【 သရော်စာ 】“ maskတပ်ကာ အပုပ်ချစို့ ”

【  သရော်စာ  】“ maskတပ်ကာ အပုပ်ချစို့ ”

 မက်စ်ကလည်း မအုပ်လို့ မဖြစ်။
တရုတ်ကြီးတောင် မြို့တွေပိတ် ၊ရွာတွေ ပိတ်နဲ့ ကမ္ဘာကို အဆက်ဖြတ်ရသည်။ ဒီတော့ မက်စ်တပ်တာ ပြဿနာတော့မဟုတ်။ ပြဿနာက ပြောင်းပြန်တပ်ရင်သာ…။

မက်စ်တပ်ကြတာ တစ်ကယ်အရင်းစစ်လျှင် ကိုယ်ကို ကူးမှာ ကြောက်လို့..။
လူတွေက ဗိုင်းရပ် ကြောက်လို့ ကာကွယ်နေကြပေမယ့် တချို့ကတော့ ဒီဗိုင်းရပ်ကြောင့် အတော်လေး အဆင်ပြေနေကြသည်။
ဖြစ်တာတောင် နောက်ကျသလားလို့..။
ခိုးထားဝှက်ထားပြီး လူတောမတိုးသည့်လူတွေဆို ဗိုင်းရပ်ကို အတော်လေးကျေးဇူးတင်ကြသည်။
အခုဆို သူခိုးတွေလဲ maskတပ်၊ ၀ရမ်းပြေးတွေလဲ maskတပ်၊ မုဒိမ်းသမားတွေလဲ maskတပ် လူတောထဲ ပြန်တိုးနိုင်ကြပြီ။
ဘယ်သူမှ လှန်လှောမစစ်တော့ ။  
Maskကြောင့် ပြန်ပေါင်းစည်းလို့ရပြီ။ maskကြောင့် လုံလုံခြုံခြုံလုလို့ရပြီ။ယက်လို့ရပြီ။
Maskကြောင့် လက်မည်းကြီးမလိုတော့  ။
တချို့ကတော့  ဒီဗိုင်းရပ်စ် အမြဲဖြစ်စေချင်ကြသည်။ အမြဲမဟုတ်လျှင်တောင် အမခေတ်ကုန်တဲ့ အထိတော့ ဖြစ်စေချင်သည်။  
အရင်လို နေ့ဘက် အိမ်ထဲ ညဘက် ဘိထဲ ပုန်းနေစရာ မလို…။
Maskလေး ဖုံးပြီး မြန်မာပြည်အနှံ့ခရီးထွက်မလား၊ ၀ရမ်းထုတ်ထားသည့် စခန်းရှေ့ ဆန္ဒရှိရင် ဒချိဒချိ လုပ်မလား…ဘစိုင်းပွဲမှာ သွားကဲဦးမလား၊…။
ဘယ်နေရာကြည့်ကြည့် Mask အမည်းလေးတွေ အဖြူလေးတွေနှင့် လှနေကြသည်။ တော်ရုံတန်ရုံ မလှသည်သူတွေတောင်  Maskတန်ခိုးနှင့် လှနေပြီ။

 

 

Maskကြောင့် လူတောမတိုးရဲသည့် အဘခေတ်က သူခိုးကြီးတွေတောင် ဇိမ်ခံကားပေါ်မှာလဲ Mask၊ လေယာဉ်ပေါ်မှာလည်း Mask၊ ဟိုတယ်မှာလည်း Mask၊ သေးပေါက် ချီးပါရင်တောင်Maskလေးတွေ အုပ်လို့။ Maskအားကိုးနဲ့ မိုက်နေကြပြီ။      အရင်ကဆို ဖမ်း၀ရမ်းထုတ်ထားလို့ အပြင်တောင် ယောင်လို့တောင် မထွက်ရဲတဲ့ သူတွေတောင်  Maskလေး တပ်ပြီး သွားချင်သည့်နေရာ သွား။ လာချင်သည့်နေရာ လာမှတော့ သူခိုးတွေက ဘာပြော ကောင်းမလဲ..။      
သူခိုးကြီးတွေလည်း Maskကြောင့် မျက်နှာပူစရာ မလိုတော့။      
ဒီလိုနှင့် ဘာပဲလုပ်စားလုပ်စား ဘာပဲခိုးစားခိုးစား Maskလေးအုပ်ပြီး ထွက်လို့ရသဖြင့် မဟုတ်တာ လုပ်သူတိုင်း လူတောထဲ ပြန်တိုးလို့ရတဲ့ ခေတ်ကို ရောက်နေကြပြီ။
ဘာပဲပြောပြော ဗိုင်းရပ်ကြောင့် လူတွေအားလုံး Maskလေးတွေ အုပ်ထားရသည်။ စကားပြောချင်လျှင် Maskလေး တွေ လှန်ပြော ၊  ဟိုဟာဒီဟာ စားချင်လည်း လှန်ကြ ။
တော်တော်လှန်သည့် တော်လှန်ရေး ခေတ်ကို ရောက်နေကြပြီ။
အမခေတ်မှာ လူတိုင်း လုပ်ချင်ရာလုပ်လို့ရသည်။ ဝန်ကြီးချုပ်ကိုတောင် လမ်းဘေးကလူက တရားတက်စွဲလို့ ရသည့်ခေတ်။
ဆန္ဒပြမလား…ရသည်။

 

အဘခေတ် ဒီလိုလုပ်ကြည့်ပါလား..။

တစ်ဆွေလုံး တစ်မျိုးလုံးစမုံတုန်းသွားမည်။
အခုလည်း အဘလူ ပဉ္စမံသူခိုးတွေ အမခေတ်ကို  ကြိုက်တော့ ကြိုက်နေကြပြီ။
ကြိုက်တာလည်းမပြောနှင့်…။
အဘခေတ်မှာဆို အဘတွေနဲ့ အဘအမျိုးတွေကို  အထာထားရသည်။အထာမထားလျှင် အဘတွေက ပညာပေး သည်။ နားကားမည်။ကိုင်းကြီးကြီးမှာ နားသွားမည်။

အမခေတ်မှာတော့ ဒီလိုမဟုတ်။ အမတပည့် ဝန်ကြီးချုပ်ကိုတောင် ခွာရာတိုင်းလို့ရသည်။
ဘယ်လောက်မိုက်သလဲ..။
ဒီကြားထဲ အဘလူလိုလို အမလူလိုလိုနှင့် ရောကြိတ်လို့ရသေးသည်။ မရလျှင် ရင်ကြားစေ့ရေး နှင့် ကိုင်ပေါက်။ ဒါမှ မရလျှင် ၀ရမ်းပြေး။ ဒီခေတ်က အမနဲ့သိသလို အဘလူလိုလိုနဲ့ တစ်ကယ်ကို လုပ်စားကိုင်စား ခိုးစားလို့ လွယ်သည့် ခေတ်ဖြစ်သည်။
ဘယ်လောက် မိုက်သလဲ။
အဘခေတ် ဒီလိုသွားလုပ်ကြည့်။ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် မျိုးကန်းသွားမည်။
ဒါကြောင့် သူခိုးကြီးတွေက အဘတွေကို အသေအလဲ ကြောက်သည်။
အဘတွေ ပြန်လာမှာကိုလည်း ကြောက်သည်။
အမကညှာသည်။ အဘက ညာသည်။    
ဒါကြောင့် အဘထက် ပိုစားသာသည့် အမဆက်ရှိနေဖို့ လိုသည်။ အမသာဆက်ရှိရင် ပိုစားသာမည်။

ပိုနေမြဲ ကြားနေမြဲ။
ဘယ်လောက်ကောင်းလဲ..။
ဒီတော့ အမရှိဖို့ လိုသည်။

 

ဒါမှ အမခေတ်ကို အကြောင်းပြုပြီး အဘတွေဆီက ရသမျှ ယူရဦးမှာဖြစ်သည်။
ဒါကြောင့် အဘအကြိုက် အပုပ်ချတာတွေ များများပြောရမည်…..များများလော်ရမည်။ အဘအိတ်ထဲက ငွေထွက်နိုင်တာ ဒါဘဲရှိသည်။
ဒါမှ အဘတွေလည်း စိတ်ချမ်းသာ။ ကိုယ်တွေလည်း အလုပ်ဖြစ်။ အမအတွက်လည်း မဲဆွယ်ပြီး သားဖြစ်…..။
ဘယ်လောက်ပျော်စရာကောင်းသလဲ..။
တစ်ခုပဲရှိသည်။ အပုပ်ချရင်း အဘတွေ ဘယ်လောက်သောက်ကျင်ယုတ်ခဲ့တာ ပေါ်သွားလို့တော့ မဖြစ် …..။ဒါတော့ ဂရုစိုက်ရမည်။
ဒါမှ  အဘရေထွက်မည်။
ကဲ..ပြောနေတာကြာသည်…..
အဘဆီက ရေခပ်ဖို့ အမလူတွေနဲ့ အမအကြောင်း အပုပ်ချကြပါစို့ ။

 

နတ်ဆိုး

(  Zawgyi  )

  မက္စ္ကလည္း မအုပ္လို႔ မျဖစ္။
တ႐ုတ္ႀကီးေတာင္ ၿမိဳ႕ေတြပိတ္ ၊႐ြာေတြ ပိတ္နဲ႔ ကမာၻကို အဆက္ျဖတ္ရသည္။ ဒီေတာ့ မက္စ္တပ္တာ ျပႆနာေတာ့မဟုတ္။ ျပႆနာက ေျပာင္းျပန္တပ္ရင္သာ…။

မက္စ္တပ္ၾကတာ တစ္ကယ္အရင္းစစ္လွ်င္ ကိုယ္ကို ကူးမွာ ေၾကာက္လို႔..။
လူေတြက ဗိုင္းရပ္ ေၾကာက္လို႔ ကာကြယ္ေနၾကေပမယ့္ တခ်ိဳ႕ကေတာ့ ဒီဗိုင္းရပ္ေၾကာင့္ အေတာ္ေလး အဆင္ေျပေနၾကသည္။
ျဖစ္တာေတာင္ ေနာက္က်သလားလို႔..။
ခိုးထားဝွက္ထားၿပီး လူေတာမတိုးသည့္လူေတြဆို ဗိုင္းရပ္ကို အေတာ္ေလးေက်းဇူးတင္ၾကသည္။
အခုဆို သူခိုးေတြလဲ maskတပ္၊ ၀ရမ္းေျပးေတြလဲ maskတပ္၊ မုဒိမ္းသမားေတြလဲ maskတပ္ လူေတာထဲ ျပန္တိုးႏိုင္ၾကၿပီ။
ဘယ္သူမွ လွန္ေလွာမစစ္ေတာ့ ။  
Maskေၾကာင့္ ျပန္ေပါင္းစည္းလို႔ရၿပီ။ maskေၾကာင့္ လုံလုံၿခဳံၿခဳံလုလို႔ရၿပီ။ယက္လို႔ရၿပီ။
Maskေၾကာင့္ လက္မည္းႀကီးမလိုေတာ့  ။
တခ်ိဳ႕ကေတာ့  ဒီဗိုင္းရပ္စ္ အၿမဲျဖစ္ေစခ်င္ၾကသည္။ အၿမဲမဟုတ္လွ်င္ေတာင္ အမေခတ္ကုန္တဲ့ အထိေတာ့ ျဖစ္ေစခ်င္သည္။  
အရင္လို ေန႔ဘက္ အိမ္ထဲ ညဘက္ ဘိထဲ ပုန္းေနစရာ မလို…။
Maskေလး ဖုံးၿပီး ျမန္မာျပည္အႏွံ႔ခရီးထြက္မလား၊ ၀ရမ္းထုတ္ထားသည့္ စခန္းေရွ႕ ဆႏၵရွိရင္ ဒခ်ိဒခ်ိ လုပ္မလား…ဘစိုင္းပြဲမွာ သြားကဲဦးမလား၊…။
ဘယ္ေနရာၾကည့္ၾကည့္ Mask အမည္းေလးေတြ အျဖဴေလးေတြႏွင့္ လွေနၾကသည္။ ေတာ္႐ုံတန္႐ုံ မလွသည္သူေတြေတာင္  Maskတန္ခိုးႏွင့္ လွေနၿပီ။

Maskေၾကာင့္ လူေတာမတိုးရဲသည့္ အဘေခတ္က သူခိုးႀကီးေတြေတာင္ ဇိမ္ခံကားေပၚမွာလဲ Mask၊ ေလယာဥ္ေပၚမွာလည္း Mask၊ ဟိုတယ္မွာလည္း Mask၊ ေသးေပါက္ ခ်ီးပါရင္ေတာင္Maskေလးေတြ အုပ္လို႔။ Maskအားကိုးနဲ႔ မိုက္ေနၾကၿပီ။      အရင္ကဆို ဖမ္း၀ရမ္းထုတ္ထားလို႔ အျပင္ေတာင္ ေယာင္လို႔ေတာင္ မထြက္ရဲတဲ့ သူေတြေတာင္  Maskေလး တပ္ၿပီး သြားခ်င္သည့္ေနရာ သြား။ လာခ်င္သည့္ေနရာ လာမွေတာ့ သူခိုးေတြက ဘာေျပာ ေကာင္းမလဲ..။      
သူခိုးႀကီးေတြလည္း Maskေၾကာင့္ မ်က္ႏွာပူစရာ မလိုေတာ့။      
ဒီလိုႏွင့္ ဘာပဲလုပ္စားလုပ္စား ဘာပဲခိုးစားခိုးစား Maskေလးအုပ္ၿပီး ထြက္လို႔ရသျဖင့္ မဟုတ္တာ လုပ္သူတိုင္း လူေတာထဲ ျပန္တိုးလို႔ရတဲ့ ေခတ္ကို ေရာက္ေနၾကၿပီ။
ဘာပဲေျပာေျပာ ဗိုင္းရပ္ေၾကာင့္ လူေတြအားလုံး Maskေလးေတြ အုပ္ထားရသည္။ စကားေျပာခ်င္လွ်င္ Maskေလး ေတြ လွန္ေျပာ ၊  ဟိုဟာဒီဟာ စားခ်င္လည္း လွန္ၾက ။
ေတာ္ေတာ္လွန္သည့္ ေတာ္လွန္ေရး ေခတ္ကို ေရာက္ေနၾကၿပီ။
အမေခတ္မွာ လူတိုင္း လုပ္ခ်င္ရာလုပ္လို႔ရသည္။ ဝန္ႀကီးခ်ဳပ္ကိုေတာင္ လမ္းေဘးကလူက တရားတက္စြဲလို႔ ရသည့္ေခတ္။
ဆႏၵျပမလား…ရသည္။

အဘေခတ္ ဒီလိုလုပ္ၾကည့္ပါလား..။

တစ္ေဆြလုံး တစ္မ်ိဳးလုံးစမုံတုန္းသြားမည္။
အခုလည္း အဘလူ ပၪၥမံသူခိုးေတြ အမေခတ္ကို  ႀကိဳက္ေတာ့ ႀကိဳက္ေနၾကၿပီ။
ႀကိဳက္တာလည္းမေျပာႏွင့္…။
အဘေခတ္မွာဆို အဘေတြနဲ႔ အဘအမ်ိဳးေတြကို  အထာထားရသည္။အထာမထားလွ်င္ အဘေတြက ပညာေပး သည္။ နားကားမည္။ကိုင္းႀကီးႀကီးမွာ နားသြားမည္။

အမေခတ္မွာေတာ့ ဒီလိုမဟုတ္။ အမတပည့္ ဝန္ႀကီးခ်ဳပ္ကိုေတာင္ ခြာရာတိုင္းလို႔ရသည္။
ဘယ္ေလာက္မိုက္သလဲ..။
ဒီၾကားထဲ အဘလူလိုလို အမလူလိုလိုႏွင့္ ေရာႀကိတ္လို႔ရေသးသည္။ မရလွ်င္ ရင္ၾကားေစ့ေရး ႏွင့္ ကိုင္ေပါက္။ ဒါမွ မရလွ်င္ ၀ရမ္းေျပး။ ဒီေခတ္က အမနဲ႔သိသလို အဘလူလိုလိုနဲ႔ တစ္ကယ္ကို လုပ္စားကိုင္စား ခိုးစားလို႔ လြယ္သည့္ ေခတ္ျဖစ္သည္။
ဘယ္ေလာက္ မိုက္သလဲ။
အဘေခတ္ ဒီလိုသြားလုပ္ၾကည့္။ ေဆြခုႏွစ္ဆက္ မ်ိဳးခုႏွစ္ဆက္ မ်ိဳးကန္းသြားမည္။
ဒါေၾကာင့္ သူခိုးႀကီးေတြက အဘေတြကို အေသအလဲ ေၾကာက္သည္။
အဘေတြ ျပန္လာမွာကိုလည္း ေၾကာက္သည္။
အမကညႇာသည္။ အဘက ညာသည္။    
ဒါေၾကာင့္ အဘထက္ ပိုစားသာသည့္ အမဆက္ရွိေနဖို႔ လိုသည္။ အမသာဆက္ရွိရင္ ပိုစားသာမည္။

ပိုေနၿမဲ ၾကားေနၿမဲ။
ဘယ္ေလာက္ေကာင္းလဲ..။
ဒီေတာ့ အမရွိဖို႔ လိုသည္။

ဒါမွ အမေခတ္ကို အေၾကာင္းျပဳၿပီး အဘေတြဆီက ရသမွ် ယူရဦးမွာျဖစ္သည္။
ဒါေၾကာင့္ အဘအႀကိဳက္ အပုပ္ခ်တာေတြ မ်ားမ်ားေျပာရမည္…..မ်ားမ်ားေလာ္ရမည္။ အဘအိတ္ထဲက ေငြထြက္ႏိုင္တာ ဒါဘဲရွိသည္။
ဒါမွ အဘေတြလည္း စိတ္ခ်မ္းသာ။ ကိုယ္ေတြလည္း အလုပ္ျဖစ္။ အမအတြက္လည္း မဲဆြယ္ၿပီး သားျဖစ္…..။
ဘယ္ေလာက္ေပ်ာ္စရာေကာင္းသလဲ..။
တစ္ခုပဲရွိသည္။ အပုပ္ခ်ရင္း အဘေတြ ဘယ္ေလာက္ေသာက္က်င္ယုတ္ခဲ့တာ ေပၚသြားလို႔ေတာ့ မျဖစ္ …..။ဒါေတာ့ ဂ႐ုစိုက္ရမည္။
ဒါမွ  အဘေရထြက္မည္။
ကဲ..ေျပာေနတာၾကာသည္…..
အဘဆီက ေရခပ္ဖို႔ အမလူေတြနဲ႔ အမအေၾကာင္း အပုပ္ခ်ၾကပါစို႔ ။

နတ္ဆိုး