【 သရော်စာ 】လော်ဘီများနှင့် ရောငိုခြင်း

【 သရော်စာ 】လော်ဘီများနှင့် ရောငိုခြင်း

လော်ဘီတွေ ဒုက္ခရောက်ပြီ။ ဒါမေမေကြောင့်ဖြစ်သည်။
တစ်ကယ်ဆို စဉ်းစားကြည့် ။
လော်ဘီတွေကြောင့် မေမေ အခုလို နေရာရလာတာ ဖြစ်သည်။ လော်ဘီတွေသာမရှိရင် မေမေခုလို နေရာရမှာမဟုတ်…။ ခုတော့ မေမေက လော်ဘီတွေ ကိုကြည့်မရတော့ပြီ။
မေမေအလိုကျ မေမေမျက်နှာညိုရင်တောင် မကြိုက်သည့် မေမေသားတွေက လော်ဘီတွေကို “သမ” မည်တဲ့။
မေမေ ရက်စက်ပြီ။
ယခုမှ ..ဘဘတွေကို ပြန်ကပ်ဖို့ကလည်းမလွယ် ။
ဘဘတစ်ဦးကတော့ ပြတ်သည်။ ဘယ်တုန်းကတည်းက လော်ဘီတွေကို စိတ်နာနေသလဲ မသိ။
သူဘာသာသူ ကနေခုန်နေ ဟာသလုပ်နေသည့် ဆယ်လီကလေးမလေးတစ်ဦးကိုတောင် သူမဲမရရင် အပြစ်တင်ဖို့ စနေပြီ။ လော်ဘီဆို မပြောနှင့်..။ သတ်များသတ်မလားမသိ။
ဒါကြောင့် မြန်မာပြည်မှာ လော်ဘီဖြစ်ရတာမလွယ်။အောင်မြင်လျှင် သူတို့ကြောင့်..။
မအောင်မြင်လျှင် လော်ဘီကြောင့်ဟု ထိုးချတတ်သည်။

 

မြန်မာပြည်မှာ နိုင်ငံရေးသမားတွေရော ၊အရောင်ပြောင်းတွေရော ၊အရောင်ချွတ်တွေရော တစ်ယောက်မှ တသမတ်တည်းရပ်တာမရှိ။
ဒီတော့ လော်ဘီတွေ ခဏခဏ ဒုက္ခရောက်သည်။ ဒီကာစတန်မာက ဒီနှစ် အစိမ်းဆိုပေမယ့် နောက်နှစ် အနီဖြစ်ချင် ဖြစ်သည်။
ဒီလအနီဖြစ်နေပေမယ့် နောက်လ အပြာဖြစ်ချင် ဖြစ်သွားနိုင်သည်။ အပြာကနေ အဝါ။အဝါကနေ ရွှေရောင် ။ ရှုပ်ရှက်ကိုခက်နေသည်။
ဒီတော့ လော်ဘီတွေမှာ ကိုယ်နှင့်တွဲရသည့် ကာစတန်မာကို ကြည့်ရသည်။ “ကာစတန်မာဆိတ်လစိ”ဆို လော်ဘီတွေ နာမည်ပျက်သည်။  
တစ်ကယ်က မူရင်းကောင်းမှ မိတ္တူကောင်းမည်ဆိုသည့် သဘောလိုပင် ။
လော်ဘီအနေဖြင့် အလုပ်လာအပ်သည့် ဘဘသားတွေ မေ့မေ့သားတွေ ပါတီတစ်ခုတည်း တစ်သမတ်တည်း ရှိပါမယ် ကတိပေးမှ လက်ခံသင့်သည်။
ယခင်ကတော့ မေမေသာ အာဏာရရင် အလုပ်ပေါမည်ဟု လော်ဘီတွေထင်ကြသည်။  ဆန္ဒပြစားသူတွေလည်း နေ့တွက် ကိုက်မည်။ လော်ဘီတွေလည်း အလုပ်များမည်ဟု ။
စဉ်းစားကြည့်ရင် ဖြစ်နိုင်သည့်အရာတွေ ဖြစ်သည်။

 

မေမေအာဏာရရင် ‘ဘဘ’တွေဘက်က ဆန္ဒပြမည်။ ဒါဆို နေ့စားလိုက်သူတွေ ပုတ်ပြတ်လချုပ်တွေ အူစိုပြီ။ တွက်ချေကိုက်ပြီ။  
မေမေအာဏာရရင် မေမေက ဆန္ဒပြတဲ့သူတွေကို ဖမ်းမှာမဟုတ်။ မေမေက ဒီမိုကရေစီ ဖြစ်သည်။ ဒါကြောင့်  ဘဘ လူတွေ ခဏခဏဆန္ဒပြကြမည်။
မိုးကြိုးခဏခဏပစ်ရင်လည်း မေမေကြောင့် ဟု ။ ကိုဗက်ဖြစ်လည်း မေမေကြောင့်ဟု။
မေမေလက်ထက်မှာ “ဘဘ”လူတွေ  ခဏခဏပြသည်။(ဆန္ဒ)။ ဒီအတွက် ငွေသာလိုသည်။ ပြပေးမည့်သူက အဆင်သင့်။
ဘဘတွေမှာ အရင်က ‘သမ’ထားသည့် ပိုက်ဆံတွေ ဘီလျံနဲ့ ချီပြီး ရှိသည်။ ဒီပိုက်ဆံတွေက ဘဏ်ထဲထားတော့ တစ်လတစ်လ ရသည်ဘဏ်တိုးက မနည်း။
ဒီတော့ ဆန္ဒပြပေးမည့်သူတွေကို ထိုက်ထိုက်တန်တန်ပေးနိုင်သည်။ အသွားအပြန် အကြို့အပိုလည်း လုပ်ပေး နိုင်သည်။ ဒံပေါက်တောင်ကျွေးနိုင်သည်။ ဝါသနာပါလို့ ကန်ထရိုက်နဲ့ အဆင်ပြေရင် အပြန်ပါဆယ်တောင် ဆွဲနိုင်သည်။
 ဒီကြားထဲ လူစာရင်းပိုတင်ပြီး “ ၀ိုက် ”လို့ရသေးသည်။

 

ဘဘတွေလက်ထက်က “မေမေ”လူတွေဆန္ဒပြလျှင် ကားပြာဖြင့် ခေါ်သည်။ ပြီးလျှင် ထောင်ထဲထည့် ကာ ဆွမ်းကြီးလောင်းခြင်းဖြင့် ဘဘလူတွေ ပြုစုသည်။
မေမေခေတ်မှာ ပြောင်းသွားပြီ။ မေမေက ဒါတွေကိုမကိုင် ။ ဆန္ဒပြလည်းအေးဆေး၊ လူရိုက်လည်းအေးဆေး။ ဘာလုပ်လုပ်အေးဆေး။ ဒီတော့ မေမေခတ်မှာ လူတွေ အလုပ်လုပ်ရတာ စိတ်မဝင်စားတော့။  
ရင်ခုန်ရပြီး အန္တရာယ်မရှိတော့သည့် ဆန္ဒပြစားတဲ့အလုပ်က အရမ်းခေတ်စားလာသည်။
ဒါကြောင့် ဆန္ဒပြတာက တရားဝင်အလုပ်ဖြစ်လာသည်။ ဒီအတွက် ဘဘတွေကို အပိုင်မွေးထားမှဖြစ်မည်။
ဘဘတွေက ရေလျှံသည်။မြေလျှံသည်။ ခွင်လျှံသည်။ဘော ‘မ’ရင် ‘မ’သလောက်ကျသည်။
တစ်ကယ်တော ဘဘတွေက လူတွေထင်သလို မဟုတ်။ ကယ်တင်ရှင်တွေဖြစ်သည်။
ယခုတော့ အခြေအနေအရ ပြည်သူ သန်း ၆၀ လုံးကယ်တင်နိုင်အောင် ‘ဘုန်း’ထားတာ မဟုတ်သဖြင့် ဘဘတွေ ပြည်သူတွေ အားလုံးကို မကြည့်နိုင်။
ခေတ်အရ ဘဘဘောကို ‘မ’ သည့်သူတွေကိုသာကြည့်နိုင်သည်။
ဒါကြောင့် ဘဘတွေနိုင်သလောက် ဘဘဘောကို ‘မ’သည့် လူတွေကို ဘဘကကြည့်သည်။ ဒီတော့ သူခွင်နှင့် ခွင်။ တစ်ခါတစ်လေ ဘောလုပွဲတွေရှိတတ်သည်။ ဘောပြောင်းဘောလွဲတွေ ဖြစ်တတ်သည်။
မေမေကလည်း လည်သည်။ ဒီလိုအလုပ်လက်မဲ့တွေကို တစ်ဖက်တစ်လမ်းက နေ့စားဆန္ဒပြသူအဖြစ် ကူညီအလုပ် ပေးထားသည့် ဘဘတွေကို မေမေက မသိချင်ယောင်ဆောင်ပေးထားသည်။
ဒါတွေက ကိုဗက်မတိုင်ခင်အထိ။
အခုတော့ ကိုဗက်လက်ချက်ဖြင့် အားလုံးတိုင်ပတ်ပြီ။

 

တစ်ကယ်က ဒီပြဿနာက အဘတွေ ဆရာတင်ထားသည့် စီလုပ်ကြီးကြောင့် ဖြစ်သည်။
စီလုပ်ပြည်မှာ ဗိုင်းရပ်ဖြစ်သည်။ဒီတော့  တကမ္ဘာလုံးကူးသည်။ တကမ္ဘာလုံး အားလုံးရပ်။
မြန်မာပြည်လည်း ဘာတတ်နိုင်မလဲ..။အစောပိုင်းကတော့ ကိုယ်နဲ့ မဆိုင်သလို ဘဘတွေ မမတွေက နေကြည့်သေးသည်။
နောက်တော့မရ။ အားလုံးပိတ်ရ တားရသည်။
ဒီတော့ ဆန္ဒလည်း ပြလို့မရတော့။ နေ့စားလေးတွေ ပုတ်ပြတ်လေးတွေပါ ထိကုန်သည်။ ဒီတော့ မေမေကို ရန်ရှာတော့မည်။
ဒီတော့ မေမေက အားလုံးကို ကျပ်..ပြီ။ ပထမဆုံး … ဘဏ်တိုးတွေချသည်။ နောက်..တစ်ကယ်အလုပ်လုပ်မှ ပိုက်ဆံချေးသည် ။
ဘဘတွေလည်း ဘဏ်တိုးလျော့ ..လုပ်ငန်းတွေရပ်တော့ ငွေမသုံးနိုင်တော့..။
အစကတော့ ဂဏန်းမဆလာလေး၊ကော်ရည်လေး၊ ငါးပေါင်းလေး ဘာလေး ညာလေး အွန်လိုင်းကနေ ရောင်းမလားလို့ စဉ်းစားသေးသည်။ ဘဘ ဂဏန်းမဆလာ၊ ဘဘကော်ရည်၊ ဘဘ ငါးပေါင်း…။
သို့သော် ဘဘတွေ စဉ်းစားချိန်မှာ ဆယ်လီတွေ ၊ အနုပညာသမားတွေက ဒီစျေးကွက်ကို ဝင်သိမ်းသွားသည်။ဒီကတည်းက ဘဘတွေက တင်းနေတာ…။
ဒါကြောင့် အခါသင့်တုန်း သူတို့ခွင်ဝင်လုသွားသည့် ဆယ်လီတွေ၊ အနုပညာသမားတွေကို ကြိမ်းမောင်းနေခြင်းဖြစ်သည်။ ယခင်ခေတ်သာဆို ဒီဟာတွေ နေလှန်းခံရပြီ။
‘ဘဘ’တွေမှာ အခုတော့ ခက်နေပြီ။ လာမည်ရွေးကောက်ပွဲအတွက်  ငွေသုံးရမလား.မသုံးရမလား ..။ ‘ဘဘ’တွေထဲလည်း အုပ်စုနှစ်စုကွဲနေသည်။
လောဘသတ်နိုင်သည့် ‘ဘဘ’တွေက ရှိတာလေးနဲ့ နှပ်နေတော့မည်။ တွက်ခြေမကိုက်သေးသည့် ‘ဘဘ’တွေ၊ ‘ဘဘ’အသစ်တွေက  နောက် ၅ နှစ်သာ မေမေထပ်ရရင် ဘ၀ပျက်ပြီတွေးပြီး သေမြေကြီး၊ ရှင်ရွှေထီးဆိုပြီး ကြမ်းရမ်းမည်‘ဘဘ’ တွေလည်းရှိသည်။

 

တစ်ကယ်ဆို ခုအချိန်က ရွေးကောက်ပွဲအတွက် ဆန္ဒတွေ ပြကြ၊ မဲဆွယ်ကြ ပေးကြကမ်းကြ ဝယ်ကြပြုကြနဲ့ အပြိုင်အဆိုင် ငွေသုံးရသည့် အချိန်။
အခုတော့  ကိုဗက် ဖျက်လို့ ပျက်ပြီ။
ဆန္ဒပြလို့လည်း မဖြစ်။ အကုန်လုံး ကွာရန်တင်းထဲ ရောက်ကုန်ရင် ခက်မည်။
ဒီတော့ အွန်လိုင်းတစ်ခုသာရှိသည်။ အွန်လိုင်းကနေ လော်ဖို့ ‘ဘဘ’တွေ စဉ်းစားသည်။မေမေတို့ကလည်း အွန်လိုင်းကို ချုပ်ထားသည်။
ဒီအပြိုင်အဆိုင်ကြား  လော်ဘီတို့ တစ်ခေတ်ဖြစ်ပြီ..ဟု။
သို့သော်.. ဒီအတွေးက တစ်ပတ်..တစ်လတောင်မခံ …။ မေမေက လည်သည်။ဒီအကွက်တွေမြင်သည်။  
ငွေသုံးပြီး ဂရုတွေထောင် ပေ့ချ်တွေထောင်ပြီး သတင်းမှားတွေ ဖြန့်နေတာကို အရေးယူမည်ဟု ပြောလိုက်သည်။
ဒီထဲ နေပြည်တော်ထဲက လူတွေပါသည်ဆိုပြီး စောင်းပြောလိုက်သည်။
အကောင်ပြမှ အရိပ်ထင်သည် ‘ဘဘ’ တွေ ဒီတစ်ခါတော့ လော်ဘီတွေနဲ့ အလုပ်မဖြစ်တော့ဘူးဆိုပြီး လော်ရှေ့တန်းကို  ထွက်လာရပြီ။
ဘဘတွေကို လူတွေက လော်ဘီတွေထက် ပိုစိတ်ဝင်စားသည်။ဘဘတွေလော်တာက ရယ်ရသည်။ ဖတ်ရသူတိုင်း ၏စိတ်နှလုံးကို ရသပေါင်းစုံပေးနိုင်သည်။  
ဖေ့စဖွတ်လောကကြီးလည်း ‘ဘဘ’တွေရဲ့အလော်ကြောင့် ဆဲသံဆိုသံ မအေနှမတုပ်သံဖြင့် ကျွက်ကျွက်ညံလေပြီ။
‘ဘဘ’တွေ တောက်တစ်ခတ်ခတ်..။ ဒီလောက်ပျော်စရာကောင်းတဲ့ လောက ခုမှ သိရလားဟု ။ ‘ဘဘ’တွေ လောဘီလောကထဲ စုံပစ်ဝင်ကျသည်။
ဘဘတို့ လောက အွန်လိုင်းမှာ ပျော်လေပြီ..။
အခုတော့ လော်ဘီတွေ ငိုရပြီ။
လော်ဘီစျေးကွက် မေမေကြောင့် ဘဘတွေ အပိုင်စီးသွားလေပြီ။

နတ်ဆိုး 

(   Zawgyi   )

 ေလာ္ဘီေတြ ဒုကၡေရာက္ၿပီ။ ဒါေမေမေၾကာင့္ျဖစ္သည္။
တစ္ကယ္ဆို စဥ္းစားၾကည့္ ။
ေလာ္ဘီေတြေၾကာင့္ ေမေမ အခုလို ေနရာရလာတာ ျဖစ္သည္။ ေလာ္ဘီေတြသာမရွိရင္ ေမေမခုလို ေနရာရမွာမဟုတ္…။ ခုေတာ့ ေမေမက ေလာ္ဘီေတြ ကိုၾကည့္မရေတာ့ၿပီ။
ေမေမအလိုက် ေမေမမ်က္ႏွာညိဳရင္ေတာင္ မႀကိဳက္သည့္ ေမေမသားေတြက ေလာ္ဘီေတြကို “သမ” မည္တဲ့။
ေမေမ ရက္စက္ၿပီ။
ယခုမွ ..ဘဘေတြကို ျပန္ကပ္ဖို႔ကလည္းမလြယ္ ။
ဘဘတစ္ဦးကေတာ့ ျပတ္သည္။ ဘယ္တုန္းကတည္းက ေလာ္ဘီေတြကို စိတ္နာေနသလဲ မသိ။
သူဘာသာသူ ကေနခုန္ေန ဟာသလုပ္ေနသည့္ ဆယ္လီကေလးမေလးတစ္ဦးကိုေတာင္ သူမဲမရရင္ အျပစ္တင္ဖို႔ စေနၿပီ။ ေလာ္ဘီဆို မေျပာႏွင့္..။ သတ္မ်ားသတ္မလားမသိ။
ဒါေၾကာင့္ ျမန္မာျပည္မွာ ေလာ္ဘီျဖစ္ရတာမလြယ္။ေအာင္ျမင္လွ်င္ သူတို႔ေၾကာင့္..။
မေအာင္ျမင္လွ်င္ ေလာ္ဘီေၾကာင့္ဟု ထိုးခ်တတ္သည္။

ျမန္မာျပည္မွာ ႏိုင္ငံေရးသမားေတြေရာ ၊အေရာင္ေျပာင္းေတြေရာ ၊အေရာင္ခြၽတ္ေတြေရာ တစ္ေယာက္မွ တသမတ္တည္းရပ္တာမရွိ။
ဒီေတာ့ ေလာ္ဘီေတြ ခဏခဏ ဒုကၡေရာက္သည္။ ဒီကာစတန္မာက ဒီႏွစ္ အစိမ္းဆိုေပမယ့္ ေနာက္ႏွစ္ အနီျဖစ္ခ်င္ ျဖစ္သည္။
ဒီလအနီျဖစ္ေနေပမယ့္ ေနာက္လ အျပာျဖစ္ခ်င္ ျဖစ္သြားႏိုင္သည္။ အျပာကေန အဝါ။အဝါကေန ေ႐ႊေရာင္ ။ ရႈပ္ရွက္ကိုခက္ေနသည္။
ဒီေတာ့ ေလာ္ဘီေတြမွာ ကိုယ္ႏွင့္တြဲရသည့္ ကာစတန္မာကို ၾကည့္ရသည္။ “ကာစတန္မာဆိတ္လစိ”ဆို ေလာ္ဘီေတြ နာမည္ပ်က္သည္။  
တစ္ကယ္က မူရင္းေကာင္းမွ မိတၱဴေကာင္းမည္ဆိုသည့္ သေဘာလိုပင္ ။
ေလာ္ဘီအေနျဖင့္ အလုပ္လာအပ္သည့္ ဘဘသားေတြ ေမ့ေမ့သားေတြ ပါတီတစ္ခုတည္း တစ္သမတ္တည္း ရွိပါမယ္ ကတိေပးမွ လက္ခံသင့္သည္။
ယခင္ကေတာ့ ေမေမသာ အာဏာရရင္ အလုပ္ေပါမည္ဟု ေလာ္ဘီေတြထင္ၾကသည္။  ဆႏၵျပစားသူေတြလည္း ေန႔တြက္ ကိုက္မည္။ ေလာ္ဘီေတြလည္း အလုပ္မ်ားမည္ဟု ။
စဥ္းစားၾကည့္ရင္ ျဖစ္ႏိုင္သည့္အရာေတြ ျဖစ္သည္။

ေမေမအာဏာရရင္ ‘ဘဘ’ေတြဘက္က ဆႏၵျပမည္။ ဒါဆို ေန႔စားလိုက္သူေတြ ပုတ္ျပတ္လခ်ဳပ္ေတြ အူစိုၿပီ။ တြက္ေခ်ကိုက္ၿပီ။  
ေမေမအာဏာရရင္ ေမေမက ဆႏၵျပတဲ့သူေတြကို ဖမ္းမွာမဟုတ္။ ေမေမက ဒီမိုကေရစီ ျဖစ္သည္။ ဒါေၾကာင့္  ဘဘ လူေတြ ခဏခဏဆႏၵျပၾကမည္။
မိုးႀကိဳးခဏခဏပစ္ရင္လည္း ေမေမေၾကာင့္ ဟု ။ ကိုဗက္ျဖစ္လည္း ေမေမေၾကာင့္ဟု။
ေမေမလက္ထက္မွာ “ဘဘ”လူေတြ  ခဏခဏျပသည္။(ဆႏၵ)။ ဒီအတြက္ ေငြသာလိုသည္။ ျပေပးမည့္သူက အဆင္သင့္။
ဘဘေတြမွာ အရင္က ‘သမ’ထားသည့္ ပိုက္ဆံေတြ ဘီလ်ံနဲ႔ ခ်ီၿပီး ရွိသည္။ ဒီပိုက္ဆံေတြက ဘဏ္ထဲထားေတာ့ တစ္လတစ္လ ရသည္ဘဏ္တိုးက မနည္း။
ဒီေတာ့ ဆႏၵျပေပးမည့္သူေတြကို ထိုက္ထိုက္တန္တန္ေပးႏိုင္သည္။ အသြားအျပန္ အႀကိဳ႕အပိုလည္း လုပ္ေပး ႏိုင္သည္။ ဒံေပါက္ေတာင္ေကြၽးႏိုင္သည္။ ဝါသနာပါလို႔ ကန္ထ႐ိုက္နဲ႔ အဆင္ေျပရင္ အျပန္ပါဆယ္ေတာင္ ဆြဲႏိုင္သည္။
 ဒီၾကားထဲ လူစာရင္းပိုတင္ၿပီး “ ၀ိုက္ ”လို႔ရေသးသည္။

ဘဘေတြလက္ထက္က “ေမေမ”လူေတြဆႏၵျပလွ်င္ ကားျပာျဖင့္ ေခၚသည္။ ၿပီးလွ်င္ ေထာင္ထဲထည့္ ကာ ဆြမ္းႀကီးေလာင္းျခင္းျဖင့္ ဘဘလူေတြ ျပဳစုသည္။
ေမေမေခတ္မွာ ေျပာင္းသြားၿပီ။ ေမေမက ဒါေတြကိုမကိုင္ ။ ဆႏၵျပလည္းေအးေဆး၊ လူ႐ိုက္လည္းေအးေဆး။ ဘာလုပ္လုပ္ေအးေဆး။ ဒီေတာ့ ေမေမခတ္မွာ လူေတြ အလုပ္လုပ္ရတာ စိတ္မဝင္စားေတာ့။  
ရင္ခုန္ရၿပီး အႏၲရာယ္မရွိေတာ့သည့္ ဆႏၵျပစားတဲ့အလုပ္က အရမ္းေခတ္စားလာသည္။
ဒါေၾကာင့္ ဆႏၵျပတာက တရားဝင္အလုပ္ျဖစ္လာသည္။ ဒီအတြက္ ဘဘေတြကို အပိုင္ေမြးထားမွျဖစ္မည္။
ဘဘေတြက ေရလွ်ံသည္။ေျမလွ်ံသည္။ ခြင္လွ်ံသည္။ေဘာ ‘မ’ရင္ ‘မ’သေလာက္က်သည္။
တစ္ကယ္ေတာ ဘဘေတြက လူေတြထင္သလို မဟုတ္။ ကယ္တင္ရွင္ေတြျဖစ္သည္။
ယခုေတာ့ အေျခအေနအရ ျပည္သူ သန္း ၆၀ လုံးကယ္တင္ႏိုင္ေအာင္ ‘ဘုန္း’ထားတာ မဟုတ္သျဖင့္ ဘဘေတြ ျပည္သူေတြ အားလုံးကို မၾကည့္ႏိုင္။
ေခတ္အရ ဘဘေဘာကို ‘မ’ သည့္သူေတြကိုသာၾကည့္ႏိုင္သည္။
ဒါေၾကာင့္ ဘဘေတြႏိုင္သေလာက္ ဘဘေဘာကို ‘မ’သည့္ လူေတြကို ဘဘကၾကည့္သည္။ ဒီေတာ့ သူခြင္ႏွင့္ ခြင္။ တစ္ခါတစ္ေလ ေဘာလုပြဲေတြရွိတတ္သည္။ ေဘာေျပာင္းေဘာလြဲေတြ ျဖစ္တတ္သည္။
ေမေမကလည္း လည္သည္။ ဒီလိုအလုပ္လက္မဲ့ေတြကို တစ္ဖက္တစ္လမ္းက ေန႔စားဆႏၵျပသူအျဖစ္ ကူညီအလုပ္ ေပးထားသည့္ ဘဘေတြကို ေမေမက မသိခ်င္ေယာင္ေဆာင္ေပးထားသည္။
ဒါေတြက ကိုဗက္မတိုင္ခင္အထိ။
အခုေတာ့ ကိုဗက္လက္ခ်က္ျဖင့္ အားလုံးတိုင္ပတ္ၿပီ။

တစ္ကယ္က ဒီျပႆနာက အဘေတြ ဆရာတင္ထားသည့္ စီလုပ္ႀကီးေၾကာင့္ ျဖစ္သည္။
စီလုပ္ျပည္မွာ ဗိုင္းရပ္ျဖစ္သည္။ဒီေတာ့  တကမာၻလုံးကူးသည္။ တကမာၻလုံး အားလုံးရပ္။
ျမန္မာျပည္လည္း ဘာတတ္ႏိုင္မလဲ..။အေစာပိုင္းကေတာ့ ကိုယ္နဲ႔ မဆိုင္သလို ဘဘေတြ မမေတြက ေနၾကည့္ေသးသည္။
ေနာက္ေတာ့မရ။ အားလုံးပိတ္ရ တားရသည္။
ဒီေတာ့ ဆႏၵလည္း ျပလို႔မရေတာ့။ ေန႔စားေလးေတြ ပုတ္ျပတ္ေလးေတြပါ ထိကုန္သည္။ ဒီေတာ့ ေမေမကို ရန္ရွာေတာ့မည္။
ဒီေတာ့ ေမေမက အားလုံးကို က်ပ္..ၿပီ။ ပထမဆုံး … ဘဏ္တိုးေတြခ်သည္။ ေနာက္..တစ္ကယ္အလုပ္လုပ္မွ ပိုက္ဆံေခ်းသည္ ။
ဘဘေတြလည္း ဘဏ္တိုးေလ်ာ့ ..လုပ္ငန္းေတြရပ္ေတာ့ ေငြမသုံးႏိုင္ေတာ့..။
အစကေတာ့ ဂဏန္းမဆလာေလး၊ေကာ္ရည္ေလး၊ ငါးေပါင္းေလး ဘာေလး ညာေလး အြန္လိုင္းကေန ေရာင္းမလားလို႔ စဥ္းစားေသးသည္။ ဘဘ ဂဏန္းမဆလာ၊ ဘဘေကာ္ရည္၊ ဘဘ ငါးေပါင္း…။
သို႔ေသာ္ ဘဘေတြ စဥ္းစားခ်ိန္မွာ ဆယ္လီေတြ ၊ အႏုပညာသမားေတြက ဒီေစ်းကြက္ကို ဝင္သိမ္းသြားသည္။ဒီကတည္းက ဘဘေတြက တင္းေနတာ…။
ဒါေၾကာင့္ အခါသင့္တုန္း သူတို႔ခြင္ဝင္လုသြားသည့္ ဆယ္လီေတြ၊ အႏုပညာသမားေတြကို ႀကိမ္းေမာင္းေနျခင္းျဖစ္သည္။ ယခင္ေခတ္သာဆို ဒီဟာေတြ ေနလွန္းခံရၿပီ။
‘ဘဘ’ေတြမွာ အခုေတာ့ ခက္ေနၿပီ။ လာမည္ေ႐ြးေကာက္ပြဲအတြက္  ေငြသုံးရမလား.မသုံးရမလား ..။ ‘ဘဘ’ေတြထဲလည္း အုပ္စုႏွစ္စုကြဲေနသည္။
ေလာဘသတ္ႏိုင္သည့္ ‘ဘဘ’ေတြက ရွိတာေလးနဲ႔ ႏွပ္ေနေတာ့မည္။ တြက္ေျခမကိုက္ေသးသည့္ ‘ဘဘ’ေတြ၊ ‘ဘဘ’အသစ္ေတြက  ေနာက္ ၅ ႏွစ္သာ ေမေမထပ္ရရင္ ဘ၀ပ်က္ၿပီေတြးၿပီး ေသေျမႀကီး၊ ရွင္ေ႐ႊထီးဆိုၿပီး ၾကမ္းရမ္းမည္‘ဘဘ’ ေတြလည္းရွိသည္။

တစ္ကယ္ဆို ခုအခ်ိန္က ေ႐ြးေကာက္ပြဲအတြက္ ဆႏၵေတြ ျပၾက၊ မဲဆြယ္ၾက ေပးၾကကမ္းၾက ဝယ္ၾကျပဳၾကနဲ႔ အၿပိဳင္အဆိုင္ ေငြသုံးရသည့္ အခ်ိန္။
အခုေတာ့  ကိုဗက္ ဖ်က္လို႔ ပ်က္ၿပီ။
ဆႏၵျပလို႔လည္း မျဖစ္။ အကုန္လုံး ကြာရန္တင္းထဲ ေရာက္ကုန္ရင္ ခက္မည္။
ဒီေတာ့ အြန္လိုင္းတစ္ခုသာရွိသည္။ အြန္လိုင္းကေန ေလာ္ဖို႔ ‘ဘဘ’ေတြ စဥ္းစားသည္။ေမေမတို႔ကလည္း အြန္လိုင္းကို ခ်ဳပ္ထားသည္။
ဒီအၿပိဳင္အဆိုင္ၾကား  ေလာ္ဘီတို႔ တစ္ေခတ္ျဖစ္ၿပီ..ဟု။
သို႔ေသာ္.. ဒီအေတြးက တစ္ပတ္..တစ္လေတာင္မခံ …။ ေမေမက လည္သည္။ဒီအကြက္ေတြျမင္သည္။  
ေငြသုံးၿပီး ဂ႐ုေတြေထာင္ ေပ့ခ်္ေတြေထာင္ၿပီး သတင္းမွားေတြ ျဖန႔္ေနတာကို အေရးယူမည္ဟု ေျပာလိုက္သည္။
ဒီထဲ ေနျပည္ေတာ္ထဲက လူေတြပါသည္ဆိုၿပီး ေစာင္းေျပာလိုက္သည္။
အေကာင္ျပမွ အရိပ္ထင္သည္ ‘ဘဘ’ ေတြ ဒီတစ္ခါေတာ့ ေလာ္ဘီေတြနဲ႔ အလုပ္မျဖစ္ေတာ့ဘူးဆိုၿပီး ေလာ္ေရွ႕တန္းကို  ထြက္လာရၿပီ။
ဘဘေတြကို လူေတြက ေလာ္ဘီေတြထက္ ပိုစိတ္ဝင္စားသည္။ဘဘေတြေလာ္တာက ရယ္ရသည္။ ဖတ္ရသူတိုင္း ၏စိတ္ႏွလုံးကို ရသေပါင္းစုံေပးႏိုင္သည္။  
ေဖ့စဖြတ္ေလာကႀကီးလည္း ‘ဘဘ’ေတြရဲ႕အေလာ္ေၾကာင့္ ဆဲသံဆိုသံ မေအႏွမတုပ္သံျဖင့္ ကြၽက္ကြၽက္ညံေလၿပီ။
‘ဘဘ’ေတြ ေတာက္တစ္ခတ္ခတ္..။ ဒီေလာက္ေပ်ာ္စရာေကာင္းတဲ့ ေလာက ခုမွ သိရလားဟု ။ ‘ဘဘ’ေတြ ေလာဘီေလာကထဲ စုံပစ္ဝင္က်သည္။
ဘဘတို႔ ေလာက အြန္လိုင္းမွာ ေပ်ာ္ေလၿပီ..။
အခုေတာ့ ေလာ္ဘီေတြ ငိုရၿပီ။
ေလာ္ဘီေစ်းကြက္ ေမေမေၾကာင့္ ဘဘေတြ အပိုင္စီးသြားေလၿပီ။

နတ္ဆိုး