【 သရော်စာ 】 “ကျွန်တော်နှင့် မှောင်ခိုဆံသ”

【 သရော်စာ 】 “ကျွန်တော်နှင့် မှောင်ခိုဆံသ”

ခေါက်တံခါးလေးချပ်အနက်မှ တစ်ချပ်လေး ဟထားသည်ကို တွေ့ရသဖြင့် ကျွန်တော့်ရင်ထဲ ဒိန်းခနဲဖြစ်သွားသည်။ဆိုင်ထဲသို့ အသာလှမ်းကြည့်လိုက်၏။

Mask တပ်ထားသော ခေါင်းကလေးတစ်လုံး ပြူလာသည်။

“ရလား”

ကျွန်တော်က လေသံဖြင့် မေးလိုက်သည်။

သူက ခေါင်းဆတ်ပြလိုက်၏။လက်ယပ်ခေါ်၏။

ပတ်ဝန်းကျင်အခြေအနေကို ကျွန်တော်အကဲခတ်လိုက်ပြီး ဟ ထားသော တံခါးချပ်ဆီသို့ လှမ်းခဲ့လိုက်သည်။

“ကျွန်တော်လည်း မနေနိုင်တော့လို့ပါဗျာ..ဟူး...တော်သေးတာပေါ့”

“ကျွန်တော်တို့လည်း ဒီနေ့မှ အခြေအနေကြည့် လှုပ်ရှားရတာ..လာ..လာ”

ကျွန်တော်က လက်ဖြန့်ပေးလိုက်သည်။

သူက လက်ပေါ်သို့ ဟန်းဂျယ်ကို ဖြန်းပေးလိုက်၏။

“Mask မချွတ်နဲ့နော်”

သူလည်း မချွတ်။ ကျွန်တော်လည်း ချွတ်မည်မဟုတ်။

အခုကာလက Mask ချွတ်မည်ကို သေနတ်နှင့်ချိန်သည်ထက် ကြောက်ရသည်မဟုတ်လား။

သူက လက်အိတ်အရှည်ကြီးနှင့် မျက်နှာမှာလည်း Face Shield ကို သေချာတပ်လိုက်သည်။

“ကဲ..ထိုင်”

ကျွန်တော် ခုံပေါ်ထိုင်လိုက်သည်နှင့် သူက စက်ကက်ကြေးကို ကောက်ကိုင်လိုက်သည်။

“ကိုဗစ်ကေပဲ ညှပ်မှာမဟုတ်လား”

“ဘာလဲ ကိုဗစ်ကေ”

“ဒီကာလ ရှေ့တစ်လက်မ နောက်ပြောင်ပဲ ညှပ်ကြတာလေ”

“ချဗျာ”

စပြီ။

ကျွန်တော့်ဘဝတွင် ဤမျှ တစ်ခါမျှ ဆံပင်မရှည်ဘူးခဲ့ပါ။ငယ်ငယ်ကတည်းက ဆံပင်နည်းနည်းရှည်သည်နှင့် ကတုံးဆံတောက် သွားညှပ်ပစ်ခဲ့သည်ချည်း။တချို့ဆို ကျွန်တော့်ကို ခင်ဗျားဆံပင်က ဒီထက်ပိုမရှည်လာတာလားဟုပင် မေးသည်အထိ။အခုတော့ မပြီးနိုင်မစီးနိုင် ကိုဗစ်နိုင်တီးကြောင့် ဆံပင်ညှပ်ဆိုင်တွေပိတ်ကုန်သည်။
ဆံပင်တွေက ရှည်လာ၏။ရှည်တာကလည်း သူများတွေလို လှတပတရှည်တာမဟုတ်။ကျွန်တော်ဆံပင်က ကြမ်းပြီးကောက်သည့်အထဲတွင်ပါသဖြင့် ကောက်ကောက်ကွေးကွေးဖြင့် အုံကြီးထလာခြင်းဖြစ်သည်။ညညအိပ်သည့်အခါ ဆံပင်တွေက နားရွက်ထောက်တော့ ယားသည်။နေ့ခင်းဘက်ဆို ဆံပင်အုံကြီးကြောင့် ပူသည်။ဒီတော့ ဆံပင်ညှပ်ဖို့ စဥ်းစားရတော့သည်။ဒီနေ့တော့ ဆပ်ပြာမှုန့်ကုန်နေသဖြင့် ထွက်ဝယ်ရင်း တံခါးတစ်ချပ်ဟထားသည့် ဆံသဆိုင်ကလေးကို တွေ့ခဲ့ရသည်။ထို့ကြောင့် ကျွန်တော်ဝင်သွားခဲ့ခြင်းပင်။

“ကျွန်တော်တို့လည်း ရပ်ထားတာကြာပြီ...နှစ်လအတွင်း ငါးသိန်းလောက်ထိသွားတယ်ဗျာ..အခုတော့ ဘယ်လိုမှအဆင်မပြေလို့ပါ”

ဆံသဆရာက ပြောပြောဆိုဆိုနှင့် စညှပ်သည်။

ထိုအချိန်တွင် အပေါက်ဝတွင် အသားဖြူဖြူ၊ ခပ်ဝဝဖြင့် လူကြီးလူကောင်းပုံအပြည့် ဆင်ယင်ထားသော လူကြီးတစ်ဦး ဝင်လာသည်။ဆံသဆရာမှာ ကျွန်တော့်ဆံပင်ကို ညှပ်နေရာမှ ထိပ်ထိပ်ပြာပြာဖြစ်သွားသည်။

“ဒီဆိုင်ရှင်က ဘယ်သူလဲဟေ့”

ကျွန်တော့်ကို ခဏထားပြီး ဆိုင်ရှေ့သို့ ကုပ်ကုပ်လေးထွက်သွားရှာသည်။

“ကျွန်တော်ပါ ခင်ဗျား”

“အေး..ဆရာ ဆံပင်ညှပ်ချင်လို့ ရလား”

သူ့ကိုယ်သူ ဆရာဟု ဆိုသဖြင့် ဆံသဆရာမှာ ခါးကလေးပင် ပိုကိုင်းသွား၏။

“ရပါတယ်..အထဲဝင်ပါ..ခင်ဗျ...ဟေ့..ကောင်လေးတွေ”

ဆံပင်ညှပ်အကူ ကောင်လေးတွေ ထွက်လာသည်။

ဆရာဆိုသူကို ကျွန်တော့်ဘေးက ခုံမှာ ထိုင်ခိုင်းသည်။

သူ့ကိုလည်း ဆံပင်စတင်ညှပ်ပြီ။

“မင်းတို့...ဆရာ့ကို သိလား”

“ဟုတ်..ဟို..ဟို..သေချာတော့ မသိပါဘူး..ဆရာ”

ဆံသဆရာကား ထိတ်ထိတ်ပြာပြာဖြင့် ဖြေသည်။

“အေး..ဆရာက ဒီလောက်နာမည်ကြီးနေတာတောင် မင်းတို့မသိကြဘူး..အေးလေ..ဆရာ့ကိုလည်း တကယ့်လူကြီးတွေနဲ့ သူဌေးအသိုင်းအဝိုင်းကပဲ သိတာ..မင်းတို့ကတော့ ဘယ်သိမှာလဲ”

ကျွန်တော်လည်း ဆရာ့ကို သိလိုသိငြား မျက်လုံးလေးဆွေကြည့်လိုက်မိသည်။

သူ့ကို ကျွန်တော် မသိသဖြင့် အေးလေ..ငါကသူဌေးမှ မဟုတ်ပဲဟုတွေးကာ သိမ်ငယ်သွားရ၏။

“ဆရာက အင်ဂျင်နီယာအသင်းက လူကြီးပဲ..ဆရာက အင်ဂျင်နီယာတွေကို အုပ်ချုပ်တာလေ...ရန်ကုန်တိုင်းတစ်ခုလုံးက လက်ရှိအဆောက်အဦးတွေကို ဆရာကကြီးကြပ်ရတာ...အစိုးရဆို ဆရာ့ကိုပဲ အားကိုးရတာပေါ့..စင်ကာပူမှာဆို ဆရာတို့အဖွဲ့က နံပါတ် (၁) ပဲ ဖြစ်နေမှာ..ဒီနိုင်ငံမှာမို့..ဒါပေမယ့်လည်း ဆရာက အစိုးရကိုသနားလို့ ကူပေးပါတယ်”

“မင်းတို့နဲ့ ဆရာ ကံပါတယ်ကွ..မင်းတို့ကံကောင်းတာပေါ့....ဆရာက တိုနီထွန်းထွန်းမှာပဲ အမြဲဆံပင်ညှပ်တတ်တာ..တစ်ခါညှပ် လေးသောင်းလောက်ကျတယ်ကွ.....သူတို့ဆို ဆရာ့ကိုညှပ်ပေးချင်လွန်းလို့..ဒါပေမယ့်သူတို့က အခုချိန်မဖွင့်ဘူးလေ...ဒါနဲ့ မင်းတို့ဆီ ဆရာစုံစမ်းပြီးလာခဲ့တာ..ဆရာနဲ့ စုံရတဲ့ မင်းတို့ရေစက်ပေါ့ကွာ”

ဆံသဆရာက စက်ကက်ကြေးလဲနေရင်း အီလည်လည်ဖြင့် ဟုတ်ကဲ့ဟု ခပ်လေးလေးပြောကာ ခေါင်းကုတ်သည်။လေးသောင်းတန်တွင် မညှပ်ပဲ ထောင့်ငါးရာတန်မှ လာညှပ်သည့် ဆရာ့အတွက် သူ့ခမြာ ဂုဏ်ယူရမလိုလို ဝမ်းနည်းရမလိုလိုဖြစ်နေပုံပင်။

“ဒါနဲ့ ဆရာနာမည်ကြီးတာ တော်တော်ကြာပြီကွ.ဆယ့်တစ်နှစ်လောက်ရှိပြီ....ဆရာက အင်ဂျင်နီယာအဖြစ်လည်း နာမည်ကြီးတယ်...နောက်ဆေးကုနည်းတစ်ခုမှာလည်းတော်လို့ နာမည်ကြီးတာ...ရိုးရိုးကြီးတာမဟုတ်ဘူးနော်..အရမ်းကြီးတာ.ဆရာကုလို့ ပျောက်သွားတာ တပ်ရင်းမှူးတွေ၊ ဗိုလ်ချုပ်တွေ၊ လုပ်ငန်းရှင်တွေအများကြီးပဲ...မင်းတို့ တကယ် ဆရာ့နာမည် မကြားဖူးကြဖူးလား”

“ဟုတ်...ကြားဖူးသလိုလိုပဲ”

ဆံသဆရာက ဒီတစ်ခါတော့ ဖြေလျှော့ရပြီ။

“အဲ့ဒီဆေးနည်းကို ဆရာက ဂူဂဲလ်ကနေရတာ...ဘာသာပြန်ပြီး လူတွေကိုကယ်ပေးနေတာပေါ့..ဆရာ့ကို ပြီးရင်...ဆံပင်ဆေးလေးပါ တစ်ခါတည်းဆိုးပေးပါကွာ”

“မျက်ခုံးမွှေးလည်း ဆိုးပေးဦးနော်..ဒါနဲ့..မင်းတို့မှာ စကိုင်းနက်တွေဘာတွေ မရှိကြဘူးလား”

“ရှိ..ရှိပါတယ်..ဆရာ”

“အေးလေ..အဲ့ဒီ စကိုင်းနက်ကနေ ဆရာ့အင်တာဗျူး တစ်ကမ္ဘာလုံးကိုလွှင့်တာ မင်းတို့မကြည့်မိကြဘူးလား..ဆရာ့စာအုပ်က မြန်မာပြည်မှာ အရောင်းရဆုံး ဘတ်စ်ဆဲလားစာရင်းဝင်သွားလို့ သူတို့အင်တာဗျူးတာလေ”

ဗုဒ္ဓေါ..စာလည်းရေးသေးတာတဲ့။ဘတ်စ်ဆဲလားတဲ့။

ဒီတစ်ခါ ကျွန်တော်မျက်လုံးပြူးအလှည့်။ဆရာက အင်ဂျင်နီယာဆရာ၊ ဆေးကုဆရာတင်မက ကျွန်တော်အသက်မွေးသည့် နယ်မြေဘက်တွင်ပင် ဦးလှည့်လာပြီမဟုတ်လား။

“အော်..မင်းတို့ကို ပြောဖို့မေ့နေတာ..ဆရာက စာရေးဆရာအဖြစ်လည်းနာမည်ကြီးသေးတယ်...ဆရာ့ဆေးကုနည်းစာအုပ်ထုတ်လိုက်တာ ရောင်းမလောက်ဘူး...ဆရာက (...) မြို့နယ် စာရေးဆရာအသင်း နာယကလေ....အဲ့ဒီမှာ စာရေးဆရာတွေက နာယကလုပ်ပေးဖို့ ဝိုင်းတောင်းပန်တာနဲ့ လုပ်ပေးနေရတာ....ဆရာ့အောက်မှာ စာရေးဆရာ (၇၂) ယောက်ကို အုပ်ချုပ်ရတာ...စာရေးဆရာဆိုတာလည်း သနားစရာပါကွာ.... ဆရာတို့လို နာမည်ကြီးတွေက ချမ်းသာပေမယ့်..အငယ်တွေက ဆင်းရဲတယ်ကွ.. အဲ့ဒါနဲ့ ဟိုနေ့က သူတို့အတွက် လုပ်ငန်းရှင်တွေဆီက အလှူခံပေးရသေးတယ်ကွာ..ဒီကာလမလွယ်ဘူးကွ...ဝယ်ရခြမ်းရတာ..ဆရာတောင် မနေ့က မင်းတို့အဒေါ်နဲ့ တိုလီမုတ်စလေးတွေ ထွက်ဝယ်တာ ဆယ့်ငါးသိန်းလောက် ထွက်သွားတယ်...စာရေးဆရာတွေဆိုကြပ်တည်းရှာမှာ..အင်း.ဆရာရှိနေလို့ သူတို့လည်း တော်တော့တယ်”

ကျွန်တော့် မျက်လုံးများပြူးရာမှ ကျယ်သွားတော့သည်။

စာရေးဆရာ (၇၂) ယောက်ကို အုပ်ချုပ်ရသည့် နာယကကြီးကို မှန်ထဲမှ မဝံ့မရဲခိုးကြည့်မိသည်။

ဆရာကြီးက သူ့ကိုလေးစားအားကျစွာကြည့်နေသည့် ကျွန်တော့်ကို သတိထားမိသွားပြီး အောင်မြင်ခန့်ညားသောအပြုံးဖြင့်။

ကျွန်တော်လည်း စာရေးပါတယ်ခင်ဗျဟုပြောပြီး ဆံပင်ညှပ်ခ စိုက်ခိုင်းလိုက်လျင် ကောင်းမလားဟု ကြံစည်မိလိုက်သေး၏။

“မင်းတို့ အိမ်လိုက်ညှပ်ပေးတဲ့ ဝန်ဆောင်မှုလေးရှိရင် ကောင်းမယ်”

“ကျွန်တော်တို့က လူလေးနှစ်ယောက်နဲ့လုပ်နေတာပါ ဆရာ..အိမ်တော့လိုက်မညှပ်ပေးနိုင်သေးပါဘူး..အခုတောင် အဆင်မပြေလွန်းလို့..ကိုယ့်ဖောက်သည်တွေအတွက်ဆိုပြီး ခိုးဖွင့်တာပါ”

“အင်း..ဘယ်တတ်နိုင်မလဲ..ဆရာက ဆရာ့အိမ်ကို မင်းတို့ကိုရောက်ဖူးစေချင်တာ..ဆရာနေတာက မြန်မာပြည်မှာ ပထမဆုံး စင်ကာပူပုံစံဆောက်ထားတဲ့ ကွန်ဒိုကြီးမှာနေတာလေ...အခန်းတွေကအကျယ်ကြီး..ရေမီး ၂၄ နာရီလာတယ်...လုံခြုံရေးအပြည့်နဲ့..အိမ်သာရေချိုးခန်းတင် ဒီဆိုင်နှစ်ဆရှိတာပေါ့,,..မင်းတို့ အိမ်လိုက်ညှပ်ပေးတယ်ဆို မင်းတို့လည်း ရောက်ဖူးတယ်ရှိတာပေါ့..ဆရာက ဘယ်လောက်ကျကျပေးမှာပါ..အဲ့ဒီကွန်ဒိုမှာလည်း ဆရာက ကွန်ဒိုအုပ်ချုပ်ရေးအကျိုးဆောင်အဖွဲ့ရဲ့ ဥက္ကဌကြီးပဲ....ကွန်ဒိုကလူတွေက ဆရာ့အုပ်ချုပ်မှုအောက်မှာ နေရတာပေါ့..”

“ဆရာ..”

ကျွန်တော့်ခေါ်သံကြောင့် ဘေးနားတွင်ထိုင်ပြီးညှပ်နေသည့် ဆရာကြီးက လှည့်ကြည့်သည်။

“ဟိုဆံပင်ညှပ်ဆရာကို‌ ခေါ်တာပါ..အဟဲ..ကျွန်တော်သွားစရာရှိလို့ မြန်မြန်လေး လက်စသတ်ပေးပါ”

ဆံသဆရာက ခေါင်းညိမ့်ပြပြီး လက်စသတ်ပေးသည်။

ထို့နောက် ကျသင့်ငွေ ထောင့်ငါးရာကို မြန်မြန်ထုတ်ပေးပြီး ကျွန်တော် ထလာလိုက်သည်။

မလွတ်မြောက်သေးသည့် အကျဥ်းသားတစ်ယောက်က ထောင်မှလွတ်သွားသည့် အကျဥ်းသား၏ကျောပြင်ကို ငေးကြည့်သည့်အကြည့်မျိုးနှင့် ကျွန်တော့်ကိုငေးနေသည်။

မထလာလို့လည်း မဖြစ်။ဆိုင်ထဲတွင် မှောင်ခိုဆံပင်လာညှပ်သူကား ထိုဆရာနှင့် ကျွန်တော် နှစ်ဦးတည်းရှိသည်။နို့မဟုတ်....ဘတ်ဆဲလားစာရေးဆရာ၊ အင်ဂျင်နီယာ၊ တိုင်းရင်းဆေးဆရာ၊ ကွန်ဒိုအုပ်ချုပ်ရေးဥက္ကဌ ဆရာက မှောင်ခိုဆံပင်ညှပ်သူများအဖွဲ့ နာယကကြီးဆိုပြီး ကျွန်တော့်ကိုပါ လေဖြင့်ထပ်အုပ်ချုပ်နေလျှင် ခက်မည်မဟုတ်လား။

ဆိုင်ထဲတွင်တော့... “ဆရာက..ဆရာက..ဆရာက” အသံတွေ ထွက်နေဆဲ။

ဆရာကတော့ မှောင်ခိုဆံသထဲ နောက်ထပ် ဘာတွေကိုဆက်အုပ်ချုပ်နေဦးမည်မသိ။

ကျွန်တော်ကတော့ လွတ်မြောက်ခဲ့လေပြီ။

ဗြိတိသျှကိုကိုမောင်
ဒီဇင်ဘာ - ၆

( Zawgyi )

ေခါက္တံခါးေလးခ်ပ္အနက္မွ တစ္ခ်ပ္ေလး ဟထားသည္ကို ေတြ႕ရသျဖင့္ ကြၽန္ေတာ့္ရင္ထဲ ဒိန္းခနဲျဖစ္သြားသည္။ဆိုင္ထဲသို႔ အသာလွမ္းၾကည့္လိုက္၏။

Mask တပ္ထားေသာ ေခါင္းကေလးတစ္လုံး ျပဴလာသည္။

“ရလား”

ကြၽန္ေတာ္က ေလသံျဖင့္ ေမးလိုက္သည္။

သူက ေခါင္းဆတ္ျပလိုက္၏။လက္ယပ္ေခၚ၏။

ပတ္ဝန္းက်င္အေျခအေနကို ကြၽန္ေတာ္အကဲခတ္လိုက္ၿပီး ဟ ထားေသာ တံခါးခ်ပ္ဆီသို႔ လွမ္းခဲ့လိုက္သည္။

“ကြၽန္ေတာ္လည္း မေနႏိုင္ေတာ့လို႔ပါဗ်ာ..ဟူး...ေတာ္ေသးတာေပါ့”

“ကြၽန္ေတာ္တို႔လည္း ဒီေန႔မွ အေျခအေနၾကည့္ လႈပ္ရွားရတာ..လာ..လာ”

ကြၽန္ေတာ္က လက္ျဖန႔္ေပးလိုက္သည္။

သူက လက္ေပၚသို႔ ဟန္းဂ်ယ္ကို ျဖန္းေပးလိုက္၏။

“Mask မခြၽတ္နဲ႔ေနာ္”

သူလည္း မခြၽတ္။ ကြၽန္ေတာ္လည္း ခြၽတ္မည္မဟုတ္။

အခုကာလက Mask ခြၽတ္မည္ကို ေသနတ္ႏွင့္ခ်ိန္သည္ထက္ ေၾကာက္ရသည္မဟုတ္လား။

သူက လက္အိတ္အရွည္ႀကီးႏွင့္ မ်က္ႏွာမွာလည္း Face Shield ကို ေသခ်ာတပ္လိုက္သည္။

“ကဲ..ထိုင္”

ကြၽန္ေတာ္ ခုံေပၚထိုင္လိုက္သည္ႏွင့္ သူက စက္ကက္ေၾကးကို ေကာက္ကိုင္လိုက္သည္။

“ကိုဗစ္ေကပဲ ညႇပ္မွာမဟုတ္လား”

“ဘာလဲ ကိုဗစ္ေက”

“ဒီကာလ ေရွ႕တစ္လက္မ ေနာက္ေျပာင္ပဲ ညႇပ္ၾကတာေလ”

“ခ်ဗ်ာ”

စၿပီ။

ကြၽန္ေတာ့္ဘဝတြင္ ဤမွ် တစ္ခါမွ် ဆံပင္မရွည္ဘူးခဲ့ပါ။ငယ္ငယ္ကတည္းက ဆံပင္နည္းနည္းရွည္သည္ႏွင့္ ကတုံးဆံေတာက္ သြားညႇပ္ပစ္ခဲ့သည္ခ်ည္း။တခ်ိဳ႕ဆို ကြၽန္ေတာ့္ကို ခင္ဗ်ားဆံပင္က ဒီထက္ပိုမရွည္လာတာလားဟုပင္ ေမးသည္အထိ။အခုေတာ့ မၿပီးႏိုင္မစီးႏိုင္ ကိုဗစ္ႏိုင္တီးေၾကာင့္ ဆံပင္ညႇပ္ဆိုင္ေတြပိတ္ကုန္သည္။
ဆံပင္ေတြက ရွည္လာ၏။ရွည္တာကလည္း သူမ်ားေတြလို လွတပတရွည္တာမဟုတ္။ကြၽန္ေတာ္ဆံပင္က ၾကမ္းၿပီးေကာက္သည့္အထဲတြင္ပါသျဖင့္ ေကာက္ေကာက္ေကြးေကြးျဖင့္ အုံႀကီးထလာျခင္းျဖစ္သည္။ညညအိပ္သည့္အခါ ဆံပင္ေတြက နား႐ြက္ေထာက္ေတာ့ ယားသည္။ေန႔ခင္းဘက္ဆို ဆံပင္အုံႀကီးေၾကာင့္ ပူသည္။ဒီေတာ့ ဆံပင္ညႇပ္ဖို႔ စဥ္းစားရေတာ့သည္။ဒီေန႔ေတာ့ ဆပ္ျပာမႈန္႔ကုန္ေနသျဖင့္ ထြက္ဝယ္ရင္း တံခါးတစ္ခ်ပ္ဟထားသည့္ ဆံသဆိုင္ကေလးကို ေတြ႕ခဲ့ရသည္။ထို႔ေၾကာင့္ ကြၽန္ေတာ္ဝင္သြားခဲ့ျခင္းပင္။

“ကြၽန္ေတာ္တို႔လည္း ရပ္ထားတာၾကာၿပီ...ႏွစ္လအတြင္း ငါးသိန္းေလာက္ထိသြားတယ္ဗ်ာ..အခုေတာ့ ဘယ္လိုမွအဆင္မေျပလို႔ပါ”

ဆံသဆရာက ေျပာေျပာဆိုဆိုႏွင့္ စညႇပ္သည္။

ထိုအခ်ိန္တြင္ အေပါက္ဝတြင္ အသားျဖဴျဖဴ၊ ခပ္ဝဝျဖင့္ လူႀကီးလူေကာင္းပုံအျပည့္ ဆင္ယင္ထားေသာ လူႀကီးတစ္ဦး ဝင္လာသည္။ဆံသဆရာမွာ ကြၽန္ေတာ့္ဆံပင္ကို ညႇပ္ေနရာမွ ထိပ္ထိပ္ျပာျပာျဖစ္သြားသည္။

“ဒီဆိုင္ရွင္က ဘယ္သူလဲေဟ့”

ကြၽန္ေတာ့္ကို ခဏထားၿပီး ဆိုင္ေရွ႕သို႔ ကုပ္ကုပ္ေလးထြက္သြားရွာသည္။

“ကြၽန္ေတာ္ပါ ခင္ဗ်ား”

“ေအး..ဆရာ ဆံပင္ညႇပ္ခ်င္လို႔ ရလား”

သူ႔ကိုယ္သူ ဆရာဟု ဆိုသျဖင့္ ဆံသဆရာမွာ ခါးကေလးပင္ ပိုကိုင္းသြား၏။

“ရပါတယ္..အထဲဝင္ပါ..ခင္ဗ်...ေဟ့..ေကာင္ေလးေတြ”

ဆံပင္ညႇပ္အကူ ေကာင္ေလးေတြ ထြက္လာသည္။

ဆရာဆိုသူကို ကြၽန္ေတာ့္ေဘးက ခုံမွာ ထိုင္ခိုင္းသည္။

သူ႔ကိုလည္း ဆံပင္စတင္ညႇပ္ၿပီ။

“မင္းတို႔...ဆရာ့ကို သိလား”

“ဟုတ္..ဟို..ဟို..ေသခ်ာေတာ့ မသိပါဘူး..ဆရာ”

ဆံသဆရာကား ထိတ္ထိတ္ျပာျပာျဖင့္ ေျဖသည္။

“ေအး..ဆရာက ဒီေလာက္နာမည္ႀကီးေနတာေတာင္ မင္းတို႔မသိၾကဘူး..ေအးေလ..ဆရာ့ကိုလည္း တကယ့္လူႀကီးေတြနဲ႔ သူေဌးအသိုင္းအဝိုင္းကပဲ သိတာ..မင္းတို႔ကေတာ့ ဘယ္သိမွာလဲ”

ကြၽန္ေတာ္လည္း ဆရာ့ကို သိလိုသိျငား မ်က္လုံးေလးေဆြၾကည့္လိုက္မိသည္။

သူ႔ကို ကြၽန္ေတာ္ မသိသျဖင့္ ေအးေလ..ငါကသူေဌးမွ မဟုတ္ပဲဟုေတြးကာ သိမ္ငယ္သြားရ၏။

“ဆရာက အင္ဂ်င္နီယာအသင္းက လူႀကီးပဲ..ဆရာက အင္ဂ်င္နီယာေတြကို အုပ္ခ်ဳပ္တာေလ...ရန္ကုန္တိုင္းတစ္ခုလုံးက လက္ရွိအေဆာက္အဦးေတြကို ဆရာကႀကီးၾကပ္ရတာ...အစိုးရဆို ဆရာ့ကိုပဲ အားကိုးရတာေပါ့..စင္ကာပူမွာဆို ဆရာတို႔အဖြဲ႕က နံပါတ္ (၁) ပဲ ျဖစ္ေနမွာ..ဒီႏိုင္ငံမွာမို႔..ဒါေပမယ့္လည္း ဆရာက အစိုးရကိုသနားလို႔ ကူေပးပါတယ္”

“မင္းတို႔နဲ႔ ဆရာ ကံပါတယ္ကြ..မင္းတို႔ကံေကာင္းတာေပါ့....ဆရာက တိုနီထြန္းထြန္းမွာပဲ အၿမဲဆံပင္ညႇပ္တတ္တာ..တစ္ခါညႇပ္ ေလးေသာင္းေလာက္က်တယ္ကြ.....သူတို႔ဆို ဆရာ့ကိုညႇပ္ေပးခ်င္လြန္းလို႔..ဒါေပမယ့္သူတို႔က အခုခ်ိန္မဖြင့္ဘူးေလ...ဒါနဲ႔ မင္းတို႔ဆီ ဆရာစုံစမ္းၿပီးလာခဲ့တာ..ဆရာနဲ႔ စုံရတဲ့ မင္းတို႔ေရစက္ေပါ့ကြာ”

ဆံသဆရာက စက္ကက္ေၾကးလဲေနရင္း အီလည္လည္ျဖင့္ ဟုတ္ကဲ့ဟု ခပ္ေလးေလးေျပာကာ ေခါင္းကုတ္သည္။ေလးေသာင္းတန္တြင္ မညႇပ္ပဲ ေထာင့္ငါးရာတန္မွ လာညႇပ္သည့္ ဆရာ့အတြက္ သူ႔ချမာ ဂုဏ္ယူရမလိုလို ဝမ္းနည္းရမလိုလိုျဖစ္ေနပုံပင္။

“ဒါနဲ႔ ဆရာနာမည္ႀကီးတာ ေတာ္ေတာ္ၾကာၿပီကြ.ဆယ့္တစ္ႏွစ္ေလာက္ရွိၿပီ....ဆရာက အင္ဂ်င္နီယာအျဖစ္လည္း နာမည္ႀကီးတယ္...ေနာက္ေဆးကုနည္းတစ္ခုမွာလည္းေတာ္လို႔ နာမည္ႀကီးတာ...႐ိုး႐ိုးႀကီးတာမဟုတ္ဘူးေနာ္..အရမ္းႀကီးတာ.ဆရာကုလို႔ ေပ်ာက္သြားတာ တပ္ရင္းမႉးေတြ၊ ဗိုလ္ခ်ဳပ္ေတြ၊ လုပ္ငန္းရွင္ေတြအမ်ားႀကီးပဲ...မင္းတို႔ တကယ္ ဆရာ့နာမည္ မၾကားဖူးၾကဖူးလား”

“ဟုတ္...ၾကားဖူးသလိုလိုပဲ”

ဆံသဆရာက ဒီတစ္ခါေတာ့ ေျဖေလွ်ာ့ရၿပီ။

“အဲ့ဒီေဆးနည္းကို ဆရာက ဂူဂဲလ္ကေနရတာ...ဘာသာျပန္ၿပီး လူေတြကိုကယ္ေပးေနတာေပါ့..ဆရာ့ကို ၿပီးရင္...ဆံပင္ေဆးေလးပါ တစ္ခါတည္းဆိုးေပးပါကြာ”

“မ်က္ခုံးေမႊးလည္း ဆိုးေပးဦးေနာ္..ဒါနဲ႔..မင္းတို႔မွာ စကိုင္းနက္ေတြဘာေတြ မရွိၾကဘူးလား”

“ရွိ..ရွိပါတယ္..ဆရာ”

“ေအးေလ..အဲ့ဒီ စကိုင္းနက္ကေန ဆရာ့အင္တာဗ်ဴး တစ္ကမာၻလုံးကိုလႊင့္တာ မင္းတို႔မၾကည့္မိၾကဘူးလား..ဆရာ့စာအုပ္က ျမန္မာျပည္မွာ အေရာင္းရဆုံး ဘတ္စ္ဆဲလားစာရင္းဝင္သြားလို႔ သူတို႔အင္တာဗ်ဴးတာေလ”

ဗုေဒၶါ..စာလည္းေရးေသးတာတဲ့။ဘတ္စ္ဆဲလားတဲ့။

ဒီတစ္ခါ ကြၽန္ေတာ္မ်က္လုံးျပဴးအလွည့္။ဆရာက အင္ဂ်င္နီယာဆရာ၊ ေဆးကုဆရာတင္မက ကြၽန္ေတာ္အသက္ေမြးသည့္ နယ္ေျမဘက္တြင္ပင္ ဦးလွည့္လာၿပီမဟုတ္လား။

“ေအာ္..မင္းတို႔ကို ေျပာဖို႔ေမ့ေနတာ..ဆရာက စာေရးဆရာအျဖစ္လည္းနာမည္ႀကီးေသးတယ္...ဆရာ့ေဆးကုနည္းစာအုပ္ထုတ္လိုက္တာ ေရာင္းမေလာက္ဘူး...ဆရာက (...) ၿမိဳ႕နယ္ စာေရးဆရာအသင္း နာယကေလ....အဲ့ဒီမွာ စာေရးဆရာေတြက နာယကလုပ္ေပးဖို႔ ဝိုင္းေတာင္းပန္တာနဲ႔ လုပ္ေပးေနရတာ....ဆရာ့ေအာက္မွာ စာေရးဆရာ (၇၂) ေယာက္ကို အုပ္ခ်ဳပ္ရတာ...စာေရးဆရာဆိုတာလည္း သနားစရာပါကြာ.... ဆရာတို႔လို နာမည္ႀကီးေတြက ခ်မ္းသာေပမယ့္..အငယ္ေတြက ဆင္းရဲတယ္ကြ.. အဲ့ဒါနဲ႔ ဟိုေန႔က သူတို႔အတြက္ လုပ္ငန္းရွင္ေတြဆီက အလႉခံေပးရေသးတယ္ကြာ..ဒီကာလမလြယ္ဘူးကြ...ဝယ္ရျခမ္းရတာ..ဆရာေတာင္ မေန႔က မင္းတို႔အေဒၚနဲ႔ တိုလီမုတ္စေလးေတြ ထြက္ဝယ္တာ ဆယ့္ငါးသိန္းေလာက္ ထြက္သြားတယ္...စာေရးဆရာေတြဆိုၾကပ္တည္းရွာမွာ..အင္း.ဆရာရွိေနလို႔ သူတို႔လည္း ေတာ္ေတာ့တယ္”

ကြၽန္ေတာ့္ မ်က္လုံးမ်ားျပဴးရာမွ က်ယ္သြားေတာ့သည္။

စာေရးဆရာ (၇၂) ေယာက္ကို အုပ္ခ်ဳပ္ရသည့္ နာယကႀကီးကို မွန္ထဲမွ မဝံ့မရဲခိုးၾကည့္မိသည္။

ဆရာႀကီးက သူ႔ကိုေလးစားအားက်စြာၾကည့္ေနသည့္ ကြၽန္ေတာ့္ကို သတိထားမိသြားၿပီး ေအာင္ျမင္ခန႔္ညားေသာအၿပဳံးျဖင့္။

ကြၽန္ေတာ္လည္း စာေရးပါတယ္ခင္ဗ်ဟုေျပာၿပီး ဆံပင္ညႇပ္ခ စိုက္ခိုင္းလိုက္လ်င္ ေကာင္းမလားဟု ႀကံစည္မိလိုက္ေသး၏။

“မင္းတို႔ အိမ္လိုက္ညႇပ္ေပးတဲ့ ဝန္ေဆာင္မႈေလးရွိရင္ ေကာင္းမယ္”

“ကြၽန္ေတာ္တို႔က လူေလးႏွစ္ေယာက္နဲ႔လုပ္ေနတာပါ ဆရာ..အိမ္ေတာ့လိုက္မညႇပ္ေပးႏိုင္ေသးပါဘူး..အခုေတာင္ အဆင္မေျပလြန္းလို႔..ကိုယ့္ေဖာက္သည္ေတြအတြက္ဆိုၿပီး ခိုးဖြင့္တာပါ”

“အင္း..ဘယ္တတ္ႏိုင္မလဲ..ဆရာက ဆရာ့အိမ္ကို မင္းတို႔ကိုေရာက္ဖူးေစခ်င္တာ..ဆရာေနတာက ျမန္မာျပည္မွာ ပထမဆုံး စင္ကာပူပုံစံေဆာက္ထားတဲ့ ကြန္ဒိုႀကီးမွာေနတာေလ...အခန္းေတြကအက်ယ္ႀကီး..ေရမီး ၂၄ နာရီလာတယ္...လုံၿခဳံေရးအျပည့္နဲ႔..အိမ္သာေရခ်ိဳးခန္းတင္ ဒီဆိုင္ႏွစ္ဆရွိတာေပါ့,,..မင္းတို႔ အိမ္လိုက္ညႇပ္ေပးတယ္ဆို မင္းတို႔လည္း ေရာက္ဖူးတယ္ရွိတာေပါ့..ဆရာက ဘယ္ေလာက္က်က်ေပးမွာပါ..အဲ့ဒီကြန္ဒိုမွာလည္း ဆရာက ကြန္ဒိုအုပ္ခ်ဳပ္ေရးအက်ိဳးေဆာင္အဖြဲ႕ရဲ႕ ဥကၠဌႀကီးပဲ....ကြန္ဒိုကလူေတြက ဆရာ့အုပ္ခ်ဳပ္မႈေအာက္မွာ ေနရတာေပါ့..”

“ဆရာ..”

ကြၽန္ေတာ့္ေခၚသံေၾကာင့္ ေဘးနားတြင္ထိုင္ၿပီးညႇပ္ေနသည့္ ဆရာႀကီးက လွည့္ၾကည့္သည္။

“ဟိုဆံပင္ညႇပ္ဆရာကို‌ ေခၚတာပါ..အဟဲ..ကြၽန္ေတာ္သြားစရာရွိလို႔ ျမန္ျမန္ေလး လက္စသတ္ေပးပါ”

ဆံသဆရာက ေခါင္းညိမ့္ျပၿပီး လက္စသတ္ေပးသည္။

ထို႔ေနာက္ က်သင့္ေငြ ေထာင့္ငါးရာကို ျမန္ျမန္ထုတ္ေပးၿပီး ကြၽန္ေတာ္ ထလာလိုက္သည္။

မလြတ္ေျမာက္ေသးသည့္ အက်ဥ္းသားတစ္ေယာက္က ေထာင္မွလြတ္သြားသည့္ အက်ဥ္းသား၏ေက်ာျပင္ကို ေငးၾကည့္သည့္အၾကည့္မ်ိဳးႏွင့္ ကြၽန္ေတာ့္ကိုေငးေနသည္။

မထလာလို႔လည္း မျဖစ္။ဆိုင္ထဲတြင္ ေမွာင္ခိုဆံပင္လာညႇပ္သူကား ထိုဆရာႏွင့္ ကြၽန္ေတာ္ ႏွစ္ဦးတည္းရွိသည္။ႏို႔မဟုတ္....ဘတ္ဆဲလားစာေရးဆရာ၊ အင္ဂ်င္နီယာ၊ တိုင္းရင္းေဆးဆရာ၊ ကြန္ဒိုအုပ္ခ်ဳပ္ေရးဥကၠဌ ဆရာက ေမွာင္ခိုဆံပင္ညႇပ္သူမ်ားအဖြဲ႕ နာယကႀကီးဆိုၿပီး ကြၽန္ေတာ့္ကိုပါ ေလျဖင့္ထပ္အုပ္ခ်ဳပ္ေနလွ်င္ ခက္မည္မဟုတ္လား။

ဆိုင္ထဲတြင္ေတာ့... “ဆရာက..ဆရာက..ဆရာက” အသံေတြ ထြက္ေနဆဲ။

ဆရာကေတာ့ ေမွာင္ခိုဆံသထဲ ေနာက္ထပ္ ဘာေတြကိုဆက္အုပ္ခ်ဳပ္ေနဦးမည္မသိ။

ကြၽန္ေတာ္ကေတာ့ လြတ္ေျမာက္ခဲ့ေလၿပီ။

ၿဗိတိသွ်ကိုကိုေမာင္
ဒီဇင္ဘာ - ၆