【 သရော်စာ 】 အဝိုင်းမြို့ရောက် သရဲတစ်ယောက်

【 သရော်စာ 】 အဝိုင်းမြို့ရောက် သရဲတစ်ယောက်

ကျုပ်လား.. ကျုပ်က သရဲလေဗျာ... သရဲတောင်မှ ရိုးရိုးသရဲမဟုတ်ဘူးဗျ.. စီနီယာသရဲ……….. ကျုပ်တို့လောကမှာကလည်း ခင်ဗျားတို့ လူတွေဆီက အလုပ်တွေလို စီနီယာ ဂျူနီယာ ရှိသဗျ...။

ကျုပ် နှစ်ပေါင်းများစွာ ကျက်စားခဲ့တာကတော့ မြန်မာ့ဘုရင်ရဲ့ နောက်ဆုံးနေပြည်တော် မန္တလေးမြို့က ကြာနီကန်သင်္ချ ိုင်းပေါ့ဗျာ...။အခုတော့ အဲ့သင်္ချ ိုင်းမှာ ကျုပ်မနေချင်တော့ဘူး။မြို့ကြီးပြကြီး အဝိုင်းကြီးဖြစ်တဲ့ မြို့ရွှေဂုံကို တက်လာပြီ။တစ်ရွာမပြောင်း သရဲကောင်းမဖြစ် ဆိုရိုးစကားရှိသကိုး..။ခက်တာက ရန်ကုန်ရောက်မှ သေချင်တဲ့ သရဲ.... ရန်ကုန်ပြောင်း ဆိုသလို လာကြုံရတယ်ဗျာ..။

မန္တလေးက ပြောင်းလာရတာကလည်း ကျုပ်တို့လောကမှာက သရဲဦးရေ ပေါက်ကွဲမှုတွေက ရှိနေတော့ နေရာထိုင်ခင်းက ကြပ်သဗျ။လေးထောင့်မြို့ထက်စာရင် အဝိုင်းမြို့ကြီးက ပိုကျယ်မယ်။သရဲတစ်ယောက်အနေနဲ့ ပိုခြောက်လို့ကောင်းမယ်ဆိုပြီး ကျုပ်  ရန်ကုန်ပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ကဲပါ ထားတော့…. ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ ရန်ကုန်မြို့အကြောင်း...။

ကျုပ် ရန်ကုန်ကို ခြေချချခြင်း အနေချောင်မဲ့နေရာ လိုက်ရှာသဗျ..။သရဲဆိုတာလည်း ညမှထွက်ရတာကိုး..။ည ၉ နာရီလောက် ရန်ကုန်မြို့ နာမည်ကြီးသင်္ချ ိုင်း ရေဝေးကို ရောက်သွားသဗျ..။အောင်မယ် ခမ်းနားလိုက်တာဗျ.. မီးခိုးခေါင်းတိုင်ကြီးတွေနဲ့ အဆောက်အဦး အခန်းတွေကလည်း အများကြီး...။ခက်တာက ည ၉ နာရီကျော်အထိ ခင်ဗျားတို့ ရေဝေးကလည်း လူမပြတ်သေးဘဲကိုးဗျ..။
လူတွေက ရုတ်စုရုတ်စုနဲ့ သင်္ချ ိုင်းကုန်းနဲ့တောင် မတူဘူး.. သင်္ချ ိုင်းရှေ့မှာလည်း အရက်ဆိုင်လေးတွေ တန်းစီလို့…။ဒီနေရာတော့ ငါခြောက်လည်း ကြောက်မယ့်ဟန် မတူဘူးဆိုပြီး ကျုပ်မှာ ပြန်လစ်ခဲ့ရတယ်..။အောင်မယ်... ဒါနဲ့ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံနားမှာများဆို သရဲခြောက်စားလို့ အဆင်ပြေမလားဆိုပြီး သွားလိုက်ပါတယ်..။

စတွေ့တာပဲဗျို့..။ဆေးရုံကြီး ရင်ခွဲရုံဆိုတာ မှောင်ကုပ်ကုပ် မီးရောင်ဖျော့ဖျော့ အဆောက်အဦးမျိုး ဖြစ်ရမှာ မဟုတ်လား..။ဘယ်ဟုတ်လိမ့်မတုန်းဗျာ... ခင်ဗျားတို့ လူတွေပြောနေတဲ့ နေပြည်တော်ဆိုတာကြီးလို မီးတွေမှ ထိန်လင်းနေတာပဲ..။အို မီးထိန်လင်းလဲ ဘာဖြစ်လဲ... လင်းလင်းထင်းထင်း သရဲခြောက်စားလို့ ရတာပေါ့ဆိုပြီး ရင်ခွဲရုံနား အသာကပ်လျက် နေမိတာ..။ဟော့ လာပါပြီ တကျွီကျွီတွန်းလှည်းနဲ့ မသာတစ်လောင်း..။မသာအလောင်းဘေးမှာ မသာရှင်တွေက မျက်လုံးလေး ပေကလပ် ပေကလပ် ပါလာသဗျ..။လှည်းတွန်းလာတာကတော့ ဆံပင်ကောက်ကောက်နဲ့ ကုလားတစ်ယောက်ဗျ..။ရင်ခွဲရုံရှေ့ရောက်တော့ ဘယ်က ဘယ်လို ပေါ်လာမှန်းမသိတဲ့ လူနှစ်ယောက် ထွက်လာကြတယ်....။လှည်းတွန်းလာတဲ့ လူနဲ့ အဲ့ဒီလူနှစ်ယောက်က မသာရှင်တွေနဲ့ စကားပြောတယ်..။ပိုက်ဆံတောင်းတာဗျ... ငွေကြေးကိန်းဂဏန်း တစ်ခုပဲ..။

"ပြန်သယ်သွားချင်ရင်တော့ ဒီကြေးပဲ.. ဒီညအပြီး ရင်ခွဲပေးရမှာ... အလုပ်ရှုပ်တယ်.. မတတ်နိုင်ရင်တော့.. ဒီတိုင်းသာထားခဲ့.. နောက်နေ့မှ ခင်ဗျားတို့လာခဲ့တော့" မသာရှင်နှစ်ယောက်မှာလည်း သူတို့အိပ်ကပ်ကိုကြည့်လိုက် စောင်နဲ့ထုတ်ထားတဲ့ မသာကိုကြည့်လိုက်.. ရင်ခွဲပေးမယ့် လူနှစ်ယောက်ကို ကြည့်လိုက်နဲ့... နောက်ဆုံး သူတို့အိပ်ကပ်ထဲက ပိုက်ဆံတွေ.. ကိုကုလားတို့ အိပ်ကပ်ထဲ ရောက်ကုန်တော့တယ်...။ဒီတော့မှ တွန်းလှည်းပေါ်က ဆန့်ဆန့်ကြီးနဲ့ ခန့်ခန့်ကြီးခမျာ ရင်ခွဲရုံထဲ တွန်းသွင်းခံရသဗျာ..။

အော် ခင်ဗျားတို့ လူတွေများ... မွေးစကနေ သေတဲ့အထိ လာဘ်ပေးလာဘ်ယူတွေနဲ့ ညှိနှိုင်းနေရသကိုးဗျ.. ခက်တယ်...။ဟော့ဗျာ.. နောက်ထပ် တစ်လောင်းပြီး တစ်လောင်း ထပ်လာသဗျ..။ရင်ခွဲမယ့် ဆရာသမားတွေနဲ့ မသာရှင်မိသားစုတွေ ညှိကြ နှိုင်းကြ.... ငွေစကားပြောကြနဲ့ ကျုပ်ဖြင့် ငါရောက်နေတာ ရင်ခွဲရုံလား.. ပွဲစားတန်းလားလို့တောင် မကွဲပြားတော့ဘူး..။တော်ပါပြီဗျာ ဒီနေရာမျိုး သရဲခြောက်စားလို့ကတော့ ကိုယ့်ဆီကပါ ငွေညှစ်ခံနေရမယ်..။

ကဲ.. ဒီတော့ ရန်ကုန်မြို့ထဲ လူပြတ်တဲ့ လမ်းတစ်ခုခုမှာပဲ အခြေချပြီး ခြောက်တော့မယ်ဆိုပြီး ကျုပ်လည်း လမ်းပေါ်ထွက်ခဲ့သဗျ...။ခင်ဗျားတို့ ရန်ကုန်ကလည်းဗျာ ည ၁၂ နာရီနီးပါး ရှိတာတောင် ကားတွေက တဝီဝီရယ်ဗျ..။ပြိုင်ကားဆိုလား ဘာဆိုလားတွေကလည်း ဝီးခနဲ ဝီးခနဲ ဒရွတ်ဆွဲတာများ သရဲတောင် လိပ်ပြာလွင့်လောက်တယ်။တစ်နေရာရောက်တော့ အမျိုးသမီးနှစ်ယောက် မတ်တပ်ရပ်နေတာတွေ့တာနဲ့.. ငါတော့ ဈေးဦးပေါက် ခြောက်ရပြီဆိုပြီး ဝမ်းသာအားရ သွားလိုက်တာ..။အားပါး.. ကျုပ်မှာ အံသြလွန်းလို့ဗျို့....။လူတွေကသာ မိန်းကလေး စကားပြောတော့ ယောင်္ကျားသံကြီးတွေနဲ့... ဘာတဲ့ "ဒီည ဒေါ်မြုတ်ရတာ ဖီးလ်မလာပါဘူးအေ... သူငယ်တွေကလည်း ရှားလိုက်တာ... အိုဘာဖြစ်ဖြစ် အနားကပ်လာရင် ဆွဲစားရမှာပဲ.." တဲ့..။

ဘယ်နှယ့်ပါလိမ့်... သရဲလုပ်လာတဲ့ သက်တမ်းတစ်လျှောက် အနားကပ်ရင် ဆွဲစားမယ်ဆိုတဲ့ ယောင်္ကျားသံနဲ့ မိန်းမတွေ အခုမှမြင်ဖူးတယ်..။အနားကပ်သမျှ ဆွဲစားမယ်ဆိုတော့ ဒါ သရဲထက်မြင့်တဲ့ ဘီလူးဆိုတာတွေ ဖြစ်မယ်ဆိုပြီး ကျုပ်ဖြင့် ဝေးဝေးက ပြေးခဲ့ရသဗျာ..။ဒါနဲ့ ရှေ့ဆက်လျှောက်လာတော့.. အောင်မယ် လူငယ်လေး သုံးယောက်ဗျ ပလက်ဖောင်းအလယ်မှာ ငုတ်တုတ်ထိုင်ပြီး ခေါင်းတွေကလည်း အောက်ကို သဲကြီးမဲကြီး ငုံ့ကြည့်နေကြသဗျ...။ဒီတစ်ခါတာ့ တကယ်ခြောက်ရပြီဟဆိုပြီး အပုတ်နံ့ပေးလိုက်ပါတယ်... အောင်မယ် သူတို့က အပုပ်နံ့ကို ဘာမှမဖြစ်သလိုပဲဗျ............

"ဟေ့ကောင် ဗမာကားချောင်းရိုက် အသစ်ထွက်တယ်ကွ.. ဟိုမော်ဒယ်လေး"

"ဟာ.. အဲ့ဒါဆို.. ငါ့ စီဘီထဲ လင်းလိုက်လေကွာ"

"အရေးထဲ ဘယ်ခွေးလွင်ခွေးလွင့် လာသေပြီး ပုတ်နေလဲမသိဘူး နံတာကွာ"

"အေးကွာ.. လာလာ… အေးအေးဆေးဆေး ကြည့်လို့ရအောင်.. ဟိုဘက်သွားမယ်"

ဒီငနဲတွေရှေ့မှာ အကောင်အထည်ကြီး သွားပြလဲ သူတို့ပြောနေတဲ့ စီဘီဆိုလား ဘာလား အဲဒါတွေလောက် စိတ်မဝင်စားလို့ ကျုပ်ကို မော့ကြည့်တာတောင် မဟုတ်ဘူး..။

ခက်သဗျာ.. ရန်ကုန်မှာ သရဲဖြစ်ရတာ တော်တော်မျက်နှာငယ်တာပဲ..။ဒါနဲ့ စိတ်ပေါက်ပေါက်နဲ့ ဆက်လျှောက်လာလိုက်တာ... ဟော့ဗျာ... ရှေ့မှာလည်း လက်ဘက်ရည်ဆိုင်တွေ.. ကွမ်းယာဆိုင်တွေနဲ့.... အမှိုက်ပုံနား ကားရပ်ပြီး သီချင်းတကြော်ကြော်နဲ့ အမှိုက်တင်နေတဲ့ လူတွေနဲ့..။စိတ်ညစ်တယ်ဗျာ.. ခင်ဗျားတို့ ရန်ကုန်ကလူတွေ ညရောအိပ်ကျရဲ့လား..။ဒါမှမဟုတ် ကျုပ်ပဲ သရဲစံတော်ချိန် မှားထွက်လာတာလား.... ဒီလောက်လူတွေများနေတာ ကျုပ်မှာ ဘယ်လိုခြောက်ရမလဲ...။

ကဲ... ကားလမ်းက လူများတာထားတော့.. ရထားသံလမ်းဆိုရင်တော့ ငါခြောက်လို့ အဆင်ပြေတယ်ဆိုပြီး ရထားသံလမ်းဘက် ထွက်လာသဗျ..။ကမာရွတ်ဘူတာဆိုတဲ့ မီးမှိန်မှိန်ဘူတာလေးထဲကနေ သံလမ်းအတိုင်း တွေ့တဲ့သူ ခြောက်မဟဲ့ဆိုပြီး သွားတော့မှ ဒုက္ခရောက်တော့တာပဲဗျာ..။မရိုသေစကားဗျာ... သံလမ်းကို ခေါင်းအုံး... မြေကဗ္ပလာကို မွေ့ယာအမှတ်နဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ငေးရင်း ချစ်ရည်လူးနေတဲ့ ခင်ဗျားတို့ လူစုံတွဲတွေလေ....... အောင်မလေးဗျာ.. ညကြီးအချိန်မတော်... ရထားသံလမ်းကို တည်းခိုခန်းများ မှတ်နေလားမသိဘူး.. ကျုပ်ဖြင့် အံသြမိသဗျ...။

အဲ့ဒီအတွဲကိုကျော်လာတော့.... ရထားသံလမ်းဘေးမှာ လူငယ်အုပ်စုလိုက်ကြီး အရက်ထိုင်သောက်နေသဗျ.. ဒါလဲ ခြောက်လို့မဖြစ်သေးဘူးဆိုပြီး ဆက်လာလိုက်တာ....... ဟားရှေ့မှာ လူတစ်ယောက်တည်း သံလမ်းပေါ် ကုန်းကုန်းကွကွနဲ့ ငါတော့ ခြောက်ပြီဆိုပြီး ဝမ်းသာအားရ အနားကပ်သွားမိတယ်။ထွီ.... သံလမ်းပေါ် ချီးတက်ပါနေတယ်ဗျာ... ရွံတာ ကျုပ်ကလည်း လူ့ဘဝကတည်းက အသန့်အပြန့်ကြိုက်တဲ့ သရဲ.... ဒီလိုမျိုးဆို ရွံတယ်ဗျ..။ဒီ ငနဲကို ကျော်ပြီး ရထားလမ်းအတိုင်း လျှောက်လာလိုက်ကာမှ ပိုစိတ်ညစ်ရသဗျို့..။သံလမ်းပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ ချီးပုံတွေဗျာ... ခင်ဗျားတို့ လူတွေ တော်တော်ညစ်ပတ်တာပဲဗျ... ကျုပ်မှာ သရဲတန်မဲ့ ရှောင်ကွင်းသွားလိုက်ရတာ....။

ဟိုရှေ့က မီးမှိတ်တုတ်ဘူတာလေးမှာတော့ အသံနည်းနည်းကြားလို့ ခြောက်မဟေ့ဆိုပြီး သွားတာ…… မိန်းမတစ်ယောက်နဲ့ ယောင်္ကျားသုံးယောက်ဗျ...။ဘယ်လိုခြောက်ရမလဲ စဉ်းစားနေတုန်း... မိန်းမဆီက အော်ဟစ်ဆဲသံတွေ ကြားရသဗျို့ "နင်တို့ ခေါ်တုန်းက နှစ်ယောက်တည်းဆို.. အခုသုံးယောက်တောင်.. ငါ့ ငါးထောင်ထပ်ပေး..မပေးလို့ကတော့ သူတောင်းစားတွေ ရပ်ကွက်ထဲအထိ သောက်ရှက်လိုက်ခွဲပစ်မယ်... ..သူတောင်းစား" အာဗျာ စုံလို့ပါပဲ.... ကျုပ်သရဲသွားခြောက်ရင်တောင် မအဝှာက ထမိန်နဲ့အုပ်ပြီး နပန်းလုံးမယ့် သဘောဗျ...။

တောက်............... ဟိုးမှာ မိုးတောင်လင်းပြီဗျာ... ဒီဘူတာကပဲ မန္တလေးရထားစောင့်ပြီး မန္တလေးပြန်လိုက်သွားတော့မယ်...။

ခင်ဗျားတို့ အဝိုင်းမြို့ကြီး ရန်ကုန်မှာ သရဲခြောက်စားရတာ တယ်မျက်နှာငယ်ရသကိုးဗျ...။လူတွေကိုယ်တိုင် ညမအိပ်တဲ့ သရဲတွေဖြစ်နေကြမှပဲ.... ကျုပ်တို့အတွက် ဘယ်နေရာရှိမလဲဗျာ..။တော်ပြီ...တော်ပြီ.....ကြာနီကန်မှာပဲ ကြပ်ကြပ်သိပ်သိပ် ပြန်နေတော့မဗျာ..။

တကယ်.. ခင်ဗျားတို့… ရန်ကုန်ကို စိတ်နာတယ်...။

ဗြိတိသျှကိုကိုမောင်
ဇန်နဝါရီ - ၃

( Zawgyi )

က်ဳပ္လား.. က်ဳပ္က သရဲေလဗ်ာ... သရဲေတာင္မွ ႐ိုး႐ိုးသရဲမဟုတ္ဘူးဗ်.. စီနီယာသရဲ……….. က်ဳပ္တို႔ေလာကမွာကလည္း ခင္ဗ်ားတို႔ လူေတြဆီက အလုပ္ေတြလို စီနီယာ ဂ်ဴနီယာ ရွိသဗ်...။

က်ဳပ္ ႏွစ္ေပါင္းမ်ားစြာ က်က္စားခဲ့တာကေတာ့ ျမန္မာ့ဘုရင္ရဲ႕ ေနာက္ဆုံးေနျပည္ေတာ္ မႏၲေလးၿမိဳ႕က ၾကာနီကန္သခ်ၤ ိုင္းေပါ့ဗ်ာ...။အခုေတာ့ အဲ့သခ်ၤ ိုင္းမွာ က်ဳပ္မေနခ်င္ေတာ့ဘူး။ၿမိဳ႕ႀကီးျပႀကီး အဝိုင္းႀကီးျဖစ္တဲ့ ၿမိဳ႕ေ႐ႊဂုံကို တက္လာၿပီ။တစ္႐ြာမေျပာင္း သရဲေကာင္းမျဖစ္ ဆို႐ိုးစကားရွိသကိုး..။ခက္တာက ရန္ကုန္ေရာက္မွ ေသခ်င္တဲ့ သရဲ.... ရန္ကုန္ေျပာင္း ဆိုသလို လာႀကဳံရတယ္ဗ်ာ..။

မႏၲေလးက ေျပာင္းလာရတာကလည္း က်ဳပ္တို႔ေလာကမွာက သရဲဦးေရ ေပါက္ကြဲမႈေတြက ရွိေနေတာ့ ေနရာထိုင္ခင္းက ၾကပ္သဗ်။ေလးေထာင့္ၿမိဳ႕ထက္စာရင္ အဝိုင္းၿမိဳ႕ႀကီးက ပိုက်ယ္မယ္။သရဲတစ္ေယာက္အေနနဲ႔ ပိုေျခာက္လို႔ေကာင္းမယ္ဆိုၿပီး က်ဳပ္  ရန္ကုန္ေျပာင္းဖို႔ ဆုံးျဖတ္လိုက္တယ္။ကဲပါ ထားေတာ့…. ကြၽန္ေတာ္ေျပာခ်င္တာက ခင္ဗ်ားတို႔ ရန္ကုန္ၿမိဳ႕အေၾကာင္း...။

က်ဳပ္ ရန္ကုန္ကို ေျခခ်ခ်ျခင္း အေနေခ်ာင္မဲ့ေနရာ လိုက္ရွာသဗ်..။သရဲဆိုတာလည္း ညမွထြက္ရတာကိုး..။ည ၉ နာရီေလာက္ ရန္ကုန္ၿမိဳ႕ နာမည္ႀကီးသခ်ၤ ိုင္း ေရေဝးကို ေရာက္သြားသဗ်..။ေအာင္မယ္ ခမ္းနားလိုက္တာဗ်.. မီးခိုးေခါင္းတိုင္ႀကီးေတြနဲ႔ အေဆာက္အဦး အခန္းေတြကလည္း အမ်ားႀကီး...။ခက္တာက ည ၉ နာရီေက်ာ္အထိ ခင္ဗ်ားတို႔ ေရေဝးကလည္း လူမျပတ္ေသးဘဲကိုးဗ်..။
လူေတြက ႐ုတ္စု႐ုတ္စုနဲ႔ သခ်ၤ ိုင္းကုန္းနဲ႔ေတာင္ မတူဘူး.. သခ်ၤ ိုင္းေရွ႕မွာလည္း အရက္ဆိုင္ေလးေတြ တန္းစီလို႔…။ဒီေနရာေတာ့ ငါေျခာက္လည္း ေၾကာက္မယ့္ဟန္ မတူဘူးဆိုၿပီး က်ဳပ္မွာ ျပန္လစ္ခဲ့ရတယ္..။ေအာင္မယ္... ဒါနဲ႔ ရန္ကုန္ေဆး႐ုံႀကီး ရင္ခြဲ႐ုံနားမွာမ်ားဆို သရဲေျခာက္စားလို႔ အဆင္ေျပမလားဆိုၿပီး သြားလိုက္ပါတယ္..။

စေတြ႕တာပဲဗ်ိဳ႕..။ေဆး႐ုံႀကီး ရင္ခြဲ႐ုံဆိုတာ ေမွာင္ကုပ္ကုပ္ မီးေရာင္ေဖ်ာ့ေဖ်ာ့ အေဆာက္အဦးမ်ိဳး ျဖစ္ရမွာ မဟုတ္လား..။ဘယ္ဟုတ္လိမ့္မတုန္းဗ်ာ... ခင္ဗ်ားတို႔ လူေတြေျပာေနတဲ့ ေနျပည္ေတာ္ဆိုတာႀကီးလို မီးေတြမွ ထိန္လင္းေနတာပဲ..။အို မီးထိန္လင္းလဲ ဘာျဖစ္လဲ... လင္းလင္းထင္းထင္း သရဲေျခာက္စားလို႔ ရတာေပါ့ဆိုၿပီး ရင္ခြဲ႐ုံနား အသာကပ္လ်က္ ေနမိတာ..။ေဟာ့ လာပါၿပီ တကြၽီကြၽီတြန္းလွည္းနဲ႔ မသာတစ္ေလာင္း..။မသာအေလာင္းေဘးမွာ မသာရွင္ေတြက မ်က္လုံးေလး ေပကလပ္ ေပကလပ္ ပါလာသဗ်..။လွည္းတြန္းလာတာကေတာ့ ဆံပင္ေကာက္ေကာက္နဲ႔ ကုလားတစ္ေယာက္ဗ်..။ရင္ခြဲ႐ုံေရွ႕ေရာက္ေတာ့ ဘယ္က ဘယ္လို ေပၚလာမွန္းမသိတဲ့ လူႏွစ္ေယာက္ ထြက္လာၾကတယ္....။လွည္းတြန္းလာတဲ့ လူနဲ႔ အဲ့ဒီလူႏွစ္ေယာက္က မသာရွင္ေတြနဲ႔ စကားေျပာတယ္..။ပိုက္ဆံေတာင္းတာဗ်... ေငြေၾကးကိန္းဂဏန္း တစ္ခုပဲ..။

"ျပန္သယ္သြားခ်င္ရင္ေတာ့ ဒီေၾကးပဲ.. ဒီညအၿပီး ရင္ခြဲေပးရမွာ... အလုပ္ရႈပ္တယ္.. မတတ္ႏိုင္ရင္ေတာ့.. ဒီတိုင္းသာထားခဲ့.. ေနာက္ေန႔မွ ခင္ဗ်ားတို႔လာခဲ့ေတာ့" မသာရွင္ႏွစ္ေယာက္မွာလည္း သူတို႔အိပ္ကပ္ကိုၾကည့္လိုက္ ေစာင္နဲ႔ထုတ္ထားတဲ့ မသာကိုၾကည့္လိုက္.. ရင္ခြဲေပးမယ့္ လူႏွစ္ေယာက္ကို ၾကည့္လိုက္နဲ႔... ေနာက္ဆုံး သူတို႔အိပ္ကပ္ထဲက ပိုက္ဆံေတြ.. ကိုကုလားတို႔ အိပ္ကပ္ထဲ ေရာက္ကုန္ေတာ့တယ္...။ဒီေတာ့မွ တြန္းလွည္းေပၚက ဆန႔္ဆန႔္ႀကီးနဲ႔ ခန႔္ခန႔္ႀကီးခမ်ာ ရင္ခြဲ႐ုံထဲ တြန္းသြင္းခံရသဗ်ာ..။

ေအာ္ ခင္ဗ်ားတို႔ လူေတြမ်ား... ေမြးစကေန ေသတဲ့အထိ လာဘ္ေပးလာဘ္ယူေတြနဲ႔ ညႇိႏႈိင္းေနရသကိုးဗ်.. ခက္တယ္...။ေဟာ့ဗ်ာ.. ေနာက္ထပ္ တစ္ေလာင္းၿပီး တစ္ေလာင္း ထပ္လာသဗ်..။ရင္ခြဲမယ့္ ဆရာသမားေတြနဲ႔ မသာရွင္မိသားစုေတြ ညႇိၾက ႏႈိင္းၾက.... ေငြစကားေျပာၾကနဲ႔ က်ဳပ္ျဖင့္ ငါေရာက္ေနတာ ရင္ခြဲ႐ုံလား.. ပြဲစားတန္းလားလို႔ေတာင္ မကြဲျပားေတာ့ဘူး..။ေတာ္ပါၿပီဗ်ာ ဒီေနရာမ်ိဳး သရဲေျခာက္စားလို႔ကေတာ့ ကိုယ့္ဆီကပါ ေငြညႇစ္ခံေနရမယ္..။

ကဲ.. ဒီေတာ့ ရန္ကုန္ၿမိဳ႕ထဲ လူျပတ္တဲ့ လမ္းတစ္ခုခုမွာပဲ အေျခခ်ၿပီး ေျခာက္ေတာ့မယ္ဆိုၿပီး က်ဳပ္လည္း လမ္းေပၚထြက္ခဲ့သဗ်...။ခင္ဗ်ားတို႔ ရန္ကုန္ကလည္းဗ်ာ ည ၁၂ နာရီနီးပါး ရွိတာေတာင္ ကားေတြက တဝီဝီရယ္ဗ်..။ၿပိဳင္ကားဆိုလား ဘာဆိုလားေတြကလည္း ဝီးခနဲ ဝီးခနဲ ဒ႐ြတ္ဆြဲတာမ်ား သရဲေတာင္ လိပ္ျပာလြင့္ေလာက္တယ္။တစ္ေနရာေရာက္ေတာ့ အမ်ိဳးသမီးႏွစ္ေယာက္ မတ္တပ္ရပ္ေနတာေတြ႕တာနဲ႔.. ငါေတာ့ ေဈးဦးေပါက္ ေျခာက္ရၿပီဆိုၿပီး ဝမ္းသာအားရ သြားလိုက္တာ..။အားပါး.. က်ဳပ္မွာ အံၾသလြန္းလို႔ဗ်ိဳ႕....။လူေတြကသာ မိန္းကေလး စကားေျပာေတာ့ ေယာက်ၤားသံႀကီးေတြနဲ႔... ဘာတဲ့ "ဒီည ေဒၚျမဳတ္ရတာ ဖီးလ္မလာပါဘူးေအ... သူငယ္ေတြကလည္း ရွားလိုက္တာ... အိုဘာျဖစ္ျဖစ္ အနားကပ္လာရင္ ဆြဲစားရမွာပဲ.." တဲ့..။

ဘယ္ႏွယ့္ပါလိမ့္... သရဲလုပ္လာတဲ့ သက္တမ္းတစ္ေလွ်ာက္ အနားကပ္ရင္ ဆြဲစားမယ္ဆိုတဲ့ ေယာက်ၤားသံနဲ႔ မိန္းမေတြ အခုမွျမင္ဖူးတယ္..။အနားကပ္သမွ် ဆြဲစားမယ္ဆိုေတာ့ ဒါ သရဲထက္ျမင့္တဲ့ ဘီလူးဆိုတာေတြ ျဖစ္မယ္ဆိုၿပီး က်ဳပ္ျဖင့္ ေဝးေဝးက ေျပးခဲ့ရသဗ်ာ..။ဒါနဲ႔ ေရွ႕ဆက္ေလွ်ာက္လာေတာ့.. ေအာင္မယ္ လူငယ္ေလး သုံးေယာက္ဗ် ပလက္ေဖာင္းအလယ္မွာ ငုတ္တုတ္ထိုင္ၿပီး ေခါင္းေတြကလည္း ေအာက္ကို သဲႀကီးမဲႀကီး ငုံ႔ၾကည့္ေနၾကသဗ်...။ဒီတစ္ခါတာ့ တကယ္ေျခာက္ရၿပီဟဆိုၿပီး အပုတ္နံ႔ေပးလိုက္ပါတယ္... ေအာင္မယ္ သူတို႔က အပုပ္နံ႔ကို ဘာမွမျဖစ္သလိုပဲဗ်............

"ေဟ့ေကာင္ ဗမာကားေခ်ာင္း႐ိုက္ အသစ္ထြက္တယ္ကြ.. ဟိုေမာ္ဒယ္ေလး"

"ဟာ.. အဲ့ဒါဆို.. ငါ့ စီဘီထဲ လင္းလိုက္ေလကြာ"

"အေရးထဲ ဘယ္ေခြးလြင္ေခြးလြင့္ လာေသၿပီး ပုတ္ေနလဲမသိဘူး နံတာကြာ"

"ေအးကြာ.. လာလာ… ေအးေအးေဆးေဆး ၾကည့္လို႔ရေအာင္.. ဟိုဘက္သြားမယ္"

ဒီငနဲေတြေရွ႕မွာ အေကာင္အထည္ႀကီး သြားျပလဲ သူတို႔ေျပာေနတဲ့ စီဘီဆိုလား ဘာလား အဲဒါေတြေလာက္ စိတ္မဝင္စားလို႔ က်ဳပ္ကို ေမာ့ၾကည့္တာေတာင္ မဟုတ္ဘူး..။

ခက္သဗ်ာ.. ရန္ကုန္မွာ သရဲျဖစ္ရတာ ေတာ္ေတာ္မ်က္ႏွာငယ္တာပဲ..။ဒါနဲ႔ စိတ္ေပါက္ေပါက္နဲ႔ ဆက္ေလွ်ာက္လာလိုက္တာ... ေဟာ့ဗ်ာ... ေရွ႕မွာလည္း လက္ဘက္ရည္ဆိုင္ေတြ.. ကြမ္းယာဆိုင္ေတြနဲ႔.... အမႈိက္ပုံနား ကားရပ္ၿပီး သီခ်င္းတေၾကာ္ေၾကာ္နဲ႔ အမႈိက္တင္ေနတဲ့ လူေတြနဲ႔..။စိတ္ညစ္တယ္ဗ်ာ.. ခင္ဗ်ားတို႔ ရန္ကုန္ကလူေတြ ညေရာအိပ္က်ရဲ႕လား..။ဒါမွမဟုတ္ က်ဳပ္ပဲ သရဲစံေတာ္ခ်ိန္ မွားထြက္လာတာလား.... ဒီေလာက္လူေတြမ်ားေနတာ က်ဳပ္မွာ ဘယ္လိုေျခာက္ရမလဲ...။

ကဲ... ကားလမ္းက လူမ်ားတာထားေတာ့.. ရထားသံလမ္းဆိုရင္ေတာ့ ငါေျခာက္လို႔ အဆင္ေျပတယ္ဆိုၿပီး ရထားသံလမ္းဘက္ ထြက္လာသဗ်..။ကမာ႐ြတ္ဘူတာဆိုတဲ့ မီးမွိန္မွိန္ဘူတာေလးထဲကေန သံလမ္းအတိုင္း ေတြ႕တဲ့သူ ေျခာက္မဟဲ့ဆိုၿပီး သြားေတာ့မွ ဒုကၡေရာက္ေတာ့တာပဲဗ်ာ..။မ႐ိုေသစကားဗ်ာ... သံလမ္းကို ေခါင္းအုံး... ေျမကဗၸလာကို ေမြ႕ယာအမွတ္နဲ႔ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ေငးရင္း ခ်စ္ရည္လူးေနတဲ့ ခင္ဗ်ားတို႔ လူစုံတြဲေတြေလ....... ေအာင္မေလးဗ်ာ.. ညႀကီးအခ်ိန္မေတာ္... ရထားသံလမ္းကို တည္းခိုခန္းမ်ား မွတ္ေနလားမသိဘူး.. က်ဳပ္ျဖင့္ အံၾသမိသဗ်...။

အဲ့ဒီအတြဲကိုေက်ာ္လာေတာ့.... ရထားသံလမ္းေဘးမွာ လူငယ္အုပ္စုလိုက္ႀကီး အရက္ထိုင္ေသာက္ေနသဗ်.. ဒါလဲ ေျခာက္လို႔မျဖစ္ေသးဘူးဆိုၿပီး ဆက္လာလိုက္တာ....... ဟားေရွ႕မွာ လူတစ္ေယာက္တည္း သံလမ္းေပၚ ကုန္းကုန္းကြကြနဲ႔ ငါေတာ့ ေျခာက္ၿပီဆိုၿပီး ဝမ္းသာအားရ အနားကပ္သြားမိတယ္။ထြီ.... သံလမ္းေပၚ ခ်ီးတက္ပါေနတယ္ဗ်ာ... ႐ြံတာ က်ဳပ္ကလည္း လူ႔ဘဝကတည္းက အသန႔္အျပန႔္ႀကိဳက္တဲ့ သရဲ.... ဒီလိုမ်ိဳးဆို ႐ြံတယ္ဗ်..။ဒီ ငနဲကို ေက်ာ္ၿပီး ရထားလမ္းအတိုင္း ေလွ်ာက္လာလိုက္ကာမွ ပိုစိတ္ညစ္ရသဗ်ိဳ႕..။သံလမ္းေပၚမွာ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ခ်ီးပုံေတြဗ်ာ... ခင္ဗ်ားတို႔ လူေတြ ေတာ္ေတာ္ညစ္ပတ္တာပဲဗ်... က်ဳပ္မွာ သရဲတန္မဲ့ ေရွာင္ကြင္းသြားလိုက္ရတာ....။

ဟိုေရွ႕က မီးမွိတ္တုတ္ဘူတာေလးမွာေတာ့ အသံနည္းနည္းၾကားလို႔ ေျခာက္မေဟ့ဆိုၿပီး သြားတာ…… မိန္းမတစ္ေယာက္နဲ႔ ေယာက်ၤားသုံးေယာက္ဗ်...။ဘယ္လိုေျခာက္ရမလဲ စဥ္းစားေနတုန္း... မိန္းမဆီက ေအာ္ဟစ္ဆဲသံေတြ ၾကားရသဗ်ိဳ႕ "နင္တို႔ ေခၚတုန္းက ႏွစ္ေယာက္တည္းဆို.. အခုသုံးေယာက္ေတာင္.. ငါ့ ငါးေထာင္ထပ္ေပး..မေပးလို႔ကေတာ့ သူေတာင္းစားေတြ ရပ္ကြက္ထဲအထိ ေသာက္ရွက္လိုက္ခြဲပစ္မယ္... ..သူေတာင္းစား" အာဗ်ာ စုံလို႔ပါပဲ.... က်ဳပ္သရဲသြားေျခာက္ရင္ေတာင္ မအဝွာက ထမိန္နဲ႔အုပ္ၿပီး နပန္းလုံးမယ့္ သေဘာဗ်...။

ေတာက္............... ဟိုးမွာ မိုးေတာင္လင္းၿပီဗ်ာ... ဒီဘူတာကပဲ မႏၲေလးရထားေစာင့္ၿပီး မႏၲေလးျပန္လိုက္သြားေတာ့မယ္...။

ခင္ဗ်ားတို႔ အဝိုင္းၿမိဳ႕ႀကီး ရန္ကုန္မွာ သရဲေျခာက္စားရတာ တယ္မ်က္ႏွာငယ္ရသကိုးဗ်...။လူေတြကိုယ္တိုင္ ညမအိပ္တဲ့ သရဲေတြျဖစ္ေနၾကမွပဲ.... က်ဳပ္တို႔အတြက္ ဘယ္ေနရာရွိမလဲဗ်ာ..။ေတာ္ၿပီ...ေတာ္ၿပီ.....ၾကာနီကန္မွာပဲ ၾကပ္ၾကပ္သိပ္သိပ္ ျပန္ေနေတာ့မဗ်ာ..။

တကယ္.. ခင္ဗ်ားတို႔… ရန္ကုန္ကို စိတ္နာတယ္...။

ၿဗိတိသွ်ကိုကိုေမာင္
ဇန္နဝါရီ - ၃