【 သရော်စာ 】 ဘဝတူချင်းမို့ စာနာပါသည်

【 သရော်စာ 】 ဘဝတူချင်းမို့ စာနာပါသည်

လူတွေလား..အခုတလောကျမှ ကျုပ်ကို အရေးတယူ လာလုပ်နေကြတယ်ဗျာ။

တကယ်တော့ ကျုပ်ဟာ သိပ်အခြေခံကျတယ်ဆိုတာ အရင်တုန်းက သူတို့မသိကြဘူးထင်ရဲ့။အင်း မသိချင်ယောင်ဆောင်နေတာလဲ ဖြစ်မှာပေါ့။အင်းလေ..သူတို့ ဂရုမထားကြတာလဲမပြောနဲ့ ဒီနိုင်ငံမှာ ကျုပ်ဆိုတဲ့ကောင်ကလဲ နေရာတကာမှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီကိုးဗျ။

တစ်ခြားနိုင်ငံတွေမှာတော့ ကျုပ်က ရှားပါးပစ္စည်းလေ။ဒီမှာတော့ ကျုပ်က နေရာတိုင်းတွေ့နေရတတ်တဲ့ မထူးဆန်းတဲ့ ငတိပေကိုး။ကျုပ်ဆိုတဲ့ကောင်ဟာလဲ ခေသူတော့မဟုတ်ဘူးဗျ။တစ်ချိန်က ဘာဆိုလားပဲ။ကျုပ်ဟာ တစ်ချိန်က အိမ်ဦးခန်းမှာ အမြတ်တနိုးထားခဲ့ရတဲ့ ကောင်လည်းဖြစ်တယ်။ရေခဲသေတ္တာထဲ သီးသန့်သိမ်းထားရတဲ့ ကောင်လည်းဖြစ်တယ်။စတိုးဆိုင်ကြီးတွေရဲ့ မှန်ဗီဒိုနောက်ကွယ်မှာ ရှိနေတဲ့ကောင်လဲဖြစ်တယ်။စားသောက်ဆိုင်ကြီးတွေရဲ့ အပေါ်မှာ တင့်တောင်းတင့်တယ် နေရာယူနေတဲ့ကောင်လဲ ဖြစ်တယ်။လူူတွေက ကျုပ်ကို သူတို့အသုံးချလို့လဲဝရော ဟော့တွေ့ကရာနေရာမှာ လွယ်လွယ်လေး ချန်ထားရစ်ကြပါလေရောဗျာ။လွယ်လွယ်လေးနဲ့ ချန်ထားရစ်တော့လဲ ကျုပ်မှာ ထားရာနေ စေရာသွား ဘဝဆိုတော့ ကျန်နေခဲ့ရုံကလွဲလို့ ဘာများစောဒကတတ်နိုင်မတဲ့တုန်း။နောက်ဆုံး လိမ္မော်ရောင် နတ်သမီးလေးတွေလာမှ ကျုပ်မှာ စနစ်တကျ နေရာရတဲ့ ကောင်ကြီးရယ်ပေါ့ဗျာ။

တကယ်တော့ ဒီနိုင်ငံက လူတွေခမျာလည်း သနားစရာပါ။ကျုပ်ကို သူတို့ဂရုမစိုက်နိုင်ခဲ့တဲ့ နှစ်ပေါင်းများစွာမှာ သူတို့ဂရုစိုက်ခဲ့ရတာတွေ အများသားဗျ။လုပ်အားပေးဆိုလား ဘာလား အလကားပဲတင်း လိုက်လုပ်ရတာတွေလေ။အရင့်အရင်ခေတ်ကဆို နိုင်ငံတော်ရဲ့ တာဝန်အ၀၀ကို ရယူလိုက်တဲ့ အစိုးရမင်းများက ပြည်သူတွေ ညည နိုးကြားတက်ကြွအောင် မီးကင်းစောင့်ခိုင်းသဗျ။
မီးကင်းမစောင့်နိုင်ရင် မီးကင်းကြေးပေး။အဖျက်သမားတွေရန်က ကာကွယ်ဖို့ ပြည်သူတွေ သံလမ်းကင်းစောင့်ရင်စောင့် မစောင့်ရင် သံလမ်းကင်းကြေးပေး ဆိုတာက တစ်မျိုး။ဆည်ဆောက်ဖို့၊ တံတားဆောက်ဖို့ တစ်အိမ်တစ်ယောက် လုပ်အားပေး ဆိုတာကြီးတွေလဲ ကြုံခဲ့ရရှာတယ်။အဲ့ဒီခေတ်က တိုင်းသူပြည်သားတွေက သိပ်ဂုဏ်ယူဖို့ကောင်းတယ်။ကိုယ့်ထမင်းကိုယ်စားပြီး အစိုးရတာဝန်ကို ထမ်းပေးခဲ့ကြတာလေ။အဲ့ဒီတုန်းက အစိုးရမင်းများကတော့ သိပ်ကိုတန်ဖိုးရှိတဲ့ သယံဇာတတွေကို တာဝန်ယူသပေါ့ဗျာ။အောင်မယ် ဟိုးအစောပိုင်းကဆို ပေါ်တာကြေးဆိုတာပါ ရှိသေး။
စစ်ပွဲတွေအတွက် အခမဲ့ကူလီလိုက်ပေးရတာတဲ့။မလိုက်ချင် ပေါ်တာကြေး ပေးရသေးတယ်။ဆရာကြီး ဦးဖိုးကျားရဲ့ အခမဲ့ကူလီထမ်းရခြင်းအကျိုး ဆိုတဲ့ စာကို အစိုးရမင်းများ ဖတ်မိပြီး ပြည်သူတွေ အကျိုးများစေချင်တဲ့ အစိုးရမင်းများရဲ့ စေတနာပေါ့လေ။အဲ့ဒီပေါ်တာတုန်းကလဲ လိုက်ရင်လိုက် မလိုက်ရင် ငွေစိုက်တော့ပဲ။

ဒီလို ဂရုစိုက်စရာတွေထဲမှာ ကျုပ်မနာလိုဆုံးကတော့ ဟိုကြက်ဆူဆိုတဲ့ ငတိလေ။အလိုလေး..အဲ့ဒီတုန်းက ခေါင်းဆောင်ကြီးတွေ အမြော်အမြင်ကြီးချက်များ လက်ဖျားခါသဗျာ။သူများနိုင်ငံကျ ကိုယ့်ပြည်တွင်းဖြစ် ရေနံတွေ သဘာဝဓာတ်ငွေ့တွေ အလျှံအပယ်ရောင်းကြပြီး ပြည်တွင်းမှာကျ ကြက်ဆူဆီနဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်မယ် ကြံလေတာ။အကြံအောင်ပါတယ်။အနာဂတ်ရဲ့ မျိုးဆက်သစ် ကလေးတွေကို ကျောင်းတွေမှာ ကြက်ဆူပင် အတင်းစိုက်ခိုင်းကြတယ်။မနက်အစောကြီး အိမ်ကထလာ ဘဘကြီးတွေလာမှ စိုက်ပြရတာဆိုတော့ ကလေးတွေက ဗိုက်ဆာလာပြီး ဒီလိုတွေးကြသတဲ့။ဟဲ့ ငါတို့ခေါင်းဆောင်ကြီးတွေပြောတော့ ကြက်ဆူဟာ စွမ်းအင်ကို ထုတ်ပေးတယ်။မော်တော်ကားတွေ မောင်းနိုင်တယ်တဲ့။ဒီအစေ့ကို ငါတို့စားရင် မော်တော်ကားလို တဝီဝီနဲ့ မြန်မြန်ပြေးနိုင်မယ်။အဲ့ဒီကျ စာမသင်ရဘဲ ကြက်ဆူစိုက်ခိုင်းတဲ့ဘဝက လွတ်မယ်ဆိုပြီး ကြက်ဆူစေ့စားပြီး ဆေးရံုံရောက်ကြတာ မနည်းလား။ဝန်ထမ်းတွေရော၊ တပ်မတော်သားတွေ၊ ရဲတွေ အကုန်အကုန် ကြက်ဆူစိုက်ပျိုးရေးသမားကြီးတွေ ဖြစ်ခဲ့တဲ့ ခေတ်လေဗျာ။ဘယ့်နှယ့််..တစ်နိုင်ငံလုံး လွတ်တဲ့မြေမှန်သမျှ ကြက်ဆူစိုက်ကြဆိုပြီး ဖြစ်ကြတာများလေ။မြေပြောင်ပြောင်မြင်တိုင်း ကြက်ဆူစိုက်တဲ့ခေတ်မို့ နဖူးပြောင်တဲ့ အဘတွေတောင် အခုခေတ်မှ ပစ်ကပ်ဦးထုတ်ချွတ်ရဲတာတဲ့။မယုံမရှိနဲ့ဆရာ။

အင်း..ကြက်ဆူတစ်ခေတ်ပြီးတော့ အခုကာလကြီးကျ ကျုပ်လဲ နည်းနည်းတော့ အရေးပါလာသဗျ။လူငယ်တွေက ဘာချဲလန့် ညာချဲလန့် ဆိုပြီး ကျုပ်ကို အရေးတယူလုပ်လာပြီ။ကျုပ်မျက်နှာပွင့်သပေါ့ဗျာ။ဝမ်းသာသပေါ့ဗျာ။နောက်တစ်ခုရှိလိုက်သေး… ကျုပ်နဲ့ ပတ်သက်ချင်ရင် ခွင့်ပြုမိန့် တင်ရသတဲ့။သူတို့ခွင့်မပြုရင် ကျုပ်နဲ့ ဆက်ဆံခွင့်မပြုဘူးတဲ့။ခွင့်ပြုချက်မရပဲ ဆက်ဆံရင် ထောင်ချမယ့်ဥပဒေ ရှိတယ်လို့လဲ စည်ပင်ရွေးကောက်ပွဲဝင်တဲ့ နိုင်ငံရေးသမားကြီး တစ်ယောက်က ခြိမ်းခြောက်သေးသတဲ့။ဘာပဲဖြစ်ဖြစ် ကျုပ်ကို ဆက်ဆံချင်သူတွေ များလာပြီဗျ။အခုများဆို.. လွှတ်တော်အမတ်လောင်းတွေကလဲ ကျုပ်မှကျုပ်။ဓာတ်ရှင် မင်းသား မင်းသမီးတွေကလဲ ကျုပ်မှကျုပ်ပဲ။တက်ကြွလှုပ်ရှား လူကြီး လူငယ်များကလဲ ကျုပ်မှကျုပ်ပဲ။ဒါပေမယ့် ကျုပ်ကျေနပ်သဗျ။ဟို လုပ်အားပေးခေတ်၊ ပေါ်တာခေတ်၊ ကြက်ဆူခေတ်ကြီးတွေတုန်းကလို တစ်အိမ်တစ်ယောက် မထွက်မနေရဆိုပြီး အော်လံနဲ့ လိုက်အော်ပြီး လူစုထွက်လာတာ မဟုတ်ဘူး။အားလုံးက ကိုယ့်အသိစိတ်နဲ့ကိုယ် ကျုပ်နဲ့ လာပတ်သက်ကြတာ။အဲ့ အခုချိန်ထိ ကျုပ်နဲ့ပတ်သက်တာကို ရွံစရာ အောက်တန်းစားအလုပ်လို့ သဘောထားတဲ့ လူတွေတော့ ရှိတာပေါ့ဗျာ။ကျုပ်နဲ့တွဲပြီး ဓာတ်ပုံရိုက်ကြတဲ့ လူတွေကိုဆို လှောင်စရာလိုလို မသတီသလိုလို ပေါ်ပင်လုပ်ကြသလိုလို ပြောကြသူတွေလဲ တွေ့ပါရဲ့ဗျာ။ခက်တာက အခုခေတ်က အရက်ခွက်လေးနဲ့ မိုက်ခွက်လေးကိုင် ဓာတ်ပုံရိုက်တာကျ ဂုဏ်ယူစရာလို့မြင်ပြီး ကျုပ်နဲ့ကျ ရွံစရာလို့ မြင်နေကြတာပဲ။ဒါလဲပဲ အပြစ်တော့မဆိုသာဘူး ။

မလေးရှားကနေ စင်ကာပူဆိုတဲ့ တံငါရွာလေး စခွဲထွက်တော့ သူတို့ခေါင်းဆောင် တရုတ်ကြီးလီက ကျုပ်နဲ့ စပတ်သက်ခဲ့တာ သူတို့မသိသေးလို့ပါဗျာ။ကျုပ်ကနေ ရွှေဖြစ်တာ သူတို့မသိသေးလို့ပါ။အဲ ကျုပ်လို မလေးမခန့်ကနေ ပြသာဒ်အထိ မီးတက်လောက်နိုင်တယ်ဆိုတာလဲ သူတို့လေးတွေ မသိသေးလို့ပါ။ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ နိုင်ငံကလူတွေ အခုလို ကျုပ်ကို အရင်လို ရွံရှာစက်ဆုပ်ပြီး မပတ်သက်စရာကောင်လို့ သဘောမထားတော့တာ ကျေးဇူးတင်ပါတယ်ဗျာ။ကျုပ်ကို အခုလို အဆင့်ရှိရှိ သန့်သန့်ရှင်းရှင်း ဂရုစိုက်ကြတာမြင်ရတော့ ကျုပ်ပျော်လိုက်တာဗျာ။အဲ..ခင်ဗျားတို့နဲ့ ကျုပ် အခုလို ဆက်ဆံရေးပြေလည်သွားတာကို ကဲ့ရဲ့ပြစ်တင် လှောင်ပြောင်သူတွေကိုလည်း ခင်ဗျားတို့က အပြစ်မမြင်ပါနဲ့။ကျုပ်ကလား။ကျုပ်ကလဲ သူတို့ကို ပိုပြီးတောင် အပြစ်မမြင်သေးတယ်ဗျာ။ဟုတ်တယ်လေ…ဘာလို့လဲဆိုတော့ ကျုပ်က ဘဝတူတွေဆို သိပ်ကိုယ်ချင်းစာတယ်ဗျ။ဟုတ်တယ်..သူတို့နဲ့ ကျုပ်က ဇာတ်တူ ဘဝတူတွေမို့ပါဗျာ..။

ကျုပ်နာမည်လား…ဒီလောက်ပြောလာတာတောင် ခင်ဗျား ကျုပ်ကိုမသိဘူး..ဟတ်လား။ကိုယ့်ဆရာ…ညံ့ချက်ဗျာ။ကျုပ်က အခုတလော ဆယ်လီဘရစ်တီ ဖြစ်နေတဲ့ကောင်လေ။ကျုပ်နာမည် အမှိုက်လေ..အမှိုက်…အမှိုက်တဲ့။အခုတစ်လော ဆယ်လီဘရစ်တီဖြစ်နေတဲ့ အမှိုက်ပေါ့ဗျ။ဒါနဲ့..စကားမစပ်..ကျုပ်နဲ့ ဘဝတူ လူအမှိုက်တွေကို စိတ်မဆိုးကြပါနဲ့ဗျ…နော့။

ဗြိတိသျှကိုကိုမောင်
ဧပြီ - ၇

( Zawgyi )

【 သေရာ္စာ 】 ဘဝတူခ်င္းမို႔ စာနာပါသည္

လူေတြလား..အခုတေလာက်မွ က်ဳပ္ကို အေရးတယူ လာလုပ္ေနၾကတယ္ဗ်ာ။

တကယ္ေတာ့ က်ဳပ္ဟာ သိပ္အေျခခံက်တယ္ဆိုတာ အရင္တုန္းက သူတို႔မသိၾကဘူးထင္ရဲ႕။အင္း မသိခ်င္ေယာင္ေဆာင္ေနတာလဲ ျဖစ္မွာေပါ့။အင္းေလ..သူတို႔ ဂ႐ုမထားၾကတာလဲမေျပာနဲ႔ ဒီႏိုင္ငံမွာ က်ဳပ္ဆိုတဲ့ေကာင္ကလဲ ေနရာတကာမွာ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ရွိေနခဲ့တာ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ၿပီကိုးဗ်။

တစ္ျခားႏိုင္ငံေတြမွာေတာ့ က်ဳပ္က ရွားပါးပစၥည္းေလ။ဒီမွာေတာ့ က်ဳပ္က ေနရာတိုင္းေတြ႕ေနရတတ္တဲ့ မထူးဆန္းတဲ့ ငတိေပကိုး။က်ဳပ္ဆိုတဲ့ေကာင္ဟာလဲ ေခသူေတာ့မဟုတ္ဘူးဗ်။တစ္ခ်ိန္က ဘာဆိုလားပဲ။က်ဳပ္ဟာ တစ္ခ်ိန္က အိမ္ဦးခန္းမွာ အျမတ္တႏိုးထားခဲ့ရတဲ့ ေကာင္လည္းျဖစ္တယ္။ေရခဲေသတၱာထဲ သီးသန႔္သိမ္းထားရတဲ့ ေကာင္လည္းျဖစ္တယ္။စတိုးဆိုင္ႀကီးေတြရဲ႕ မွန္ဗီဒိုေနာက္ကြယ္မွာ ရွိေနတဲ့ေကာင္လဲျဖစ္တယ္။စားေသာက္ဆိုင္ႀကီးေတြရဲ႕ အေပၚမွာ တင့္ေတာင္းတင့္တယ္ ေနရာယူေနတဲ့ေကာင္လဲ ျဖစ္တယ္။လူူေတြက က်ဳပ္ကို သူတို႔အသုံးခ်လို႔လဲဝေရာ ေဟာ့ေတြ႕ကရာေနရာမွာ လြယ္လြယ္ေလး ခ်န္ထားရစ္ၾကပါေလေရာဗ်ာ။လြယ္လြယ္ေလးနဲ႔ ခ်န္ထားရစ္ေတာ့လဲ က်ဳပ္မွာ ထားရာေန ေစရာသြား ဘဝဆိုေတာ့ က်န္ေနခဲ့႐ုံကလြဲလို႔ ဘာမ်ားေစာဒကတတ္ႏိုင္မတဲ့တုန္း။ေနာက္ဆုံး လိေမၼာ္ေရာင္ နတ္သမီးေလးေတြလာမွ က်ဳပ္မွာ စနစ္တက် ေနရာရတဲ့ ေကာင္ႀကီးရယ္ေပါ့ဗ်ာ။

တကယ္ေတာ့ ဒီႏိုင္ငံက လူေတြခမ်ာလည္း သနားစရာပါ။က်ဳပ္ကို သူတို႔ဂ႐ုမစိုက္ႏိုင္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာမွာ သူတို႔ဂ႐ုစိုက္ခဲ့ရတာေတြ အမ်ားသားဗ်။လုပ္အားေပးဆိုလား ဘာလား အလကားပဲတင္း လိုက္လုပ္ရတာေတြေလ။အရင့္အရင္ေခတ္ကဆို ႏိုင္ငံေတာ္ရဲ႕ တာဝန္အ၀၀ကို ရယူလိုက္တဲ့ အစိုးရမင္းမ်ားက ျပည္သူေတြ ညည ႏိုးၾကားတက္ႂကြေအာင္ မီးကင္းေစာင့္ခိုင္းသဗ်။
မီးကင္းမေစာင့္ႏိုင္ရင္ မီးကင္းေၾကးေပး။အဖ်က္သမားေတြရန္က ကာကြယ္ဖို႔ ျပည္သူေတြ သံလမ္းကင္းေစာင့္ရင္ေစာင့္ မေစာင့္ရင္ သံလမ္းကင္းေၾကးေပး ဆိုတာက တစ္မ်ိဳး။ဆည္ေဆာက္ဖို႔၊ တံတားေဆာက္ဖို႔ တစ္အိမ္တစ္ေယာက္ လုပ္အားေပး ဆိုတာႀကီးေတြလဲ ႀကဳံခဲ့ရရွာတယ္။အဲ့ဒီေခတ္က တိုင္းသူျပည္သားေတြက သိပ္ဂုဏ္ယူဖို႔ေကာင္းတယ္။ကိုယ့္ထမင္းကိုယ္စားၿပီး အစိုးရတာဝန္ကို ထမ္းေပးခဲ့ၾကတာေလ။အဲ့ဒီတုန္းက အစိုးရမင္းမ်ားကေတာ့ သိပ္ကိုတန္ဖိုးရွိတဲ့ သယံဇာတေတြကို တာဝန္ယူသေပါ့ဗ်ာ။ေအာင္မယ္ ဟိုးအေစာပိုင္းကဆို ေပၚတာေၾကးဆိုတာပါ ရွိေသး။
စစ္ပြဲေတြအတြက္ အခမဲ့ကူလီလိုက္ေပးရတာတဲ့။မလိုက္ခ်င္ ေပၚတာေၾကး ေပးရေသးတယ္။ဆရာႀကီး ဦးဖိုးက်ားရဲ႕ အခမဲ့ကူလီထမ္းရျခင္းအက်ိဳး ဆိုတဲ့ စာကို အစိုးရမင္းမ်ား ဖတ္မိၿပီး ျပည္သူေတြ အက်ိဳးမ်ားေစခ်င္တဲ့ အစိုးရမင္းမ်ားရဲ႕ ေစတနာေပါ့ေလ။အဲ့ဒီေပၚတာတုန္းကလဲ လိုက္ရင္လိုက္ မလိုက္ရင္ ေငြစိုက္ေတာ့ပဲ။

ဒီလို ဂ႐ုစိုက္စရာေတြထဲမွာ က်ဳပ္မနာလိုဆုံးကေတာ့ ဟိုၾကက္ဆူဆိုတဲ့ ငတိေလ။အလိုေလး..အဲ့ဒီတုန္းက ေခါင္းေဆာင္ႀကီးေတြ အေျမာ္အျမင္ႀကီးခ်က္မ်ား လက္ဖ်ားခါသဗ်ာ။သူမ်ားႏိုင္ငံက် ကိုယ့္ျပည္တြင္းျဖစ္ ေရနံေတြ သဘာဝဓာတ္ေငြ႕ေတြ အလွ်ံအပယ္ေရာင္းၾကၿပီး ျပည္တြင္းမွာက် ၾကက္ဆူဆီနဲ႔ ေခတ္မွီဖြံ႕ၿဖိဳးတိုးတက္ေသာ ႏိုင္ငံေတာ္ႀကီး တည္ေဆာက္မယ္ ႀကံေလတာ။အႀကံေအာင္ပါတယ္။အနာဂတ္ရဲ႕ မ်ိဳးဆက္သစ္ ကေလးေတြကို ေက်ာင္းေတြမွာ ၾကက္ဆူပင္ အတင္းစိုက္ခိုင္းၾကတယ္။မနက္အေစာႀကီး အိမ္ကထလာ ဘဘႀကီးေတြလာမွ စိုက္ျပရတာဆိုေတာ့ ကေလးေတြက ဗိုက္ဆာလာၿပီး ဒီလိုေတြးၾကသတဲ့။ဟဲ့ ငါတို႔ေခါင္းေဆာင္ႀကီးေတြေျပာေတာ့ ၾကက္ဆူဟာ စြမ္းအင္ကို ထုတ္ေပးတယ္။ေမာ္ေတာ္ကားေတြ ေမာင္းႏိုင္တယ္တဲ့။ဒီအေစ့ကို ငါတို႔စားရင္ ေမာ္ေတာ္ကားလို တဝီဝီနဲ႔ ျမန္ျမန္ေျပးႏိုင္မယ္။အဲ့ဒီက် စာမသင္ရဘဲ ၾကက္ဆူစိုက္ခိုင္းတဲ့ဘဝက လြတ္မယ္ဆိုၿပီး ၾကက္ဆူေစ့စားၿပီး ေဆးရံုံေရာက္ၾကတာ မနည္းလား။ဝန္ထမ္းေတြေရာ၊ တပ္မေတာ္သားေတြ၊ ရဲေတြ အကုန္အကုန္ ၾကက္ဆူစိုက္ပ်ိဳးေရးသမားႀကီးေတြ ျဖစ္ခဲ့တဲ့ ေခတ္ေလဗ်ာ။ဘယ့္ႏွယ့္္..တစ္ႏိုင္ငံလုံး လြတ္တဲ့ေျမမွန္သမွ် ၾကက္ဆူစိုက္ၾကဆိုၿပီး ျဖစ္ၾကတာမ်ားေလ။ေျမေျပာင္ေျပာင္ျမင္တိုင္း ၾကက္ဆူစိုက္တဲ့ေခတ္မို႔ နဖူးေျပာင္တဲ့ အဘေတြေတာင္ အခုေခတ္မွ ပစ္ကပ္ဦးထုတ္ခြၽတ္ရဲတာတဲ့။မယုံမရွိနဲ႔ဆရာ။

အင္း..ၾကက္ဆူတစ္ေခတ္ၿပီးေတာ့ အခုကာလႀကီးက် က်ဳပ္လဲ နည္းနည္းေတာ့ အေရးပါလာသဗ်။လူငယ္ေတြက ဘာခ်ဲလန႔္ ညာခ်ဲလန႔္ ဆိုၿပီး က်ဳပ္ကို အေရးတယူလုပ္လာၿပီ။က်ဳပ္မ်က္ႏွာပြင့္သေပါ့ဗ်ာ။ဝမ္းသာသေပါ့ဗ်ာ။ေနာက္တစ္ခုရွိလိုက္ေသး… က်ဳပ္နဲ႔ ပတ္သက္ခ်င္ရင္ ခြင့္ျပဳမိန႔္ တင္ရသတဲ့။သူတို႔ခြင့္မျပဳရင္ က်ဳပ္နဲ႔ ဆက္ဆံခြင့္မျပဳဘူးတဲ့။ခြင့္ျပဳခ်က္မရပဲ ဆက္ဆံရင္ ေထာင္ခ်မယ့္ဥပေဒ ရွိတယ္လို႔လဲ စည္ပင္ေ႐ြးေကာက္ပြဲဝင္တဲ့ ႏိုင္ငံေရးသမားႀကီး တစ္ေယာက္က ၿခိမ္းေျခာက္ေသးသတဲ့။ဘာပဲျဖစ္ျဖစ္ က်ဳပ္ကို ဆက္ဆံခ်င္သူေတြ မ်ားလာၿပီဗ်။အခုမ်ားဆို.. လႊတ္ေတာ္အမတ္ေလာင္းေတြကလဲ က်ဳပ္မွက်ဳပ္။ဓာတ္ရွင္ မင္းသား မင္းသမီးေတြကလဲ က်ဳပ္မွက်ဳပ္ပဲ။တက္ႂကြလႈပ္ရွား လူႀကီး လူငယ္မ်ားကလဲ က်ဳပ္မွက်ဳပ္ပဲ။ဒါေပမယ့္ က်ဳပ္ေက်နပ္သဗ်။ဟို လုပ္အားေပးေခတ္၊ ေပၚတာေခတ္၊ ၾကက္ဆူေခတ္ႀကီးေတြတုန္းကလို တစ္အိမ္တစ္ေယာက္ မထြက္မေနရဆိုၿပီး ေအာ္လံနဲ႔ လိုက္ေအာ္ၿပီး လူစုထြက္လာတာ မဟုတ္ဘူး။အားလုံးက ကိုယ့္အသိစိတ္နဲ႔ကိုယ္ က်ဳပ္နဲ႔ လာပတ္သက္ၾကတာ။အဲ့ အခုခ်ိန္ထိ က်ဳပ္နဲ႔ပတ္သက္တာကို ႐ြံစရာ ေအာက္တန္းစားအလုပ္လို႔ သေဘာထားတဲ့ လူေတြေတာ့ ရွိတာေပါ့ဗ်ာ။က်ဳပ္နဲ႔တြဲၿပီး ဓာတ္ပုံ႐ိုက္ၾကတဲ့ လူေတြကိုဆို ေလွာင္စရာလိုလို မသတီသလိုလို ေပၚပင္လုပ္ၾကသလိုလို ေျပာၾကသူေတြလဲ ေတြ႕ပါရဲ႕ဗ်ာ။ခက္တာက အခုေခတ္က အရက္ခြက္ေလးနဲ႔ မိုက္ခြက္ေလးကိုင္ ဓာတ္ပုံ႐ိုက္တာက် ဂုဏ္ယူစရာလို႔ျမင္ၿပီး က်ဳပ္နဲ႔က် ႐ြံစရာလို႔ ျမင္ေနၾကတာပဲ။ဒါလဲပဲ အျပစ္ေတာ့မဆိုသာဘူး ။

မေလးရွားကေန စင္ကာပူဆိုတဲ့ တံငါ႐ြာေလး စခြဲထြက္ေတာ့ သူတို႔ေခါင္းေဆာင္ တ႐ုတ္ႀကီးလီက က်ဳပ္နဲ႔ စပတ္သက္ခဲ့တာ သူတို႔မသိေသးလို႔ပါဗ်ာ။က်ဳပ္ကေန ေ႐ႊျဖစ္တာ သူတို႔မသိေသးလို႔ပါ။အဲ က်ဳပ္လို မေလးမခန႔္ကေန ျပသာဒ္အထိ မီးတက္ေလာက္ႏိုင္တယ္ဆိုတာလဲ သူတို႔ေလးေတြ မသိေသးလို႔ပါ။ဘာပဲျဖစ္ျဖစ္ ခင္ဗ်ားတို႔ ႏိုင္ငံကလူေတြ အခုလို က်ဳပ္ကို အရင္လို ႐ြံရွာစက္ဆုပ္ၿပီး မပတ္သက္စရာေကာင္လို႔ သေဘာမထားေတာ့တာ ေက်းဇူးတင္ပါတယ္ဗ်ာ။က်ဳပ္ကို အခုလို အဆင့္ရွိရွိ သန႔္သန႔္ရွင္းရွင္း ဂ႐ုစိုက္ၾကတာျမင္ရေတာ့ က်ဳပ္ေပ်ာ္လိုက္တာဗ်ာ။အဲ..ခင္ဗ်ားတို႔နဲ႔ က်ဳပ္ အခုလို ဆက္ဆံေရးေျပလည္သြားတာကို ကဲ့ရဲ႕ျပစ္တင္ ေလွာင္ေျပာင္သူေတြကိုလည္း ခင္ဗ်ားတို႔က အျပစ္မျမင္ပါနဲ႔။က်ဳပ္ကလား။က်ဳပ္ကလဲ သူတို႔ကို ပိုၿပီးေတာင္ အျပစ္မျမင္ေသးတယ္ဗ်ာ။ဟုတ္တယ္ေလ…ဘာလို႔လဲဆိုေတာ့ က်ဳပ္က ဘဝတူေတြဆို သိပ္ကိုယ္ခ်င္းစာတယ္ဗ်။ဟုတ္တယ္..သူတို႔နဲ႔ က်ဳပ္က ဇာတ္တူ ဘဝတူေတြမို႔ပါဗ်ာ..။

က်ဳပ္နာမည္လား…ဒီေလာက္ေျပာလာတာေတာင္ ခင္ဗ်ား က်ဳပ္ကိုမသိဘူး..ဟတ္လား။ကိုယ့္ဆရာ…ညံ့ခ်က္ဗ်ာ။က်ဳပ္က အခုတေလာ ဆယ္လီဘရစ္တီ ျဖစ္ေနတဲ့ေကာင္ေလ။က်ဳပ္နာမည္ အမႈိက္ေလ..အမႈိက္…အမႈိက္တဲ့။အခုတစ္ေလာ ဆယ္လီဘရစ္တီျဖစ္ေနတဲ့ အမႈိက္ေပါ့ဗ်။ဒါနဲ႔..စကားမစပ္..က်ဳပ္နဲ႔ ဘဝတူ လူအမႈိက္ေတြကို စိတ္မဆိုးၾကပါနဲ႔ဗ်…ေနာ့။

ၿဗိတိသွ်ကိုကိုေမာင္
ဧၿပီ - ၇