【 သရော်စာ 】 "ဝူဟန်ကို သနားတယ်"

 【  သရော်စာ 】 "ဝူဟန်ကို သနားတယ်"

မြန်မာကိုများ ဘာထင်သလဲ ……။ ဟိုရောဂါ ဒီရောဂါနဲ့ ခြောက်တိုင်းကြောက်တဲ့ နိုင်ငံများထင်နေသလား။မကြောက်ရေးချ မကြောက်။
မြန်မာဆိုတာ ဘာမထီမျိုး..ဘာမထီဆိုတာ သိလား…. ဘာကိုမှ မထီတဲ့ အမျိုး….။ ဘာကိုမှ  ကြောက်ကို မကြောက်တတ်တဲ့ အမျိုး..။
ဘာ..!။
မကြောက်ဘူးဟုတ်လား..။
အဟုတ်..ကြောက်ကိုမကြောက်တတ်တာ….။ ကြောက်တယ်ဆိုတာဘာလဲ..။
မြန်မာဆိုတာ ငယ်ကတည်းက အကြောက်တရားနဲ့ နေရဖန်များတော့ ကြောက်ရတာကို ပျော်စရာကို ဖြစ်လို့ …။ ရှင်းတယ်နော်..။

မြန်မာတွေ ကြောက်ပြလိုက်တာ စစ်အာဏာရှင်တောင် အဟုတ်မှတ်ပြီး ရွေးကောက်ပွဲထလုပ်တာ ခွက်ခွက်လန်ရှုံးတာ … တွေ့တယ်မှတ်လား..။
သဘောပေါက်…မြန်မာဆိုတာ ဒီလိုမျိုး..။
ခြောက်တိုင်း ကြောက်ရရင်မြန်မာဆိုတာ ရှိတောင်ရှိမှာ မဟုတ်ဘူး။
ကြည့်လေ..မေမေတက်လာကတည်းက
ကြက်တုပ်ကွေးနဲ့ ခြောက်ရ၊  ငှက်တုပ်ကွေးနဲ့ ခြောက်ရ အိုစ်စီဂျေနဲ့ ခြောက်ရနဲ့။
ဘယ်တုန်းက ကြောက်ဘူးလဲ။
မြန်မာကို ဘာမှတ်နေလဲ ။မေမေသားတွေ ရှိတယ်..။

ဒီကမ္ဘာမှာ   လူအစစ်တွေသုံးပြီး စစ်တိုက်တမ်း ကစားတာ ဘယ်မှာတွေ့ဘူးလဲ။
ဒီလို အဘလူတွေ ကြီးစိုးခဲ့တဲ့ နိုင်ငံကိုမှ လူလေး နှစ်ရာ သုံးရာ သေတဲ့ ရောဂါနဲ့ လာခြောက်နေ တယ်..။
ဒီကလူတွေ ရင်တောင်မခုန်ဘူး.. တကယ်..ပို့စ်တင်ရင် ဟဟတောင်ရမှာ မဟုတ်ဘူး။
မေမေသားတောင် ပြောသေး… ဘာတွေ ပြင်ထားတယ်ဆိုတာ ..ဝူဟန်လာရင် ရှုးတောင်ရူးသွားဦးမယ်ဆိုဘဲ..။

နောက်ရက်ကျမှ မေ့မေ့သားရယ် ..ဟိုက ဝူဟန်ကြားရင် သိမ်ငယ်နေပါလိမ့်မယ်..။နည်းနည်းတော့ ကြောက်ပြလိုက်ပါဆိုမှ …ဖြစ်ရင် သေမယ်ရှင်မယ်မသိဘူးဆိုပြီး နည်းနည်းကြောက်ပြတာ..။မေမေသားတွေ သိတယ်မဟုတ်လား..။
ပေါရင်လည်း  … အဲလေ ရဲရင်လည်း ပက်ပက်စက်စက် ရဲပြလိုက်တာ. သွေးရဲတာပြောတာလေ…။
တစ်ကယ်..မြန်မာဆိုတာ လူရာဂဏန်းလောက်သေတာတောင် သိပ်စာဖွဲ့တဲ့ နိုင်ငံမဟုတ်ဘူး..။
လူဆိုတာ မွေးရင် လူပြန်ဖြစ်ကြတာမဟုတ်လား..။

ဘာကြောင့်လဲ ဟုတ်လား။
လူရာဂဏန်းလောက်သေတယ်ဆိုတာ  မြန်မာပြည်မှာ မကြာခဏကြားနေရတာ..။
ဖားကန့်မှာဆို ခဏခဏ မြေစာပြိုရင် သေနေကြ..။
ဘာ ..ဘယ်သူအရေးယူခံရလဲ ဟုတ်လား..။
ရှုးနေလား…သူဘာသာသေတာလေ။အာဏာပိုင်တွေနဲ့ ဘာဆိုင်လည်း..။ကုမ္ပဏီတွေနဲ့ ဘာဆိုင်လည်း..။
ဟိုက သာသနာပြုလူကောင်းသူကောင်းတွေ၊သူတော်စင်တွေ..။
မဟုတ်မပြောနဲ့နော်…ပြောရင် တရားဆွဲမှာ ..အဟုတ်..။
ဒါကြောင့်ပြောတာ။
လူလေးရာဂဏန်းလောက်သေတာနဲ့ တရုတ်ကြီးများ သိပ်ကြောက်တတ်လိုက်တာ..။
မြို့ပိတ်ရတာနဲ့။ လူတွေ မထွက်ခိုင်းရတာနဲ့။
ငါတို့ အဘလောက်တောင် မျက်နှာမပြောင် အဲလေ သတ္တိမရှိဘူး..။
အဘတို့ဆို နာဂစ်ဖြစ်လို့ လူသိန်းဂဏန်းလောက်သေတာတောင်
မဖြုံဘူး..။
လုပ်စရာရှိတာ ဆက်လုပ်တာဘဲ ..။

ဘယ်လောက်ပြတ်လဲ…။
အဘတွေက ဒီလောာက်ထိတည်ငြိမ်တာ။
အခု လူရာဂဏန်းလောက်သေတာနဲ့ ကမ္ဘာပျက်မတတ် ဖြစ်နေတာ မျက်စိကိုနောက်နေတာပဲ..။
ငါ့အဘတွေသာရှိရင် ဟားရင်ဟားနေကြမှာ။
ဒီကောင်တွေ ငါတို့တုန်းကလို လူသိန်းနဲချီသေရင် ရှုးတောင်ရှုးသွားမယ်လို့ ..။
ဒါကြောင့်ပြောတာ တရုတ်တွေ ဘယ်လောက်ခေတ်မီမီ မြန်မာနိုင်ငံလောက် တောင် ကျန်းမာရေးပြင်ဆင်မှု အားမကောင်းဘူး..။
အခုထိ မြန်မာတွေ ဝူဟန်ဗိုင်းရပ်စ်ဖြစ်ဘူးတာ ကြားလား..။
ဒါဘဲလေ..။
ဒါကြောင့် မြန်မာပြည်ကို တရုတ်တွေ လာချင်နေတာ..။ အစိုးရက ပိတ်ထားတော့ ထုံးစံအတိုင်းပေါ့..။မလွယ်ပေါက်ကနေ လာခိုင်း..။
ကြည့်…မြန်မာလုပ်ငန်းရှင်တွေ ဘယ်လောက်စီးပွားရေး အကွက်မြင်လဲ..။
ဝူဟန်ဗိုင်းရပ်စ်ကြောင့်  တကမ္ဘာလုံး တရုတ်ခရီးသည်တွေကို လက်မခံတော့တဲ့ အချိန် တရုတ်တွေ အဝင်ခံတာ ဘယ်လောက် အကွက်လှလဲ..။
ဒေါ်လာတွေ အဲလေ ယွမ်တွေယွမ်တွေ..။
ဒါမြန်မာတစ်နိုင်ငံထဲ စားရမယ့်အကွက်..။မြန်မာတွေဘဲ မြင်တဲ့ အကွက်…။

အခုဆို လာလွန်းလို့ ရပ်ကွက်ထဲက အိမ်တွေတောင် ဟိုတယ်တွေ အားကျပြီး တရုတ် ခရီးသွားတွေ လက်ခံလို့ ရမလား မေးနေကြပြီ..။
ကဲ ခရီးသွားလုပ်ငန်း ဘယ်လောက် အားကောင်းလဲ..။ဒီအချိန်မှ ခရီးသွားဈေးကွက် မတိုးချဲ့ရင် ဘယ်အချိန်တိုးချဲ့မလဲ..။
လုပ်ကို လုပ်ရမှာ..။
ဟိုတုန်းက တို့ဗမာအစည်းအရုံးဆောင်ပုဒ်လိုပေါ့
ဘာတဲ့ “အင်္ဂလိပ်အခက် ဗမာအချက်” ၊အခု “ကမ္ဘာအခက် မြန်မာဈေးကွက်”ပေါ့..။

ဟဲ…မြန်မာမှာ ဝူဟန်မပြောနဲ့ ဝူဟန်ဘိုးအေ လာလဲ အေးဆေး..။
ဘယ်ရောဂါလာလာ မြန်မာဆီမှာ မရှိကိုမရှိစေရဘူး။
ဘာလို့လဲ..ဟုတ်လား..။
ဘာ ---ဇဗ္မူဒီပါလက်ယာတောင်ကျွန်း ဟုတ်လား..။
(ဒီလောက်  သဘာဝဘေးတွေ ခဏခဏဖြစ်နေတာ)
ဘာ …ဘုရားတရားမြဲလို့…ဟုတ်လား..။
(ဒီလောက် လက်ယားတိုင်းအားတိုင်း သတ်ဖြတ်နေတာ)
ဘာ..အချင်းချင်းစောင့်ရှောက်လို့..ဟုတ်လား..။
(ဒီလောက် နှစ်ယောက်တစ်ဖွဲ့တောင် နှစ်လေးငါးဆယ်ညှိလို့မရတာကို)
အလကား..တလွဲချည်း..။

တစ်ကယ်က ဘာရောဂါဖြစ်ဖြစ် မြန်မာပြည်မှာ မဖြစ်တာ ဘာကြောင့်လဲ သိလား..။
(ရောဂါတိုင်းတဲ့ စက်မရှိလို့ ကွ)
 (ရောဂါတိုင်းတဲ့ စက်မရှိလို့ ကွ)

                                                                            နတ်ဆိုး 

(  Zawgyi  )

ျမန္မာကိုမ်ား ဘာထင္သလဲ ……။ ဟိုေရာဂါ ဒီေရာဂါနဲ႔ ေျခာက္တိုင္းေၾကာက္တဲ့ ႏိုင္ငံမ်ားထင္ေနသလား။မေၾကာက္ေရးခ် မေၾကာက္။
ျမန္မာဆိုတာ ဘာမထီမ်ိဳး..ဘာမထီဆိုတာ သိလား…. ဘာကိုမွ မထီတဲ့ အမ်ိဳး….။ ဘာကိုမွ  ေၾကာက္ကို မေၾကာက္တတ္တဲ့ အမ်ိဳး..။
ဘာ..!။
မေၾကာက္ဘူးဟုတ္လား..။
အဟုတ္..ေၾကာက္ကိုမေၾကာက္တတ္တာ….။ ေၾကာက္တယ္ဆိုတာဘာလဲ..။
ျမန္မာဆိုတာ ငယ္ကတည္းက အေၾကာက္တရားနဲ႔ ေနရဖန္မ်ားေတာ့ ေၾကာက္ရတာကို ေပ်ာ္စရာကို ျဖစ္လို႔ …။ ရွင္းတယ္ေနာ္..။

ျမန္မာေတြ ေၾကာက္ျပလိုက္တာ စစ္အာဏာရွင္ေတာင္ အဟုတ္မွတ္ၿပီး ေ႐ြးေကာက္ပြဲထလုပ္တာ ခြက္ခြက္လန္ရႈံးတာ … ေတြ႕တယ္မွတ္လား..။
သေဘာေပါက္…ျမန္မာဆိုတာ ဒီလိုမ်ိဳး..။
ေျခာက္တိုင္း ေၾကာက္ရရင္ျမန္မာဆိုတာ ရွိေတာင္ရွိမွာ မဟုတ္ဘူး။
ၾကည့္ေလ..ေမေမတက္လာကတည္းက
ၾကက္တုပ္ေကြးနဲ႔ ေျခာက္ရ၊  ငွက္တုပ္ေကြးနဲ႔ ေျခာက္ရ အိုစ္စီေဂ်နဲ႔ ေျခာက္ရနဲ႔။
ဘယ္တုန္းက ေၾကာက္ဘူးလဲ။
ျမန္မာကို ဘာမွတ္ေနလဲ ။ေမေမသားေတြ ရွိတယ္..။

ဒီကမာၻမွာ   လူအစစ္ေတြသုံးၿပီး စစ္တိုက္တမ္း ကစားတာ ဘယ္မွာေတြ႕ဘူးလဲ။
ဒီလို အဘလူေတြ ႀကီးစိုးခဲ့တဲ့ ႏိုင္ငံကိုမွ လူေလး ႏွစ္ရာ သုံးရာ ေသတဲ့ ေရာဂါနဲ႔ လာေျခာက္ေန တယ္..။
ဒီကလူေတြ ရင္ေတာင္မခုန္ဘူး.. တကယ္..ပို႔စ္တင္ရင္ ဟဟေတာင္ရမွာ မဟုတ္ဘူး။
ေမေမသားေတာင္ ေျပာေသး… ဘာေတြ ျပင္ထားတယ္ဆိုတာ ..ဝူဟန္လာရင္ ရႈးေတာင္႐ူးသြားဦးမယ္ဆိုဘဲ..။

ေနာက္ရက္က်မွ ေမ့ေမ့သားရယ္ ..ဟိုက ဝူဟန္ၾကားရင္ သိမ္ငယ္ေနပါလိမ့္မယ္..။နည္းနည္းေတာ့ ေၾကာက္ျပလိုက္ပါဆိုမွ …ျဖစ္ရင္ ေသမယ္ရွင္မယ္မသိဘူးဆိုၿပီး နည္းနည္းေၾကာက္ျပတာ..။ေမေမသားေတြ သိတယ္မဟုတ္လား..။
ေပါရင္လည္း  … အဲေလ ရဲရင္လည္း ပက္ပက္စက္စက္ ရဲျပလိုက္တာ. ေသြးရဲတာေျပာတာေလ…။
တစ္ကယ္..ျမန္မာဆိုတာ လူရာဂဏန္းေလာက္ေသတာေတာင္ သိပ္စာဖြဲ႕တဲ့ ႏိုင္ငံမဟုတ္ဘူး..။
လူဆိုတာ ေမြးရင္ လူျပန္ျဖစ္ၾကတာမဟုတ္လား..။

ဘာေၾကာင့္လဲ ဟုတ္လား။
လူရာဂဏန္းေလာက္ေသတယ္ဆိုတာ  ျမန္မာျပည္မွာ မၾကာခဏၾကားေနရတာ..။
ဖားကန႔္မွာဆို ခဏခဏ ေျမစာၿပိဳရင္ ေသေနၾက..။
ဘာ ..ဘယ္သူအေရးယူခံရလဲ ဟုတ္လား..။
ရႈးေနလား…သူဘာသာေသတာေလ။အာဏာပိုင္ေတြနဲ႔ ဘာဆိုင္လည္း..။ကုမၸဏီေတြနဲ႔ ဘာဆိုင္လည္း..။
ဟိုက သာသနာျပဳလူေကာင္းသူေကာင္းေတြ၊သူေတာ္စင္ေတြ..။
မဟုတ္မေျပာနဲ႔ေနာ္…ေျပာရင္ တရားဆြဲမွာ ..အဟုတ္..။
ဒါေၾကာင့္ေျပာတာ။
လူေလးရာဂဏန္းေလာက္ေသတာနဲ႔ တ႐ုတ္ႀကီးမ်ား သိပ္ေၾကာက္တတ္လိုက္တာ..။
ၿမိဳ႕ပိတ္ရတာနဲ႔။ လူေတြ မထြက္ခိုင္းရတာနဲ႔။
ငါတို႔ အဘေလာက္ေတာင္ မ်က္ႏွာမေျပာင္ အဲေလ သတၱိမရွိဘူး..။
အဘတို႔ဆို နာဂစ္ျဖစ္လို႔ လူသိန္းဂဏန္းေလာက္ေသတာေတာင္
မၿဖဳံဘူး..။
လုပ္စရာရွိတာ ဆက္လုပ္တာဘဲ ..။

ဘယ္ေလာက္ျပတ္လဲ…။
အဘေတြက ဒီေလာာက္ထိတည္ၿငိမ္တာ။
အခု လူရာဂဏန္းေလာက္ေသတာနဲ႔ ကမာၻပ်က္မတတ္ ျဖစ္ေနတာ မ်က္စိကိုေနာက္ေနတာပဲ..။
ငါ့အဘေတြသာရွိရင္ ဟားရင္ဟားေနၾကမွာ။
ဒီေကာင္ေတြ ငါတို႔တုန္းကလို လူသိန္းနဲခ်ီေသရင္ ရႈးေတာင္ရႈးသြားမယ္လို႔ ..။
ဒါေၾကာင့္ေျပာတာ တ႐ုတ္ေတြ ဘယ္ေလာက္ေခတ္မီမီ ျမန္မာႏိုင္ငံေလာက္ ေတာင္ က်န္းမာေရးျပင္ဆင္မႈ အားမေကာင္းဘူး..။
အခုထိ ျမန္မာေတြ ဝူဟန္ဗိုင္းရပ္စ္ျဖစ္ဘူးတာ ၾကားလား..။
ဒါဘဲေလ..။
ဒါေၾကာင့္ ျမန္မာျပည္ကို တ႐ုတ္ေတြ လာခ်င္ေနတာ..။ အစိုးရက ပိတ္ထားေတာ့ ထုံးစံအတိုင္းေပါ့..။မလြယ္ေပါက္ကေန လာခိုင္း..။
ၾကည့္…ျမန္မာလုပ္ငန္းရွင္ေတြ ဘယ္ေလာက္စီးပြားေရး အကြက္ျမင္လဲ..။
ဝူဟန္ဗိုင္းရပ္စ္ေၾကာင့္  တကမာၻလုံး တ႐ုတ္ခရီးသည္ေတြကို လက္မခံေတာ့တဲ့ အခ်ိန္ တ႐ုတ္ေတြ အဝင္ခံတာ ဘယ္ေလာက္ အကြက္လွလဲ..။
ေဒၚလာေတြ အဲေလ ယြမ္ေတြယြမ္ေတြ..။
ဒါျမန္မာတစ္ႏိုင္ငံထဲ စားရမယ့္အကြက္..။ျမန္မာေတြဘဲ ျမင္တဲ့ အကြက္…။

အခုဆို လာလြန္းလို႔ ရပ္ကြက္ထဲက အိမ္ေတြေတာင္ ဟိုတယ္ေတြ အားက်ၿပီး တ႐ုတ္ ခရီးသြားေတြ လက္ခံလို႔ ရမလား ေမးေနၾကၿပီ..။
ကဲ ခရီးသြားလုပ္ငန္း ဘယ္ေလာက္ အားေကာင္းလဲ..။ဒီအခ်ိန္မွ ခရီးသြားေဈးကြက္ မတိုးခ်ဲ႕ရင္ ဘယ္အခ်ိန္တိုးခ်ဲ႕မလဲ..။
လုပ္ကို လုပ္ရမွာ..။
ဟိုတုန္းက တို႔ဗမာအစည္းအ႐ုံးေဆာင္ပုဒ္လိုေပါ့
ဘာတဲ့ “အဂၤလိပ္အခက္ ဗမာအခ်က္” ၊အခု “ကမာၻအခက္ ျမန္မာေဈးကြက္”ေပါ့..။

ဟဲ…ျမန္မာမွာ ဝူဟန္မေျပာနဲ႔ ဝူဟန္ဘိုးေအ လာလဲ ေအးေဆး..။
ဘယ္ေရာဂါလာလာ ျမန္မာဆီမွာ မရွိကိုမရွိေစရဘူး။
ဘာလို႔လဲ..ဟုတ္လား..။
ဘာ ---ဇဗၼဴဒီပါလက္ယာေတာင္ကြၽန္း ဟုတ္လား..။
(ဒီေလာက္  သဘာဝေဘးေတြ ခဏခဏျဖစ္ေနတာ)
ဘာ …ဘုရားတရားၿမဲလို႔…ဟုတ္လား..။
(ဒီေလာက္ လက္ယားတိုင္းအားတိုင္း သတ္ျဖတ္ေနတာ)
ဘာ..အခ်င္းခ်င္းေစာင့္ေရွာက္လို႔..ဟုတ္လား..။
(ဒီေလာက္ ႏွစ္ေယာက္တစ္ဖြဲ႕ေတာင္ ႏွစ္ေလးငါးဆယ္ညႇိလို႔မရတာကို)
အလကား..တလြဲခ်ည္း..။

တစ္ကယ္က ဘာေရာဂါျဖစ္ျဖစ္ ျမန္မာျပည္မွာ မျဖစ္တာ ဘာေၾကာင့္လဲ သိလား..။
(ေရာဂါတိုင္းတဲ့ စက္မရွိလို႔ ကြ)
 (ေရာဂါတိုင္းတဲ့ စက္မရွိလို႔ ကြ)

                                                                            နတ္ဆိုး