【 သရော်စာ 】“ဖေ့စ်ဘွတ်ဆိုတာ ငဒူတွေရဲ့ ဂွင်”

 
【 သရော်စာ 】“ဖေ့စ်ဘွတ်ဆိုတာ ငဒူတွေရဲ့ ဂွင်”

ဖေ့စ်ဘွတ်ကို ဘာရည်ရွယ်ချက်နဲ့ ထွင်သလဲတော့ မသိ။ကြားရသလောက် ဖေ့စ်ဘွတ်ဆိုတာ ဇူကာ ဘတ် အသည်းကွဲရာကနေ ဖေစ့်ဘွတ်ဆိုတာကြီးဖြစ်လာရတာဆိုလေတော့ စကတည်းက ယဉ်သကိုး။

အခုခေတ်က ဖေ့စ်ဘွတ်က မုဆိုးမ ခိုးစားတာကနေ ဝန်ကြီးခိုးစားတာအထိ ။ရပ်ကွက်ထဲ အရပ်လူကြီး ကြာခိုတာကနေ အရာရှိကြီးတွေ လူကြီးသားတွေ ကြာခိုတာအထိ ..။ ဘိန်းစားထမိန်စုတ်ခိုးတာကနေ  အစိုးရ အရာရှိတွေ သန်းထောင်နဲ့ ခိုးတာအထိ ..။
    အပြင်မှာ မပြောရဲသမျှ ဖေ့စ်ဘွတ်ပေါ်တက် ဖွင့်ကြချကြတာ.။
    ဖေ့စ်ဘွတ်မှာပါရင် ဂွမ်းပြီလေ..။
    ဒီတော့ ဖေ့စ်ဘွတ်ဆိုတာ အောက်ဖဲလှန်တဲ့နေရာလေ..။
ဖေ့စ်ဘွတ်ဆိုတာ ဒီလို။

ဒါကြောင့်လည်း သူခိုးကနေ လူကြီးအထိ ၊ပြည့်တန်ဆာကနေ မင်းသားမင်းသမီးအထိ ၊ ငတိုငလျှို ကနေ လက်နက်ကိုင် ဗိုလ်ကျနေတဲ့ သူတွေအထိ ဖေ့စ်ဘွတ်ကို အသေမုန်းတာ။
ဖေ့စ်ဘွတ်သာလူသာဆို စိစိညှက်ညှက်ကြေနေပြီ။
ဖေ့စ်ဘွတ်ကလည်း ဖေ့စ်ဘွတ်..။
ဟိုမင်းသမီးလွန်ခဲ့တဲ့ မဖွယ်မရာပုံတွေ မြင်ချင်လား..ဟိုလူကြီး ကြာခိုနေတာကို ပြန်ကြည့်မလား..။
ဟိုလူကြီး ပြောတဲ့ စကားရှေ့ နောက်မညီတာ ပြန်ရှာမလား..။
ဒါကြောင့်ပြောတာ။ ဖေ့စ်ဘွတ်ဆိုတာ နောက်ကြောင်းမလုံသူတွေအတွက် ကြောက်စရာရာ..။ရွှံစရာ…။
တစ်ကယ်တော့ ဖေ့စ်ဘွတ်ဆိုတာ သုံးတတ်ရင် ဂွင်..။
ဂွင်တွေ ဂွင်တွေ။ အဟုတ် ..။နတ်ဆိုးပြောတာ မယုံဘူးလား..။
တခြား မကြည့်နဲ့ အရင်က ဈေးရောင်းတာပဲကြည့်။ အရင်ကဆို ဈေးရောင်းမယ်ဆို ဆိုင်နေရာအတွက် ကြည့်ရ၊ လူခေါ်ရ ဘာရနဲ့ ဈေးကောက်ပေးရ စည်ပင်ရဲ ပေးရနဲ့ သောက်လုပ်ကိုရှုပ်လို့..။
အရင်ကပြောတာပါ။ အခုတော့မဟုတ်ပေါင်.။
(နိုမို.. မကြည်ညိုဘူးလားဆိုပြီး တရားစွဲခံရဦးမယ်)

အခုဆိုကြည့် ..ဈေးရောင်းချင်တာများလွယ်လွယ်လေး…။ဖေ့စ်ဘွတ်ဆိုတာကြီးမှာ ပေ့ချ်လေး တစ်ခုလုပ် လိုက်။ပြီးတော့ ကိုယ်ဂျင်းထည့်ချင်တာလေး..အဲလေ ကိုယ်ရောင်းချင်တာလေးတင်လိုက် ….။
ပြီးပြီ။ဘာဈေးကောက်မှလည်းမကြောက်ရ..။ ဘာလိုင်းကြေးမှလည်း မပေးရ..။
လာဝယ်ရင်လား..။ ငွေလွှဲခိုင်းရင်လွှဲ ..မလွှဲခိုင်းရင် ..လာပို့တာနဲ့ ယူရမယ်လုပ်လိုက်..။
ဘယ်လောက် ဂျင်းထည့်လို့ကောင်းလဲ။ ကိုယ်ပစ္စည်းစစ်မစစ်ကောင်းမကောင်း ဘယ်သူမှ မသိတော့ဘူး။

ဒီထက် သေချာတဲ့ ရောင်းနည်းလည်း ရှိသေး။ မြတ်တာမှ ပက်ပက်စက်စက်ကိုမြတ်တဲ့ ပစ္စည်း..။ ဘာရောင်းတာလဲ ဟုတ်လား…။ဆေးလေ ဆေး..။ကင်ဆာဆေးလား ..ဟုတ်ဝူး..။
ဟိုကြီးဆေး ကြာဆေးဆိုတဲ့ ဟာတွေ..။ ဘယ်ကအဆီတွေ ကြိတ်ထားတာတွေ ထည့် ထားသလဲ မသိ။

လူတွေများခက်ပါတယ်..။ လူစဉ်မီချင်တာ လူစွမ်းလူစပြချင်တာတွေနဲ့ ဝယ်ကြ။ ဆေးစစ်လား မစစ်လားလဲ မပြောရဲ..။ ဟုတ်လားမဟုတ်လားလဲ မစစ်ဆေး။
မဟုတ်လဲ ရှက်ရှက်နဲ့ ခံကြ။ဘယ်လောက် ဈေးရောင်းရတာ ချောင်သလဲ။
ဒါကြောင့်ပြောတာ ဖေ့စ်ဘွတ်ဆိုတာကြီးက  လုပ်စားတတ်ရင် ဂွင်ကြီးပါလို့…။
ဒီတော့ ဒီခေတ်မွေးတဲ့ ကလေးတွေ လည်တာလည်းမပြောနဲ့လေ..။ ငဒူကိုမရှိတာ..။
အရင်ခေတ်ကိုများ ခုမွေးတဲ့ကလေးတွေ သိများသိရင် မြင်များမြင်ရင် ဘိုးတော်ခေတ်လို့များ ခေါ်ကြလေမလား မသိ။
နတ်ဆိုးတို့ ခေတ်က ဘာလုပ်လုပ် လက်နဲ့လုပ်ရတဲ့ခေတ်လေ။
 (အဲလေ..အဓိပ္ပါယ်တစ်မျိုးပေါက်ကုန်လေပြီ)။

ဆိုတာက လက်နဲ့ ကိုယ်တိုင်ကိုယ်ကျ လုပ်မှ ပြီးမြောက်တဲ့ခေတ်..။အခုခေတ်ကတော့ ပြောမနေနဲ့..။ရန်ဖြစ်တာတောင် အပြင်မှာ မဖြစ်ကြတော့ဘူး.။
ရန်ထောင်တာ ရန်စတာတောင်

“ဟဲ့..ငါစတေးတပ်တင်ထားတယ်ဖတ်ကြည့်လိုက်ဦး ..ဟိုကောင်မ ငါ့ကြွေးမပေးထားတာကို စောင်းပြီးရေးထားတာ..”
ဒီလို ဒီလို..။ ဟိုဘက်က မကျေနပ်ရင် သဘောမကျရင် ha haလေး ဝင်ပေး။ဝင်ဆဲ..။
အလယ်ကနေ ဘလာ ချည်းဝင်ဝုန်းချင်တဲ့ သူတွေ ၊မသိသလိုလိုနဲ့ အချွန်နဲ့မချင်သူတွေ ရန်တိုက်ချင် သူတွေ အတွက်လည်း  ဝင်ဝုန်းဖို လွယ်မှ လွယ်..။
    “ဟယ်….သူက ဒီလိုလား မထင်ရဘူး ဟယ်..”
    “ငါသိပါတယ်နော် …။ဗုဒ္ဓဟူးသမီးမဟုတ်လား။ဘယ်မှာနေတာလေ..” ဒီလို အတိတ်စိမ်းပေးပြီး ဖော်ကောင် ဘညွှန့်လုပ်ပေးတာတို့..။  နှစ်ယောက်ကို တည်ပေးတာတို့ လုပ်လိုရလည်းရသည်။
    အပြင်မှာသာ ဝင်အာချောင်ကြည့်ပါလား..။ပါးပဲကွဲမလား..။နပမ်းပဲ သတ်မလား..။ ဖေ့စ်ဘွတ်ပေါ်မှာ ဆိုတော့ ဒီလို ဖြစ်မှာမပူရ..။ ချောင်ချင်သလောက် အာ  ..ချောင်ချင်သေလာက် ချောင်စမ်း။

    ဒါကြောင့် ပြောတာ..ဖေ့စ့်ဘွတ်က ဒီခေတ်မှာ မရှိရင်မဖြစ်တဲ့ အခြေအနေကိုရောက်နေတာ။
    အရင်တုန်းက ငွေလိမ်တယ်ဆိုတာ လိမ်မယ်သူအိမ်ကို သွားပြီး လိမ်ရတာ။အခန့် မသင့်ရင် ကိုယ်အရင်လိမ် ထားတဲ့ သူနဲ့ နောက်လိမ်မယ်သူက သိနေလို့ ပြေးပေါက်မှားတာတွေလည်း ရှိသည်။

    အခုကတော့ အေးဆေး။ပြေးစရာတောင်မလို..။ ငွေလိမ်ချင်တာများ လွယ်လွယ်လေး..။ ဖေ့စ်ဘွတ် ပေါ်မှာ ငွေအချောင်ရမယ့် မက်လုံး လေးကို ယုတ္တိယုတ္တာရှိရှိလေးရေး၊မိသားစုပုံလေး တင်၊ကိုယ်တင်ထားတဲ့ ပို့စ်အောက်မှာ တခြားအကောင့်ခွဲ တွေနဲ့ ဝင်ပြီး ကွန်မန့်တွေရေး။
    “ဟယ်အမ ညယ်မလည်း တစ်စုပါမယ်နော်။ချန်ထားနော်။”
    ဒီလိုအလုံးလေးတွေ အပြင်
    “ဟိုတစ်ခေါက်ကတည်းမရလို့ အယ်မကို ညယ်မလေးကစိတ်တိုနေတာ..။အိမ်ကကိုကိုတောင် ညယ်မ ကို စောစောမသွားလို့ ဆူနေတာ။ခုတစ်ခေါက်တော့ ညယ်မအစောဆုံးနော်” ဒီလိုလေးတွေ ဂျင်းထည့်တာ ..။
    ကိုယ်ဖဲ ကိုယ်ချိုးထည့်တာ..။
    ပြီးရင် ဒါကို ယုံပြီး လာငွေစုမဲလုပ်ကြ။စုကြဆောင်းကြ ..။တစ်ခါနှစ်ခါ မှန်မှန်လေးလုပ်ပေးလိုက်..။ နောက် ယုံပြီး လူများလာလို့ သိန်းထောင်ဂဏန်းသောင်းဂဏန်းရရင် ဘုန်းပြေး။
ဘယ်လောက် မိုက်သလဲ.။ ဘယ်မှာ ဘုန်းပြေးတာ မိလို့ ပြန်ပေးတာ ကြားသလား..။ ဖမ်းကြဆီးကြတာကော ကြားသလား။

ဒါကြောင့်ပြောတာ ဖေ့စ်ဘွတ်ဆိုတာ လုပ်စားရ ကိုင်စားရလွယ်ပါတယ်လို့။
ဖေ့စ်ဘွတ်ဆိုတာ အချစ်ရေးကနေ ငွေရေးကြေးရေးအထိ ..။ ကလေးကင်ပွန်းတပ်ကနေ အခါတော် ပေးတာ အထိ။ ရပ်ရေးရွာရေးကနေ နိုင်ငံရေးအထိ အာချောင်လို့ အဲလေ လက်ချောင်လို့ရတယ်။

    အခုလည်းကြည့်လေ..။ဖေ့စ်ဘွတ်ပေါ်မှာ ဘဘတွေရော.. မမတွေရော၊အနီတွေရော… အစိမ်းတွေရော ..။ စုံနေတာ..။ချလိုက် နှက်လိုက်နဲ့ တိုက်လိုက်ခိုက်လိုက်နဲ့..။
ဒီလို ငဒူတွေ များလို့လဲ ဖုန်းအော်ပရေတာတွေ စီးပွားဖြစ်နေတာ …။
    ဒါကြောင့်ပြောတာ မြန်မာပြည်မှာက ငဒူတွေ ဘယ်လောက်များလဲ ဘယ်ဖုန်းကတ်ရောင်းရောင်း တွက်ချေမကိုက် လို့ ပြန်ထွက်သွားရတာရှိလား..။
    ဒီထက်တွက်ချေကိုက်မယ့် အကြံ နတ်ဆိုးမှာ ရှိနေသေးတယ်။
ဒါက ဖုန်းအော်ပရေတာနဲ့ ညှိရမယ့် ကိစ္စ..။
    ဘာလဲ သိလား..။

    မြန်မာပြည်မှာလက်နက်ကိုင်တွေအဖွဲ့တွေက အများကြီးရှိတယ်လေ။ လက်ရှိတိုက်နေကြတာ၊ အချင်းချင်း တိုက်နေကြတာကိုသာ  ဇူကာဘတ်ချ်နဲ့ ညှိပြီး  လက်နက်ကိုင်အဖွဲ့တိုင်းကို ဖေ့စ်ဘွတ်ပေါ်သာ ဆွဲတင်နိုင်ရင် တိုက်ခွင့်သာပေးလိုက်ရင် ထောလိုက်မယ် ဖြစ်ချင်း..။  
ဒါဆို ပြည်သူတွေလဲ ပြေးစရာမလို..။ မြန်မာပြည်လဲ ငြိမ်းချမ်း၊ အမေစုလဲ တာဝန်ပေါ့။။
ဟုတ်တယ်လေ..။ အဖွဲ့တိုင်းက ချမ်းသာကြတော့ ဒီလောက် ကိုယ်မသေတိုင်း စစ်တိုက်ချင်နေတဲ့ သူတွေ တိုက်ချင်းတိုက် ဖေ့စ်ဘွတ် ပေါ်တိုက်ကြပေါ့..။
ပက်ကေ့ချ်လေးဝယ် ဒေတာ ပလန်လေး ဝယ်ပြီးပေါ့..။
ဒါမှ ကိုယ်တွေ ဖေ့စ်ဘွတ်မှာ ငဒူတွေကို လုပ်စားလို့ရမှာပေါ့..။

                                         နတ်ဆိုး

(  Zawgyi  )

 ေဖ့စ္ဘြတ္ကို ဘာရည္႐ြယ္ခ်က္နဲ႔ ထြင္သလဲေတာ့ မသိ။ၾကားရသေလာက္ ေဖ့စ္ဘြတ္ဆိုတာ ဇူကာ ဘတ္ အသည္းကြဲရာကေန ေဖစ့္ဘြတ္ဆိုတာႀကီးျဖစ္လာရတာဆိုေလေတာ့ စကတည္းက ယဥ္သကိုး။

အခုေခတ္က ေဖ့စ္ဘြတ္က မုဆိုးမ ခိုးစားတာကေန ဝန္ႀကီးခိုးစားတာအထိ ။ရပ္ကြက္ထဲ အရပ္လူႀကီး ၾကာခိုတာကေန အရာရွိႀကီးေတြ လူႀကီးသားေတြ ၾကာခိုတာအထိ ..။ ဘိန္းစားထမိန္စုတ္ခိုးတာကေန  အစိုးရ အရာရွိေတြ သန္းေထာင္နဲ႔ ခိုးတာအထိ ..။
    အျပင္မွာ မေျပာရဲသမွ် ေဖ့စ္ဘြတ္ေပၚတက္ ဖြင့္ၾကခ်ၾကတာ.။
    ေဖ့စ္ဘြတ္မွာပါရင္ ဂြမ္းၿပီေလ..။
    ဒီေတာ့ ေဖ့စ္ဘြတ္ဆိုတာ ေအာက္ဖဲလွန္တဲ့ေနရာေလ..။
ေဖ့စ္ဘြတ္ဆိုတာ ဒီလို။

ဒါေၾကာင့္လည္း သူခိုးကေန လူႀကီးအထိ ၊ျပည့္တန္ဆာကေန မင္းသားမင္းသမီးအထိ ၊ ငတိုငလွ်ိဳ ကေန လက္နက္ကိုင္ ဗိုလ္က်ေနတဲ့ သူေတြအထိ ေဖ့စ္ဘြတ္ကို အေသမုန္းတာ။
ေဖ့စ္ဘြတ္သာလူသာဆို စိစိညႇက္ညႇက္ေၾကေနၿပီ။
ေဖ့စ္ဘြတ္ကလည္း ေဖ့စ္ဘြတ္..။
ဟိုမင္းသမီးလြန္ခဲ့တဲ့ မဖြယ္မရာပုံေတြ ျမင္ခ်င္လား..ဟိုလူႀကီး ၾကာခိုေနတာကို ျပန္ၾကည့္မလား..။
ဟိုလူႀကီး ေျပာတဲ့ စကားေရွ႕ ေနာက္မညီတာ ျပန္ရွာမလား..။
ဒါေၾကာင့္ေျပာတာ။ ေဖ့စ္ဘြတ္ဆိုတာ ေနာက္ေၾကာင္းမလုံသူေတြအတြက္ ေၾကာက္စရာရာ..။႐ႊံစရာ…။
တစ္ကယ္ေတာ့ ေဖ့စ္ဘြတ္ဆိုတာ သုံးတတ္ရင္ ဂြင္..။
ဂြင္ေတြ ဂြင္ေတြ။ အဟုတ္ ..။နတ္ဆိုးေျပာတာ မယုံဘူးလား..။
တျခား မၾကည့္နဲ႔ အရင္က ေဈးေရာင္းတာပဲၾကည့္။ အရင္ကဆို ေဈးေရာင္းမယ္ဆို ဆိုင္ေနရာအတြက္ ၾကည့္ရ၊ လူေခၚရ ဘာရနဲ႔ ေဈးေကာက္ေပးရ စည္ပင္ရဲ ေပးရနဲ႔ ေသာက္လုပ္ကိုရႈပ္လို႔..။
အရင္ကေျပာတာပါ။ အခုေတာ့မဟုတ္ေပါင္.။
(ႏိုမို.. မၾကည္ညိဳဘူးလားဆိုၿပီး တရားစြဲခံရဦးမယ္)

အခုဆိုၾကည့္ ..ေဈးေရာင္းခ်င္တာမ်ားလြယ္လြယ္ေလး…။ေဖ့စ္ဘြတ္ဆိုတာႀကီးမွာ ေပ့ခ်္ေလး တစ္ခုလုပ္ လိုက္။ၿပီးေတာ့ ကိုယ္ဂ်င္းထည့္ခ်င္တာေလး..အဲေလ ကိုယ္ေရာင္းခ်င္တာေလးတင္လိုက္ ….။
ၿပီးၿပီ။ဘာေဈးေကာက္မွလည္းမေၾကာက္ရ..။ ဘာလိုင္းေၾကးမွလည္း မေပးရ..။
လာဝယ္ရင္လား..။ ေငြလႊဲခိုင္းရင္လႊဲ ..မလႊဲခိုင္းရင္ ..လာပို႔တာနဲ႔ ယူရမယ္လုပ္လိုက္..။
ဘယ္ေလာက္ ဂ်င္းထည့္လို႔ေကာင္းလဲ။ ကိုယ္ပစၥည္းစစ္မစစ္ေကာင္းမေကာင္း ဘယ္သူမွ မသိေတာ့ဘူး။

ဒီထက္ ေသခ်ာတဲ့ ေရာင္းနည္းလည္း ရွိေသး။ ျမတ္တာမွ ပက္ပက္စက္စက္ကိုျမတ္တဲ့ ပစၥည္း..။ ဘာေရာင္းတာလဲ ဟုတ္လား…။ေဆးေလ ေဆး..။ကင္ဆာေဆးလား ..ဟုတ္ဝူး..။
ဟိုႀကီးေဆး ၾကာေဆးဆိုတဲ့ ဟာေတြ..။ ဘယ္ကအဆီေတြ ႀကိတ္ထားတာေတြ ထည့္ ထားသလဲ မသိ။

လူေတြမ်ားခက္ပါတယ္..။ လူစဥ္မီခ်င္တာ လူစြမ္းလူစျပခ်င္တာေတြနဲ႔ ဝယ္ၾက။ ေဆးစစ္လား မစစ္လားလဲ မေျပာရဲ..။ ဟုတ္လားမဟုတ္လားလဲ မစစ္ေဆး။
မဟုတ္လဲ ရွက္ရွက္နဲ႔ ခံၾက။ဘယ္ေလာက္ ေဈးေရာင္းရတာ ေခ်ာင္သလဲ။
ဒါေၾကာင့္ေျပာတာ ေဖ့စ္ဘြတ္ဆိုတာႀကီးက  လုပ္စားတတ္ရင္ ဂြင္ႀကီးပါလို႔…။
ဒီေတာ့ ဒီေခတ္ေမြးတဲ့ ကေလးေတြ လည္တာလည္းမေျပာနဲ႔ေလ..။ ငဒူကိုမရွိတာ..။
အရင္ေခတ္ကိုမ်ား ခုေမြးတဲ့ကေလးေတြ သိမ်ားသိရင္ ျမင္မ်ားျမင္ရင္ ဘိုးေတာ္ေခတ္လို႔မ်ား ေခၚၾကေလမလား မသိ။
နတ္ဆိုးတို႔ ေခတ္က ဘာလုပ္လုပ္ လက္နဲ႔လုပ္ရတဲ့ေခတ္ေလ။
 (အဲေလ..အဓိပၸါယ္တစ္မ်ိဳးေပါက္ကုန္ေလၿပီ)။

ဆိုတာက လက္နဲ႔ ကိုယ္တိုင္ကိုယ္က် လုပ္မွ ၿပီးေျမာက္တဲ့ေခတ္..။အခုေခတ္ကေတာ့ ေျပာမေနနဲ႔..။ရန္ျဖစ္တာေတာင္ အျပင္မွာ မျဖစ္ၾကေတာ့ဘူး.။
ရန္ေထာင္တာ ရန္စတာေတာင္

“ဟဲ့..ငါစေတးတပ္တင္ထားတယ္ဖတ္ၾကည့္လိုက္ဦး ..ဟိုေကာင္မ ငါ့ေႂကြးမေပးထားတာကို ေစာင္းၿပီးေရးထားတာ..”
ဒီလို ဒီလို..။ ဟိုဘက္က မေက်နပ္ရင္ သေဘာမက်ရင္ ha haေလး ဝင္ေပး။ဝင္ဆဲ..။
အလယ္ကေန ဘလာ ခ်ည္းဝင္ဝုန္းခ်င္တဲ့ သူေတြ ၊မသိသလိုလိုနဲ႔ အခြၽန္နဲ႔မခ်င္သူေတြ ရန္တိုက္ခ်င္ သူေတြ အတြက္လည္း  ဝင္ဝုန္းဖို လြယ္မွ လြယ္..။
    “ဟယ္….သူက ဒီလိုလား မထင္ရဘူး ဟယ္..”
    “ငါသိပါတယ္ေနာ္ …။ဗုဒၶဟူးသမီးမဟုတ္လား။ဘယ္မွာေနတာေလ..” ဒီလို အတိတ္စိမ္းေပးၿပီး ေဖာ္ေကာင္ ဘၫႊန႔္လုပ္ေပးတာတို႔..။  ႏွစ္ေယာက္ကို တည္ေပးတာတို႔ လုပ္လိုရလည္းရသည္။
    အျပင္မွာသာ ဝင္အာေခ်ာင္ၾကည့္ပါလား..။ပါးပဲကြဲမလား..။နပမ္းပဲ သတ္မလား..။ ေဖ့စ္ဘြတ္ေပၚမွာ ဆိုေတာ့ ဒီလို ျဖစ္မွာမပူရ..။ ေခ်ာင္ခ်င္သေလာက္ အာ  ..ေခ်ာင္ခ်င္ေသလာက္ ေခ်ာင္စမ္း။

    ဒါေၾကာင့္ ေျပာတာ..ေဖ့စ့္ဘြတ္က ဒီေခတ္မွာ မရွိရင္မျဖစ္တဲ့ အေျခအေနကိုေရာက္ေနတာ။
    အရင္တုန္းက ေငြလိမ္တယ္ဆိုတာ လိမ္မယ္သူအိမ္ကို သြားၿပီး လိမ္ရတာ။အခန႔္ မသင့္ရင္ ကိုယ္အရင္လိမ္ ထားတဲ့ သူနဲ႔ ေနာက္လိမ္မယ္သူက သိေနလို႔ ေျပးေပါက္မွားတာေတြလည္း ရွိသည္။

    အခုကေတာ့ ေအးေဆး။ေျပးစရာေတာင္မလို..။ ေငြလိမ္ခ်င္တာမ်ား လြယ္လြယ္ေလး..။ ေဖ့စ္ဘြတ္ ေပၚမွာ ေငြအေခ်ာင္ရမယ့္ မက္လုံး ေလးကို ယုတၱိယုတၱာရွိရွိေလးေရး၊မိသားစုပုံေလး တင္၊ကိုယ္တင္ထားတဲ့ ပို႔စ္ေအာက္မွာ တျခားအေကာင့္ခြဲ ေတြနဲ႔ ဝင္ၿပီး ကြန္မန႔္ေတြေရး။
    “ဟယ္အမ ညယ္မလည္း တစ္စုပါမယ္ေနာ္။ခ်န္ထားေနာ္။”
    ဒီလိုအလုံးေလးေတြ အျပင္
    “ဟိုတစ္ေခါက္ကတည္းမရလို႔ အယ္မကို ညယ္မေလးကစိတ္တိုေနတာ..။အိမ္ကကိုကိုေတာင္ ညယ္မ ကို ေစာေစာမသြားလို႔ ဆူေနတာ။ခုတစ္ေခါက္ေတာ့ ညယ္မအေစာဆုံးေနာ္” ဒီလိုေလးေတြ ဂ်င္းထည့္တာ ..။
    ကိုယ္ဖဲ ကိုယ္ခ်ိဳးထည့္တာ..။
    ၿပီးရင္ ဒါကို ယုံၿပီး လာေငြစုမဲလုပ္ၾက။စုၾကေဆာင္းၾက ..။တစ္ခါႏွစ္ခါ မွန္မွန္ေလးလုပ္ေပးလိုက္..။ ေနာက္ ယုံၿပီး လူမ်ားလာလို႔ သိန္းေထာင္ဂဏန္းေသာင္းဂဏန္းရရင္ ဘုန္းေျပး။
ဘယ္ေလာက္ မိုက္သလဲ.။ ဘယ္မွာ ဘုန္းေျပးတာ မိလို႔ ျပန္ေပးတာ ၾကားသလား..။ ဖမ္းၾကဆီးၾကတာေကာ ၾကားသလား။

ဒါေၾကာင့္ေျပာတာ ေဖ့စ္ဘြတ္ဆိုတာ လုပ္စားရ ကိုင္စားရလြယ္ပါတယ္လို႔။
ေဖ့စ္ဘြတ္ဆိုတာ အခ်စ္ေရးကေန ေငြေရးေၾကးေရးအထိ ..။ ကေလးကင္ပြန္းတပ္ကေန အခါေတာ္ ေပးတာ အထိ။ ရပ္ေရး႐ြာေရးကေန ႏိုင္ငံေရးအထိ အာေခ်ာင္လို႔ အဲေလ လက္ေခ်ာင္လို႔ရတယ္။

    အခုလည္းၾကည့္ေလ..။ေဖ့စ္ဘြတ္ေပၚမွာ ဘဘေတြေရာ.. မမေတြေရာ၊အနီေတြေရာ… အစိမ္းေတြေရာ ..။ စုံေနတာ..။ခ်လိုက္ ႏွက္လိုက္နဲ႔ တိုက္လိုက္ခိုက္လိုက္နဲ႔..။
ဒီလို ငဒူေတြ မ်ားလို႔လဲ ဖုန္းေအာ္ပေရတာေတြ စီးပြားျဖစ္ေနတာ …။
    ဒါေၾကာင့္ေျပာတာ ျမန္မာျပည္မွာက ငဒူေတြ ဘယ္ေလာက္မ်ားလဲ ဘယ္ဖုန္းကတ္ေရာင္းေရာင္း တြက္ေခ်မကိုက္ လို႔ ျပန္ထြက္သြားရတာရွိလား..။
    ဒီထက္တြက္ေခ်ကိုက္မယ့္ အႀကံ နတ္ဆိုးမွာ ရွိေနေသးတယ္။
ဒါက ဖုန္းေအာ္ပေရတာနဲ႔ ညႇိရမယ့္ ကိစၥ..။
    ဘာလဲ သိလား..။

    ျမန္မာျပည္မွာလက္နက္ကိုင္ေတြအဖြဲ႕ေတြက အမ်ားႀကီးရွိတယ္ေလ။ လက္ရွိတိုက္ေနၾကတာ၊ အခ်င္းခ်င္း တိုက္ေနၾကတာကိုသာ  ဇူကာဘတ္ခ်္နဲ႔ ညႇိၿပီး  လက္နက္ကိုင္အဖြဲ႕တိုင္းကို ေဖ့စ္ဘြတ္ေပၚသာ ဆြဲတင္ႏိုင္ရင္ တိုက္ခြင့္သာေပးလိုက္ရင္ ေထာလိုက္မယ္ ျဖစ္ခ်င္း..။  
ဒါဆို ျပည္သူေတြလဲ ေျပးစရာမလို..။ ျမန္မာျပည္လဲ ၿငိမ္းခ်မ္း၊ အေမစုလဲ တာဝန္ေပါ့။။
ဟုတ္တယ္ေလ..။ အဖြဲ႕တိုင္းက ခ်မ္းသာၾကေတာ့ ဒီေလာက္ ကိုယ္မေသတိုင္း စစ္တိုက္ခ်င္ေနတဲ့ သူေတြ တိုက္ခ်င္းတိုက္ ေဖ့စ္ဘြတ္ ေပၚတိုက္ၾကေပါ့..။
ပက္ေက့ခ်္ေလးဝယ္ ေဒတာ ပလန္ေလး ဝယ္ၿပီးေပါ့..။
ဒါမွ ကိုယ္ေတြ ေဖ့စ္ဘြတ္မွာ ငဒူေတြကို လုပ္စားလို႔ရမွာေပါ့..။

                                         နတ္ဆိုး