ဆားပုလင်းမောင်ဗြိ နှင့် ရွှေမှ ကြေးဖြစ်သွားသောအမှု

ဆားပုလင်းမောင်ဗြိ နှင့် ရွှေမှ ကြေးဖြစ်သွားသောအမှု

                      

တစ်နေ့သ၌ ကျွန်ုပ် ဒေါက်တာအဲလက်စ် နှင့် ဆားပုလင်းမောင်ဗြိ တို့သည် အလုံလမ်း၊ အမှတ်(၂၇)နေအိမ်တွင် ရှိနေကြလေသည်။မိုးကလေးကလည်း တစိမ့်စိမ့်ရွာနေသည်တွင် ဆားပုလင်းမောင်ဗြိ သည် လွန်စွာမှ ထူထဲလှသော စာအုပ်ကြီးတစ်အုပ်အား ခေါင်းအုံးလျက် သူ၏ ဖုန်းထဲ မှ မော်ဒယ်လ်မင်းသမီးပုံများကို တစ်ပုံပြီး တစ်ပုံး ပြူးပြဲကြည့်ရှုနေ၏။

ကျွန်ုပ်သည်လည်း ရေဒီယိုမှလာနေသော ပါမောက္ခချုပ်ဆရာတော်ကြီး၏ တရားတော်များကို နှလုံး သွင်းလျက် ချဲတွက်နေလေသည်။ကျွန်ုပ်တို့ နှစ်ဦး ထိုကဲ့သို့ ဇိမ်ကျနေသည်ကို မနာလို မရှုစိမ့် နိုင် သည့်အလား ကိုမောင်ဗြိ ၏ ဖုန်းသံသည် တတွီတွီ မြည်လာလေ၏။ကိုမောင်ဗြိ လည်း ဖုန်းကို ကိုင်လျက် အိမ်သာထဲဝင်သွားလေသည်။မကြာမီ ပြန်ထွက်လာပြီးနောက် ''ဒေါက်တာရေ…..ညနေ သုံးနာရီကျရင် ဂျူဗလီဟောမှာ ဘင်္ဂလားပြည်ကလာတဲ့ မျက်လှည့်ပညာရှင် ဂျိုကာ ရဲ့ မျက်လှည့်ပွဲရှိသဗျ..အဲ့ဒါ ကျုပ်တို့ သွားကြည့်ကြမယ်''

မိုးရာသီဖြစ်သည့်အလျောက် ပွဲလမ်းသဘင်များ ပါးရှားလှသည်ဖြစ်ရာ ကျွန်ုပ်လည်း ပွဲငတ် လှသဖြင့် ဝမ်းပန်းတသာဖြစ်သွားလေသည်။ညနေ နှစ်နာရီခွဲသောအခါ ကျွန်ုပ်နှင့် ဆားပုလင်းမောင်ဗြိ တို့သည် ပွဲကျင်းပရာ ဂျူဗလီဟောသို့ ဂရပ်အငှားယာဉ်ဖြင့် ထွက်ခွာခဲ့လေသည်။

ပွဲတွင် မျက်လှည့်ပညာရှင် ဂျိုကာသည် ဝီစကီဝမ်းလီတာ ပုလင်းကြီးအား ပါးစပ်မှ ဝါးစားပြပြီး ဖင်ထဲမှ ပြန်ထုတ်ပြခြင်း၊ အုတ်နီခဲတစ်လုံးအား ဖင်ထဲသို့ ထည့်ကာ ပါးစပ်မှ ပြန်ထုတ်ပြခြင်း စသည် အံသြဖွယ်ပညာရပ်များကို ပြသလေသည်။
 

ဆရာဂျိုကာ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းမှတဆင့် ကျော်ကြားလာသည့် ကမ္ဘာသိ ပညာရှင် တစ်ဦး ဖြစ်သည့်အတွက် ကျွန်ုပ်မှာ လွန်စွာမှ ချီးကျူးမိပေသည်။

ထိုအချိန်တွင် ကျွန်ုပ်၏ ဘေး၌ ထိုင်နေသော ကိုမောင်ဗြိ သည် မျက်လှည့်ပွဲကို စိတ်ဝင်တစား ကြည့်နေရာမှ ကျွန်ုပ်ဘက်သို့ လက်တို့ပြီး ''ဒေါက်တာက ဘင်္ဂလားက ပညာရှင်ကို သိပ်အံသြနေ တယ်ထင်တယ်'' ဟု ဆိုလိုက်လေသည်။

ကိုမောင်ဗြိသည်သူတစ်ထူး၏စိတ်ထဲကအတွေးများကိုပင်သိနိုင်သည့်သူတစ်ဦးဖြစ်ကြောင်း ရှေးမဆွကတည်းက ကျွနု်ပ်သိပြီးသားဖြစ်သည့်အလျောက် ထူးပြီး မအံသြတော့ချေ။

သို့သော် ကိုမောင်ဗြိ ဆက်ပြောသောစကားကြောင့် ကျွန်ုပ်မှာ အံသြတကြီးဖြစ်ရချေသည်။

''ဆရာဂျိုကာ က ပုလင်းတွေ စားပြတာ ခင်ဗျားက အံသြနေတယ်။ ကျုပ်တို့ဆီမှာ ပုလင်းတင် မက ပုလင်းရော၊ ပုံး တွေပါ ဝါးပြ စားပြတဲ့ ပညာရှင်တွေအများကြီးမှ အများကြီးဗျ''

''ဟုတ်ပါ့မလား..ကိုမောင်ဗြိရာ…ဘယ်မျက်လှည့်ဆရာတွေတုန်းဗျ..ကျုပ်သိတဲ့သူများပါမလား''

''သြော်..ဒေါက်တာရယ်..ပုလင်းတွေ၊ ပုံးတွေစားပြတိုင်း မျက်လှည့်ဆရာမှတ်နေတယ်။ မယုံ ဒီနေ့ထုတ်သတင်းစာတွေ ဝယ်ဖတ်ကြည့်စမ်းပါ။

ဘလူးလေဘယ်ပုလင်းနဲ့ ပုံးပေါင်း တစ်ရာကျော် စားပြတဲ့ တရားရေးချုပ် တို့၊ ဂိုးလ်လေဘယ် ပုလင်း နဲ့ ပုံးပေါင်းသုံးရာကျော်စားတဲ့ တရားသူကြီးတို့..တွေ့ရပါလိမ့် မယ်..အောင်မယ်… ပါတိတ်ထမီနဲ့ ပုံးငါးဆယ်လောက်စားပြတဲ့ အမျိုးသမီး ပညာရှင်တောင် ပါသေးဗျား''

ကြားမြင်ဗဟုသုတနှံ့စပ်လှသော ကိုမောင်ဗြိ ၏ စကားကို ကြားရသည့်အခါ ကျွန်ုပ်မှာ ကိုယ့်နိုင်ငံတော် ကြီးမှ ထိုမျုှ ထူးချွန်သော အစားပညာရှင်များ ထွက်သည့်အတွက် များစွာ ဂုဏ်ယူမိလေသည်။

ဂျူဗလီဟောပွဲပြီးသောအခါ ကျွန်ုပ်နှင့် ကိုမောင်ဗြိ သည် ဆူးလေဘုရင်မပန်းခြံရှေ့မှ တေလဂူမလေး ဟမ်မလာ ရောင်းသည့် တစ်ပွဲ သုံးရာတန် ဆမူဆာသုပ်ကို မြိန်ရည်ရှက်စားသောက်ကြလေသည်။

ထိုသို့ စားသောက်ပြီးနောက် ကိုမောင်ဗြိ က

''ဒေါက်တာရေ…နေဝင်ရီပျိုးလေးတော့ ဖြစ်နေပြီဗျ..ဒီကနေ ရွှေတိဂုံကိုသွားရင် မှောင်စပျိုးဖြစ်နေမှာပဲ..သွားကြရအောင်''

ကျွန်ုပ်နှင့်  ကိုမောင်ဗြိ တို့သည် ရွှေတိဂုံဘုရားဘက်သို့ အငှားယာဉ်ဖြင့် ထပ်ထွက်လာခဲ့လေသည်။

''အိုင်ဆေး….ကိုမောင်ဗြိ…ထူးထူးခြားခြား ဘုရားတွေဘာတွေသွားလို့..ခင်ဗျား..ဘာသာရေးဘက် လှည့်ပြန်ပြီလား''

''မဟုတ်ပါဘူး..ဒေါက်တာရာ..ဒီမှာလေ''

ကိုမောင်ဗြိ က ကျွန်ုပ်အား ပလက်စတစ်အိတ်တစ်ခု ထုတ်ပြလေသည်။

''ဘုရားသွားတာနဲ့ အဲ့ဒီ ပလတ်စတစ်အိတ်နဲ့ ဘာဆိုင်တုန်းဗျ''

''ဆိုင်သပေါ့..ဒေါက်တာ..ဒါ ခုန ဆမူဆာသုတ်သည် ဟမ်မလားဆီက တောင်းလာတဲ့
အိတ်… ကျုပ်တို့ ရွှေတိဂုံပေါ်ရောက်တာနဲ့ မှောင်စပျိုးပြီဗျ..ဆလိုက်တွေမဖွင့်ခင် အလင်းရောင်မှောင်ဝါးဝါးမှာ ဂြိုလ်တိုင်တွေမှာ ရေသပ္ပါယ်သလိုလိုနဲ့ ဖယောင်းတိုင်တွေ လိုက်ခွာကြမယ်လေဗျာ…မိုးကုန်ရင် မီးက စပျက်တော့မယ်..ဒီတော့ ကျုပ်တို့ ဖယောင်းတိုင်ဖိုး သက်သာတာပေါ့ဗျ'' ထိုသို့ အကွက်ကျော်မြင်ပြီး ဖြတ်ထိုးဉာဏ်ကောင်းလှသော ကိုမောင်ဗြိ သည် စီးပွားရေးသမား လုပ်လျင် အောင်မြင်မည်မုချ ဖြစ်သည်ဟု ကျွန်ုပ် အာမခံပါသည်။

ယခုတော့ ကိုမောင်ဗြိ သည် စုံထောက်တစ်ယောက်ဖြစ်နေသည် က မြန်မာ့စီးပွားရေးလောက အတွက် နစ်နာလှချေသည်ဟု ထင်မြင်မိပါ၏။

ကျွန်ုပ်တို့ နှစ်ဦးသား ရွှေတိဂုံစေတီတော်ပေါ် တက်ရောက်လာသောအခါ အလွန်ထူးဆန်းသော အဖြစ်နှင့် ကြုံရလေသည်။

မှောင်ခါစ ကောင်းကင်နောက်ခံဖြင့် စေတီတော်ကြီးမှာ ငှက်ပျောဖူးအောက်ဘက်ရှိ ဖောင်းရစ်သည် လုံးဝကွယ်ပျောက်လျက်ရှိ၏။

''ဒုက္ခပါပဲ..ကိုမောင်ဗြိ ရေ…ခင်ဗျား..ရွှေတိဂုံဘုရားဖူးလာတဲ့ မဖဲဝါနဲ့ ကိုစံမှဲ့ တို့မောင်နှမ ဇာတ် ကြားဖူးတယ်မဟုတ်လား။ အင်းသူကြီးကို စံမှဲ့က အကုသိုလ်တွေများလွန်းလို့ ဘုရားကြီး ကွယ်နေတာလေ..အခုလည်း ကျုပ်တို့ နှစ်ယောက် အကုသိုလ် နည်းနည်းများနေလို့ ဘုရားကြီးက အလယ်ကနေ  ကွက်ပြီးပျောက်နေတာထင်တယ်ဗျာ''

ကျွုန်ုပ်၏ အထိတ်တလန့်စကားကို ကိုမောင်ဗြိက မခိုးမခန့်ပြုံးရင်း သူ့ ထုံးစံအတိုင်း ဘယ်ဘက် လက်ညိုးဖြင့် တင်ပါးကို ကုတ်နေလေသည်။

''အင်း..ဒီကိစ္စ..ဒေါက်တာထင်သလို မဟုတ်လောက်ပါဘူး..အရင်က ကျုပ်တို့ ထက် အကုသိုလ် အပုံကြီးများတဲ့ အဝိစိဂျိုးကပ်ကြီးများတောင် ဘုရားပေါ်တက် ထီးတွေတင် ဘာတွေတင် လုပ်ကြသေး တာပဲ..ကျုပ် တို့ ဘုရားလူကြီး

မိတ်ဆွေတွေဆီ ဝင်စနည်းနာကြည့်တာပေါ့''

ထိုသို့နှင့် ကျွန်ုပ်တို့နှစ်ဦးသား ဘုရားလူကြီးရုံးခန်းဆီသို့ ထွက်လာကြလေသည်။ဂေါပက ရုံးခန်း သို့ ရောက်သောအခါ ယောဂီဝမ်းဆက်ဝတ်ထားပြီး အင်မတန်မှ ကြည်ညိုစရာကောင်းသော အဘကြီးတစ်ဦးသည် ဘုရားကြီးဘက် မျက်နှာမူလျက်..မျက်စိကို မှိတ်ကာ ပါးစပ်မှ လှုပ်စိလှုပ်စိနှင့် ရွတ်ဖတ်နေလေသည်။

ကျွန်ုပ်တို့လည်း သူအာရုံပျက်မည်ဆိုးသဖြင့် နဘေးနားခုံတွင် အသာဝင်ထိုင်ကာ သူရွတ်ဖတ်မှုပြီးသည်အထိ စောင့်နေ၏။

ရွတ်ဖတ်သံ တိုးတိုးလေးဖြစ်သဖြင့် ကိုမောင်ဗြိက အသံကို သေချာနားထောင်ရန် ကျွန်ုပ်အား အချက်ပြသည်နှင့် ကျွန်ုပ်လည်း ကပ်ပြီး နားထောင်မိသောအခါ ဘုရားလူကြီးအဘသည် လွန်စွာမှ ထူးဆန်းသော ဂါထာတစ်ပုဒ်ကို ရွတ်ဆိုနေသည်ကို အောက်ပါအတိုင်းကြားရပါတော့သည်။

''ဖယောင်းတင်ဒါ…ရွှေအမှိုက်တင်ဒါ..လင်းနို့ချေးတင်ဒါ..အလှူခံသေတ္တာ…သေတ္တာ..တင်ဒါ..တင်ဒါ..တင်ဒါ''အတန်ကြာသော အဘသည် ရွတ်ဖတ်မှုကို ရပ်လိုက်ပြီး ကျွန်ုပ်တို့ ဘက်လှည့်လိုက်လေ သည်။

''သြော်..ဘယ်သူများလဲလို့ ကိုမောင်ဗြိ တို့ပါလား…..ဘာကိစ္စများလဲဗျ''ကိုမောင်ဗြိ က စကားမဆိုပဲ..လှမ်းမြင်နေရသည့် ဘုရားကြီး၏ ဖောင်းရစ်မဲမဲ ဆီသို့ သာ လက်ညွှန်းထိုးပြလေသည်။

''ဟုတ်တယ်ဗျာ…အဲ့ဒီကိစ္စ ကျုပ်တို့လည်း ခေါင်းစားနေတာပေါ့….ဖေ့ဘွတ်ပေါ်က ပညာရှင်တွေ ကတော့ အမျိုးမျိုးပြောနေကြတာပဲ..အရင်သူတော်ကောင်းအဘတွေက ရွှေကို ကြေးတွေနဲ့ ရောပြီး ဂျင်းထည့်လို့ မည်းကုန်တာ လို့လည်းဆိုတယ်….ရွှေကို အပြားခတ်ရာမှာ နေဒဏ်လေဒဏ်ခံနိုင် ဖို့ ကြေးရောရတယ်ဆိုလို့အချို့ကလည်း အကြောင်းပြလာတယ်..ဘုရားမှာ သူ့ဘာသာသူ ကပ်ထားတာ သွားခွာတော့ အလှူရှင်တွေ ကဗ္ဗည်းပျောက်ပြီ းရင်ထုမနာဖြစ်ကြ မယ်ဆိုပြီး အဘတွေရဲ့ ကျွန်ုယုံတော်ပညာရှိကြီးတွေကလည်း ဆိုတယ်..ကျုပ်တို့ကတော့ ဘာကြောင့်ရွှေတွေက ကြေးလို မဲကုန်လည်း စဉ်းစားမရဘူးဗျာ.. ဒီကိစ္စရဲ့ တရားခံကို ကိုမောင်ဗြိ ဖော်လို့ ''
ကိုမောင်ဗြိ သည် တစ်စုံတစ်ရာကို လေးလေးနက်နက်စဉ်းစားလျင် သူလုပ်နေကျပုံစံအတိုင်း တင်ပါးကို ကောက်လျက် ဘယ်ဘက်လက်ဖြင့် တဗျစ်ဗျစ်ကုတ်ကာ မျက်လုံးကို မှေးစင်းထား၏။

ဘုရားလူကြီးအဘမှာလည်း ကိုမောင်ဗြိ ထံမှ အဖြေအား ကြည်ညိုသော မျက်လုံးအစုံဖြင့် ငေးကာစောင့်မျှော်နေဟန်တူသည်။

ခဏ အကြာ တဗျစ်ဗျစ် ကုတ်သံ ရပ်သွား၏။

ကိုမောင်ဗြိ မျက်လုံးများ ပွင့်လာ၏။

''အဘ ပုဂံခေတ်က ရှင်အဇ္ဇဂေါဏ ဆိုတာ ကြားဖူးလား''

''ကြားဖူးတယ်လေ…ကိုမောင်ဗြိ''

'' ပြဒါးသေ တဆွေ၀ ..  သံသေ  တပြည်၀ ဆိုသလို ရှင်အဇ္ဇဂေါဏ ဟာ ပုဂံပြည်ကြီးက ရှိသမျှ ကြေးတွေကို ရွှေဖြစ်စေခဲ့လို့ မုဆိုးမတောင် ဘုရားတည်နိုင်တယ်မဟုတ်လားဗျ''

''ဟုတ်ပါတယ်..ကိုမောင်ဗြိ''

''အခု..ဒီဘုရားကြီးက ရွှေတွေက ပုဂံခေတ်က ရှင်အဇ္ဇဂေါဏ အစွမ်းကြောင့် ကြေးကနေ ရွှေဖြစ်သွားတဲ့ ရွှေတွေဗျ''

''အလို..ဒါဆို..ဘာဖြစ်လို့….အခု ကြေးပြန်ဖြစ်ကုန်တာလဲဗျ''

''ဒါက ဒီလိုရှိတယ်ဗျ….ရှင်အဇ္ဇဂေါဏ က ကြေးတွေကို ရွှေဖြစ်အောင် လုပ်တော့ သက်တမ်းကုန်ဆုံးရက်စွဲရှိတယ်..အင်္ဂလိပ်လိုဆို အိတ်စပရက်ရာဒိတ်ပေါ့ဗျာ….အခု အဲ့ဒီ ရွှေတွေဟာ သက်တမ်း
ကုန်ဆုံးသွားတော့ ကြေးပြန်ဖြစ်သွားတဲ့သဘောပဲ..ဘယ်သူ့မှာမှ အပြစ်မရှိပါဘူးဗျာ…. တကယ့် တရားခံအစစ်က ရှင်အဇ္ဇဂေါဏကိုယ်တော်ကြီးပဲဗျိုး…''

ထိုအခါမှပင် ဘုရားလူကြီးအဘသည် သက်ပြင်းချလျက်..''ကိုမောင်ဗြိ ကျေးဇူး ကြီးလှပါတယ်ဗျာ..ကျုပ်တို့ အားလုံး အငြင်းအခုံဖြစ်နေတဲ့ ကိစ္စ..ကိုမောင်ဗြိ လာမှပဲ ရှင်းသွားတော့တယ်..ကျေးဇူးကြီးလှပါတယ်..မောင်မင်းကြီးသား''

ထို့နောက်တွင်တော့ ကျွနု်ပ်တို့လည်း ဘုရာလူကြီး ဧည့်ခံသော မုန့်ပဲသရေစာများကို စားသောက်ပြီးနောက် ဘုရားကြီးအား လက်ျာရစ် လှည့်လည်ပြီး ဂြိုလ်တိုင်အစေ့ ဖယောင်းတိုင်များခွာကာ အိမ်ပြန်ခဲ့လေတော့သတည်း။

ဗြိတိသျှကိုကိုမောင်   

 

(  Zawgyi  )

တစ္ေန႔သ၌ ကြၽန္ုပ္ ေဒါက္တာအဲလက္စ္ ႏွင့္ ဆားပုလင္းေမာင္ၿဗိ တို႔သည္ အလုံလမ္း၊ အမွတ္(၂၇)ေနအိမ္တြင္ ရွိေနၾကေလသည္။မိုးကေလးကလည္း တစိမ့္စိမ့္႐ြာေနသည္တြင္ ဆားပုလင္းေမာင္ၿဗိ သည္ လြန္စြာမွ ထူထဲလွေသာ စာအုပ္ႀကီးတစ္အုပ္အား ေခါင္းအုံးလ်က္ သူ၏ ဖုန္းထဲ မွ ေမာ္ဒယ္လ္မင္းသမီးပုံမ်ားကို တစ္ပုံၿပီး တစ္ပုံး ျပဴးၿပဲၾကည့္ရႈေန၏။

ကြၽန္ုပ္သည္လည္း ေရဒီယိုမွလာေနေသာ ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီး၏ တရားေတာ္မ်ားကို ႏွလုံး သြင္းလ်က္ ခ်ဲတြက္ေနေလသည္။ကြၽန္ုပ္တို႔ ႏွစ္ဦး ထိုကဲ့သို႔ ဇိမ္က်ေနသည္ကို မနာလို မရႈစိမ့္ ႏိုင္ သည့္အလား ကိုေမာင္ၿဗိ ၏ ဖုန္းသံသည္ တတြီတြီ ျမည္လာေလ၏။ကိုေမာင္ၿဗိ လည္း ဖုန္းကို ကိုင္လ်က္ အိမ္သာထဲဝင္သြားေလသည္။မၾကာမီ ျပန္ထြက္လာၿပီးေနာက္ ''ေဒါက္တာေရ…..ညေန သုံးနာရီက်ရင္ ဂ်ဴဗလီေဟာမွာ ဘဂၤလားျပည္ကလာတဲ့ မ်က္လွည့္ပညာရွင္ ဂ်ိဳကာ ရဲ႕ မ်က္လွည့္ပြဲရွိသဗ်..အဲ့ဒါ က်ဳပ္တို႔ သြားၾကည့္ၾကမယ္''

မိုးရာသီျဖစ္သည့္အေလ်ာက္ ပြဲလမ္းသဘင္မ်ား ပါးရွားလွသည္ျဖစ္ရာ ကြၽန္ုပ္လည္း ပြဲငတ္ လွသျဖင့္ ဝမ္းပန္းတသာျဖစ္သြားေလသည္။ညေန ႏွစ္နာရီခြဲေသာအခါ ကြၽန္ုပ္ႏွင့္ ဆားပုလင္းေမာင္ၿဗိ တို႔သည္ ပြဲက်င္းပရာ ဂ်ဴဗလီေဟာသို႔ ဂရပ္အငွားယာဥ္ျဖင့္ ထြက္ခြာခဲ့ေလသည္။

ပြဲတြင္ မ်က္လွည့္ပညာရွင္ ဂ်ိဳကာသည္ ဝီစကီဝမ္းလီတာ ပုလင္းႀကီးအား ပါးစပ္မွ ဝါးစားျပၿပီး ဖင္ထဲမွ ျပန္ထုတ္ျပျခင္း၊ အုတ္နီခဲတစ္လုံးအား ဖင္ထဲသို႔ ထည့္ကာ ပါးစပ္မွ ျပန္ထုတ္ျပျခင္း စသည္ အံၾသဖြယ္ပညာရပ္မ်ားကို ျပသေလသည္။
 

ဆရာဂ်ိဳကာ သည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ဒုကၡသည္စခန္းမွတဆင့္ ေက်ာ္ၾကားလာသည့္ ကမာၻသိ ပညာရွင္ တစ္ဦး ျဖစ္သည့္အတြက္ ကြၽန္ုပ္မွာ လြန္စြာမွ ခ်ီးက်ဴးမိေပသည္။

ထိုအခ်ိန္တြင္ ကြၽန္ုပ္၏ ေဘး၌ ထိုင္ေနေသာ ကိုေမာင္ၿဗိ သည္ မ်က္လွည့္ပြဲကို စိတ္ဝင္တစား ၾကည့္ေနရာမွ ကြၽန္ုပ္ဘက္သို႔ လက္တို႔ၿပီး ''ေဒါက္တာက ဘဂၤလားက ပညာရွင္ကို သိပ္အံၾသေန တယ္ထင္တယ္'' ဟု ဆိုလိုက္ေလသည္။

ကိုေမာင္ၿဗိသည္သူတစ္ထူး၏စိတ္ထဲကအေတြးမ်ားကိုပင္သိႏိုင္သည့္သူတစ္ဦးျဖစ္ေၾကာင္း ေရွးမဆြကတည္းက ကြၽႏု္ပ္သိၿပီးသားျဖစ္သည့္အေလ်ာက္ ထူးၿပီး မအံၾသေတာ့ေခ်။

သို႔ေသာ္ ကိုေမာင္ၿဗိ ဆက္ေျပာေသာစကားေၾကာင့္ ကြၽန္ုပ္မွာ အံၾသတႀကီးျဖစ္ရေခ်သည္။

''ဆရာဂ်ိဳကာ က ပုလင္းေတြ စားျပတာ ခင္ဗ်ားက အံၾသေနတယ္။ က်ဳပ္တို႔ဆီမွာ ပုလင္းတင္ မက ပုလင္းေရာ၊ ပုံး ေတြပါ ဝါးျပ စားျပတဲ့ ပညာရွင္ေတြအမ်ားႀကီးမွ အမ်ားႀကီးဗ်''

''ဟုတ္ပါ့မလား..ကိုေမာင္ၿဗိရာ…ဘယ္မ်က္လွည့္ဆရာေတြတုန္းဗ်..က်ဳပ္သိတဲ့သူမ်ားပါမလား''

''ေၾသာ္..ေဒါက္တာရယ္..ပုလင္းေတြ၊ ပုံးေတြစားျပတိုင္း မ်က္လွည့္ဆရာမွတ္ေနတယ္။ မယုံ ဒီေန႔ထုတ္သတင္းစာေတြ ဝယ္ဖတ္ၾကည့္စမ္းပါ။

ဘလူးေလဘယ္ပုလင္းနဲ႔ ပုံးေပါင္း တစ္ရာေက်ာ္ စားျပတဲ့ တရားေရးခ်ဳပ္ တို႔၊ ဂိုးလ္ေလဘယ္ ပုလင္း နဲ႔ ပုံးေပါင္းသုံးရာေက်ာ္စားတဲ့ တရားသူႀကီးတို႔..ေတြ႕ရပါလိမ့္ မယ္..ေအာင္မယ္… ပါတိတ္ထမီနဲ႔ ပုံးငါးဆယ္ေလာက္စားျပတဲ့ အမ်ိဳးသမီး ပညာရွင္ေတာင္ ပါေသးဗ်ား''

ၾကားျမင္ဗဟုသုတႏွံ႔စပ္လွေသာ ကိုေမာင္ၿဗိ ၏ စကားကို ၾကားရသည့္အခါ ကြၽန္ုပ္မွာ ကိုယ့္ႏိုင္ငံေတာ္ ႀကီးမွ ထိုမ်ဳွ ထူးခြၽန္ေသာ အစားပညာရွင္မ်ား ထြက္သည့္အတြက္ မ်ားစြာ ဂုဏ္ယူမိေလသည္။

ဂ်ဴဗလီေဟာပြဲၿပီးေသာအခါ ကြၽန္ုပ္ႏွင့္ ကိုေမာင္ၿဗိ သည္ ဆူးေလဘုရင္မပန္းၿခံေရွ႕မွ ေတလဂူမေလး ဟမ္မလာ ေရာင္းသည့္ တစ္ပြဲ သုံးရာတန္ ဆမူဆာသုပ္ကို ၿမိန္ရည္ရွက္စားေသာက္ၾကေလသည္။

ထိုသို႔ စားေသာက္ၿပီးေနာက္ ကိုေမာင္ၿဗိ က

''ေဒါက္တာေရ…ေနဝင္ရီပ်ိဳးေလးေတာ့ ျဖစ္ေနၿပီဗ်..ဒီကေန ေ႐ႊတိဂုံကိုသြားရင္ ေမွာင္စပ်ိဳးျဖစ္ေနမွာပဲ..သြားၾကရေအာင္''

ကြၽန္ုပ္ႏွင့္  ကိုေမာင္ၿဗိ တို႔သည္ ေ႐ႊတိဂုံဘုရားဘက္သို႔ အငွားယာဥ္ျဖင့္ ထပ္ထြက္လာခဲ့ေလသည္။

''အိုင္ေဆး….ကိုေမာင္ၿဗိ…ထူးထူးျခားျခား ဘုရားေတြဘာေတြသြားလို႔..ခင္ဗ်ား..ဘာသာေရးဘက္ လွည့္ျပန္ၿပီလား''

''မဟုတ္ပါဘူး..ေဒါက္တာရာ..ဒီမွာေလ''

ကိုေမာင္ၿဗိ က ကြၽန္ုပ္အား ပလက္စတစ္အိတ္တစ္ခု ထုတ္ျပေလသည္။

''ဘုရားသြားတာနဲ႔ အဲ့ဒီ ပလတ္စတစ္အိတ္နဲ႔ ဘာဆိုင္တုန္းဗ်''

''ဆိုင္သေပါ့..ေဒါက္တာ..ဒါ ခုန ဆမူဆာသုတ္သည္ ဟမ္မလားဆီက ေတာင္းလာတဲ့
အိတ္… က်ဳပ္တို႔ ေ႐ႊတိဂုံေပၚေရာက္တာနဲ႔ ေမွာင္စပ်ိဳးၿပီဗ်..ဆလိုက္ေတြမဖြင့္ခင္ အလင္းေရာင္ေမွာင္ဝါးဝါးမွာ ၿဂိဳလ္တိုင္ေတြမွာ ေရသပၸါယ္သလိုလိုနဲ႔ ဖေယာင္းတိုင္ေတြ လိုက္ခြာၾကမယ္ေလဗ်ာ…မိုးကုန္ရင္ မီးက စပ်က္ေတာ့မယ္..ဒီေတာ့ က်ဳပ္တို႔ ဖေယာင္းတိုင္ဖိုး သက္သာတာေပါ့ဗ်'' ထိုသို႔ အကြက္ေက်ာ္ျမင္ၿပီး ျဖတ္ထိုးဉာဏ္ေကာင္းလွေသာ ကိုေမာင္ၿဗိ သည္ စီးပြားေရးသမား လုပ္လ်င္ ေအာင္ျမင္မည္မုခ် ျဖစ္သည္ဟု ကြၽန္ုပ္ အာမခံပါသည္။

ယခုေတာ့ ကိုေမာင္ၿဗိ သည္ စုံေထာက္တစ္ေယာက္ျဖစ္ေနသည္ က ျမန္မာ့စီးပြားေရးေလာက အတြက္ နစ္နာလွေခ်သည္ဟု ထင္ျမင္မိပါ၏။

ကြၽန္ုပ္တို႔ ႏွစ္ဦးသား ေ႐ႊတိဂုံေစတီေတာ္ေပၚ တက္ေရာက္လာေသာအခါ အလြန္ထူးဆန္းေသာ အျဖစ္ႏွင့္ ႀကဳံရေလသည္။

ေမွာင္ခါစ ေကာင္းကင္ေနာက္ခံျဖင့္ ေစတီေတာ္ႀကီးမွာ ငွက္ေပ်ာဖူးေအာက္ဘက္ရွိ ေဖာင္းရစ္သည္ လုံးဝကြယ္ေပ်ာက္လ်က္ရွိ၏။

''ဒုကၡပါပဲ..ကိုေမာင္ၿဗိ ေရ…ခင္ဗ်ား..ေ႐ႊတိဂုံဘုရားဖူးလာတဲ့ မဖဲဝါနဲ႔ ကိုစံမွဲ႔ တို႔ေမာင္ႏွမ ဇာတ္ ၾကားဖူးတယ္မဟုတ္လား။ အင္းသူႀကီးကို စံမွဲ႔က အကုသိုလ္ေတြမ်ားလြန္းလို႔ ဘုရားႀကီး ကြယ္ေနတာေလ..အခုလည္း က်ဳပ္တို႔ ႏွစ္ေယာက္ အကုသိုလ္ နည္းနည္းမ်ားေနလို႔ ဘုရားႀကီးက အလယ္ကေန  ကြက္ၿပီးေပ်ာက္ေနတာထင္တယ္ဗ်ာ''

ကြၽဳန္ုပ္၏ အထိတ္တလန႔္စကားကို ကိုေမာင္ၿဗိက မခိုးမခန႔္ၿပဳံးရင္း သူ႔ ထုံးစံအတိုင္း ဘယ္ဘက္ လက္ညိဳးျဖင့္ တင္ပါးကို ကုတ္ေနေလသည္။

''အင္း..ဒီကိစၥ..ေဒါက္တာထင္သလို မဟုတ္ေလာက္ပါဘူး..အရင္က က်ဳပ္တို႔ ထက္ အကုသိုလ္ အပုံႀကီးမ်ားတဲ့ အဝိစိဂ်ိဳးကပ္ႀကီးမ်ားေတာင္ ဘုရားေပၚတက္ ထီးေတြတင္ ဘာေတြတင္ လုပ္ၾကေသး တာပဲ..က်ဳပ္ တို႔ ဘုရားလူႀကီး

မိတ္ေဆြေတြဆီ ဝင္စနည္းနာၾကည့္တာေပါ့''

ထိုသို႔ႏွင့္ ကြၽန္ုပ္တို႔ႏွစ္ဦးသား ဘုရားလူႀကီး႐ုံးခန္းဆီသို႔ ထြက္လာၾကေလသည္။ေဂါပက ႐ုံးခန္း သို႔ ေရာက္ေသာအခါ ေယာဂီဝမ္းဆက္ဝတ္ထားၿပီး အင္မတန္မွ ၾကည္ညိဳစရာေကာင္းေသာ အဘႀကီးတစ္ဦးသည္ ဘုရားႀကီးဘက္ မ်က္ႏွာမူလ်က္..မ်က္စိကို မွိတ္ကာ ပါးစပ္မွ လႈပ္စိလႈပ္စိႏွင့္ ႐ြတ္ဖတ္ေနေလသည္။

ကြၽန္ုပ္တို႔လည္း သူအာ႐ုံပ်က္မည္ဆိုးသျဖင့္ နေဘးနားခုံတြင္ အသာဝင္ထိုင္ကာ သူ႐ြတ္ဖတ္မႈၿပီးသည္အထိ ေစာင့္ေန၏။

႐ြတ္ဖတ္သံ တိုးတိုးေလးျဖစ္သျဖင့္ ကိုေမာင္ၿဗိက အသံကို ေသခ်ာနားေထာင္ရန္ ကြၽန္ုပ္အား အခ်က္ျပသည္ႏွင့္ ကြၽန္ုပ္လည္း ကပ္ၿပီး နားေထာင္မိေသာအခါ ဘုရားလူႀကီးအဘသည္ လြန္စြာမွ ထူးဆန္းေသာ ဂါထာတစ္ပုဒ္ကို ႐ြတ္ဆိုေနသည္ကို ေအာက္ပါအတိုင္းၾကားရပါေတာ့သည္။

''ဖေယာင္းတင္ဒါ…ေ႐ႊအမႈိက္တင္ဒါ..လင္းႏို႔ေခ်းတင္ဒါ..အလႉခံေသတၱာ…ေသတၱာ..တင္ဒါ..တင္ဒါ..တင္ဒါ''အတန္ၾကာေသာ အဘသည္ ႐ြတ္ဖတ္မႈကို ရပ္လိုက္ၿပီး ကြၽန္ုပ္တို႔ ဘက္လွည့္လိုက္ေလ သည္။

''ေၾသာ္..ဘယ္သူမ်ားလဲလို႔ ကိုေမာင္ၿဗိ တို႔ပါလား…..ဘာကိစၥမ်ားလဲဗ်''ကိုေမာင္ၿဗိ က စကားမဆိုပဲ..လွမ္းျမင္ေနရသည့္ ဘုရားႀကီး၏ ေဖာင္းရစ္မဲမဲ ဆီသို႔ သာ လက္ၫႊန္းထိုးျပေလသည္။

''ဟုတ္တယ္ဗ်ာ…အဲ့ဒီကိစၥ က်ဳပ္တို႔လည္း ေခါင္းစားေနတာေပါ့….ေဖ့ဘြတ္ေပၚက ပညာရွင္ေတြ ကေတာ့ အမ်ိဳးမ်ိဳးေျပာေနၾကတာပဲ..အရင္သူေတာ္ေကာင္းအဘေတြက ေ႐ႊကို ေၾကးေတြနဲ႔ ေရာၿပီး ဂ်င္းထည့္လို႔ မည္းကုန္တာ လို႔လည္းဆိုတယ္….ေ႐ႊကို အျပားခတ္ရာမွာ ေနဒဏ္ေလဒဏ္ခံႏိုင္ ဖို႔ ေၾကးေရာရတယ္ဆိုလို႔အခ်ိဳ႕ကလည္း အေၾကာင္းျပလာတယ္..ဘုရားမွာ သူ႔ဘာသာသူ ကပ္ထားတာ သြားခြာေတာ့ အလႉရွင္ေတြ ကဗၺည္းေပ်ာက္ၿပီ းရင္ထုမနာျဖစ္ၾက မယ္ဆိုၿပီး အဘေတြရဲ႕ ကြၽန္ုယုံေတာ္ပညာရွိႀကီးေတြကလည္း ဆိုတယ္..က်ဳပ္တို႔ကေတာ့ ဘာေၾကာင့္ေ႐ႊေတြက ေၾကးလို မဲကုန္လည္း စဥ္းစားမရဘူးဗ်ာ.. ဒီကိစၥရဲ႕ တရားခံကို ကိုေမာင္ၿဗိ ေဖာ္လို႔ ''
ကိုေမာင္ၿဗိ သည္ တစ္စုံတစ္ရာကို ေလးေလးနက္နက္စဥ္းစားလ်င္ သူလုပ္ေနက်ပုံစံအတိုင္း တင္ပါးကို ေကာက္လ်က္ ဘယ္ဘက္လက္ျဖင့္ တဗ်စ္ဗ်စ္ကုတ္ကာ မ်က္လုံးကို ေမွးစင္းထား၏။

ဘုရားလူႀကီးအဘမွာလည္း ကိုေမာင္ၿဗိ ထံမွ အေျဖအား ၾကည္ညိဳေသာ မ်က္လုံးအစုံျဖင့္ ေငးကာေစာင့္ေမွ်ာ္ေနဟန္တူသည္။

ခဏ အၾကာ တဗ်စ္ဗ်စ္ ကုတ္သံ ရပ္သြား၏။

ကိုေမာင္ၿဗိ မ်က္လုံးမ်ား ပြင့္လာ၏။

''အဘ ပုဂံေခတ္က ရွင္အဇၨေဂါဏ ဆိုတာ ၾကားဖူးလား''

''ၾကားဖူးတယ္ေလ…ကိုေမာင္ၿဗိ''

'' ျပဒါးေသ တေဆြ၀ ..  သံေသ  တျပည္၀ ဆိုသလို ရွင္အဇၨေဂါဏ ဟာ ပုဂံျပည္ႀကီးက ရွိသမွ် ေၾကးေတြကို ေ႐ႊျဖစ္ေစခဲ့လို႔ မုဆိုးမေတာင္ ဘုရားတည္ႏိုင္တယ္မဟုတ္လားဗ်''

''ဟုတ္ပါတယ္..ကိုေမာင္ၿဗိ''

''အခု..ဒီဘုရားႀကီးက ေ႐ႊေတြက ပုဂံေခတ္က ရွင္အဇၨေဂါဏ အစြမ္းေၾကာင့္ ေၾကးကေန ေ႐ႊျဖစ္သြားတဲ့ ေ႐ႊေတြဗ်''

''အလို..ဒါဆို..ဘာျဖစ္လို႔….အခု ေၾကးျပန္ျဖစ္ကုန္တာလဲဗ်''

''ဒါက ဒီလိုရွိတယ္ဗ်….ရွင္အဇၨေဂါဏ က ေၾကးေတြကို ေ႐ႊျဖစ္ေအာင္ လုပ္ေတာ့ သက္တမ္းကုန္ဆုံးရက္စြဲရွိတယ္..အဂၤလိပ္လိုဆို အိတ္စပရက္ရာဒိတ္ေပါ့ဗ်ာ….အခု အဲ့ဒီ ေ႐ႊေတြဟာ သက္တမ္း
ကုန္ဆုံးသြားေတာ့ ေၾကးျပန္ျဖစ္သြားတဲ့သေဘာပဲ..ဘယ္သူ႔မွာမွ အျပစ္မရွိပါဘူးဗ်ာ…. တကယ့္ တရားခံအစစ္က ရွင္အဇၨေဂါဏကိုယ္ေတာ္ႀကီးပဲဗ်ိဳး…''

ထိုအခါမွပင္ ဘုရားလူႀကီးအဘသည္ သက္ျပင္းခ်လ်က္..''ကိုေမာင္ၿဗိ ေက်းဇူး ႀကီးလွပါတယ္ဗ်ာ..က်ဳပ္တို႔ အားလုံး အျငင္းအခုံျဖစ္ေနတဲ့ ကိစၥ..ကိုေမာင္ၿဗိ လာမွပဲ ရွင္းသြားေတာ့တယ္..ေက်းဇူးႀကီးလွပါတယ္..ေမာင္မင္းႀကီးသား''

ထို႔ေနာက္တြင္ေတာ့ ကြၽႏု္ပ္တို႔လည္း ဘုရာလူႀကီး ဧည့္ခံေသာ မုန႔္ပဲသေရစာမ်ားကို စားေသာက္ၿပီးေနာက္ ဘုရားႀကီးအား လက္်ာရစ္ လွည့္လည္ၿပီး ၿဂိဳလ္တိုင္အေစ့ ဖေယာင္းတိုင္မ်ားခြာကာ အိမ္ျပန္ခဲ့ေလေတာ့သတည္း။

ၿဗိတိသွ်ကိုကိုေမာင္