【 သရော်စာ 】 တက်ခေတ်စာဆို

【 သရော်စာ 】 တက်ခေတ်စာဆို

''တက်ခေတ်'' တဲ့။ဖတ်ဖူးကြားဖူးကြမှာပေါ့ဗျာ။ဆရာကြီး ဦးသိန်းဖေမြင့် ရဲ့ တက်ဘုန်းကြီးတို့၊ တက်ခေတ်နတ်ဆိုးတို့။

တက်ခေတ် ဆိုတာက ပြောရရင် တိုးတက်နေတဲ့ခေတ်ကြီး၊ ယခုခေတ်ကြီးလို့ပဲ ဘာသာပြန်ရမယ် ထင်ပါရဲ့။ဒါကြောင့် ခုနခါ ပစ္စုပ္ပန်တည့်တည့်အရပ် ခေတ်ကြီးကို တက်ခေတ်ရယ်လို့ မှတ်ပေချေပေါ့ဗျာ။

မောင်ဗြိ တို့ တက်ခေတ်မှာ စာဆိုအမျိုးအစား အလွန်ပေါပါတယ်။ညောင်စေ့လေးလောက် စာရေးပြီး ညောင်ပင်ကြီးလောက် စာလိုက်ဟောတဲ့ စာဟောစာဆိုများလည်း ရှိပါတယ်။စာပေပွဲ၊ ဘာပွဲ၊ ညာပွဲ မှန်သမျှ မလွတ်တမ်းလိုက်တက်တဲ့ စာတက်စာဆိုများလည်း ရှိပါတယ်။နိုင်ငံခြားကျမ်းဂန်ကြီးတွေထဲ ဟိုဟာနည်းနည်း၊ ဒီဟာနည်းနည်း လိုက်ကူးပြီး ကိုယ်ပိုင်အောင်မြင်နည်းတွေ ရေးသား၊ အောင်မြင်နည်းသင်တန်းများ ဖွင့်စားတဲ့ စာကူးစာဆိုများလည်း ရှိပါတယ်။တခြားနယ်ပယ်မှာ ပေါက်မြောက်အောင်မြင်ပြီးမှ ငါဟဲ့ စာရေးဆရာဆိုပြီး အပ်ချလောင်း အသွင်ပြောင်းလာတဲ့ မိုးကျရွှေကိုယ် စာဆိုကြီးများလည်း ရှိပါတယ်။အစိုးရရဲ့ ဘုန်းတော်အလျားကို ကုန်းကျော်တံတားလောက် ဖွဲ့ဆိုပြီး..ဟိုတုန်းကလူတွေကိုသာ နာနာဆဲရဲတဲ့ ရဲရဲတောက် စာဆိုကြီးများလည်း ရှိပါတယ်။

အဲ…ကိုယ့်အလုပ်လေးကိုယ်လုပ် စာရေးစာဖွဲ့တာချည်း သီးသန့်လုပ်တဲ့ စာဆိုတွေကတော့ တော်တော်လေးပြူးပြဲရှာရတာပါပဲ။ပြူးပြဲရှာဆို ငတ်သကိုးဗျ။နို့..သူများတွေကျ လျှောက်ပြောနေ..မောင်ဗြိ မင်းကရော ဘယ်နားပါသတုန်းဆို။အင်း..အဲ။ကျွန်တော်မျိုး မောင်ဗြိ တို့ကျ… အရက်ကလေးများ ထွေလာပြီဆို တိုင်းပြည်နဲ့ လူမျိုးကို ငါ့စာပေနဲ့ ကယ်တင်မှဖြစ်မှာဆိုပြီး  လက်ခမောင်းထထခတ်တဲ့ နာရာဂီရိစာဆိုအုပ်စုဝင် ဖြစ်မယ်ထင်ရဲ့ဗျာ။

အောင်မယ်..စာဆိုတွေ ဒီဂလောက်ပေါလေတော့ စာဆိုအဖွဲ့တွေကလည်း ပေါတာပေါ့ဗျာ။စာဆိုအသင်း၊ စာဆိုသမဂ္ဂ၊ စာဆိုကလပ်၊ စာဆိုအစည်းအရုံး စုံလို့သာပဲ။မောင်ဗြိ တောင် တော်လှန်ရေးဆန်သွားအောင် စာဆိုတပ်ဦးဆိုပြီး ထောင်ဦးမလို့ပဲ။ဒါပေမယ့် တပ်ဆိုတာ ပါနေတာနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတင်းတက်ခိုင်းနေမယ်စိုးလို့ စိတ်လျှော့လိုက်ရတယ်။စာဆိုတွေက လွန်လေပြီးသော ခေတ်ဆိုး ခေတ်ကြပ်တွေထဲ အင်မတန်မှ အနှိမ်အနင်းခံခဲ့ရတာကလား။

နရသိမ် ဘဝတက္ကသိုလ်မှာ ပေးဆပ်ခဲ့သူတွေ၊ စိစစ်ရေးငွေမှင်ချပ်ကြီးထဲ လမ်းပျောက်ခဲ့သူတွေ ဒုနဲ့ဒေး။နောက် ဘယ်ပညာရှိ တီထွင်လိုက်မှန်းမသိတဲ့ စာဆိုမှန်ရင် ဆင်းရဲရမယ်ဆိုတဲ့ မူကြီးနဲ့အတူ ရုပ်ရှင်ထဲမှာတောင် စာဆိုတွေဟာ အူကြောင်ကြောင် ငမွဲတွေအဖြစ်ပဲ ပုံဖော်ခံခဲ့ရတယ် မဟုတ်လား။အခုများ ပါတီစုံ ဒီမိုကရေစီ တက်ခေတ်ကာလမှာတော့ စာဆိုများ အင်မတန်မှ မျက်နှာပန်းလှကြသဗျာ။ရွေးကောက်ပွဲကာလများနီးရင် ပိုလို့တောင် မျက်နှာပွင့်ကြသေး။အစိုးရက ညစာဖိတ်ကျွေးရ၊ တပ်မတော်ကြီးက ညစာဖိတ်ကျွေးရနဲ့ရယ်။

တလောလေးက နေပြည်တော်မှာ အစိုးရက ညစာဖိတ်ကျွေးတော့ စာဆိုအပေါင်းအတွက် ဂုဏ်ယူစရာပေါ့။အဲ့ဒီအခါ အဖိတ်ခံရတဲ့စာရင်းထဲ မပါတဲ့ စာဆိုများက အင်မတန်စိတ်ဆိုးကြတဲ့ အသံတွေလည်း ထွက်လာပါတယ်။ပြန်ကြားရေးဝန်ကြီး စာဆိုကြီးကို လက်သင့်ရာခေါ်တယ်ဆိုပြီး ကြိတ်ဆဲတဲ့သူက ဆဲကြလေရောလား။
ဒါပေမယ့်လည်း..အစိုးရက ကောင်းရှာပါတယ်။နေပြည်တော်ပွဲမှာ အဖိတ်မခံရပဲ ကျန်ရစ်တဲ့ နောက်ထပ် နာမည်ကျော်စာဆိုများကို အစိုးရကထပ်ပြီး ညစာဖိတ်ကျွေးပါတယ်။ဒီတော့မှလည်း မျှမျှတတဖြစ်မယ် မဟုတ်လား။

စာဆိုတွေအကြောင်းရေးရင်း ကုန်းဘောင်ခေတ်က စာဆိုတွေနဲ့ ပတ်သက်တဲ့ အဖြစ်နှစ်ခု သွားသတိရပါတယ်။တစ်ခုက ဘိုးတော်ဦးဝိုင်း လက်ထက်ကပါ။တစ်နေ့တော့ နန်းတွင်းဘဏ္ဍာကို ကိုင်တွယ်ရတဲ့ဌာနက စာရေးတော်ကြီးတစ်ယောက်ဟာ ပန်းပုဆိုးကိုဝတ်ပြီး ဈေးသွားသတဲ့။ဈေးမှာ စာဆိုတော်တစ်ယောက်နဲ့ တွေ့တော့.. စာဆိုတော်က စာရေးတော်ကြီးကို.... ''သြော်..ပန်းပုဆိုးနဲ့ကိုး'' လို့ နှုတ်ဆက်ပြောဆိုပါတယ်။ဒါကို စာရေးတော်ကြီးက စိတ်ဆိုးပြီး လွှတ်တော်ကို သွားတိုင်တယ်။"ပန်းပုဆိုးနဲ့ကိုး" ဆိုတာ...ကျွန်တော်မျိုးကို ကာရံလိုက်ပြီး နန်းသူခိုးလို့ စွပ်စွဲတာပါ..'' ဆိုပြီး အမှုဖွင့်တာပါ။ဒါနဲ့..ဝန်ကြီး ဦးမှိုင်း က စာဆိုတော်ကို ခေါ်စစ်တော့...'' ကျွန်တော်မျိုးက သူ ပန်းပုဆိုးဝတ်လာလို့ ရိုးရိုးသားသား သြော်..ပန်းပုဆိုးနဲ့ကိုးလို့ ပြောတာပါ..သူ့ဟာသူ အိုးမလုံပဲ...နောက်က နန်းသူခိုးဆိုတဲ့ ကာရံကို လိုက်ယူတာတော့ ကျွန်တော်မျိုးနဲ့ မဆိုင်ပါဘူး'' လို့ လျှောက်တင်တယ်။ဒါပေမယ့် နောက်ဆုံးတော့...ဝန်ကြီး ဦးမှိုင်း က ပိုပါဝါကြီးတဲ့ ဘဏ္ဍာတိုက်စာရေးကြီးကိုပဲ အနိုင်ပေးလိုက်တယ်။
စာဆိုတော်က ပန်းပုဆိုးတစ်ထည် အလျော်ပေးလိုက်ရတယ်။အဲ့ဒါ ကုန်းဘောင်ခေတ်က စာဆိုတော်ပါ။

အခု မောင်ဗြိ တို့ တက်ခေတ်မှာလည်း ..စာရေးရတဲ့ဘဝက မလွယ်ဘူး။အထူးသဖြင့် သရော်စာရေးရတာပေါ့။ကိုယ်က ''ပန်းပုဆိုး'' လို့ ရိုးရိုးရေးရင်တောင်.အထိနာပြီး..တရားစွဲမယ့် နန်းသူခိုးတွေက များနေတယ် မဟုတ်လား။

နောက်အဖြစ်တစ်ခုကျကတော့ ရှင်ဘုရင်နားကပ်နေတဲ့ စာဆိုတွေအကြောင်းပါ။အဲ့ဒါကတော့  ဘိုးတော်ဦးဝိုင်း ရဲ့ မြေး ဘကြီးတော် လက်ထက်မှာပေါ့။ဘကြီးတော်မင်းဟာ စာဆိုတွေကို အင်မတန်မှ အရေးပေးပါတယ်။နန်းတွင်း သူ့အနားမှာ ခေါ်ထားပြီး မင်းတိုင်ပင်အဖြစ် ထားပါတယ်။စာဆိုတွေဖြစ်တဲ့ ရကန်ဦးတိုး၊ ဦးလန်း၊ ဦးရေး၊ ဦးထွန်းမြတ်၊ ဦးဗြေ တို့ဟာ ဘုရင့်အတိုင်ပင်ခံတွေ ဖြစ်နေကြပါသတဲ့။အင်္ဂလိပ် - မြန်မာ ပထမစစ်ကြီးဖြစ်တဲ့အခါ ဘုရင်က စစ်ရေးစစ်ရာကို နန်းတွင်းစာဆိုတွေနဲ့ တိုင်ပင်ပြီး အမိန့်တွေထုတ်ပါတယ်။အဲ့ဒီမှာ မဟာဗန္ဓုလကြီး မာလကီးယားသွားတော့တာပဲ။စစ်ရှုံးပြီးတဲ့အခါကျတော့ ဘကြီးတော်မင်းရဲ့ ပြောမနာဆိုမနာ ငယ်သူငယ်ချင်း တရားသူကြီး ဦးအေး က နန်းတော်ထဲဝင်ပြီး ဘကြီးတော်ကို ဒီလိုပြောသတဲ့။''ရှင်ဘုရင့်နှယ့်…စစ်ရေးစစ်ရာမသိ၊ ဒေသန္တရမကျွမ်းတဲ့ စာဆိုတွေကို စစ်မှုရေးရာ တိုင်ပင်ရသလား။မင်းကြီးဗန္ဓုလ ဟာ ရခိုင် စစ်တကောင်း ပန်းဝါကို သိမ်းရလို့ စစ်ပန်းနေချိန်မှာ မဏိပူရကို ထပ်ချီခိုင်းတယ်။အဲ့ဒီအချိန် ရန်ကုန်ကို အင်္ဂလိပ်က ဝင်တိုက်တယ်။ဒါကို စာဆိုတွေနဲ့ သွားတိုင်ပင်တော့..ဟိုက မင်းကြီးဗန္ဓုလ အောင်ပွဲစာတွေ ကဗျာတွေ ချီးမြှောက်ရေးရာက သူတို့ကိုယ်တိုင် ဗန္ဓုလကြီး ကို နတ်စစ်သည်ကြီး ထင်နေကြပုံပဲ။ဘယ့်နှယ့် ဗန္ဓုလကြီး က လူပဲ။နတ်မှမဟုတ်တာ။ခုနေ ရခိုင်၊ ခုနေ မဏိပူရ၊  ခုနေ ရန်ကုန် နည်းတဲ့ခရီးမဟုတ် ချီတက်ရတော့ ကိုယ်တိုင်လည်း ကျန်းမာရေးကချူချာ၊ တပ်တွေလည်း ပင်ပန်းပြီး နောက်ဆုံး တိုက်ပွဲကျရတော့တာပေါ့။မဏိပူရကနေ ရန်ကုန်ကို ခရီးဘယ်လောက်ကြမ်းတယ်ဆိုတာ ခင်ဗျား..စာဆိုတွေ သိကြသလား..ရှင်ဘုရင်ရော သိရဲ့လား..ရှင်ဘုရင်နားနေပြီး အရေးမမြင်တဲ့သူတွေကြောင့် မင်းကြီးဗန္ဓုလ ခမြာ သေရတာပဲ'' လို့ ကောသတဲ့ဗျာ။

ဒီတော့မှ ရှင်ဘုရင်လည်း မောင်အေး ပြောတာ မှန်ပေတယ်ဖြစ်တာတဲ့။စာဆိုတွေခမြာလည်း ဗန္ဓုလကြီး ကို စူပါမန်းထင်ပြီး အကြံပေးမိတယ်ထင်ပါရဲ့။စာဆိုအစွမ်း  ဘယ်လောက်စွမ်းသလဲ..အဲ့ဒီမှာသာကြည့်။သြော်.ဒါကြောင့်.တို့ တက်ခေတ်အစိုးရမင်းများရော၊ တက်ခေတ်တပ်မတော်ရောက..ဒါကိုကြောက်လို့ တက်ခေတ်စာဆိုများကို ညစာတွေ ခဏခဏခေါ်ကျွေးတယ် ထင်ပါရဲ့။နို့..အခုတခါ..ရန်ကုန်ညစာစားပွဲမှာလည်း မပါလို့ဆိုပြီး စိတ်ကောက်တဲ့ ဆရာတွေ ထပ်ပေါ်လာပြန်တယ်။ဒီတော့…စာဆိုမင်းများအနေနဲ့ အစိုးရကို စိတ်မကောက်စေချင်ဘူး။ပထမ နေပြည်တော်မှာ မပါတဲ့ စာဆိုမင်းများကို ရန်ကုန်မှာ ညစာကျွေးတယ်။နောက်ပိုင်း လှည်းကူးတို့၊ ပဲခူးတို့လောက်မှာလည်း ပွဲတွေလုပ်ပြီး ထပ်ကျွေးနိုင်ပါတယ်။ ခဏတော့သည်းခံလိုက်ကြပါ..ဆရာတို့။အစိုးရခမြာလည်း ကိုယ့်ကိုကိုယ် စာဆိုလို့ ပြောနေကြတဲ့ လူပေါင်းတစ်သန်းလောက်ကိုသာ ညစာဖိတ်ကျွေးရရင်  ဒေဝါလီခံဖို့ပဲ ရှိတော့တယ်။

ဟဲ့..မောင်ဗြိ…နေစမ်းပါဦး.မင်းလည်း စာတိုပေစရေးတဲ့ အကောင်ပဲ။ဒီလိုပွဲတွေထဲ မင်းမပါရလို့ မနာလိုဖြစ်ပြီး ဒီလို ပေါက်တတ်ကရတွေ လျှောက်ရေးတာလားဆို။

အင်း…မဖြစ်ပေါင်ဗျာ။ကိုယ်က စာပေလောကမှာ ဘာမှမဟုတ်သေးတဲ့ ပုလုကွေးကြမ်းပိုးလေး အဆင့်။ပြီးတော့ သတင်းအရတော့ နေပြည်တော်ပွဲမှာတုန်းက ရေနွေးပဲတိုက်တာတဲ့။အခု ရန်ကုန်ပွဲကျ..ဝိုင်တိုက်တယ်တဲ့။မောင်ဗြိ နဲ့ မတည့်တာတွေချည်းပဲ။အင်း…နောက်ပွဲတွေများလုပ်ဖြစ်လို့ အစိုးရမင်းများက ပွဲမှာ ဝီစကီလေး၊ ရမ်လေး တိုက်တယ်ဆိုရင်တော့ မောင်ဗြိ က ဖိတ်ဖိတ် မဖိတ်ဖိတ်..လာတက်မှာနော်။အဲ့ဒါကျ..မောင်ဗြိ နဲ့ တိုက်ရိုက်သက်ဆိုင်သွားပြီ။ဝီစကီတိုက်တဲ့ပွဲ မတက်ရလို့ကတော့ မောင်ဗြိ တို့က စာဆိုတပ်ဦးဆိုတာဖွဲ့ပြီး အစိုးရကို ပုန်ကန်ပြီး…တောခိုပြီသာမှတ်..အဟွင်း။

ဗြိတိသျှကိုကိုမောင်
ဇူလိုင် - ၂၈

( Zawgyi )

''တက္ေခတ္'' တဲ့။ဖတ္ဖူးၾကားဖူးၾကမွာေပါ့ဗ်ာ။ဆရာႀကီး ဦးသိန္းေဖျမင့္ ရဲ႕ တက္ဘုန္းႀကီးတို႔၊ တက္ေခတ္နတ္ဆိုးတို႔။

တက္ေခတ္ ဆိုတာက ေျပာရရင္ တိုးတက္ေနတဲ့ေခတ္ႀကီး၊ ယခုေခတ္ႀကီးလို႔ပဲ ဘာသာျပန္ရမယ္ ထင္ပါရဲ႕။ဒါေၾကာင့္ ခုနခါ ပစၥဳပၸန္တည့္တည့္အရပ္ ေခတ္ႀကီးကို တက္ေခတ္ရယ္လို႔ မွတ္ေပေခ်ေပါ့ဗ်ာ။

ေမာင္ၿဗိ တို႔ တက္ေခတ္မွာ စာဆိုအမ်ိဳးအစား အလြန္ေပါပါတယ္။ေညာင္ေစ့ေလးေလာက္ စာေရးၿပီး ေညာင္ပင္ႀကီးေလာက္ စာလိုက္ေဟာတဲ့ စာေဟာစာဆိုမ်ားလည္း ရွိပါတယ္။စာေပပြဲ၊ ဘာပြဲ၊ ညာပြဲ မွန္သမွ် မလြတ္တမ္းလိုက္တက္တဲ့ စာတက္စာဆိုမ်ားလည္း ရွိပါတယ္။ႏိုင္ငံျခားက်မ္းဂန္ႀကီးေတြထဲ ဟိုဟာနည္းနည္း၊ ဒီဟာနည္းနည္း လိုက္ကူးၿပီး ကိုယ္ပိုင္ေအာင္ျမင္နည္းေတြ ေရးသား၊ ေအာင္ျမင္နည္းသင္တန္းမ်ား ဖြင့္စားတဲ့ စာကူးစာဆိုမ်ားလည္း ရွိပါတယ္။တျခားနယ္ပယ္မွာ ေပါက္ေျမာက္ေအာင္ျမင္ၿပီးမွ ငါဟဲ့ စာေရးဆရာဆိုၿပီး အပ္ခ်ေလာင္း အသြင္ေျပာင္းလာတဲ့ မိုးက်ေ႐ႊကိုယ္ စာဆိုႀကီးမ်ားလည္း ရွိပါတယ္။အစိုးရရဲ႕ ဘုန္းေတာ္အလ်ားကို ကုန္းေက်ာ္တံတားေလာက္ ဖြဲ႕ဆိုၿပီး..ဟိုတုန္းကလူေတြကိုသာ နာနာဆဲရဲတဲ့ ရဲရဲေတာက္ စာဆိုႀကီးမ်ားလည္း ရွိပါတယ္။

အဲ…ကိုယ့္အလုပ္ေလးကိုယ္လုပ္ စာေရးစာဖြဲ႕တာခ်ည္း သီးသန႔္လုပ္တဲ့ စာဆိုေတြကေတာ့ ေတာ္ေတာ္ေလးျပဴးၿပဲရွာရတာပါပဲ။ျပဴးၿပဲရွာဆို ငတ္သကိုးဗ်။ႏို႔..သူမ်ားေတြက် ေလွ်ာက္ေျပာေန..ေမာင္ၿဗိ မင္းကေရာ ဘယ္နားပါသတုန္းဆို။အင္း..အဲ။ကြၽန္ေတာ္မ်ိဳး ေမာင္ၿဗိ တို႔က်… အရက္ကေလးမ်ား ေထြလာၿပီဆို တိုင္းျပည္နဲ႔ လူမ်ိဳးကို ငါ့စာေပနဲ႔ ကယ္တင္မွျဖစ္မွာဆိုၿပီး  လက္ခေမာင္းထထခတ္တဲ့ နာရာဂီရိစာဆိုအုပ္စုဝင္ ျဖစ္မယ္ထင္ရဲ႕ဗ်ာ။

ေအာင္မယ္..စာဆိုေတြ ဒီဂေလာက္ေပါေလေတာ့ စာဆိုအဖြဲ႕ေတြကလည္း ေပါတာေပါ့ဗ်ာ။စာဆိုအသင္း၊ စာဆိုသမဂၢ၊ စာဆိုကလပ္၊ စာဆိုအစည္းအ႐ုံး စုံလို႔သာပဲ။ေမာင္ၿဗိ ေတာင္ ေတာ္လွန္ေရးဆန္သြားေအာင္ စာဆိုတပ္ဦးဆိုၿပီး ေထာင္ဦးမလို႔ပဲ။ဒါေပမယ့္ တပ္ဆိုတာ ပါေနတာနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ အတင္းတက္ခိုင္းေနမယ္စိုးလို႔ စိတ္ေလွ်ာ့လိုက္ရတယ္။စာဆိုေတြက လြန္ေလၿပီးေသာ ေခတ္ဆိုး ေခတ္ၾကပ္ေတြထဲ အင္မတန္မွ အႏွိမ္အနင္းခံခဲ့ရတာကလား။

နရသိမ္ ဘဝတကၠသိုလ္မွာ ေပးဆပ္ခဲ့သူေတြ၊ စိစစ္ေရးေငြမွင္ခ်ပ္ႀကီးထဲ လမ္းေပ်ာက္ခဲ့သူေတြ ဒုနဲ႔ေဒး။ေနာက္ ဘယ္ပညာရွိ တီထြင္လိုက္မွန္းမသိတဲ့ စာဆိုမွန္ရင္ ဆင္းရဲရမယ္ဆိုတဲ့ မူႀကီးနဲ႔အတူ ႐ုပ္ရွင္ထဲမွာေတာင္ စာဆိုေတြဟာ အူေၾကာင္ေၾကာင္ ငမြဲေတြအျဖစ္ပဲ ပုံေဖာ္ခံခဲ့ရတယ္ မဟုတ္လား။အခုမ်ား ပါတီစုံ ဒီမိုကေရစီ တက္ေခတ္ကာလမွာေတာ့ စာဆိုမ်ား အင္မတန္မွ မ်က္ႏွာပန္းလွၾကသဗ်ာ။ေ႐ြးေကာက္ပြဲကာလမ်ားနီးရင္ ပိုလို႔ေတာင္ မ်က္ႏွာပြင့္ၾကေသး။အစိုးရက ညစာဖိတ္ေကြၽးရ၊ တပ္မေတာ္ႀကီးက ညစာဖိတ္ေကြၽးရနဲ႔ရယ္။

တေလာေလးက ေနျပည္ေတာ္မွာ အစိုးရက ညစာဖိတ္ေကြၽးေတာ့ စာဆိုအေပါင္းအတြက္ ဂုဏ္ယူစရာေပါ့။အဲ့ဒီအခါ အဖိတ္ခံရတဲ့စာရင္းထဲ မပါတဲ့ စာဆိုမ်ားက အင္မတန္စိတ္ဆိုးၾကတဲ့ အသံေတြလည္း ထြက္လာပါတယ္။ျပန္ၾကားေရးဝန္ႀကီး စာဆိုႀကီးကို လက္သင့္ရာေခၚတယ္ဆိုၿပီး ႀကိတ္ဆဲတဲ့သူက ဆဲၾကေလေရာလား။
ဒါေပမယ့္လည္း..အစိုးရက ေကာင္းရွာပါတယ္။ေနျပည္ေတာ္ပြဲမွာ အဖိတ္မခံရပဲ က်န္ရစ္တဲ့ ေနာက္ထပ္ နာမည္ေက်ာ္စာဆိုမ်ားကို အစိုးရကထပ္ၿပီး ညစာဖိတ္ေကြၽးပါတယ္။ဒီေတာ့မွလည္း မွ်မွ်တတျဖစ္မယ္ မဟုတ္လား။

စာဆိုေတြအေၾကာင္းေရးရင္း ကုန္းေဘာင္ေခတ္က စာဆိုေတြနဲ႔ ပတ္သက္တဲ့ အျဖစ္ႏွစ္ခု သြားသတိရပါတယ္။တစ္ခုက ဘိုးေတာ္ဦးဝိုင္း လက္ထက္ကပါ။တစ္ေန႔ေတာ့ နန္းတြင္းဘ႑ာကို ကိုင္တြယ္ရတဲ့ဌာနက စာေရးေတာ္ႀကီးတစ္ေယာက္ဟာ ပန္းပုဆိုးကိုဝတ္ၿပီး ေဈးသြားသတဲ့။ေဈးမွာ စာဆိုေတာ္တစ္ေယာက္နဲ႔ ေတြ႕ေတာ့.. စာဆိုေတာ္က စာေရးေတာ္ႀကီးကို.... ''ေၾသာ္..ပန္းပုဆိုးနဲ႔ကိုး'' လို႔ ႏႈတ္ဆက္ေျပာဆိုပါတယ္။ဒါကို စာေရးေတာ္ႀကီးက စိတ္ဆိုးၿပီး လႊတ္ေတာ္ကို သြားတိုင္တယ္။"ပန္းပုဆိုးနဲ႔ကိုး" ဆိုတာ...ကြၽန္ေတာ္မ်ိဳးကို ကာရံလိုက္ၿပီး နန္းသူခိုးလို႔ စြပ္စြဲတာပါ..'' ဆိုၿပီး အမႈဖြင့္တာပါ။ဒါနဲ႔..ဝန္ႀကီး ဦးမႈိင္း က စာဆိုေတာ္ကို ေခၚစစ္ေတာ့...'' ကြၽန္ေတာ္မ်ိဳးက သူ ပန္းပုဆိုးဝတ္လာလို႔ ႐ိုး႐ိုးသားသား ေၾသာ္..ပန္းပုဆိုးနဲ႔ကိုးလို႔ ေျပာတာပါ..သူ႔ဟာသူ အိုးမလုံပဲ...ေနာက္က နန္းသူခိုးဆိုတဲ့ ကာရံကို လိုက္ယူတာေတာ့ ကြၽန္ေတာ္မ်ိဳးနဲ႔ မဆိုင္ပါဘူး'' လို႔ ေလွ်ာက္တင္တယ္။ဒါေပမယ့္ ေနာက္ဆုံးေတာ့...ဝန္ႀကီး ဦးမႈိင္း က ပိုပါဝါႀကီးတဲ့ ဘ႑ာတိုက္စာေရးႀကီးကိုပဲ အႏိုင္ေပးလိုက္တယ္။
စာဆိုေတာ္က ပန္းပုဆိုးတစ္ထည္ အေလ်ာ္ေပးလိုက္ရတယ္။အဲ့ဒါ ကုန္းေဘာင္ေခတ္က စာဆိုေတာ္ပါ။

အခု ေမာင္ၿဗိ တို႔ တက္ေခတ္မွာလည္း ..စာေရးရတဲ့ဘဝက မလြယ္ဘူး။အထူးသျဖင့္ သေရာ္စာေရးရတာေပါ့။ကိုယ္က ''ပန္းပုဆိုး'' လို႔ ႐ိုး႐ိုးေရးရင္ေတာင္.အထိနာၿပီး..တရားစြဲမယ့္ နန္းသူခိုးေတြက မ်ားေနတယ္ မဟုတ္လား။

ေနာက္အျဖစ္တစ္ခုက်ကေတာ့ ရွင္ဘုရင္နားကပ္ေနတဲ့ စာဆိုေတြအေၾကာင္းပါ။အဲ့ဒါကေတာ့  ဘိုးေတာ္ဦးဝိုင္း ရဲ႕ ေျမး ဘႀကီးေတာ္ လက္ထက္မွာေပါ့။ဘႀကီးေတာ္မင္းဟာ စာဆိုေတြကို အင္မတန္မွ အေရးေပးပါတယ္။နန္းတြင္း သူ႔အနားမွာ ေခၚထားၿပီး မင္းတိုင္ပင္အျဖစ္ ထားပါတယ္။စာဆိုေတြျဖစ္တဲ့ ရကန္ဦးတိုး၊ ဦးလန္း၊ ဦးေရး၊ ဦးထြန္းျမတ္၊ ဦးေျဗ တို႔ဟာ ဘုရင့္အတိုင္ပင္ခံေတြ ျဖစ္ေနၾကပါသတဲ့။အဂၤလိပ္ - ျမန္မာ ပထမစစ္ႀကီးျဖစ္တဲ့အခါ ဘုရင္က စစ္ေရးစစ္ရာကို နန္းတြင္းစာဆိုေတြနဲ႔ တိုင္ပင္ၿပီး အမိန႔္ေတြထုတ္ပါတယ္။အဲ့ဒီမွာ မဟာဗႏၶဳလႀကီး မာလကီးယားသြားေတာ့တာပဲ။စစ္ရႈံးၿပီးတဲ့အခါက်ေတာ့ ဘႀကီးေတာ္မင္းရဲ႕ ေျပာမနာဆိုမနာ ငယ္သူငယ္ခ်င္း တရားသူႀကီး ဦးေအး က နန္းေတာ္ထဲဝင္ၿပီး ဘႀကီးေတာ္ကို ဒီလိုေျပာသတဲ့။''ရွင္ဘုရင့္ႏွယ့္…စစ္ေရးစစ္ရာမသိ၊ ေဒသႏၲရမကြၽမ္းတဲ့ စာဆိုေတြကို စစ္မႈေရးရာ တိုင္ပင္ရသလား။မင္းႀကီးဗႏၶဳလ ဟာ ရခိုင္ စစ္တေကာင္း ပန္းဝါကို သိမ္းရလို႔ စစ္ပန္းေနခ်ိန္မွာ မဏိပူရကို ထပ္ခ်ီခိုင္းတယ္။အဲ့ဒီအခ်ိန္ ရန္ကုန္ကို အဂၤလိပ္က ဝင္တိုက္တယ္။ဒါကို စာဆိုေတြနဲ႔ သြားတိုင္ပင္ေတာ့..ဟိုက မင္းႀကီးဗႏၶဳလ ေအာင္ပြဲစာေတြ ကဗ်ာေတြ ခ်ီးေျမႇာက္ေရးရာက သူတို႔ကိုယ္တိုင္ ဗႏၶဳလႀကီး ကို နတ္စစ္သည္ႀကီး ထင္ေနၾကပုံပဲ။ဘယ့္ႏွယ့္ ဗႏၶဳလႀကီး က လူပဲ။နတ္မွမဟုတ္တာ။ခုေန ရခိုင္၊ ခုေန မဏိပူရ၊  ခုေန ရန္ကုန္ နည္းတဲ့ခရီးမဟုတ္ ခ်ီတက္ရေတာ့ ကိုယ္တိုင္လည္း က်န္းမာေရးကခ်ဴခ်ာ၊ တပ္ေတြလည္း ပင္ပန္းၿပီး ေနာက္ဆုံး တိုက္ပြဲက်ရေတာ့တာေပါ့။မဏိပူရကေန ရန္ကုန္ကို ခရီးဘယ္ေလာက္ၾကမ္းတယ္ဆိုတာ ခင္ဗ်ား..စာဆိုေတြ သိၾကသလား..ရွင္ဘုရင္ေရာ သိရဲ႕လား..ရွင္ဘုရင္နားေနၿပီး အေရးမျမင္တဲ့သူေတြေၾကာင့္ မင္းႀကီးဗႏၶဳလ ချမာ ေသရတာပဲ'' လို႔ ေကာသတဲ့ဗ်ာ။

ဒီေတာ့မွ ရွင္ဘုရင္လည္း ေမာင္ေအး ေျပာတာ မွန္ေပတယ္ျဖစ္တာတဲ့။စာဆိုေတြချမာလည္း ဗႏၶဳလႀကီး ကို စူပါမန္းထင္ၿပီး အႀကံေပးမိတယ္ထင္ပါရဲ႕။စာဆိုအစြမ္း  ဘယ္ေလာက္စြမ္းသလဲ..အဲ့ဒီမွာသာၾကည့္။ေၾသာ္.ဒါေၾကာင့္.တို႔ တက္ေခတ္အစိုးရမင္းမ်ားေရာ၊ တက္ေခတ္တပ္မေတာ္ေရာက..ဒါကိုေၾကာက္လို႔ တက္ေခတ္စာဆိုမ်ားကို ညစာေတြ ခဏခဏေခၚေကြၽးတယ္ ထင္ပါရဲ႕။ႏို႔..အခုတခါ..ရန္ကုန္ညစာစားပြဲမွာလည္း မပါလို႔ဆိုၿပီး စိတ္ေကာက္တဲ့ ဆရာေတြ ထပ္ေပၚလာျပန္တယ္။ဒီေတာ့…စာဆိုမင္းမ်ားအေနနဲ႔ အစိုးရကို စိတ္မေကာက္ေစခ်င္ဘူး။ပထမ ေနျပည္ေတာ္မွာ မပါတဲ့ စာဆိုမင္းမ်ားကို ရန္ကုန္မွာ ညစာေကြၽးတယ္။ေနာက္ပိုင္း လွည္းကူးတို႔၊ ပဲခူးတို႔ေလာက္မွာလည္း ပြဲေတြလုပ္ၿပီး ထပ္ေကြၽးႏိုင္ပါတယ္။ ခဏေတာ့သည္းခံလိုက္ၾကပါ..ဆရာတို႔။အစိုးရချမာလည္း ကိုယ့္ကိုကိုယ္ စာဆိုလို႔ ေျပာေနၾကတဲ့ လူေပါင္းတစ္သန္းေလာက္ကိုသာ ညစာဖိတ္ေကြၽးရရင္  ေဒဝါလီခံဖို႔ပဲ ရွိေတာ့တယ္။

ဟဲ့..ေမာင္ၿဗိ…ေနစမ္းပါဦး.မင္းလည္း စာတိုေပစေရးတဲ့ အေကာင္ပဲ။ဒီလိုပြဲေတြထဲ မင္းမပါရလို႔ မနာလိုျဖစ္ၿပီး ဒီလို ေပါက္တတ္ကရေတြ ေလွ်ာက္ေရးတာလားဆို။

အင္း…မျဖစ္ေပါင္ဗ်ာ။ကိုယ္က စာေပေလာကမွာ ဘာမွမဟုတ္ေသးတဲ့ ပုလုေကြးၾကမ္းပိုးေလး အဆင့္။ၿပီးေတာ့ သတင္းအရေတာ့ ေနျပည္ေတာ္ပြဲမွာတုန္းက ေရေႏြးပဲတိုက္တာတဲ့။အခု ရန္ကုန္ပြဲက်..ဝိုင္တိုက္တယ္တဲ့။ေမာင္ၿဗိ နဲ႔ မတည့္တာေတြခ်ည္းပဲ။အင္း…ေနာက္ပြဲေတြမ်ားလုပ္ျဖစ္လို႔ အစိုးရမင္းမ်ားက ပြဲမွာ ဝီစကီေလး၊ ရမ္ေလး တိုက္တယ္ဆိုရင္ေတာ့ ေမာင္ၿဗိ က ဖိတ္ဖိတ္ မဖိတ္ဖိတ္..လာတက္မွာေနာ္။အဲ့ဒါက်..ေမာင္ၿဗိ နဲ႔ တိုက္႐ိုက္သက္ဆိုင္သြားၿပီ။ဝီစကီတိုက္တဲ့ပြဲ မတက္ရလို႔ကေတာ့ ေမာင္ၿဗိ တို႔က စာဆိုတပ္ဦးဆိုတာဖြဲ႕ၿပီး အစိုးရကို ပုန္ကန္ၿပီး…ေတာခိုၿပီသာမွတ္..အဟြင္း။

ၿဗိတိသွ်ကိုကိုေမာင္
ဇူလိုင္ - ၂၈