေပြီ ဖြစ်သည်။ ရှေ့လာမည့်ကာလတွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံ အားလုံး RCEP တွင် ပါဝင်လာသည့်အခါ တရုတ်နှင့် RECP ကုန်သွယ်မှုအတွင်း အာဆီယံ၏ ကုန်သွယ်မှုအခန်းကဏ္ဍက မည်မျှကြီးမားလာနိုင်မည်လဲဆိုသည်ကို စောင့်ကြည်ရတော့မည် ဖြစ်သည်။

 လင်းသစ်အောင်