【 သရော်စာ】 “ သူခိုးများနှင့် ကခုန်ခြင်း”

【  သရော်စာ】 “ သူခိုးများနှင့် ကခုန်ခြင်း”

မက်စ်ကလည်း မအုပ်လို့ မဖြစ်။
တရုတ်ကြီးတောင် မြို့တွေပိတ် ၊ရွာတွေ ပိတ်နဲ့ ကမ္ဘာကို အဆက်ဖြတ်နေရသည်။ ဒီတော့ မက်စ်တပ်တာ ပြဿနာတော့မဟုတ်။ ပြဿနာက ပြောင်းပြန်တပ်ရင်သာ…။
မက်စ်တပ်ကြတာ တစ်ကယ်အရင်းစစ်လျှင် ကိုယ်ကို ကူးမှာ ကြောက်လို့..။
လူတွေက ဝူဟန်ကို ကြောက်လို့ ကာကွယ်နေကြပေမယ့် တချို့ကတော့ ဒီဝူဟန်ကြောင့် အတော်လေး အဆင်ပြေနေကြသည်။
ဖြစ်တာတောင် နောက်ကျသလားလို့..။

ခိုးထားဝှက်ထားပြီး လူတောမတိုးသည့်လူတွေဆို ဝူဟန်ကို အတော်လေးကျေးဇူးတင်ကြသည်။
ဘာကြောင့်ဆို ဝူဟန်ကြောင့် လူတောထဲ ပြန်တိုးနိုင်လို့ ဖြစ်သည်။
တချို့ကတော့  ဒီဗိုင်းရပ်စ် အမြဲဖြစ်စေချင်ကြသည်။ အမြဲမဟုတ်လျှင်တောင် အမခေတ်ကုန်တဲ့ အထိတော့ ဖြစ်စေချင်သည်။  
သူတို့ ဝူဟန်ကို အားကိုးလဲ အားကိုးစရာ။
လူတွေက ဝူဟန်ကြောက်လေ မက်စ်တပ်ထားတဲ့ သူဆို စေ့စေ့တောင် မကြည်လေဆိုတော့  မေမေ လက်ထက် ဝရမ်းနဲ့ပြေးနေရတဲ့ သူတွေအားလုံး အလုပ်ဖြစ်နေကြပြီ။
အရင်လို နေ့ဘက် အိမ်ထဲ ညဘက် ဘိထဲ ပုန်းနေစရာ မလို…။

 မက်စ်လေး ဖုံးပြီး မြန်မာပြည်အနှံခရီးထွက်မလား၊ ဝရမ်းထုတ်ထားသည့် ရှေ့ ဆန္ဒရှိရင် ဒချိဒချိ လုပ်မလား…ဘစိုင်းပွဲမှာ သွားကဲဦးမလား၊…။
ဘယ်နေရာကြည့်ကြည့် မျက်နှာဖုံး အမည်းလေးတွေ အဖြူလေးတွေနှင့် လှနေကြသည်။ တော်ရုံတန်ရုံ မလှသည်သူတွေတောင်  မက်စ်တန်ခိုးနှင့် လှနေပြီ။

မက်စ်ကြောင့် လူတောမတိုးရဲသည့် အဘခေတ်က သူခိုးကြီးတွေတောင် ဇိမ်ခံကားပေါ်မှာလဲ မက်စ်၊ လေယာဉ်ပေါ်မှာလည်း မက်စ်၊ ဟိုတယ်မှာလည်း မက်စ်၊ သေးပေါက် ချီးပါရင်တောင် မက်စ်လေးတွေ အုပ်လို့။ မက်စ်အားကိုးနဲ့ မိုက်နေကြပြီ။

အရင်ကဆို ဖမ်းဝရမ်းထုတ်ထားလို့ အပြင်တောင် ယောင်လို့တောင် မထွက်ရဲတဲ့ သူတွေတောင်  မက်စ်လေး တပ်ပြီး သွားချင်သည့်နေရာ သွား။ လာချင်သည့်နေရာ လာမှတော့ သူခိုးတွေက ဘာပြော ကောင်းမလဲ..။      

သူခိုးကြီးတွေလည်း မက်စ်ကြောင့် မျက်နှာပူစရာ မလိုတော့။      
ဒီလိုနှင့် ဘာပဲလုပ်စားလုပ်စား ဘာပဲခိုးစားခိုးစား မက်စ်လေးအုပ်ပြီး ထွက်လို့ရသဖြင့် မဟုတ် တာ လုပ်သူတိုင်း လူတောထဲ ပြန်တိုးလို့ရတဲ့ ခေတ်ကို ရောက်နေကြပြီ။
ဘာပဲပြောပြော ဝူဟန်ကြောင့် လူတွေအားလုံး မက်စ်လေးတွေ အုပ်ထားရသည်။ စကားပြောချင်လျှင် မက်စ်လေး တွေ လှန်ပြော ၊  ဟိုဟာဒီဟာ စားချင်လည်း လှန်ကြ ။
တော်လှန်သောခေတ်ကို ရောက်နေကြပြီ။

အမခေတ်မှာ လူတိုင်း လုပ်ချင်ရာလုပ်လို့ရသည်။ ဝန်ကြီးချုပ်တောင် လမ်းဘေးကလူက တရားစွဲလို့ ရသည်။ ဆန္ဒပြလို့ရသည်။
အဘခေတ် ဒီလိုလုပ်ကြည့်ပါလား..။
တဆွေလုံး တစ်မျိုးလုံးစမုံတုန်းသွားမည်။
အခုလည်း အဘလူ ပဉ္စမံသူခိုးတွေ အမခေတ်ကို  ကြိုက်တော့ ကြိုက်နေကြပြီ။
ကြိုက်တာလည်းမပြောနှင့်…။

အဘခေတ်မှာဆို အဘတွေနဲ့ အဘအမျိုးတွေကို  အထာထားရသည်။အထာမထားလျှင် အဘတွေက ပညာပေး သည်။ နားကားမည်။ကိုင်းကြီးကြီးမှာ နားသွားမည်။
 အမခေတ်မှာတော့ ဒီလိုမဟုတ်။ အမတပည့် ဝန်ကြီးချုပ်ကိုတောင် ခွာရာတိုင်းလို့ရသည်။
ဘယ်လောက်မိုက်သလဲ..။

ဒီကြားထဲ အဘလူလိုလို အမလူလိုလိုနှင့် ရောကြိတ်လို့ရသေးသည်။ မရလျှင် ရင်ကြားစေ့ရေး နှင့် ကိုင်ပေါက်။ ဒါမှ မရလျှင် ဝရမ်းပြေး။ ဒီခေတ်က အမနဲ့သိသလို အဘလူလိုလိုနဲ့ တစ်ကယ် ကို လုပ်စားကိုင်စား ခိုးစားလို့ လွယ်သည့် ခေတ်ဖြစ်သည်။

ဘယ်လောက် မိုက်သလဲ။
အဘခေတ် ဒီလိုသွားလုပ်ကြည့်။ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် မျိုးကန်းသွားမည်။
ဒါကြောင့် သူခိုးကြီးတွေက အဘတွေကို အသေအလဲ ကြောက်သည်။
အဘတွေ ပြန်လာမှာကိုလည်း ကြောက်သည်။
အမကညှာသည်။ အဘက ညာသည်။    
ဒါကြောင့် အဘထက် ပိုစားသာသည့် အမဆက်ရှိနေဖို့ လိုသည်။ အမသာဆက်ရှိရင် ပိုစားသာ မည်။     
အမရှိရင် အဘဆန္ဒပြပွဲ တွေလည်း ဆက်ရှိမည်။အဘထွက်ပွဲ ..အဲလေ .. အဘတွေ လည်း ရှိသမျှ ထုတ်ကြဦးမည်။
ပိုနေမြဲ ကြားနေမြဲ။
ဘယ်လောက်ကောင်းလဲ..။
    
ဒီတော့ အမရှိဖို့ လိုသည်။
အဘတွေဆီက ရသမျှ ယူရဦးမှာဖြစ်သည်။
ဒါကြောင့် အဘအကြိုက် အပုပ်ချပွဲတွေ များများလုပ်ပေးရမည်။ဒါမှ အဘတွေလည်း စိတ်ချမ်းသာ။ ကိုယ်တွေလည်း အလုပ်ဖြစ်။
အမအတွက်လည်း မဲဆွယ်ပြီးသားဖြစ်…..။
ဘယ်လောက်ပျော်စရာကောင်းသလဲ..။

တစ်ခုပဲရှိသည်။ ထောက်ခံပွဲမှာ မက်စ်လေးတွေ တပ်ပြီး သူခိုးကြီးတွေ ကကြခုန်ကြ ဆဲကြ ဆိုကြ တာလေးဘဲ …။
ဘာပဲဖြစ်ဖြစ် မြို့လယ်ခေါင်မှာ မက်စ်တပ်ပြီး ဆဲချင်ရာဆဲ ခွင့်ရတာ နည်းတဲ့ စကေးလား…။

                                                                               နတ်ဆိုး

 

(  Zawgyi  )

 မက္စ္ကလည္း မအုပ္လို႔ မျဖစ္။
တ႐ုတ္ႀကီးေတာင္ ၿမိဳ႕ေတြပိတ္ ၊႐ြာေတြ ပိတ္နဲ႔ ကမာၻကို အဆက္ျဖတ္ေနရသည္။ ဒီေတာ့ မက္စ္တပ္တာ ျပႆနာေတာ့မဟုတ္။ ျပႆနာက ေျပာင္းျပန္တပ္ရင္သာ…။
မက္စ္တပ္ၾကတာ တစ္ကယ္အရင္းစစ္လွ်င္ ကိုယ္ကို ကူးမွာ ေၾကာက္လို႔..။
လူေတြက ဝူဟန္ကို ေၾကာက္လို႔ ကာကြယ္ေနၾကေပမယ့္ တခ်ိဳ႕ကေတာ့ ဒီဝူဟန္ေၾကာင့္ အေတာ္ေလး အဆင္ေျပေနၾကသည္။
ျဖစ္တာေတာင္ ေနာက္က်သလားလို႔..။

ခိုးထားဝွက္ထားၿပီး လူေတာမတိုးသည့္လူေတြဆို ဝူဟန္ကို အေတာ္ေလးေက်းဇူးတင္ၾကသည္။
ဘာေၾကာင့္ဆို ဝူဟန္ေၾကာင့္ လူေတာထဲ ျပန္တိုးႏိုင္လို႔ ျဖစ္သည္။
တခ်ိဳ႕ကေတာ့  ဒီဗိုင္းရပ္စ္ အၿမဲျဖစ္ေစခ်င္ၾကသည္။ အၿမဲမဟုတ္လွ်င္ေတာင္ အမေခတ္ကုန္တဲ့ အထိေတာ့ ျဖစ္ေစခ်င္သည္။  
သူတို႔ ဝူဟန္ကို အားကိုးလဲ အားကိုးစရာ။
လူေတြက ဝူဟန္ေၾကာက္ေလ မက္စ္တပ္ထားတဲ့ သူဆို ေစ့ေစ့ေတာင္ မၾကည္ေလဆိုေတာ့  ေမေမ လက္ထက္ ဝရမ္းနဲ႔ေျပးေနရတဲ့ သူေတြအားလုံး အလုပ္ျဖစ္ေနၾကၿပီ။
အရင္လို ေန႔ဘက္ အိမ္ထဲ ညဘက္ ဘိထဲ ပုန္းေနစရာ မလို…။

 မက္စ္ေလး ဖုံးၿပီး ျမန္မာျပည္အႏွံခရီးထြက္မလား၊ ဝရမ္းထုတ္ထားသည့္ ေရွ႕ ဆႏၵရွိရင္ ဒခ်ိဒခ်ိ လုပ္မလား…ဘစိုင္းပြဲမွာ သြားကဲဦးမလား၊…။
ဘယ္ေနရာၾကည့္ၾကည့္ မ်က္ႏွာဖုံး အမည္းေလးေတြ အျဖဴေလးေတြႏွင့္ လွေနၾကသည္။ ေတာ္႐ုံတန္႐ုံ မလွသည္သူေတြေတာင္  မက္စ္တန္ခိုးႏွင့္ လွေနၿပီ။

မက္စ္ေၾကာင့္ လူေတာမတိုးရဲသည့္ အဘေခတ္က သူခိုးႀကီးေတြေတာင္ ဇိမ္ခံကားေပၚမွာလဲ မက္စ္၊ ေလယာဥ္ေပၚမွာလည္း မက္စ္၊ ဟိုတယ္မွာလည္း မက္စ္၊ ေသးေပါက္ ခ်ီးပါရင္ေတာင္ မက္စ္ေလးေတြ အုပ္လို႔။ မက္စ္အားကိုးနဲ႔ မိုက္ေနၾကၿပီ။

အရင္ကဆို ဖမ္းဝရမ္းထုတ္ထားလို႔ အျပင္ေတာင္ ေယာင္လို႔ေတာင္ မထြက္ရဲတဲ့ သူေတြေတာင္  မက္စ္ေလး တပ္ၿပီး သြားခ်င္သည့္ေနရာ သြား။ လာခ်င္သည့္ေနရာ လာမွေတာ့ သူခိုးေတြက ဘာေျပာ ေကာင္းမလဲ..။      

သူခိုးႀကီးေတြလည္း မက္စ္ေၾကာင့္ မ်က္ႏွာပူစရာ မလိုေတာ့။      
ဒီလိုႏွင့္ ဘာပဲလုပ္စားလုပ္စား ဘာပဲခိုးစားခိုးစား မက္စ္ေလးအုပ္ၿပီး ထြက္လို႔ရသျဖင့္ မဟုတ္ တာ လုပ္သူတိုင္း လူေတာထဲ ျပန္တိုးလို႔ရတဲ့ ေခတ္ကို ေရာက္ေနၾကၿပီ။
ဘာပဲေျပာေျပာ ဝူဟန္ေၾကာင့္ လူေတြအားလုံး မက္စ္ေလးေတြ အုပ္ထားရသည္။ စကားေျပာခ်င္လွ်င္ မက္စ္ေလး ေတြ လွန္ေျပာ ၊  ဟိုဟာဒီဟာ စားခ်င္လည္း လွန္ၾက ။
ေတာ္လွန္ေသာေခတ္ကို ေရာက္ေနၾကၿပီ။

အမေခတ္မွာ လူတိုင္း လုပ္ခ်င္ရာလုပ္လို႔ရသည္။ ဝန္ႀကီးခ်ဳပ္ေတာင္ လမ္းေဘးကလူက တရားစြဲလို႔ ရသည္။ ဆႏၵျပလို႔ရသည္။
အဘေခတ္ ဒီလိုလုပ္ၾကည့္ပါလား..။
တေဆြလုံး တစ္မ်ိဳးလုံးစမုံတုန္းသြားမည္။
အခုလည္း အဘလူ ပၪၥမံသူခိုးေတြ အမေခတ္ကို  ႀကိဳက္ေတာ့ ႀကိဳက္ေနၾကၿပီ။
ႀကိဳက္တာလည္းမေျပာႏွင့္…။

အဘေခတ္မွာဆို အဘေတြနဲ႔ အဘအမ်ိဳးေတြကို  အထာထားရသည္။အထာမထားလွ်င္ အဘေတြက ပညာေပး သည္။ နားကားမည္။ကိုင္းႀကီးႀကီးမွာ နားသြားမည္။
 အမေခတ္မွာေတာ့ ဒီလိုမဟုတ္။ အမတပည့္ ဝန္ႀကီးခ်ဳပ္ကိုေတာင္ ခြာရာတိုင္းလို႔ရသည္။
ဘယ္ေလာက္မိုက္သလဲ..။

ဒီၾကားထဲ အဘလူလိုလို အမလူလိုလိုႏွင့္ ေရာႀကိတ္လို႔ရေသးသည္။ မရလွ်င္ ရင္ၾကားေစ့ေရး ႏွင့္ ကိုင္ေပါက္။ ဒါမွ မရလွ်င္ ဝရမ္းေျပး။ ဒီေခတ္က အမနဲ႔သိသလို အဘလူလိုလိုနဲ႔ တစ္ကယ္ ကို လုပ္စားကိုင္စား ခိုးစားလို႔ လြယ္သည့္ ေခတ္ျဖစ္သည္။

ဘယ္ေလာက္ မိုက္သလဲ။
အဘေခတ္ ဒီလိုသြားလုပ္ၾကည့္။ ေဆြခုႏွစ္ဆက္ မ်ိဳးခုႏွစ္ဆက္ မ်ိဳးကန္းသြားမည္။
ဒါေၾကာင့္ သူခိုးႀကီးေတြက အဘေတြကို အေသအလဲ ေၾကာက္သည္။
အဘေတြ ျပန္လာမွာကိုလည္း ေၾကာက္သည္။
အမကညႇာသည္။ အဘက ညာသည္။    
ဒါေၾကာင့္ အဘထက္ ပိုစားသာသည့္ အမဆက္ရွိေနဖို႔ လိုသည္။ အမသာဆက္ရွိရင္ ပိုစားသာ မည္။     
အမရွိရင္ အဘဆႏၵျပပြဲ ေတြလည္း ဆက္ရွိမည္။အဘထြက္ပြဲ ..အဲေလ .. အဘေတြ လည္း ရွိသမွ် ထုတ္ၾကဦးမည္။
ပိုေနၿမဲ ၾကားေနၿမဲ။
ဘယ္ေလာက္ေကာင္းလဲ..။
    
ဒီေတာ့ အမရွိဖို႔ လိုသည္။
အဘေတြဆီက ရသမွ် ယူရဦးမွာျဖစ္သည္။
ဒါေၾကာင့္ အဘအႀကိဳက္ အပုပ္ခ်ပြဲေတြ မ်ားမ်ားလုပ္ေပးရမည္။ဒါမွ အဘေတြလည္း စိတ္ခ်မ္းသာ။ ကိုယ္ေတြလည္း အလုပ္ျဖစ္။
အမအတြက္လည္း မဲဆြယ္ၿပီးသားျဖစ္…..။
ဘယ္ေလာက္ေပ်ာ္စရာေကာင္းသလဲ..။

တစ္ခုပဲရွိသည္။ ေထာက္ခံပြဲမွာ မက္စ္ေလးေတြ တပ္ၿပီး သူခိုးႀကီးေတြ ကၾကခုန္ၾက ဆဲၾက ဆိုၾက တာေလးဘဲ …။
ဘာပဲျဖစ္ျဖစ္ ၿမိဳ႕လယ္ေခါင္မွာ မက္စ္တပ္ၿပီး ဆဲခ်င္ရာဆဲ ခြင့္ရတာ နည္းတဲ့ စေကးလား…။

                                                                               နတ္ဆိုး