【 သရော်စာ 】အချိုမှုန့်ချစ်သူ

 【  သရော်စာ  】အချိုမှုန့်ချစ်သူ

စိုပြေ အချိုမှုန့် ပြန်စားတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်ပါပြီ။
နှစ်ပေါင်းများစွာ မစားခဲ့သော အချို့မှုန့်ကို ပြန်စားရမည်ဆိုတော့ နည်းနည်းတော့ အခက်အခဲ ရှိနိုင် သည်။
သို့သော်လည်း မစားလို့လည်း မဖြစ်တော့။ အချိုမှုန့်မစားသဖြင့် ဒုက္ခရောက်ပေါင်းမနည်း။
သူများတွေ အချိုမှုန့် မကောင်းကြောင်း ပြောနေချိန်ကြမှ စိုပြေက ပြန်စားမည်ဆိုတော့ ကန့်လန့်တိုက် သည် ဟု ထင်ကြဦးမည်။
မဟုတ်ပါ။ အချိုမှုန့်ပြန်စားသည့် အကြောင်းကတော့ ရှင်းပါသည်။ အချိုမှုန့်ဒါဏ်ကို မခံနိုင်၍ဖြစ်သည်။

တကယ်တော့ စိုပြေ အချိုမှုန့်ကို ပြတ်သွားတာ ဦးလေးကြောင့်ဖြစ်သည်။ ဦးလေးက မစားခိုင်း၍တော့ မဟုတ်ပါ။ သူ့ကို နှိပ်ပေးရလွန်းလို့ဖြစ်သည်။ အကြောင်းကတော့.....
လွန်ခဲ့သော ၁၀ နှစ်ကျော်လောက်ကတည်းကဖြစ်၏။
 
ထိုစဉ်က စိုပြေ ခမြာနေစရာလည်း မရှိ၊ အလုပ်ကလည်း မရှိသဖြင့် ညီအကိုနှစ်ယောက် ဦးလေး အိမ်မှာ ကပ်နေရသည်။ ထိုဦးလေးမှာ ဆီးချိုရောဂါရှိ၏။
ထိုဦးလေးမှာ အလုပ်များသဖြင့် ထိုအိမ်တွင် စိုပြေ ထမင်းဟင်းချက်ရသည်။  ဟင်းချက်လျှင် အချိုမှုန့် ထည့်ရမည်ကို ပုံသေနည်းအဖြစ် မှတ်ထားသော စိုပြေမှာ ဟင်းချက်တိုင်း အချိုမှုန်ထည့်သည်။
စိုပြေ ချက်ကျွေးသော ဟင်းတွေစားပြီး ဦးလေးခမြာ ဆီးချိုတွေ တတ်ရှာသည်။
သူဆီးချိုတတ်တော့ စိုပြေက နှိပ်ပေးရပြန်သည်။ သူ့ဆီးချိုက ဘယ်လိုနေမှန်းမသိသော်လည်း စိုပြေကတော့ နှိပ်ပေးရတာ မသက်သာလှ။ ကြာလာတော့ ဒီလို နှိပ်ရတာကို သည်းမခံနိုင်တော့ပေ။

သို့နှင့် ငါဒီလိုသာ နှိပ်ပေးနေရရင် မလွယ်ဘူးဟု တွေးကာ ဟင်းထဲတွင် အချိုမှုန့်မထည့်တော့။ ဦးလေး ကတော့ အချိုမှုန့်နည်းနည်းလောက် ထည့်ဖို့ပြောသေးသည်။ သို့သော်လည်း စိုပြေ အချိုမှုန့်ကိုပင် မဝယ်တော့။
ထိုအချိန်က ကြက်သားမှုန့်ဆိုတာလည်း မပေါ်သေးပေ။
အစပိုင်းတော့ အချို့မှုန့်မပါသော ဟင်းသည် စား၍ မကောင်း။
သို့သော်လည်း လေးငါးရက်ကြာတော့ ပါးစပ်က ယဉ်လာသည်။ အချိုမှုန့်မပါဘဲ စားနိုင်လာသည်။
ဦးလေးလည်း ဆီးချိုသိပ်မတတ်တော့။ စိုပြေ သိပ်မနှိပ်ပေးရတော့။

နောက်တော့ ထိုဦးလေးက မိန်းမလိုချင်လို့လားမသိ။  စိုပြေတို့ကို သူ့အိမ်က မောင်းချပြန်သည်။
သို့နှင့် အမေအိမ်ပြန်ရောက်၏။ အိမ်ပြန်ရောက်တော့ အမေက ဟင်းချက်သည်။
ထိုစဉ်က အမေက အချိုမှုန့်တော်တော်စားသည်။ စိုပြေတို့ ညီအကိုနှင့် အဆင်မပြေ။
ဒါကြောင့် အမေ့ကို အချိုမှုန့်မစားရန် တားမြစ်သည်။ အမေဝယ်လာသည့် အချိုမှုန့်တွေ လွှင့်ပစ် သည်။

နောက်တော့လည်း အမေက အလျှော့ပေးပါသည်။ အချိုမှုန့် ထည့်မချက်တော့ဟု ဆိုလာသည်။ မီးဖိုချောင်ထဲမှာလည်း အချိုမှုန့်ဗူးမရှိတော့။
သို့သော်လည်း ဟင်းစားတိုင်း အချိုမှုန့် အရသာပါနေသည်။ အချိုမှုန့်ကို လိုက်ရှာသော်လည်း မတွေ့။ ဟင်းချက်နေတုန်း စောင့်ကြည့်တော့လည်း အချိုမှုန့်ထည့်တာမတွေ့ရ။
နောက်ပိုင်းမှ ပြန်သိရသည်က အချို့မှုန့်ကို ဆားနှင့် ရောထားသည်တဲ့။
နောက်တော့ အမေလည်း အချိုမှုန့်မစားတော့ပါ။

အချိုမှုန့်ကို စတင် စွန်လွှတ်ချိန်ကတော့ ဆိုင်က အစားအစာများကို စားသော်လည်း သိပ်မသိသာသေး။
သို့သော်လည်း အချိုမှုန့်မစားသည့် အချိန်ကြာမြင့်လာချိန်တွင်တော့ အပြင်ဆိုင်များတွင် စားလို့ အဆင်မပြေတော့။
အချိုမှုန့်များများစားမိလျှင် ရေတော်တော်ငတ်သည်။
ဒါ့အပြင် ထိုအချိန်က “အချိုမှုန့်မထည့်ဘူးနော်” ဟု ပြောလျှင် လူတွေက ဒီကောင် ဘာကောင်လဲ ဟူသော မျက်စိဖြင့် ကြည့်တတ်ကြသည်။
အသုတ်သည်များကလည်း အချို့မှုန့် မထည့်ဘူးနော် ဟု ပြောထားသော်လည်း လက်အကျင့်ပါနေ သဖြင့် အမြဲတစေ အချိုမှုန့်ပစ်ထည့်တတ်သည်သာ။

ဒီလိုနှင့် အချိုမှုန့်ကို ရှောင်သက်ရင့်လာသည်။ ကြာလာတော့ အချိုမှုန့်ကို အလာ့ဂျစ်ဖြစ်လာသည်။
အချိုမှုန့်စားမိလျှင် ဇာတ်ကြောတွေ တတ်လို့ မဆုံးတော့။ ဘာစားစား သွေးမတိုးသော်လည်း အချိုမှုန့်စားမိလျှင် သွေးတိုးသည်။
မျက်လုံးတွေပြာလာသည်။
ဒါကြောင့် အပြင်စာတွေကို တတ်နိုင်သမျှရှောင်သည်။
သို့သော်လည်း စိုပြေ့ခမြာ အလုပ်ကလည်း ရှိတော့ အိမ်ထမင်းဟင်းချည်းပဲ နေ့တိုင်း မစားနိုင်ရှာ။
အပြင်ဆိုင်က စားရသည့် အခါများလည်း ရှိသည်။
ထိုအပြင်ဆိုင်က စားရပြီဆိုလျှင်တော့ အထက်က ပြောခဲ့သည့်အတိုင်းဝေဒနာတွေခံစားရတော့သည်။

မနေ့ကဆိုလျှင် စိုပြေတစ်ယောက် အချိုမှုန့်ပါသော ဟင်းတွေစားမိပြီး သွေးတွေ တိုးကာ ဇာတ်ကြော တတ်သဖြင့် နှစ်သစ်ပင် မကူးနိုင်။
လူးလိမ့်နေရသည်ဆိုခဲ့သည့် ဆေးသောက်သော်လည်း မပျောက်။

သို့နှင့် စာအစမှာ ဆိုခဲ့သည့်အတိုင်း အချိုမှုန့်ကို ပြန်စားဖို့ ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်ပါ၏။
အဘယ်ကြောင့်ဆိုသော် အချိုမှုန့်စားသော စိုပြေ့ အပေါင်းအသင်းတွေ ခမြာ အပြင်စာဘယ်လောက် စားစား ဘာမှ မဖြစ်။
သူတို့က အချိုမှုန့်နှင့် ယဉ်ပါးနေပြီ။ စိုပြေက အချိုမှုန့်နှင့် မယဉ်ပါးသဖြင့် ဝေဒနာတွေ ခံစားနေရခြင်း
ဖြစ်သည်။
ဒါဆို စိုပြေလည်း အချိုမှုန့်နှင့် ယဉ်ပါးအောင် အချိုမှုန့် ပြန်စားခြင်းဖြင့် ပြန်ကုခြင်းဖြစ်ပါ၏။

ဘာပဲဖြစ်ဖြစ် အချိုမှုန့်ကို ပြန်စားမည်ဆိုတော့ နည်းနည်းလေးတော့ အခက်အခဲရှိနိုင်သည်။
သို့သော်လည်း ပြန်ကျင့်လျှင်တော့ အချိုမှုန့်နှင့် ပြန်လည် ယဉ်ပါးတန်ကောင်းပါရဲ့။

စိုပြေ 

(  Zawgyi  )

 စိုေျပ အခ်ိဳမႈန႔္ ျပန္စားေတာ့မည္ဟု ဆုံးျဖတ္ခ်က္ခ်လိုက္ပါၿပီ။
ႏွစ္ေပါင္းမ်ားစြာ မစားခဲ့ေသာ အခ်ိဳ႕မႈန႔္ကို ျပန္စားရမည္ဆိုေတာ့ နည္းနည္းေတာ့ အခက္အခဲ ရွိႏိုင္ သည္။
သို႔ေသာ္လည္း မစားလို႔လည္း မျဖစ္ေတာ့။ အခ်ိဳမႈန႔္မစားသျဖင့္ ဒုကၡေရာက္ေပါင္းမနည္း။
သူမ်ားေတြ အခ်ိဳမႈန႔္ မေကာင္းေၾကာင္း ေျပာေနခ်ိန္ၾကမွ စိုေျပက ျပန္စားမည္ဆိုေတာ့ ကန႔္လန႔္တိုက္ သည္ ဟု ထင္ၾကဦးမည္။
မဟုတ္ပါ။ အခ်ိဳမႈန႔္ျပန္စားသည့္ အေၾကာင္းကေတာ့ ရွင္းပါသည္။ အခ်ိဳမႈန႔္ဒါဏ္ကို မခံႏိုင္၍ျဖစ္သည္။

တကယ္ေတာ့ စိုေျပ အခ်ိဳမႈန႔္ကို ျပတ္သြားတာ ဦးေလးေၾကာင့္ျဖစ္သည္။ ဦးေလးက မစားခိုင္း၍ေတာ့ မဟုတ္ပါ။ သူ႔ကို ႏွိပ္ေပးရလြန္းလို႔ျဖစ္သည္။ အေၾကာင္းကေတာ့.....
လြန္ခဲ့ေသာ ၁၀ ႏွစ္ေက်ာ္ေလာက္ကတည္းကျဖစ္၏။
 
ထိုစဥ္က စိုေျပ ချမာေနစရာလည္း မရွိ၊ အလုပ္ကလည္း မရွိသျဖင့္ ညီအကိုႏွစ္ေယာက္ ဦးေလး အိမ္မွာ ကပ္ေနရသည္။ ထိုဦးေလးမွာ ဆီးခ်ိဳေရာဂါရွိ၏။
ထိုဦးေလးမွာ အလုပ္မ်ားသျဖင့္ ထိုအိမ္တြင္ စိုေျပ ထမင္းဟင္းခ်က္ရသည္။  ဟင္းခ်က္လွ်င္ အခ်ိဳမႈန႔္ ထည့္ရမည္ကို ပုံေသနည္းအျဖစ္ မွတ္ထားေသာ စိုေျပမွာ ဟင္းခ်က္တိုင္း အခ်ိဳမႈန္ထည့္သည္။
စိုေျပ ခ်က္ေကြၽးေသာ ဟင္းေတြစားၿပီး ဦးေလးချမာ ဆီးခ်ိဳေတြ တတ္ရွာသည္။
သူဆီးခ်ိဳတတ္ေတာ့ စိုေျပက ႏွိပ္ေပးရျပန္သည္။ သူ႔ဆီးခ်ိဳက ဘယ္လိုေနမွန္းမသိေသာ္လည္း စိုေျပကေတာ့ ႏွိပ္ေပးရတာ မသက္သာလွ။ ၾကာလာေတာ့ ဒီလို ႏွိပ္ရတာကို သည္းမခံႏိုင္ေတာ့ေပ။

သို႔ႏွင့္ ငါဒီလိုသာ ႏွိပ္ေပးေနရရင္ မလြယ္ဘူးဟု ေတြးကာ ဟင္းထဲတြင္ အခ်ိဳမႈန႔္မထည့္ေတာ့။ ဦးေလး ကေတာ့ အခ်ိဳမႈန႔္နည္းနည္းေလာက္ ထည့္ဖို႔ေျပာေသးသည္။ သို႔ေသာ္လည္း စိုေျပ အခ်ိဳမႈန႔္ကိုပင္ မဝယ္ေတာ့။
ထိုအခ်ိန္က ၾကက္သားမႈန႔္ဆိုတာလည္း မေပၚေသးေပ။
အစပိုင္းေတာ့ အခ်ိဳ႕မႈန႔္မပါေသာ ဟင္းသည္ စား၍ မေကာင္း။
သို႔ေသာ္လည္း ေလးငါးရက္ၾကာေတာ့ ပါးစပ္က ယဥ္လာသည္။ အခ်ိဳမႈန႔္မပါဘဲ စားႏိုင္လာသည္။
ဦးေလးလည္း ဆီးခ်ိဳသိပ္မတတ္ေတာ့။ စိုေျပ သိပ္မႏွိပ္ေပးရေတာ့။

ေနာက္ေတာ့ ထိုဦးေလးက မိန္းမလိုခ်င္လို႔လားမသိ။  စိုေျပတို႔ကို သူ႔အိမ္က ေမာင္းခ်ျပန္သည္။
သို႔ႏွင့္ အေမအိမ္ျပန္ေရာက္၏။ အိမ္ျပန္ေရာက္ေတာ့ အေမက ဟင္းခ်က္သည္။
ထိုစဥ္က အေမက အခ်ိဳမႈန႔္ေတာ္ေတာ္စားသည္။ စိုေျပတို႔ ညီအကိုႏွင့္ အဆင္မေျပ။
ဒါေၾကာင့္ အေမ့ကို အခ်ိဳမႈန႔္မစားရန္ တားျမစ္သည္။ အေမဝယ္လာသည့္ အခ်ိဳမႈန႔္ေတြ လႊင့္ပစ္ သည္။

ေနာက္ေတာ့လည္း အေမက အေလွ်ာ့ေပးပါသည္။ အခ်ိဳမႈန႔္ ထည့္မခ်က္ေတာ့ဟု ဆိုလာသည္။ မီးဖိုေခ်ာင္ထဲမွာလည္း အခ်ိဳမႈန႔္ဗူးမရွိေတာ့။
သို႔ေသာ္လည္း ဟင္းစားတိုင္း အခ်ိဳမႈန႔္ အရသာပါေနသည္။ အခ်ိဳမႈန႔္ကို လိုက္ရွာေသာ္လည္း မေတြ႕။ ဟင္းခ်က္ေနတုန္း ေစာင့္ၾကည့္ေတာ့လည္း အခ်ိဳမႈန႔္ထည့္တာမေတြ႕ရ။
ေနာက္ပိုင္းမွ ျပန္သိရသည္က အခ်ိဳ႕မႈန႔္ကို ဆားႏွင့္ ေရာထားသည္တဲ့။
ေနာက္ေတာ့ အေမလည္း အခ်ိဳမႈန႔္မစားေတာ့ပါ။

အခ်ိဳမႈန႔္ကို စတင္ စြန္လႊတ္ခ်ိန္ကေတာ့ ဆိုင္က အစားအစာမ်ားကို စားေသာ္လည္း သိပ္မသိသာေသး။
သို႔ေသာ္လည္း အခ်ိဳမႈန႔္မစားသည့္ အခ်ိန္ၾကာျမင့္လာခ်ိန္တြင္ေတာ့ အျပင္ဆိုင္မ်ားတြင္ စားလို႔ အဆင္မေျပေတာ့။
အခ်ိဳမႈန႔္မ်ားမ်ားစားမိလွ်င္ ေရေတာ္ေတာ္ငတ္သည္။
ဒါ့အျပင္ ထိုအခ်ိန္က “အခ်ိဳမႈန႔္မထည့္ဘူးေနာ္” ဟု ေျပာလွ်င္ လူေတြက ဒီေကာင္ ဘာေကာင္လဲ ဟူေသာ မ်က္စိျဖင့္ ၾကည့္တတ္ၾကသည္။
အသုတ္သည္မ်ားကလည္း အခ်ိဳ႕မႈန႔္ မထည့္ဘူးေနာ္ ဟု ေျပာထားေသာ္လည္း လက္အက်င့္ပါေန သျဖင့္ အၿမဲတေစ အခ်ိဳမႈန႔္ပစ္ထည့္တတ္သည္သာ။

ဒီလိုႏွင့္ အခ်ိဳမႈန႔္ကို ေရွာင္သက္ရင့္လာသည္။ ၾကာလာေတာ့ အခ်ိဳမႈန႔္ကို အလာ့ဂ်စ္ျဖစ္လာသည္။
အခ်ိဳမႈန႔္စားမိလွ်င္ ဇာတ္ေၾကာေတြ တတ္လို႔ မဆုံးေတာ့။ ဘာစားစား ေသြးမတိုးေသာ္လည္း အခ်ိဳမႈန႔္စားမိလွ်င္ ေသြးတိုးသည္။
မ်က္လုံးေတြျပာလာသည္။
ဒါေၾကာင့္ အျပင္စာေတြကို တတ္ႏိုင္သမွ်ေရွာင္သည္။
သို႔ေသာ္လည္း စိုေျပ့ချမာ အလုပ္ကလည္း ရွိေတာ့ အိမ္ထမင္းဟင္းခ်ည္းပဲ ေန႔တိုင္း မစားႏိုင္ရွာ။
အျပင္ဆိုင္က စားရသည့္ အခါမ်ားလည္း ရွိသည္။
ထိုအျပင္ဆိုင္က စားရၿပီဆိုလွ်င္ေတာ့ အထက္က ေျပာခဲ့သည့္အတိုင္းေဝဒနာေတြခံစားရေတာ့သည္။

မေန႔ကဆိုလွ်င္ စိုေျပတစ္ေယာက္ အခ်ိဳမႈန႔္ပါေသာ ဟင္းေတြစားမိၿပီး ေသြးေတြ တိုးကာ ဇာတ္ေၾကာ တတ္သျဖင့္ ႏွစ္သစ္ပင္ မကူးႏိုင္။
လူးလိမ့္ေနရသည္ဆိုခဲ့သည့္ ေဆးေသာက္ေသာ္လည္း မေပ်ာက္။

သို႔ႏွင့္ စာအစမွာ ဆိုခဲ့သည့္အတိုင္း အခ်ိဳမႈန႔္ကို ျပန္စားဖို႔ ဆုံးျဖတ္ခ်က္ခ်လိုက္ျခင္းျဖစ္ပါ၏။
အဘယ္ေၾကာင့္ဆိုေသာ္ အခ်ိဳမႈန႔္စားေသာ စိုေျပ့ အေပါင္းအသင္းေတြ ချမာ အျပင္စာဘယ္ေလာက္ စားစား ဘာမွ မျဖစ္။
သူတို႔က အခ်ိဳမႈန႔္ႏွင့္ ယဥ္ပါးေနၿပီ။ စိုေျပက အခ်ိဳမႈန႔္ႏွင့္ မယဥ္ပါးသျဖင့္ ေဝဒနာေတြ ခံစားေနရျခင္း
ျဖစ္သည္။
ဒါဆို စိုေျပလည္း အခ်ိဳမႈန႔္ႏွင့္ ယဥ္ပါးေအာင္ အခ်ိဳမႈန႔္ ျပန္စားျခင္းျဖင့္ ျပန္ကုျခင္းျဖစ္ပါ၏။

ဘာပဲျဖစ္ျဖစ္ အခ်ိဳမႈန႔္ကို ျပန္စားမည္ဆိုေတာ့ နည္းနည္းေလးေတာ့ အခက္အခဲရွိႏိုင္သည္။
သို႔ေသာ္လည္း ျပန္က်င့္လွ်င္ေတာ့ အခ်ိဳမႈန႔္ႏွင့္ ျပန္လည္ ယဥ္ပါးတန္ေကာင္းပါရဲ႕။

စိုေျပ