“ဒီအစိုးရ ချစ်ဖို့ အရမ်းကောင်း”

“ဒီအစိုးရ ချစ်ဖို့ အရမ်းကောင်း”

“ဝင့် ပိန်သွားတယ်နော်” ဟု အလုပ်ထဲမှ လူတွေက ပြောလာသည်။ သူငယ်ချင်းတွေကလည်း “နင်ပိန်သွားပါလား” ဟုဆိုကြ၏။
ဝလို့၊ လှလို့ ဆိုသော စကားပုံရှိပေမဲ့ ဝတာကို စိတ်ပျက်မိတာအမှန်။ ပိန်အောင်လည်း မကျိုးစားဖြစ်။ အခုတော့ လူတွေက ပိန်လာတယ်ဟု ဆိုတော့ ဝင့် တစ်ယောက် ပျော်တာပေါ့။
ဒါပေမဲ့ ဘာလို့ ပိန်သွားမှန်းမသိ။ ပိန်သူတွေက ဝချင်သည်။ ဝသူတွေက ပိန်ချင်ပြန်၏။ လိုတာမရတတ်သည့် လောကကြီး။
ဒီဘက်ခေတ်မှာတော့ ပိန်သူတွေထက် ဝသူတွေ ပိုများသလိုလို။ အစားအသောက်တွေ ပေါလို့လား။ စားစရာတွေများနေလို့လား။
ဘာလားတော့မသိ။ အလုပ်အကိုင်လေးကောင်းပြီး စိတ်ချမ်းသာရင် ၀ လာတတ်တာတော့ အမှန်။ ဝင့်လည်း ဒီလိုပါပဲ။
အစားအသောက်ပုံမှန်စား။ အလုပ်လေး ပုံမှန်လုပ်။ ဒီလိုနဲ့ တဖြည်းဖြည်း ဝလာတာ။ အစကတော့ နည်းနည်းဝ။ ကြာလာတော့ ပိုပိုဝ။
ဒီလိုနဲ့ ပေါင်နှစ်ရာကျော်လာ။ အဲ့ဒါကြောင့် ဝင့်ကိုဆို လူတိုင်းက ဝတာနှင့် တွဲမြင်တတ်ကြသည်။ ကြာတော့လည်း ဝတာကို စိတ်ပျက်သယောင်ယောင်။
စပါယ်ယာတွေကလည်း သိပ်မကြည်။ အဝေးပြေးကားစီးရင်လည်း ဘေးခုံက ကိုယ့်လိုဝနေလျှင် ကြပ်ကြပ်တည်းတည်းစီးရ။ ဒီတော့လည်း အရင်လို ပြန်ပိန်ရင်ကောင်းမယ်လို့ စဉ်းစားမိသေးသည်။ ဒါပေမဲ့ ပိန်သွားရင် အခုလို လှ ပါ့တော့မလား ဟုလည်း စိတ်ပူပြန်၏။
ဒါကြောင့် ထွေထွေထူးထူးပိန်သွားအောင် ဘာမှ မလုပ်ခြင်းဖြစ်သည်။ အခုဒီရက်ပိုင်း မီးတွေကလည်း ပျက်လိုက်တာ။ ခဏခဏပါပဲ။
မီးပျက်တော့ ပန်ကာဖွင့်မရ။ ယပ်တောင်လေး ခပ်နေရသည်။ ချွေးကထွက်။ အိပ်မရ။ ဒါတင်မကသေး။ ရေကလည်း မလာ။
 ညည ရေလာသည့် အချိန်ကိုစောင့်ပြီး တင်ရတာကလည်း အလုပ်တစ်ခု။
ကိုယ်မလုပ်ရင် အိမ်မှာ လုပ်မည့်သူက မရှိ။ ဒါကြောင့် ညတိုင်း ရေစောင့်တင်ရသည်။ ရေကလည်း ပုံမှန်မလာ။ ဂျိုးဖြူရေဆိုတော့ ရေလွှတ်သည့် အချိန်မှ ရေတင်လို့ရသည်။
 ပြီးတော့ ရေလာမလား။ လာမလားလို့ တင်ကြည့်ရင်းနဲ့ ပိုက်ထဲမှာ ရေက ကုန်သွား။ အဲ့တော့ ငါးလွှာကနေ အောက်ကို ဆင်းပြီး ရေချူရပြန်သည်။
ဝတော့ တတ်ရ ဆင်းရတာလည်း သိပ်မလွယ်။ တခါတလေ ရေချူဖို့အတွက် သုံးလေးခေါက် အတတ်အဆင်းလုပ်ရသည်။
ပုံမှန်တော့ ရေက ညဆယ်နှစ်နာရီလောက်မှာ လာတတ်သည်။ အချို့ရက်တွေကြတော့ မနက် သုံးလေးနာရီမှ လာသည်။ အဲ့တော့ အိပ်ရေးတွေ ပျက်တာပေါ့။ ပြီးတော့ မီးမလာရင် ပိုဆိုး။ မီးလာအောင်စောင့်ပြီး ရေတင်။ ချွေးက တလုံးလုံးနဲ့။ ယပ်တောင်လေး တဖျပ်ဖျပ်ခတ်။
ရေမရသည့် ရက်တွေဆို ရေသန့်သမားဆီက ဈေးကြီးပေးပြီး ရေသန့်တွေ ဝယ်သုံးရသည်။ ရေဒုက္ခကလည်း ကြုံဖူးသူတွေပဲသိမည်။
အညာဒေသ ရေရှားသူတွေ ဘယ်လိုနေမယ်မသိပေမဲ့ ဝင့် တို့ ရန်ကုန်မှာ ရေမလာရင်တော့ ကမ္ဘာပျက် သလိုပါပဲ။ တိုက်ခန်းပေါ်မှာဆိုတော့ နီးနီးနားနား ပြေးခပ်လို့လည်းမရ။ ရေသန့်သမားလေးတွေကို အားကိုး ရသည်။
ရေမရှိရင် အိမ်သာတတ်ဖို့လည်းမလွယ်။ ပြီးတော့ အလုပ်ကလည်း သွားရသေး။ ရေမချိုးဘဲ နံနံစော် စော်ကြီး သွားလို့လည်း မဖြစ်။ ဝင့်အလုပ်က လူတွေနဲ့ ပြောဆိုဆက်ဆံနေရတာ။
 ကြာတော့လည်း အယ်နီညိုကိုလည်း ဝင့် စိတ်တိုသည်။ မီးခဏခဏ ပျက်တာကိုလည်း စိတ်ပျက် သည်။ ရေကောင်းကောင်းမရတာကိုလည်း ဒေါသထွက်ပြန်သည်။
နောက်ပြီး ဒီလောက် နေပူပူမှာ အပြင်ကို ထွက်ပြီး အလုပ်လုပ်နေရသည့် ဘဝကိုလည်း မကျေနပ်။
ဒီကြားထဲ မီးပျက်၊ ပူလောင်၊ ရေမရလို့ ကောင်းကောင်းအိပ်မရတာလည်း လနဲ့ချီပြီ။ မီးကလည်း ခဏ ခဏပျက်တတ်တော့ အိမ်အလုပ်တွေဆိုလည်း အရင်လို အချိန်မဆွဲတော့။
 အိမ်မှာ အရေးပေါ် အခြေအနေဆိုပြီး သတ်မှတ်ထားသည်။ မီးပျက်တော့မယ်။ မီးပျက်တော့မယ်။ ဆိုတာကို ပါးစပ်ကရွတ်ပြီး....။ ရေတင်လို့ရတာနဲ့။ အဝတ်တွေလျှော်။ ရေချိုး။ မီးမပြတ်ခင်လေး မီးပူတွေတိုက်။ ထမင်းဟင်းတွေချက်။ ကိုရီးယားကားတောင် မကြည့်ဖြစ်တော့။
 ဒီကြားထဲ မီးပြတ်သွားရင် အစက ပြန်စ။ ဒီလိုမျိုး စိတ်ပျက်စရာ အခြေအနေမျိုးမှာ “ဝင့် ပိန်လာတယ် နော်” ဆိုတဲ့ အလုပ်က လူတွေပြောစကား။
 “နင်ပိန်သွားပါလား” ဆိုတဲ့ သူငယ်ချင်းတွေရဲ့ အသိအမှတ်ပြုမှုကြောင့်သာ စိတ်ချမ်းသာနေရခြင်းဖြစ် သည်။ အဲ့တော့လည်း ဝင့်စဉ်းစားရပြန်ပါပြီ။
“ငါဘာလို့ ပိန်သွားတာလဲ” စေ့စေ့တွေးတော့ ရေးရေးပေါ်သလိုပါပဲ။ ဒီလို ပိန်သွားတာဟာ။ ပူလို့များ လား၊ မီးပြတ်လို့လား၊
ရေထထတင်နေရလို့လား။
ချွေးထွက်လို့လား။
 အင်းဒါတွေကြောင့်ပဲ ဖြစ်မှာဟု ဝင့် ထင်မိသည်။ ဒီတော့လည်း မီးပြတ်၊ နေပူ၊ ရေမလာ တာတွေကို ဝင့် ဒေါသမထွက်တော့။
ကိုယ်တိုင် တကူးတက ပိန်အောင်လုပ်စရာမလို။ မီးမလာ၊ ရေမလာ၊ လို့ အစိုးရကို ဆဲဆိုခြင်းလည်း မပြုတော့။ အခြားလူတွေ ဆဲချင်ဆဲပစေ။
ဝင့်အတွက်တော့ ဒီအစိုးရဟာ ချစ်ဖို့ အရမ်းကောင်း။
                                                                                                            စိုပြေ  

(   Zawgyi  )

 “ဝင့္ ပိန္သြားတယ္ေနာ္” ဟု အလုပ္ထဲမွ လူေတြက ေျပာလာသည္။ သူငယ္ခ်င္းေတြကလည္း “နင္ပိန္သြားပါလား” ဟုဆိုၾက၏။
ဝလို႔၊ လွလို႔ ဆိုေသာ စကားပုံရွိေပမဲ့ ဝတာကို စိတ္ပ်က္မိတာအမွန္။ ပိန္ေအာင္လည္း မက်ိဳးစားျဖစ္။ အခုေတာ့ လူေတြက ပိန္လာတယ္ဟု ဆိုေတာ့ ဝင့္ တစ္ေယာက္ ေပ်ာ္တာေပါ့။
ဒါေပမဲ့ ဘာလို႔ ပိန္သြားမွန္းမသိ။ ပိန္သူေတြက ဝခ်င္သည္။ ဝသူေတြက ပိန္ခ်င္ျပန္၏။ လိုတာမရတတ္သည့္ ေလာကႀကီး။
ဒီဘက္ေခတ္မွာေတာ့ ပိန္သူေတြထက္ ဝသူေတြ ပိုမ်ားသလိုလို။ အစားအေသာက္ေတြ ေပါလို႔လား။ စားစရာေတြမ်ားေနလို႔လား။
ဘာလားေတာ့မသိ။ အလုပ္အကိုင္ေလးေကာင္းၿပီး စိတ္ခ်မ္းသာရင္ ၀ လာတတ္တာေတာ့ အမွန္။ ဝင့္လည္း ဒီလိုပါပဲ။
အစားအေသာက္ပုံမွန္စား။ အလုပ္ေလး ပုံမွန္လုပ္။ ဒီလိုနဲ႔ တျဖည္းျဖည္း ဝလာတာ။ အစကေတာ့ နည္းနည္းဝ။ ၾကာလာေတာ့ ပိုပိုဝ။
ဒီလိုနဲ႔ ေပါင္ႏွစ္ရာေက်ာ္လာ။ အဲ့ဒါေၾကာင့္ ဝင့္ကိုဆို လူတိုင္းက ဝတာႏွင့္ တြဲျမင္တတ္ၾကသည္။ ၾကာေတာ့လည္း ဝတာကို စိတ္ပ်က္သေယာင္ေယာင္။
စပါယ္ယာေတြကလည္း သိပ္မၾကည္။ အေဝးေျပးကားစီးရင္လည္း ေဘးခုံက ကိုယ့္လိုဝေနလွ်င္ ၾကပ္ၾကပ္တည္းတည္းစီးရ။ ဒီေတာ့လည္း အရင္လို ျပန္ပိန္ရင္ေကာင္းမယ္လို႔ စဥ္းစားမိေသးသည္။ ဒါေပမဲ့ ပိန္သြားရင္ အခုလို လွ ပါ့ေတာ့မလား ဟုလည္း စိတ္ပူျပန္၏။
ဒါေၾကာင့္ ေထြေထြထူးထူးပိန္သြားေအာင္ ဘာမွ မလုပ္ျခင္းျဖစ္သည္။ အခုဒီရက္ပိုင္း မီးေတြကလည္း ပ်က္လိုက္တာ။ ခဏခဏပါပဲ။
မီးပ်က္ေတာ့ ပန္ကာဖြင့္မရ။ ယပ္ေတာင္ေလး ခပ္ေနရသည္။ ေခြၽးကထြက္။ အိပ္မရ။ ဒါတင္မကေသး။ ေရကလည္း မလာ။
 ညည ေရလာသည့္ အခ်ိန္ကိုေစာင့္ၿပီး တင္ရတာကလည္း အလုပ္တစ္ခု။
ကိုယ္မလုပ္ရင္ အိမ္မွာ လုပ္မည့္သူက မရွိ။ ဒါေၾကာင့္ ညတိုင္း ေရေစာင့္တင္ရသည္။ ေရကလည္း ပုံမွန္မလာ။ ဂ်ိဳးျဖဴေရဆိုေတာ့ ေရလႊတ္သည့္ အခ်ိန္မွ ေရတင္လို႔ရသည္။
 ၿပီးေတာ့ ေရလာမလား။ လာမလားလို႔ တင္ၾကည့္ရင္းနဲ႔ ပိုက္ထဲမွာ ေရက ကုန္သြား။ အဲ့ေတာ့ ငါးလႊာကေန ေအာက္ကို ဆင္းၿပီး ေရခ်ဴရျပန္သည္။
ဝေတာ့ တတ္ရ ဆင္းရတာလည္း သိပ္မလြယ္။ တခါတေလ ေရခ်ဴဖို႔အတြက္ သုံးေလးေခါက္ အတတ္အဆင္းလုပ္ရသည္။
ပုံမွန္ေတာ့ ေရက ညဆယ္ႏွစ္နာရီေလာက္မွာ လာတတ္သည္။ အခ်ိဳ႕ရက္ေတြၾကေတာ့ မနက္ သုံးေလးနာရီမွ လာသည္။ အဲ့ေတာ့ အိပ္ေရးေတြ ပ်က္တာေပါ့။ ၿပီးေတာ့ မီးမလာရင္ ပိုဆိုး။ မီးလာေအာင္ေစာင့္ၿပီး ေရတင္။ ေခြၽးက တလုံးလုံးနဲ႔။ ယပ္ေတာင္ေလး တဖ်ပ္ဖ်ပ္ခတ္။
ေရမရသည့္ ရက္ေတြဆို ေရသန႔္သမားဆီက ေဈးႀကီးေပးၿပီး ေရသန႔္ေတြ ဝယ္သုံးရသည္။ ေရဒုကၡကလည္း ႀကဳံဖူးသူေတြပဲသိမည္။
အညာေဒသ ေရရွားသူေတြ ဘယ္လိုေနမယ္မသိေပမဲ့ ဝင့္ တို႔ ရန္ကုန္မွာ ေရမလာရင္ေတာ့ ကမာၻပ်က္ သလိုပါပဲ။ တိုက္ခန္းေပၚမွာဆိုေတာ့ နီးနီးနားနား ေျပးခပ္လို႔လည္းမရ။ ေရသန႔္သမားေလးေတြကို အားကိုး ရသည္။
ေရမရွိရင္ အိမ္သာတတ္ဖို႔လည္းမလြယ္။ ၿပီးေတာ့ အလုပ္ကလည္း သြားရေသး။ ေရမခ်ိဳးဘဲ နံနံေစာ္ ေစာ္ႀကီး သြားလို႔လည္း မျဖစ္။ ဝင့္အလုပ္က လူေတြနဲ႔ ေျပာဆိုဆက္ဆံေနရတာ။
 ၾကာေတာ့လည္း အယ္နီညိဳကိုလည္း ဝင့္ စိတ္တိုသည္။ မီးခဏခဏ ပ်က္တာကိုလည္း စိတ္ပ်က္ သည္။ ေရေကာင္းေကာင္းမရတာကိုလည္း ေဒါသထြက္ျပန္သည္။
ေနာက္ၿပီး ဒီေလာက္ ေနပူပူမွာ အျပင္ကို ထြက္ၿပီး အလုပ္လုပ္ေနရသည့္ ဘဝကိုလည္း မေက်နပ္။
ဒီၾကားထဲ မီးပ်က္၊ ပူေလာင္၊ ေရမရလို႔ ေကာင္းေကာင္းအိပ္မရတာလည္း လနဲ႔ခ်ီၿပီ။ မီးကလည္း ခဏ ခဏပ်က္တတ္ေတာ့ အိမ္အလုပ္ေတြဆိုလည္း အရင္လို အခ်ိန္မဆြဲေတာ့။
 အိမ္မွာ အေရးေပၚ အေျခအေနဆိုၿပီး သတ္မွတ္ထားသည္။ မီးပ်က္ေတာ့မယ္။ မီးပ်က္ေတာ့မယ္။ ဆိုတာကို ပါးစပ္က႐ြတ္ၿပီး....။ ေရတင္လို႔ရတာနဲ႔။ အဝတ္ေတြေလွ်ာ္။ ေရခ်ိဳး။ မီးမျပတ္ခင္ေလး မီးပူေတြတိုက္။ ထမင္းဟင္းေတြခ်က္။ ကိုရီးယားကားေတာင္ မၾကည့္ျဖစ္ေတာ့။
 ဒီၾကားထဲ မီးျပတ္သြားရင္ အစက ျပန္စ။ ဒီလိုမ်ိဳး စိတ္ပ်က္စရာ အေျခအေနမ်ိဳးမွာ “ဝင့္ ပိန္လာတယ္ ေနာ္” ဆိုတဲ့ အလုပ္က လူေတြေျပာစကား။
 “နင္ပိန္သြားပါလား” ဆိုတဲ့ သူငယ္ခ်င္းေတြရဲ႕ အသိအမွတ္ျပဳမႈေၾကာင့္သာ စိတ္ခ်မ္းသာေနရျခင္းျဖစ္ သည္။ အဲ့ေတာ့လည္း ဝင့္စဥ္းစားရျပန္ပါၿပီ။
“ငါဘာလို႔ ပိန္သြားတာလဲ” ေစ့ေစ့ေတြးေတာ့ ေရးေရးေပၚသလိုပါပဲ။ ဒီလို ပိန္သြားတာဟာ။ ပူလို႔မ်ား လား၊ မီးျပတ္လို႔လား၊
ေရထထတင္ေနရလို႔လား။
ေခြၽးထြက္လို႔လား။
 အင္းဒါေတြေၾကာင့္ပဲ ျဖစ္မွာဟု ဝင့္ ထင္မိသည္။ ဒီေတာ့လည္း မီးျပတ္၊ ေနပူ၊ ေရမလာ တာေတြကို ဝင့္ ေဒါသမထြက္ေတာ့။
ကိုယ္တိုင္ တကူးတက ပိန္ေအာင္လုပ္စရာမလို။ မီးမလာ၊ ေရမလာ၊ လို႔ အစိုးရကို ဆဲဆိုျခင္းလည္း မျပဳေတာ့။ အျခားလူေတြ ဆဲခ်င္ဆဲပေစ။
ဝင့္အတြက္ေတာ့ ဒီအစိုးရဟာ ခ်စ္ဖို႔ အရမ္းေကာင္း။
                                                                                                            စိုေျပ