“ ဖောက်တာ ကျွမ်းတဲ့ မြန်မာပြည်”

“ ဖောက်တာ ကျွမ်းတဲ့ မြန်မာပြည်”

                                  

မြန်မာဆိုတာ ကုသိုလ်ကံနဲ ဉာဏ်နုံနဲတဲ့ သူတွေတော့ မဟုတ်။ ခရုမှာလည်း အဆံနဲ့ လူမှာလည်း အကြံနဲ့ ဆိုတဲ့ သူတွေ ။

စဉ်းစားကြည့်ရင် သမိုင်းတစ်လျှောက် ခေသူစာရင်းထဲ မြန်မာ မပါ။မြန်မာဆိုတာ မလုပ်ရင် အလျှဉ်း..။လုပ်လိုက်ရင် အားလုံး ….ဟာကနဲ …..ဟင်ကနဲ ။

ဘာတဲ့ …သီချင်းတောင် ရှိသေး။ “အာရှမှာ မြန်မာကသာ အနိုင်ယူဗိုလ်စွဲကြမည်”ဆိုလား…။ အရာအရာမှာ ဗိုလ်စွဲအောင် အားပေးတဲ့သီချင်း…။

ဒီသီချင်းပေါ်ပြီးကတည်းက မြန်မာဆိုတာနဲ့ နေရာတကာမှာ အောက်ကချည်းမရှိတော့…။

မူးယစ်ထုတ်တာ .. ကမ္ဘာမှာ အဆင့်တစ်၊စစ်ဖြစ်တာ …ကမ္ဘာမှာ အကြာဆုံး ။ကဲ…စဉ်းစားကြည့် ဘယ်လောက်တောင် တော်သလဲ။

ဒါတောင် ဟိုတစ်လောက အာမနာပ  ပြောသံကြားရသေး ။အမျိုးသားတွေကြောင့်သာ  ပဋိပက္ခတွေ ဖြစ်တာ စစ်တွေဖြစ်တာ ဆိုလား..။

တစ်ကယ်ဆို ဒီလို အလုပ်တွေဆိုတာ တော်ရုံတန်ရုံသူတွေ မလုပ်နိုင်တဲ့ အလုပ်တွေ။

အနည်းဆုံးတော့ လက်ရဲဇက်ရဲ ၊ ခုတ်ရဲထစ်ရဲ ၊ သတ်ရဲ ဖျက်ရဲ ၊ဖောက်ရဲဖျက်ရဲ တဲ့ ယောင်္ကျားတွေသာ လုပ်ရဲတဲ့ အလုပ်တွေ ။

ဖောက်ရဲဆိုလို့ဒီနေရာမှာ မြန်မာတွေကိုဘယ်သူမှမမီ၊ဘုရားဋာပနာဖောက်မလား၊ ထောင်ဖောက်မလား..။ ဖြတ်ဖောက်ချုပ်လုပ်မလား….။ဘာဖောက်ရမလဲ ပြော.. ဖောက်သည့် နေရာမှာ မြန်မာယောင်္ကျားတွေကို ဘယ်သူမှ မမီ။

ဆရာကြီး ..။

ဖောက်လား မဖောက်လား အရင်ခေတ်ကတည်းက ဖောက်လာတာ..။ ဖောက်ဆို ဘယ်ဘုရားစတီမှ ဋာပနာဖောက်ခံချက် မကင်း။

ဖောက်တာသာ ပြိုင်ပွဲလို  ကမ္ဘာအိုလံပစ်ပွဲ ထည့်ကျင်းပဖြစ်ရင် မြန်မာက ဗိုလ်စွဲမလားမသိ။ တစ်ကယ်တော့ ဖောက်တာ ဆရာကျတာလည်း မပြောနဲ့။

မြန်မာဆိုတာ ရှေးခေတ်ကတည်းက နာမည်တစ်လုံးနှင့် ။

မယုံရင် ရွှေတိဂုံဘုရားသမိုင်းထဲ ပါသည့် မောင်ကံဆို ဘုရား ဋာပနာ ဖောက်တဲ့ နေရာမှာ ပိုင်အိုးနီးယား။

သူပိုင်တဲ့ တစ်နေကနေ့ မြေလျှိုး မိုးပျ့နေတာ။ တစ်နေ့ လှံနဲ့ မြေကိုဖောက်လျှိုးသွားတာ တရုတ်ပြည်က ဘုရင်နန်းတော်ထဲ စွေ့ကနဲ့ရောက်တယ် ဆို လား..။

တရုတ်ဘုရင် ဥတည်ဘွားလည်း လန့်ဖျန့်ပြီး ခဏခဏ မလာဖို့ သမီးတော်နဲ့ ဖြားယောင်းပြီး မဖြစ်နိုင်တဲ့ အလုပ်ကိုလုပ်ခိုင်းပါလေရော။

မောင်ကံကို ရွှေတိဂုံဘုရားက ဆံတော် ဓာတ်တော်တွေ ပင့်လိုရရင် သမီးတော်နဲ့ ပေးစားမယ်ဆိုပြီး ခိုင်းရတဲ့အထိ။

ဒီလောက်ထိ မောင်ကံက စွမ်းတာ။ နောက်တော့ မောင်ကံတစ်ယောက် ဖွန်ကြောင်တာလက်လွန်ပြီး  ရွှေတိဂုံဘုရားဋာပနာတိုက်ဖောက်လို့ ကျောက်ရုပ်ဖြစ်သွားတယ် ဆိုလား..။

ဒီသမိုင်းဟုတ်လားမဟုတ်လား..ရွှေတိဂုံဘုရား ဋာပနာတိုက်မရောက်ဘူးလို့ တော့ မသိ။

သို့သော် ဒီကတည်းက ဖောက်တဲ့နေရာမှာ ကမ္ဘာက မြန်မာကို ရှိန်နေတာ။ မြန်မာဆိုတာ ဖောက်စရာမရှိရင် တစ်ခုခုကို ဖောက်နေတာ။ ဘုရားပစ္စည်း ဖောက်ရင်ဖောက် ၊မဖောက်ရင် ထောင်ဖောက် အချုပ်ဖောက် ။ ညီညွတ်နေရင် ထဖောက် ဆိုတာ..။
ဒါကြောင့် မြန်မာဆိုတာ မဖောက်ရရင် မနေနိုင်တဲ့ လူမျိုး..။

တစ်လောက စကိုးဖီးလ်ဆိုလား ပါတဲ့ ပွိုင်စင်အန်ဘရိတ်ဆိုတဲ့ ထောင်ဖောက် ဇာတ်လမ်းတွဲ ခေတ်စားပါလေရော..။

ဒီကားမှာ လူတစ်ယောက်ကို ထောင်ထဲကအစ်ကိုကို ထုတ်ဖို့ ညီဖြစ်သူက လုပ်လိုက်ရတာ ကျောကုန်း မှာ ထောင်မြေပုံတွေ ဆွဲလိုဆွဲ။ထောင်ဆရာဝန်မကို ရည်းစားလုပ်ရ၊နေမကောင်းချင်ယောင်ဆောင်ရ  သေရ ကြေရ နှင့် ရှုပ်ရှက် ကို ခက်နေတာ။

ဒီကတည်းက မြန်မာတွေ အသည်းကို ယားနေတာ။ ထောင်ဖောက်တာများ ဒီလောက်ခက်ရတယ်လို့ ..။

ကြည့်ထား တနေ့နေ့…မင်းတို့ခက်ခက်ခဲခဲဖောက်ရတဲ့ ထောင်ကို ငါတို့ မြန်မာတွေ လွယ်လွယ်လေး ဖောက်ပြနိုင်ရမယ်လို့ စိတ်ထဲတေးထားတာ။

အခု ဘာတက်နိုင်သေးလဲ ..။မြန်မာတွေ လုပ်ပြနိုင်ခဲ့ပြီ။

ဘားအံထောင်ဖောက်မှုမှာ ထောင်ဖောက်တယ်ဆိုတာ ဘယ်လိုဖောက်ရတယ်ဆိုတာ  ကမ္ဘာကို မြန်မာက လါယ်လွယ်လေး ပြလိုက်ပြီ။

ထောင်ဖောက်ဖို့ ဘာမှ မြေပုံတွေ ယူစရာမလို၊မြေတွေတူးစရာမလို။ သာရေးနာရေး သွားဖို့ ကားကြုံခေါ်သလို ဘေးကိုင်မပါတဲ့ ကားပေါ် လူ   ၄၀ စုပြုံတင်။

ဒီကားနဲ့  ထောင်တံခါးပြေးဆောင့် ၊လူတွေလည်း ဘာမှ မဖြစ် ကားလည်း မီးသီးတောင်မကွဲ။

နောက်တံခါးတစ်ချပ်ပြေးဆောင့် လူတွေ ပြုတ်မကျ ၊ကားမီးသီးမကွဲ၊ဒီလိုပုံစံနဲ့ နောက်တံခါးနှစ်ချပ်။

ဒါကြောင့် ပြောတာ မြန်မာတွေက မလုပ်လျှင် ဘာမှ မလုပ်ဘူး။လုပ်ပြီဆို အားလုံး.. ဟာကနဲ ဟင်ကနဲ…။

အခုဆို ထောင်ဖောက်ဇာတ်ကားတွေ ရိုက်တဲ့ ဟောလိဝုဒ်ကဒါရိုက်တာတွေ သူတို့ ဇာတ်ညွှန်းကို အား ချင်းပြင်နေရပြီ။ဇာတ်လမ်းတွေ ပြန်ရွေးနေရပြီ။

ဘာကြောင့် ဆို သူတို့ ဇာတ်လမ်းတွေက တအားခက်နေတယ် …မဟုတ်လားး။ ယုတ္တိယုတ္တာ မရှိတော့ဘူး…မဟုတ်လား။

သူတို့ဇာတ်လမ်းထဲမှာ ထောင်သားတစ်ယောက် ထောင်ဖောက်ဖို့ ခေတ်မီ ပစ္စည်းတွေ သွင်းရ၊ ထောင် သားအချင်းချင်း သတ်ရဖြတ်ရ။ထောင်ဝါဒါတွေကို သတိထားနေရ၊ ပြေးမယ့်လမ်းကြောင်းရွေးရနဲ့ ။

အခုဒါတွေက မလိုမှန်းသိသွားပြီ။ အခုဆို ဟောလိဝုဒ် ထောင်ဖောက်ဇာတ်လမ်း တွေက ပိုကြည့်လို့ ကောင်းလာသည်။  ၁၈ ပလပ်တွေ မဟုတ်တော့.။

ဇာတ်လမ်းထဲမှာ ထောင်ထဲ ထောင်သားတွေ တကျွန်းကျတွေက လပ်လျှားလပ်လျှား လျှောက် သွား၊ ဒီအချိန်မှာ ကားတစ်စီးရပ်၊ဒရိုင်ဘာကို ကားနဲ့ နီးတဲ့ ထောင်သားက ဆွဲချ။

ဒီနောက် “လိုက်မလားဟေ့ ဘယ်သူတွေ လိုက်မလဲ “ ဟု ဘုရားပွဲသွားမလို တစ်ယောက်ကအော်ခေါ်၊ အားလုံးပြေးတက်၊ ဒီလိုနဲ့ ဇာတ်ကို အဆုံးသတ်။ဘယ်လောက်ပျော်ဖို့ကောင်းသလဲ …။

တချို့ စီးပွားရေး အကွက်မြင်သူတွေဆို ဒစ္စနေးဝေါလ်မှာ ဒီလို ပုံစံတူတွေလုပ်ပြီး ထောင်ဖောက်မလား တစ်ယောက် ဘယ်လောက်ဆိုတာတွေ နဲ့ လုပ်ဖို့ ကြံနေကြပြီ။

လူတွေကလည်း ထောင်ဖောက်ကစားနည်း ကစားဖို့ စိတ်က တစ်အားသန်နေကြသည်။

မြန်မာတွေ လက်ချက်ောကာင့် ဟောလိဝုဒ်ထောင်ကားတွေက လူတိုင်းကြည့်ခွင်ရတဲ့ ကားတွေ ဖြစ်လာပြီ။

ဒီလိုဖြစ်လာလို့ လက်တင်အမေရိကတို့ မက္ကဆီကိုတို့က ထောင်ဖောက်မင်းသားတွေ၊ အကျဉ်းသားတွေ က တောက်တစ်ခေါက်ခေါက်။

လူတွေက သူတို့ကို  ထောင်ကျဘူးတဲ့ သူ ၊ထောင်ဖောက်ပြေးတဲ့ သူဆိုပြီး ရှိန်နေကြ၊ ကြောက် နေကြ တာ။

အခုတော့ ထောင်ဖောက်ဇာတ်ကားတွေက ကျောင်းသားဟာသကားလောက်တောင်  စွန့်စားခန်းမပါ တော့ ပေါက်ကွဲကြပြီလေ..။

ဒါကြောင့်ပြောတာ မြန်မာဆိုတာ ဖောက်တဲ့နေရာမှာ ကိုယ်အချင်းချင်းသာမဟုတ်ဘူး၊ ဟောလိဝုဒ်ပါ တက်ဖောက်တယ်ဆိုတာ…။

    နတ်ဆိုး  

 

(  Zawgyi  )

                       

ျမန္မာဆိုတာ ကုသိုလ္ကံနဲ ဉာဏ္ႏုံနဲတဲ့ သူေတြေတာ့ မဟုတ္။ ခ႐ုမွာလည္း အဆံနဲ႔ လူမွာလည္း အႀကံနဲ႔ ဆိုတဲ့ သူေတြ ။

စဥ္းစားၾကည့္ရင္ သမိုင္းတစ္ေလွ်ာက္ ေခသူစာရင္းထဲ ျမန္မာ မပါ။ျမန္မာဆိုတာ မလုပ္ရင္ အလွ်ဥ္း..။လုပ္လိုက္ရင္ အားလုံး ….ဟာကနဲ …..ဟင္ကနဲ ။

ဘာတဲ့ …သီခ်င္းေတာင္ ရွိေသး။ “အာရွမွာ ျမန္မာကသာ အႏိုင္ယူဗိုလ္စြဲၾကမည္”ဆိုလား…။ အရာအရာမွာ ဗိုလ္စြဲေအာင္ အားေပးတဲ့သီခ်င္း…။

ဒီသီခ်င္းေပၚၿပီးကတည္းက ျမန္မာဆိုတာနဲ႔ ေနရာတကာမွာ ေအာက္ကခ်ည္းမရွိေတာ့…။

မူးယစ္ထုတ္တာ .. ကမာၻမွာ အဆင့္တစ္၊စစ္ျဖစ္တာ …ကမာၻမွာ အၾကာဆုံး ။ကဲ…စဥ္းစားၾကည့္ ဘယ္ေလာက္ေတာင္ ေတာ္သလဲ။

ဒါေတာင္ ဟိုတစ္ေလာက အာမနာပ  ေျပာသံၾကားရေသး ။အမ်ိဳးသားေတြေၾကာင့္သာ  ပဋိပကၡေတြ ျဖစ္တာ စစ္ေတြျဖစ္တာ ဆိုလား..။

တစ္ကယ္ဆို ဒီလို အလုပ္ေတြဆိုတာ ေတာ္႐ုံတန္႐ုံသူေတြ မလုပ္ႏိုင္တဲ့ အလုပ္ေတြ။

အနည္းဆုံးေတာ့ လက္ရဲဇက္ရဲ ၊ ခုတ္ရဲထစ္ရဲ ၊ သတ္ရဲ ဖ်က္ရဲ ၊ေဖာက္ရဲဖ်က္ရဲ တဲ့ ေယာက်ၤားေတြသာ လုပ္ရဲတဲ့ အလုပ္ေတြ ။

ေဖာက္ရဲဆိုလို႔ဒီေနရာမွာ ျမန္မာေတြကိုဘယ္သူမွမမီ၊ဘုရားဋာပနာေဖာက္မလား၊ ေထာင္ေဖာက္မလား..။ ျဖတ္ေဖာက္ခ်ဳပ္လုပ္မလား….။ဘာေဖာက္ရမလဲ ေျပာ.. ေဖာက္သည့္ ေနရာမွာ ျမန္မာေယာက်ၤားေတြကို ဘယ္သူမွ မမီ။

ဆရာႀကီး ..။

ေဖာက္လား မေဖာက္လား အရင္ေခတ္ကတည္းက ေဖာက္လာတာ..။ ေဖာက္ဆို ဘယ္ဘုရားစတီမွ ဋာပနာေဖာက္ခံခ်က္ မကင္း။

ေဖာက္တာသာ ၿပိဳင္ပြဲလို  ကမာၻအိုလံပစ္ပြဲ ထည့္က်င္းပျဖစ္ရင္ ျမန္မာက ဗိုလ္စြဲမလားမသိ။ တစ္ကယ္ေတာ့ ေဖာက္တာ ဆရာက်တာလည္း မေျပာနဲ႔။

ျမန္မာဆိုတာ ေရွးေခတ္ကတည္းက နာမည္တစ္လုံးႏွင့္ ။

မယုံရင္ ေ႐ႊတိဂုံဘုရားသမိုင္းထဲ ပါသည့္ ေမာင္ကံဆို ဘုရား ဋာပနာ ေဖာက္တဲ့ ေနရာမွာ ပိုင္အိုးနီးယား။

သူပိုင္တဲ့ တစ္ေနကေန႔ ေျမလွ်ိဳး မိုးပ်႕ေနတာ။ တစ္ေန႔ လွံနဲ႔ ေျမကိုေဖာက္လွ်ိဳးသြားတာ တ႐ုတ္ျပည္က ဘုရင္နန္းေတာ္ထဲ ေစြ႕ကနဲ႔ေရာက္တယ္ ဆို လား..။

တ႐ုတ္ဘုရင္ ဥတည္ဘြားလည္း လန႔္ဖ်န႔္ၿပီး ခဏခဏ မလာဖို႔ သမီးေတာ္နဲ႔ ျဖားေယာင္းၿပီး မျဖစ္ႏိုင္တဲ့ အလုပ္ကိုလုပ္ခိုင္းပါေလေရာ။

ေမာင္ကံကို ေ႐ႊတိဂုံဘုရားက ဆံေတာ္ ဓာတ္ေတာ္ေတြ ပင့္လိုရရင္ သမီးေတာ္နဲ႔ ေပးစားမယ္ဆိုၿပီး ခိုင္းရတဲ့အထိ။

ဒီေလာက္ထိ ေမာင္ကံက စြမ္းတာ။ ေနာက္ေတာ့ ေမာင္ကံတစ္ေယာက္ ဖြန္ေၾကာင္တာလက္လြန္ၿပီး  ေ႐ႊတိဂုံဘုရားဋာပနာတိုက္ေဖာက္လို႔ ေက်ာက္႐ုပ္ျဖစ္သြားတယ္ ဆိုလား..။

ဒီသမိုင္းဟုတ္လားမဟုတ္လား..ေ႐ႊတိဂုံဘုရား ဋာပနာတိုက္မေရာက္ဘူးလို႔ ေတာ့ မသိ။

သို႔ေသာ္ ဒီကတည္းက ေဖာက္တဲ့ေနရာမွာ ကမာၻက ျမန္မာကို ရွိန္ေနတာ။ ျမန္မာဆိုတာ ေဖာက္စရာမရွိရင္ တစ္ခုခုကို ေဖာက္ေနတာ။ ဘုရားပစၥည္း ေဖာက္ရင္ေဖာက္ ၊မေဖာက္ရင္ ေထာင္ေဖာက္ အခ်ဳပ္ေဖာက္ ။ ညီၫြတ္ေနရင္ ထေဖာက္ ဆိုတာ..။
ဒါေၾကာင့္ ျမန္မာဆိုတာ မေဖာက္ရရင္ မေနႏိုင္တဲ့ လူမ်ိဳး..။

တစ္ေလာက စကိုးဖီးလ္ဆိုလား ပါတဲ့ ပြိဳင္စင္အန္ဘရိတ္ဆိုတဲ့ ေထာင္ေဖာက္ ဇာတ္လမ္းတြဲ ေခတ္စားပါေလေရာ..။

ဒီကားမွာ လူတစ္ေယာက္ကို ေထာင္ထဲကအစ္ကိုကို ထုတ္ဖို႔ ညီျဖစ္သူက လုပ္လိုက္ရတာ ေက်ာကုန္း မွာ ေထာင္ေျမပုံေတြ ဆြဲလိုဆြဲ။ေထာင္ဆရာဝန္မကို ရည္းစားလုပ္ရ၊ေနမေကာင္းခ်င္ေယာင္ေဆာင္ရ  ေသရ ေၾကရ ႏွင့္ ရႈပ္ရွက္ ကို ခက္ေနတာ။

ဒီကတည္းက ျမန္မာေတြ အသည္းကို ယားေနတာ။ ေထာင္ေဖာက္တာမ်ား ဒီေလာက္ခက္ရတယ္လို႔ ..။

ၾကည့္ထား တေန႔ေန႔…မင္းတို႔ခက္ခက္ခဲခဲေဖာက္ရတဲ့ ေထာင္ကို ငါတို႔ ျမန္မာေတြ လြယ္လြယ္ေလး ေဖာက္ျပႏိုင္ရမယ္လို႔ စိတ္ထဲေတးထားတာ။

အခု ဘာတက္ႏိုင္ေသးလဲ ..။ျမန္မာေတြ လုပ္ျပႏိုင္ခဲ့ၿပီ။

ဘားအံေထာင္ေဖာက္မႈမွာ ေထာင္ေဖာက္တယ္ဆိုတာ ဘယ္လိုေဖာက္ရတယ္ဆိုတာ  ကမာၻကို ျမန္မာက လါယ္လြယ္ေလး ျပလိုက္ၿပီ။

ေထာင္ေဖာက္ဖို႔ ဘာမွ ေျမပုံေတြ ယူစရာမလို၊ေျမေတြတူးစရာမလို။ သာေရးနာေရး သြားဖို႔ ကားႀကဳံေခၚသလို ေဘးကိုင္မပါတဲ့ ကားေပၚ လူ၄၀ စုၿပဳံတင္။

ဒီကားနဲ႔  ေထာင္တံခါးေျပးေဆာင့္ ၊လူေတြလည္း ဘာမွ မျဖစ္ ကားလည္း မီးသီးေတာင္မကြဲ။

ေနာက္တံခါးတစ္ခ်ပ္ေျပးေဆာင့္ လူေတြ ျပဳတ္မက် ၊ကားမီးသီးမကြဲ၊ဒီလိုပုံစံနဲ႔ ေနာက္တံခါးႏွစ္ခ်ပ္။

ဒါေၾကာင့္ ေျပာတာ ျမန္မာေတြက မလုပ္လွ်င္ ဘာမွ မလုပ္ဘူး။လုပ္ၿပီဆို အားလုံး.. ဟာကနဲ ဟင္ကနဲ…။

အခုဆို ေထာင္ေဖာက္ဇာတ္ကားေတြ ႐ိုက္တဲ့ ေဟာလိဝုဒ္ကဒါ႐ိုက္တာေတြ သူတို႔ ဇာတ္ၫႊန္းကို အား ခ်င္းျပင္ေနရၿပီ။ဇာတ္လမ္းေတြ ျပန္ေ႐ြးေနရၿပီ။

ဘာေၾကာင့္ ဆို သူတို႔ ဇာတ္လမ္းေတြက တအားခက္ေနတယ္ …မဟုတ္လားး။ ယုတၱိယုတၱာ မရွိေတာ့ဘူး…မဟုတ္လား။

သူတို႔ဇာတ္လမ္းထဲမွာ ေထာင္သားတစ္ေယာက္ ေထာင္ေဖာက္ဖို႔ ေခတ္မီ ပစၥည္းေတြ သြင္းရ၊ ေထာင္ သားအခ်င္းခ်င္း သတ္ရျဖတ္ရ။ေထာင္ဝါဒါေတြကို သတိထားေနရ၊ ေျပးမယ့္လမ္းေၾကာင္းေ႐ြးရနဲ႔ ။

အခုဒါေတြက မလိုမွန္းသိသြားၿပီ။ အခုဆို ေဟာလိဝုဒ္ ေထာင္ေဖာက္ဇာတ္လမ္း ေတြက ပိုၾကည့္လို႔ ေကာင္းလာသည္။  ၁၈ ပလပ္ေတြ မဟုတ္ေတာ့.။

ဇာတ္လမ္းထဲမွာ ေထာင္ထဲ ေထာင္သားေတြ တကြၽန္းက်ေတြက လပ္လွ်ားလပ္လွ်ား ေလွ်ာက္ သြား၊ ဒီအခ်ိန္မွာ ကားတစ္စီးရပ္၊ဒ႐ိုင္ဘာကို ကားနဲ႔ နီးတဲ့ ေထာင္သားက ဆြဲခ်။

ဒီေနာက္ “လိုက္မလားေဟ့ ဘယ္သူေတြ လိုက္မလဲ “ ဟု ဘုရားပြဲသြားမလို တစ္ေယာက္ကေအာ္ေခၚ၊ အားလုံးေျပးတက္၊ ဒီလိုနဲ႔ ဇာတ္ကို အဆုံးသတ္။ဘယ္ေလာက္ေပ်ာ္ဖို႔ေကာင္းသလဲ …။

တခ်ိဳ႕ စီးပြားေရး အကြက္ျမင္သူေတြဆို ဒစၥေနးေဝါလ္မွာ ဒီလို ပုံစံတူေတြလုပ္ၿပီး ေထာင္ေဖာက္မလား တစ္ေယာက္ ဘယ္ေလာက္ဆိုတာေတြ နဲ႔ လုပ္ဖို႔ ႀကံေနၾကၿပီ။

လူေတြကလည္း ေထာင္ေဖာက္ကစားနည္း ကစားဖို႔ စိတ္က တစ္အားသန္ေနၾကသည္။

ျမန္မာေတြ လက္ခ်က္ောကာင့္ ေဟာလိဝုဒ္ေထာင္ကားေတြက လူတိုင္းၾကည့္ခြင္ရတဲ့ ကားေတြ ျဖစ္လာၿပီ။

ဒီလိုျဖစ္လာလို႔ လက္တင္အေမရိကတို႔ မကၠဆီကိုတို႔က ေထာင္ေဖာက္မင္းသားေတြ၊ အက်ဥ္းသားေတြ က ေတာက္တစ္ေခါက္ေခါက္။

လူေတြက သူတို႔ကို  ေထာင္က်ဘူးတဲ့ သူ ၊ေထာင္ေဖာက္ေျပးတဲ့ သူဆိုၿပီး ရွိန္ေနၾက၊ ေၾကာက္ ေနၾက တာ။

အခုေတာ့ ေထာင္ေဖာက္ဇာတ္ကားေတြက ေက်ာင္းသားဟာသကားေလာက္ေတာင္  စြန႔္စားခန္းမပါ ေတာ့ ေပါက္ကြဲၾကၿပီေလ..။

ဒါေၾကာင့္ေျပာတာ ျမန္မာဆိုတာ ေဖာက္တဲ့ေနရာမွာ ကိုယ္အခ်င္းခ်င္းသာမဟုတ္ဘူး၊ ေဟာလိဝုဒ္ပါ တက္ေဖာက္တယ္ဆိုတာ…။

    နတ္ဆိုး