【 သရော်စာ 】 "ဟတ်ချလောင်း…နီ မှသည်"

【 သရော်စာ 】 "ဟတ်ချလောင်း…နီ မှသည်"

ဩကာသမည်သော ဤလောက၊ ဤမြေမဟီ၀ယ် နေထိုင်သူမှန်ပါက ခင်ဗျားသည် ဧကန်မုချ နီရပေမည်။

နီကြသည်ဆိုရာ၀ယ် မွေးရာပါပဲ နီနီ၊‌ အော်ရီဂျင်နယ်ပဲ နီနီ၊ ယုံကြည်ချက်ကြောင့်ပဲ နီနီ၊ နာကြည်းချက်ကြောင့်ပဲ နီနီ၊ အရေးပေါ်ပဲ နီနီ၊ မျက်စိလည်ပြီးပဲ နီနီ၊ ခါတော်မီပဲ နီနီ၊ ဟတ်ချလောင်းပဲ နီနီ ..အကြောင်းအရင်းသည် အရေးမကြီး။
ခင်ဗျားသည် နီနေဖို့သာ။

နီသည်ဆိုရာတွင်လည်း ရဲရဲတောက်ပါမှ။
ခင်ဗျားသည် တချိန်က ဘယ်လောက်နီနီ အခုချိန်မှ ပန်းနုပြေးကလေး၊ ကြက်သွေးလေး လာမလုပ်နှင့်။
အနီ ကို နည်းနည်းလေးမှ မဝေဖန်နှင့်၊ မပုတ်ခတ်နှင့်၊ မသရော်နှင့်၊ မကလိနှင့်။

ဒါသည် အနီ ကို ဆန့်ကျင်ခြင်းဖြစ်သဖြင့်သစ္စာဖောက်လောက်ကောင်၊ ရန်သူဘက်တော်သား အစရှိသော တံဆိပ်များကို အောင်မြင်ကျော်ကြား နီနီမာများက ခင်ဗျားနဖူးတွင် ကပ်ပေးလိမ့်မည်။
သူတို့နောက်မှ အရေးပေါ်အနီ၊ ဟတ်ချလောင်းအနီထုကြီးကလည်း တပ်တော်ပါဗိုလ်ထုနှင့် ခင်ဗျားထံသို့ အဆဲဋီကာများကို ပဲကတ္တီပါများသဖွယ် ကောင်းကောင်းကျွေးကြလိမ့်မည်။

လောကဓာတ်တခွင်လုံးနီကာလတွင်မှ ခင်ဗျားသည် အနီကို ကလိသည့် ပြစ်မှုကြီးကို ကျူးလွန်ကြောင်းထင်ရှားသဖြင့် သမိုင်းတရားခံကြီး အဖြစ် ပုံဖော်ကြလိမ့်မည်။

ထို့ကြောင့်...ဩကာသမည်သော ဤလောက ၊ ဤမြေမဟီတွင် ခင်ဗျားသည် ဧကန်မုချ နီရပေလိမ့်မည်။

ယခုကာလရှိ အနီများထဲ တန်ခိုးအကြီးဆုံးနှင့် အင်အားအထွားဆုံးက ဟတ်ချလောင်းနီ များဖြစ်သည်ကိုလည်း ခင်ဗျားလေ့လာထားသင့်သည်။
ဟတ်ချလောင်းနီ ဆိုသည်ကား အခြားမဟုတ်။
ခင်ဗျားငယ်စဉ်က ကြည့်ခဲ့သော မျက်လှည့်ပွဲများတွင် မျက်လှည့်ဆရာက ပုဝါလေးကို ဦးထုတ်ထဲ ထည့်ပြီး ဟတ်ချလောင်းဟု အော်ကာ ပြန်ထုတ်လိုက်သည့်အခါ နှင်းဆီပွင့်လေး ဖြစ်သွားသည်ကို ကြည့်ဖူးသည်မဟုတ်လား။
အနီ‌ရောင်ဖျဖျလေး သမ်းမိလျှင်တောင်မှ မင်းဒဏ်သင့်သည်ကာလက သူတို့သည် မည်သို့ရှိသည်မသိ။

ဤကာလအနီးတဝိုက်မှ မည်သို့မည်ပုံလုပ်လိုက်သည်မသိ အနီကြီး နီသွားသော သူတို့ကို ဟတ်ချလောင်းနီ ဟု ခေါ်ပေသည်။
ဟတ်ချလောင်းနီ တို့က ရဲရဲတောက်ကြပေသည်။တကယ့် အနီစစ်စစ်ပင် သူတို့လောက် မနီကြ ဟု ယုံကြည်ကြသည်။

အော်ရယ်ဂျင်နယ်မူလဘူတ ခေတ်အဆက်ဆက် နီခဲ့သည့် အနီများမှ "အင်း..အနီလေးက နည်းနည်းလေး လမ်းကြောင်းလွဲနေသလားမသိ" ဟု သွားမဝေဖန်မိနှင့်။ဟတ်ချလောင်းနီခေါင်းဆောင်ကြီးများနှင့်အတူ ဒေါသထွက်နေသော လူအုပ်ကြီး ဧကန်မုချ ရောက်လာပြီး ဆော်ပလော်တီးကြတော့မည်။
နီလုဆဲဆဲ လေ့လာဆဲအဆင့် မျိုးဆက်သစ်များက အနီ အလွဲလေးတွေ သရော်မိ၊ လှောင်မိလျှင်ကား ဆိုဖွယ်မရှိတော့။

ခေါဘဏီချီသော အနီထုက သစ္စာဖောက်၊ လောက်ကောင်၊ အဖျက်သမား၊ ငရဲသား ..နင့်ဘ၀ပျက်ရော့လဟယ် ဆိုသည်နှင့် ဝိုင်းတွယ်ကြခြင်းဖြင့် နဂိုနီချင်ချင် မျိုးဆက်သစ်များအား အနီကို သောက်ချဉ်ပေါက်သွားအောင် အဝေးတွန်းပို့ပေလိမ့်မည်။
ထို့ကြောင့် ခင်ဗျားသည် ယခုကာလကြီး၀ယ် နီနေရုံနှင့်မပြီး။
အနီအတွက် ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့၊ လုပ်နေလုပ်နေ ၊ လုပ်ပေးမည်ပဲ ကြံရွယ်ရွယ်။
ထိုအရာသည် အရေးမကြီး။

အနီသရဏံဂစ္စာမိ ဂါထာကို တဖွဖွရွတ်လျှက်
အထိမခံ အနီဖန် ဖြစ်ကုန်သော ဟတ်ချလောင်းအနီထုကြီး နှင့် သဟဇာတဖြစ်ရန် အရေးကြီး၏။
ခင်ဗျားကိုယ်တိုင် ထိုဂါထာကို နာနာရွတ်လာပြီဆိုလျှင် ခင်ဗျားသည် ဟတ်ချလောင်းနီတပ်သားဖြစ်ပေပြီ။

ခင်‌ဗျားသည် ဟတ်ချလောင်းနီဘ၀မှ မြင်မြင်သမျှ အရာရာ အနီမှ အနီ ဟု ပေါပေါလောလောနီခြင်လာပြီဆိုလျှင် နီပေါ အဆင့် ပြီးမြောက်ပေပြီ။

မနီတဲ့ကောင်ရော၊ မနီတနီရော သည် ခင်ဗျားရဲ့ ဘုံရန်သူဟု မှတ်ယူပြီး တိုက်ခိုက်လိုစိတ်များ ကြွလာပြီဆိုလျှင်ဖြင့် ခင်ဗျားသည် နီကြောင် အဆင့် ရာထူးမြင့်ပေပြီ။

ထိုမှတဆင့် မနီတဲ့ကောင်ရော၊ မနီတနီရော၊ နီပြီးသားရော၊ လက်ရှိနီနေတဲ့ကောင်ရော အားလုံးဟာ ခင်ဗျားလောက် မနီ ၊ ခင်ဗျားသာ အနီဆုံးဟု အာရုံရလာပြီဆိုပါက ခင်ဗျားက ဧကန်မုချ နီဖင်ဂေါင်း ဖြစ်ပြီမှတ်။နီဖင်ဂေါင်းဖြစ်လာလျှင် ခင်ဗျားနောက်၌ လူအုပ်နီကြီး အလိုအလျောက်ရပေမည်။
ယင်းကား အောင်မြင်ကျော်ကြား နီနီမာများ စာရင်းတွင် ခင်ဗျား ၀င်သွားခြင်းပေတည်း။

ထိုအခါ ခင်ဗျားသည် အနီထိမခံ အတုမရှိ အနီအဓိပတိကြီးအဖြစ် အဆင့်တက်လှမ်း ကျင့်ကြံရန်မှတပါး အခြားမရှိတော့။

ထို့ကျင့်စဉ်အရ........
"အနီနှင့် မတူ ငါ့ရန်သူ"
"အနီကို ဝေဖန် ငါလက်မခံ"
" မနီသေးသမျှ တိုက်ခိုက်ကြ"
"အနီကို ခွီ ..သေပြီသာမှတ်" ဟူသော ကျင့်စဉ်လေးမျိုးကို အားထုတ်ပြီးသကာလ ခင်ဗျားသည် အနီဓာတ်ကြီး ပေါက်မြောက်လာပေတော့သည်။

ထိုအခါ နဂိုက နီချင်ပါလျက်၊ အနီကို စိတ်၀င်စားပါလျက် အနီကို တို့မိထိမိရှာသော မျိုးဆက်သစ်အပေါင်းက ခင်ဗျား၏ ဧရာမအနီဓာတ်ကြီးကို သောက်မြင်ကပ်သဖြင့် နဂိုနီချင်လျက်က အနီကို ရှောင်ဖယ်ပြေးကြလျှင် ခင်ဗျားသည် နီချဉ်ဖတ်ကြီး အဖြစ် ခရီးဆုံးပေါက်မြောက်ပြီ ဖြစ်လေတော့သည်။

ဤတွင် ခင်ဗျားသည် ဟတ်ချလောင်းနီဘ၀မှ အဆင့်ဆင့်မြင့်တက်ကာ နီချဉ်ဖတ်ကြီးအဖြစ်နှင့် ငါးပိရည်ဆမ်းပေါက်မြောက်ခြင်းသို့ ရောက်လတ္တံပြီသာမှတ်။

အပ္ပမာဒေထ သမ္မာဒေထ။

ဗြိတိသျှကိုကိုမောင်
မတ် - ၈

( Zawgyi )

ဩကာသမည္ေသာ ဤေလာက၊ ဤေျမမဟီ၀ယ္ ေနထိုင္သူမွန္ပါက ခင္ဗ်ားသည္ ဧကန္မုခ် နီရေပမည္။

နီၾကသည္ဆိုရာ၀ယ္ ေမြးရာပါပဲ နီနီ၊‌ ေအာ္ရီဂ်င္နယ္ပဲ နီနီ၊ ယုံၾကည္ခ်က္ေၾကာင့္ပဲ နီနီ၊ နာၾကည္းခ်က္ေၾကာင့္ပဲ နီနီ၊ အေရးေပၚပဲ နီနီ၊ မ်က္စိလည္ၿပီးပဲ နီနီ၊ ခါေတာ္မီပဲ နီနီ၊ ဟတ္ခ်ေလာင္းပဲ နီနီ ..အေၾကာင္းအရင္းသည္ အေရးမႀကီး။
ခင္ဗ်ားသည္ နီေနဖို႔သာ။

နီသည္ဆိုရာတြင္လည္း ရဲရဲေတာက္ပါမွ။
ခင္ဗ်ားသည္ တခ်ိန္က ဘယ္ေလာက္နီနီ အခုခ်ိန္မွ ပန္းႏုေျပးကေလး၊ ၾကက္ေသြးေလး လာမလုပ္ႏွင့္။
အနီ ကို နည္းနည္းေလးမွ မေဝဖန္ႏွင့္၊ မပုတ္ခတ္ႏွင့္၊ မသေရာ္ႏွင့္၊ မကလိႏွင့္။

ဒါသည္ အနီ ကို ဆန႔္က်င္ျခင္းျဖစ္သျဖင့္သစၥာေဖာက္ေလာက္ေကာင္၊ ရန္သူဘက္ေတာ္သား အစရွိေသာ တံဆိပ္မ်ားကို ေအာင္ျမင္ေက်ာ္ၾကား နီနီမာမ်ားက ခင္ဗ်ားနဖူးတြင္ ကပ္ေပးလိမ့္မည္။
သူတို႔ေနာက္မွ အေရးေပၚအနီ၊ ဟတ္ခ်ေလာင္းအနီထုႀကီးကလည္း တပ္ေတာ္ပါဗိုလ္ထုႏွင့္ ခင္ဗ်ားထံသို႔ အဆဲဋီကာမ်ားကို ပဲကတၱီပါမ်ားသဖြယ္ ေကာင္းေကာင္းေကြၽးၾကလိမ့္မည္။

ေလာကဓာတ္တခြင္လုံးနီကာလတြင္မွ ခင္ဗ်ားသည္ အနီကို ကလိသည့္ ျပစ္မႈႀကီးကို က်ဴးလြန္ေၾကာင္းထင္ရွားသျဖင့္ သမိုင္းတရားခံႀကီး အျဖစ္ ပုံေဖာ္ၾကလိမ့္မည္။

ထို႔ေၾကာင့္...ဩကာသမည္ေသာ ဤေလာက ၊ ဤေျမမဟီတြင္ ခင္ဗ်ားသည္ ဧကန္မုခ် နီရေပလိမ့္မည္။

ယခုကာလရွိ အနီမ်ားထဲ တန္ခိုးအႀကီးဆုံးႏွင့္ အင္အားအထြားဆုံးက ဟတ္ခ်ေလာင္းနီ မ်ားျဖစ္သည္ကိုလည္း ခင္ဗ်ားေလ့လာထားသင့္သည္။
ဟတ္ခ်ေလာင္းနီ ဆိုသည္ကား အျခားမဟုတ္။
ခင္ဗ်ားငယ္စဥ္က ၾကည့္ခဲ့ေသာ မ်က္လွည့္ပြဲမ်ားတြင္ မ်က္လွည့္ဆရာက ပုဝါေလးကို ဦးထုတ္ထဲ ထည့္ၿပီး ဟတ္ခ်ေလာင္းဟု ေအာ္ကာ ျပန္ထုတ္လိုက္သည့္အခါ ႏွင္းဆီပြင့္ေလး ျဖစ္သြားသည္ကို ၾကည့္ဖူးသည္မဟုတ္လား။
အနီ‌ေရာင္ဖ်ဖ်ေလး သမ္းမိလွ်င္ေတာင္မွ မင္းဒဏ္သင့္သည္ကာလက သူတို႔သည္ မည္သို႔ရွိသည္မသိ။

ဤကာလအနီးတဝိုက္မွ မည္သို႔မည္ပုံလုပ္လိုက္သည္မသိ အနီႀကီး နီသြားေသာ သူတို႔ကို ဟတ္ခ်ေလာင္းနီ ဟု ေခၚေပသည္။
ဟတ္ခ်ေလာင္းနီ တို႔က ရဲရဲေတာက္ၾကေပသည္။တကယ့္ အနီစစ္စစ္ပင္ သူတို႔ေလာက္ မနီၾက ဟု ယုံၾကည္ၾကသည္။

ေအာ္ရယ္ဂ်င္နယ္မူလဘူတ ေခတ္အဆက္ဆက္ နီခဲ့သည့္ အနီမ်ားမွ "အင္း..အနီေလးက နည္းနည္းေလး လမ္းေၾကာင္းလြဲေနသလားမသိ" ဟု သြားမေဝဖန္မိႏွင့္။ဟတ္ခ်ေလာင္းနီေခါင္းေဆာင္ႀကီးမ်ားႏွင့္အတူ ေဒါသထြက္ေနေသာ လူအုပ္ႀကီး ဧကန္မုခ် ေရာက္လာၿပီး ေဆာ္ပေလာ္တီးၾကေတာ့မည္။
နီလုဆဲဆဲ ေလ့လာဆဲအဆင့္ မ်ိဳးဆက္သစ္မ်ားက အနီ အလြဲေလးေတြ သေရာ္မိ၊ ေလွာင္မိလွ်င္ကား ဆိုဖြယ္မရွိေတာ့။

ေခါဘဏီခ်ီေသာ အနီထုက သစၥာေဖာက္၊ ေလာက္ေကာင္၊ အဖ်က္သမား၊ ငရဲသား ..နင့္ဘ၀ပ်က္ေရာ့လဟယ္ ဆိုသည္ႏွင့္ ဝိုင္းတြယ္ၾကျခင္းျဖင့္ နဂိုနီခ်င္ခ်င္ မ်ိဳးဆက္သစ္မ်ားအား အနီကို ေသာက္ခ်ဥ္ေပါက္သြားေအာင္ အေဝးတြန္းပို႔ေပလိမ့္မည္။
ထို႔ေၾကာင့္ ခင္ဗ်ားသည္ ယခုကာလႀကီး၀ယ္ နီေန႐ုံႏွင့္မၿပီး။
အနီအတြက္ ဘာေတြပဲ လုပ္ခဲ့လုပ္ခဲ့၊ လုပ္ေနလုပ္ေန ၊ လုပ္ေပးမည္ပဲ ႀကံ႐ြယ္႐ြယ္။
ထိုအရာသည္ အေရးမႀကီး။

အနီသရဏံဂစၥာမိ ဂါထာကို တဖြဖြ႐ြတ္လွ်က္
အထိမခံ အနီဖန္ ျဖစ္ကုန္ေသာ ဟတ္ခ်ေလာင္းအနီထုႀကီး ႏွင့္ သဟဇာတျဖစ္ရန္ အေရးႀကီး၏။
ခင္ဗ်ားကိုယ္တိုင္ ထိုဂါထာကို နာနာ႐ြတ္လာၿပီဆိုလွ်င္ ခင္ဗ်ားသည္ ဟတ္ခ်ေလာင္းနီတပ္သားျဖစ္ေပၿပီ။

ခင္‌ဗ်ားသည္ ဟတ္ခ်ေလာင္းနီဘ၀မွ ျမင္ျမင္သမွ် အရာရာ အနီမွ အနီ ဟု ေပါေပါေလာေလာနီျခင္လာၿပီဆိုလွ်င္ နီေပါ အဆင့္ ၿပီးေျမာက္ေပၿပီ။

မနီတဲ့ေကာင္ေရာ၊ မနီတနီေရာ သည္ ခင္ဗ်ားရဲ႕ ဘုံရန္သူဟု မွတ္ယူၿပီး တိုက္ခိုက္လိုစိတ္မ်ား ႂကြလာၿပီဆိုလွ်င္ျဖင့္ ခင္ဗ်ားသည္ နီေၾကာင္ အဆင့္ ရာထူးျမင့္ေပၿပီ။

ထိုမွတဆင့္ မနီတဲ့ေကာင္ေရာ၊ မနီတနီေရာ၊ နီၿပီးသားေရာ၊ လက္ရွိနီေနတဲ့ေကာင္ေရာ အားလုံးဟာ ခင္ဗ်ားေလာက္ မနီ ၊ ခင္ဗ်ားသာ အနီဆုံးဟု အာ႐ုံရလာၿပီဆိုပါက ခင္ဗ်ားက ဧကန္မုခ် နီဖင္ေဂါင္း ျဖစ္ၿပီမွတ္။နီဖင္ေဂါင္းျဖစ္လာလွ်င္ ခင္ဗ်ားေနာက္၌ လူအုပ္နီႀကီး အလိုအေလ်ာက္ရေပမည္။
ယင္းကား ေအာင္ျမင္ေက်ာ္ၾကား နီနီမာမ်ား စာရင္းတြင္ ခင္ဗ်ား ၀င္သြားျခင္းေပတည္း။

ထိုအခါ ခင္ဗ်ားသည္ အနီထိမခံ အတုမရွိ အနီအဓိပတိႀကီးအျဖစ္ အဆင့္တက္လွမ္း က်င့္ႀကံရန္မွတပါး အျခားမရွိေတာ့။

ထို႔က်င့္စဥ္အရ........
"အနီႏွင့္ မတူ ငါ့ရန္သူ"
"အနီကို ေဝဖန္ ငါလက္မခံ"
" မနီေသးသမွ် တိုက္ခိုက္ၾက"
"အနီကို ခြီ ..ေသၿပီသာမွတ္" ဟူေသာ က်င့္စဥ္ေလးမ်ိဳးကို အားထုတ္ၿပီးသကာလ ခင္ဗ်ားသည္ အနီဓာတ္ႀကီး ေပါက္ေျမာက္လာေပေတာ့သည္။

ထိုအခါ နဂိုက နီခ်င္ပါလ်က္၊ အနီကို စိတ္၀င္စားပါလ်က္ အနီကို တို႔မိထိမိရွာေသာ မ်ိဳးဆက္သစ္အေပါင္းက ခင္ဗ်ား၏ ဧရာမအနီဓာတ္ႀကီးကို ေသာက္ျမင္ကပ္သျဖင့္ နဂိုနီခ်င္လ်က္က အနီကို ေရွာင္ဖယ္ေျပးၾကလွ်င္ ခင္ဗ်ားသည္ နီခ်ဥ္ဖတ္ႀကီး အျဖစ္ ခရီးဆုံးေပါက္ေျမာက္ၿပီ ျဖစ္ေလေတာ့သည္။

ဤတြင္ ခင္ဗ်ားသည္ ဟတ္ခ်ေလာင္းနီဘ၀မွ အဆင့္ဆင့္ျမင့္တက္ကာ နီခ်ဥ္ဖတ္ႀကီးအျဖစ္ႏွင့္ ငါးပိရည္ဆမ္းေပါက္ေျမာက္ျခင္းသို႔ ေရာက္လတၱံၿပီသာမွတ္။

အပၸမာေဒထ သမၼာေဒထ။

ၿဗိတိသွ်ကိုကိုေမာင္
မတ္ - ၈